← Chapters

အခန်း (၂၀၅)

Vol. 16 Ch. 205

အခန်း (၂၀၅)

Vol. 16 Ch. 205

ဤအခြေအနေတွင် ဟော်ကျန့်ချန်က ဒါကို ရှောင်လွှဲရန် မဖြစ်နိုင်ပေ။ ဒါကြောင့် ဒီကိစ္စကို သူသည် တိုတိုနဲ့ လိုရင်းရောက်အောင် ရှင်းပြရမည်။

ဟော်ဟွားချင်း သိလိုက်ရတော့ မျက်လုံးတွေ ပြူးကျယ်လာပြီး သူ့သားကို မယုံကြည်နိုင်စွာ စိုက်ကြည့်ပြီး "ဒါဆို ငါတို့ လယ်ကွင်းမှာ ရှင်သန်ဖို့ ရုန်းကန်နေချိန် မင်းက နိုင်ငံခြားမှာ လက်ထပ်ပြီး ကလေးမွေးခဲ့တာလား?"

ဟော်ကျန့်ချန်၏ မျက်နှာသည် အရောင်ပြောင်းသွားပြီး "အဖေ၊ ကျွန်တော်မှားသွားပါတယ်!"

ဝမ်အန်နာက သူ့ကို ကာကွယ်ပြောခဲ့သည်။ "အဖေ၊ အစ်ကို ချန်က အဲဒီတုန်းက သူ့မှတ်ဉာဏ်ကို ပြန်မရသေးဘူး။ သူက အဖေတို့ကို လုံးဝမမှတ်မိခဲ့ဘူး။"

"ပါးစပ်ပိတ်ထား!" ဟော်ဟွားချင်းက အေးစက်စွာပြောလိုက်သည်။ "ငါ့ကို အဖေလို့ ထပ်မခေါ်နဲ့။ ငါ သည်းမခံနိုင်ဘူး။ ငါ ဟော်ဟွားချင်းက သိုက်ရှုဖန်ကိုပဲ ငါ့ချွေးမအဖြစ် လက်ခံမှာ!"

ဝမ်အန်နာသည် အလွန်ဒေါသထွက်သွားသဖြင့် လက်သည်းများကို သူမ၏ လက်ဖဝါးအသားထဲသို့ ထိုးမိလိုက်သည်။ သို့ပေမယ့်လည်း သူမမျက်နှာမှာ နာကျင်နေသောအမူအရာ ပေါ်လာသည်။

ဟော်ဟွားချင်းက ဟော်ကျန့်ချန်ကို စိုက်ကြည့်ရင်း "ငါအတိတ်ကို လက်လွှတ်လိုက်မယ်။ အခုချက်ချင်း မင်းရှေ့က အဲဒီမိန်းမနဲ့ ချက်ချင်းကွာရှင်းဖို့ အခွင့်အရေးပေးမယ်။ မဟုတ်ရင် ငါ့ကို အဖေလို့ မခေါ်နဲ့!"

"အဖေ!" ဟော်ကျန့်ချန်က နာကျင်စွာ အော်ဟစ်လိုက်သည်။

သူသည် သူ့ကိုယ်သူ ထပ်ခြမ်းခွဲပစ်ချင်နေသည်။

ဝမ်အန်နာအတွက် သူ့ခံစားချက်တွေက အမြဲတမ်း သိပ်မရှိခဲ့ပေ။ အရင်တုန်းက သိုက်ရှုဖန်အတွက် သူ့ခံစားချက် ဆယ်ပုံတစ်ပုံနဲ့ ယှဉ်လို့မရပါချေ။

ဝမ်မိသားစုသည် သူ့အသက်ကို ကယ်တင်ခဲ့ပြီး ဝမ်အန်နာသည် သူနှင့် နှစ်ပေါင်းများစွာ လိုက်ပါခဲ့သည်။ သူတို့မှာ ကလေးနှစ်ယောက်လည်း ရှိသည်။ ဒီအတိုင်း စွန့်လွှတ်ဖို့ သူဘယ်လိုပြောမလဲ?

သူ့ကိုဒီလိုမြင်တော့ သိုက်ရှုဖန်က ပိုပိုပြီး စိတ်ပျက်အားငယ်သွားသည်။ သူမ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။

အစောပိုင်းနှစ်များတွင် သူသေပြီဟု သူမထင်ခဲ့သည်။ သူမသည် ဝမ်းနည်းလွန်းလို့ သူနဲ့လိုက်သွားချင်ခဲ့သည်။ နောက်ပိုင်းတွင် သူအသက်ရှင်ကြောင်း သူမသိသောအခါ သူမသည် ခက်ခဲသောနေ့ရက်များ ကုန်ဆုံးသွားပြီဟု ထင်ခဲ့သည်။ သူမသည် နုံလွန်းသည်။

ဒါကို သူမသည် စောစောသိခဲ့လျှင် သူပြန်မလာတာ ပိုကောင်းသည်။ အနည်းဆုံးတော့ သူမရဲ့ နှလုံးသားထဲမှာတော့ သူဟာ ဟိုတုန်းကလို ဟော်ကျန့်ချန်ပဲ ဖြစ်နေသေးသည်။

သူ့ချွေးမ ငိုနေတာကို မြင်တော့ ဟော်ဟွားချင်းက တုတ်ကို ကောက်ကိုင်ပြီး ဟော်ကျန့်ချန်နဲ့ ဝမ်အန်နာတို့ကို ရိုက်သည်။ "ယုတ်မာတဲ့ မကောင်းဆိုးဝါးတွေ ငါ မင်းနှစ်ယောက်လုံးကို သေအောင်ရိုက်မယ်!"

ဝမ်အန်နာက ထိတ်လန့်တကြား ထအော်ပြီး မတော်တဆ မြေပြင်ပေါ်ကို လဲကျသွားသည်။

သူမ ဝမ်းဗိုက်ထဲက နာကျင်မှု တစ်ခု ဖြစ်လာသည်။ သူမ၏ ခန္ဓာကိုယ်အောက်တွင် စိုစွတ်မှုတစ်ခု ပေါ်လာသည်။ သူမသည် အောက်ကိုငုံ့ကြည့်ကာ ထပ်အော်ဟစ်လိုက်သည်။ "သွေး... ငါ သွေးထွက်နေတယ်..."

လူတွေက သူမကို ကြည့်‌နေကြသည်။ ဝမ်အန်နာ၏ အောက်မှ အနီရောင်တောက်တောက် သွေးများ စိမ့်ထွက်နေသည့် မြင်ကွင်းက သူတို့မျက်လုံးထဲသို့ တိုးဝင်လာသည်။

ဝမ်အန်နာလည်း ထိတ်လန့်တုန်လှုပ်သွားသည်။ ဟော်ကျန့်ချန်က သူ့နာမည်ကို ခေါ်၍ ပြေးလာကာ ကောက်ချီပြီး ပြေးထွက်သွားသည်။

သိုက်ရှုဖန်သည် ထပ်ပြီး စီးကျလာသော မျက်ရည်များဖြင့် ပြေးထွက်သွားသောအခါ သူ့နောက်ကျောကို စိုက်ကြည့်နေသည်။

အရင်က သူမသည် ဟော်ကျန့်ချန်သည် အခြားတစ်ယောက်ကို ကျေးဇူးသိ၍ လက်ထပ်လိုက်သည်ဟု သူမ ဆန္ဒအရ တွေးနေမိခဲ့သည်။ ဒါပေမယ့် အခုအချိန်မှာတော့ ‌သူသည် ဝမ်အန်နာအပေါ်မှာ ခံစားချက်တစ်ချို့ရှိနေပုံရသည်။

ဟော်ဟွားချင်းသည် မြေပြင်ပေါ်တွင် သွေးများကို မြင်သောအခါ အံ့အားသင့်သွားသည်။

အဲဒီအမျိုးသမီးမှာ ကိုယ်ဝန်ရှိနေတာလား?

အဲဒီလို လဲကျပြီးရင် ကိုယ်ဝန်ပျက်ကျမှာလား?

ဟော်ဟွားချင်းသည် စိတ်ထဲမှာ  ပဋိပက္ခများ ဖြစ်နေသည်။

သူ့သားလေး အသက်ပြန်ရှင်လာတဲ့အခါ သူသည် အရမ်းကို အံ့သြသွားခဲ့သည်။ သူ့သားကို သူ့ဆီပြန်ခေါ်လာတဲ့အတွက် ကောင်းကင်ဘုံကို ကျေးဇူးတင်ခဲ့သည်။

သားဖြစ်သူက အပြင်မှာ အိမ်ထောင်ပြုပြီး ကလေးတွေရှိနေမယ်လို့ မထင်ခဲ့မိဘူး။ လက်ရှိအခြေအနေနဲ့ ဘာလုပ်ရမလဲ?

——

ပထမအကြိမ် ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သည်။ ဝင်ခွင့်ရသော ကျောင်းသားများသည် ကျောင်းတက်ရန် စက်တင်ဘာလအထိ မစောင့်နိုင်တော့ပေ။ ကောလိပ်အများစုသည် သူတို့ကို မတ်လမတိုင်မီ တာဝန်ထမ်းဆောင်ရန် အကြောင်းကြားဖို့ လိုအပ်သည်။

ချီလိီထုတ်လုပ်ရေးအဖွဲ့မှ မြို့တော်သို့ မရေမတွက်နိုင်သော အကူးအပြောင်းကို ယူခဲ့သည်။ မြို့တော်ကို ရောက်ဖို့ စုစုပေါင်း ဆယ်ရက် ဆယ်ည လိုသည်။ ဤသည်မှာ ချောင်တုန်းဟယ်သည် ပိုကြီးသောကမ္ဘာသို့ ပထမဆုံးအကြိမ်သွားခြင်းပင်။ ချောင်မိသားစုက သူမကို တစ်ယောက်တည်း လွှတ်လိုက်ဖို့ စိတ်မချနိုင်ဘူးလို့ ပြောမထွက်ခဲ့ပေ။

အကြီးဆုံး ချောင်နှင့် သူ့ဇနီးတို့သည် ချောင်တုန်းဟယ်ကို မြို့တော်သို့ လွှတ်ရန် စိတ်အားထက်သန်နေခဲ့သည်။ သို့သော် သူတို့နှစ်ယောက်လုံးသည် ယခင်က ခရီးဝေးမသွားဖူးခဲ့ကြပေ။ သူတို့နှစ်ယောက်လုံးသည် အလွန်စိတ်မချရပါ။ သူတို့က ချောင်တုန်းဟယ်အား မြို့တော်ကို ပို့ဖို့ ပြောလာလျှင် အားလုံးသည် ပိုလို့တောင် စိုးရိမ်ကြလိမ့်မည်။

ချောင်ကျန်းမင်သည် အလုပ်ကြိုးစားနေသောကြောင့် သူသည် အလုပ်မှ ရက်ပေါင်းများစွာ အနားမယူနိုင်ပါ။ ဒီလိုနဲ့ အများကြီး ဆွေးနွေးပြီးတဲ့အခါ နောက်ဆုံးမှာတော့ ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့က လိုက်ပို့ဖို့ ဆုံးဖြတ်ခဲ့သည်။

သူတို့သည် ရက် ၂၀ ခွင့်ယူရန် လိုအပ်သော်လည်း ချောင်မိသားစုသည် စုဆောင်းငွေအချို့ ရှိခဲ့သည်။ အသက်ရှင် ရပ်တည်ရေးအတွက် သူတို့သည် ထိုအလုပ်အမှတ်များကို အားကိုးရန် မလိုအပ်ပါ။

ချောင်ကျန်းကော်က သူ့နောက်‌စေ့ကို ကုတ်လိုက်ပြီး "အဖေ အမေ၊ ဘာလို့ ကျွန်တော်က အမေတို့နဲ့ မလိုက်ရတာလဲ? ကျွန်တော်က ပစ္စည်းတွေ ကူသယ်ပေးလို့ ရတယ်လေ!"

သူ့ဘဝတွင် အဝေးဆုံးရောက်ခဲ့တာ ခရိုင်မြို့ဖြစ်သည်။ သူသည် မြို့တော်သို့ အထင်ကရနေရာများကို သွားကြည့်ချင်သည်။ သတ္တိရှိရှိ မဟာတံတိုင်းကြီးကို သွားချင်သည်။

ချောင်ရှို့ကျီက အထင်မြင်သေးကာ ငြင်းဆိုလိုက်သည်။ "မင်းက ငါ့လောက် မသန်မာပါဘူး။ မင်းသွားချင်ရင် နောင်ကျ အန်းပင်း ကောလိပ်တက်တဲ့အခါ မင်းအဲဒီကို သွားလို့ရပြီ!"

ချောင်ကျန်းကော်သည် သူ့သားကို ချက်ချင်း မျှော်တလင့်တကြီး ကြည့်လိုက်သည်။

အန်းပင်း QaQ - ရုတ်တရက် ဖိအားက အရမ်းကြီးသွားသည်။

နောက်ပြီး အစ်မအကြီးဆုံးကို အဘိုးအဘွားတွေက လိုက်ပို့ပေးပြီး ဘာလို့ သူ့ကျ မယုံကြည်ရတဲ့ သူ့အဖေကို လိုက်ပို့ခိုင်းတာလဲ? ဒီမြေးက တန်ဖိုးမရှိဘူးလို့ သူဘာကြောင့်ခံစားရတာလဲ?

ဝမ်ချွမ်ကျီက သူ့ယောက္ခမသည် သူ့ယောင်္ကျားကို လွှတ်လိုက်ဖို့ သဘောတူရင် သူလည်း ပါဝင်မယ်လို့ အစက ထင်ခဲ့သည်။ မမျှော်လင့်ဘဲ သူမရဲ့ မျှော်လင့်ချက်ဟာ မကြာခင်မှာ ပြိုပျက်သွားခဲ့သည်။ ထို့ကြောင့် သူမသည် အပြင်ထွက်ပြီး သူမတွင် ကောလိပ်တက်မည့် သမီးတစ်ယောက်ရှိကြောင်း လူတိုင်းအား ဆက်လက်ဝါကြွားခဲ့သည်။

သို့သော် ချောင်မိသားစု မထွက်ခွာမီ ဟော်ချီသည် ထုတ်လုပ်ရေးအဖွဲ့တွင် ရုတ်တရက် ပေါ်လာသည်။ သူနှင့်အတူ ချောင်ဟုန်းရှ၏ မိသားစုငါးယောက် ပါလာသည်။

ချောင်ဟုန်းရှသည် ဝမ်ယန်ရှန်နှင့် စစ်တပ်သို့ မလိုက်ခင် ငါးရက်မတိုင်မီတွင် လက်ထပ်ခဲ့သည်။ သူမ ထွက်သွားသည်မှာ ငါးနှစ်နီးပါးရှိနေပြီဖြစ်သည်။

လွန်ခဲ့သည့်ငါးနှစ်အတွင်းတွင် သူမသည် သားတစ်ဦးနှင့် သမီးတစ်ဦးကို မွေးဖွားခဲ့သည်။ အငယ်ဆုံးသမီးက တစ်နှစ်ပဲ ရှိသေးသည်။

သူတို့ ထုတ်လုပ်ရေး အဖွဲ့ကို ပြန်ရောက်တော့ စနေနေ့ ဖြစ်သည်။ သာ့ချောင်နှင့် သူမ၏ ဝမ်းကွဲများသည် မြို့မှ ပြန်လာကြသည်။ လမ်းဆုံမှာ အုပ်စုတွေ တွေ့ဆုံသွားကြသည်။

အန်းပင်းသည် သူတို့ကို ဖြတ်သွားသော ဂျစ်ကားကို မြင်ပြီး "ဒီဂျစ်ကား ဘယ်ကလဲ? ဒါက ဆလွန်းကားထက်တောင် အများကြီး ပိုမိုက်တယ်!"

ယောင်္ကျားလေးတွေက သူတို့သည် ဒီလိုမျိုး မိုက်ပြီး ခက်ခဲတဲ့ အရာတွေကို အမြဲတမ်း နှစ်သက်ကြသည်။

သာ့ချောင်နှင့် ချောင်တုန်းယင်တို့သည် သူတို့ရှေ့က ဂျစ်ကားကို စိုက်ကြည့်နေကြသည်။ သူတို့ စကားမပြောရသေးခင်မှာ ဂျစ်ကားက အရှိန်သတ်လိုက်သည်။ အဲ့တာက သူတို့ရှေ့မှာ ရပ်လိုက်ပြီး ဖုန်မှုန့်တွေ တက်လာသည်။

ထို့နောက် တံခါးပွင့်လာသည်။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက် နောက်ထိုင်ခုံမှ ခုန်ဆင်းကာ သူတို့ကို လက်ပြနှုတ်ဆက်ပြီး "အစ်မ သာ့ချောင်၊ အစ်မ ယင်၊ အစ်ကို အန်းပင်း!"

သာ့ချောင်နှင့် အခြားသူများ အံ့အားသင့်သွားကြသည်။ သူတို့ရှေ့က ကောင်လေးကို စိုက်ကြည့်နေကြသည်။

သူတို့သည် သူ့၏ ရိတ်ထားသော ခေါင်း၊ ခြေတံရှည်၊ လက်တံရှည်များကို ကြည့်နေကြသည်။ အားရပါးရ ပြုံးပြလိုက်ကာ သူတို့ကို စိုက်ကြည့်နေသော လှပသော မျက်နှာငယ်လေး၏ မျက်လုံးများသည် ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။

ဒီမျက်လုံးလေးတွေက အရမ်းလှသည်။

အန်းပင်းက အက်ကွဲသောအသံဖြင့် "ယိမင်လေး? မင်းက ယိမင်လေးပဲ"

"ဟားဟားဟား၊ အစ်ကို အန်းပင်း မင်းရဲ့အသံက ဘာဖြစ်သွားတာလဲ။ မင်းပါးစပ်ကိုဖွင့်လိုက်တာနဲ့ ဘာလို့ ဘဲတွေ အော်သလို ဖြစ်နေတာလဲ" ယိမင်က ရယ်မောလိုက်သည်။

ထိုသို့ပြောပြီး သူက သူတို့ဆီ ပြေးလာသည်။

သူသည် သာ့ချောင်ဆီကို ပြေးလာသောအခါတွင် ရုတ်တရက် အနည်းငယ် အဆင်မပြေ ဖြစ်သွားသည်။ "အစ်မ သာ့ချောင် အစ်မ သားကို မှတ်မိသေးလား?"

သာ့ချောင်က အများကြီး အရွယ်ရောက်လာတဲ့ သူ့မောင်လေးကို ကြည့်ပြီး "ငါ မင်းကို မှတ်မိတာပေါ့။ မင်း အရပ်တော်တော် ရှည်လာပေမယ့် မင်းက အရင်လိုပုံစံပါပဲ"

ယိမင်က မျက်လုံးတွေ ကျဉ်းသွားတဲ့ထိ ရယ်သည်။ ဒါပေမယ့် နောက်အခိုက်အတန့်မှာ သူ့အစ်မ သာ့ချောင်က မှတ်ချက်ပေးတာကို ကြားလိုက်ရသည်။ “မျက်လုံးတွေက သေးသေးလေးပဲ။” 

ယိမင် - "..."

အန်းပင်းက ဘဲတစ်ကောင်လို ရယ်မောပြန်သည်။

ချောင်တုန်းယင်သည် ညီမ သာ့ချောင်ကို ပျော်ရွှင်စွာ စိုက်ကြည့်နေသည်။ သူတို့သည် ချောင်မိသားစု၏ အစိတ်အပိုင်းတစ်ခု စကားပြောရင်တည့်တိုးပြောတတ်တာ အံ့သြစရာမဟုတ်ပေ။ 

ထိုအချိန်တွင် ဂျစ်ကားရှေ့တံခါးလည်း ပွင့်လာသည်။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်တစ်ယောက် ကားပေါ်မှ ဆင်းလာသည်။

နွေဦး၏ ညင်သာသော နေရောင်ခြည်က သူ့ကိုရိုက်ခတ်ခဲ့သည်။ သူ၏ ခေါင်းနှင့် မျက်နှာကို ရွှေရောင်အလင်းတန်းများ ဖြန့်ချလိုက်သည်။ အလင်းရောင်ကို မျက်နှာမူကာ သူသည် သူတို့ဆီသို့ လျှောက်လာခဲ့သည်။

သာ့‌ချောင်နှင့် အခြားသူများ အတွက် အလင်းနှင့် ဆန့်ကျင်ဘက်သို့ ရောက်ခဲ့သည်။ သူတို့သည် သူ ရောက်မလာမချင်း သူ့ကို ရှင်းရှင်းလင်းလင်း မမြင်ကြပေ။

ထူထဲသော မျက်ခုံးမွှေးများ၊ ကြယ်ရောင်မျက်လုံးများ၊ မြင့်မားသော နှာတံနှင့် မျဉ်းကြောင်းတစ်ခုကို ဖြတ်သွားသော ပြတ်သားသည့် နှုတ်ခမ်းပါးများ။ သူတို့ကိုကြည့်သောအခါ အဲ့တာက အနည်းငယ်ရွေ့လျားသွားပုံရပြီး တည်ရှိပုံမပေါ်သော အကွေးလေး ကွေ့ညွှတ်သွားသည်။

သာ့ချောင်သည် သူမရှေ့မှလူကို စိုက်ကြည့်နေပြီး အသံမထွက်လာသည်မှာ ကြာပြီ ဖြစ်သည်။

ဟော်ချီက သူမကို စိုက်ကြည့်ပြီ “ချောင်နျန်နျန် မင်းငါ့ကို မမှတ်မိဘူးလား?”

"အစ်ကို ဟော်ချီ!" သာ့ချောင်က လှမ်းအော်လိုက်ပြီး ရုတ်တရက် အနည်းငယ် ရှက်သွားသည်။

ငယ်ငယ်တုန်းကတော့ သူ့ကို အစ်ကို ဟော်ချီလို့ခေါ်ခဲ့သည်။ ဒါပေမယ့် အခု သူတို့ အရွယ်ရောက်လာပြီ ဖြစ်လို့ သူမသည် သူ့ကို ဒီလိုခေါ်တာ ထူးဆန်းတယ်လို့ ခံစားရသည်။

ဒါပေမယ့် ဟော်ချီမဖြေခင်မှာ အန်းပင်းက  သူ့နားကို တိုးသွားပြီး သူ့ပုခုံးကို ဆွဲဖက်လိုက်သည်။ "ဟားဟား၊ ငါက ဘဲအသံနဲ့ တစ်ယောက်တည်းလို့ ထင်ခဲ့တာ။ မင်းကောပဲလို့ တစ်ခါမှ မတွေးဖူးဘူး။ ငါတို့က ဝေဒနာသည် အဖော်တွေပဲ!"

ဟော်ချီ၏ မျက်နှာသည် ချက်ချင်းပင် နီမြန်းသွားခဲ့သည် - "... "

သူသည် သူ့မျက်နှာကို တကယ်ထိုးချင်နေပြီ။ ဒီအန်းပင်းက မဖွင့်သင့်တဲ့အိုးကို ဖွင့်လိုက်တာပဲ။

သူ့အသံက မသက်မသာဖြစ်နေသည်ကို သာ့ချောင်ကို သူသည် မသိစေချင်တာ‌ကြောင့် သူ့အသံကို အခုမှ တမင်လျှော့လိုက်သည်။ မထင်မှတ်ပဲ စက္ကန့်ပိုင်းအတွင်း သူက သူ့ဒဏ်ရာကို ဖွင့်လိုက်သည်။

ချောင်တုန်းယင်သည် ဟော်ချီ၏ နီရဲနေသော မျက်နှာကို မြင်ပြီး ရယ်မောလိုက်သည်။

ဤရယ်မောခြင်းကြောင့် အချိန်က ဖြစ်ပေါ်လာသော ထူးဆန်းမှုနှင့် ဝေးကွာမှုတို့သည် သဲလွန်စမရှိဘဲ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ဘယ်လောက် အံ့သြစရာကောင်းလဲ။ နှစ်အတော်ကြာ ခွဲခွာခဲ့ရသည့်တိုင် သူတို့သည် အရင်းနှီးဆုံး ဆွေမျိုးများနှင့် သူငယ်ချင်းများ ဖြစ်နေဆဲပင်။

ဟော်ချီသည် အသက်ရှင်နေတယ်ဆိုတဲ့ သတင်းကို ဟော်ချီက စစ်တပ်ထဲဝင်ကာ အခြေချပြီး နှစ်နှစ်အကြာမှာ ချောင်မိသားစုက သိခဲ့သည်။ အိုး ဝမ်ချွမ်ကျီက လွဲလို့ပေါ့။

ထိုအချိန်တွင် အန်းပင်းသည် ဒေါသအလွန်ထွက်ပြီး ဟော်ချီကို တိတ်တဆိတ် ကြိမ်းမောင်းခဲ့သည်။ ဟော်ချီ 'ရေနစ်ပြီး'တော့ သူက တိတ်တိတ်‌လေး ပုန်း ငိုခဲ်သည်။ သို့သော် တစ်ဖက်လူရဲ့ သူ့သေဆုံးမှုက အတုဖြစ်ခဲ့သည်။

ချောင်ဟုန်းရှနှင့် ဝမ်ယန်ရှန်သည် ခဏနေတော့ ကားပေါ်မှ ဆင်းလာခဲ့သည်။

လူအုပ်ကြီး ပြန်ထကြွလာကြသည်။

ဂျစ်ကားက လူများများ မတင်နိုင်တာကြောင့် ဝမ်ယန်ရှန်က ချောင်ဟုန်းရှနဲ့ ကလေးနှစ်ယောက်ကို ထုတ်လုပ်ရေးအဖွဲ့ဆီ ခေါ်ဆောင်သွားသည်။ ယိမင်နှင့် ဟော်ချီတို့က ချောင်မောင်နှမများနှင့်အတူ လမ်းလျှောက်ရန် တောင်းဆိုခဲ့သည်။

ဝမ်ယန်ရှန်၏ ဂျစ်ကားထုတ်လုပ်ရေးအဖွဲ့ထဲသို့ ဝင်လာသည်နှင့်တပြိုင်နက် ရွာသားများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်ခဲ့သည်။

"အိုး အရှင်ဘုရား။ ငါ တတိယ ဝမ်ကို မြင်ခဲ့ပုံရတယ်။"

“ဘယ် တတိယ ဝမ်လဲ?"

“ဘယ် တတိယ ဝမ်ဖြစ်မလဲ။  ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်ရဲ့မိသားစုက တတိယ ဝမ်!"

"အိုး ငါလည်းမြင်လိုက်တယ်။ တကယ် သူပဲ! ချောင်ဟုန်းရှက နောက်မှာ ထိုင်နေတာလား။"

အခုအချိန်က အလုပ်နည်းသော ရာသီဖြစ်ပြီး လယ်ကွင်းတွေမှာ အလုပ်တွေ အရမ်းကြီး မလုပ်ရပေ။ တတိယ ဝမ်က ဂျစ်ကားကို မောင်းလာတာကို လူတိုင်းတွေ့တော့ သူတို့သည် သူ့ကို ချက်ချင်းဝိုင်းရံလိုက်ကြသည်။

ချောင်ဟုန်းရှကို လူတိုင်းမြင်သောအခါ မနာလိုဘဲ မနေနိုင်ကြတော့ပေ။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ချောင်ဟုန်းရှ၏ စိတ်နေစိတ်ထားသည် များစွာ ပြောင်းလဲသွားခဲ့သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် သူမသည် တရားဝင်ဇနီးတစ်ယောက်၏ စိတ်သ‌ဘောထားနှင့် ရောင်ဝါရှိသည်။ သူမသည် ကျေးလက်မှာ ရှိတုန်းကနဲ့ လုံးဝမတူတော့ပေ။

သူမသည်လည်း မြို့ထဲကလူတွေလို ၀တ်ဆင်ထားသည်။ လူတ်ိုင်းက သူမကို မနာလိုစိတ်နှင့် ဝိုင်းရံလိုက်ကြသည်။

ဟော်ချီကို သတိပြုမိသောအခါ လူတိုင်းက အံ့သြသွားကြသည်။

"ဒီက​လေး​လေးက ဘာလို့ဒီ​လောက် ရင်းနှီးနေရတာလဲ?"

"အဲဒီတုန်းက ရေနစ်ခဲ့တဲ့ ဝက်ခြံက ကောင်လေးနဲ့တူတယ်လို့ ငါ ဘာလို့ထင်ရတာလဲ?"

"မင်းမပြောရင် ငါမမှတ်မိတော့ဘူး။ အခု မင်းပြောလို့ ငါမှတ်မိသွားပြီ။ တကယ် သူပဲ။ အဲဒီတုန်းက သူမသေခဲ့ဘူးလား?"

လူတိုင်း၏ အာရုံသည် ဟော်ချီကို ချက်ခြင်း ဆွဲဆောင်သွားခဲ့သည်။

ဝမ်ယန်ရှန်က လူတိုင်းကို အမြန်ရှင်းပြသည်။

ဤတစ်ကြိမ်တွင် သူသည် ဟော်ချီ၏ အထောက်အထား 'သေရာမှ ပြန်လည်ရှင်သန်လာသည်' ကို လူတိုင်းအတည်ပြုနိုင်စေရန်အတွက် ထုတ်လုပ်ရေးအဖွဲ့ထံ အထူးပြန်ခေါ်ခဲ့သည်။

ထိုအချိန်က ဟော်ချီသည် ရေနစ်သွားသော်လည်း သူ၏ အလောင်းကို အစမှအဆုံး ရှာမတွေ့ခဲ့ပေ။ သူက ရေစီးနဲ့ အဝေးကို မျောပါသွားကာ ဦးနှောက်ကို ထိမိခဲ့ပြီး မှတ်ဉာဏ် ဆုံးရှုံးသွားကြောင်း ရှင်းပြခဲ့သည်။ ဒါကြောင့် သူက ထုတ်လုပ်ရေးအဖွဲ့ကို ပြန်မလာခဲ့ပေ။ ဒီလိုမျိုး ဒီကိစ္စကို စီစဥ်ထားခဲ့သည်။

ဤနည်းဖြင့် ဟော်ချီ၏ အထောက်အထားသည် သူ့၏ မူလအနေအထားသို့ ပြန်သွားနိုင်သည်။

လူတိုင်းက အဲ့တာကို ကြားပြီးနောက်တွင် မယုံခဲ့ကြပါ။ ဘယ်သူ့မှ အများကြီး မတွေးခဲ့ကြပေ။ ပြီးတော့ ဒီကိစ္စက လူတိုင်းရဲ့ စိတ်ဝင်စားမှုထဲတွင် မပါဝင်ပါ။

နောက်ဆုံးတွင် ရွာသားတွေ အဝိုင်းခံရတာကနေ လွတ်မြောက်ပြီးနောက် ဝမ်ယန်ရှန်သည် ချောင်ဟုန်းရှကို ဝမ်အိမ်သို့ အရင်ဆုံး ပြန်ခေါ်သွားခဲ့သည်။ သာ့ချောင်သည် ဟော်ချီကို ချောင်အိမ်သို့ ခေါ်သွားသည်။

သူသည် ချောင်အိမ်ထဲကို ဝင်လိုက်တာနဲ့ သူ့သမီးငယ်လေးကို ချီထားတဲ့ ဝမ်ချွမ်ကျီဆီကို ပြေးသွားခဲ့သည်။

ဟော်ချီကိုမြင်တော့ ဝမ်ချွမ်ကျီက မျက်လုံးပြူးပြီး ချက်ချင်း အော်ဟစ်လိုက်သည်။ "သရဲ!"

........

စာရေးသူပြောစရာတစ်ခုရှိသည် - New Moon Gege- မင်းရဲ့မိသားစုကို ဖျက်ဆီးဖို့ ငါဒီမှာ ရှိတာမဟုတ်ဘူး၊ မင်းနဲ့ပူးပေါင်းဖို့ ငါဒီမှာရှိတာ။

ဝမ်အန်နာ - ငါလည်း !

[မှတ်ချက်- ဝမ်အန်နာ ပြောခဲ့သော စကားသည် ချုံးယောင်၏ "New Moon Gege" မှဖြစ်သည်]

All Chapters