အခန်း (၁၄၃၁)
Vol. 96 Ch. 1431
ကျွင်းချောင်ရှောင်း အနေဖြင့် ဆေးပညာရှင် ခြောက်ယောက်တို့အား ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်စေရန် ဆေးပင် များကို အသုံးပြုခဲ့၏။ ပြီးသည့်နောက် ၎င်းတို့၏ နှလုံးသားကို ချည်နှောင်ရန်အတွက် အစားအစာများကို အသုံးပြုခဲ့သည်။ နည်းလမ်းနှစ်ခုလုံးကို အသုံးပြုပြီးနောက် သူသည် စားနေကြ ကြောင်ဖားကြီးကဲ့သို့ပင် တည်ငြိမ်စွာ ဖြင့် တည်ရှိနေတော့၏။
ဆေးပင်များသည် အမှန်ပင် ထိတ်လန့်တုန်လှုပ်စရာကောင်းလွန်းလှ၏။ သို့ပေမဲ့ လျှိုဝမ်ရှစ်သည် သူမ၏ လှုပ်ရှားမှု ကြီးကို ပြုလုပ်လိုက်သည့်အချိန်မှာတော့ အခြေအနေသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေ တစ်ခုဆီသို့ တိုးတက်ရောက်ရှိသွားခဲ့၏။ မူလအားဖြင့် ပုံမှန်အတိုင်း ချက်ပြုတ်နေကြဖြစ်သည့် ဟင်းပွဲများပင်လျှင် အရသာရှိလွန်းလှ၏။ သူမ၏ အထူး အကျိုးသက်ရောက်မှုကို အသုံးပြုကာဖြင့် ချက်ပြုတ်လိုက်သည့်အရာများ ဖြစ်သောကြောင့် မည်သူမှသည် ထိုအရာကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ဆေးပညာရှင်ခြောက်ယောက်တို့သည် မခုခံရုံနိုင်သာမက ၎င်းတို့၏ မျက်လုံးများသည် အလင်းတန်းများကြောင့် ဖွင့်၍ပင် မရနိုင်ခဲ့ချေ။ မျက်လုံးဖွင့်၍ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ ထိုအရာများသည် ဟင်းပွဲများ မဟုတ်ကြ ချေ။ တလက်လက် တောက်ပလျက်ရှိနေသည့် ကျောက်မျက်ရတနာများကဲ့သို့ပင် ဖြစ်လို့နေခဲ့တော့သည်။
“ချီးတဲ့မှ” ကျွင်းချောင်ရှောင်းသည်လည်း ထိတ်လန့်တုန်လှုပ်သွားခဲ့တော့သည်။ ဤကဲ့သို့သော အကျိုး သက်ရောက်မှုသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။ ကြည့်ရှုလိုက်သည်နှင့်ပင် စားချင်သောက်ချင် သည့်ပိုးများသည် ထကြွလာကာဖြင့် တံတွေးများပင် ကျဆင်းလာစေ၏။
ကြည့်လို့ကောင်းလှ၏။ အနံ့အရသာ ကလည်း မွှေးပျံ့လွန်းသည်။ အရသာမှာတော့ ပြောနေစရာပင် မလိုအပ်တော့ချေ။ ဤဟင်းပွဲများသည် အလှအပ အတွက် ဖန်တီးထားသည်သာမက အရသာမှာလည်း ထိပ်တန်းအဆင့်တွင် တည်ရှိနေခဲ့တော့သည်။
ဟင်းပွဲများကို ဖွင့်လှစ်ပြီးနောက် ဟင်းပွဲ၏ မွှေးပျံ့မှုနှင့်ပင် တစ်စုံတစ်ယောက်၏ စိတ်ထဲသို့ အမြစ်တွယ် ရောက်ရှိ သွားစေ၏။ ထိုအနံ့ကို ရရှိခဲ့သော ကျွင်းချောင်ရှောင်း အပါအဝင် အားလုံးသောသူများတို့သည် အလွန်ခမ်းနားလှ သည့် နယ်မြေကြီးတစ်ခုထဲသို့ ရောက်ရှိသွားသလိုပင် ခံစားလိုက်မိကြသည်။ ခဏလောက် ကြာပြီးသည့်နောက် ချန်းရှစ်ရောင်နှင့် တခြားသောသူအားလုံး၏ ဝိညာဉ်များသည် ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိနေ၏။ ၎င်းတို့သည် စားပွဲပေါ်တွင် ရှိနေသည့် တလက်လက် တောက်ပနေသော ဟင်းပွဲများကို ကြည့်ရှုကာဖြင့် အံ့အားသင့်လျက် ရှိ၏။ နောက်ဆုံးမှာတော့ ခံစားချက်ကို မည်သို့မှ မဖိနှိပ်နိုင်တော့ဟန်ဖြင့် နှလုံးသားထဲမှ ထ၍ အော်ဟစ်လိုက်မိ၏။ “သောက်ကျိုးနည်း”
အမှန်ပင် သောက်ကျိုးနည်းလှချေသည်။ ထိုသူတို့၏ မျက်နှာပေါ်တွင်ရှိသော အံ့အားသင့်မှုများကို မြင်ရသည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြုံးလိုက်မိသည်။ “ဒါက ရိုးရှင်းလှတဲ့ အစားအစာ လေးပါပဲ”
“.........”
ချန်းရှစ်ရောင်နှင့် တခြားသောသူများ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့သည်။ ဤအရာသည်သာ ရိုးရှင်းသည့် အစားအစာဆိုပါက ၎င်းတို့ ယခင်တုန်းက စားခဲ့ဖူးသည့် အစားအစာများ အားလုံးသည် ချေးများပင် ဖြစ်ပေလိမ့်မည်။
“ခင်ဗျားတို့ခြောက်ယောက် ကျေးဇူးပြုပြီး” ကျွင်းချောင်ရှောင်းသည် ထိုသို့ပြောလိုက်၏။ ပြီးနောက် သူသည် တူကို ကောက်ယူပြီးနောက် ပထမဦးဆုံး စတင်ကာ စားသုံးတော့သည်။ ဤမိန်းကလေး ပြုလုပ်ထားသည့် စားပွဲများ သည် အနံ့ခံလိုက်ရုံဖြင့် သွားရည်ကျစေ၏။
သာမန်အချိန်တွင်ဆိုလျှင် ဆေးပညာရှင်ခြောက်ယောက်တို့သည် မရင်းနှီးသည့် တည်နေရာကို ရောက်ရှိသည့် အချိန်၌ ကျိန်းသေပေါက် ယဉ်ယဉ်ကျေးကျေးဖြင့် စားသုံးပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် ဟန်ပန်အမူအရာများကို လုံးဝ ဂရုမစိုက်တော့ချေ။ ပန်းကန်နှင့်ပါးစပ် ချိတ်ဆွဲထားလုမတတ်ပင် စားသောက်လျက် ရှိနေကြ၏။ ရက်ပေါင်း လပေါင်းများစွာ အစားမစားထားရသည့် လူများကဲ့သို့ပင်။
ချန်းရှစ်ရောင်သည် အသားတုံးတစ်တုံးကို ကောက်ယူပြီးသည့်နောက် ပါးစပ်ထဲသို့ အသာထိုးထည့်လိုက်သည်။
ဘုန်း
ပါးစပ်ထဲတွင် ဖြစ်တည်နေသည့် အရသာများသည် ပေါက်ကွဲထွက်သွားခဲ့၏။ ပြီးသည့်နောက် ၎င်း၏ ဆံပင်များ သည် ထောင်ထသွားခဲ့၏။
ဖောက် ဖောက် ဖောက် ဖောက်
တခြားသော ဆေးပညာရှင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် အရသာခံလိုက်ကြတော့သည်။ ၎င်းတို့၏ ဆံပင်များ အားလုံးသည်လည်း ရွှေခြင်္သေ့ကြီးများ ကဲ့သို့ပင် ဖောင်းပွလျက် ရှိနေကြသည်။
အဆိုးဆုံးလူမှာ ကျွင်းချောင်ရှောင်းပင် ဖြစ်သည်။ ဤကဲ့သို့ အရသာရှိလှသည့် အစားအစာများကို စားသုံးပြီးသည့်နောက် သူ၏ ရောဂါဟောင်းသည် ပြန်လည်ထကြွလာခဲ့၏။ ၎င်း၏ခေါင်းပေါ်မှ ဆံပင်များသည် အတောင့်လိုက် ကျွတ်ကျသွားပြီး တောက်ပြောင်လျက်ရှိနေသည့် ဦးခေါင်းအဖြစ် ပြောင်းလဲသွားတော့၏။
........
တစ်နာရီခန့်ကြာမြင့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း၊ ချန်းရှစ်ရောင်နှင့် တခြားသော လူငါးယောက်တို့သည် စားသောက်ခန်းထဲမှ ပြန်လည် ထွက်လျှောက်လာခဲ့၏။ အလွန်အရသာရှိလှသော ဟင်းပွဲများကို စားသုံးပြီးသည့် နောက် ၎င်းတို့၏ ဝိညာဉ်သည် ကောင်းကင်ယံပေါ်တွင် လွင့်မျောနေသကဲ့သို့ပင် ခံစားနေရ၏။ ဤအရာမှာ အရမ်းပင် မွှေးပျံ့လွန်း၏။ ထို့အပြင် အရသာလည်း ရှိလွန်းလှသည်။
“ချီးတဲ့မှ... ဒါ အရမ်းကောင်းလွန်းအားကြီးတယ်”
လက်ရှိအချိန်မှာတော့ ၎င်းတို့သည် စားခဲ့ဖူးသမျှ အရာအားလုံး ထဲတွင် အကောင်းဆုံးဖြစ်ပြီး လောက၏ အကောင်းမွန်ဆုံးသော အရာကို စားလိုက်ရသကဲ့သို့ပင် ခံစားနေမိကြ၏။
“ဂိုဏ်းချုပ်ကျွင်း”
ချန်းရှစ်ရောင်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “ကျုပ်တို့ ခင်ဗျားရဲ့ ဂိုဏ်းမှာမှ ဒီလိုမျိုး ကောင်းမွန်လှတဲ့ ဟင်းပွဲတွေကို စားဖူးတာပဲ”
“ခင်ဗျားတို့ ကျုပ်ကို မြှောက်ပေးနေပြန်ပြီ”
ကျွင်းချောင်ရှောင်းသည် နှိမ့်ချစွာဖြင့် ပြောလိုက်မိ၏။ “ဒါက သာမန် ဟင်းပွဲတွေပါပဲ။ ခဏအတွင်း ပြုလုပ်လိုက်ရတဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
“..........”
အားလုံးသောသူများသည် ဆွံ့အသွားခဲ့၏။ ဤကဲ့သို့သော နှိမ့်ချမှုသည် အနည်းငယ် များလွန်းလှသည်။
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ခင်ဗျားတို့ ခြောက်ယောက် ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းထဲမှာ ခဏနေလို့ရတယ်လေ။ ပြီးတော့ ဒီကောင်မလေးချက်တဲ့ ဟင်းပွဲတွေကို စားလို့ရပါတယ်”
“ဒါက” ချန်းရှစ်ရောင်နှင့် တခြားသောသူများသည် သဘောကျ နှစ်ခြိုက်သွားခဲ့ကြ၏။ အဆင့်မြင့်ဆေးပင်များကို အသုံးပြု၍ ဆေးလုံးများကို ဖော်စပ်နိုင်၏။ ထို့အပြင် သူတို့စားချင်သလောက် အရသာရှိသည့်အရာများကိုလည်း စားသုံးနိုင်၏။ ထိုအရာကို တည်တည်ငြိမ်ငြိမ် နေနိုင်သည်ဆိုလျှင် လိမ်ညာနေခြင်းသာ ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်း အနေဖြင့် တစ်ဖက်လူများ အားလုံးကို အတင်းဖိအားပေးခြင်းများ မပြုလုပ်ချေ။ ထို့ကြောင့် လီချင်းယန်ကို ခေါ်ယူကာဖြင့် ၎င်းတို့နေထိုင်ရန် အဆောက်အဦများကို စီစဉ်ခိုင်းလိုက်တော့သည်။ ပြီးသည့်နောက် ချန်းရှစ်ရောင်နှင့် တခြားသောသူများသည် ဆေးဥယျာဉ် သို့မဟုတ် စားသောက်ခန်းထဲတွင် ၎င်းတို့၏ နေ့ရက်များ ကို ကုန်ဆုံးတော့၏။ နေ့စဉ်နေ့တိုင်းသည် ဤကဲ့သို့ ရိုးရှင်းစွာ နေထိုင်သည်ဆိုပေမဲ့ ၎င်းတို့သည် မရိုးရှင်းလှချေ။
တစ်လကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထိုသူတို့အားလုံးအား အဓိကဟောခန်းထဲသို့ ခေါ်ယူကာ ပြောလိုက်တော့သည်။ “ခင်ဗျားတို့ ခြောက်ယောက်... အချိန်ကျလာပြီလေ။ ဒီတော့ အချိန်မရွေး ထွက်ခွာသွားလို့ ရပါပြီ”
“ဂိုဏ်းချုပ်ကျွင်း”
ချမ်းရှစ်ရောင်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “တကယ်လို့ ခင်ဗျား စိတ်မရှိဘူးဆိုရင် ကျုပ်တို့က ခင်ဗျားရဲ့ဂိုဏ်းမှာ ဂုဏ်ပြုခံအကြီးအကဲအဖြစ် ဆက်ပြီးနေချင်ပါတယ်”
သူသည် အရင်တုန်းက ဂုဏ်ပြုခံ အကြီးအကဲတစ်ယောက်အဖြစ် နေခဲ့ဖူး၏။ သို့ပေမဲ့ ထိုအရာသည် ခဏတာ အချိန်ပိုင်း အလုပ်သမား တစ်ယောက်မျှသာ ဖြစ်သည်။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ အရည်အသွေးမြင့် ဆေးပင်များနှင့် အရသာရှိသော စားအစာများကို စားသောက်နေထိုင်ရပြီးသည့်နောက် ထာဝရ ပြိုင်စံရှားဂိုဏ်းတွင် အလုပ်လုပ်ရန်ပင် စဉ်းစားထားမိပြီး ဖြစ်တော့သည်။
“ကျုပ်တို့လည်း ဒီမှာနေချင်ပါတယ်”
တခြားသော ဆေးပညာရှင် ငါးယောက်တို့သည်လည်း ၎င်းတို့၏ သဘောထားကို ထုတ်ဖော်ပြောဆိုလိုက်၏။
“ခင်ဗျားတို့ နေလို့ရပါတယ်”
ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ယှက်ကာဖြင့် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “ဒါပေမဲ့ ခင်ဗျားတို့အနေနဲ့ ဂိုဏ်းကို တကယ့်ကို စိတ်နှစ်ပြီး အလုပ်လုပ်မှ ဖြစ်လိမ့်မယ်။ ဒါက အချိန်ပိုင်း အလုပ်တစ်ခုလို မဟုတ်ဘူး”
“ဒါက” အားလုံးသောလူများသည် တိတ်ဆိတ်ငြိမ်သက်သွား၏။
ချန်းရှစ်ရောင်က ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ခင်ဗျား ဘာကို ဆိုလိုတာလဲ”
ကျွင်းချောင်ရှောင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိသော သိုးအရေခွံကို ဆွဲဖြဲလိုက်ပြီဖြစ်၏။ သူ၏ မူလအားဖြင့် ရက်စက်ကြမ်းတမ်းလွန်းလှသော ဝံပုလွေတစ်ကောင်၏ အသွင်သဏ္ဍာန်မျိုး ထွက်ပေါ်လာပြီဖြစ်၏။ “ဂိုဏ်း အသီးသီးမှာ ခင်ဗျားတို့ လုပ်နေတဲ့ ဂုဏ်ပြုခံအကြီးအကဲဆိုတဲ့ ရာထူးတွေ အကုန်လုံးကို ဖယ်ရှားလိုက်တော့။ ပြီးတော့ ပြိုင်စံရှားဂိုဏ်းရဲ့ ဟောခန်းသခင်ဆိုတဲ့ ရာထူးကို တရားဝင်ရယူလိုက်”
ဆေးဟောခန်းမဆောင်ကြီးတစ်ခုလုံးတွင် ဂုဏ်ပြုခံလူများအဖြစ် နေထိုင်ကြသည်ဆိုသော်လည်း ၎င်းတို့သည် တခြားသောလူများထံတွင် အချိန်ပိုင်းအလုပ်လည်း ပြုလုပ်နိုင်စွမ်း ရှိသေး၏။ ဆေးဟောခန်းမ ဋ္ဌာနချုပ် သည် ၎င်းတို့အား ချုပ်နှောင်မထားခဲ့ချေ။
သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ရောက်ချင်သည်ဆိုပါက အားလုံးသည် စိတ်လိုလက်ရ ဝင်ရောက်နိုင်စွမ်း ရှိနေ၏။ ကုန်းရှန့်သည် အစောကြီးကတည်းက ဤကဲ့သို့သော စကားများကို ပြောချင်နေခြင်းဖြစ်၏။ သို့ပေမဲ့ ထိုသူတို့ ခြောက်ယောက်လုံး အသာကျစေရန်အတွက် ဂိုဏ်းထဲတွင် ရက်သုံးဆယ်တိတိ နေထိုင်ခိုင်းခဲ့ခြင်း ပင်ဖြစ်သည်။
“ပြီးတော့”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်၏။ “ခင်ဗျားတို့အနေနဲ့ ပြိုင်စံရှားဂိုဏ်းထဲကို လေးလေးနက်နက် ဝင်ရောက်မယ်ဆိုရင် ဆေးပညာတာအိုနဲ့ပတ်သက်ပြီးတော့ ကျင့်ကြံလို့ရတဲ့အရာတွေ ကျုပ်ဆီမှာ ရှိတယ်။ ဒီအရာက ခင်ဗျားတို့ရဲ့ ဆေးတာအိုကို ပိုပြီးမြန်ဆန်စွာ နားလည်လာစေလိမ့်မယ်”
“.......” ဆေးပညာရှင် ခြောက်ယောက်တို့သည် ဆွံ့အသွားမိသည်။
“ဂိုဏ်းချုပ်ကျွင်း”
ချန်းရှစ်ရောင်သည် ကြောင်အအဖြင့် ပြောလိုက်၏။ “ကျုပ်တို့က တခြားဂိုဏ်းအသီးသီးနဲ့ သဘောတူညီမှု ယူထားတယ်လေ။ ဒီလိုမျိုး သူတို့ဆီကနေ ထွက်လိုက်မယ်ဆိုရင် စိုးရိမ်မိတာက”
ကျွင်းချောင်ရှောင်းက ဖြတ်ပြောလိုက်သည်။ “ဒါက ခင်ဗျားတို့ရဲ့ ပြဿနာလေ။ ခင်ဗျားတို့ ဖြေရှင်းရမှာပေါ့။ ကျုပ်တို့ ဒီပြဿနာကို ဆွေးနွေးနေဖို့ မလိုအပ်ပါဘူး။ ဒီတော့ ကျုပ်ပြောတာကိုပဲ နားထောင်”
“.........”
ထိုသူခြောက်ယောက်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်၏။ ၎င်းတို့၏ မျက်နှာအမူအရာများသည် အံ့အားသင့်လျက် ရှိနေကြ၏။ ဂိုဏ်းချုပ်ကျွင်းသည် ၎င်းတို့အား ဤနေရာတွင် တစ်လတာ နေထိုင်ခွင့် ပေးခဲ့၏။ ထို့အပြင် အစားအသောက်နှင့် နေထိုင်မှုကိုလည်း စီစဉ်ပေးခဲ့တော့သည်။ ဆက်လက်နေထိုင်နိုင်မည်လား ဆိုသည်မှာ ၎င်းတို့အပေါ်တွင်သာ မူတည်နေတော့၏။
ထွက်ခွာသွားဖို့ ဆိုသည်မှာလည်း နောက်ကျနေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်း၏ ဆေးပင်များနှင့် အစားအသောက်များကို စွဲလမ်းနေပြီ ဖြစ်၏။ သူတို့ ထွက်မသွားနိုင်တော့ချေ။
“ကောင်းပြီ”
ချန်းရှစ်ရောင်သည် ပူးပေါင်းလိုက်၏။ “ကျုပ် တခြားဂိုဏ်းအသီးသီးမှာ လုပ်နေတဲ့ ရာထူးတွေ ကနေ နှုတ်ထွက်လိုက်မယ်။ ပြီးတော့ ပြိုင်စံရှားဂိုဏ်းရဲ့ ဆေးဟောခန်းသခင်အဖြစ် လာနေပါ့မယ်”
တခြားသော ငါးယောက်တို့သည်လည်း လိုလိုချင်ချင်ဖြင့် ပြိုင်စံရှားဂိုဏ်းသားများဖြစ်ရန် သဘောတူညီလိုက်တော့သည်။
“ခင်ဗျားတို့ ခြောက်ယောက်လုံး... ဒါဆိုရင် ဝင်ခွင့်ဖောင်ကို ဖြည့်တော့”
“ဟင်း”
ချန်းရှစ်ရောင်နှင့် တခြားသောသူများ အားလုံးသည် သက်ပြင်းချလိုက်မိကြ၏။
စနစ်သည်လည်း သက်ပြင်းချလိုက်သည်။ “ဒီလူတွေကို သမားရိုးကျခေါ်လို့ မရဘူး။ ဒီလိုမျိုး လှည့်စားပြီး ခေါ်မှပဲ ရောက်လာခဲ့တာကိုး”
ဝင်ခွင့်ဖောင်ကို ဖြည့်ပြီးသည့်နောက် ဂိုဏ်းချုပ်၏ စည်းတံဆိပ်တုံးကို ထုနှက်လိုက်သည်။ ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းထဲတွင် ဆေးဟောခန်းမ ရှစ်ခုအထိ တည်ရှိပြီး ဟောခန်းသခင်ကလည်း ရှစ်ယောက် တည်ရှိနေ၏။
တစ်ရက်တည်းမှာပဲ ကျွင်းချောင်ရှောင်းသည် ချန်းရှစ်ရောင်နှင့် တခြားသောသူများအား အရိပ်တစ်ထောင် ကိုယ်ပွားနည်းစနစ်အား ကမ်းပေးလိုက်၏။ ထိုအရာများကို အကြမ်းဖျဉ်း ဖတ်ကြည့်ပြီးသည့်နောက် ၎င်းတို့ အားလုံးသည် ရတနာတစ်ခုကို ရသကဲ့သို့ မြတ်မြတ်နိုးနိုးဖြင့် စတင်ကာ ကျင့်ကြံကြတော့သည်။
“ဘာလို့ ဒီလိုမျိုး သိုင်းကျင့်ကြံခြင်းနည်းစနစ်ကို အစောကြီးကတည်းက ထုတ်မပေးတာလဲ။ အချိန်တစ်လတိတိ ဖြုန်းသလို ဖြစ်သွားပြီ”
တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် စဦးဆေးပင်များနှင့် အရသာရှိသည့် အစားအစာများနှင့် ဆွဲဆောင်ရန်သာ ဖြစ်တော့သည်။ ထိုအရာများသာ အလုပ်မဖြစ်ပါက အရိပ်တစ်ထောင်ကိုယ်ပွားသိုင်းနည်းစနစ် အား ထုတ်ဖော်အသုံးပြုရန် စဉ်းစားထားခဲ့၏။ သို့ပေမဲ့ ထိုအဆင့်ဆီသို့ မရောက်ရှိလိုက်ချေ။
........
ရက်အနည်းငယ်ကြာမြင့်ပြီးနောက် ပြိုင်စံရှားဂိုဏ်းသည် ဆေးဟောခန်းမ ရှစ်ခုရှိပြီး ဆေးဟောခန်းမဆောင် ဌာနချုပ်၏ ဆေးပညာရှင် ရှစ်ယောက်တို့သည် ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း တရားဝင်ထုတ်ဖော် ပြောကြားခဲ့၏။
ဆေးဟောခန်းမဆောင်နှင့်အတူ လက်တွဲပူးပေါင်းလုပ်ဆောင်မှုသည် အစောကြီးကတည်းက လူများအားလုံးကို အံ့အားသင့်စေခဲ့ပြီးဖြစ်၏။ ထိပ်တန်းဆေးပညာရှင် ရှစ်ယောက်တို့ ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့ခြင်းသည် တစ်လောက လုံးက လူများအားလုံးကို ထိတ်လန့်အံ့အားသင့်စေခဲ့သည်။
ကျွတ် ကျွတ်
လှိုဏ်ဂူကြီးတစ်ခု၏ အပြင်ဘက်မှာတော့ မာဆာတိုကီတာနိုသည် ၎င်း၏ စစ်တုရင်ရုပ်ကို ကိုင်ကာ ပြောလိုက်၏။ “ဒီလိုမျိုး ဆေးပညာရှင်တွေ အကုန်လုံးကို သိမ်းဆည်းထားနိုင်ဖို့ဆိုတာ ခင်ဗျားရဲ့တပည့်က တကယ့်ကို လုပ်ရည် ကိုင်ရည်ရှိတာပဲ”
“ဟား ဟား ဟား”
ကြီးမြတ်သူတုံးကု သည် ရယ်မောလိုက်သည်။ “သူ့ဆီမှာ စွမ်းရည် မရှိရင် ဘယ်လိုလုပ် ကျုပ်တပည့် ဖြစ်လာမှာလဲ”
ကောင်လေး... မင်းကိုကြည့်ရတာ တော်မယ့်ပုံပဲ။
…….
“ဒင်... ဆေးဟောခန်းဌာနချုပ်ဆီမှ ဆေးပညာရှင် ရှစ်ယောက်လုံးကို သိမ်းသွင်းနိုင်ခဲ့၏။ အထက်နယ်မြေ တစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်စေခဲ့၏။ ထို့ကြောင့် ဂိုဏ်းဂုဏ်သိက္ခာအမှတ် နှစ်ရာကို ရရှိသည်”
ဒင်.... ဂိုဏ်းဂုဏ်သိက္ခာအမှတ် - ၂၀၀”
“ထင်ထားတဲ့အတိုင်းပဲကိုး”
သတိပေးသံကို ကြားရပြီးသည့်နောက် ကျွင်းချောင်ရှောင်းက တွေးတောလိုက်၏။ “ငါ ထင်ထားတဲ့ အတိုင်းပဲကိုး”
အထက်နယ်မြေတွင် ဂိုဏ်းမှ ပိုမို၍ ကျော်ကြားလေ ဂိုဏ်းဂုဏ်သိက္ခာအမှတ်သည် ပိုမိုကာ ရရှိလေဖြစ်၏။ ထို့ကြောင့် သူသည် လက်များကို ပွတ်သပ်ကာ ပြောလိုက်၏။ “အနာဂတ်မှာ ငါ နယ်မြေဟောခန်းတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်နိုင်မယ်ဆိုရင် ဂိုဏ်းဂုဏ်သိက္ခာအမှတ်တွေ အများကြီး ရမယ်နဲ့တူတယ်”
“အိုက်ရား”
မူလအားဖြင့် ဂုဏ်ယူလျက် ရှိနေသည့် ကြီးမြတ်သူတုံးကု သည် ရုတ်တရက် သူ၏ခေါင်းကို ဆုပ်ကိုင် ကာဖြင့် ပြောလိုက်သည်။ “ဘာလို့မှန်းမသိဘူး။ ကျုပ်ခေါင်းတွေတောင် ကိုက်လာသလိုပဲ”