← Chapters

အခန်း (၁၄၂၇)

Vol. 96 Ch. 1427

အခန်း (၁၄၂၇)

Vol. 96 Ch. 1427

ကျွင်းချောင်ရှောင်းနှင့် ဆေးဟောခန်းတို့သည် သဘောတူညီမှု ရရှိခဲ့၏။ နှစ်ဖက်လုံးသည် အလွန်ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုမျိုး လုပ်ဆောင်ရန် သဘောတူညီခဲ့၏။

တစ်ဖက်ခြမ်းသည် ကောင်းကင်ရတနာဟု တင်စားရသည့် ဆေးပင်များကို ထောက်ပံ့ရမည် ဖြစ်ပြီး အခြားတစ်ဖကိမှာတော့ လူအင်အားကို အသုံးပြုကာ သန့်စင်ခြင်းအမှုကို ပြုလုပ်မည် ဖြစ်သည်။ ၎င်းတို့သည် လိုက်ဖက်ညီသော မဟာမိတ်အဖွဲ့ဟုပင် တင်စားနိုင်စွမ်း ရှိနေသည်။

"ဒီခရီးစဉ်က အရမ်းကို ထိုက်တန်တာပဲ"

ဆေးဟောခန်းမ ဋ္ဌာနချုပ်မှ ပြင်ဆင်ပေးထားသည့် အဆင့်မြင့်အခန်းတစ်ခု၏ အိပ်ယာထဲတွင်တော့ ကျွင်းချောင်ရှောင်းသည် သဘောတကျနှင့် လှဲလျက်ရှိ၏။ သူ့အနေဖြင့် ဈေးဆစ်၍ မရနိုင်ခဲ့သော်လည်း စိတ်ချမ်းသာလျက်တော့ ရှိနေသေး၏။

ထို့ပြင် အနာဂတ်တွင် လုံလောက်သည့် အမြတ်အစွန်းများ ရရှိသည်နှင့် နည်းနည်းမှ ဆုံးရှုံးလိမ့်မည် မဟုတ်ချေ။ ဆေးဟောခန်းသို့ သူလာသည့် ရည်ရွယ်ချက်သည် အချက်နှစ်ခု ဖြစ်ပြီး တစ်ခုသည် သီးခြားတာဝန် ပြည့်စုံရန် ဖြစ်ပြီး အခြားတစ်ခုမှာတော့ ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ရန်ဖြစ်သည်။

နှစ်ခုလုံးသည် ပြည့်စုံသွားပြီ ဖြစ်သောကြောင့် လက်ရှိအချိန်၌ အားလပ်လျက်ရှိ၏။ နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဈေးဆီသို့ သွား၍ဆေးမျိုးစေ့ တစ်ချို့ကို ဝယ်ယူရန် စဉ်းစားခဲ့၏။

ပိုင်ကျောက်ယန်သည်လည်း စတင်ကာ လှုပ်ရှားနေပြီ ဖြစ်၏။ သူသည် ရှိရှိသမျှလူများအား ဆေးဟောခန်းမ ဋ္ဌာနချုပ်သို့ ပြန်လာရန် အမိန့်ထုတ်ပြန်ခဲ့၏။ ထိုကဲ့သို့ ခေါ်ယူခဲ့သည့် လူများထဲတွင် အပြင်ဖက်တွင် အချိန်ပိုင်း အလုပ်လုပ်နေသည့် ဆေးပညာရှင်ခြောက်ဦးတို့လည်း ပါဝင်နေသည်။

ဆေးဟောခန်းမ ဋ္ဌာနချုပ် သည် ပြိုင်စံရှားဂိုဏ်းနှင့် ပူးပေါင်းပြီးနောက် အဓိက ဆေးလုံးသန့်စင်သူများအဖြစ် အလုပ်လုပ်ရတော့မည် ဖြစ်သည်။ အချက်အလက်အားဖြင့် ၎င်းတို့အားလုံးသည် ဖန်းကွေ့ချန် ဆီမှ အရေအသွေးမြင့်ဆေးလုံးများကို မည်ကဲ့သို့ သန့်စင်ရမည်ကို ပြန်လည်ကာ သင်ယူရဦးမှာ ဖြစ်၏။ ဆေးလုံးများကို များများစားစား ထုတ်လုပ်ပြီး ဖြန့်ဖြူးနိုင်ပါက အထက်နယ်မြေတစ်ခုလုံး အကျိုးဖြစ်တည်လာမှာ သေချာ၏။

ဟုဆ်ပေသည်၊ ၎င်းတို့အားလုံးသည် ၎င်းတို့၏ ဝမ်းဗိုက်များကို ဖြည့်စည်းရန်အတွက် ငွေကြေးများကို ရှာဖွေရုံသာမက လောကကြီးတစ်ခုလုံးကို ကောင်းကျိုးဖြစ်စေသည့် အရာများပြုလုပ်ရန်လည်း စီစဉ်ထားခဲ့သေး သည်။

ယခုကဲ့သို့ ကောင်းမွန်လှသည့် အရာမျိုးကို မည်သူက မပြုလုပ်ဘဲ နေမည်နည်း။

ကျွင်းချောင်ရှောငိးသည် ဈေးဝယ်ထွက်လျက် ရှိ၏။ ဆေးဟောခန်းမဆောင်ဆီမှ အထူးပညာရှင်များသည် တစ်လောကလုံးဆီမှ လှမ်းလာလျက်ရှိ၏။ သူ့အနေဖြင့် ဆေးပညာခြောက်ဦးကို ခေါ်ဆောင်ပြီး ပြိုင်စံရှားဂိုဏ်းတွင် ဆေးပညာရှင်ရှစ်ဦးအထိ ထားနိုင်မလားဆိုသည်မှာတော့ သူ့အပေါ်တွင် မူတည်လျက် ရှိနေ ၏။

………

မြို့ကြီးတစ်ခုအတွင်းမှာတော့ အမဲရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူတစ်စုသည် အမှောင်ထဲတွင် တိုးဝှေ့လျက်ရှိ၏။ သူတို့၏ မျက်လုံးများသည် နယ်မြေဟောခန်း၏ ဌာနခွဲတစ်ခုဆီသို့ စူးစိုက်ကြည့်လျက်ရှိ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက်ရှိနေသော သတ်ဖြတ်လိုခြင်းဆန္ဒများသည် အပြင်ဖက်ဆီသို့ပင် ထွက်ပေါ်လျက် ရှိနေသည်။

"အလျင်မလိုနဲ့။ အလျင်မလိုနဲ့"

လမ်းကြားထဲရှိ အမှောင်ဆုံးတည်နေရာတစ်ခုဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။ "မကြာခင်မှာ ကျုပ်တို့ စိတ်လိုလျက်ရနဲ့ တိုက်ခိုက်ကြရအောင်"

"ကောင်းပါပြီ"

အားလုံးသည် တစ်ညီတစ်ညွတ်တည်း ရေရွတ်လိုက်ကြသည်။ "ကောင်းပါပြီသခင်"

စကားပြောလိုက်သည့်လူသည် လအလင်းရောင် မှိန်မှိန်၏ အောက်မှ တစ်လှမ်းခြင်း ထွက်ပေါ်လာ၏။ သေချာမြင်ရသည့်အချိန်မှာတော့ အမဲရောင်ဝတ်စုံ ဝတ်ဆင်ထားသော အသက်ဆယ့်နှစ်နှစ်၊ ဆယ်သုံးနှစ်ခန့်ရှိသည့် လူငယ်လေး တစ်ယောက်ဖြစ်နေ၏။

အမှန်ပင်ဖြစ်၏။ ဤလူသည် ကျွင်းချောင်ရှောင်း၏ သေခြင်းရှင်ခြင်းကြားမှ သေဖော်ရှင်ဖက် ညီနောင် ဆေးမှင်ကြောင်နှင့် လူပင်ဖြစ်သည်။

ပြန်လည်မွေးဖွားလာပြီးနောက် သူသည် မှတ်ညဏ်များကို ပြန်လည်ရရှိခဲ့၏။ ထို့ကြောင့် နယ်မြေဟောခန်းကို ပထမဆုံး တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့၏။ ယနေ့မှာတော့ ၎င်းတို့သည် ဂိုဏ်း၏ဌာနခွဲတစ်ခုကို ဝင်ရောက် ချောင်းမြောင်းတိုက်ခိုက်ခြင်းဖြင့် ပထမဦးဆုံး လက်စားချေလျက်ရှိ၏။

အချိန်များသည် တဖြည်းဖြည်း ကုန်လွန်သွား၏။ တိမ်များသည်လည်း လများကို ဖုံးလွှမ်းသွား၏။ မြို့ကြီးတစ်ခုလုံးသည်လည်း အဆုံးမဲ့မှောင်မိုက်မှုဆီသို့ ရောက်ရှိနေသည်။

ဆွစ် ဆွစ်

အလင်းတန်းများသည် နယ်မြေဟောခန်း ဋ္ဌာနခွဲတစ်ခု၏ အတွင်းပိုင်းဆီသို့ တိုးဝင်သွားခဲ့၏။

ဘုန်း ဘုန်း

ပြီးသည့်နောက် မဲမှောင်လှသည့် မြို့ကြီးထဲတွင် ကျယ်လောင်လှသည့် အသံများ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပဲ အိပ်ပျော်နေသည့် သိုင်းကျင့်ကြံသူများသည် နိုးထလာခဲ့ကြ၏။ သူတို့၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကြည့်လိုက်သည့် အချိန်မှာတော့ အလွန်ခန့်ငြားပြီး ထည်ဝါလွန်းလှသော အဆောက်အအုံကြီး တစ်ခုလုံး သည် မီးလောင်ကျွမ်းလျက် ရှိနေသည်ကိုတွေ့လိုက်ကြရသည်။

"သွားပြီ"

"တစ်စုံတစ်ယောက်က နယ်မြေဟောခန်းကို လာပြီးတော့ တိုက်ခိုက်နေတာပဲ"

ချက်ချင်းပဲ မြို့ကြီးတစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။ သူတို့ရောက်ရှိလာသည့် အချိန်မှာတော့ တိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပြီး နယ်မြေဟောခန်း၏ ဌာနခွဲတည်ရှိရာ အိမ်တော်ကြီး တစ်ခုလုံးသည်လည်း ပြာပုံအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်၏။

"ဒီနံရံမှာ စာတစ်ခု ရှိရမယ်" ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်သည် ထကာ အော်လိုက်သည်။

အားလုံးသောသူများသည် နယ်မြေဟောခန်း ဌာနခွဲ၏ အပြင်ဖက်နံရံတွင် ရေးသားထားသည့်စာကို လှမ်းကာ ကြည့်ရှုလိုက်၏။ "နှစ်ပေါင်းတစ်သောင်းကြာရင်တောင် သွေးကြွေးကို ပေးဆပ်နေရအုံးမှာပဲ"

မည်မျှကောင်းမွန်လှသည့် စကားနည်း။ သို့ပေမဲ့ လက်ရေးမှာတော့ အမှန်ပင် ဆိုးရွားလွန်းလှ၏။

"နှစ်ပေါင်းတစ်သောင်း ကြာမြင့်တယ် ဟုတ်လား"

တစ်စုံတစ်ယောက်သည် ထိုစာကို အကြိမ်ပေါင်းများစွာ ဖတ်ရှုပြီးနောက် နားလည်သွားခဲ့၏။ ပြီးသည့်နောက် အားလုံးသောသူတို့၏ မျက်နှာသည် ပျက်ယွင်းသွားခဲ့ကြ၏။ သူတို့သည် သံပြိုင်ဆိုသလိုပဲ ထ၍အော်ဟစ်လိုက်ကြ၏။ "သစ္စာဖောက် ကုမေဟုတ်သေးဘူး ဒီကောင့်ကို ဖမ်းထားပြီးပြီ မဟုတ်လား ။ ဘယ်လိုဖြစ်ပြီးတော့ ထပ်ပြီးပေါ်လာရတာလဲ"

"ငါကြားတာတော့ သူဆီမှာ ပြန်လည်မွေးဖွားနိုင်တဲ့ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်တယ်တဲ့။ ဒီတော့ အတိုင်းအဆမဲ့ ပြန်လည်မွေးဖွားနိုင်တယ်။ သူက သေပြီးတဲ့အချိန်တိုင်း ပြန်လည်မွေးဖွားနိုင်တယ်။ သူရုတ်တရက်ပေါ်လာပြီး နယ်မြေဟောခန်းရဲ့ ဌာနခွဲတစ်ခုကို ဖျက်စီးပစ်လိုက်တယ်။ ပြီးတော့ ဒီမှာ ခွေးလို လက်ရေးနဲ့ စာကို ရေးခဲ့သေးတယ်။ ကြည့်ရတာ သူပြန်လာပြီဆိုတာ တစ်လောကလုံးကို ပြောချင်နေတာနဲ့တူတယ်"

ဝှစ်

ထိုအချိန်မှာပဲ အမဲရောင်အရိပ်တစ်ခုသည် အမှောင်ထဲမှ ထိုးထွက်လာကာ စကားပြောနေသော လူအား နင်းချေလိုက်၏။ ပြီးသည့်နောက် အေးစက်စက်ဖြင့် ပြောလိုက်သည်။ "ငါ့ရဲ့လက်ရေးက ဆိုးရွားတယ် ဟုတ်လား။ ငါ့ရဲ့လက်ရေးက အနုပညာတစ်ခုကွ။ မင်းကများ ငါ့ရဲ့လက်ရေးကို ဆိုးရွားတယ်လို့ ပြောရဲတယ်"

ဆွစ်

သူ၏နောက်လိုက်များသည် အမှောင်ထဲမှ ပြန်လည်ထွက်ပေါ်လာ၏။ ပြီးနောက် သူတို့၏ခေါင်းဆောင်ကို ပြန်လည်ဆွဲခေါ်ကာ ထွက်ပြေးသွားခဲ့ရကြ၏။

သူတို့၏ စိတ်ထဲမှာတော့ အော်ဟစ်လျက်ရှိသည်။ သခင်က အကြိမ်ပေါင်းများစွာ ပြန်လည်မွေးဖွားလာခဲ့တယ်။ ဒါပေမဲ့ လက်ရေးကဘာဖြစ်လို့ အဲလောက်ဆိုးရွားနေရသေးတာလဲ။

တစ်ချို့သောသူများသည် တစ်ချို့သော အကြောင်းအရာများမှာ အားကောင်းလှသည်ဆိုသော်လည်း တစ်ချို့မှာတော့ အလွန် ဆိုးရွားလှ၏။

ဥပမာ ကုန်းရှန့်ဖြစ်သည်။ ကုန်းရှန့်သည် အခြားတစ်နေရာများတွင် ထူးချွန်လှသည်ဆိုသော်လည်း သီချင်းဆိုသည့် နေရာတွင်တော့ ကြောက်မက်ဖွယ်ကောင်းသည့် သန္ဓေဆိုးကို ပိုင်ဆိုင်ထား၏။ သီချင်းသံနှင့်ပင် အခြားသောသူများကို သွေးပွက်ပွက်အန်စေသည်။

ဆေးမှင်ကြောင်နှင့်သူသည်လည်း ချွင်းချက်မရှိချေ။ သူသည် အကြိမ်ပေါင်းများစွာ ပြန်လည် မွေးဖွားနိုင်သည်ဆိုသော်လည်း သူ၏လက်ရေးမှာတော့ ဆိုးရွားလွန်းလှချေ၏။ ထို့ပြင် သူသည် သူ၏ အကန့်အသတ်ကိုလည်း မသိရှိချေ။ နယ်မြေဟောခန်းနှင့် တိုက်ခိုက်သည့် အချိန်တိုင်း ဤကဲ့သို့ စာရေးခဲ့ခြင်းမျိုးကို ပြုလုပ်တတ်သေး၏။

မြို့တစ်ခုရှိ နယ်မြေဟောခန်းဌာနခွဲ ဖျက်စီးခံရသည့် သတင်းသည် နယ်မြေဟောခန်းဌာနချုပ်ဆီသို့ ရောက်ရှိလာ၏။ ချက်ချင်းပဲ အထက်ပိုင်းအကြီးအကဲများ၏ ဒေါသကိုဟုန်းဟုန်းတောက်သွားစေခဲ့သည်။

"ထင်ထားတဲ့ အတိုင်းပဲကို"

အကြီးအကဲတစ်ယောက်သည် အံကိုကြိတ်ကာပြောလိုက်၏။ "ဒီကောင်က ပြန်ပြီးမွေးဖွားလာတာနဲ့ ငါတို့ကို ဒုက္ခပေးတော့တာပဲ။

"မြို့တိုင်းမြို့တိုင်းမှာရှိတဲ့ ဌာနခွဲတွေကို အကြောင်းကြားလိုက်တော့…. သတိထားကြလို့။ ဒီသစ္စာဖောက်အကြောင်း ကြားသိရတာနဲ့ ချက်ချင်းပဲ သတင်းပို့ဖို့ အကြောင်းကြားထားကြ "

ဂုဏ်သိက္ခာထည်ဝါလှသော အကြီးအကဲတစ်ယောက်သည် စားပွဲထိပ်ဦးတွင် ထိုင်ကာ အမိန့်ပေးလျက်ရှိ၏။

"သတင်းပို့ပါတယ်"

ဧကရီလင်းရောင်သည် သူတို့အား လာရောက်တွေ့စုံ၏။ သစ္စာဖောက်ကြောင့် ခေါင်းကိုက်လျက်ရှိနေသည့် အထက်ပိုင်းအကြီးအကဲများသည် ကြောင်တောင်တောင်နှင့် ဖြစ်သွားကြသည်။

"ဒီမိန်းမက ဘာလာလုပ်တာလဲ"

ယခင်တုန်းက ကြီးမြတ်သူတုံးကုဆီ ဖြေရှင်းချက်တောင်းမည်ဟုဆိုကာ ထွက်ခွာသွားခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် ဖူးရှင်းဂိုဏ်းအား မှန်ကန်သော အကြောင်းပြချက် ရှိသောကြောင့် ဖျက်စီးခဲ့သည်ဟူသော အကြောင်းအရာနှင့် အဆုံးသတ်ခဲ့၏။

ထိုအရာသည် သူတို့အား မပျော်မရွှင်ဖြစ်စေခဲ့၏။ သို့ပေမဲ့ ဘာတစ်ခုမှလည်း ပြော၍ မရနိုင်ချေ။ ထို့ပြင် ပိုင်စီလီသည် မိုင်းတွင်း၏ တည်နေရာကို ကျွင်းချောင်ရှောင်းဆီ ပေးအပ်ခဲ့ရုံသာမက လင်းဝေ အစစ်အမှန်ဂိုဏ်းကိုပါ တိတ်တဆိတ်နှင့် တည်နေရာ ပြောပြခဲ့သေးသည်မဟုတ်ပါလား။

"သူမကို အထဲခေါ်ခဲ့လိုက်"

မကြာခင်မှာပဲ တိမ်များမြူများ ဖုံးလွှမ်းလျက်ရှိနေသော ဧကရီလင်းရောင်သည် အတွင်းပိုင်းသို့ လျှောက်ဝင်လာပြီးနောက် ပြောလိုက်သည်။

"ကျွန်မက သစ္စာဖောက်ကုကျောင်းရှစ် ကို ရှာဖွေဖို့ ကူညီပေးပါ့မယ်"

“ဟမ်…”

သူတို့သည် အံ့အားသင့်သွားကြ၏။ လင်းရောင်သည် နယ်မြေဟောခန်းတွင် ရာထူးတစ်ခု ရယူထားသည် ဆိုလျှင်တောင်မှ သေသေချာချာ စည်းကမ်းလိုက်နာတတ်သူ တစ်ယောက်မဟုတ်ပေ။ တာဝန်ယူမှုဆိုသည်မှာ ဝေလာဝေးပင် ဖြစ်၏။

သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ကြီးမြတ်သူတုံးကုကို သွားရောက်ရှာဖွေခဲ့သည့်အပြင် သစ္စာဖောက်ကိုလည်း သွားရောက်ဖမ်းဆီးမည်ဟု ပြောနေသေး၏။ ထိုအရာမှာ အမှန်ပင် ထူးဆန်းလှချေသည်။

"ဟုတ်တယ်"

ဧကရီလင်းရောင်က ပြောလိုက်၏။ "ကျွန်မဆီမှာ အခြေအနေတစ်ခုတော့ ရှိသေးတယိ"

“ဘာအခြေအနေလဲ"

"လက်ရှိမှာ ကျွန်မက ကျင့်ကြံခြင်းလမ်းစဉ်အတွက် အရင်းအမြစ်တစ်ချို့ကို လိုအပ်နေတယ်။ တကယ်လို့ သစ္စာဖောက်ကုကျောင်းရှစ်ကို ဖမ်းဆီးနိုင်မယ်ဆိုရင် နယ်မြေဟောခန်းအနေနဲ့ ကျွန်မကို ဆုပေးဖို့ စဉ်းစားသင့်တယ်"

အားလုံးသောသူများသညိ ထိုအချင်းအရာကို ကြားပြီးနောကိ ကောင်းကောင်းနားလည်သွားကြ၏။ ဤအမျိုးသမီးသည် လက်ရှိအချိန်တွင် အဘယ့်ကြောင့် တတ်ကြွနေကြောင်းကို သူတို့ ကောင်းကောင်း နားလည်လိုက်မိကြသည်။ သူမ၏ ကျင့်ကြံခြင်းလမ်းစဉ်အတွက် အရင်းအမြစ်များ လိုအပ်နေသောကြောင့်ပင်။

"ဒါဆိုရင် အဲကောင်ကိုဖမ်းဖို့ မင်းဆီမှာ ယုံကြည်ချက်ရှိလား" အကြီးအကဲက မေးလိုက်၏။

ဧကရီလင်းရောင်က ပြောလိုက်သည်။ "သူ့ကိုဖမ်းဆီးဖို့ ကျွမ်းကျင်သူတွေ အများကြီး ပို့လွှတ်ခဲ့တယ်မလား။ ကျွန်မက အလုံးစုံ ယုံကြည်ချက်မရှိဘူးဆိုပေမဲ့ စမ်းသပ်ကြည့်လို့တော့ ရပါတယ်"

"ကောင်းပြီ"

ထိုအကြီးအကဲက သဘောတူညီလိုက်တော့၏။ နယ်မြေဟောခန်းသည် လက်ရှိအချိန်တွင် အလွန်ပင် အလုပ်များလျက် ရှိနေ၏။ လူစွမ်းအားအရင်းအမြစ်များလည်း လိုအပ်နေ၏။ ဤအမျိုးသမီးသည် အမြူတေ သေစ္စာဖောက် ပုန်းအောင်းနေသည့် နေရာကိုသာ ရှာဖွေတွေ့ရှိနိုင်ပါက ဖမ်းဆီးရန်မှာ ပြဿနာမဟုတ်လောက်ချေ။

ဧကရီလင်းရောင်က ပြောလိုက်၏။ "တကယ်လို့ ကုကျောင်းရှစ် ကိုသာ ဖမ်းဆီးနိုင်ခဲ့မယ်ဆိုရင် ကျွန်မကို အင်မော်တယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းပေးရမယ်"

ပြောပြီးသည့်နောက် အကြီးအကဲများ၏ သဘောတူညီမှုကိုပင် မစောင့်တော့ဘဲ တစ်ခါတည်း ထွက်ခွာသွားခဲ့သည်။

"ဒီအမျိုးသမီးက ရူးသွပ်သွားတဲ့အထိ ဆင်းရဲမွဲတေနေပြီလား"

တစ်စုံတစ်ယောက်သည် ဒေါသတကြးဖြင့် ပြောလိုက်၏။ "သစ္စာဖောက်တစ်ယောက်ကို ဖမ်းဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းကိုတောင် တောင်းရဲတယ်"

“ဟမ့်”

အကြီးအကဲတစ်ယောက်သည် နှာခေါင်းရှုံ့လိုက်၏။ "သူ့ကိုသူ အရေးကြီးတဲ့ လူတစ်ယောက်လို့ မှတ်နေတာလား မသိဘူး"

အကြီးအကဲသည် ခနလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ "ကျိဟောင်ရဲ့ ဒဏ်ရာ ဘယ်လိုအခြေအနေရှိလဲ သွားမေးလိုက်။ ပြေတယ်ဆိုရင် ဗကရီလင်းရောင်နဲ့ ပူပေါင်းပြီးတော့ သစ္စာဖောက် ကုကျောင်းရှစ် ကို ဖမ်းဆီးဖို့လုပ်တော့"

"ကောင်းပါပြီ"

ဘုန်း ဘုန်း ဘုန်း

တောနက်တစ်နေရာမှာတော့ ဆေးမှင်ကြောင်နှင့်လူသည် တည်နေရာတစိခုကို အားရပါးရ ထိုးနှက်လျက်ရှိ၏။ သို့ပေမဲ့ ဤအရာကို မချိုးဖျက်နိုင်သောကြောင့် ဒေါသတကြီးဖြင့် ခေါင်းငုံ့ကာ ပြောလိုက်၏။

"နင်က ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ မိစ္ဆာကွန်ယက်စည်းကို ဖန်တီးထိန်းချုပ်နိုင်လိမ့်မယ်လို့ မထင်မိခဲ့ဘူး"

"ဒီတော့"

ဧကရီလင်းရောင်က ပြောလိုက်သည်။ "ရှင်မလွတ်မြောက်နိုင်တော့ပါဘူး"

ဤအမျိုးသမီးသည် သစ္စာဖောက်ကို ဖမ်းစည်းရန် ခွင့်ပြုချက်ရပြီးနောက် ရက်အနည်းငယ်အတွင်းမှာပဲ ရှာဖွေတွေရှိခဲ့၏။ ပြီးသည့်နောက် နတ်ဘုရားစွမ်းရည်ကိုသုံးကာ ဆေးမှင်ကြောင်နှင့်လူအား စည်းခတ်ခဲ့တော့၏။

ဆွစ်

ဆေးမှင်ကြောင်နှင့်လူသည် မြေပေါ်သို့ ထိုင်ချပြီးနောက် ပြောလိုက်၏။ "ကျုပ်ကို သတ်ချင်သတ်၊ နှိပ်စက်ချင်လည်း နှိပ်စက် …. ခင်ဗျားကြိုက်သလိုလုပ် … လုပ်လို့ရတယ်"

ပြန်လည်မွေးဖွားနိုင်သည့် စိတ်ဝိညာဉ်ကို ပိုင်ဆိုင်သောကြောင့် သူသည်သေရမည်ကို ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။ဆယ်နှစ်ကြာပြီးနောက် အရွယ်ရောက်သော လူတစ်ယောက်အဖြစ် ပြန်လည်ရောက်ရှိလာနိုင်သည် မဟုတ်ပါလား။

"ကျွန်မ ရှင့်ကို မသတ်ဘူး"

"ဒါဆိုရင် ဘာလို့ ကျုပ်ကိုလာဖမ်းတာလဲ"

"မဟုတ်ဘူး။ ဒီဧကရီက ရှင့်နဲ့လုပ်ငန်းအကြောင်းပြောချင်တာ"

"လုပ်ငန်းအကြောင်း ဟုတ်လား"

All Chapters