← Chapters

အခန်း (၂၀၆)

Vol. 16 Ch. 206

အခန်း (၂၀၆)

Vol. 16 Ch. 206

ဝမ်ချွမ်ကျီ၏ အသံသည် အမြဲတမ်း ကျယ်လောင်နေခဲ့သည်။ ဒီလိုအော်သံကြောင့် ခြံထဲက ခွေးအိုကြီးနဲ့ ကြက်မတောင် လန့်သွားသည်။

ခြံဝင်းအတွင်းနှင့် အပြင်ဘက်တွင် ရုတ်တရက် ကြက်များ ပျံတက်ကာ ခွေးများ ခုန်ပေါက်သွားသည်။

သန်မာတဲ့ ဝမ်ချွမ်ကျီက သရဲတစ္ဆေတွေကို တကယ်ကြောက်တယ်လို့ ဘယ်သူထင်မှာလဲ။

သူမ၏ ခြေထောက်များ ပျော့ခွေလာပြီး မျက်လုံးများ မှိတ်ကျသွားသည်။ နောက်အခိုက်အတန့်တွင် သူမသည် မြေပြင်ပေါ်တွင် လှဲချလိုက်သည်။

တုန်းယွင်လေးက ပုခုံးတွန့်လိုက်သည်။ သူမက လူကြီးလေးလို သက်ပြင်းချပြီး "သမီး တောင်းပန်ပါတယ်။ အမေက သိပ်အသုံးမကျဘူး။ ဟာသတစ်ခုကြည့်ရအောင်!"

သာ့ချောင်သည် ညီမ‌လေး၏ လူကြီးနှင့်တူသော ရယ်စရာ အပြုအမူကို တွေ့ရှိခဲ့သည်။ သူက သူမခေါင်းကို ပွတ်သပ်ပေးနေရင်း မခံနိုင်တော့ဘဲ ပြောလိုက်သည်။ "မင်းအဖေကို သွားခေါ်ပြီး မင်းအမေကို အထဲသယ်ခိုင်းလိုက်။"

တုန်းယွင်လေးက ခေါင်းလေးကို ညိတ်လိုက်သည်။ သူမက အလွန် လိမ္မာရေးခြား ရှိပုံရသည်။ သူမသည် အိမ်ဆီသို့ လှည့်ပြေးသွားလိုက်သည်။ နှစ်လှမ်းလောက်လှမ်းပြီးနောက် သူမက ရပ်လိုက်ပြီး ဟော်ချီကို ပြန်ကြည့်ကာ "အစ်ကို၊ အစ်ကို့ကို သဘောကျတယ်။ အစ်ကိုက ညီမလေးလိုပဲ ကြည့်ကောင်းတယ်!"

တုန်းယွင်ရဲ့ အတွေးအမြင်အရတော့ ကမ္ဘာပေါ်က ကြည့်ကောင်းတဲ့ အရာတွေအားလုံးဟာ သူမနဲ့ အတူတူပင်။ ထို့ကြောင့် သူမသည် ထုံးစံအတိုင်း ကြည့်ကောင်းသော ဟော်ချီကို သဘောကျသည်။

ဟော်ချီ - "..."

ဟော်ချီရဲ့ ပါးစပ်ထောင့် တွန့်သွားတာကို ကြည့်ပြီး လူတိုင်းက မရယ်နိုင်ဘဲ မနေနိုင်ကြတော့ပေ။

ဟော်ချီက ခေါင်းကို လှည့်ပြီး သာ့ချောင်ကို မေးလိုက်သည်။ "သူက အမြဲတမ်း ဒီလိုပဲလား?"

သာ့ချောင်က ပြုံးပြုံးရွှင်ရွှင်နဲ့ ခေါင်းညိတ်ပြီး "အင်း၊ ညီမ‌လေး တုန်းယွင်က အရမ်းယုံကြည်ချက်ရှိတယ်!"

ညီမ‌လေး တုန်းယွင်က တကယ်ကို မလှပေမယ့် သူမသည် ဒီညီမလေးကို အရမ်းသဘောကျသည်။ အရှားပါးဆုံးအရာမှာ သူမသည် အဒေါ်အကြီးဆုံးမှ ကြီးပြင်းလာပြီး ကောက်ကွေးမှုမျိုးမရှိပေ။

ချောင်မိသားစုသည် ဟော်ချီရောက်ရှိလာခြင်းကို ကြိုဆိုပြီး အရသာရှိသော အစားအစာအားလုံးကို အိမ်တွင် ချက်ပြုတ်ခဲ့ကြသည်။

ဟော်ချီသည် ချောင်မိသားစုက သူ့အတွက် အလုပ်ရှုပ်နေတာကို ကြည့်နေသည်။ သူ့နှလုံးသားက ပြည့်နှက်နေတယ်လို့ ခံစားရသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူသည် စစ်တပ်တွင် ဝင်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး ကျန်းက သူ့ကို ကောင်းကောင်း ဆက်ဆံပြီး သူ့တူလေးလို ဆက်ဆံပေမယ့် တခြားသူတွေရဲ့ ကြီးကြပ်မှုအောက်မှာ အမြဲရှိနေခဲ့သည်။ တခြားတစ်ယောက်နဲ့ အဆင်မပြေဖြစ်ရတဲ့ ခံစားချက်မျိုး အမြဲရှိခဲ့သည်။

စိုးရိမ်စရာအကောင်းဆုံးမှာ သူသည် အိမ်နှင့် မိုင်ထောင်ချီဝေးသော နေရာတွင်ဖြစ်သည်။ သူ့မိသားစုကို ပြန်လွမ်းရင်တောင်မှ ဒီနှစ်အနည်းငယ်အတွင်းမှာ သူသည် မပြန်နိုင်ခဲ့ပါ။

ကံကောင်းထောက်မစွာ ထိုဘဝသည် နောက်ဆုံးတွင် နိဂုံးချုပ်သွားခဲ့သည်။

နေ့ခင်းဘက်တွင် ချောင်ဟုန်းရှနှင့် ဝမ်ယန်ရှန်တို့သည် သူတို့၏ ကလေးများကို ခေါ်ဆောင်လာခဲ့သည်။ ကလေးနှစ်ယောက်အကြောင်းကို လူတိုင်းက အရမ်းသိချင်နေကြသည်။

ချောင်ဟုန်းရှနှင့် ဝမ်ယန်ရှန်တို့ နှစ်ယောက်စလုံးက ရုပ်ရည်ချောမောကြသည်။ ထုံးစံအတိုင်း သူတို့ကလေးတွေက ရုပ်ဆိုးမှာမဟုတ်ဘူး။ ဒါတောင် သူတို့က သာ့ချောင်နဲ့ တခြားတစ်ယောက်လောက် သိမ်သိမ်မွေ့မွေ့ မလှပေ။

ယိမင်သည် သူ့‌မောင်နှမများကို အရမ်းချစ်သည်။ အငယ်နှစ်ယောက်ကလည်း အစ်ကိုကြီးပြောတာကို နားထောင်ကြသည်။ မောင်နှမ သုံးယောက်သည် အလွန်လိုက်ဖက်ညီပြီး ချစ်စရာကောင်းကြသည်။ ဤအချက်ကို ကြည့်လျှင် ယိမင်သည် ဤမိသားစုတွင် မတူကွဲပြားစွာ မဆက်ဆံခံခဲ့ရသည်ကို တွေ့မြင်နိုင်သည်။

ဤသည်မှာ အမှန်တကယ်ပင်။

ချောင်ဟုန်းရှက ဝမ်ယန်ရှန်ကို လက်ထပ်ပြီး မကြာခင်မှာပဲ ဝမ်ယန်ရှန်က ယိမင်ရဲ့ မျိုးရိုးအမည်ကို ပြောင်းပြီး သူ့သားဖြစ်ကြောင်း အပြင်လောကကို ပြောပြခဲ့သည်။ မိသားစုထဲက အငယ်ဆုံး နှစ်ယောက်သည် ယိမင်က ​​သူတို့ရဲ့ အမေတူအဖေကွဲ မောင်နှမတွေမှန်း မသိကြပေ။

ရောစပ်ထားသော မိသားစုအတွက် အထိခိုက်မခံဆုံးမှာ အရင်မိသားစုမှ ခေါ်လာသော ကလေးများဖြစ်သည်။ တစ်စိတ်တစ်ပိုင်း ပြီးသွားပါက သူတို့သည် ကြိုဆိုခြင်းမပြုဘဲ သူတို့ကို မလိုအပ်တော့ဟု ထင်မြင်လာကြသည်။

ကံကောင်းထောက်မစွာ ဒါက ယိမင်ဆီမှာ မဖြစ်ခဲ့ပေ။ သူက အရမ်းပျော်ပြီး တက်ကြွနေပုံရသည်။

ဒါကိုမြင်တော့ အားလုံး စိတ်သက်သာရာ ရသွားကြသည်။

နေ့ခင်းဘက်တွင် ရွှယ်ချွမ် ကိုယ်တိုင် ချက်ပြုတ်ပြီး ငါးပြုတ်တစ်ပန်းကန်၊ ကြက်သွန်ဖြူအရသာ ဝက်နံရိုးတစ်ပန်းကန်၊ မွှေးကြိုင်သော နှစ်ခါချက်ထားသော ဝက်သားတစ်ပန်းကန်နှင့် ဝံပု‌လွေဘယ်ရီအရွက် ကြက်ဥစွပ်ပြုတ် အိုးကြီးတစ်လုံးတို့ကို ပြုလုပ်ခဲ့သည်။

ယခုအခါ ထုတ်လုပ်ရေးအဖွဲ့ရှိ လယ်ကွင်းတစ်ဝက်ကို ဝံပုလွေဘယ်ရီပင်တွေ စိုက်ပျိုးခဲ့ကြသည်။ လူတိုင်းသည် နေ့တိုင်း ချက်ပြုတ်ရာမှာ အခြေခံအားဖြင့် ဝံပုလွေဘယ်ရီအရွက်ကို သုံးကြသည်။

ထိုကာလအတွင်း ဝမ်ယန်ရှန်သည် ဝံပုလွေဘယ်ရီပင်၏ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းပြောခဲ့သည်။ တိုင်းပြည်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ စိတ်ဝင်စားနေပြီလို့ သူက ပြောခဲ့သည်။ ထို့နောက် ချီလီရွာသည် ဝံပုလွေဘယ်ရီပင် စိုက်ပျိုးဧရိယာကို ချဲ့ထွင်နိုင်သည်။

အဲ့တာကို အားလုံးကြားပြီးနောက် သူတို့သည် ဝိုင်းဖွဲ့ဆွေးနွေးကာ ပျော်ရွှင်ကြပြန်သည်။

ဝံပုလွေဘယ်ရီပင် လမ်းကြောင်းကို ခံယူလိုက်ခြင်းကြောင့် ထုတ်လုပ်ရေးအဖွဲ့၏ စီးပွားရေးအခြေအနေသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ပိုမိုကောင်းမွန်လာခဲ့သည်။

ယခင်က ချီလိီထုတ်လုပ်ရေးအဖွဲ့သည် အဖွဲ့အစည်းတွင် အလယ်အလတ်အဆင့်တွင်သာ အဆင့်သတ်မှတ်နိုင်ခဲ့သည်။ အခု အဖွဲ့အစည်းတစ်ခုလုံး ချီလီထုတ်လုပ်ရေးအဖွဲ့ကို ပြောတဲ့အခါ ဘယ်သူက သူတို့ကို မနာလိုဘဲ မနေမှာလဲ?

စားပြီးသောအခါ သာ့ချောင်နှင့် ဟော်ချီသည် ချောင်အိမ်မှ ထွက်ခွာပြီး အနောက်ဘက်တောအုပ်၏ လျှို့ဝှက်စခန်းသို့ ရောက်လာကြသည်။

ဟော်ချီ ထွက်သွားကတည်းက သာ့ချောင် ဒီကို လာခဲသည်။

မကြာသေးမီနှစ်များအတွင်း အနောက်ဘက်တောအုပ်သည် ဝံပုလွေဘယ်ရီပင်များစွာဖြင့် တိုးပြီး စိုက်ပျိုးခဲ့သည်။ အခု ဒီကိုလာတဲ့လူတွေ ပိုပိုပြီး များလာသည်။

နေ့လယ်တွင် အနောက်ဘက်‌တောအုပ်သို့ ဘယ်သူမှ မလာပေ။ နှစ်ယောက်သား ရေတံခွန်ကို သွားကြသည်။

ရေတံခွန်ထိပ်မှ ရေသည် အရှိန်အဟုန်ပြင်းစွာ စီးဆင်းလာပြီး ကျောက်တုံးများပေါ်သို့ ကျလာသည်။ အဲ့တာက အေးမြစေသည်။

သာ့ချောင်သည် ကျောက်တုံးပေါ်တွင် ထိုင်လိုက်သည်။ သူမ ခေါင်းကို မော့ကာ ဟော်ချီကို ကြည့်ပြီး မေးလိုက်သည်။ "အစ်ကို ဟော်ချီ အစ်ကို့စိတ်ထဲမှာ တစ်ခုခုရှိလား?"

သူတို့ စဆုံချိန်ကနေ အခုချိန်ထိ သူ့ပါးစပ်မှာ အပြုံးတစ်ခုကို ချိတ်ဆွဲထားခဲ့သည်။ သို့သော် သာ့ချောင်သည် အပြုံးက သူ့မျက်လုံးထဲသို့ မရောက်ကြောင်း ခံစားလိုက်ရသည်။

ဟော်ချီသည် သူမနှင့် ဆန့်ကျင်ဘက် ကျောက်တုံးကြီးတစ်ခုပေါ်တွင် မှီနေသည်။ သူသည် သူမကိုကြည့်ရန် မျက်လုံးကို အနည်းငယ်မော့ပြီး ပြန်ဖြေလိုက်သည်။ "ငါ့စိတ်ထဲ တစ်ခုခုရှိနေတယ်ဆိုတာ မင်းဘယ်လိုသိလဲ?"

သူတို့ ခွဲခွာခဲ့ကြတာ လေးနှစ်ကျော်ပြီ ဖြစ်သည်။ သူမသည် နူးညံ့ပြီး ကောက်ညှင်းဖက်ထုပ်မှ မျက်လုံးမခွာနိုင်လောက်သော မိန်းကလေးအဖြစ်သို့ ပြောင်းလဲခဲ့သည်။

သူမသည် နွားနို့ကဲ့သို့ ဖြူစင်သောအသားအရေ၊ နူးညံ့သိမ်မွေ့သော ပန်းချီနှင့်တူသည့် မျက်နှာအသွင်အပြင်၊ ခါးသေးသေးနှင့် ခြေတံရှည်များရှိသည်။ သူမသည် သူအိမ်မက်ထဲမှာ မြင်ခဲ့သော လူကဲ့သို့ အနည်းငယ်လှပသော ပုံစံရှိသည်။

ဟုတ်သည် သူတို့ခွဲခွာပြီးကတည်းက ဟော်ချီသည် အရင်လို သာ့ချောင်ကို ခဏခဏ အိပ်မက်မက်ခဲ့သည်။ အိပ်မက်ထဲတွင် သာ့ချောင်သည် အချိန်နှင့်အမျှ ကြီးပြင်းလာခဲ့သည်။

သူမကို နောက်ဆုံးအိပ်မက်မက်ခဲ့တာ နှစ်လလောက်ရှိပြီ။ သူမသည် အခုပုံစံနှင့်တူသည်။ ကွာခြားမှု တစ်ခုခုရှိခဲ့ပါက သူမသည် အရပ်ပိုရှည်လာပုံရသည်။

ဒုတိယအကြိမ်တွေ့ဆုံတုန်းက သူမသည် သူ့ကို မောင်လေး ဟော်ချီလို့ ခေါ်တဲ့ မြင်ကွင်းကို ပြန်အမှတ်ရမိတော့ သူ့ပါးစပ်ထောင့်က ကွေးတက်မလာဘဲ မနေနိုင်တော့ပေ။

သာ့ချောင် - "အစ်ကို ဟော်ချီ တကယ်ပျော်နေတဲ့အခါ အစ်ကိုရဲ့ မျက်လုံးထောင့်တွေက နည်းနည်းကျသွားလိမ့်မယ်။ အခုမှပဲ အစ်ကို ဟော်ချီ အဲ့လိုပြုံးတာကို ညီမ မမြင်ဖူးတော့တာ။"

"မင်း အဲ့တာကို ကောင်းကောင်းမှတ်မိတာပဲ။"

ဟော်ချီသည် နှစ်များစွာကြာပြီးနောက်တွင် သူမသည် သူ၏ မသိမသာ အပြုအမူအချို့ကို မှတ်မိနိုင်သေးမည်ဟု မထင်ထားပေ။ သူ့နှလုံးသားက နွေးထွေးသွားသည်။

သာ့ချောင်က ခေါင်းလေးကို ညိတ်လိုက်ပြီး "အင်း၊ ညီမ အစ်ကို ဟော်ချီနဲ့ ပတ်သက်တဲ့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိတယ်။"

သူမသည် ထိုသို့ပြောသောအခါ သူမ၏ လက်များကို တပည့်ကောင်းတစ်ယောက်ကဲ့သို့ အပြုအမူကောင်းဖြင့် ပေါင်ပေါ်တင်ထားသည်။

ဟော်ချီ၏ ပါးစပ်ထောင့်က အနည်းငယ် ပိုမြင့်လာသည်။ "ငါ တစ်ခုခုကို တွေးနေတာ။ ငါ မပြန်လာခင်မှာ ငါ့အမေဆီက ဖုန်းလက်ခံရရှိခဲ့တယ်။ သူက ဘာမှ မပြောပေမယ့် အိမ်မှာ တစ်ခုခု ဖြစ်နေတယ်လို့ ငါခံစားရတယ်။"

သာ့ချောင်သည် ထူထဲသော မျက်တောင်များ ခတ်ပြီး "အစ်ကို ဟော်ချီ ဘာလို့ ဒီလိုပြောတာလဲ။"

ဟော်ချီ - "နှစ်ပေါင်းများစွာ ပျောက်ဆုံး‌နေတဲ့ ငါ့အဖေက ပြန်လာခဲ့တာ။ အဲ့တာ ငါ့အမေက အရမ်းပျော်နေတယ်ဆိုတဲ့ အကြောင်းပြချက် ဖြစ်ရမှာ။ ဒါပေမယ့် သူငါ့ကို ဖုန်းဆက်တုန်းက သူ့လေသံက အရမ်းထိန်းချုပ်နေတယ်။ သူ့စကား‌တွေမှာ ပျော်ရွှင်နေတဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ရဘူး။!"

သာ့ချောင်၏ မျက်နှာပေါ်ရှိ အမူအရာလေးများက လေးနက်လာသည်။ "အစ်ကို ဟော်ချီ အန်တီဖန်ကို မေးဖူးလား?"

ဟော်ချီက ခေါင်းညိတ်လိုက်ပြီး " ငါမေးပြီးပြီ အမေက ရှောင်ရှောင်သွားတယ်။ ငါ မြို့တော်ကို ပြန်ရောက်တဲ့ထိ စောင့်ပါလို့ ပြောတယ်။"

သာ့ချောင် စဉ်းစားခဲ့ပေမယ့် အကြောင်းပြချက် တစ်ခုမှ ထွက်မလာခဲ့ပေ။ "အန်တီဖန် မပြောတာက အစ်ကို ဟော်ချီ စိုးရိမ်လာမှာကို ကြောက်တာ ဖြစ်မယ်။ ဒီကိစ္စမှာ အစ်ကို ဟော်ချီ သိပ်အများကြီး မတွေးပါနဲ့။ အစ်ကို မြို့တော်ကို သွားတဲ့အခါ အစ်ကို သိပါလိမ့်မယ်။"

ဟော်ချီက ခေါင်းညိတ်လိုက်သည်။

စိတ်မပူဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သို့သော် သူ့ကြောင့် သာ့ချောင်ကို စိတ်မပူစေချင်တာကြောင့် သူ ခေါင်းညိတ်လိုက်သည်။

သာ့ချောင်သည် မြို့တော်၏ ဦးတည်ရာကို ကြည့်ကာ လိုချင်နေသော အကြည့်ဖြင့် မှတ်ချက်ချသည်။ "မြို့တော်က အရမ်းကြီးပြီး လှတယ်လို့ ညီမကြားတယ်။ အနာဂတ်မှာ ညီမ မြို့တော်ရဲ့ ကောလိပ်ကို ဝင်ခွင့်ရ ရမယ်!"

သို့သော် သူမသည် အလယ်တန်း ဒုတိယနှစ်သာ ရှိသေးသည်။ သူမ၏ ကောလိပ်ဝင်ခွင့် စာမေးပွဲ မတိုင်မီ နှစ်အနည်းငယ်ကြာဦးမည်။

ဟော်ချီက သူ့မျက်လုံးတွေမော့လိုက်ပြီး သူမကို စိုက်ကြည့်လိုက်သည်။ "မင်း မြို့တော်ကို သွားချင်တာလား။"

သာ့ချောင်က ကြက်ကလေးလို ဆက်တိုက် ခေါင်းညိတ်သည်။ သူမရဲ့မျက်လုံးတွေက တောက်ပနေသည်။ "အင်း။ မူလတန်းကျောင်းမှာ သင်ခဲ့ရတဲ့ ပြဌာန်းစာအုပ်တွေ ဖတ်ပြီးကတည်းက ညီမ သွားချင်နေတာ။"

ဟော်ချီ - "မင်း အဘိုးအဘွားတွေက မင်းရဲ့ဝမ်းကွဲအစ်မကို မြို့တော်ကို စာရင်းသွင်းဖို့ လိုက်ဖို့မှာ မဟုတ်ဘူးလား? မင်းဘာလို့ အခွင့်အရေးယူပြီး သူတို့နဲ့ မလိုက်သွားတာလဲ?"

သာ့ချောင်က ခဏလောက် ထိတ်လန့်သွားပြီး "ဒါပေမယ့် ညီမ အတန်းတက်ရမယ်"

ဟော်ချီ - "မင်းရဲ့ ဉာဏ်နဲ့ ဟိုးအရင်ထဲက အလယ်တန်း ဒုတိယနှစ် စာကို မင်းဘာသာ လေ့လာပြီးတာ ကြာပြီမလား။"

သာ့ချောင်၏ ပန်းရောင်နှုတ်ခမ်းများ ပွင့်ထွက်သွားသည်။ "အစ်ကို ဟော်ချီ အစ်ကိုက အရမ်းအံ့သြဖို့ကောင်းတယ်။ အစ်ကို တကယ် အဲ့တာကို ခန့်မှန်းနိုင်တယ်။"

သူမသည် အလယ်တန်း ဒုတိယနှစ်တစ်ခုလုံးအတွက် ပြဌာန်းစာအုပ်အားလုံးကို သူမကိုယ်တိုင် လေ့လာခဲ့သည်။ လက်ရှိတွင် သူမသည် အထက်တန်းပထမနှစ် ဒုတိယစာသင်နှစ်ဝက်အတွက် ပြဌာန်းစာအုပ်များကို သူမဘာသာ လေ့လာနေသည်။

မူလက သူမဘာသာ သင်ယူနိုင်စွမ်းနှင့် အမှတ်များအရ သူမသည် အဆင့်များကို ကျော်ရန် အရည်အချင်း ပြည့်မီခဲ့သည်။ သူမသည် ငယ်နေရုံဖြစ်သည်။ အကယ်၍ သူမသည် အဆင့်ကျော်ပြီး နောက်တစ်ကြိမ် သူမ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုသောအခါ ဆယ့်လေးနှစ်အောက် ဖြစ်လိမ့်မည်။

ထိုအချိန်တွင် သူမသည် မြို့တော်ကောလိပ်သို့ ဝင်ခွင့်ရမည်ဆိုပါက သူမ၏ မိသားစုက သူမကို လွှတ်လိုက်မည် မဟုတ်ပေ။ ထို့ကြောင့် သူမသည် အတန်းမကျော်ဘဲ လက်ရှိအတန်းကို တက်ခဲ့သည်။

ဟော်ချီရဲ့ ပါးစပ်ထောင့်က ထပ်မြင့်တက်သွားပြီး "ခန့်မှန်းဖို့ လိုသေးလို့လား? မင်း အဲဒါကို လေ့လာပြီးပြီမလို့ ငါတို့နဲ့ မြို့တော်ကို သွားဖို့က ပြဿနာ မဟုတ်ဘူး ဟုတ်တယ်မလား? "

သာ့ချောင်၏ မျက်လုံးများ တောက်ပလာကာ ပြောလိုက်သည်။ "ဟုတ်ကဲ့ အစ်ကို ဟော်ချီပြောတာ မှန်တယ်။ ညီမ အဘိုးနဲ့ အဘွားကို သွားပြောလိုက်မယ်!"

ဒီလိုပြောပြီး သူမသည် ခုန်ချကာ ထွက်ပြေးတော့မည်။ သို့သော် ဟော်ချီက သူမကို တားလိုက်သည်။

ဟော်ချီသည် သူ့အိတ်ကပ်ထဲမှ သစ်သားဖြင့်ထွင်းထားသော ရုပ်သေးလေးကို ထုတ်ယူပြီး သူမကို ပေးလိုက်သည်။ "ဒါက မင်းအတွက်ပဲ။"

သာ့ချောင်က လက်ခံလိုက်သည်။ ခဏနေတော့ သူမသည် ချီးမွမ်းသံများ ထွက်လာသည်။ "ဒါ ညီမနဲ့ တူတယ်။ အစ်ကို ဟော်ချီ ဒါကို အစ်ကို ဘယ်လိုလုပ်ထားတာလဲ?"

သူမသည် ဓာတ်ပုံတစ်ပုံကို နောက်ဆုံးအကြိမ် ပေးပို့သည်မှာ လွန်ခဲ့သော သုံးနှစ်ခန့်က ဖြစ်သည်။ ချောင်မိသားစုသည် သာမန်မိသားစုထက် ပိုကောင်းမွန်သော်လည်း ငွေကြေးကို ပေါ့ပေါ့ဆဆ သုံးစွဲ၍မရပါ။

ဓာတ်ပုံတစ်ပုံရိုက်ဖို့ တစ်ယွမ် ကုန်ကျသည်။ ဒီလို ဇိမ်ခံပစ္စည်းမျိုးကို နှစ်တိုင်း ဘယ်လို တတ်နိုင်ပါ့မလဲ။ ထို့ကြောင့် သူမသည် လေးနှစ်ကျော် ခွဲခွာပြီးနောက်မှသာ ဓာတ်ပုံတစ်ပုံ ပေးပို့ခဲ့သည်။

သူမ အဲ့တာကို ဘယ်လောက်သဘောကျကြောင်း မြင်တော့ ဟော်ချီရဲ့နှုတ်ခမ်းထောင့်တွေက ကွေးသွားခဲ့သည်။ "မင်းပဲ ငါက ဉာဏ်ကောင်းတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဒီလိုအသေးအမွှားကိစ္စက ငါ့အတွက် ဘယ်လိုလုပ် ခက်ခဲနိုင်မှာလဲ?"

သာ့ချောင်က အရိပ်တကြည့်ကြည့်နဲ့ ကြည့်ပြီး သူမ၏ ခေါင်းလေးကို ညိတ်လိုက်သည်။ "အစ်ကို ဟော်ချီက အံ့သြစရာပဲ။ အစ်ကို ဟော်ချီ ညီမအတွက် နောက်ထပ်တစ်ခု ထွင်းပေးလို့ရမလား?"

ဟော်ချီ၏ ခန္ဓာကိုယ်သည် မတ်သွားပြီး "ပြောပါ။"

သာ့ချောင်က နှုတ်ခမ်းကို စူပြီး ရွှင်မြူးစွာ ပြောလိုက်သည်။ "ညီမ ကုကုကို လိုချင်တယ်"

ဟော်ချီ - "..."

သူမ စကားမပြောခင်တည်းက ကုကုကို ပြောမယ်လို့ ၉၀ရာခိုင်နှုန်း သူမှန်းဆထားပေမယ့် သူ့အတွက် သစ်သားရုပ်တုတစ်ခုတောင်းမယ်လို့ သူ့စိတ်ထဲမှာ မျှော်လင့်နေတုန်းပင်။

သူမ၏ နှလုံးသားထဲတွင် သူ့အဆင့်အတန်းသည် ကုကုထက် နိမ့်ကျနေသေးကြောင်း သက်သေပြခဲ့သည်။

နှလုံးသားက မွန်းကျပ်နေသလို ခံစားရသည်။

သူ မလှုပ်မရှားဖြစ်တာကို တွေ့တော့ သာ့‌ချောင်က "အစ်ကို ဟော်ချီ ညီမတောင်းဆိုချက်က အရမ်းခက်ခဲလို့လား?"

ဟော်ချီက သူ့အသိစိတ်ပြန်ဝင်လာပြီး ခေါင်းခါလိုက်ကာ "မခက်ပါဘူး၊ ငါပြန်သွားပြီးရင် မင်းအတွက်တစ်ခု ထွင်းထုလိုက်မယ်။"

ခုတော့ သူ့အတွက် ပန်းပုလုပ်ရတာ မခက်ခဲချေ။ ဒါပေမယ့် သင်ယူတုန်းက သူ့လက်တွေသည် တစ်နှစ်ပတ်လုံး ဓားထိခံခဲ့ရသည်။ သို့ပေမယ့်လည်း ထိုအကြောင်းအရာများကို သူမအား ပြောပြနေစရာ မလိုပေ။

သာ့ချောင်က ကျေနပ်စွာ ပြုံးလိုက်သည်။ နှစ်ယောက်သား အနောက်ဘက်တောအုပ်မှ ထွက်လာရင်း ပျော်ရွှင်စွာ စကားပြောခဲ့ကြသည်။

သာ့ချောင် ပြန်ရောက်တာနဲ့ မြို့တော်ကို လိုက်ချင်ကြောင်း သူမရဲ့ အဘိုးနဲ့ အဘွားကို ချက်ချင်း ပြောခဲ့သည်။

ရွှယ်ချွမ်နှင့် ချောင်ရှို့ကျီတို့သည် အန်းပင်းသို့မဟုတ် အမွှာများကို အများဆုံး ပေးမယ်ထင်ကြသော်လည်း အခုတော့ မြေးမလေး သာ့ချောင် ဖြစ်တယ်ဆိုတာ ထုတ်လုပ်ရေးအဖွဲ့မှ လူတိုင်းသိသွားကြသည်။ နှစ်ယောက်သားသည် သူမ ပြုတ်ကျမှာကို ကြောက်၍ သူမကို လက်ထဲမှာ ဆုပ်ကိုင်ထားပြီး သူမ အရည်ပျော်သွားမှာကြောက်၍ ပါးစပ်ထဲ ငုံထားကြသည်။

ချောင်ရှို့ကျီသည် မြို့ထဲတွင် သာ့ချောင်အတွက် အိမ်တစ်လုံးဝယ်ထားကြောင်းကို လူတိုင်းသိကြမည်ဆိုလျှင် လူတိုင်းသည် သူတို့၏ မျက်လုံးများနှင့် မေးရိုးများ ပြုတ်ကျသွားသည်အထိ အလွန်ထိတ်လန့်သွားကြမည်။

သာ့ချောင်၏ စကားကိုကြားပြီးနောက် ရွှယ်ချွမ်နှင့် ချောင်ရှို့ကျီတို့သည် အနည်းငယ် စဉ်းစားပြီးနောက် သဘောတူခဲ့သည်။

သူတို့ရဲ့ အမြင်အရတော့ သာ့ချောင်ကို အပြင်ထွက်ပြီး ပိုကြည့်ခွင့်ပေးလိုက်တာ ကောင်းသည်။

All Chapters