← Chapters

အခန်း (၂၁၁)

Vol. 17 Ch. 211

အခန်း (၂၁၁)

Vol. 17 Ch. 211

အစားအသောက် ကြိုက်တဲ့လူတစ်ယောက်အတွက် အစားအသောက် အရသာက အလွန်အရေးကြီးသည်။ အရသာရှိတဲ့ တစ်ခုခုကို စားပြီးရင် သူ့ကို ဘာပဲဖြစ်ဖြစ်လုပ်ခိုင်းရင် အဲ့တာက သူ့ကိုသတ်တာထက် ပိုဆိုးစေသည်။

အန်းပင်းသည် သာ့ချောင်၏ စကားကိုကြားသောအခါ ခေါင်းညိတ်ကာ "ညီမလေး သာ့ချောင် မင်းပြောတာက အဓိပ္ပာယ်ရှိတယ်။ ဝမ်းကွဲအစ်ကိုက နောင်မှာ မင်းနဲ့အတူ ချက်ဖို့ သင်ယူမယ်!"

တစ်ချိန်တည်းမှာပင် ဝမ်ချွမ်ကျီက “ချက်ပြုတ်တာကို ဘာလို့သင်မှာလဲ? မီးဖိုချောင်ကို နေ့တိုင်း အားကိုးပြီး ယောင်္ကျားတစ်ယောက်က ဘာအလားအလာ ရှိလို့လဲ? အန်းပင်း မင်းစာကြိုးစားရမယ်။ နောင်တစ်ချိန်မှာ အဆင့်မြင့်ရာထူးရဖို့ ကောလိပ်တစ်ခုမှာ ဝင်ခွင့်ရရမယ်!"

ချောင်တုန်းယင်က နှုတ်ခမ်းကို ကွေးတက်ပြီး အော်ဟစ်လိုက်သည်။ "အမေ၊ အမေပြောတဲ့အတိုင်းဆို ချွမ်ကျု့လိုမျိုး ဆိုင်အကြီးကြီးက အလားအလာ မရှိဘူးလား။ နောက်ပြီး အန်းပင်းရဲ့ ဦးနှောက်နဲ့ ဘယ်လိုလုပ် ကောလိပ်တက်နိုင်မှာလဲ? အမေ တစ်သက်လုံး စောင့်နေရမှာ!"

ဝမ်ချွမ်ကျီက ဒေါသနဲ့ ခုန်ပေါက်လိုက်သည်။ "နင်ဘာတွေ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ? နင့်ရဲ့ မောင်လေးကို ဘယ်လိုတွေပြောတာလဲ? အန်းပင်းရဲ့ ဦးနှောက်က ဘာဖြစ်နေလို့လဲ? သူက စာမလုပ်ချင်ရုံပါပဲ။ သူသာ သေချာလုပ်ရင် နင်သူ့ကို မယှဉ်နိုင်ဘူး!"

တခြားသူတွေ ဘာမှ မပြောခင် အန်းပင်းက ရယ်လိုက်ပြီး "အမေ၊ အမေက ကျွန်တော့်ကို အရမ်းမြှောက်နေတာပဲ။ အဖေက ကျွန်တော့် ဦးနှောက်က အမေ့ရဲ့ ဦးနှောက်နဲ့ တူတယ်လို့ ပြောတယ်။ ကျွန်တော်က မွေးကတည်းက တုံးတာ။ ဒါကြောင့် ကောလိပ်တက်ပြီး အထက်တန်းအရာရှိ ဖြစ်လာဖို့ မစဉ်းစားပါနဲ့။"

ချောင်ကျန်းကော်သည် ဝင်လာပြီး ဒါကိုကြားလိုက်သည်။ သူက ခေါင်းညိတ်ပြီး ပြုံးကာ "အန်းပင်း၊ မင်းပြောတာ မှန်တယ်။ အဲ့တာက မင်းရဲ့ ဦးနှောက်က မင်းအမေနဲ့တူလို့။ မင်းအဖေနဲ့တူရင် မြို့တော်ရဲ့ ကောလိပ်ကို တက်ရဖို့ ပြဿနာမရှိဘူး!"

လူတိုင်း - "..."

တုန်းယွင်သည် ဘာလို့ ဒီလောက်ယုံကြည်မှု ရှိနေလဲဟု လူတိုင်းကို တွေးခဲ့ကြသည်။ အဲ့ဒါက မျိုးရိုးလိုက်ခြင်းဖြစ်သည်။

ဝမ်ချွမ်ကျီက ဒီသားအဖ နှစ်ယောက်ကို စိတ်ဆိုးသွားခဲ့သည်။

ဟော်မိသားစုသည် ယခင်က အရင်းရှင်ကြီးအဖြစ် တံဆိပ်ကပ်ခံခဲ့ရပြီး သူတို့၏ အမည်အောက်ရှိ ပိုင်ဆိုင်မှုအားလုံးကို လွှဲပြောင်းပေးခဲ့ရသည်။ အခုတော့ သူတို့သည် သက်သေပြခဲ့သည်။ လူအားလုံး၏ လည်ပတ်မှုအောက်ရှိ ပိုင်ဆိုင်မှုအချို့ကို ဟော်မိသားစုသို့ ပြန်လည်ပေးအပ်ခဲ့သည်။

အဲဒါတို့တွင် ခြံဝင်းကြီး နှစ်ခုနှင့် မြေကွက်ကြီးတစ်ခု ပါဝင်သည်။ သိမ်းသွားသော ငွေနှင့် လက်ဝတ်ရတနာများကို ပြန်မရနိုင်ပေ။

သို့သော် ဟော်မိသားစုအတွက် မြို့တော်သို့ အသက်ရှင်လျက် ပြန်သွားသည်မှာ သူတို့ မတွေးဝံ့စရာ ဖြစ်ခဲ့သည်။ အခု သူတို့သည် သူတို့၏ ပိုင်ဆိုင်မှုအချို့ကို ပြန်ရနိုင်သည်။ သူတို့၏ နှလုံးသားထဲတွင် မည်သည့်နာကြည်းမှုကိုမှ မဆုပ်ကိုင်တော့ပေ။

ဟော်မိသားစု၏ ခြံဝင်းကို အခြားသူများက ဆယ်နှစ်ကြာအောင် သိမ်းပိုက်ခဲ့သည်။ ခြံဝင်းထဲမှာ နေထိုင်တဲ့ လူတွေက ထွက်မသွားချင်ကြပေ။ သို့သော် ဟော်ကျန့်ချန်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ကျန်း၏ အကူအညီဖြင့် ထိုလူများသည် နောက်ဆုံးတွင် နာခံစွာ ထွက်ခွာသွားခဲ့ကြသည်။

သိုက်ရှုဖန်သည် အိမ်ခြံမြေအမြောက်အမြားရရှိကြောင်း သိသောအခါ ဝမ်အန်နာသည် ပိုပိုပြီး မနာလိုဖြစ်လာခဲ့သည်။

ထို​နေ့တွင်​ ဟော်အိမ်​မှ ပြန်​လာ​သောအခါတွင်​ သူမသည်​ အသက်​ရှုကြပ်​လာခဲ့သည်​။

ခွဲ‌လိုက်တဲ့ အဲဒီငွေတွေကို စဉ်းစားရင်း မစားနိုင် မအိပ်နိုင် ဖြစ်နေခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက် သူမသည် ပိုင်ဆိုင်မှုခွဲဝေတာနဲ့ ပတ်သက်ပြီး သူ၏ ဆုံးဖြတ်ချက်ကို ပြင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် သူမသည် သူ့ကို ပြောဆိုခဲ့သည်။ သို့သော် ဟော်ကျန့်ချန်သည် အလေးများစားသကဲ့သို့ မတုန်မလှုပ်ဖြစ်နေခဲ့သည်။

သူမသည် ငယ်စဉ်ကတည်းက အမွေဆက်ခံသူဖြစ်ခဲ့သည်။ သူမသည် ဟော်ကျန့်ချန်ကို သိပ်ချစ်ခဲ့သည်။ သူမသည် သူ့ရှေ့တွင် နူးညံ့သိမ်မွေ့စွာ ပြုမူနေထိုင်သော်လည်း သူ့ကို ထိုကဲ့သို့ မြင်လိုက်ရသဖြင့် သူမ ဒေါသဖြစ်ခဲ့ရသည်။

သူတို့ နှစ်ယောက်သည် ရန်ဖြစ်ခဲ့ကြသည်။ ကလေးနှစ်ယောက်က ကြောက်လွန်းလို့ ငိုကြသည်။ ပို၍ပင် တုန်လှုပ်သွားသည်မှာ ဟော်ကျန့်ချန်က သူမအား ဆင်ခြင်တုံတရားမဲ့စွာ ခေါ်ခြင်းပင်ဖြစ်သည်။

သူမ ဒေါသတွေ ပေါက်ကွဲသွားခဲ့သည်။ သူမက သူ့ကို သိုက်ရှုဖန်နဲ့ ကွာရှင်းခဲ့ရတာ နောင်တရလားလို့ မေးခဲ့သည်။ သူ့အဖြေက တိတ်ဆိတ်နေခဲ့သည်။

သူ့သဘောထားက အားလုံးကို ရှင်းပြပြီးသားပင်။ သူနောင်တရခဲ့သည်!

ဟော်ကျန့်ချန်က သေချာပေါက် နောင်တရနေခဲ့သည်။

အရင်ကတော့ သူနဲ့ ဝမ်အန်နာတို့ရဲ့ ကလေးနှစ်ယောက်က ငယ်သေးတာကြောင့် သူသည် ဝမ်အန်နာနဲ့ အတူရှိဖို့ ရွေးချယ်ခဲ့သည်။ သူက ဝမ်အန်နာနဲ့ ကွာရှင်းခဲ့မယ်ဆိုရင် သိုက်ရှုဖန်က သူ့ကို လက်ခံရင်တောင် ကလေးနှစ်ယောက်ကို လက်ခံမှာ မဟုတ်ပေ။

ဟော်ချီသည် ငယ်ငယ်လေးကတည်းက သူနဲ့ မနေခဲ့ရတာကြောင့် သူသည် စိတ်မကောင်းဖြစ်မိသည်။ တခြားကလေးနှစ်ယောက်ကို ဒီလို စိတ်မကောင်းစရာမျိုး ထပ်မဖြစ်စေချင်ခဲ့ပေ။

ဒါပေါ့ သူ့ရွေးချယ်မှုက ဟော်ချီအတွက် အလွန်မတရားခဲ့ပါ။ ထို့ကြောင့် သားအမိအတွက် ဖြေရှင်းပေးရန် ပိုက်ဆံကိုသာ သုံးခဲ့သည်။ သူသည် ဝမ်အန်နာက ဒီကိစ္စကို စေ့စေ့စပ်စပ် ပြောလိမ့်မယ်လို့ မထင်ခဲ့မိပေ။

ဟော်အိမ်မှ ပြန်လာပြီးနောက် သုံးရက်မြောက်နေ့တွင် သူတို့နှစ်ဦးသည် စစ်အေးတိုက်ပွဲ စတင်ခဲ့သည်။

ထိုနေ့တွင် ခြောက်နှစ်၊ ခုနစ်နှစ် အရွယ် ကလေးမလေးသည် ဟော်အိမ်တံခါးဆီသို့ ရောက်လာခဲ့သည်။

သူမသည် အနီရောင်ဝတ်စုံ၊ ကျစ်ဆံမြီးနှစ်ချောင်း၊ အဖြူရောင်ခြေအိတ်နှင့် အနီရောင်တောက်တောက် ဖိနပ်များရှိသည်။ အလွန် ခေတ်မှီသည်။

သိုက်ရှုဖန်နှင့် ဟော်ချီတို့သည် အပြင်မှပြန်လာကြပြီး တံခါးဝမှ ကလေးမလေးကို ကြည့်ပြီး အံ့အားသင့်သွားကြသည်။

မကြာခင်မှာပဲ သူတို့နှစ်ယောက်လုံးက သူမရဲ့ ဝတ်စားဆင်ယင်မှုကနေ ကလေးမလေးရဲ့ အထောက်အထားကို ခန့်မှန်းမိခဲ့ကြသည်။

သိုက်ရှုဖန်သည် ဝမ်အန်နာ၏ အပြုအမူကို အလွန်ရွံရှာခဲ့သော်လည်း ဒါက လူကြီးများကြားရှိ အမုန်းတရားဖြစ်သည်။ ကလေးတွေကို ဒေါသဖြစ်စရာ မလိုပေ။

ဒါနဲ့ သူမသည် လမ်းလျှောက်လာကာ မျက်နှာပေါ်မှာ နူးညံ့တဲ့ အပြုံးတစ်ခု ရှိသည်။ "သူငယ်ချင်းလေး။ မင်းဘာလို့ ငါ့အိမ်ရှေ့မှာ ရှိနေတာလဲ? မင်းဘယ်သူကိုရှာနေတာလဲ?"

ဟော်ကျင့်က သူမကို မျက်လုံးကြီးကြီးနဲ့ အပေါ်အောက်ကြည့်လိုက်ကာ "နင်က ဒီအိမ်ပိုင်ရှင်လား? နင်က သိုက်ရှုဖန်လား?"

ကလေးမလေးက အရမ်းချစ်ဖို့ကောင်းပေမယ့် ပါးစပ်က လုံးဝကို မချစ်စရာကောင်းပေ။

သိုက်ရှုဖန်၏ မျက်နှာပေါ်ရှိ အပြုံးသည် အနည်းငယ် မှိန်ဖျော့သွားပြီး "ဟုတ်တယ်၊ ငါက ဒီအိမ်ပိုင်ရှင်ပဲ။ မင်းငါ့ကို ရှာနေတာလား?"

ဟော်ကျင့် ကြည့်လိုက်သည်။ သူမသည် လက်ကိုဆန့်ထုတ်ပြီး သူမကို တွန်းလိုက်သည်။ “မြေခွေးမ! အားလုံး နင်အပြစ်ပဲ! ငါ့အဖေနဲ့အမေကို နင်က ရန်ဖြစ်အောင်လုပ်ခဲ့တာ။ နင့်ကို သေအောင်ရိုက်မယ်!"

သိုက်ရှုဖန်သည် ထိုကဲ့သို့သော ကလေးလေးအား ဤကဲ့သို့ ဆိုးရွားသော စိတ်ဓာတ်မျိုး ရှိမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

ပြင်ဆင်မှုမရှိဘဲ သူမကို ပြင်းထန်စွာ တွန်းထုတ်ခဲ့ပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့သည်။

ဟော်ချီ၏ မျက်နှာသည် ချက်ချင်းပြောင်းလဲသွားသည်။ သူ့အမေကို ကူညီဖို့ သူသည် အလျင်အမြန် လျှောက်လာသည်။ "အမေ အဆင်ပြေရဲ့လား?"

သိုက်ရှုဖန်သည် သူ့ဘာသာသူ တည်ငြိမ်လာသည်။ သူမသည် လက်ကို ဝှေ့ယမ်းပြီး ပြန်ဖြေလိုက်သည်။ “အမေ အဆင်ပြေပါတယ်။”

ဟော်ချီ၏ မျက်နှာ ပျက်သွားသည်။ သူက သူ့အမေကို လွှတ်လိုက်ပြီး ဟော်ကျင့်ကို လုပ်ဖို့ ပြေးသွားခဲ့သည်။ " မင်းက အဲဒီ ခွေးမ ဝမ်အန်နာရဲ့ သမီး ဟုတ်လား? ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အခု ငါ မင်းကို လည်ပင်းညှစ်ပစ်မယ်!"

ဟော်ကျင့်သည် အလွန် ကြောက်လန့်သွားသည်။ နောက်အခိုက်အတန့်တွင် သူမသည် အသိစိတ်ပြန်ဝင်လာကာ ဟော်ချီကို ချက်ချင်းပင် လက်သီးနှင့်ထိုးကာ ကန်သည်။ "နင့်အမေက ခွေးမ။ နင်က ခွေးမရဲ့ သားပေါက်..."

ဟော်ချီသည် လည်ပင်းကို တင်းကျပ်စွာ ညှစ်ထားသောကြောင့် မကြာမီ သူမသည် စကားမပြောနိုင်တော့ပေ။

သူမ၏ မျက်နှာသည် ဖြူဖျော့သွားသည်။ ထို့နောက် ခရမ်းပြာရောင် ပြောင်းသွားသည်။

သူမသည် မျက်လုံးများ ပြူးကျယ်လာပြီး သူမရှေ့က နတ်ဆိုးလို ကောင်လေးကို နာကျင်စွာ ကြည့်နေမိသည်။ နောက်ဆုံးတွင် သူမ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု တိုးဝင်လာသည်။

သိုက်ရှုဖန်သည် သူ့သားက သူမကို သတ်မည်ကို ကြောက်သည်။ ထို့ကြောင့် သူမသည် ရှေ့သို့လျှောက်သွားကာ သူ့ကို လှမ်းဆွဲလိုက်ပြီး "ချီအာ၊ အခုလွှတ်လိုက်ပါ!"

ဟော်ချီက တစ်ဖက်လူကို မြေပြင်ပေါ်ပစ်ချလိုက်ပြီး အေးစက်စက်ပြောခဲ့သည်။ "ထွက်သွား! နောက်တစ်ကြိမ် နင့်ကို ထပ်မတွေ့စေနဲ့!"

ဟော်ကျင့်သည် အော်ဟစ်လိုက်သည်။ သူမသည် မြေပြင်မှထကာ ငိုယိုပြီး ထွက်ပြေးသွားခဲ့သည်။

စိုးရိမ်စွာဖြင့် သိုက်ရှုဖန်က သူ့သားကို ကြည့်ပြီး "ချီအာ၊ မင်း သူ့ကို ဘာမှ မလုပ်ရဘူး"

သူမသည် အပျိုစင်မာရီမဟုတ်သော်လည်း ကလေးမလေးတစ်ယောက်ဖြစ်သည်။ အဲဒါကို ပြောရရင် သူမသည် ဟော်ချီရဲ့ ဖအေတူမ‌အေကွဲ ညီမလည်း ဖြစ်သည်။

သူမ အရမ်းစိုးရိမ်လွန်နေလား မသိပေ။ သူမသား၏ နှလုံးသားသည် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည်ဟု သူမအမြဲတမ်းခံစားမိသည်။ သူမနှင့်ပတ်သက်သည့်အရာများ ကြုံလာသောအခါတွင် သူသည် လွယ်ကူစွာ ဒေါသထွက်လာလိမ့်မည်။

သူမသည် သူမသားကို တစ်ချိန်လုံး ဒေါသနဲ့ မုန်းတီးတွေနဲ့ မနေစေချင်ပါ။ ဒါက သူ့အရွယ်ရောက်လာမှုတွက် မကောင်းပေ။

ဟော်ချီ - "အမေ၊ စိတ်မပူပါနဲ့။ ကျွန်တော် အမေ့ကို ဘယ်သူကမှ အနိုင်ကျင့်ခွင့် မပေးဘူး"

သူမှတ်မိကတည်းက သူတို့ကို ဆိုးသွမ်းသူလို့ သတ်မှတ်ခံခဲ့ရသည်။ ရံဖန်ရံခါ သူတို့သည် ချီတက်ပွဲကျင်းပရန် ဆွဲထုတ်ခံရတတ်သည်။ ထိုလူများ၏ ရက်စက်ကြမ်းကြုတ်သော ကျိန်စာနှင့် ကျောက်တုံးများ အပြစ်ခံခဲ့ရတာကို သူဘယ်တော့မှ မမေ့ခဲ့ပါ။

သူသည် ငယ်ငယ် ကတည်းက သူ့အဘိုးနဲ့ အမေကို ကာကွယ်ပေးပြီး ဘယ်သူကမှ အနိုင်ကျင့်မခံဘူးလို့ ကျိန်ဆိုခဲ့သည်။ သူ့အဖေတောင် မခံဘူး!

သူ့သားရဲ့စကားကြားတော့ သိုက်ရှုဖန်သည် စိတ်သက်သာရာ မရပေ။ အဲဒီအစား သူမသည် ပိုလို့တောင် စိတ်ပူသွားသည်။

ဟော်ကျင့်က ငိုပြီး အိမ်ပြန်ပြေးသွားခဲ့သည်။ ဝမ်အန်နာက သူ့သမီးလေး အသက်ရှုကြပ်တဲ့အထိ ငိုနေတာကို မြင်ပြီး ဘာဖြစ်တာလဲလို့ မေးခဲ့သည်။

ဟော်ချီနဲ့ သိုက်ရှုဖန်တို့က သူမကို ကန်ကာ လည်ပင်းကို ညစ်ပြီး အချက်ပေါင်းများစွာ သူမကို ပါးရိုက်ခဲ့တယ်လို့ ဟော်ကျင့်က ပြောခဲ့သည်။

ဝမ်အန်နာ၏ မျက်လုံးများသည် ဒေါသကြောင့် နီရဲသွားသည်။ သူမသည် သိုက်ရှုဖန်နှင့် ရန်ဖြစ်ချင်သည်။

ဟော်ကျန့်ချန်သည် သူ့သမီးကို အေးစက်စွာကြည့်လိုက်သည်။ သူက ပြောသည်။ “သူတို့က မင်းကို ဒီလိုမျိုး တကယ်ဆက်ဆံခဲ့တယ်ဆိုရင် မင်းဒီမှာ ရပ်နေနိုင်သေးမယ်လို့ မင်းထင်လား?”

ပထမဆုံးအကြိမ် သူသည် ဝမ်အန်နာကို မသိခဲ့ရုံသာမက သူ့သမီးလေးတောင် သူထင်သလောက် ဉာဏ်ကောင်းပြီး အသိဉာဏ်မရှိ ဘူးဆိုတာ သူတွေ့ရှိခဲ့သည်။

သူမသည် ဒီလောက်နိမ့်ကျသော လိမ်ညာပြောဆိုမှုကို အမှန်တကယ်ပင် လုပ်နိုင်ခဲ့သည်။

ဟော်ကျင့်သည် သူမ၏ မျက်နှာတွင် ပါးရိုက်ခံရသည့် ဒဏ်ရာမရှိပါ။ သူမရဲ့ ခန္ဓာကိုယ်မှာလည်း တခြားဒဏ်ရာတွေ မရှိပေ။ လည်ပင်းမှာတောင် အမှတ်အသား မရှိဘူး!

ထိုအချိန်တုန်းက ဟော်ချီသည် ဒေါသထွက်နေသော်လည်း သူသည် လူသတ်သမားမဟုတ်ပေ။ သူက တစ်ဖက်လူကို သတ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဘဲ အင်အားအနည်းငယ်ပဲ သုံးခဲ့သည်။

အစပိုင်းတွင် ဟော်ကျင့်သည် သူမ၏လည်ပင်းတွင် အမှတ်အသားအနည်းငယ် ချန်ခဲ့သည်။ ဒါပေမယ့် လမ်းတစ်လျှောက်လုံး ပြန်ပြေးလာတော့ အမှတ်အသားက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ဟော်ကျင့်ကို သူမ အဖေက ခဏလောက် ကြိမ်းမောင်းခဲ့သည်။ အပြစ်ရှိကြောင်းသိစိတ်ကြောင့် သူမသည် သူမ အဖေကို မကြည့်ရဲဘဲ "သူတို့... သမီးကို ရိုက်ခဲ့တာ!"

တစ်ချိန်တည်းတွင် ဟော်ကျန့်ချန်၏ အသံသည် မာလာသည်။ သူက စူးရှစွာ ပြောလိုက်သည်။ “ဒီအချိန်မှာ မင်းက ဘယ်လို လိမ်ရဲတာလဲ? လူတိုင်းက မင်းလိုပဲ မျက်ကန်းလို့ ထင်ကြလား။ မင်းကို သူတို့ ရိုက်တယ် ဆိုရင် ဒဏ်ရာကို ပြ! မင်းမှာ ဒဏ်ရာရှိရင် ရဲစခန်းကို ချက်ချင်းသွားမယ်!”

ထိတ်လန့်တကြားနှင့် ဟော်ကျင့်က ငိုယိုပြန်သည်။

ဝမ်အန်နာက ဒေါသထွက်ပြီး နာကျင်လာသည်။ "ဒီအချိန်မှာတောင် ရှင်က ဒီသားအမိကို ကာကွယ်နေတုန်းပဲ။ ကျင့်အာက ရှင့်ရဲ့ သမီးပဲမဟုတ်လား? ရှင့်ရဲ့ နှလုံးသားက တော်တော်ကို ဘက်လိုက်တာပဲ!"

ဟော်ကျန့်ချန် - "အခုလောလောဆယ်တော့ ကျင့်အာက ပြဿနာရှာပြီး လိမ်ညာနေတာလေ။ သူ့ကို ပညာပေးမယ့်အစား မင်းက သူ့ကို ကာကွယ်ပေးချင်တယ်။ မင်းက သူ့ကို ကူညီနေတာ မဟုတ်ဘူး။ မင်းက သူ့ကို ဒုက္ခပေးနေတာ!"

နှစ်ယောက်သား အပြင်းအထန် ငြင်းခုံကြပြန်သည်။

ကလေးနှစ်ယောက်က ကြောက်လွန်းလို့ အသံကျယ်ကျယ်အော်ကြသည်။ ဟော်ကျင့်သည် သူမ၏ နှလုံးသားထဲတွင် ကြောက်ရွံ့ပြီး ဝမ်းနည်းသွားခဲ့သည်။ သူမ သိခဲ့လျှင် ထိုသားအမိနှစ်ယောက်ကို သွားရှာလိမ့်မည်မဟုတ်ပေ။

စကားများရန်ဖြစ်ပြီးနောက် ဟော်ကျန့်ချန်လည်း မောပန်းနွမ်းနယ်ကာ "မင်းရဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီး နောက်နှစ်ရက်နေရင် ငါတို့ မြို့တော်ကနေ ထွက်သွားမယ်။"

သူသည် ဟော်မိသားစုကို မူလပိုင်ဆိုင်သည့်အရာများ ပြန်လည်ရရှိရန် ကူညီရန်သာမက သူ့သမီးနှင့်သားသည် ဟော်ချီကို သိမည်ဟု မျှော်လင့်ခဲ့သည်။ သူတို့ကို ရင်းနှီးစေချင်သည်။

အခုလည်း သူသည် သူ့ဆန္ဒအရသာ အဲ့လို တွေးနေပုံရသည်။

မေ့လိုက်တော့။ သူတို့ကို ပြန်ခေါ်သွားလိုက်တာ ပိုကောင်းသည်။

မကြာခင်မှာပဲ ဟော်ကျန့်ချန်က ကြိုတင်စာရင်းသွင်းပြီး သူ့အဖေကို နှုတ်ဆက်ကာ ပြီးနောက် ဝမ်အန်နာနဲ့ ကလေးတွေနဲ့အတူ မြို့တော်မှ ထွက်သွားခဲ့သည်။

ဟော်မိသားစုသည် လုံးဝ ငြိမ်သက်သွားခဲ့သည်။

အချိန်သည် ရေကဲ့သို့ ကုန်ဆုံးသွားပြီး အောက်တိုဘာလဖြစ်သည်။ သတင်းတစ်ခုက လူတိုင်းကို ထိတ်လန့်သွားပြန်သည်။

အထက်လူကြီးများက ယခုနှစ် ဆောင်းဦးရာသီ ရိတ်သိမ်းချိန်သည် နိုင်ငံတော်သို့ စပါးများ လွှဲပြောင်းပေးအပ်သည့် နောက်ဆုံးအကြိမ်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် ထုတ်လုပ်ရေးအဖွဲ့၏ နယ်ပယ်အားလုံးကို အိမ်ထောင်စုအလိုက် စာချုပ် တာဝန်ခံစနစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။

အိမ်ထောင်စုအလိုက် စာချုပ် တာဝန်ခံစနစ်ဟု ခေါ်ဆိုသည့် အဓိပ္ပါယ်မှာ ထုတ်လုပ်မှုအဖွဲ့သည် မိသားစုကို အပိုင်းတစ်ခုအဖြစ် ယူကာ တောင်သူများထံ လယ်များကို ဖြန့်ဝေပေးသည်။ ထိုအချိန်မှစ၍ သူတို့သည် လယ်ယာမြေကို ကိုယ်တိုင်စိုက်ပျိုးပြီး သူတို့၏ အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများအတွက် တာဝန်ယူရမည်။

ထို့နောက် မြို့တွင်းရှိ လူအချို့သည် လုပ်ငန်းငယ်များကို ခိုးဝှက်ကာ စတင်လုပ်ကိုင်လာကြသည်။ ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမများနှင့် ဌာနဆိုင်ရာများ၏ စီးပွားရေးသည် ပိုပိုပြီး ဆိုးလာသည်။

ရှန်မိသားစု၏ အကူအညီဖြင့် ချောင်မိသားစုသည် မြို့တွင်းရှိ အခြားအိမ်ခြံမြေများကို ဝယ်ယူခဲ့သည်။ အိပ်ခန်းလေးခန်းနှင့် ခြံကျယ်ကြီးတစ်ခုပါရှိသည်။ သာ့ချောင်၏ အိမ်နှင့် မဝေးပေ။

နောက်နှစ်တွင် ရပ်ရွာနှင့် ထုတ်လုပ်ရေးအဖွဲ့ကို ဖျက်သိမ်းခဲ့သည်။ ချောင်မိသားစုလည်း ဆုံးဖြတ်ချက်ချခဲ့သည်။ သူတို့သည် မိသားစုကို မြို့ကို ပြောင်းရွှေ့ခဲ့ကြသည်။

.......

စာရေးသူပြောစရာရှိသည် -

တုန်းယွင်လေး - ဒါဆို သူမ မိဘတွေရဲ့ အားကစားက ဘယ်လိုအားကစားမျိုးလဲ?

ချောင်မိသားစုက မြေပုံကို ပြောင်းတော့မယ်~

All Chapters