← Chapters

အခန်း (၁၄၂၂)

Vol. 96 Ch. 1422

အခန်း (၁၄၂၂)

Vol. 96 Ch. 1422

ကြီးမြတ်သူတုံးကုသည် တစ်ခြားသောကလန်များ၏ ရှေ့တွင် သူ့တပည့်ကို ရဲရဲဝံ့ဝံ့နှင့် ကာကွယ်ပေးရဲ၏။ သို့ပေမဲ့ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ဆယ်ဂိုဏ်းနှင့် ရင်ဆိုင်ရမည်ကို ကြားရသည့်အချိန်မှာတော့ တပည့်ခေါ်ဆောင်ခဲ့ခြင်း အတွက် နောင်တတရားပင် ရလို့လာခဲ့၏။

ဆိုလိုသည်မှာ ဤဂိုဏ်းကြီး ဆယ်ဂိုဏ်းသည် သူတတ်နိုင်သော အားအင်အဆင့်ထက် ပိုမိုကာ သာလွန်နေသည်ဆိုသော အဓိပ္ပာယ်ပင် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ကြီးမြတ်သူတုံးကု၏ နောင်တတရားသည် အသုံးမဝင်လှချေ။ အဘယ့်ကြောင့် ဆိုသော် သူသည် ကျွင်းချောင်ရှောင်းကို အတောင်ပံတပ်ပေးပြီးပြီဖြစ်နေသည်။

“စီနီယာ”

ဧကရီလင်းရောင်က ပြောလိုက်၏။ “အခု ထွက်သွားပါတော့မယ်။”

သူမ ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် ကြီးမြတ်သူတုံးကုသည် အသံပို့လွှတ်ကာ မေးလိုက်သည် “ရောင်းရင်းကြီး … ဘယ်လိုထင်လဲ။”

“ဒီမိန်းကလေးက မရိုးရှင်းဘူး။” မာဆာတိုကီတာနိုသည် အမှောင်ထဲမှ လျှောက်ထွက်လာခဲ့၏။ သူသည် ပြောဆိုနေ သည့်စကားများကို အတိုင်းသားကြားရှိခဲ့၏။

ကြီးမြတ်သူတုံးကုသည် မျက်မှောင်ကုတ်သွားသည်။ “ချင်းဝေက ဒီလိုမျိုး ရည်မှန်းချက်ကြီးမားတဲ့ တပည့်တစ်ယောက်ကို တကယ်ပဲ ခေါ်ယူခဲ့တာကိုး။”

တစ်ချို့သောစကားများကို သူအမှန်ပင် ယုံကြည်ခဲ့မိ၏။ သို့ပေမဲ့ တစ်ချို့သော စကားများကိုတော့ လုံးဝ မယုံကြည်ချေ။ ဥပမာအားဖြင့် သူမသည် သူမ၏ ဆရာကို ကလဲ့စားချေရန်အတွက် နယ်မြေဟောခန်းထဲသို့ ဝင်ရောက်နေထိုင်သည် ဆိုသည့် အကြောင်းအရာပင် ဖြစ်၏။ ထိုအရာသည် ယုတ္တိမတန်လှချေ။ နောက်ကွယ်တွင် တစ်ခြားသော အကြောင်း အရာများ တည်ရှိနေမှာ သေချာ၏။ လက်ရှိ သူ့ကို ပြောဆိုခဲ့သည့် အကြောင်းအရာများသည် အကြောင်းပြချက် တစ်ခုပေးခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ဧကရီလင်းရောင်နှင့် အရင်တုန်းက ပတ်သက်ဆက်နွယ်မှု မရှိခဲ့ချေ။ သို့ပေမဲ့ သူ သိရှိသလောက်ဆိုလျှင် ဧကရီလင်းရောင်သည် စည်းစနစ်ကျနစွာဖြင့် တစ်ခြားသူများကို စီမံအကွက်ချသည့် ကိစ္စများကို ပြုလုပ်တတ်သည့် လူတစ်ယောက်ဖြစ်ပေသည်။

သို့ပေမဲ့ ကြီးမြတ်သူတုံးကုကဲ့သို့ ကျင့်ကြံခြင်း လောကထဲတွင် ဝါရင့်နေသည့် အတွေ့အကြုံများလှသော အဘိုးအိုမှာတော့ စကားအနည်းငယ်ပြောလိုက်သည်နှင့် တစ်ဖက်သောသူများ၏ ရည်ရွယ်ချက်ကို သိရှိနေခြင်းမှာ သဘာဝပင်ဖြစ်ပေလိမ့်မည်။

“နယ်မြေဟောခန်းကို နောက်ခံပေးထားတာက အင်မော်တယ်အဆင့်ဂိုဏ်းကြီး ဆယ်ဂိုဏ်းပဲ။ ဒါပေမဲ့ ဒီမိန်းကလေးက သူတို့ကို ဖျက်ဆီးပစ်ချင်တယ်ဆိုရင် အောင်မြင်ကောင်း အောင်မြင်သွားနိုင်လိမ့်မယ်။” မာဆာတိုကီတာနိုက ပြောလိုက်၏။

“ချီးတဲ့မှ”

ကြီးမြတ်သူတုံးကု က ပြောလိုက်သည်။ “ဒီမိန်းကလေးသေးသေးလေးတစ်ယောက်က နှစ်ရှည်လများနေထိုင်ခဲ့တဲ့ ဂိုဏ်းကြီးတွေ၊ အဖွဲ့အစည်းတွေကို ဘယ်လို ဖြစ်ပြီး ဖျက်ဆီးနိုင်မှာလဲ။”

“ဒီလောကကြီးထဲမှာ စိတ်ဆန္ဒသာရှိတယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး။”

မာဆာတိုကီတာနိုသည် လေးလေးနက်နက် ပြောလိုက်၏။ “မဖြစ်နိုင်တဲ့ အကြောင်းအရာတွေ ပိုပြီးများလာလေ၊ ဖြစ်နိုင်မယ့် ကိစ္စတွေက ပိုပြီးများလာလေပဲ။ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေလည်း ဖြစ်လာနိုင်တယ်။”

“ဟမ့်”

ကြီးမြတ်သူတုံးကုက ပြောလိုက်သည်။ “ခင်ဗျား ဒီမိန်းကလေးအပေါ်ကို မျှော်လင့်ချက်ကြီးကြီးမားမား ထားထားတဲ့ပုံပဲ။”

“မဟုတ်ဘူး။”

မာဆာတိုကီတာနိုက ပြုံးကာ ပြောလိုက်၏။ “ကျုပ်က ခင်ဗျားရဲ့ တပည့်အပေါ်မှာပဲ မျှော်မှန်းချက်ကြီးကြီးမားမားထားထားတာ။ သူက အထက်နယ်မြေကို တက်လှမ်းပြီးပြီးချင်းမှာပဲ အဓိကဂိုဏ်း တော်တော်များများကို ပြဿနာရှာခဲ့တာလေ။ ဒီလိုမျိုး အဆင်အခြင်မဲ့ ပြုလုပ်တဲ့ လုပ်ရပ်မျိုးက သာမန်လူတွေ လုပ်နိုင်တဲ့ အရာမျိုးမဟုတ်ဘူး။”

ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ ကြီးမြတ်သူတုံးကုသည် ခေါင်းကိုက်သလိုပင် ခံစားလာမိ၏။ ထို့အပြင် ၎င်းတို့သည် ဆရာတပည့်များဖြစ်ကြ၏။ အနာဂတ်တွင် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ဆယ်ဂိုဏ်းကိုသာ တကယ်ကြီး သွားရောက်၍ ပြဿနာရှာသည်ဆိုပါက ကိုယ့်သေတွင်းကိုယ်တူးသည်နှင့် တူညီနေမည် မဟုတ်ပါလား။

“အရင်တုန်းက နယ်မြေဟောခန်းအနေနဲ့ အောက်နယ်မြေဆီမှာ အကျဉ်းထောင်တစ်ခုကို တည်ဆောက်ခဲ့တယ်ဆိုတာ သစ္စာဖောက်တွေကို ဖမ်းချုပ်ထားဖို့ပဲ။ ဒီကိစ္စကို လူတော်တော်များများက အသိအမှတ်မပြုကြဘူး။ သေမျိုးလောက ထဲမှာရှိတဲ့ လူတွေအကုန်လုံးကို အန္တရာယ်ဖြစ်စေမှာကို စိုးရိမ်မိလို့လေ။ ဒါပေမဲ့ သူတို့က အားလုံးရဲ့ ဆန္ဒကို ငြင်းပယ်ပြီးတော့ လုပ်ချင်ရာကို လုပ်ခဲ့တယ်။ အခု ခင်ဗျားရဲ့တပည့်က ကြယ်ကောင်းကင်ခံတပ်ကြီးကို ဖောက်ခွဲပစ်လိုက်တယ် ဆိုတော့ မဆိုးပါဘူး။” မာဆာတိုကီတာနိုက ပြောလိုက်သည်။

“အဲဒါကို ပြောမနေနဲ့တော့။”

ကြီးမြတ်သူ တုံးကုက ပြောလိုက်၏။ “ကျုပ် ခေါင်းတွေတောင်ကိုက်လာပြီ။”

ဤအရာသည် ကိစ္စသေးသေးလေးတစ်ခုသာဖြစ်တော့၏။ နယ်မြေဟောခန်းအနေနှင့် ဤအရာကို ဆက်လက်မစုံစမ်းဘူးဆိုသော်လည်း အန္တရာယ်တော့ တည်ရှိနေသေး၏။ အနာဂတ်တွင် ပေါ်ပေါက်သွားသည်နှင့် အင်မော်တယ် အဆင့် ဂိုဏ်းကြီး ဆယ်ဂိုဏ်းသည် သူ့ဆီသို့ ရောက်ရှိလာကာ ဖြေရှင်းချက်ကို တောင်းဆိုမှာ သေချာသည်။

ထိုကဲ့သို့သော ကိစ္စရပ်များသည် တကယ်သာဖြစ်ပွားလာပါက သူသည် အဝတ်ထုပ်ကို ဆွဲကာဖြင့် ထွက်ခွာ သွားရတော့မည်လား။ လွန်ခဲ့သည့် နှစ်နှစ်တုန်းက သူသည် အဓိက မွန်းစတားဂိုဏ်းတော်တော်များများနှင့် မျက်နှာ ချင်းဆိုင် ရင်ဆိုင်ခဲ့သည့်အချိန်က ပြောဆိုခဲ့ဖူး၏။ သူ၏ တပည့်ကို အလုံးစုံ ကာကွယ်ပေးမည် ဆိုကြောင်းပင်။ ထိုစကားလုံးသည် ရေတွက်လို့မရအောင် များပြားလှသော လူများ၏ နှလုံးသားများကို ထိရှစေခဲ့၏။

သို့ပေမဲ့ လက်ရှိအခြေအနေတွင် အဝတ်အစားများကို ထုတ်ပိုးကာဖြင့် ထိုက်ရွှမ်အဘိုးအိုကဲ့သို့ ထွက်ပြေးရန် စဉ်းစားသည့်ကိစ္စရပ်ကိုပင် စဉ်းစားလာမိတော့သည်။

“မဟုတ်သေးဘူး။ မဟုတ်သေးဘူး။”

ကြီးမြတ်သူတုံးကုသည် လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ်အနေနဲ့ ဖန်းချီမိုးကောင်ကင် တောင်တန်းဆီကိုသွားပြီး အဲကောင်လေးကို ပြဿနာထပ်မရှာဖို့ သေသေချာချာ သတိပေးမှဖြစ်မယ်။”

သူနှင့်ကျွင်းချောင်ရှောင်းတို့သည် ဆရာ၊ တပည့်များဖြစ်ကြောင်း အထက်နယ်မြေတစ်ခုလုံးက သိရှိ၏။ အကယ်၍ သူသည် အဝတ်ထုတ်ကို ဆွဲ၍ ထွက်ပြေးသွားသည် ဆိုလျှင်တောင်မှ ပြဿနာများသည် သူ့ဆီသို့ ကျိန်းသေပေါက် လိုက်ပါလာမှာ သေချာသည်။

ထို့ကြောင့် အကောင်းဆုံးသော ဖြေရှင်းမှုနည်းလမ်းသည် ကျွင်းချောင်ရှောင်းဆီသို့ သွားရောက်ကာ နယ်မြေဟောခန်း နှင့် ပြဿနာတက်မည့်ကိစ္စရပ်များကို ရှောင်ကျဉ်ရန် ပြောဆိုဆုံးမခြင်းပင်ဖြစ်ပေလိမ့်မည်။

“ရောင်းရင်းကြီး”

မာဆာတိုကီတာနိုက ပြောလိုက်၏။ “လောကကြီးမှာ ဘာမှန်းမသိတဲ့ကိစ္စရပ်တွေ အများကြီးရှိတယ်လေ။ ဒီတော့ ကျုပ်တို့ဝင်ရောက်ပြီး ရှုပ်ထွေးလိုက်မယ်ဆိုရင် ဒုက္ခတွေဆီကို ပိုပြီးဦးတည်သွားနိုင်တဲ့ ကိစ္စရပ်မျိုးတွေ ဖြစ်လာနိုင်တယ်။”

“ဒါက”

ကြီးမြတ်သူတုံးကုသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် နာနာကျင်ကျင်ဖြင့် ပြုံးကာ ပြောလိုက်မိသည်။ “ကျုပ်ရဲ့ တာအိုနှလုံးသားကလည်း တကယ့်ကို ရှုပ်ထွေးနေပြီပဲ။ ထားလိုက်တော့။ ထားလိုက်တော့။”

“ကိစ္စတော်တော်များများက သူ့ဟာသူ ဖြစ်တည်လာခဲ့ကြတာပဲလေ။ ကျုပ်တို့က အတင်းကြီးသွားပြီးတော့ ဝင်ရောက် စွက်ဖက်လိုက်ခြင်းအားဖြင့် နောက်ကွယ်ကနေပြီးတော့ မီးမွှေးပေးသလိုတောင် ဖြစ်နေလိမ့်မယ်။ အချိန်ကျလာတဲ့ အခါမျိုးကျမှ စီစဉ်စရာရှိတာတွေကို စီစဉ်ကြတာပေါ့။ လာခဲ့။ စစ်တုရင်ကစားကြရအောင်။”

မာဆာတိုကီတာနိုသည် ထိုင်ချလိုက်ပြီးသည့်နောက် စစ်တုရင်အရုပ်တစ်ခုကို ကောက်ယူလိုက်၏။ ပြီးနောက် ပြုံးလိုက်၏။ “ခင်ဗျားရဲ့ တပည့်က အထက်နယ်မြေမှာ စစ်တုရင် အရုပ်ပဲ ဖြစ်လာမလား။ စစ်တုရင်ကစားသမားပဲ ဖြစ်လာမလား ဆိုတာကတော့ သူ့အပေါ်မှာပဲ မူတည်လိမ့်မယ်။”

ကြီးမြတ်သူတုံးကုသည် ခေါင်းကို ခါရမ်းကာ ပြောလိုက်သည်။ “ဘာပဲပြောပြော ခင်ဗျားနဲ့ ကျုပ်တို့က စစ်တုရင် အရုပ်တွေ ဖြစ်သွားမှာတော့ သေချာတယ်။”

……

ပြိုင်စံရှားဂိုဏ်း

ကျွင်းချောင်ရှောင်းသည် လက်ရှိအခြေအနေမှာတော့ အနည်းငယ်ပျော်ရွှင်လျက်ရှိနေသည်။ ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်ကို အဆင့်မြှင့်တင်ပြီးသည့်နောက် အထဲတွင် သင်ယူရရှိခဲ့သော သိုင်းနည်းစနစ်များသည် အလိုလို အဆင့် မြှင့်တင်ပြီးဖြစ်ပြီး တပည့်များအနေနှင့်လည်း အလိုလို ပိုမိုနက်နဲသည့်အကြောင်းအရာများကို သိရှိခံစားနားလည် ခဲ့ရ၏။ ထို့ကြောင့် သူ၏ တပည့်များသည် ပိုမိုကာ အားကောင်းလာခဲ့၏။

“ဂိုဏ်းချုပ်”

လီလိုရှုက သတင်းပို့လိုက်၏။ “နယ်မြေဟောခန်းက ကြေညာခဲ့တယ်လေ။ ဧကရီလင်းရောင်က စီနီယာတုံးကုဆီကို သွားပြီး တရားမျှတမှုကို တောင်းဆိုခဲ့တယ်တဲ့။”

“ဟမ်”

ကျွင်းချောင်ရှောင်းက မျက်မှောင်ကုတ်မိသွား၏။ ဤအဖွဲ့အစည်းသည် သူ၏ ဆရာကို မကြောက်လန့်ရုံသာမက ဖြေရှင်းချက်ကိုပင်သွား၍ တောင်းဆိုရဲနေသေး၏။

ရက်အနည်းငယ်ကြာပြီးသည့်နောက် လီလိုရှုသည် ထပ်မံကာ သတင်းပို့ခဲ့သည်။ “နယ်မြေဟောခန်းက ကြေညာခဲ့တယ်။ ဖူးချင်းဂိုဏ်းတစ်ခု ဖျက်ဆီးခံရတယ်ဆိုတာ သူတို့ရဲ့ လုပ်ရပ်ကြောင့်ပဲတဲ့။”

ကုန်းရှန့်သည် ချက်ချင်းပဲ ရယ်မောလိုက်မိ၏။ သူ့၌ အလွန်အားကောင်းလှသော ဆရာတစ်ယောက်တည်ရှိနေ၏။ ထို့ကြောင့် နယ်မြေဟောခန်း၏ ကြေညာမှုသည် ပြင်ပ အပေါ်ယံသက်သက်သာဖြစ်ကြောင်း နားလည်လိုက်မိ၏။

ဖြစ်စဉ်တစ်ခုလုံးသည် ကြီးမြတ်သူတုံးကုနှင့်အနည်းငယ်တော့ သက်ဆိုင်လို့ နေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ဧကရီ လင်းရောင်သည် နယ်မြေဟောခန်းဆီသို့ ပြန်ရောက်ပြီးသည့်နောက် အမှန်တရားများကို သတင်းပေးပို့ခဲ့၏။ ဤကြားထဲတွင် မည်သည့်ပြဿနာမှ မရှိခဲ့ချေ။ မိမိပြုလုပ်ခဲ့သည့် ကိစ္စရပ်ကြောင့် မိမိပြန်လည်ကာ ခံရခြင်းဖြစ် သောကြောင့် သူတို့သည် ပါဝင်ပတ်သက်၍ မရနိုင်တော့ချေ။

ဒင်

ဖူးချင်းဂိုဏ်းကို ဖျက်ဆီးခဲ့ပြီး အထက်နယ်မြေတွင် ဂိုဏ်း၏ နာမည်ကို ထွန်းတောက်အောင် ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ဂိုဏ်း၏ ဂုဏ်သိက္ခာအမှတ် ၃၀၀ ကို လက်ခံရရှိသည်။

ဒင်

ဂိုဏ်းဂုဏ်သိက္ခာအမှတ် - ၅၀၀

ပြိုင်စံရှားဂိုဏ်းအကြောင်း လူများ ပိုမိုပြောဆိုလျှင် ဂိုဏ်း၏ ဂုဏ်သိက္ခာအမှတ်များသည် ပိုမိုကာ တိုးတက်လာလေ ဖြစ်၏။ သင့်တော်သည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ ဂုဏ်သိက္ခာအမှတ် ၃၀၀ ကို ရရှိခဲ့သည်။

“အံ့အားသင့်သွားပြီမဟုတ်လား။” စနစ်သည် အားရပါးရဖြင့် မေးမြန်းလိုက်၏။

“ဟမ်”

ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွားမိသည်။ “အမှတ်လေး ၃၀၀ ရတာ ဘယ်လိုဖြစ်ပြီး အံ့အားသင့်ရမှာလဲ။”

စနစ်ကပြောလိုက်သည်။ “ဂုဏ်သိက္ခာအမှတ် ၅၀၀ ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေကိုတောင် ဝယ်ယူလို့ရနေပြီလေ။ လက်ခံသူ အဲ့လောက်ကြီး လောဘကြီးမနေနဲ့။”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းက ကျိန်ဆဲလိုက်မိ၏။ “ဂိုဏ်း၏ ဂုဏ်သိက္ခာအမှတ်နှင့် ဝယ်ယူလို့ရတဲ့အရာတွေ ဘာမှ မရှိတော့ဘူး။”

“refresh လုပ်လေ။” စနစ်က ပြောလိုက်၏။

“refresh လုပ်လို့ မရသေးဘူး။ မဝယ်ရသေးတဲ့ ပစ္စည်းကောင်းတွေ အများကြီးရှိသေးတယ်။ ဒါတွေကို refresh လုပ်ပစ်ရမှာ နှမြောစရာပဲလေ။”

ကောင်းကင်ထိုးဖောက်ခြင်းဓားမော့သည် ဂိုဏ်းဂုဏ်သိက္ခာအမှတ်နှင့် ဝယ်ယူရသည့်အရာမျိုးဖြစ်၏။ သို့ပေမဲ့ Refresh လုပ်ပြီးသည့်နောက် ထိုအရာသည် ပျောက်ကွယ်သွားပြီဖြစ်၏။ လက်ရှိအခြေအနေတွင် ကောင်းမွန်လှသည့် ပစ္စည်း အသစ်တော်တော်များများ တည်ရှိနေပြီး ထိုအရာများကို refresh လုပ်ကာ ကျော်ပစ်ရန်မှာမူ နှမြောစရာ ကောင်းလွန်းလှ၏။

အပွင့်လင်းဆုံး ပြောရမည်ဆိုလျှင် ကုန်းရှန့်သည် ဂိုဏ်းစုဆောင်းမှတ်များ မရှိသေးချေ။ မဟုတ်ပါက ထိုအရာများကို မျက်စိထဲတွေ့သည့် ကောင်းမွန်သည့် ပစ္စည်းများအားလုံးကို ဝယ်ယူပြီး ဖြစ်နေပေလိမ့်မည်။ ထို့အပြင် ပျော်ပျော်ရွှင်ရွှင်နှင့် refresh များကို လုပ်မိနေမှာသေချာသည်။

“ဒါဆိုလည်း မြန်မြန် တာဝန်တွေလုပ်တော့ကွာ။”

စနစ်ကပြောလိုက်၏။ “အိမ်မှာထိုင်နေရုံနဲ့ ဘာမှရလာမှာမဟုတ်ဘူးလေ။ အခွင့်အရေးဆိုတာ ကောင်းကင်ပေါ်က ကျလာတာမဟုတ်ဘူးကွ။”

ဒင်

သီးခြားတာဝန်အသက်ဝင် ……

“ချီးတဲ့မှ။”

ဂိုဏ်းထဲတွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ကောင်းကင်ပေါ်မှ တာဝန်တစ်ခု အမှန်ပင် ကျဆင်းလာ သည်ကို သိရှိခဲ့ရ၏။ ပါဝင်သည့်အကြောင်းအရာမှာ လက်ခံသူအနေနှင့် ဆေးဟောခန်းမဆောင်၏ ဌာနချုပ်ဆီသို့ နှစ်ဝက်အတွင်း သွားရောက်ကာ ဆေးပညာရှင်များနှင့် ဆေးတာအိုအကြောင်း ဆွေးနွေးရန်ဖြစ်သည်။

“ဒါက များလွန်းတယ်လေ။”

အချက်အလက်အားဖြင့် ကုန်းရှန့်သည် ဆေးဟောခန်းမဆောင်သို့သွားရောက်မည်ဆိုသည့် သတင်းစကားကို ပေးပို့ခဲ့ ပြီးပြီဖြစ်၏။ သို့ပေမဲ့ သွားရောက်လည်ပတ်မည်ဆိုသည်မှာ ရိုးရိုးသားသား လည်ပတ်ခြင်းသာ ဖြစ်၏။ ယခု ပေးအပ်သည့် သီးခြားတာဝန်သည် ဆေးတာအိုအကြောင်းကို သွားရောက်ဆွေးနွေးရန်ပင် ဖြစ်၏။ သူ့အား အတင်းကာရော သွားရောက်ကာ ဟန်ထုတ်ကြွားဝါရန် စေခိုင်းနေသည်လားမသိချေ။

“မဟုတ်ဘူး။ မဟုတ်ဘူး။”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါရမ်းလိုက်မိ၏။ “သိုင်းပညာအကြောင်းတွေနဲ့ ပတ်သက်တယ်ဆိုရင်တော့ ငါအသိအမြင်အဆောင်ကို အသုံးပြုပြီးတော့ အခြားသူ တွေနဲ့ ယှဉ်ပြိုင်ပြောဆိုလို့ရသေးတယ်။ ဒါပေမဲ့ ဆေးအကြောင်းနဲ့ ပတ်သက်ရင် ငါက ဘာမှန်းမသိဘူး။ ပြီးတော့ သွားပြီးတော့ ဝါကြွားပြောဆို ဟန်ထုတ်နေလို့လည်း အလကားပဲလေ။”

နောင်တတရား …….။

သူသည် ဆေးလမ်းစဉ်ကို မလျှောက်လှမ်းမိသည့်အတွက် အမှန်ပင် နောင်တရမိနေသည်။

ပန်းပဲခန်းမဆောင်၊ ဆေးခန်းမဆောင်

ထိုအရာများအားလုံးသည် သူသင်ယူချင်သည်ဆိုပါက ကျိန်းသေပေါက် သူသင်ယူနိုင်စွမ်းရှိ၏။

စနစ်က ပြောလိုက် သည်။ “ဆေးဟောခန်းမဌာနချုပ်ဆီကို သွားဖို့အတွက် အချိန်အတော်ကြာလိုအုံးမယ်လေ။ ဒီတော့ အဲကို သွားနေတုန်းမှာ လစဉ်လတိုင်း Refresh လုပ်နိုင်ခွင့်တွေ တည်ရှိနေတယ်မဟုတ်လား။ ဒါတွေကို အသုံးပြုပြီးတော့ ဆေးခန်းမဆောင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတစ်ခုခုကို ရယူနိုင်အောင် ကြိုးစားရမယ်။”

“အင်း … ဒီနည်းတစ်ခုပဲ ရှိတော့တာကိုး။”

တာဝန်ပြည့်စုံရန် နှစ်ဝက်ခန့်ကြာမြင့်သေး၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အရာကိစ္စအားလုံးကို မြန်မြန် ဆန်ဆန် စီစဉ်ပြီးသည့်နောက် ထွက်ခွာခဲ့တော့၏။

လမ်းတစ်လျှောက်မှာတော့ သူသည် ဆေးပညာနှင့်ပတ်သက်သည့် လျှို့ဝှက်ကျမ်းစာနှစ်ခုကို ထုတ်ယူကာ လေ့လာလျက်ရှိနေ၏။ အနာဂတ်တွင် သူသည် ဂိမ်းဆာဗာခိုးခြင်းကိစ္စရပ် များကို မပြုလုပ်နိုင်ဘူးဆိုလျှင်တောင်မှ မိမိ၏ ဉာဏ်ကို အားကိုးရမှာဖြစ်သည်။

စနစ်သည် ဇဝေဇဝါနှင့်ဖြစ်မိနေ၏။ “ဒီလျှို့ဝှက်နည်းစနစ် နှစ်ခုကို ဘယ်အချိန်တုန်းက ရခဲ့တာလဲ။”

“ပေါက်ကရတွေ။”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ငါ ဟောခန်းသခင်ဖန်းတို့ဆီကနေ ငှားလာတာပေါ့ကွ။”

“အင် … ဒီအရာကို ပြန်ပေးဖို့ ဖြစ်နိုင်ချေက နည်းပါးတယ်လေ။ ပြည်သူပိုင်အဖြစ် သိမ်းလိုက်ဖို့ ဖြစ်နိုင်ချေက ပိုပြီးတော့ များနေတာပဲ။”

All Chapters