← Chapters

အခန်း (၂၁၄)

Vol. 17 Ch. 214

အခန်း (၂၁၄)

Vol. 17 Ch. 214

ဟော်မိသားစုသည် ပီတိဖြစ်ပြီး သာ့ချောင် ရောက်လာတာကို စောင့်မျှော်နေကြသည်။

ဟော်ဟွားချင်းနှင့် သိုက်ရှုဖန်တို့သည် သာ့ချောင်ပေးခဲ့သော ပန်းခြောက်များ၏ အလွန်မှော်ဆန်သော အကျိုးသက်ရောက်မှုကို သတိပြုမိကြသည်။ အသုံးပြုပြီးတိုင်း သူတို့သည် မိုးလင်းတဲ့အထိ အိပ်နိုင်သည်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေကလည်း တနေ့ထက်တနေ့ တိုးတက်လာသည်။

အစောပိုင်းနှစ်များတွင် သူတို့သည် လယ်ကွင်း၌ များစွာ ဒုက္ခခံစားခဲ့ကြရသည်။ နေ့စဥ်စားဖို့ အလုံလောက်မရှိဘဲ အနည်းငယ်သာရှိသည်။ အဆိုးဆုံးကတော့ သူတို့သည် ညစ်ပတ်၊ နံစော်ပြီး စိုစွတ်နေတဲ့ နွားတင်းကုပ်ထဲမှာ နေထိုင်ခဲ့ကြရသည်။ ဆောင်းရာသီတိုင်း လေသည် အရပ်ရပ်မှ တိုက်ခတ်လာခဲ့သည်။ အေးလွန်းလို့ သူတို့သွားတွေ ကြိတ်မိကြသည်။

ထိုအချိန်တွင် ဟော်ဟွားချင်း၏ အဆစ်အမြစ်ရောင်ရောဂါနှင့် ဒူလာရောဂါသည် ဆိုးစေခဲ့သည်။ မိုးရွာတိုင်း ချွေးတွေအေးတဲ့အထိ နာကျင်ကိုက်ခဲပြီး ခေါင်းကို နံရံနှင့် ဆောင့်ပစ်ချင်ခဲ့သည်။

ထို့နောက် သူတို့သည် ချီလီရွာသို့ သွားခဲ့ကြသည်။ အခြေအနေတွေ တိုးတက်လာပေမယ့် နှစ်စဉ် အကြိမ်ရေ အနည်းငယ်တော့ ဖြစ်နေတုန်းပင်။ ဒါပေမယ့် မြို့တော်ကို ပြန်ရောက်ပြီးနောက် သူတို့ ပထမဆုံး ပြန်လာတုန်းက တစ်ကြိမ်မှလွဲပြီး သူသည် ဒီလိုနာကျင်မှုမျိုး မကြုံတော့ပေ။

အဲ့တာက သာ့ချောင်ပေးသော ပန်းခြောက်များကို သောက်ပြီးမှသာ ဖြစ်ပျက်ခဲ့သည်။

သူအခုမှ သူ ချီလီကျေးရွာသို့ ရောက်ရှိခဲ့တုန်းက ဖြစ်ပျက်ခဲ့တာကို မှတ်မိသည်။ အဲဒီတုန်းက အဖျားကြီးပြီး ချောင်းဆိုးတာ လဝက်လောက်ကြာသည်။ အဲဒီအချိန်မှာ သူအသက်မရှင်တော့ဘူးလို့ သူထင်ခဲ့သည်။ သာ့ချောင်ဆီမှ ကြက်ဥအနည်းငယ်ကို စားပြီးနောက် သူသည် တဖြည်းဖြည်း ပိုကောင်းလာကြောင်း ဘယ်သူသိမှာလဲ။

ထိုအချိန်တွင် သူသည် အနည်းငယ် သံသယဖြစ်မိခဲ့သည်။ ဒါပေမယ့် အထောက်အထားမရှိခဲ့ပေ။ ထိုအချိန်က သူတို့၏ အထောက်အထားများကြောင့် သူတို့သည် တစ်စုံတစ်ခုကို တွေ့ရှိခဲ့လျှင်ပင် အဲဒီအကြောင်းကို မပြောရဲကြပါ။

အခုက မတူဘူး။ သူတို့က သာ့ချောင်ရဲ့ ပန်းခြောက်ကြောင့်လားဆိုတာကို အတည်ပြုဖို့ ပန်းခြောက်တွေကို စစ်ဆေးခဲ့သည်။ သူတို့သည် အနည်းငယ်ကို အိမ်နီးနားချင်းတွေကိုတောင် ပေးခဲ့သည်။

သူတို့၏ အိမ်နီးချင်းများအတွင်းတွင် အသက်၇၀ အရွယ် အဘွားကြီးတစ်ဦးရှိသည်။ သူသည် သူ့ရောဂါကြောင့် တစ်နေ့လုံး တစ်ညလုံး အိပ်မပျော်နိုင်ပေ။ သူမသည် သေဖို့ပဲစောင့်နေခဲ့သည်။ ထိုညက ဟော်မိသားစုမှ ပေးပို့သော ပန်းခြောက်လက်ဖက်ရည်ကို သုံးဆောင်ပြီးနောက် သူမ၏ စားချင်စိတ် တိုးလာခဲ့သည်။ အဲဒီ့အပြင် အဲဒီညက သူမသည် စောစော အိပ်ပျော်သွားခဲ့သည်။

သူ့မိသားစုက သူမ အိပ်ပျော်သွားတာကို မြင်ပြီး ခဏလောက်နေတော့ သူမ သေသွားပြီလို့ ထင်နေခဲ့ကြသည်။ သူတို့သည် သူမ၏ အသက်ရှုခြင်းကို စစ်ဆေးရန် လက်ကို နှာခေါင်းအောက်တွင် တ်ိတ်တဆိတ် ထားခဲ့ကြသည်။ သူမ အိပ်ပျော်နေမှန်း သိလိုက်သောအခါ သူတို့သည် တုန်လှုပ်သွားခဲ့ကြသည်။

နောက်တစ်နေ့ကျတော့ အိမ်နီးနားချင်းတွေက ချက်ချင်း လူကိုယ်တိုင်လာပြီး ပန်းခြောက်တွေကို ဘယ်မှာဝယ်ရလဲလို့ သူတို့ကို မေးခဲ့သည်။ သူတို့သည် ငွေအများကြီးကို ပေးဆောင်ရန် ဆန္ဒရှိခဲ့ကြသည်။

သို့သော် ဟော်မိသားစုတွင် ပုလင်းအနည်းငယ်သာရှိသည်။ သူတို့က ပန်းခြောက်တွေ ပေးဖို့ ဘယ်လိုလုပ် ဆန္ဒရှိနိုင်ပါ့မလဲ? ဘယ်မှာဝယ်ရမလဲဆိုတာ သူတို့သည် ဆုံးဖြတ်ချက် မချရဲကြပေ။ နောက်ဆုံးတွင် အိမ်နီးနားချင်းများ၏ တောင်းဆိုမှုကို မငြင်းနိုင်တော့ပဲ ပုလင်းတစ်ဝက် ပေးခဲ့သည်။

အိမ်နီးနားချင်းများကလည်း ချမ်းသာကြသည်။ သူတို့သည် အဖိုးတန် ဖြည့်စွက်စာ အများအပြားကို လက်ဆောင်အဖြစ် ပေးဆောင်ပြီး နောက်ထပ် ပန်းခြောက်တွေ ရှိသေးရင် မမေ့ရဘူး လို့ ပြော၍ တောင်းဆိုခဲ့ကြသည်။

ထိုမှသာ ဟော်မိသားစုသည် သာ့ချောင်၏ ပန်းခြောက်များသည် သာမန်အရာ မဟုတ်ကြောင်း အတည်ပြုခဲ့သည်။ ဘာ့ကြောင့် ဒီလို အကျိုးသက်ရောက်မှုတွေ ရှိသလဲတော့ သူတို့ မသိပေ။ သူတို့က ဆက်ပြီး မစုံစမ်းခဲ့ပါ။

သူတို့သေချာတာတစ်ခုကတော့ သူတို့သည် သာ့ချောင်ကို ကျေးဇူးတင်ရမှာပင်။

အဲဒါကြောင့် သူတို့သည် သာ့ချောင် ရောက်လာတာကို စောင့်မျှော်နေခဲ့ကြသည်။ သူတို့က အားလပ်ရက်မတိုင်မီ ချောင်အိမ်သို့ စာများနှင့် ပစ္စည်းများ ပေးပို့ခဲ့သည်။ နောက်တော့ သူတို့သည် သူမ မလာမှာကို ကြောက်ကြသည်။ ဟော်ချီက သူမကို သွားခေါ်ဖို့ စေတနာ့ဝန်ထမ်းလုပ်တဲ့အခါ ဟော်ဟွားချင်းနဲ့ သိုက်ရှုဖန်က သူ့ကို မတားခဲ့ပါ။

သာ့ချောင်ကို ကျေးဇူးတင်ရမယ့်အပြင် သူတို့နှစ်ယောက်လုံးက သူတို့ရဲ့ နှလုံးသားထဲမှာ ကိုယ်ပိုင် အတွေးလေးတွေ ရှိကြသည်။

သူတို့ရဲ့အမြင်အရတော့ သာ့ချောင်သည် လှပရုံသာမက အကျင့်ကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်သူလည်း ဖြစ်သည်။ သူမရဲ့ လေ့လာမှုက သူမရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ထင်ဟပ်စေသည်။ ရှုထောင့်တိုင်း၌ အလွန် အံ့သြဖွယ်ကောင်းသည်။

သာ့ချောင်၏ ကိုယ်ပိုင်ထူးချွန်မှုအပြင် အခြားအရေးကြီးသော အချက်မှာ ဟော်ချီသည် သာ့ချောင်ကို မငြင်းပယ်ပေ။ သူသည် သူမစကားကို အရမ်းနားထောင်သည်။ ဟော်ချီသည် အနာဂတ်တွင် သူမကို ဇနီးအဖြစ် လက်ထပ်နိုင်လျှင် အဲ့တာက သူ၏ ဘဝတစ်သက်တာအတွက် ကောင်းချီးတစ်ခု ဖြစ်လိမ့်မည်။

အဲဒါကြောင့် ဟော်မိသားစုက သာ့ချောင် ဒီမှာနေဖို့ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့သည်။ သူတို့ရဲ့ ဆန္ဒအပြင် ဒီငယ်ချစ်စုံတွဲလေးအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လည်း ဖြစ်သည်။

ဟော်မိသားစုသည် သာ့ချောင်ကို အတင်းအကြပ် ဖိအားပေးမည်မဟုတ်သည်မှာ သေချာသည်။

အကယ်၍ သာ့ချောင် ကြီးပြင်းလာပြီးနောက် ဟော်ချီအတွက် ခံစားချက်မရှိခဲ့ပါက ဟော်မိသားစုသည် သူမကို သူတို့ သမီးကဲ့သို့ သူမအတွက် ခန်းဝင်ပစ္စည်းပြင်ဆင်ပေးလိမ့်မည်။

"လာ သာ့ချောင် ဒါ အန်တီဖန် မင်းအတွက် ဝယ်ထားတဲ့ ဝတ်စုံ။ မင်း ဘယ်လိုထင်လဲ?"

ထမင်းစားပြီးတာနဲ့ သိုက်ရှုဖန်က သာ့ချောင်ကို သူ့အခန်းထဲခေါ်သွားပြီး သူ့အတွက်ပြင်ဆင်ထားတဲ့ ဗီရိုကိုဖွင့်ပြီး အမျိုးမျိုးသော ၀တ်စုံတွေကို ပြခဲ့သည်။

သာ့ချောင်သည် ဟော်မိသားစုမှ သူမကို အလွန်နှစ်သက်ကြောင်း သိသော်လည်း အဝတ်အစားများ ပြည့်နေသော ဗီရိုကို မြင်လိုက်ရသောအခါ သူမသည် မအံ့ဩဘဲ မနေနိုင်ပေ။

သူမရဲ့ မျက်လုံးကြီးတွေက ပြူးကျယ်သွားပြီး "အန်တီဖန်၊ ဒါက အရမ်းများတယ်မလား။ ပြီးတော့ အရင်ကလည်း ဝတ်စုံလေးတွေ မပို့ဖူးတာကျ။"

သိုက်ရှုဖန်က ၀တ်စုံတွေကို တစ်ခုပြီးတစ်ခုထုတ်ပြီး သာ့ချောင်နဲ့ တိုင်းကြည့်ခဲ့သည်။ "မများပါဘူး။ မများပါဘူး။၊ တစ်နေ့ တစ်ထည်ဝတ်လေ။ မင်း အဲ့တာတွေ မကြိုက်ရင် ပစ်ထားလိုက်။ အန်တီဖန်က တတ်နိုင်ပါတယ်!"

သူမသည် ဟော်ချီကို ပထမဆုံး ကိုယ်ဝန်ရလာတုန်းက သူမဗိုက်ထဲတွင် ကလေးက မိန်းကလေးတစ်ယောက်ဖြစ်မည်ဟု မျှော်လင့်ကြောင်း ဟော်ကျန့်ချန်ကို မကြာခဏ ရွှင်မြူးစွာ ပြောပြခဲ့သည်။ ဒီလိုနည်းနဲ့ သူ့သမီးကို နေ့တိုင်း ဆင်နိုင်ပြီး သားအမိနှစ်ယောက် အတူတူ ၀တ်ဆင်နိုင်လိမ့်မည်။ သားလေးထွက်လာတာ သနားစရာပင်။

ဟော်ကျန့်ချန်က သူမလက်ကို ဆုပ်ကိုင်ပြီး နှစ်သိမ့်ပေးခဲ့တာကို သူမ သတိရမိသည်။ သူတို့သမီးလေး ဟော်မိသားစုမှာ စောစောစီးစီး ပေါ်လာနိုင်စေဖို့အတွက် သူအမြဲတမ်း ကြိုးစားသွားမယ်လို့ သူက ပြောခဲ့သည်။

သူမသည် အဲ့တာကို ကြားလိုက်ရသောအခါတွင် ရယ်ရမလား ငိုရမှန်းမသိ ဖြစ်ခဲ့သည်။ တကယ်တော့ သားပဲဖြစ်ဖြစ် သမီးပဲဖြစ်ဖြစ် ကိစ္စမရှိပါ။ သူက သူမတို့ ကလေးသာဖြစ်သည်။ သူမသည် မကြာခင်မှာ သမီးလေးတစ်ယောက် ရလာမယ်လို့ ထင်ခဲ့သည်။ ဘယ်သူသိမှာလဲ...

အရင်နေ့တွေကို တွေးကြည့်တော့ သိုက်ရှုဖန်ရဲ့ နှာခေါင်းက ချဉ်သလို ခံစားရသည်။ သူမ မျက်လုံးများ ရုတ်တရက် နီရဲလာသည်။

သာ့ချောင်သည် အန်တီဖန်၏ ထူးဆန်းသော အပြုအမူကို သတိပြုမိခဲ့သည်။ သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး စိတ်ပူပင်စွာ မေးလိုက်သည်။ "အန်တီဖန်၊ ဘာဖြစ်နေတာလဲ။ တစ်နေရာရာမှာ မသက်မသာသလို ခံစားရလို့လား?"

သိုက်ရှုဖန်က ခေါင်းယမ်းကာ စိတ်ထဲမှာ ဝမ်းနည်းမှုတွေကို ဖြေဖျောက်ပြီး ပြုံးလိုက်သည်။ "အန်တီဖန် အဆင်ပြေပါတယ်။ လာဝတ်ကြည့်စမ်းပါ။ မင်းရဲ့ အသားအရည်က အရမ်းလှတယ်၊ မင်း ဒါနဲ့ ကြည့်ကောင်းလိမ့်မယ်!"

သာ့ချောင်သည် အန်တီဖန်၏ ကြင်နာမှုကို ငြင်းမဆန်နိုင်တော့သဖြင့် အဝတ်အစားကို ယူကာ အဝတ်လဲခန်း ဝင်သွားခဲ့သည်။

သိုက်ရှုဖန်သည် သူမလက်မထပ်မီက မိန်းမငယ်လေးဖြစ်သည်။ သူမ လက်ထပ်ချိန်မှာတော့ ဟော်မိသားစုသည် မြို့တော်ရဲ့ အချမ်းသာဆုံးလူတွေထဲက တစ်ယောက်ဖြစ်ခဲ့သည်။ တစ်နည်းဆိုရသော် သူမ မွေးကတည်းက ပိုက်ဆံပြတ်လပ်မှု မရှိခဲ့ပါ။ ထို့အပြင် သူမသည် ၀တ်စားဆင်ယင်မှုကို နှစ်သက်သည်။ ထို့ကြောင့် သူမက ဖက်ရှင်ခေတ်ရေစီးကြောင်းရဲ့ ရှေ့တန်းမှာ အမြဲရှိနေခဲ့သည်။ အဝတ်အစား ရွေးတဲ့အခါမှာလည်း သူမမှာ အမြင်ဆိုးမရှိပေ။

သာ့ချောင်အတွက် သူမဝယ်ခဲ့သော ၀တ်စုံအချို့သည် အဆင်သင့်ဝယ်ထားပြီး အချို့မှာ အပ်ချုပ်ဆိုင်မှဖြစ်သည်။ ဘယ်အမျိုးအစားပဲဖြစ်ဖြစ် သူတို့အားလုံးသည် သာ့ချောင်ရဲ့ အသွင်အပြင်၊ အသက်အရွယ်နဲ့ လိုက်ဖက်သည်။

သာ့ချောင်၏ ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင်ဝတ်စုံသည် သူမ၏ ဖြူစင်သောအသားအရည်ကို အလေးပေးသည်။ သူမ၏ တစ်ကိုယ်လုံးသည် အပွင့်ကိုင်းများပေါ်တွင် ပွင့်သော ပထမဆုံး နွေဦးစံပယ်ပန်းကဲ့သို့ နူးညံ့နေသည်။ အလွန်သိမ်မွေ့ပြီး နူးညံ့သောကြောင့် လူအများကို သူမအား မြတ်နိုးရန် တွန်းပို့ခဲ့သည်။

"အိုး၊ မင်း ဒီဝတ်စုံနဲ့ ကြည့်ကောင်းမယ်ဆိုတာ ငါသိတယ်!"

သိုက်ရှုဖန်သည် ကောင်းကင်မှ နတ်သမီးနှင့်တူသော သာ့ချောင်ကိုကြည့်ကာ သူမသည် သူ့သမီးဖြစ်လိုသောဆန္ဒရှိနေသည်။

ထိုအချိန်တွင် ဟော်ချီဝင်လာခဲ့သည်။

သိုက်ရှုဖန်သည် သူ့သား လာသည်ကိုမြင်ပြီး အမြန်လက်ဝှေ့ယမ်းပြလိုက်သည်။ "ချီအာ၊ လာကြည့်ပါဦး။ မင်းညီမလေး သာ့ချောင် ဒီဝတ်စုံလေးနဲ့ လှလား။"

သာ့ချောင်သည် ရှက်တတ်သူ မဟုတ်ပါ။ သူမသည် စက်ဝိုင်းပုံစံလှည့်ကာ "အစ်ကို ဟော်ချီ ညီမ ကြည့်ကောင်းလား?"

သူမ၏အသံသည် နူးညံ့ညင်သာသည်။ ဤ 'အစ်ကို ဟော်ချီ' သည် သကြားထဲ နှစ်ထားသော ကောက်ညှင်းဆန်နှင့်တူသည်။ လူတွေရဲ့ နှလုံးသားထဲ နစ်မြုပ်လုနီးပါးပင်။

ဟော်ချီသည် ပန်းများကဲ့သို့ လှပပြီး ဖြူစင်သော သာ့ချောင်ကို ကြည့်ကာ သူ့မျက်နှာ ပူလာသည်။ ထို့နောက် သူ့နှလုံးခုန်သံက မြန်လာသည်။ "အဲ့တာ… အဲ့တာ အဆင်ပြေပါတယ်။"

ဒီတုံ့ပြန်မှုကို သာ့ချောင် ကြားတဲ့အခါ သူမရဲ့ ပါးစပ်က အနည်းငယ် စူသွားပြီး "အစ်ကို ဟော်ချီ အစ်ကိုက အရမ်းကောင်းတယ်လို့ ပြောသင့်တာလေ!"

ဟော်ချီသည် ရုတ်တရက် သူမ၏မျက်လုံးများကို မကြည့်ရဲတော့ပေ။ သူ့နားတွေ တဖြည်းဖြည်းနီလာပြီး "ငါ တုန်းယွင်လေးက အရမ်းကိုယ့်ကိုကိုယ် အထင်ကြီးတာကို  မြင်တုန်းကတော့ သူဘယ်သူနဲ့ တူတာလည်းဆိုတာ အဖြေမထွက်ခဲ့ဘူး။ အခုပြန်တွေးကြည့်တော့ သူက မင်းရဲ့လွှမ်းမိုးမှု ခံရတာဖြစ်မယ်။ ဒီလောက် ငယ်ရွယ်တဲ့အရွယ်မှာ ကိုယ့်ကိုကိုယ်အရမ်း အထင်ကြီးနေတာ!"

သာ့ချောင်က ပိုပိုပြီး မကျေမနပ်ဖြစ်လာသည်။ သူမ၏ ပါးပြင်များသည် ဖောင်းလာသည်။ "အစ်ကို ဟော်ချီ၊ ညီမတို့ကို ကိုယ့်ကိုကိုယ် အထင်ကြီးတယ်လို့ ခေါ်ရတာ မဟုတ်ဘူး။ ညီမတို့ကို ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်လို့ ခေါ်တယ်!"

ဟော်ချီက မျက်ခုံးပင့်လိုက်ပြီး "ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာလား?"

တုန်းယွင်လေးသည် ရုပ်ဆိုးပြီး အသားမဲသည်။ ဒီလို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ဆိုတာ တကယ်တော့ ရှားရှားပါးပါးပင်။

သိုက်ရှုဖန်သည် သူမ၏သားက သာ့ချောင်ကို ချီးမွမ်းခွင့်ပေးပြီး သူတို့ ငယ်စဉ်ကတည်းက အပြန်အလှန် နားလည်မှုနှင့် ခံစားချက်များကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ခဲ့သည်။ မထင်မှတ်ပဲ သူမ သားက အားမစိုက်ခဲ့ဘူး။

မထီမဲ့မြင်ပြုသော အကြည့်ဖြင့် သူမသည် သူ့သားကို တွန်းထုတ်လိုက်သည်။ "ထွက်သွား။ မင်း သာ့ချောင် ဒေါသထွက်အောင် လုပ်လိုက်တာကို ကြည့်စမ်း!"

သာ့ချောင်သည် အန်တီဖန်၏ နောက်တွင် ပုန်းနေပြီး သူ့ကို မျက်နှာ ပြောင်ပြလိုက်သည်။

ဟော်ချီက သူ့အမေနဲ့ သာ့ချောင်ရဲ့ မျက်နှာက သူ့ကို ရန်သူလို ဖြစ်နေတာကြောင့် သူသည် အားကိုးရာမဲ့ ပြုံးပြီး "ကောင်းပြီ ဒါဆို ငါ မင်းကို မနှောင့်ယှက်တော့ဘူး။"

သာ့ချောင်သည် သူ့အမေနှင့် အဘိုး၏ အကြိုက်နှင့် အချိန်ဖြုန်းချင်ကြသည့် သူဖြစ်တဲ့အတွက် သူသည် သာ့ချောင်ကို မနာလိုမဖြစ်ပါ။ အဲဒီအစား သူ ဝမ်းသာသွားသည်။

သူ့အမြင်အရတော့ ဒါက သာ့ချောင်အတွက် ကောင်းတဲ့အရာဖြစ်သည်။

သာ့ချောင်သည် ဒီတစ်ကြိမ် ရောက်လာသောအခါ သူမသည် ဟော်မိသားစုဆီ နှင်းဆီပန်းခြောက်ပုလင်းနှင့် စံပယ်ပန်းခြောက်ပုလင်း အနည်းငယ်ကို ယူလာခဲ့သည်။

အဲ့တာကိုလက်ခံပြီးနောက် ဟော်ဟွားချင်းသည် ဗီရိုအတွင်း ပန်းခြောက်များကို ချက်ချင်း သော့ခတ်ထားလိုက်သည်။ မသိတဲ့သူက သူသည် ရှားရှားပါးပါး ရတနာတချို့ကို ဖုံးကွယ်ထားတယ်လို့ သူတို့ ထင်လိမ့်မည်။

၎င်းကို ဝှက်ပြီးနောက်တွင် အိမ်နီးချင်းများက သူ့ကို ဘာလုပ်ခိုင်းခဲ့သည်ကို မှတ်မိသွားသည်။ ထို့ကြောင့် သူက သာ့ချောင်ကို လိမ္မာပါးနပ်စွာ မေးသည်။ "သာ့ချောင် မင်းကိုယ်တိုင်လုပ်ထားတဲ့ ပန်းခြောက်တွေက မင်း စိုက်ပျိုးခဲ့တာလား?"

သာ့ချောင်က နာခံစွာ ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ ရှန်မိသားစုက အဘိုး သမီးဆီ ပန်းမျိုးစေ့တွေကို ပေးခဲ့တာ။ သမီး စိုက်နေတာ နှစ်အတော်ကြာပြီ။ အဘိုး ဟော်လည်း ပန်းစိုက်ဖို့ စိတ်ဝင်စားတာလား?"

ဟော်ဟွားချင်းက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ မင်းအဒေါ်နဲ့ ငါ မင်းပေးခဲ့တဲ့ ပန်းခြောက်လက်ဖက်ခြောက်ကို သောက်ပြီးရင် အရမ်းကျန်းမာတယ်လို့ ခံစားရတယ်။ ဒါကြောင့် ငါကိုယ်တိုင်လည်း နည်းနည်းလောက် စမ်းစိုက်ကြည့်ချင်တယ်။"

ဒါကိုကြားတော့ သာ့ချောင်သည် အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။

အဘိုး‌ဟော်သည် ပန်းတွေ စိုက်ချင်တယ် ဆိုရင် မခက်ပေ။ ဒါပေမယ့် သူမနဲ့တူတဲ့ အကျိုးသက်ရောက်မှုကို ရဖို့ဆိုတာ မဖြစ်နိုင်ပေ။

ဟော်ဟွားချင်းသည် အတွေ့အကြုံရှိသော လူအိုကြီးတစ်ဦး ဖြစ်သည်။ သာ့ချောင်ရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး သူမ တစ်ခုခုကို ဖုံးကွယ်ထားမှန်း သူသိလိုက်သည်။ ဒါပေမယ့် သူ့ကို အတင်းအကြပ် ဖိအားပေးဖို့ သူ့ရဲ့ အထောက်အထားကို အသုံးချဖို့ အစီအစဉ်မရှိပါချေ။

သူက ဘာမှမသိဟန်ဆောင်ပြီး ပန်းတွေကို ဘယ်လို စိုက်ပျိုးရမလဲလို့သာ မေးခဲ့သည်။

ဒါကိုမြင်တော့ သာ့ချောင်သည် အရမ်းစိတ်သက်သာရာ ရသွားခဲ့သည်။ သူမသည် ပန်းစိုက်တဲ့အခါ သတိထားရမယ့်အရာအားလုံးကို အဘိုး‌ဟော်ကို ပြောပြခဲ့သည်။

သူသည် စတင်လိုက်ကတည်းက တစ်ခုလုံးကို ဆက်လုပ်ရမည်။ သူက ဘောပင်နှင့် စာရွက်ကို ထုတ်ကာ မှတ်ထားခဲ့သည်။

သာ့ချောင် ထွက်သွားပြီးနောက် ဟော်ဟွားချင်းသည် တစ်ယောက်တည်း လေ့လာမှုတွင် ပန်းခြောက်များကို လေ့လာခဲ့သည်။

ပုံစံအားဖြင့် ပန်းခြောက်များသည် အခြားပန်းခြောက်များနှင့် မကွဲပြားပါ။ ထုတ်လုပ်မှု လုပ်ငန်းစဉ်ကလည်း အထူးအဆန်းတော့ မဟုတ်ပေ။

ဟော်ဟွားချင်းသည် နားမလည်ပေမယ့် ဒီကိစ္စကို တခြားသူတွေ မသိရဘူးဆိုတာ သူသိသည်။ မဟုတ်ရင် သာ့ချောင်ကို ဘေးဒုက္ခ ရောက်စေလိမ့်မည်။

အိမ်နီးနားချင်းကိုတော့ သူ့ကို ကွယ်လွန်သွားသော သူငယ်ချင်းက ပေးထားခဲ့တယ်လို့ လိမ်ပြောခဲ့ပြီး သူသည် အဲဒီပန်းခြောက်တွေ ဘယ်ကလာမှန်း မသိဘူးလို့ ပြောခဲ့သည်။

သူသည် အိမ်နီးနားချင်းကို မကူညီချင်ခဲ့တာ မဟုတ်ပါဘူး။ အိမ်နီးနားချင်းနဲ့ သာ့ချောင်ကြားတွင် သူသည် သာ့ချောင်ကို မတုံ့ဆိုင်းဘဲ ကာကွယ်ဖို့ ရွေးချယ်လိုက်သည်။

သာ့ချောင်သည် ဟော်အိမ်တွင် သူမ၏ ဝမ်းကွဲအစ်မ ချောင်တုန်းဟယ်ကို တွေ့ရန် ဆရာကောလိပ်ကို သွားဖို့ မပြောခင် တစ်ရက်ကြာ နေထိုင်ခဲ့သည်။

သိုက်ရှုဖန်က ဒါကိုကြားတော့ သူမက ချက်ချင်းပဲ သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။ "ငါ့ဦးနှောက်ကို ကြည့်စမ်း။ ငါဘာလို့ ဒီလောက်အရေးကြီးတာကို မေ့နေတာလဲ။ မင်းရဲ့ဝမ်းကွဲအစ်မကို မနေ့ကတည်းက သွားခေါ်ဖို့ ငါ တစ်ယောက်ယောက်ကို လွှတ်လိုက်သင့်တယ်!"

သာ့ချောင်က စဉ်းစားပြီး ပြန်ဖြေလိုက်သည်။ "အန်တီဖန်၊ ကိုယ့်ကိုကိုယ် အပြစ်မတင်နဲ့။ သမီး အန်တီ့ကို အပြစ်မတင်ပါဘူး။" 

သူမသည် ဥာဏ်ရည်ထက်မြက်ပုံကို မြင်တော့ သိုက်ရှုဖန်၏ အချစ်များ တိုးပွားလာခဲ့သည်။

သူသည် သူမအား ဆရာကောလိပ်ကို ခေါ်သွားဖို့ ကားသမားကို အမြန်စီစဉ်ပေးခဲ့သည်။ သူမမှာ လုပ်စရာတွေရှိနေသေးတာကြောင့် ဟော်ချီကို သူမနဲ့လိုက်ခဲ့ဖို့ တောင်းဆိုခဲ့သည်။

ကားထဲမှာတော့ ဟော်မိသားစုက သူမအတွက် သေချာပြင်ဆင်ထားတဲ့ အဆာပြေအစာတွေ အများကြီးရှိသည်။

ဟော်ချီက မုန့်အိတ်ကိုဖွင့်ပြီး သူမအား မုန့် ပေးလိုက်သည်။ လှုပ်ရှားမှုသည် အလွန်သဘာဝကျသည်။ သူသည် အရင်ကလိုပဲ။

သာ့ချောင်က ဘာမှ မခံစားရပေ။ သူမသည် ရှဉ့်လေးတစ်ကောင်လို ပါးတွေကို ဖောင်းကားအောင် စားသောက်နေရင်း ချောင်မိသားစုမှာ ဖြစ်ပျက်ခဲ့တာကို ဟော်ချီကို ပြောပြခဲ့သည်။

ဟော်ချီက ဂရုတစိုက် နားထောင်ပြီး သူမ စကားပြောလွန်းသည်ဟု မထင်ခဲ့ပေ။

ကားရှေ့ခန်းမှ ယာဉ်မောင်းက ဒါကိုမြင်တော့ သူ့စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ဟော်မိသားစုသည် ကျေးလက်မှ ဒီမိန်းကလေးကို အလွန်ကြင်နာသည်။ အဲ့တာက လူတွေကို မနာလိုစေသည်။

သူ့ထင်မြင်ချက်အရ ဟော်မိသားစုသည် သူမကို အလွန်သဘောကျခြင်းသည် သာ့ချောင်၏ တစ်သက်တာကောင်းချီး အနည်းငယ်သာဖြစ်သည်။

သူသည် တစ်ခုသာ သိပြီး တခြားတစ်ခုကို မသိပေ။ ဟော်မိသားစုအတွက် သာ့ချောင်က ဘာလုပ်ပေးခဲ့လဲဆိုတာ သူသိရင် သူဒီလိုပြောမှာမဟုတ်ဘူး။

ကောလိပ်က စတင်တာ အတော်လေး နောက်ကျနေပြီဖြစ်လို့ ချောင်တုန်းဟယ်နဲ့ တခြားသူတွေက မူလတန်းနဲ့ အလယ်တန်းကျောင်းတွေမှာလို အားလပ်ရက် မရှိသေးပေ။

All Chapters