← Chapters

အခန်း (၂၀၇)

Vol. 16 Ch. 207

အခန်း (၂၀၇)

Vol. 16 Ch. 207

ထို့ကြောင့် ထိုညတွင် သူတို့သည် ချောင်မိသားစုကို ဤသတင်းကို ကြေညာခဲ့သည်။

အခြားကလေးများသည် အလွန်ပင် မနာလိုဖြစ်ခဲ့ကြသည်။ ဒါပေမယ့် ဘယ်သူမှ သာ့ချောင်အတွက် မနာလိုတာကြောင့် ဂရုမစိုက်တာမျိုး ဒါမှမဟုတ် အဲ့တာကြောင့် စိတ်ဆိုးတာမျိုး မရှ်ိခဲ့ကြပါ။

သာ့ချောင်လောက် အဆင့်မကောင်းသော သူတို့ကို ဘယ်သူက ပြောမှာလဲ? သို့မဟုတ် သူတို့သည် ငယ်လွန်းပြီး ခရီးဝေးသွားရန် မသင့်တော်ပါ။

ချောင်ကျန်းကော်သည် အလွန်စိတ်ဆိုးပြီး "အဖေ၊ အမေ၊ ကျွန်တော့်ကိုကျ မလိုက်ခိုင်းဘူးလား? အဲဒီအစား တူမလေး သာ့ချောင်ကို ဘာလို့ ခေါ်သွားတာလဲ?"

ချောင်ရှို့ကျီ - "ငါ မင်းကို ခွင့်မပြုလို့လား? မင်းကို နောင်မှ သွားဖို့ ပြောခဲ့တာလေ။ မင်းမှာ ကလေးလေးယောက်ရှိတယ်။ နောင်မှာ ကျန်တဲ့ သုံးယောက်က ဝင်ခွင့်ရရင် အဲ့ကျ မင်းမှာ သွားဖို့ အခွင့်အရေး မရှိလို့လား?"

ချောင်ကျန်းကော်သည် ကျိုးကြောင်းဆီလျော်စွာတွေးတောပြီး သူ့ မကျေနပ်ချက်များကို အဝေးသို့ ချက်ချင်းပစ်ချလိုက်သည်။

သူမ ယောက္ခမ‌နှင့် စကားအနည်းငယ်ပြောပြီး နောက်မှာ သူမ ယောင်္ကျား တည်ငြိမ်နေတာကို တွေ့လိုက်ရတော့ သူမ နှလုံးသားက ချက်ချင်း မွန်းကျပ်သွားသည်။

တစ်ဖက်တွင် အန်းပင်းက သူ့စိတ်ထဲတွင် အစားအစာသာ ရှိပြီး "ညီမ‌လေး သာ့ချောင် မြို့တော်မှာရှိတဲ့ ဘဲကင်က အရမ်းအရသာရှိတယ်လို့ အတန်းဖော်တွေဆီက ကြားတယ်။ အနောက်တိုင်း စားသောက်ဆိုင်တွေလည်း ရှိတယ်။ ငါ့အတွက် ဘဲကင်ကို ညီမလေး ပြန်ယူလာပေးနိုင်မလား?"

သာ့ချောင်က ရွှင်မြူးစွာ ခေါင်းညိတ်လိုက်ပြီး "ကိစ္စမရှိပါဘူး။ သုံးလေးရက်လောက်ကြာရင် ပြန်ယူလာခဲ့မယ်!"

နောက်ပိုင်း သူမ မြို့တော်ကို သွားတဲ့အခါ သာ့ချောင်သည် မြို့တော်မှာ ဘဲကင်ရဲ့ အနိမ့်ဆုံးဈေးဟာ အံ့သြစရာကောင်းလောက်အောင် ဈေးကြီးတာကို တွေ့ရှိခဲ့သည်။

ဒါပေမယ့် အဲဒါက အနာဂတ်ဇာတ်လမ်းပါ။

——

ချောင်တုန်းဟယ်သည် ကောလိပ်စာရင်းသွင်းရန် အလျင်စလို လုပ်ရသောကြောင့် နှစ်ရက်အကြာတွင် လူတိုင်းထွက်ခွာကြရသည်။

မူလအားဖြင့် ဟော်ချီကို ဝမ်ယန်ရှန်က မြို့တော်သို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။ ယခု ချောင်မိသားစုသည် လမ်းတူသောကြောင့် ခေါ်ဆောင်သွားပြီး ဝမ်ယန်ရှန်က မသွားတော့ပေ။ အဲဒီအစား သူက ချောင်ဟုန်းရှနဲ့ စစ်တပ်ထဲကို ပြန်ဝင်ခဲ့သည်။

ချောင်တုန်းဟယ်က တစ်နှစ်ကြာလောက် ဘယ်လိုမှ အိမ်မပြန်နိုင်ဆိုတာ တွေးကြည့်တော့ ရနိုင်သမျှ အရာအားလုံးကို အကုန်ထုပ်ပိုးပြီး ပို့လိုက်သည်။

ထုပ်ပိုးပြီးနောက် အထုပ်အပိုး အများအပြားရှိခဲ့သည်။

ကံကောင်းထောက်မစွာ ချောင်ရှို့ကျီသည် တစ်ယောက်တည်း ငါးအိတ် ခြောက်အိတ်လောက် ညီမျှသည်။ သာ့ချောင်ကလည်း အလွန်အားသန်သူဖြစ်သည်။ ကျန်တဲ့ သုံးယောက်လည်း ကူညီပေးခဲ့ကြသည်။ ဒါကြောင့် ဒီအရာတွေက လူတိုင်းအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့ပေ။

သူတို့သည် ရထားစီးရန် ခရိုင်သို့ ထွက်ခွာခဲ့သည်။ မမျှော်လင့်ဘဲ သူတို့က ချောင်တုန်းဟယ်၏ အတန်းဖော် လော့ကျွင်းလျန်ကို ရထားဘူတာရုံတွင် ဆုံတွေ့ခဲ့သည်။

လော့ကျွင်းလျန်သည် ဖော်ရွေသော သူတစ်ယောက်ဖြစ်သည်။ သူသည် ချောင်တုန်းဟယ်ကိုတွေ့တော့ သူက အားရပါးရပြုံးကာ နှုတ်ဆက်ပြီး "မင်းပဲ။ မင်း ဘယ်ကောလိပ် သွားမှာလဲ?"

ချောင်တုန်းဟယ်က သူမရဲ့ နှုတ်ခမ်းတွေကို စေ့လိုက်ပြီး သူမရဲ့ ပါးပြင်တွေက ပန်းရောင် ဖြစ်သွားသည် "ငါက မြို့တော်က ဆရာကောလိပ်မှာ ဝင်ခွင့်ရတယ်။ နင်ကော?"

လော့ကျွင်း‌လျန်က လက်ခုပ်တီးကာ ပြုံးပြီး "တိုက်ဆိုင်လိုက်တာ၊ ငါကောပဲ!"

ဒါကိုကြားတော့ ချောင်တုန်းဟယ်က သူ့မျက်လုံးတွေ မပြူးဘဲ မနေနိုင်ပေ။ သူမသည်လည်း တိုက်ဆိုင်မှုတစ်ခုဆိုတာ သိခဲ့သည်။ "နင်လည်း ဆရာကောလိပ်တက်ဖို့ စာရင်းသွင်းခဲ့တာလား?"

လော့ကျွင်းလျန်က ခေါင်းညိတ်ပြီး ပြုံးကာပြောသည်။ "ဟုတ်တယ်။ ငါ့အဆင့်က အောင်ရုံလေးပဲ။ အရင်က ငါ ဝင်ခွင့်မရမှာ ကြောက်ပြီး သေအောင် စိတ်ပူနေခဲ့တာ!"

လော့ကျွင်းလျန်၏ အဆင့်များသည် အများအားဖြင့် ကျောင်းတွင် အလယ်အလတ်အဆင့် ဖြစ်သည်။ ဒီတစ်ကြိမ်မှာ သူသည် ကောင်းကောင်း ‌‌လုပ်နိုင်မယ်လို့ မထင်ခဲ့မိပေ။ ပုံမှန်ထက် အမှတ်များသည်။

ဒါတောင် သူ့အဆင့်တွေက ချောင်တုန်းဟယ်လောက် မကောင်းဘူး။

ချောင်တုန်းဟယ်က သူပြောတာကိုကြားတော့ ရင်ထဲမှာ သူငယ်ချင်းတစ်ယောက်ကို ရှာတွေ့တဲ့ ခံစားချက်ကို ချက်ချင်းခံစားလိုက်ရသည်။ "တကယ်တော့ ဒီတစ်ခါ ငါက ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ဒီကျောင်းကို လျှောက်တုန်းက ငါ ရမယ်လို့ သေချာနေတာ!"

သူမသည် မြို့တော်က ဆရာကောလိပ်မှာ တကယ်ကျောင်းတက်ချင်တာကြောင့် အလောင်းစားတစ်ခု လုပ်ချင်ခဲ့သည်။ သူမသည် ဝင်ခွင့်ရလောက်အောင် ကံကောင်းခဲ့သည်။

နှစ်ယောက်သား စကားများများပြောလေလေ သူတို့သည် ပိုပြီး ရင်းနှီးလာသည်။ ထို့နောက် လော့ကျွင်းလျန်၏ ဘေးနားရှိလူက ချောင်းဆိုးကာ လေးနက်စွာ ပြောလိုက်သည်။ "ကျွင်းလျန် ဒါမင်းရဲ့အတန်းဖော်လား? မင်းသူ့ကို မင်းမိသားစုနဲ့ ဘာလို့ မိတ်မဆက်တာလဲ?"

စကားပြောနေသော သူက လော့ကျွင်းလျန်၏ အဖေ လော့ချင်း ဖြစ်သည်။ သူသည် မြို့၏ ထောက်ပံ့ရေးနှင့် ဝယ်လိုအား သမဝါယမရဲ့ ဒါရိုက်တာဖြစ်သည်။ အရင်က ချောင်ကျန်းမင်ရဲ့ ဒါရိုက်တာလည်း ဖြစ်သည်။

လော့ကျွင်းလျန်က ချောင်မိသားစုနဲ့ သူ့မိသားစုရဲ့ ဆက်ဆံရေးကို မသိတဲ့အတွက် ချောင်တုန်းဟယ်ကို လက်ညှိုးထိုးပြပြီး သူမကို သူ့မိသားစုနှင့် မိတ်ဆက်ပေးသည်။ "ဒါက အတန်းဖော် ချောင်ပါ။ သူက အထက်တန်းကျောင်းတုန်းက ကျွန်တော့်ဘေးက အတန်းထဲမှာပါ။ သူ့အဆင့်တွေက ကျွန်တော့်ထက်သာတယ်!"

လော့ချင်းသည် ချောင်တုန်းဟယ်ကိုကြည့်ကာ ကောင်မလေးသည် အလွန်ယဉ်ကျေးသည်ဟု ခံစားမိသည်။ ထို့ကြောင့် သူမကို ခေါင်းညိတ်ပြလိုက်သည်။

ချောင်တုန်းဟယ်သည် သူစိမ်းများရှေ့တွင် သူမ၏ သက်တောင့်သက်သာဇုန်မှ ထွက်လိုက်ရသလို ခံစားလိုက်ရသည်။ သူမက နီမြန်းသောမျက်နှာဖြင့် "မင်္ဂလာပါ ဦးလေး လော့။"

ထို့နောက် သူမသည် သူမမိသားစုကို လော့မိသားစုနှင့် မိတ်ဆက်ပေးခဲ့သည်။

သူတို့သည် မိတ်မဆက်ခဲ့ရင်ကောင်းမည်။ ဒါပေမယ့် မိတ်ဆက်ပြီးတာနဲ့ လော့ချင်းက တစ်ခုခုမှားနေပြီဆိုတာ သိလိုက်သည်။

လော့ချင်းသည် ချောင်ရှို့ကျီကို သိသည်။ ချောင်ကျန်းမင်သည် ထောက်ပံ့ရေးနှင့် ၀ယ်လိုအား သမဝါယမတွင် လုပ်ကိုင်နေချိန်တုန်းက သူမ၏သားကို ရှာဖွေရန် ထောက်ပံ့ရေးနှင့် ဝယ်လိုအား သမဝါယမသို့ ရောက်လာခဲ့သည်။ သူသည် သူမကို အဝေးကနေ တစ်ကြိမ်တွေ့ဖူးသည်။

အစပိုင်းတွင် သူသည် ပြောင်းရွှေ့ပြီး ထောက်ပံ့ရေးနှင့် ဝယ်လိုအား သမဝါယမတွင် သူ၏အင်အားကို ခိုင်မာလိုသည်။ ထို့ကြောင့် သူသည် ချောင်ကျန်းမင်ကို တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင် ချောင်ကျန်းမင် ထွက်သွားပြီးနောက် ချောင်မိသားစုသည် တကယ်တော့ ရဲစခန်း၏ ဒုရဲမှူးရဲ့ ဆွေမျိုးဖြစ်ကြောင်း အခြားသူများထံမှ သိရှိခဲ့ရသည်။

ထိုအချိန်တွင် သူသည် ချောင်ကျန်းမင်က သူ့ကို လက်တုံ့ပြန်မှာကို ကြောက်၍ စိုးရိမ်ခဲ့သည်။ စိုးရိမ်ကြောက်လန့်မှုတွေက အချိန်အတော်ကြာအောင် ဘာမှမဖြစ်ခဲ့တာကို သူသိခဲ့ရသည်။

အဲ့တာက သူသည် စိတ်သဘောထားသေးသိမ်ခဲ့ပုံ ရသည်။

ထို့ကြောင့် ယခုအချိန်တွင် သူသည် ချောင်မိသားစုကို မြင်လိုက်ရတော့ အနည်းငယ် အပြစ်ရှိသလို မခံစားရဘဲ မနေနိုင်ပေ။

ချောင်ရှို့ကျီက လော့ချင်းကို တစ်ခါမှ မတွေ့ဖူးပါ။ ထုံးစံအတိုင်း သူမသည် သူ့အမည်ကို မသိပေ။

လော့ချင်းက အစကတော့ မပြောချင်ခဲ့ပေမယ့် နေ့တိုင်း ဒီရထားပေါ်မှာ ချောင်မိသားစုနဲ့ အချိန်အတော်ကြာ တွေ့‌နေခဲ့ရသည်။ သူသည် သည်းမခံနိုင်တော့ဘဲ သုံးရက်မြောက်နေ့မှာ ချောင်မိသားစုကို တောင်းပန်ခဲ့သည်။

လော့ကျွင်းလျန်က သူ့အဖေကို ဒီလိုမျိုး လုပ်မယ်လို့ တစ်ခါမှ မထင်ထားတာကြောင့် အရမ်းတုန်လှုပ်သွားသည်။ အခြားတစ်ဖက်တွင်မူ သူသည် ချောင်တုန်းဟယ်ကို အရမ်းတောင်းပန်ချင်ခဲ့သည်။

သူက ချောင်တုန်းဟယ်ကို တောင်းပန်လိုက်ပြီး "တောင်းပန်ပါတယ်။ ငါ့အဖေက မင်းဦးလေးကို ဒီလိုလုပ်ခဲ့တာ ငါမသိဘူး!"

ချောင်တုန်းဟယ်က သူမလက်ကို ဝှေ့ယမ်းပြီး "နင် ငါ့ကို တောင်းပန်စရာမလိုပါဘူး။ ဒါ နင်အပြစ်မဟုတ်ဘူးလေ။"

ဒါက လော့ကျွင်းလျန်ရဲ့ အဖေလုပ်ခဲ့တာ ဖြစ်သည်။ သူမဟုတ်ပေ။ ထို့အပြင် သူကိုယ်တိုင်လည်း ထိုအကြောင်းကို သူမကဲ့သို့ ဒီနေ့မှ သိခဲ့သည်။

ချောင်ရှို့ကျီသည် လော့ချင်း၏ တောင်းပန်မှုကို လက်ခံခဲ့သည်။

လော့ချင်းသည် ချောင်ကျန်းမင်ကို ပစ်မှတ်ထားသော်လည်း သူသည် ဆိုးရွားသော ဘာမှ မလုပ်ခဲ့ပေ။ ကိစ္စက ကြာခဲ့ပြီ။ သူမသည် ဤအသေးအဖွဲ့ကိစ္စများကို ဘာလို့ မှတ်ထားရမှာလဲ?

ထို့အပြင် သူ့သားနှင့် ချောင်တုန်းဟယ်သည် အတူတူ ကျောင်းတက်ရမည်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကောင်းရင် ချောင်တုန်းဟယ်ကို ဂရုစိုက်ပေးဖို့ သူ့ကို တောင်းဆိုလို့ရသည်။ ကောင်မလေးကို အပြင်မှာ တစ်ယောက်တည်းထားခဲ့ရတာ စိတ်မချပေ။

လော့ချင်းသည် ချောင်မိသားစုက သူ့ကို ဒီလောက်လွယ်လွယ် ခွင့်လွှတ်ဖို့ မမျှော်လင့်ထားပါ။ သူ စိတ်သက်သာရာ ရသွားသည်။ တစ်ချိန်တည်းမှာပင် ချောင်မိသားစု၏ သင်ကြားမှုသည် အလွန်ကောင်းမွန်သည်ဟု သူခံစားခဲ့ရသည်။ ကျောင်းစတက်တာနဲ့ သူ့သားကို ချောင်မိသားစုရဲ့ မိန်းကလေးကို ပိုဂရုစိုက်ဖို့ တိုးတိုးတိတ်တိတ် ပြောခဲ့သည်။

လော့ကျွင်းလျန်သည် ကန့်ကွက်ခြင်းမရှိဘဲ ထုံးစံအတိုင်း သဘောတူခဲ့သည်။

——

ဆယ်ရက်နှင့် ဆယ်ညကြာသောအခါ အားလုံး မြို့တော်သို့ ရောက်လာခဲ့ကြသည်။

ဟော်မိသားစုသည် သူတို့၏ သားနှင့် ချောင်မိသားစုသည် မြို့တော်ကို အတူတူရောက်လာကြောင်း သိခဲ့သည်။ သူတို့သည် ဘူတာရုံ၌ စောင့်ရန် တစ်စုံတစ်ဦးကို စေလွှတ်ထားပြီးဖြစ်သည်။

သူ့သားလေး ရထားပေါ်က ဆင်းလာတာကို မြင်တော့ သိုက်ရှုဖန်က မျက်ရည်တွေ ဝဲပြီး "အမေ့သားလေး အမေ မင်းကို သေချာကြည့်ရအောင်။ မင်း အရပ်ပိုရှည်လာပြီ။ ပြီးတော့ မင်းရဲ့ ပုံစံ ပြောင်းသွားပြီ!"

ဟော်ချီသည် သဘောကောင်းပြီး သူ့အမေကို လှည့်ပတ်ကြည့်ရှုခွင့်ပေးသည်။ သူ့မျက်လုံးတွေက နီရဲနေသည်။

ဟော်ဟွားချင်းက ​​သူ့မြေးကို မတွေ့ရတာ နှစ်အနည်းငယ်ကြာခဲ့ပြီ။ အခု သူ့မြေးလေး ဘေးကင်းစွာ ပြန်ရောက်လာတာကို မြင်လိုက်ရတော့ သူသည် ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျမိသွားသည်။

ရထားဘူတာတွင် စကားပြောရန်နေရာမဟုတ်ဘဲ လူများပြည့်နေသည်။

သိုက်ရှုဖန်သည် အလွန်စိတ်လှုပ်ရှားနေသော်လည်း သူမသည် လျင်မြန်စွာ ထိန်းထားခဲ့သည်။ သူမက လှည့်ပြီး ချောင်မိသားစုကို ကျေးဇူးတင်လိုက်သည်။ "အန်တီ ရှို့ကျီ ချီအာကို ဒီ ခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ်။ အန်တီတို့ ကျွန်မအိမ်ကို အရင်လိုက်ခဲ့ကြ။ ပြီးရင် အန်တီတို့ကို ကျောင်းလိုက်ပို့‌ပေးမယ်။"

ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့က ငြင်းဆိုခဲ့ကြသည်။

သားအဖ ကွဲကွာနေတာ နှစ်အတော်ကြာပြီ ဖြစ်သည်။ ဤကဲ့သို့သော အရေးကြီးသော အခါအချိန်တွင် ဟော်ကျန့်ချန်သည် လာသင့်သည်။ သို့သော် သူတို့သည် ဟော်ကျန့်ချန်က်ို မတွေ့ခဲ့ရပြီး သိုက်ရှုဖန်နှင့် ဟော်ဟွားချင်းတို့သည် အဲ့အကြောင်းကို နှုတ်ဆိတ်နေခဲ့ကြသည်။

သူတို့နှစ်ဦးသည် တစ်ခုခုလွဲချော်နေသည်ကို သိလိုက်သည်။ ဟော်မိသားစုမှာ တစ်ခုခုဖြစ်ခဲ့မယ်လို့ ယူဆရသည်။ ဒါကြောင့် ဒီအချိန်မှာ သူတို့ကို ဧည့်ခံခိုင်းဖို့ စိတ်မပါပေ။

ထို့အပြင် ဟော်မိသားစုမှ မောင်းနှင်လာသောကားသည် လူများစွာ မလိုက်နိုင်ပါ။ ဒါ‌ကြောင့် သူတို့က ကျောင်းကို တိုက်ရိုက် စာရင်းသွင်းရန် သွားကြသည်။

ချောင်မိသားစု၏ ဆုံးဖြတ်ချက်အပေါ် သိုက်ရှုဖန်က မတိုက်တွန်းတော့ပေ။ ကျောင်းကို သတင်းပို့ပြီးရင် တိတ်တဆိတ် ထွက်မပြေးသွားဘဲ ဟော်အိမ်ကို လာခဲ့ဖို့ သူမက သူတို့ကို ထပ်ခါတလဲလဲ ပြောခဲ့သည်။

ဤအချက်ကို ချောင်မိသားစုက သဘောတူခဲ့သည်။

ချောင်မိသားစုနှင့် လော့မိသားစုတို့သည် ဆရာကောလိပ်သို့ စာရင်းသွင်းရန် သွားခဲ့ကြသည်။

ဟော်မိသားစုသည် သူတို့၏ ကားဖြင့် အိမ်ပြန်ခဲ့သည်။

အပြန်လမ်းမှာ ဟော်ချီက သူ့အမေကို မနေနိုင်ဘဲ မေးလိုက်သည်။ "အမေ၊ အဖေ ဘယ်မှာလဲ? သူဘာလို့ မလာတာလဲ? တစ်ခုခုဖြစ်လို့လား?"

အစက သိုက်ရှုဖန်သည် သူ့သားကို အဲ့အကြောင်း မပြောခင် နှစ်ရက်လောက် သူ့ကို အနားယူခွင့်ပေးချင်ခဲ့သည်။ ဒါပေမယ့် အခုတော့ သူ‌က ပြောလာသောအခါ သူမသည် ဖုံးကွယ်ထားလို့မရတဲ့ ဟော်ကျန့်ချန်ရဲ့ ဇနီးနဲ့ အပြင်က ကလေးတွေအကြောင်း ပြောပြခဲ့သည်။

ဟော်ချီသည် ထိုစကားကိုကြားသောအခါ ဒေါသအလွန် ထွက်သွားသည်။

အမှန်တော့ သိုက်ရှုဖန်သည် တစ်ဖက်လူအတွက် ထွက်ပေါက်တချို့ ချန်ထားပေးခဲ့သည်။ အဲဒီနေ့မှစပြီး ဟော်ကျန့်ချန်သည် ပြန်မပေါ်လာတော့ပေ။ ဝမ်အန်နာသည် ကိုယ်ဝန်ပျက်ကျကြောင်း ကြားရသည်။

ဒါတော့ သူမ စိတ်မကောင်းပေ။ ထိုအချိန်တုန်းက ဝမ်အန်နာသည် သူ့ဘာသာ လဲကျသွားခဲ့သည်။ သူမကို ဘယ်သူမှ မတွန်းခဲ့ပေ။

ဟော်ချီက ဒေါသနဲ့ ပူလောင်နေခဲ့သည်။ သူ့လက် သွေးကြောတွေ ထောင်လာသည်​။ "အ​မေ အခုဘာလုပ်​မှာလဲ?"

ဟော်ဟွားချင်းသည် သူ့မြေး၏ စကားကို ရှေ့ခုံမှ ကြားလိုက်သောအခါတွင် သူသည် ကူကယ်ရာမဲ့ပြီး စိုးရိမ်သွားသည်။

သူ့သားနှင့် မြေးတို့သည် သူ့၏ သွေးသားများဖြစ်သည်။ သို့သော် ဤနှစ်များတစ်လျှောက်လုံး သူ့ဘေးတွင်ရှိနေခဲ့တာက သူ့ချွေးမနှင့် မြေးပင်။ သူတို့အတွက်မဟုတ်ရင် သူသေတာကြာပြီ ဖြစ်သည်။

ဒါကြောင့် ဒီအချိန်မှာ သူသည် သူ့သားကို မျက်နှာသာပေးပြောရင် သူ့ချွေးမနဲ့ မြေးရဲ့ နှလုံးသားကို နာကျင်စေမှာပင်။

သူသည် သူ့ချွေးမ နဲ့ မြေးတို့နှင့် အတူနေဖို့ စိတ်ပြင်ဆင်ထားပြီးသားဖြစ်သည်။

သား ပျောက်နေတာ နှစ်အတော်ကြာပြီ ဖြစ်သည်။ အခု သူ့မှာ တခြားမိသားစုရှိနေတော့ သူ့ကို ပျောက်နေတဲ့အတိုင်းပဲ ဆက်ပြီး ဆက်ဆံကြမည်။

သိုက်ရှုဖန်က သူ့သားကို သူမ၏ ရှုပ်ထွေးနေသော မျက်နှာအမူအရာနဲ့ ကြည့်ပြီး "ချီအာ ငါ... ငါ မင်းအဖေနဲ့ ကွာရှင်းချင်တယ်။"

သူမသိသော ဟော်ကျန့်ချန်သည် လွန်ခဲ့သော ဆယ့်နှစ်နှစ်က သေဆုံးသွားခဲ့သည်။ လက်ရှိ ဟော်ကျန့်ချန်သည် သူမသိသော ဟော်ကျန့်ချန်မဟုတ်ပါ။ သူသည် သူမ၏ ခင်ပွန်းမဟုတ်ပေ။ သူက ဝမ်အန်နာ၏ ခင်ပွန်း ဖြစ်သည်!

တခြားမိန်းမနဲ့ ထိခဲ့သော ယောင်္ကျားသည် ညစ်ပတ်တယ်လို့ သူမ ခံစားရသည်။ သူသည် သူမကို လက်ဆောင်ထုပ်ပေးရင်တောင် သူမသည် သူ့ကို မလိုချင်တော့ပေ။

ဟော်ချီသည် သူ့အမေ၏ တုံ့ပြန်မှုကို ကြားသောအခါတွင် သူက တုံ့ဆိုင်းခြင်းမရှိဘဲ ပြောခဲ့သည်။ "ဒါဆိုကွာရှင်းလိုက်!"

ဘယ်လိုဖြစ်ဖြစ် သူသည် လွန်ခဲ့သော ဆယ့်နှစ်နှစ်ကတည်းက အဖေမရှိခဲ့ပေ။ အနာဂတ်မှာ မရှိရင်လည်း အရေးမကြီးပါဘူး။

ဟော်ချီ၏ နှလုံးသားထဲတွင် သူ့မိသားစုသည် သူ့အမေနှင့် အဘိုးသာ ရှိသည်။ အဖေလို့ ခေါ်တဲ့လူက သူ့မိသားစုကို နာကျင်စေခဲ့မယ်ဆိုရင် သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ သူ့ကို သတ်ပစ်မှာ သေချာသည်။

သူ့သား၏စကားကြောင့် သိုက်ရှုဖန်၏ နှလုံးသားသည် တုန်လှုပ်ခြောက်ခြားသွားသည်။ သူမ၏ မျက်လုံးများသည် နီရဲလာသည်။

သူ ငယ်ငယ်တည်းက သူမသားသည် ဖခင်မေတ္တာ မရခဲ့တာကို တွေးမိသည်။ သူတို့ ကွာရှင်းလိုက်လျှင် သူ့သားက ဟော်ကျန့်ချန်နောက်ကို လိုက်မည်မဟုတ်ပေ။

ဆိုလိုသည်မှာ သူမ၏သားသည် နောင်တွင် ဖခင်မေတ္တာကို ရရှိလိမ့်မည်မဟုတ်ပေ။ ဤအရာက သူမသည် သူ့သားကို အကြွေးတင်သည်ဟု ခံစားရစေသည်။

ဟော်ချီက သူ့အမေရဲ့ရုန်းကန်မှုကို သတိပြုမိပြီး နှစ်သိမ့်ပေးခဲ့သည်။ "အမေ ကျွန်တော့်အတွက် စိတ်ပူစရာမလိုဘူး။ ကျွန်တော် အရွယ်ရောက်နေပြီ။ အတိတ်မှာ အဆိုးဆုံးတွေကို ကျွန်တော်တို့ လွတ်မြောက်ခဲ့ပြီးပြီ။ နောင်မှာ ကျွန်တော်တို့ သူ့ကို မလိုအပ်ပါဘူး!"

သိုက်ရှုဖန်သည် ဆယ်ကျော်သက် အရွယ်ရောက်လာသော သူမသားကို စိုက်ကြည့်ပြီး မျက်လုံးနီများဖြင့် ခေါင်းကို ပွတ်သပ်ပေးကာ "ကောင်းပြီ အမေ့ ချီအာက အရွယ်ရောက်လာပြီပဲ။ အခုကစပြီး အမေက မင်းကို အားကိုးမယ်!"

ဟော်ချီက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

အနာဂတ်တွင် ဟော်မိသားစုကို သူသည် ကာကွယ်ပေးမည်။

ရှေ့တွင်ထိုင်နေသော ဟော်ဟွားချင်းသည် သူ့ချွေးမနှင့် မြေးဖြစ်သူ၏ အပြန်အလှန် ပြောသည်ကို ကြားလိုက်သောအခါတွင် သူ့စိတ်ထဲတွင် သက်ပြင်းချမိသည်။ သူသည် ဘာမှ မပြောခဲ့ပေ။

ကွာရှင်းလိမ့်မည်။

All Chapters