← Chapters

အခန်း (၁၄၂၀)

Vol. 96 Ch. 1420

အခန်း (၁၄၂၀)

Vol. 96 Ch. 1420

ပြိုင်စံရှားဂိုဏ်း ပြုလုပ်သည်ကို သိရှိပြီးနောက် များပြားလှသော ဂိုဏ်းအသီးသီးမှ အကြီးအကဲအားလုံးသည် ဖူးရှင်းဂိုဏ်းအတွက် အမှန်တရားရှာဖွေမည်ဆိုသည့် အကြောင်းအရာမှ ဖယ်ခွာကာဖြင့် ရုတ်တရက် ထထွက်သွားတော့၏။

ဟောခန်းမကြီး တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး မည်သူ့မှလည်း မရှိတော့ချေ။

လင်းယွမ်အစစ်အမှန်ဂိုဏ်းကို သူတို့သည် ရန်ပြု၍ မရချေ။ ထို့ပြင်ကြီးမြတ်သူတုံကု၏တပည့်ကိုလည်း ပြဿနာရှာ၍ မရချေ။ ကြီးမားပြီး အားကောင်းလှသည့် နောက်ခံကို ပိုင်ဆိုင်သောကြောင့် အခြေအနေသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ခြင်းပင် ဖြစ်၏။

သို့ပေမဲ့ တစ်စုံတစ်ချို့သော သူများမှာတော့ မေပျာ်မရွှင်ဖြစ်လို့နေ၏။ ထိုအရာသည် လောကကြီးတစ်ခုလုံးကို စီမံခန့်ခွဲနေသည့် နယ်မြေဟောခန်းပင် ဖြစ်လေသည်။။

"သူတို့က ဒီလိုပဲ ဖူးရှင်းဂိုဏ်းတစ်လုံးကို ဖျက်ဆီးပြီးတော့ သူတို့လုပ်ပါတယ်လို့ လောကကြီးကို ဝန်ခံလိုက်တယ် ဟုတ်လား။ မောက်မာလွန်းပြီးတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ ပုံ ပေါ်နေတာ မဟုတ်လား"

"ကျုပ်တို့ကိုလည်း ဂရုမစိုက်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲလေ"

အထက်နယ်မြေသည် အောက်နယ်မြေထက်ပို၍ ရက်စက်လွန်းလှသည် ဆိုသော်လည်း နိယာမနှင့် စည်းမျဉ်းစည်းကမ်း မှာတော့ ပို၍ပြည့်စုံလှ၏။ နယ်မြေဟောခန်းသည် ဂိုဏ်းတစ်ခုဖျက်ဆီးခံရသည့်အတွက် ဝင်ရောက်၍ ပါဝင်နေမည် မဟုတ်ချေ။ သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ ထင်သလောက် မရိုးရှင်းလှချေ။

"ချီးတဲ့မှ"

ခမ်းနားထည်ဝါလှသည့် အဘိုးအိုတစ်ယောက်သည် ပြောလိုက်၏။ "ကြီးမြတ်သူတုံကုရဲ့ အထောက်အပံ့ကို ရထားတာကြောင့် အထက်နယ်မြေမှာ လုပ်ချင်တိုင်း လုပ်လို့ရနေပြီလို့ ကျွင်းချောင်ရှောင်းက ထင်နေတာလား။ သူက ဒီကိုရောက်လာတာ နှစ်နှစ်ပဲ ရှိသေးတယ်။ ဒီတိုင်းသာ စိတ်သဘောကျ လွှတ်ထားရင် လောကကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်ကုန်မယ်"

တစ်စုံတစ်ယောက်သည် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။ "မဟုတ်သေးဘူး။ ငါတို့ ကြီးမြတ်သူတုံကုဆီကနေ ဖြေရှင်းချက် သွားတောင်းရမယ်"

မူလဖြင့် သူတို့သည် ဖူးရှင်းဂိုဏ်းကဲ့သို့ သေးငယ်လှသည့် ဂိုဏ်းလေးအား စာနာသနားနေမည် မဟုတ်ချေ။ သို့ပေမဲ့ ၎င်းတို့သည် အားလုံး၏အမြင်၌ တရားရေးရာကို ထိန်းချုပ်သည့် လူများအဖြစ် တည်ရှိနေသေး၏။

ခင်ဗျားတပည့်က ဂိုဏ်းတစ်ခုကို ဖျက်စီးခဲ့ရုံတင် မကဘူး။ သူတို့လုပ်ခဲ့ပါတယ်ဆိုပြီးတောင် တစ်လောကလုံးကို ကြေညာလိုက်သေးတယ်။ ဒါက ကျုပ်တို့အနေနဲ့ သူကို ဘာမှမလုပ်နိုင်ဘူးဆိုပြီး တစ်လောကလုံးကို ပြောချင်နေတာလား

ပြောနေစရာပင် မလိုအပ်ချေ။ ထိုသို့သော ရည်မှန်းချက်မျိုး ကျွင်းချောင်ရှောင်းတွင် အမှန်ပင်ရှိခဲ့၏။ အထက်နယ်မြေသို့ မရောက်ရှိခင်ကတည်းက သူသည် နယ်မြေဟောခန်းကို သဘောတွေ့ခဲ့သူ မဟုတ်ချေ။

ယခုအချိန်၌ သူ့တွင် အားကောင်းလှသော နောက်ခံတည်ရှိနေသောကြောင့် တစ်ဖက်ကို လုံးဝ မျက်နှာသာပေးလိမ့်မည် မဟုတ်ချေ။ ထို့ပြင် ဖူးရှင်းဂိုဏ်းသည် သူ့အား နှစ်ကြိမ်တိတိ လှည့်စားခဲ့၏။ အထူးသဖြင့် အငှားဓား အသုံးပြု၍ သူ့အားသတ်ဖြတ်ရန်ပင် ကြံစည်ခဲ့သေး၏။

သူ၏ဆရာသည်သာ အချိန်မှီရောက်ရှိလာခြင်း မရှိပါက ပြိုင်စံရှားဂိုဏ်းအနေဖြင့် လင်းဝေအစစ်အမှန်ဂိုဏ်း၏ သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရမှာ သေချာသည်။

ထိုကဲ့သို့သော အခြေအနေမျိူး ကြုံလာသည်ဆိုပါက ဤတရားမျှတပါသည်ဆိုသော နယ်မြေဟောခန်းမှ လူများသည် တရားမျှတမှုကို သွားကာ တောင်းဆိုပေးလိမ့်မည်လား။ အဖြေသည် လုံးဝအဖြစ်နိုင်ချေ။

အဘယ့်ကြောင့်ဆိုသော် အစစ်အမှန်ဂိုဏ်းတစ်ခုသည် ဘာမှမဟုတ်သည့် ဂိုဏ်တစ်ခုအား ဖျက်စီးခြင်း ဆိုသည်မှာ သာမန်ပင် ဖြစ်ပေလိမ့်မည်။ ဂိုဏ်းများကြားရှိ ရန်ငြိုးရန်စများကြောင့် သတ်ဖြတ်သည်အထိ ဖြစ်ပွားခြင်းမှာ အလေးအနက်ထားစရာ ကိစ္စမျိုးမဟုတ်ချေ။ ထိုသို့သောအရာမျိုးကို နယ်မြေဟောခန်းသည် ဝင်ရောက်ပက်သတ်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဤတစ်ကြိမ် ပါဝင်ပတ်သက်ရသည့် အဓိကအကြောင်းအရာသည် ကျွင်းချောင်ရှောင်း ထိုကိစ္စကို လူသိရှင်ကြား ကြေညာလိုက်သောကြောင့်ပင် ဖြစ်၏။

ထိုအရာသည့် သူတို့အားရန်စခြင်းပင် ဖြစ်၏။ ထိုကဲ့သို့သော တရားဝင်ထုတ်ပြန်ခြင်းကို မပြုလုပ်သည်ဆိုပါက သက်သောင့်သက်သာ နေထိုင်နိုင်သေး၏။ သို့ပေမဲ့ ပြုလုပ်လိုက်သည်ဆိုမှတော့ အဓိကဂိုဏ်းများသည် သူတို့အား ဘာထင်တော့မည်နည်း။

တစ်လောကလုံးသည် သူ့အား ဘာထင်တော့မည်နည်း။

"သူ့ကိုရှာလိုက်။ ကျုပ်တို့သူ့ကို တွေ့အောင်ရှာရမယ်"

နယ်မြေဟောခန်းအတွင်းမှာတော့ အကြီးအကျယ်ဆုံးသော အငြင်းပွားမှုများ ဖြစ်ပေါ်နေ၏။ နောက်ဆုံးမှာတော့ သူတို့သည် ကြီးမြတ်သူတုံးကုအား ရှာဖွေရန် ဆုံးဖြတ်ခဲ့၏။

ခင်ဗျားတပည့်က ကျုပ်တို့ကို ခက်ခဲတဲ့ပြဿနာတွေ လာပြီးပေးတယ်။ ဒီတော့ ခင်ဗျားအနေနဲ့သာ ဝင်ပြီး မကာကွယ်ဘူးဆိုရင် ကျုပ်တို့က အထက်နယ်မြေတစ်ခုလုံးကို ဘယ်လိုလုပ်ပြီး စံမံခန့်ခွဲလို့ ရတော့မှာလဲ။

"အားလုံးပဲ"

ဂုဏ်သိက္ခာထည်ဝါလှသော အဘိုးအိုတစ်ယောက်က ပြောလိုက်သည်။ "ဒါဆိုရင် ကြီးမြတ်သူတုံကုဆီ ဘယ်သူသွားမှာလဲ"

"…...."

ထိုသူပြောလိုက်သည်နှင့် အားလုံးသောသူများသည် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ ကျေနပ်လောက်စရာ စကားများကို ထုတ်ဖော်ပြောကြသည်ဆိုသော်လည်း တစ်ကယ်တမ်း သွားရောက်ရမည်ဆိုပါက အားလုံးသောသူများသည် ထိတ်လန့်ကြောက်ရွံ့နေကြ၏။

ထို့အပြင် လွန်ခဲ့သည့် နှစ်နှစ်တုန်းက ကြီးမြတ်သူတုံကုသည် ပြိုင်စံရှားဂိုဏ်းရှေ့တွင် မတ်မတ်ရပ်ကာဖြင့် မွန်းစတား ကလန်များကြားတွင် သူ၏တပည့်ကို မားမားမတ်မတ် ကာကွယ်ပေးခဲ့သည်ကို အားလုံးသောသူများက သိရှိပြီးဖြစ်ကြသည်။

"ကျွန်မ သွားမယ်"

အဓိကဟောခန်း၏ အပြင်ဘက်မှ အသံတစ်သံထွက်ပေါ်လာ၏။ အားလုံးသောသူများသည် လှမ်းကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ တံခါး၏ရှေ့တွင် မတ်တပ်ရပ်နေသည့် ဧကရီလင်းရောင်အား မြင်လိုက်ရ၏။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တိမ်များမြူများဖြင့် ဖုံးလွှမ်းလျက် ရှိနေ၏။

"ကောင်းပြီ"

နယ်မြေဟောခန်းသည် ချက်ချင်းပဲ သဘောတူညီလိုက်ကြ၏။ ၎င်းတို့သည် ဤအမျိုးသမီးကို မနှစ်သက်ဘူးဆိုသော်လည်း သူမသည် လုပ်ရည်ကိုင်ရည်ရှိသည်ကိုတော့ ဝန်ခံရပေလိမ့်မည်။ မဟုတ်ပါက အထက်နယ်မြေသို့ တက်လှမ်းပြီးနောက် နှစ်ပေါင်းတစ်ထောင်အတွင်း အမြူတေအသွင်ပြောင်းခြင်း အဆင့်ကိုးဆီသို့ ရောက်ရှိလာလိမ့်မည် မဟုတ်ချေ။

တစ်ရက်တည်းမှာပဲ နယ်မြေဟောခန်းသည် ဖူးရှင်းဂိုဏ်းဖျက်စီးခံရသည့်အတွက် သူတို့ကိုယ်တိုင် ထုတ်ဖော် ဖြေရှင်းမည်ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့၏။ ထိုအရာသည် ကျွင်းချောင်ရှောင်း၏ ဆရာမှာ ကြီးမြတ်သူတုံကုဖြစ်လျှင်တောင်မှ ကြောက်လန့်မနေဘဲ မိမိလုပ်စရာရှိရာ လုပ်မည်ဟူသည့် အဓိပ္ပာယ်ပင် ဖြစ်၏။

"သတ္တိကောင်းလိုက်တာ။ ဘာတွေဖြစ်လာမလဲဆိုတာ ငါတို့စောင့်ကြည့်ကြမယ်"

………..

ပြိုင်စံရှားဂိုဏ်း

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းတွင် မှုန်ကုတ်ကုတ်နှင့် ထိုင်လျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် သူသည် ဂိုဏ်းတစ်ခုကို ဖျက်ဆီးပြီးနောက် သူသည် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းခန့်ကိုသာ ရရှိခဲ့သောကြောင့်ပင်။ ယခုထက်လည်း ပို၍မရနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ပိုင်စီးလီသည် သူ၌ရှိသော ပစ္စည်းများကို ရောင်းချကာ လင်းဝေဂိုဏ်းဆီ ပေးအပ်ခဲ့ရသောကြောင့်ပင်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူသည် စုမိဆောင်းမိ သိပ်မရှိလှချေ။ သို့ပေမဲ့ ဖူးရှင်းဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်များ အားလုံးကို သူယူဆောင်လာခဲ့၏။ ထိုအရာများသည် အဆင့်မြင့်မားသော နည်းစနစ်မျိုး မဟုတ်ဘူးဆိုလျှင်တောင်မှ ကျင့်ကြံခြင်းခန်းမတွင်ရှိနေသော သိုင်းကျင့်ကြံခြင်းနည်းစနစ်များနှင့် အကျွေင်းချောင်ရှောင်းသည် သူ၏နှဖူးကို လက်ဖြင့်ရိုက်ကာ ပြောလိုက်၏။ "ငါ့ဆီမှာ ဂိုဏ်းရဲ့ အဆောက်အအုံကို အတင့်မြင့်တင်နိုင်တဲ့ အရာတစ်ခု ရှိနေသေးတာပဲ။ ငါဒါကို အသုံးမပြုရသေးဘူးပဲ။ ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်ကို အဆင့်မြင့်တင်အောင် ပြုလုပ်ရမယ်"

စိတ်ဝိညာဉ်ခန်းမဆောင်အတွက်တော့ သူသည် ထိုအရာကိုကျော်လိုက်မှ ဖြစ်ပေလိမ့်မည်။ အခြား ရွေးချယ်စရာလည်း မရှိချေ။ စိတ်ဝိညာဉ်ခန်းမဆောင်ဆိုသည်မှာ တပည့်များ၏ လက်နက်များကို အသက်သွေး စိတ်ဝိညာဉ် ထည့်သွင်းရသည့် ခန်းမဆောင်တစ်ခုသာ ဖြစ်၏။ လက်ရှိအချိန်မှာတော့ ထိုအရာသည် အသုံးမဝင်လှချေ။

“ဒင် … ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်သည် အဆင့်မြင့်တင်ခဲ့၏။ "

အဆင့်မြင့်တင်ပြီးနောက် ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ပဲ ထိုအရာထဲသို့ ဝင်ရောက်ကာ ကြည့်ရှုလိုက်၏။

သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်သည့် အမူအရာများနှင့် ပြည့်နှက်လျက်ရှိ၏။ အဆင့်မြင့်တင်ပြီးနောက် ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်သည် ကြီးကြီးမားမား ပြောင်းလဲမသွားခဲ့ချေ။ အထဲတွင်ရှိနေသည့် သိုင်းနည်းစနစ်များသည်လည်း ပုံမှန်အတိုင်းသာ ဖြစ်၏။ သို့ပေမဲ့ သိုင်းနည်းစနစိများ၏ရှေ့တွင် အဆင့်မြင့်တင်ထားသော ဟူသည့်စာလုံးများ ထင်ပေါ်လာခဲ့တော့၏။ သိုင်းနည်းစနစ်များမှာ အရင်တိုင်းသာဖြစ်သည်။

သို့ပေမဲ့ လုပ်ဆောင်နိုင်မှုသည် အဆင့်မြင့်တင်ပြီးသား ဖြစ်၏။ ကျွင်းချောင်ရှောင်း၏ မျက်နှာသည် စပ်ဖြီးဖြီးနှငိ့ ဖြစ်သွားခဲ့၏။ သိုင်းနည်းစနစ်များမှာ ပြောင်းလဲခြင်းမရှိချေ။ သို့ပေမဲ့ မူလအခြေခံမှစ၍ အဆင့်မြင့်တင်ပြီး ဖြစ်နေ၏။ ဆိုလိုသည်မှာ ဓာတ်ငါးပါးနည်းစနစ်၊ စကြာဝဠာကိုးခုလက်ဝါးရိုက်ချက်နှင့် အခြားသော နည်းစနစ်များအားလုံးသည် ပြန်လည်အသုံးပြုနိုင်ပြီဖြစ်၏။

ထို့ကြောင့် သိုင်းနည်းစနစ်များကို စုစည်းကာဖြင့် အသစ်တစ်ခုရအောင် လဲလှယ်ရန် မလိုအပ်တော့ချေ။

"စမ်းကြည့်ရမယ်"

ကျွင်းချောင်ရှောငိးသည် ခြေချိတ်ထိုင်လိုက်၏။ ပြီးနောက် ဓာတ်ငါးပါးကောင်းကင်နည်းစနစ်ကို လှည့်ပတ်ကြည့်လိုက်၏။ ချက်ချင်းပဲ အလွန်အားကောင်းလှသည့် ဓာတ်ငါးပါးစွမ်းအင်များသည် တည်နေရာအနှံ့မှ ရောက်ရှိလာပြီး သူ့၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်နေသည်ကို အာရုံခံမိလိုက်၏။ ဤကဲ့သို့ ဝင်ရောက်လာသည့် ပမာဏသည် အရင်ကထက်ပိုကာ အားကောင်းလျက်ရှိနေ၏။

"ချီးတဲ့မှ"

စိတ်ဝိညာဉ်သားရဲခန်းမဆောင်ကို အဆင့်မြင့်တင်ပြီးနောက် ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုဖြစ်ကြောင်း သိရှိနားလည်မိ၏။ သို့ပေမဲ့ ကျင့်ကြံခြင်းခန်းမဆောင်ကို အဆင့်မြှင့်တင်လိုက်ခြင်းသည် သူ့အား တမဟုတ်ချင်း တိုးတက်သွားစေ၏။

အဘယ့်ကြောင့်ဆိုသော် သူ့အနေဖြင့် အဆင့်မြင်တင်ထားသော ကျင့်ကြံခြင်းနည်းစနစ်များကို နားလည်ရန် မလိုအပ်ချေ။ ထိုအရာကို လှည့်ပတ်လိုက်သည်နှင့် တစ်ပြိုင်နက် သိရှိနားလည်ပြီးသား ဖြစ်နေတော့သည်။

ကျွီ

တစ်နေကုန် ကြွက်သားတည်ဆောက်ခြင်းအခန်းတွင် လေ့ကျင့်ခဲ့သည့် ရီရှင်းချန်သည် ပင်ပန်းနွယ်နယ်လွန်းနေသည့် ခန္ဓာကိုယ်ကြီးကို တရွတ်တိုက်ဆွဲကာ သူ၏အိပ်ခန်းဆီသို့ ပြန်လာခဲ့၏။ ပြီးနောက် တံခါးကိုပိတ်လိုက်သည်။ ထုံးစံအတိုင်း ခြေချိတ်ကာ ထိုင်လိုက်ပြီးနောက် ဓာတ်ငါးပါးကောင်းကင်နည်းစနစ်ကို လှည့်ပတ်ကြည့်လိုက်၏။

သူ့တွင် နှလုံးသားအလင်းကျမ်းစာကဲ့သို့ အားကောင်းလှသည့် သိုင်းနည်းစနစ် တည်ရှိသည်ဆိုသော်လည်း အရင်ကျင့်ကြံခြင်းနည်းစနစ်အဟောင်းများကို လှည့်ပတ်ကျင့်ကြံရန်အတွက် မမေ့လျော့ခဲ့ချေ။ သို့ပြင် သူသည် ဓာတ်ငါးပါးနှင့်ပတ်သတ်သည့် ကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်နေသည့် လူတစ်ယောက် မဟုတ်ပါလား။

ဟူး

ဓာတ်ငါးပါးကောင်းကင်နည်းစနစ်ကို အကြိမ်အနည်းငယ်လောက် လှည့်ပတ်ကြည့်ပြီးနောက် ရီရှင်းချန်၏ မျက်နှာသည် အေးခဲသွားခဲ့၏။ အခန်းထဲရှိ ဓာတ်သဘာဝများသည် အရင်ကထက် အစပေါင်းများစွာ အားကောင်းလာသည်ကို အတည်ပြုပြီးနောက် သူသည် ထိတ်လန့်တကြား ထကာအော်လိုက်၏။ "ဘာတွေဖြစ်ကုန်တာလဲ"

ကျွင်းချောင်ရှောငိးသည် ကျင့်ကြံခြင်းခန်းမဆောင်ကို အဆင့်မြှင့်တင်ပြီးနောက် ဆန်းကြယ်လှသည့် ဓာတ်ငါးပါးနည်းစနစ်များသည် ပြိုင်စံရှားဂိုဏ်း၏ ကောင်းကင်တွင် ဖြစ်တည်လာခဲ့၏။ ထို့ကြောင့် တပည့်များသည် ပိုမိုအားကောင်းသည့် အခြေအနေသို့ ရောက်ရှိကုန်ကြသည်။

နောက်တစ်ရက်မှာတော့ တပည့်များသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထက်တွင် စုဝေးလျက် ရှိနေကြ၏။

"အမှန်ပဲ"

ကျွင်းချောင်ရှောင်းသည် အရှေ့တွင် မတ်မတ်ရပ်လိုက်ပြီးနောက် သံမဏိအရိုးဂိုဏ်းဟု ရေးထိုးထားသည့် ဆိုင်းဘုတ်ကြီးကို ဦးညွှတ်လိုက်၏။ ပြီးနောက် လေးလေးနက်နက်ဖြင့် ပြောလိုက်သည် "ဂိုဏ်းရဲ့ ဘိုးဘေးတွေအကုန်လုံးက ငါတို့တွေရဲ့ ကြိုးစားမှုတွေကို ကောင်းကောင်းသိရှိတယ်လေ။ ဒါကြောင့် ငါတို့တွေရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို အဆင့်မြင့်တစ်ခုဆီထိ နားလည်အောင် ပြုလုပ်ပေးခဲ့တယ်"

"သိပါပြီ"

တပည့်တွေအားလုံးသည် ညဏ်အလင်းရရှိသွားခဲ့ကြ၏။ ၎င်းတို့သည် ဓာတ်ငါးပါး ကောင်းကင်နည်းစနစ်ကို ပိုမိုနားလည်သည့် နည်းစနစ်ကို မည်ကဲ့သို့ ရရှိခဲ့သည် ဖြစ်ကြောင်းကို အံ့အားသင့်စရာ မလိုအပ်တော့ချေ။ ထို့အတူ အခြားသော နည်းစနစ်များကိုလည်း ပိုမိုကာ နားလည်လာခဲ့ကြ၏။ ဤအရာသည် ဂိုဏ်းဘိုးဘေးများ၏ ကောင်းချီးပင် ဖြစ်တော့၏။

"ကျေးဇူးပါပဲ ဘိုးဘေးတို့"

လေ့ကျင့်ရေးကွင်းပြင်တွင် ရှိနေကြသော တပည့်များသည် သံပြိုင်ဟော်ဟစ်လိုက်ကြ၏။ ဂိုဏ်း၏ ဘိုးဘေးများသည် ဘာမှန်းမသိသည့် နည်းစနစ်များဖြင့် သူတို့၏ သိုင်းနည်းစနစ်များနှင့် နိယာမများကို အဆင့်မြင့်တင်ပေးသည် ဆိုခြင်းအား ဟယ်ဝူတီ သည် မယုံကြည်ချေ။ ထိုအစားသူက တွေးလိုက်မိ၏။ "စီနီယာ သက်တန့်ရောင် သူတော်စင်က အထက်နယ်မြေမှာ ငါတို့ဂိုဏ်း အရမ်းအားနည်းနေပြီဆိုတာ သိလို့မှော်အစွမ်းအသုံးပြုပြီးတော့ ဂိုဏ်းကို တိုးတက်အောင် ပြုလုပ်ပေးတာပဲ ဖြစ်ရမယ်။ အံ့အားသင့်ရာပဲ။ အံ့အားသင့်စရာပဲ"

"ဂိုဏ်းချုပ်"

ထိုအချိန်မှာပဲ တပည့်တစ်ယောက်သည် လာရောက်ကာ သတင်းပေးပို့၏။ “လင်းဝေအစစ်အမှန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က လာတွေ့ပါတယ်"

“ဟမ်…”

ကျွင်းချောင်ရှောင်းသည် အနည်းငယ် အံ့အားသင့်မိသွားသည်။ "သူဘာလို့ ရောက်လာရတာလဲ"

အဓိကဟောခန်းအတွင်းမှာတော့ မိုင်ရှန်သည် ပြုံးပြုံး ပြုံးပြုံးနှင့် ထိုင်လျက် ရှိနေ၏။ ပြီးနောက် စားပွဲပေါ်သို့ သိုလှောင်လက်စွပ်အနည်းငယ်ကို ချကာပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းက အစောကြီးကတည်းက ဒီမှာမရှိဘူးလေ။ ဒါကြောင့် ကျုပ်ရဲ့လေးနက်မှုကို လာရောက်ပြသဖို့ ခက်ခဲနေခဲ့တာပါ။ အခုတော့ လက်ဆောင်ပစ္စည်း အနည်းငယ်ကို ယူဆောင်လာခဲ့တယ်လေ။ ကျုပ်တို့ကြားမှာရှိတဲ့ ရန်ငြိုးရန်စတွေ ပြေလည်သွားလိမ့်မယ်လို့ ထင်မှတ်မိပါတယ်"

ကျွင်းချောင်ရှောင်းတစ်ယောက် ဖူးရှင်းဂိုဏ်းကို ဖျက်စီးခဲ့ကြောင်း သူ သိရှိပြီး ဖြစ်နေ၏။ ထိုအရာသည် နယ်မြေဟောခန်းကိုပင် မပျော်မရွှင်ဖြစ်စေ၏။ သူ့အားလည်း ထိတ်လန့်ကြောက်ရွံ့စေ၏။ အဘယ့်ကြောင့်ဆိုသော် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းနှင့် ပတ်သက်သည့် ကိစ္စတွင် သူလည်း ပါဝင်နေသည် မဟုတ်ပါလား။

ပြိုင်စံရှားဂိုဏ်းသည် ဖူးရှင်းဂိုဏ်းတစ်ခုလုံးအား အဘယ့်ကြောင့် သွားရောက်ရှင်းပစ်သည်ကို အထက်နယ်မြေတစ်ခုလုံး က သိရှိလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်မိုင်ကတော့ ကောင်းကောင်း သိရှိနေ၏။ ထို့ကြောင့် ဖူးရှင်းဂိုဏ်းတစ်ခုလုံး ဖျက်စီးခံလိုက်ရသည့် သတင်းကို သိရှိပြီးနောက် သူသည် ငြိမ်ငြိမ်နေ၍မရတော့ချေ။

သေချာစဉ်းစားပြီးနောက် ကျွင်းချောင်ရှောင်းအား ပိုက်ဆံပေးရန် ဆုံးဖြတ်လိုက်တော့၏။ သူသည် အမှန်ပင် စဉ်းစားတွေခေါ်တတ်သူ တစ်ယောက်ဖြစ်၏။

"ဒါက …."

ကျွင်းချောင်ရှောင်းသည် အနည်းငယ် ရှက်ရွံ့သွားမိ၏။ ထို့ကြောင့် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ "ဒါဆိုရင်လည်း ဒီကျွင်းက အားနာပါးနာနဲ့ လက်ခံလိုက်ပါမယ်။ လာခဲ့ … အစားအသောက်နဲ့ ဝိုင်တွေ ပြင်ဆင်လိုက်ကြ"

တစ်ဖက်လူ၏ ငွေကို ယူဆောင်ပြီးဖြစ်သောကြောင့် သူအနေဖြင့် စားသောက်ပွဲတစ်ခု ပြင်ဆင်ပေးမှ ဖြစ်ပေလိမ့်မည်။ ဟင်းပွဲများ ရောက်ရှိလာပြီးနောက် ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ထကာဖြင့် ဝိုခွက်ကိုမြောက်ကာ ပြောလိုက်၏။ "ဂိုဏ်းချုပ်မိုင် … ကျုပ်တို့ရဲ့ ခင်မင်ရင်းနှီးမှုက ထာဝရထက် တစ်ရက်ပိုမယ်လို့ မျှော်လင့်မိတယ်"

"ထာဝရထက် နှစ်ရက်ပိုကြမယ်..."

…………

အထူးလိုဏ်ဂူကြီး၏ အဝမှာတော့ ကြီးမြတ်သူတုံကုသည် ထင်းရှုးပင်ကြီးအောက်၌ ခြေချိတ်ကာ ထိုင်လျက်ရှိ၏။ သူသည် မျက်မှောင်ကုတ်လျက် ရှိနေ၏။

သူ၏ ရှေ့တွင် မိန်းကလေးတစ်ယောက်သာ မရှိပါက ကျိန်းသေပေါက် ထ၍ဆဲဆိုနေမိမှာ သေချာသည် "ခွေးကောင်လေး။ ငါကို ပြဿနာရှာထားပြန်ပြီ ဟုတ်လား"

"စီနီယာတုံးကု"

ဧကရီလင်းရောင်သည် လေးလေးစားစားပြောလိုက်၏။ "အရိုးသားဆုံး ပြောရမယ်ဆိုရင် ကျွန်မကလည်း ရှင့်ရဲ့တပည့်နဲ့ တူညီတဲ့သေမျိုးစကြာဝဠာကနေ ရောက်ရှိလာတဲ့ သူပါပဲ"

"သြော်"

ကြီးမြတ်သူတုံးကုသည် ပြုံးလိုက်သည်။ "မင်းကနယ်မြေဟောခန်းရဲ့ ကိုယ်စားရောက်ရှိလာခဲ့တာလေ။ ကျုပ်ဆီက ရှင်းပြချက်တစ်ခုကို တောင်းချင်တာမဟုတ်ဘဲနဲ့ ကျုပ်နဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်တာလား"

"အမှန်ပါပဲ" ဧကရီလင်းရောင်က ပြောလိုက်သည်။

“ဟားဟားဟားဟား”

ကြီးမြတ်သူတုံကုက ရယ်မောလိုက်၏။ "ဒီလိုရိုးသားတဲ့ ဂျူနီယာတစ်ယောက်ကို တွေ့ရတာ အရမ်းကိုရှားပါးတာပဲ"

"တကယ်တော့ ကျွန်မက ကျွင်းချောင်ရှောင်းနဲ့ တူညီတဲ့ဌာနေဆီကနေ လာတာအပြင် ဆရာချင်းဝေရဲ့ တပည့်လည်း ဖြစ်နေသေးတယ်လေ။ ဆရာတုံးကုကို ဦးလေးလို့ခေါ်ဖို့ ထိုက်တန်တယ် ထင်တယ်" ဧကရီလင်းရောင်က ပြောလိုက်သည်။

ကြီးမြတ်သူတုံကုသည် အံ့အားသင့်သွားမိ၏။ "မင်းက အဲဒီ အရူးမကြီးရဲ့ တပည့်လား"

All Chapters