← Chapters

အခန်း (၂၀၄)

Vol. 16 Ch. 204

အခန်း (၂၀၄)

Vol. 16 Ch. 204

မြို့တော်ရှိ ခြံဝင်းတစ်ခုတွင် ဖြစ်သည်။

သိုက်ရှုဖန်သည် သစ်သားဆိုဖာပေါ်တွင် သူမလက်နှစ်ဖက်ကို ဆုပ်ကိုင်ထားသည်။ သူမ၏ လက်သည်းများသည် အသားထဲသို့ စိုက်ဝင်လုနီးပါး ဖြစ်နေသည်။

ဖြူဖျော့ဖျော့နှင့် သူမရှေ့က ခေတ်မီတဲ့ အမျိုးသမီးကို စိုက်ကြည့်နေသည်။ သူမသည် နုပျိုလှပသည်။ အနီရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး သူမသည် လုံးဝယုံကြည်မှု အပြည့်ရှိသည်။ သူမ၏ ခြေထောက်တွင် အနက်ရောင် ဒေါက်မြင့်ဖိနပ်တစ်ရံကို ဝတ်ဆင်ထားပြီး အဲ့တာက အလွန်တောက်ပြောင်နေသည်။

တခြားဘာမှမဟုတ်ရင်တောင် ဒီအဝတ်အစားလေးတစ်ထည်ကို ဒီနိုင်ငံမှာ ဝယ်လို့မရဘူး!

သိုက်ရှုဖန်က သူမကို ကြည့်နေချိန်မှာ သူမနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဝမ်အန်နာကလည်း သူမကို စိုက်ကြည့်နေသည်။

ဒီနေ့ မလာခင်မှာ သူမသည် အထူးပဲ ၀တ်ဆင်ထားသည်။ သိသိသာသာ သူမသည် အကျိုးသက်ရောက်မှုအတွက် အလွန်ကျေနပ်ခဲ့သည်။

ရိုးရိုးသားသားပြောရရင် တစ်ဖက်က အမျိုးသမီးက ဆိုးရွားတဲ့ မျက်နှာအမူအရာ မရှိပါဘူး။ သူ့မျက်နှာ အသားအရေက ဆိုးရွားရုံပင်။ သူမ၏ အသားအရေသည် ပို၍ပင် ကြည့်ရဆိုးသည်။ သူမသည် အသက်လေးဆယ်တောင် မပြည့်သေးပေမယ့် ဆံပင်ဖြူနေသည်။

တစ်ဖက်က အသက်ကြီးနေပြီဆိုတာ စောစောသိရင် သူမသည် ၀တ်စားဆင်ယင်ဖို့ စောစောထစရာ မလိုပေ။ သူမရဲ့ အချိန်တွေကို ဘယ်လိုတောင် ဖြုန်းတီးတာလဲ!

သိုက်ရှုဖန်က စကားသံထွက်လာနိုင်ဖို့ အချိန်အတော်ကြာခဲ့ပြီး "မင်းက… ဟော်ကျန့်ချန်ရဲ့ ဇနီးပါလို့ ပြောနေတာလား?"

ဝမ်အန်နာက ခေါင်းညိတ်ပြသည်။ “ဟုတ်တယ် မစ္စ သိုက်။ ကျွန်မနာမည်က ဝမ်အန်နာပါ။ လွန်ခဲ့တဲ့ ၈နှစ်လောက်က မီနိုင်ငံမှာ အစ်ကို ချန်နဲ့ ကျွန်မ  လက်ထပ်ခဲ့တာ။ ကျွန်မတို့မှာ သမီးလေးတစ်ယောက်နဲ့ သားတစ်ယောက်ရှိတယ်။ ဒီနေ့ ကျွန်မ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် လာခဲ့တာ။ အစ်ကို ချန် မသိဘူး။’’

သိုက်ရှုဖန်သည် အလွန် ကြေကွဲနေ၍ သူမသည် အသက်ရှုမဝတော့ပေ။

လွန်ခဲ့သော ရှစ်နှစ်။ ဟော်ကျန့်ချန် ပျောက်ဆုံးတာ လေးနှစ်မြောက်ဖြစ်ပြီး ဒုတိယနှစ်တွင် သူတို့ကို လယ်ယာသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်တွင် သူတို့သည် ကြမ်းတမ်းသော ကိစ္စမျိုးကို ဖြတ်သန်းနေကြစဉ်၌ သူသည် သူ၏ ချိုမြိန်သော ဇနီးကို သတို့သမီးအခန်းတွင် ကြိုဆိုနေချိန်ဖြစ်သည်။

ဘယ်လိုတောင် ရွံစရာလဲ။

နှစ်အတော်ကြာ ကွဲကွာနေခဲ့တည်းက သူမ သိသင့်သည်။ သူ့အသက်အရွယ်နဲ့ အစွမ်းအစကြောင့် သူသည် နှစ်ပေါင်းများစွာ တစ်ယောက်တည်း ဖြစ်နိုင်ပါ့မလား?

သူ ထုတ်လုပ်ရေး အဖွဲ့မှာရှိတုန်းကတော့ အဲဒီနှစ်တွေမှာ သူ့မှာ အတိတ်‌မေ့ရောဂါရှိခဲ့တယ်လို့ သူမကြားခဲ့သည်။ သူမသည် အဲ့တာကို မတွေးမိခဲ့လို့ ထိတ်လန့်အံ့သြသွားသည်။ နောက်ပိုင်းတွင် သူမသည် မြို့တော်သို့ အမြန်ပြန်ကာ သားဖြစ်သူကို ပြန်ခေါ်ရန် နည်းလမ်းရှာချင်ခဲ့သည်။ ဒါကြောင့် ဒီကိစ္စကို လျစ်လျူရှုခဲ့သည်။

အဲဒီတုန်းက မှတ်ဉာဏ်တွေ ပျောက်ပြီး နိုင်ငံခြားမှာ အလုပ်ကြိုးစားခဲ့သည်။ ဇနီးသည်နှင့် လက်ထပ်ပြီး မိသားစုပြန်ထူထောင်ခြင်းအတွက် သူ့ကို လုံး၀ အပြစ်တင်လို့မရပါ။ သို့တိုင် သူမ စိတ်မသက်မသာ ခံစားလိုက်ရသည်။

ဝမ်အန်နာသည် တစ်ဖက်လူရဲ့ ဖြူဖျော့နေသော မျက်နှာကို ကိုင်လိုက်သည်။ သူမ၏ ပါးစပ်ထောင့်များက အထက်သို့ မြင့်တက်လာပြီး "မစ္စ သိုက် အစ်ကို ချန်ကို အပြစ်မတင်ဖို့ ကျွန်မ မျှော်လင့်ပါတယ်။ အဲဒီနှစ်တွေက သူ့အတွက် လုံးဝ မလွယ်ခဲ့ဘူး!"

သိုက်ရှုဖန်သည် သူမ၏ လက်သီးများကို တင်းတင်းဆုပ်ထားပြီး ငြိမ်နေလိုက်သည်။ စိတ်ပိုင်းဆိုင်ရာအရ သူမ နှာမှုတ်လိုက်သည်။

သူ့မှာ လွယ်ကူတဲ့ အချိန်မရှိဘူးလား? သူတို့ကော လွယ်ကူခဲ့လို့လား?

သူတို့သည် ဆိုးသွမ်းသူများဟု တံဆိပ်ကပ်ခံရသည့် ပထမနှစ် အနည်းငယ်တွင် နေ့တိုင်းလိုလို ဝေဖန်မှုများ ခံကြရသည်။ အဲဒီလူတွေဟာ အရူးလိုပဲ။ လူတစ်စုက သူတို့ကို ကျောက်ခဲနဲ့ ပစ်ပြီး မျက်နှာပေါ် တံတွေးထွေးကြသည်။ မကြာခဏ သူတို့သည် အဖုအထစ်များနှင့် သွေးထွက်ခြင်းများဖြင့် အဆုံးသတ်သွားကြသည်။ ချီအာအတွက်ကြောင့်သာ မဟုတ်ရင် သူမနဲ့ သူ့ယောက္ခမ ရှင်သန်နိုင်မှာမဟုတ်ပေ။

ဝမ်အန်နာက ဆက်ပြောသည်။ "သူ့ကို လူမည်းအလုပ်ရုံကနေ ကယ်ထုတ်ခဲ့တာ ကျွန်မ အဖေပါ။ ကျွန်မ အဖေက အဆက်အသွယ်တွေနဲ့ အထောက်အပံ့တွေကို သူ့ကို မိတ်ဆက်ပေးခဲ့တာ။ ပြတ်ပြတ်သားသား ပြောရမယ်ဆိုရင် ကျွန်မတို့ ဝမ်မိသားစုကြောင့် မဟုတ်ရင် အစ်ကို ချန်က ဒီနေ့လို ဒီနေရာမှာ ရှိမှာမဟုတ်ဘူး!"

သိုက်ရှုဖန်သည် ဒေါသထွက်ခြင်းမှ သူမကိုယ် သူမ ထိန်းချုပ်ရန် အားအများအပြား အသုံးပြုခဲ့ရသည်။ သူမက အေးစက်စွာ ပြောလိုက်သည်။ "ဒါဆို?"

ဝမ်အန်နာက မေးစေ့ကို အနည်းငယ်မော့ပြီး သေချာနေသော လေသံဖြင့် ပြောသည်။ "အစ်ကို ချန်က ချစ်ခင်ကြင်နာတတ်ပြီး သစ္စာရှိသူပါ။ ဒါကြောင့် ရှင့်အပေါ် အပြစ်ရှိတယ်လို့ သူခံစားရရင်တောင် ကျွန်မတို့ အမေနဲ့ ကလေးတွေကို သူ ထားသွားမှာ မဟုတ်ဘူး!"

တကယ်တော့ သူမက ဟော်ကျန့်ချန်ရဲ့နောက်ကို လိုက်ခဲ့တဲ့သူလို့ မပြောခဲ့ပေ။ သူမသည် သူ့ကလေးကိုယ်ဝန်ယူရန် သေးငယ်သော လှည့်ကွက်အချို့ကို အသုံးပြုခဲ့သည်။ အဲဒီနောက်မှသာ ဟော်ကျန့်ချန်က သူမကို လက်ထပ်ရန် သဘောတူခဲ့သည်။

ဒါပေမယ့် ဘာလဲ?

အဲဒီတုန်းက သူမ အဖေက သူ့ကို ကယ်ခဲ့တာ အမှန်ပင်။ ပြီးတော့ သူမ အဖေက သူ့ကို အရင်းအနှီးတွေ ပေးခဲ့သည်။ အဲ့တာက သူတို့ဝမ်မိသားစုကြောင့် မဟုတ်ရင် သူ့အသက် ဆုံးရှုံးသွားနိုင်သည်။

ဤအတွက် ဟော်ကျန့်ချန်သည် သူတို့ ဝမ်မိသားစုကို အမြဲအကြွေးတင်နေလိမ့်မည်။

၅၀ခုနှစ်နှောင်းပိုင်းနှင့် ၆၀ခုနှစ်‌နှောင်းပိုင်းတွင် သူမ၏ အဖေသည် စတော့ရှယ်ယာဈေးကွက်တွင် ငွေအမြောက်အမြားရခဲ့သည်။ သို့သော် ၆၀ခုနှစ်နှောင်းပိုင်း၌ မီနိုင်ငံတွင် စီးပွားရေး အကျပ်အတည်း ဖြစ်ပွားခဲ့သည်။ စတော့ဈေးကွက်က သိသိသာသာ ကျဆင်းသွားပြီး လူတော်တော်များများ ဒေဝါလီခံခဲ့ရသည်။ ထိုအချိန်တွင် အစ်ကို ချန်သည် ရေနံအရင်းအမြစ်များကို ရောင်းချခြင်းဖြင့် ငွေများစွာရခဲ့သည်။

သူမရွေးချယ်ခဲ့သော ယောင်္ကျားကို သူမ အရမ်းကျေနပ်ခဲ့သည်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သူမသည် နောက်ပြန်ဆုတ်မှာ မဟုတ်ဘူး။

သိုက်ရှုဖန်သည် အခြားသူ၏ ပါးစပ်ထောင့်၌ ပျော်ရွှင်မှုကို စိုက်ကြည့်နေခဲ့သည်။ အလွန်အရှက်ကွဲသွားသလိုခံစားရပြီး ပြောလိုက်သည်။ "အခုထွက်သွား။ ငါမင်းကို ဒီနေရာက မကြိုဆိုဘူး။ မင်း ဟော်ကျန့်ချန်ကို ငါနဲ့ ကွာရှင်းစေချင်ရင် သူ့ကို လာခိုင်းလိုက်!"

အခွံထဲပုန်းသော လိပ်ကဲ့သို့ မိန်းမတစ်ယောက် နောက်၌ ပုန်းမနေစမ်းနဲ့။ အဲဒါက သူမသည် သူ့ကို အထင်မြင်သေးတာသာ ဖြစ်လိမ့်မည်။

ခြံအပြင်ဘက်တွင် ခြေသံများ လျင်မြန်စွာ ပြေးလာသည်။

ဝမ်အန်နာက မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် မတ်တပ်ရပ်ပြီး သိုက်ရှုဖန်ဆီသို့ လျှောက်သွားသည်။ သူမလက်ကိုလှမ်းဆွဲလိုက်ပြီး “အစ်မ၊ အစ်မမိသားစုကို ဖျက်စီးဖို့ ကျွန်မ ဒီလာတာ မဟုတ်ပါဘူး။ ဟော်မိသားစု ထဲဝင်ဖို့လာတာပါ။ အစ်ကို ချန် ကျွန်မကိုလက်ထပ်လိုက်တာက သူ့ မှတ်ဉာဏ်တွေ ပျောက်သွားလို့ပါ။ အစ်ကို ချန် အစကတည်းက သူ့မှတ်ဥာဏ်တွေ မပျောက်ခဲ့ဘူးဆိုရင် သူ အစ်မကို ထားခဲ့မှာ မဟုတ်ဘူးဆ်ိုတာ သေချာတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး အစ်ကို ချန်ကို အပြစ်မတင်ပါနဲ့ အစ်မ တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆို ကျွန်မကို တင်လိုက်ပါ။”

သိုက်ရှုဖန်သည် တစ်ဖက်လူ၏ မျက်နှာပြောင်းလဲမှုကြောင့် သူမ၏စိတ်ကို ထိန်းချုပ်မထားနိုင်တော့ပေ။ ဒါပေမယ့် ဟော်ကျန့်ချန်က ဒီကို‌ရောက်လာတာကြောင့်ဆိုတာ မကြာခင်မှာ သူမနားလည်သွားခဲ့သည်။

ဟော်ကျန့်ချန်သည် သူ့ခေါင်းတွင် ချွေးများဖြင့် တံခါးဝတွင် ပေါ်လာသည်။ သူသည် ဝမ်အန်နာပြောတာကို ကြားပြီး သူမကို အပြစ်တင်ဖို့ စကားတောင် မပြောနိုင်ခဲ့ဘူး။

သူသည် ဝမ်အန်နာကို ဒီကိုမလာသင့်ဘူးလို့ သူမကို ကြိုတင်သတိပေးခဲ့သည်။ သူသည် သိုက်ရှုဖန်နှင့် သူ့အဖေကို သူမနှင့် သားသမီးများ၏ တည်ရှိမှုကို ရှင်းလင်းရန် အခွင့်အရေးတစ်ခု ရှာနေခဲ့သည်။

သိုက်ရှုဖန်နဲ့ သူ့အဖေရဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်နေတဲ့ မျက်နှာတွေကို မြင်တိုင်း သူသည် ဒီစကားတွေကို မပြောနိုင်ခဲ့ပေ။

သူသည် အိမ်ထောင်ကျပြီး တိုင်းတစ်ပါးမှာ ကလေးတွေ မွေးနေစဉ် သူတို့သည် လယ်ယာမှာ ဒုက္ခခံစားခဲ့ကြရသည်။ ဒီစကားတွေက သူ့ကို အရူးတစ်ယောက်လို ခံစားရစေသည်။

အချိန်ကို နောက်ပြန်ဆုတ်ဖို့ သူ့မှာ အင်အားမရှိပေ။

ထိုဆယ့်နှစ်နှစ်တွင် သူသည် သူ့မှတ်ဥာဏ်များ ပျောက်ဆုံးသွားကာ အတိတ်က ဘာကိုမှ မမှတ်မိခဲ့ပေ။ သူသည် လူမည်းအလုပ်ရုံတွင် သုံးနှစ်ကျော်နေခဲ့ပြီး သူ့မိသားစုက သူ့ကို လာမရှာခဲ့ပေ။

ထိုအချိန်တွင် သူသည် အလွန်စိတ်ဓာတ်ကျကာ သူ့မိသားစုမှ စွန့်ပစ်ခံရသည်ဟု ထင်ခဲ့သည်။ နောက်ပိုင်းမှာ ဝမ်အန်နာနဲ့ သူ့အဖေက သူ့ကို ကယ်တင်ခဲ့ပြီး မီနိုင်ငံမှာ အခိုင်အမာ ခြေကုပ်ယူနိုင်အောင် ကူညီပေးခဲ့သည်။

သူလှမ်းလိုက်သော ခြေလှမ်းတိုင်းသည် ဝမ်မိသားစု၏ အကူအညီနှင့် ချိတ်ဆက်နေသည်။ ဒါကြောင့် သူသည် ဝမ်အန်နာကို မစွန့်လွှတ်နိုင်ခဲ့ပေ။

အမျိုးသမီး နှစ်ယောက်နှင့် မိသားစုကြားညှပ်နေသည့်အတွက် သူသည် ကြီးကျယ်မှု သို့မဟုတ် ပျော်ရွှင်မှု လုံးဝမရှိပါ။ သူသည် ဓား၏အစွန်းတွင် နေ့တိုင်း လမ်းလျှောက်နေသလို ခံစားရပြီး အချိန်မရွေး သူ ဂရုမစိုက်ပါက ပျက်စီးသွားလိမ့်မည်။

ဖြစ်နိုင်လျှင် သူသည် စစ်ဘက်ဆိုင်ရာ အထောက်အပံ့များ မပို့ခဲ့ပြီး အတိတ်မမေ့ခဲ့ရင်။ သူ့မိန်းမနဲ့ ကလေးတွေနှင့်အတူ လယ်ထဲသွားရတာ ပိုကောင်းသည်။

အခုတော့ ဒီအရာများကို ပြောရင်လည်း အသုံးမဝင်တော့ပေ။ ကံကြမ္မာက လူတွေကို လုပ်ကြံသည်။

သိုက်ရှုဖန်က ဝမ်အန်နာကို အလွန်စက်ဆုပ်သွားပြီး လက်ကို ခါယမ်းကာ "မင်း ငါ့ကို တကယ် နေမကောင်းအောင်လုပ်တာဘဲ!"

ဝမ်အန်နာက နာကျင်နေသော အမူအရာဖြင့် “အစ်မ... အစ်မရဲ့ ဒေါသနဲ့ ခေါင်းကိုက်တာကို ကျွန်မ နားလည်ပါတယ်။ အဲ့နေရာ ကျွန်မသာဆိုရင်လည်း ကျွန်မ ဒီလိုပဲခံစားရမှာပါ။ အခု ကျွန်မပြောနေတာတွေက အသုံးမဝင်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် အစ်ကို ချန်ကို အပြစ်မတင်ပါနဲ့။ အစ်မ အပြစ်တင်ချင်ရင်  ကောင်းကင်ဘုံကို အပြစ်တင်လိုက်ပါ။ ဒါတွေက သူ့ကြောင့် ဖြစ်လာတာပါ။”

သိုက်ရှုဖန်သည် သူ့ရှေ့မှာ ဒီဟန်ဆောင်နေတဲ့ မိန်းမကို သူမ မကြည့်ချင်တော့ဘူး။ ဒီနေရာမှာ သူမသည် အန်မိမှာ ကြောက်သည်။

သူမက ဟော်ကျန့်ချန်ကိုကြည့်ဖို့ ခေါင်းလှည့်လိုက်ပြီး "ရှင် အချိန်မှန် ရောက်လာတာပဲ။ ဒီမိန်းမက လာပြီး သူက ရှင့်မိန်းမပါလို့ မပြောဘူးဆိုရင် ရှင် ကျွန်မကို ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားမှာလဲ?"

ဟော်ကျန့်ချန်က မျက်မှောင်ကြုတ်ကာ လေးလံသောခြေလှမ်းများဖြင့် လျှောက်လာပြီး “ရှုဖန် ငါ မင်းနဲ့ သားကို မှားခဲ့ပါတယ်။ ငါ မင်းကို ပြောဖို့ အချိန်တစ်ခု ရှာချင်ခဲ့တာ။ ဒါပေမယ့် မတွေးခဲ့မိဘူး..."

မထင်မှတ်ပဲ ဝမ်အန်နာက သူ့ဘာသာသူ အပြေးလာသည်။

သူတို့သည် နှစ်ပေါင်းများစွာ လင်မယားတွေ ဖြစ်လာကြသည်။ ဝမ်အန်နာက ဟော်ကျန့်ချန်သည် သူ့ကို အခု အပြစ်တင်နေမှန်း သူသိသည်။ “အစ်ကို ချန်စိတ်မကောင်းပါဘူး။ ကျွန်မ ဆုံးဖြတ်ချက်နဲ့ မလုပ်သင့်ဘူးဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်း အစ်ကို ကောင်းကောင်းမစားနိုင် မသောက်နိုင်ဖြစ်နေတာ ကျွန်မမြင်တယ်။ ကျွန်မ စိတ်မကောင်းဖြစ်ရတယ်။ ဟွာရှားမှာ စကားပုံရှိတယ်။ နာတာရှည်ထက် နာတာတိုက ပိုကောင်းပါတယ်။ အနှေးနဲ့အမြန် အစ်မက ဒီကိစ္စကို သိလာမှာပဲ…!”

သိုက်ရှုဖန်က သူမကို အေးစက်စွာ ကြားဖြတ်လိုက်သည်။ "ကျေးဇူးပြုပြီး မင်းအရင်ကလိုပဲ မစ္စသိုက်လို့ ငါ့ကို ခေါ်ပေးပါ။ မင်းရဲ့ 'အစ်မ' ဆိုတဲ့ ဒဏ်ကို ငါ မခံနိုင်ဘူး!"

ဝမ်အန်နာ၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားသည်။

ဟော်ကျန့်ချန်က သိုက်ရှုဖန်ကို မကြည့်ခင် သူမကို တစ်ချက်ကြည့်လိုက်ပြီး "ငါ မင်းနဲ့ ချီအာကိစ္စမှာ မှားခဲ့ပါတယ်။ မင်းနဲ့ သားအတွက် ငါဖြေရှင်း ပေးပါ့မယ်!"

သိုက်ရှုဖန်က သူမရဲ့ နှလုံးသားကို တင်းတင်းကျပ်ကျပ် ညှစ်ထားသလို ခံစားလိုက်ရသည်။ "ဒါဆို ရှင် ဘယ်လိုဖြေရှင်းပေးမှာလဲ?ရှင် ဒီမစ္စဝမ်ကို ကွာရှင်းမှာလား?"

"အစ်ကို ချန်..."

ဝမ်အန်နာသည် သိုက်ရှုဖန်၏ စကားကို ကြားသောအခါ သူသည် ခဏနေရင် ခေါင်းညိတ်မည်ကို စိုးရိမ်သောကြောင့် သူမက ဟော်ကျန့်ချန်ထံသို့ စိုးရိမ်တကြီး လှည့်ကြည့်လိုက်သည်။

သူမသည် ဟော်ကျန့်ချန်နဲ့ ကွာရှင်းလိုက်ရင် သူမ ဘဝမှာ သူ့လောက်ကောင်းတဲ့ ယောင်္ကျားကို ဘယ်တော့မှ ရှာတွေ့မှာမဟုတ်ဘူးဆိုတာ သေချာသည်။

ပြီးတော့ သူမက ဟော်ကျန့်ချန်ကို တကယ်ချစ်သည်။ သူမွဲတေနေတည်းက သူမ သူ့ကို ချစ်မိသွားခဲ့သည်။

ဒီလိုမှမဟုတ်ရင် လက်မထပ်ခင်မှာ သူမသည် သူ့ရင်သွေးကို ကိုယ်ဝန်ရဖို့ အကြံအစည်နဲ့ လှည့်စားတာကို သူမအသုံးပြုခဲ့မှာ မဟုတ်ပေ။ ဒါတွေအားလုံးက သူမသည် ဒီလူကို အရမ်းလိုချင်တာကြောင့်ပင်။

ဟော်ကျန့်ချန်၏ မျက်လုံးများတွင် ရုန်းကန်မှုနှင့် နာကျင်မှုများ တောက်လောင်နေသည်။ သူသည် ခေါင်းမညိတ်နိုင်ခဲ့ပေ။

တကယ်တော့ သူက တစ်ဖက်ကိုလည်း လက်မလွှတ်နိုင်ပေ။

သူ့ရဲ့ တုံ့ပြန်မှုကို မြင်တော့ သိုက်ရှုဖန်ရဲ့ နှလုံးသားက ကြေကွဲသွားပြီး "ဒါဆို ရှင်က တခြားသူတွေရဲ့ ကောင်းချီးတွေကို လိုချင်တာလား?"

ဧကရီနှင့် အမျိုးသမီး ဇာတ်လိုက် နှစ်ယောက်လုံး လိုချင်တာလား။ အိပ်မက်မက်နေလိုက်။

ဟော်ကျန့်ချန်၏ မျက်ခုံးများကို ကျုံ့လိုက်ပြီး “ရှုဖန် ငါ…”

သိုက်ရှုဖန်သည် သူမ၏ မျက်လုံးများ နာကျင်နေပြီး မသက်မသာ ဖြစ်နေသည်။ သူမက တံခါးကို ညွှန်ပြပြီး "ရှင်တို့ နှစ်ယောက်လုံး ထွက်သွား။ ချီအာ ပြန်မလာခင်အထိ ကျွန်မ ရှင်နဲ့ ဒီပြဿနာကို မဆွေးနွေးချင်ဘူး!"

သူမသည် သူတို့နဲ့ တစ်ခန်းတည်းမှာ ခဏလောက်ပင် အတူတူမနေချင်တော့ပါ။

သူတို့မျက်နှာကို ကြည့်ရတာ သူမကို ရွံရှာစေသည်။ ချီအာ ကြောင့်မဟုတ်ရင် သူမသည် သူနဲ့ အခုချက်ချင်း အဆက်အသွယ် ဖြတ်ချင်မိသည်!

ချီအာမှာ အဖေမရှိတာ နှစ်အတော်ကြာပြီ။ ဒါကြောင့် သူ့အဖေရဲ့ ချစ်ခြင်းမေတ္တာကို သူမ စိတ်မရှည်စွာ လက်မလွှတ်နိုင်ပေ။ ထို့ကြောင့် ချီအာ ပြန်မလာခင်အထိ သူမသည် ခဏလောက် သည်းခံရမည်ဖြစ်သည်။

ဟော်ကျန့်ချန်က စိုးရိမ်တကြီးနဲ့ ခေါ်လိုက်သည်။ “ရှုဖန်!”

"ဝေးဝေးသွား!"

"ဘာတွေ ဖြစ်နေတာလဲ?"

ဟော်ဟွားချင်းသည် အပြင်မှ တုတ်တစ်ချောင်းဖြင့် ဝင်လာခဲ့သည်။ အခန်းထဲတွင် ရင်းနှီးမှုမရှိသော အမျိုးသမီးတစ်ဦးကို သတိပြုမိပြီးနောက်တွင် သူသည် တစ်စုံတစ်ရာ မူမမှန်သည့် ခံစားချက် ပြင်းထန်လာသည်။

ဝမ်အန်နာသည် ဟော်ဟွားချင်းနှင့် တစ်ခါမှမတွေ့ဖူးသော်လည်း ဟော်ကျန့်ချန်သည် သူနှင့် အလွန်ဆင်တူသည်။ သူမသည် တစ်ဖက်လူ၏ ပုံစံကို ချက်ချင်း မှန်းဆလိုက်သည်။

သူမ၏ နှုတ်ခမ်းနီဖုံးထားသော နှုတ်ခမ်းများက ကွေးညွတ်ကာ ပြုံးပြီး "အဖေ!"

ဟော်ဟွားချင်းက သူမကို စစ်ဆေးကြည့်ရှုပြီး "ဒါကို ကြုံသလို မခေါ်နဲ့။ ငါ့မှာ မင်းလောက် သမီးတစ်ယောက်မှ မရှိဘူး!"

ဝမ်အန်နာသည် သူမ၏ အထောက်အထားကို ရှင်းပြရန် အလျင်စလိုမလုပ်ဘဲ အဲဒီအစား ဟော်ကျန့်ချန်ကို တိုက်ရိုက်ကြည့်ခဲ့သည်။

All Chapters