← Chapters

အခန်း (၂၂၁)

Vol. 17 Ch. 221

အခန်း (၂၂၁)

Vol. 17 Ch. 221

အခုအချိန်မှာတော့ ကြည့်ကောင်းပြီး စကားပြောနူးညံ့တဲ့ သာ့ချောင်ကိုတွေ့လိုက်ရတော့ သူမသည် ချက်ချင်းပဲ သူမကို ချစ်မိသွားခဲ့သည်။ "မြင်မြင်ချင်းပဲ ဒီလောက် ချိုသာပြီး နူးညံ့တဲ့ ကောင်မလေးကို ငါ‌သဘောကျသွားတာ။ မင်းဘာလို့ ငါ့မိသားစုရဲ့ မွေးစားသမီးလေး မဖြစ်ရတာလဲ?"

သာ့ချောင်က ခေါင်းခါပြီး ယဉ်ယဉ်ကျေးကျေး ငြင်းဆိုခဲ့သည်။ " သမီးမှာ မွေးစားအမေ ရှိပြီးသားပါ။ သမီးက အပြင်မှာ တခြား မွေးစားအမေကို အသိအမှတ်ပြုလိုက်တာ သူသိရင် ဝမ်းနည်းသွားမှာ သေချာတယ်!"

မောင်မိသားစု၏ အစ်မအကြီးဆုံးက သူမပြောသည်ကိုကြားသောအခါ သူမကို ပိုပိုပြီး နှစ်သက်လာသည်။

သူတို့မွေးချင်းများသည် နယ်ပယ်အသီးသီးတွင် အကြီးအကဲများ ဖြစ်ကြသည်။ အကယ်၍ အခြားသူတစ်ဦးမှ သူမ၏ ကမ်းလှမ်းချက်ကို ကြားပါက သူတို့သည် သူတို့ကိုယ်သူတို့ သူမ မွေးစားကလေးဖြစ်ရန် စိတ်အားထက်သန်ပေလိမ့်မည်။ ကလေးမလေးက စိတ်ရင်းနဲ့ ဆွဲဆောင်မှုအား ငြင်းဆိုတာကို သူမ မြင်ခဲ့သည်။

ထို့နောက် သူမသည် သိုက်ရှုဖန်နှင့် တိတ်တိတ်ဆိတ်ဆိတ်ပြောခဲ့သည်။ "သူက ကျွန်မ သမီးလေး မဖြစ်နိုင်ရင်လည်း ကိစ္စမရှိပါဘူး။ သူအရွယ်ရောက်လာရင် သူ့ကို ကျွန်မ ချွေးမဖြစ်အောင် လုပ်မယ်!"

သိုက်ရှုဖန်က အဲ့တာကို ကြားတော့ သူမသည် မကျေမနပ် ဖြစ်သွားသည်။ "ဒါက မဖြစ်နိုင်ဘူး။ သာ့ချောင်က ကျွန်မ အချစ်ဆုံးချွေးမ။ ရှင် ကျွန်မကို လာမတိုက်ခိုက်နဲ့!"

မောင်မိသားစုရဲ့ အစ်မအကြီးဆုံးက ခေါင်းကိုမော့ပြီး ပြုံးကာ "ဒါကို အာမ မခံနိုင်ဘူးလေ။ ကလေးမလေးက နောင်မှာ ကျွန်မသားကို သဘောကျရင် ဘယ်လိုလုပ်မလဲ?"

သိုက်ရှုဖန်က အပြင်ပိုင်းမှာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပေမယ့် စိတ်ထဲမှာ ဖြစ်နိုင်တာကို သူမ တကယ်ပဲ စိုးရိမ်နေခဲ့သည်။

ထို့ကြောင့် ထိုညတွင် သူမသည် သူ့သား၏ အခန်းသို့ ပြေးသွားပြီး သာ့ချောင်ကို ကောင်းမွန်စွာ ဆက်ဆံရန် သားဖြစ်သူကို သင်ခဲ့သည်။ မဟုတ်ရင် သူမသည် သူ့ကို တံခါးကနေ ကန်ထုတ်ပစ်မည်။

ဟော်ချီ - "..."

မောင်မိသားစုသည် စိတ်အားထက်သန် လွန်းသောကြောင့် ခြံဝင်းကို သာ့ချောင်အား ပေးရန် တောင်းဆိုခဲ့ကြသည်။ သူတို့က လက်မခံရင် သူတို့သည် ဟော်အိမ်ကို နေ့တိုင်းလာမည်။

သာ့‌ချောင်သည် နောက်ဆုံးတွင် လက်ခံရုံကလွဲပြီး ရွေးချယ်စရာမရှိပေ။

ဟော်မိသားစုက ပြင်ဆင်ထားတဲ့ ခြံဝင်းကို ချောင်ရှို့ကျီတို့ လင်မယားနှစ်ယောက် မြို့တော်ကို ရောက်လာရင် လွှဲပြောင်းပေးမည်။

———

ရက်အနည်းငယ်ကြာပြီးနောက် ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် နောက်ဆုံးတွင် မြို့တော်သို့ ရောက်ရှိလာကြသည်။

သာ့ချောင်သည် သူမ၏ အဘိုးအဘွားများကို မြင်သောအခါတွင် သူမသည် ချက်ချင်းပင် သူမ၏ အဘွား၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး ကလေးမလေးကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

ချောင်ရှို့ကျီက လက်ဆန့်ထုတ်ပြီး ကလေး၏ ခေါင်းကို ပွတ်လိုက်သည်။ သူမ၏ နှလုံးသားသည် ပျော့ပြောင်းသွားသည်။

ဟော်မိသားစုသည် ထိုညက ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့အတွက် ကြိုဆိုသည့် ညစာစားပွဲကို လက်ခံကျင်းပခဲ့သည်။

မူလက သူတို့ အရမ်းပင်ပန်းမှာကို စိုးရိမ်ပြီး ကျန်းယွဲ့မင်ကိစ္စကို နှစ်ရက်လောက်ကြာမှ ဆွေးနွေးဖို့ စဉ်းစားခဲ့သည်။ သူတို့သည် မမျှော်လင့်ထားဘဲ ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် လုံးဝမစောင့်နိုင်ခဲ့ကြပါ။

ဟော်ဟွားချင်းက သူတို့ရဲ့ အမြန်လိုတာကို နားလည်သည်။ "ဒါက ခက်တယ်လို့လည်း ပြောလို့ရတယ်ပြီး မခက်ဘူးလို့လည်း ပြောလို့ရတယ်။ အဓိကက ထောင်ယွီဖုန်က လိမ်မှာပဲ။ သူက ကလေးတွေကို လဲလှယ်ခဲ့တာလို့ ဝန်ခံမယ်ဆို အမှန်တရားက ပေါ်လာမှာပါ!"

ချောင်ရှို့ကျီက မျက်မှောင်ကြုတ်ပြီး "သူ အမှန်တရားကို ပြောလာအောင် ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ?"

ထောင်ယွီဖုန်သည် နှစ်ပေါင်းများစွာ နှုတ်ပိတ်နေခဲ့သည်။ သူ့မိသားစုတောင်မှ ဒီအကြောင်းကို မသိခဲ့ဘူး။ ဤအရာက သူမသည် အလွန် ခံနိုင်ရည်ရှိသူဖြစ်ကြောင်း ပြသသည်။ ထူးခြားသော နည်းလမ်းများကို အသုံးမပြုပါက သူမ၏ ပါးစပ်ကို ဖွင့်ရန် ခက်ခဲသည်။

ဟော်ဟွားချင်း - "အခုလောလောဆယ် နည်းလမ်းနှစ်ခုရှိတယ်။ တစ်ခုက မှန်မှန်ကန်ကန်နည်းနဲ့ နောက်တစ်ခုက နည်းလမ်းမှား။ နောက်တစ်ခုက နှစ်ရက်အတွင်း လုပ်ရမယ်။ အရင်တစ်ခုက ငါတို့ စောင့်ရမယ်။"

အဲ့တာအပြင် သူတို့သည် အဆက်အသွယ် ရှိသော်လည်း အကြောင်းပြချက်မရှိဘဲ သူတို့က လူများကို မဖမ်းဆီးနိုင်ပေ။ ထို့အပြင် န်ိုင်ငံသည် စိစစ်ရမည့် အခြေအနေတွင် ရှိနေသည်။ လူတော်တော်များများက သူတို့လက်ထဲက အင်အားတွေနဲ့ မရှုပ်ရဲကြပါ။

တကယ်တော့ လက်ရှိအခြေအနေက တစ်ခုတည်းပင်။ အဓိက အကြောင်းအရင်းကတော့ သူတို့ရဲ့ ဟော်မိသားစုသည် မြို့တော်နဲ့ အကြာကြီး ဝေးကွာခဲ့ရသည်။

အချုပ်အခြာ အာဏာအသစ်တိုင်းတွင် သူတို့၏ အကြံပေးများ ရှိသည်။ သူတို့တွင် အဆက်အသွယ်အချို့ရှိနေသော်လည်း မူလပိုင်ဆိုင်မှုများ ပြန်လည်ရရှိလာသည့်အခါတွင် သူတို့ကို အနှောင့်အယှက်ပေးနေပြီ ဖြစ်သည်။

သူတို့သည် မျက်နှာသာ တစ်ခု သုံးလိုက်တာနဲ့ တပြိုင်နက် မျက်နှာသာ တစ်ခု လျော့သွားလိမ့်မည်။ ဒီလိုအချိန်တိုလေးအတွင်းမှာ တခြားသူတွေကို ထပ်ပြီးအကူအညီတောင်းတာက တစ်ဖက်လူရဲ့ စိတ်ကို မကျေမနပ်ဖြစ်စေသည်။

ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ "တတိယနည်းလမ်း မရှိဘူးလား?"

သူတို့သည် တစ်ခုခုကို လက်ခံဖို့တွက် မသေချာတာ မဟုတ်ဘူး။ ဘယ်နည်းလမ်းကမှ မလုံလောက်ခဲ့ရုံပင်။

ပထမတစ်ခုက သူတို့ကို စောင့်ရမည်။ ဒါပေမယ့် သူတို့သမီးလေးက ဘယ်လိုတောင် ကိုယ်ကျိုးနည်းခဲ့ရလဲ တွေးကြည့်တော့ သူတို့သည် ခဏလောက်‌ပင် မစောင့်နိုင်တော့ပါ။ ဒုတိယတစ်မျိုးက ထိရောက်သော်လည်း ဟော်မိသားစုကို သူတို့အတွက် အန္တရာယ်မဖြစ်စေလိုပါ။

သိုက်ရှုဖန်က ရုတ်တရက် ဝင်ပြောလိုက်သည်။ "မောင်မိသားစုက ဒီကိစ္စကို ကူညီပေးနိုင်မယ်ထင်တယ်။"

သာ့ချောင်သည် မောင်မိသားစုကို အများကြီး မျက်နှာသာပေးခဲ့တာမို့ သူတို့သည် ချောင်မိသားစုက ပါးစပ်ဟလိုက်တာနှင့် ကူညီရန် ဆန္ဒရှိမည်မှာ သေချာသည်။

ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် အဲ့တာကိုကြားသောအခါ သူတို့က အံ့အားသင့်သွားသည်။ "မောင်မိသားစု? ဘယ်မောင််မိသားစုလဲ?"

သိုက်ရှုဖန်သည် မဒမ်မောင်ကို ကယ်တင်ခဲ့သည့် သာ့ချောင်အကြောင်းကို သူတို့အား မပြောဖူးကြောင်း သတိရသွားခဲ့သည်။ ချက်ချင်းပဲ အတိုချုံးပြီး ရှင်းပြခဲ့သည်။

ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် အဲ့တာကို ကြားပြီးနောက် သူတို့၏ မျက်ခုံးများသည် ချက်ချင်း မျက်မှောင်ကြုတ်သွားကြသည်။

ဟော်ဟွားချင်းသည် သူတို့၏ အမူအရာများကိုမြင်သောအခါ သူတို့စိုးရိမ်နေသည့်အရာကို ခန့်မှန်းမိသည်။ သူက မြန်မြန် ရှင်းပြလိုက်သည်။ "ဒီကိစ္စအတွက် ငါက သာ့ချောင်ကို ကူညီခိုင်းခဲ့တာ။ နောက်မှ ကလေးကို အပြစ်မတင်နဲ့။"

ချောင်ရှို့ကျီ - "ကလေးက ကြင်နာတတ်ပြီး တခြားသူတွေကို ကူညီလိုစိတ်ရှိတယ်။ ပုံမှန်အတိုင်းဆို သူ့ကို အပြစ်မတင်ပါဘူး။ ဒါပေမယ့်... မောင်မိသားစုက တကယ်မပြောဘူးလား?"

သူမ၏ လေသံကိုကြားတော့ ဟော်ဟွားချင်းသည် သာ့ချောင်၏ လျှို့ဝှက်ချက်ကို သူမ သိတယ်ဆိုတာ ခန့်မှန်းခဲ့သည်။ "မောင်မိသားစုက ကတိပေးထားပြီးသားပါ။ သူတို့က မပြောပါဘူး။ ငါတို့က သူတို့ကို ယုံတယ်။ ဒါက သူတို့ရဲ့ စရိုက်နဲ့ပဲ ဆိုင်တယ်။"

အရာတွေက ဖြစ်ပျက်ပြီး နေပြီ။ ထပ်ပြောရင်လည်း အသုံးမဝင်တော့ဘူး။

အဆုံးတွင် ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် များစွာ ဆွေးနွေးပြီးနောက် မောင်မိသားစုထံ အကူအညီတောင်းရန် သဘောတူခဲ့ကြသည်။

မောင်မိသားစုသည် ထိုအကြောင်းကို သိပြီးနောက် တစ်ခဏလောက်နေတော့ သူတို့သည် သဘောတူခဲ့ကြသည်။

ကျွမ်းကျင်သူများ၏ လုပ်ဆောင်ချက်သည် အမှန်တကယ် ကွဲပြားသည်။

မောင်မိသားစုသည် ကျန်းမိသားစု၏ သားများ ခုန်ဝင်ရန် အပေါက်များ ဆင်ထားခဲ့သည်။ သူမ၏ သားများကို ကယ်တင်ရန်အတွက် ထောင်ယွီဖုန်သည် အတိတ်က အဖြစ်အပျက်များကို ပြောပြခဲ့ရသည်။

ထောင်ယွီဖုန်သည် ယွင်လိုင်မြို့၌ လက်ထပ်ပြီးသောအခါတွင် သူမ၏ ယောင်္ကျားသည် သူမ ကလေးမမွေးမီတွင် ရောဂါဖြင့် သေဆုံးသွားခဲ့သည်။ ယောက္ခမဖြစ်သူသည် သူမက ခင်ပွန်းသည်ကို ကံကြမ္မာဆိုးကို ယူဆောင်လာသည့်ဟု ခံစားခဲ့ရပြီး သူမသည် မိခင်အိမ်သို့ ပြန်မောင်းထုတ်ခံခဲ့ရသည်။ ရန်ပွဲကြားတွင် သူမသည် တွန်းထုတ်ခံရပြီး ရေမွှာပေါက်ခဲ့သည်။

သူမ၏ ခမည်းခမက် မိသားစုက သူမကို ဆေးရုံပို့ခဲ့သည်။ နောက်တော့ သူမသည် အဆင်ပြေပြီး သမီးလေး တစ်ယောက်မွေးပြီးတော့ သူတို့သည် ချက်ချင်းလှည့်ထွက်သွားကြသည်။ ဆေးရုံတွင် မိခင်အသစ် တစ်ယောက်ကို တစ်ယောက်တည်း စွန့်ပစ်ခဲ့သည်။

သူမသည် ထုပ်ပိုးထားသော သူမ၏ ငိုနေသော သမီးလေးကို ကြည့်လိုက်သည်။ သူမ၏ နှလုံးသားထဲတွင် မည်သည့်သနားမှုမှ မခံစားခဲ့ရပေ။ အဲ့ဒီအစား သူမသည် အလွန် စိတ်ဆိုးသွားခဲ့သည်။ သူမ ယောက္ခမက သူမ ခင်ပွန်းကို သေစေတဲ့ထိ ကံဆိုးတာက သူမကြောင့်လို့ တွေးသလိုမျိုး သူမသည်လည်း ဒီကလေးက သူမရဲ့ ကံကြမ္မာဆိုးတွေ ယူလာတယ်လို့ ခံစားခဲ့ရသည်။

သူမသည် ကလေးကို စွန့်ပစ်ချင်တဲ့အခါ ချောင်ရှို့ကျီနဲ့ ရွှယ်ချွမ်တို့ကို သတိထားမိခဲ့သည်။

ချောင်ရှို့ကျီသည် ရေမွှာ ခက်ခက်ခဲခဲ ပေါက်ခဲ့ပြီး ပြင်းထန်စွာ သွေးထွက်နေခဲ့သည်။ ‌ရွှယ်ချွမ်သည် တောင်တောင် မြောက်မြောက် အလုပ်ရှုပ်နေခဲ့သည်။ ဆရာဝန်က လူကြီးကို ကယ်မလား သို့မဟုတ် ကလေးကို ကယ်တင်ရမလားလို့ မေးတဲ့အခါ သူက တုံ့ဆိုင်းခြင်းမရှိဘဲ လူကြီးဟု ပြောခဲ့သည်။ သူမသည် အိမ်သာထဲမှ ထွက်လာချိန်မှာတော့ ဒီမြင်ကွင်းကို မြင်ခဲ့ရသည်။ သူမ၏ နှလုံးသားသည် ငြူစူခြင်းနှင့် မနာလိုခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

ခင်ပွန်းသေဆုံးမှုအကြောင်း မပါရင်တောင် သူမ ခင်ပွန်း၏ မိသားစုက သူမကို ကြမ်းတမ်းစွာ ဆက်ဆံခဲ့သည်။ ဒီမိန်းမကို သူ့ယောင်္ကျားက ဂရုတရိုက်ရှိနေတုန်းပင်။ ဘုရားသခင်သည် သူမအတွက် တရားမျှတမှု မရှိဟု သူမ ခံစားခဲ့ရသည်။

သူမလည်း မိန်းမတစ်ယောက် ဖြစ်သည်။ သူမသည် ကံဆိုးလွန်းပြီး အခြားတစ်ယောက်လို ခင်ပွန်း၏ ချစ်ခြင်းမေတ္တာကို ဘာလို့ မရတာလဲ?

ထို့ကြောင့် သူနာပြုဆရာမက လင်မယားနှစ်ယောက်ရဲ့သမီးကို ရေချိုးဖို့ ကူညီပေးတဲ့အခါ သူမသည် ကလေးကို လဲလှယ်ဖို့ အခွင့်အရေးယူခဲ့သည်။

သူမ သမီးသည် ကံမကောင်းတဲ့ မကောင်းဆိုးဝါး လူပြန်ဝင်စားတာလို့ သူမ ခံစားခဲ့ရသည်။ သူမကို ဇနီးမောင်နှံလက်သို့ ပို့လိုက်လျှင် ကံဆိုးမှုတွေသည် သူမ သမီးနှင့်အတူ ဇနီးမောင်နှံနောက်သို့ လိုက်သွားပေလိမ့်မည်။

သူမသည် ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်၏ သမီးကို သူမ၏ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများကြားမှ အဝေးသို့ အမြန် ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ယွင်လိုင်မြို့မှ ထွက်ခွာကာ ခရိုင်ရှိ သူမ မိခင်အိမ်သို့ ပြန်ခဲ့သည်။

အစက သူမသည် လဲလှယ်ထားသော ကလေးကို ရောင်းချတာ သို့မဟုတ် စွန့်ပစ်လိုခဲ့သည်။ ဒါပေမယ့် နောက်ပိုင်းမှာ တစ်စုံတစ်ယောက်က သူမရဲ့ လက်ရှိခင်ပွန်း ကျန်းလိုင်ဖုနဲ့ မိတ်ဆက်ပေးခဲ့သည်။

ကျန်းလိုင်ဖုသည် မျိုးမပွားနိုင်သောကြောင့် သူသည် အထုပ်အပိုးပါပြီးသော အမျိုးသမီးတစ်ဦးကို တမင်တကာ ရှာဖွေခဲ့သည်။ ရလဒ်အနေနဲ့ အဲဒီအစီအစဥ်ကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။ သူမသည် ကလေးကို မြို့တော်သို့သာ ခေါ်သွားနိုင်ခဲ့သည်။

နောက်ပိုင်းတွင် သားလေးယောက်ကို မွေးဖွားခဲ့ပြီး သူမကိုယ်တိုင် မထိန်းနိုင်တော့ပေ။ ထိုအချိန်တွင် ကျန်းယွဲ့မင်သည် အိမ်မှုကိစ္စများကို လုပ်နိုင်နေပြီ ဖြစ်သည်။ မိန်းကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့က အများကြီး မကုန်ကျပါ။ အခုချိန်မှာတော့ သူမသည် အိမ်မှုကိစ္စတွေကို ကူညီပေးနိုင်ပြီး ကလေးတွေကို ပြုစုစောင့်ရှောက်နိုင်သည်။ ပိုအရွယ်ရောက်လာရင် သူတို့သည် လက်ဖွဲ့ငွေအဖြစ် ပြောင်းလို့ရသည်။

ထို့ကြောင့် ကျန်းယွဲ့မင်သည် ကျန်းမိသားစုတွင် အဲ့လိုမျိုး ကြီးပြင်းလာခဲ့သည်။ ထို့အပြင် ကလေးသည် သူမ၏ အထောက်အထားအကြောင်း ဘာမှမသိခဲ့ပေ။

ထောင်ယွီဖုန်၏ အကြောင်းရင်းကို လူတိုင်းသိပြီးနောက်တွင် လူတိုင်းသည် သူမက နေမကောင်းဖြစ်နေသည်ဟု ခံစားခဲ့ရသည်။

ချောင်ရှို့ကျီနဲ့ ရွှယ်ချွမ်တို့က သူမကို မစော်ကားခဲ့ပါ။ သူမမှာ ကိုယ်ပိုင် ပျော်ရွှင်မှု မရှိတာကြောင့် သူမသည် တခြားသူတွေကို မပျော်စေချင်တာခဲ့ပေ။ ဒီစိတ်​ဓာတ်​က ဘယ်​​လောက်​​တောင် ဆိုးရွားတာလဲ?

ထောင်ယွီဖုန်သည် နောက်ဆုံးတွင် ကလေးခိုးမှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရသည်။ ကျန်သည့် ကျန်းမိသားစုသည် သူတို့က မည်သည့်ပြစ်မှုမှ မကျူးလွန်သောကြောင့် အမြန်ပြန်လွှတ်ပေးခဲ့သည်။

ဝူကောအန်းရဲ့ သိမ်းပိုက်ထားတဲ့အိမ်ကို ချက်ချင်းပြန်ပေးဖို့ အမိန့်ထုတ်ခဲ့သည်။ ကျန်းမိသားစု၏ အငယ်ဆုံးညီသည် အိမ်အပြင်သို့ နှင်ထုတ်ခံခဲ့ရသည်။

ဒါတင်မကသေးဘဲ မောင်မိသားစုကလည်း သူ့အလုပ်ဌာနသို့ အဲ့တာကို လူသိရှင်ကြားဖြစ်အောင် လူတွေအား ပိုစတာကြီးကြီး ရေးခိုင်းခဲ့သည်။

ယနေ့ခေတ်တွင် အကျင့်စရိုက်သည် အလွန်အရေးကြီးနေသေးသည်။ ကျန်းမိသားစု၏ ညီသည် ဘာလုပ်ခဲ့သည်ကို အလုပ်မှ သိရှိပြီးနောက်တွင် သူတို့သည် ချက်ချင်းဆိုသလို သူ့ကို မကောင်းတဲ့ကောင်လို့ ပြောဆိုခဲ့သည်။

ကျန်းယွဲ့မင်သည် ဤအဖြစ်အပျက်များကြောင့် တုန်လှုပ်သွားခဲ့ပြီး သူမသည် ဘယ်လို တုံ့ပြန်ရမည်ကို အချိန်အတော်ကြာ မသိခဲ့ပေ။

သူမသည် ကျန်းမိသားစု၏ သမီးမဟုတ်ကြောင်း သိခဲ့ရသည်။

ကျန်းလိုင်ဖုသည် သူမ၏ ဖခင်အရင်းမဟုတ်ရုံသာမက ထောင်ယွီဖုန်သည်လည်း သူမ၏ မိခင်အရင်းမဟုတ်ပေ။

တကယ်တော့ ကျန်းလိုင်ဖု သူမရဲ့ ဖခင်အရင်းမဟုတ်မှန်း သူမ ခန့်မှန်းပြီးသားပင်။ သူမ ငယ်ငယ်တုန်းက တခြားကလေးတွေက သူမကို ကောက်ရထားတဲ့ ကလေးလို့ ခေါ်ခဲ့ကြသည်။ နောက်ပိုင်းမှာတော့ သူမ အမေက နောက်အိမ်ထောင်ပြုကြောင်း သိခဲ့ရပြီး သူမ အမေက သူမအား မိသားစုထဲကို ခေါ်သွင်းခဲ့တာလို့ ထင်ခဲ့သည်။

ကျန်းမိသားစုက သူမကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့သည်။ သူမတွင် အခြားသွားစရာ နေရာမရှိသောကြောင့် သူမသည် တိတ်တဆိတ်ပဲ မသိဟန်ဆောင်နေခဲ့ရသည်။

ထို့အပြင် ထိုအချိန်က ကျန်းလိုင်ဖုမှလွဲ၍ လူတိုင်းသည် သူမ၏ သွေးသားဆွေမျိုးများဟု သူမ ထင်ခဲ့သည်။ တစ်မိသားစုလုံးက သူမနှင့် မတော်စပ်ကြောင်းကို သူမစိတ်ထဲ ဘယ်တော့မှ မတွေးမိခဲ့ပေ။

ဒေါသဖြစ်စရာမှာ သူမသည် အလွန်ပျော်ရွှင်စရာကောင်းသော မိသားစုကို ပိုင်ဆိုင်နိုင်ခြင်းကြောင့်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး လိုက်လျောညီထွေရှိသော မိဘဆက်ဆံရေးနှင့် မောင်နှမ ဆက်ဆံရေးကောင်းများ ရှိသည်။ သို့သော်လည်း ထောင်ယွီဖုန်က အဲ့တာကို ဖျက်ဆီးပစ်လိုက်သည်။

ထောင်ယွီဖုန်က သူမကို လဲလှယ်ခဲ့သည်။ သူမသည် သူ့ကို ကောင်းကောင်း ဆက်ဆံရင် အဲ့တာက အဆင်ပြေပါသည်။ ဒါပေမယ့် ငယ်ငယ်ကတည်းက သူမသည် သူ့ကို ရိုက်နှက်တာ၊ ဆူပူကြိမ်းမောင်းတာမျိုး လုပ်ခဲ့သည်။

ငယ်ငယ်တုန်းက သူမသည် သူ့ကို ဘာကြောင့် ဒီလောက် မုန်းတီးခဲ့ရတာလဲဆိုတာ သူ နားမလည်ခဲ့ဘူး။ ယခုတော့ သူသည် သူ့သမီး မဟုတ်ကြောင့်ဆိုတာကို နောက်ဆုံးတော့ သူနားလည်သွားသည်။

ကျန်းမိသားစုက သူမနဲ့ ဘာမှမသက်ဆိုင်ပေ။ အဲဒီနေ့က သူမကို ကူညီခဲ့တဲ့ မိန်းကလေးက သူမ တူမပင်။

ပြန်ဆုံတဲ့နေ့မှာ ကျန်းယွဲ့မင်... မဟုတ်ဘူး ချောင်ယွဲ့မင်က သူမ အမေကို ပွေ့ဖက်ပြီး ကလေးလို ငိုခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင် သူမရဲ့ နာကျည်းမှုတွေနဲ့ ‌ခံစားခဲ့ရတာတွေ အားလုံးကို ငိုချချင်ခဲ့သည်။

ချောင်ရှို့ကျီ၏ စိတ်နေစိတ်ထားသည် မည်သည့် ယောင်္ကျားထက်မဆို သန်မာသည်။ သူမသည် အမြဲမျက်ရည်မကျဘဲ သွေးသာကျခဲ့သည်။ ဒါပေမယ့် အခုအချိန်မှာတော့ သူမသည် သူမ သမီးကို ပွေ့ဖက်ထားပြီး မငိုဘဲ မနေနိုင်ခဲ့ပေ။

ဒီမြင်ကွင်းကို တခြားသူတွေက မြင်တော့ မျက်လုံးတွေ နီရဲလာကြသည်။

သာ့ချောင်သည် သူမ၏ ဝမ်းကွဲမောင်လေးကို မှီပြီး မျက်နှာ အနည်းငယ် နီလာကာ ငိုကြွေးနေခဲ့သည်။

ရှောင်ယွီက ဘာဖြစ်နေတာလဲ နားမလည်ဘူး။ သူ့အချစ်ဆုံးအစ်မ ငိုနေတာကို မြင်တော့ သူသည် သူမ မျက်ရည်တွေကို သူ့ရဲ့ နူးညံ့တဲ့လက်နဲ့ ချက်ချင်းသုတ်လိုက်ပြီး "မမ မငိုပါနဲ့။ မမ ဘယ်နေရာ နာနေလို့လဲ? ရှောင်ယွီက မမကို မှုတ်ပေးမယ်။"

ကလေးရဲ့ ရှုထောင့်ကနေကြည့်ရင် ဘယ်လောက်ပဲ နာကျင်နေပါစေ မှုတ်ပေးရုံနဲ့ အဲ့တာက အဝေးကို ပျောက်ကွယ်သွားလိမ့်မည်။

သာ့ချောင်က သူ့ခေါင်းကို ပွတ်သပ်ပြီး နူးညံ့စွာ ပြုံးလိုက်ပြီး "မမ မနာပါဘူး။ ရှောင်ယွီက လိမ္မာတဲ့ကောင်လေးပဲ!"

ချီးကျူးခံရတော့ ရှောင်ယွီက ပါးစပ်ကို အုပ်ပြီး ရှက်ပြုံးလေး ပြုံးလိုက်သည်။

All Chapters