← Chapters

အခန်း (၁၄၃၅)

Vol. 97 Ch. 1435

အခန်း (၁၄၃၅)

Vol. 97 Ch. 1435

ဂိုဏ်းဂုဏ်သိက္ခာအမှတ်တစ်သောင်းကို အသုံးပြု၍ အဆင့်မြှင့်တင်သည့် အရာသည် ဂိုဏ်းစုဆောင်းမှတ် သန်းတစ်ရာ အသုံးပြု၍ အဆင့်မြှင့်တင်သည်ထက် ပိုမိုကာ မျက်စိပဒေသာဖြစ်သေး၏။ အနည်းဆုံး အနောက်ဖက်တွင် သုညအများကြီး မရှိချေ။

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာတော့ စနစ်ကို တီထွင်ဖန်တီးခဲ့သူအား အဆမတန် ကျိန်ဆဲလျက် ရှိနေတော့၏။ အောက်နယ်မြေတွင် အစပျိုးရခြင်းသည် အလွန်ခက်ခဲလှသည် ဆိုသော်လည်း ဖြည်းဖြည်းခြင်းနှင့် တိုးတက်သွားခဲ့ခြင်း ဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အထက်နယ်မြေဗားရှင်းဖြစ်သော စနစ်သည် အဆင့်မြှင့်တင်ရာ၌ ပိုက်ဆံများကို အသုံးပြုရန် လိုအပ်နေသည်။

refrashလုပ်သည့် အရာကိုပင် VIP အဖြစ် သက်မှတ်ထားခဲ့၏။ ပိုက်ဆံမရှိဘဲ ရှင်သန်ရန်မှာ လုံးဝမဖြစ်နိုင်ချေ။

“ဟင်း…..”

ကျွင်းချောင်ရှောင်းသည် သက်ပြင်းချလိုက်မိ၏။ "တကယ့်ကို လွန်လွန်းအားကြီးတယ်"

တစ်ကယ်တမ်းမှာတော့ အဆင့်မြှင့်တင်ရန် လမ်းစဉ်တစ်ခုချမှတ်ထားခြင်းသည် မဆိုးလှချေ။ တပည့်များအနေဖြင့် အဆင့်မြှင့်တက်လာရန် မလိုအပ်သလို၊ အခြားအသိအမှတ်ပြုမှုများလည်း မလိုအပ်ချေ။ ၎င်းတို့အနေဖြင့် လုံလောက်သည့် ဂိုဏ်းစုဆောင်းမှတ်နှင့် ဂိုဏ်းဂုဏ်သိက္ခာအမှတ်များ ရှိပါက အဆင့်မြှင့်တင်နိုင်စွမ်း ရှိနေသည်။

ထိုအရာသည် မည်သည့်အရာကို ဆိုလိုသနည်း။ လုံလောက်သည့် ပိုက်ဆံငွေကြေးရှိပါက မိမိလုပ်ချင်ရာကို လုပ်နိုင်သည်ဆိုခြင်းပင်။

ကျွင်းချောင်းရှောင်းက တွေးလိုက်၏။ နောက်ဆိုရင် ငါဂိုဏ်းစုဆောင်းမှတ်နဲ့ ဂိုဏ်းဂုဏ်သိက္ခာမှတ်တွေကို စုဆောင်းထားဖို့ ဂရုစိုက်ရတော့မယ်။

စနစ်က ပြောလိုက်၏။ "လက်ခံသူ အဲ့လောက် ရည်မှန်းချက်ကြီးမနေနဲ့။ မင်းအနေနဲ့ ဂိုဏ်းရဲ့ အဆင့်မြှင့်တင်မှုဆိုတာ တပည့်တွေရဲ့လုံလောက်တဲ့ အားအင်အပေါ်မူတည်နေတယ်ဆို သိသင့်တယ်။ ပိုက်ဆံတွေ အသုံးပြုပြီး အင်မော်တယ်အဆင့် ဂိုဏ်းတစ်ခု ဖြစ်လာမယ် ဆိုရင်တောင်မှ တပည့်တွေက အရည်အချင်းမရှိရင် စက္ကူကျားတစ်ကောင်လိုပဲ ဖြစ်နေလိမ့်မယ်။ “

"မင်းဆိုလိုတာက ငါ့အနေနဲ့ ပိုက်ဆံတွေရှာဖို့ လိုအပ်သလို တပည့်တွေအဆင့်တက်ဖို့လဲ ကြိုးစားရမယ်ပေါ့။ အဲလိုလား"

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

"အမှန်ပဲလေ"

"ဒါဆိုရင် ပိုက်ဆံတွေအသုံးပြုပြီးတော့ ဘာလို့ဂိုဏ်းကို အဆင့်မြှင့်တင်ခိုင်းရတာလဲ"

"ဒါက မရှိမဖြစ် ရှိသင့်တဲ့ အရာမို့လိုပေါ့"

"တော်စမ်း။ ပိုက်ဆံတွေအသုံးပြုပြီး ဖြေရှင်းရတဲ့အရာမရှိဘူးဆိုတော့ ဒါငါ့ကို သက်သက်မဲ့မဲ့ လိမ်ညာလှည့်စားထားတာပဲ"

ဂိုဏ်း၏ ဂုဏ်သိက္ခာအမှတ်သည် ဂိုဏ်သိက္ခာနှင့် ပတ်သက်သည့် ပစ္စည်းများကို ဝယ်ယူနိုင်စွမ်း ရှိ၏။ ထို့ပြင် ဟန်ထုတ်ဝတ်စုံကို ကြည့်ရှုလိုက်သည်နှင့် ဂိုဏ်း၏ ဂုဏ်သိက္ခာအမှတ်နှင့် ဝယ်ယူရသော ပစ္စည်းများကို အဆမတန်ကောင်းမွန်လှကြောင်း သိရှိနိုင်၏။

သို့ပေမဲ့ ဂိုဏ်းအား တိုက်ရိုက်အဆင့်မြှင့်တင်နိုင်သည့် နည်းလမ်းရှိသည်ဆိုသော်လည်း ပြဿနာအသစ်များက ပေါ်ပေါက်လာသေး၏။ အနာဂတ်တွင် သူသည် ကုန်ပစ္စည်းများကို ဝယ်ယူရမည်လား၊ အဆင့်မြှင့်တင်ရမည်လားကို ဝေခွဲ၍ပင်မရတော့ချေ။

"ကောင်းမွန်တဲ့ ပစ္စည်းတွေပေါ်လာပြီဆိုရင် မဝယ်ပဲနေဖို့ကလည်း မဖြစ်နိုင်ဘူး။ ဒါတွေကို စုဆောင်းပြီးတော့ သုံးရမယ်ဆိုရင်လည်း ဂိုဏ်းဂုဏ်သိက္ခာအမှတ်တစ်သောင်းရဖို့ကို ဘယ်လိုမျိုးသွားပြီးတော့ စုရမှာလဲ"

လိမ်ညာမှု။ ဒါကအကြီးအကျယ်လိမ်ညာမှုပင် ဖြစ်၏။ ကျွင်းချောင်ရှောင်းသည် အကြီးအကျယ် စိတ်ဓာတ်ကျသွားမိသည်။

"နားလည်ပြီ။ ဒီသောက်ရူးက ငါ့ကို အဓိကတာဝန်အောင်မြင်နိုင်ဖို့ ခက်ခဲမှုနှုန်းကို ပက်ပက်စက်စက် တိုးမြှင့်ထားတာပဲ ဖြစ်ရမယ်"

စနစ်က ေြ"မင်း ထင်ချင်သလို ထင်ပေါ့"

"ချီးတဲ့မှ"

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကြိတ်ကာဆဲလိုက်မိ၏။ ပြီးသည့်နောက် သူသည် တစ်စုံတစ်ခုကို တွေးလိုက်မိ၏။ "တစ်စုံတစ်ခုကို ဝယ်ယူရင်း ဂိုဏ်းကိုလည်း အဆင့်မြှင့်တက်အောင် လုပ်ရမယ်"

သန်းတစ်ရာဆိုသည်မှာ ခက်ခဲလှ၏။ သို့ပေမဲ့ သီးခြားတာဝန်များကို ပြုလုပ်ပြီး စုဆောင်းသွားမယ်ဆိုရင် ထိုအရာကို တစ်ဖြည်းဖြည်းနှင့် ပြည့်စုံလာလိမ့်မည်။

"ဒါဆိုရင် လုပ်လိုက်ကြရအောင်"

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ဆုံးဖြတ်ချက်ချလိုက်၏။ သို့ပေမဲ့ သူ၏ဆုံးဖြတ်ချက်မှာ ကောင်းမွန်လှသည်ဆိုသော်လည်း ပြဿနာမှာ ကြီးလွန်းလှ၏။ ဂိုဏ်းစုဆောင်းမှတ်နှင့် ဂိုဏ်းဂုဏ်သိက္ခာမှတ်များ ကို မည်ကဲ့သို့ ရှာဖွေမည်ဆိုသည်မှာ အဓိကပြဿနာကြီး ဖြစ်လို့နေခဲ့၏။

"ဂိုဏ်းတာဝန် မြန်မြန်လာခဲ့စမ်း"

"..."

စနစ်သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။

“ဒင် …. ဂိုဏ်းတာဝန် အသက်ဝင်။ ဂိုဏ်းတာဝန်သည်"

ဟားဟားဟား

ကျွင်းချောင်ရှောင်းသည် အားရပါးရ ရယ်မောလိုက်၏။ "မင်းဘာမှမပြောပဲ ငြိမ်ငြိမ်လေးနေမယ်ဆိုရင်တောင်မှ မင်းရဲ့ ပြောင်းပြန်ဖြစ်တတ်တဲ့ သဘောသဘာဝကို လွန်ဆန်နိုင်မယ်လို့ ထင်နေတာလား။ နေအုံး။ ဂိုဏ်းတာဝန် ဟုတ်လား"

တပည့်များသည် လုံလောက်အရေအတွက်ရောက်တိုင်း ဂိုဏ်း၏တာဝန်သည် ပေါ်လာတတ်၏။ တပည့်များ ဂိုဏ်း၏တာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်လျှင် ဂိုဏ်းအောင်မြင်မှုအမှတ်များကို ရရှိပြီး အဆင့်မြင့်တင်နိုင်၏။ လက်ရှိအချိန်မှာတော့ ဂိုဏ်း၏ အဆောက်အအုံသည် နာမည်အဖြစ်သာ တည်ရှိနေ၏။ တပည့်များ၏ အရေအတွက် သည်လည်း အကန့်အသတ်မရှိသေးချေ။

ဂိုဏ်း၏ တာဝန်ဆိုသည်မှာ မည်သည့်နေရာက ပေါ်ပေါက်လာသနည်း။

စနစ်က ရှင်းပြလိုက်၏။ "မင်းရဲ့ တပည့်တွေက အထက်နယ်မြေမှာ နှစ်နှစ်ကျော်ကြာအောင် လေကျင့်ပြီးသွားပြီလေ။ ဒီတော့ ပတ်ဝန်းကျင်အသစ်ကြီးနဲ့ အလုံးစုံ အသားကျသွားပြီ။ ဂိုဏ်းရဲ့ တာဝန်ပေါ်လာတယ်ဆိုတာ သဘာဝပဲ။ တာဝန်တွေ ပြည့်စုံအောင် ပြုလုပ်ပြီးတဲ့နောက်မှာ ဂိုဏ်းရဲ့အောင်မြင်မှုအမှတ်နဲ့ ဂိုဏ်းရဲ့ စုဆောင်းမှတ်တွေကို ရရှိလိမ့်မယ်"

"ဖြစ်နိုင်ချေရှိရုံလား"

"ဟုတ်တယ်လေ ငါက အထောက်အပံ့သဘောမျိုးပဲ။ ဂိုဏ်းရဲ့ လုပ်ဆောင်မှုတွေကို သေချာမသိဘူး"

"မင်းက ပါးပိတ်ရိုက်ခံတာနဲ့ ပြောသမျှအကြောင်းအရာတွေကို ပြောင်းပြန်ကောက်လို့ရတာကလွဲရင် မင်းသိတာ ဘာရှိလဲ။ ငါမင်းအစား ရှက်တောင်လာပြီ"

ကျွင်းချောင်ရှောင်း၏ စကားကိုကြားပြီးသည့်နောက် စနစ်သည် ဆွံ့အလျက်ရှိနေ၏။

"ဂိုဏ်းချုပ်"

ထိုအချိန်မှာပဲ လီချင်းယန်သည် အသံပို့လွှတ်လိုက်သည်။ "ဂိုဏ်းတာဝန် တော်တော်များများက တာဝန်ခွဲဝေခြင်းအဆောင်ထဲမှာ ပေါ်လာတယ်"

ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ပဲ သွားရောက်ကြည့်ရှုလိုက်သည့်နောက် တာဝန်များသည် အစဉ်လိုက် တည်ရှိနေသည်ကို တွေ့လိုက်ရ၏။ တစ်ချို့သည် မွန်းစတားများကို သတ်ခြင်း၊ တစ်ချို့မှာတော့ လေ့ကျင့်ရန် အပြင်ဖက်သို့ထွက်ခြင်းနှင့် ဂိုဏ်း၏အဆင့်မြင့်တင်ပြီးချိန်တွင် ရရှိလာသည့် တာဝန်များနှင့်ပင် ဆင်တူလွန်းလှ၏။

"ချီးတဲ့မှ …. တာဝန်တွေ အများကြီးရှိနေတာပဲ။ ဒါတွေအားလုံးကိုသာ ပြီးပြည့်စုံအောင် လုပ်နိုင်မယ်ဆိုရင် ဂိုဏ်းစုဆောင်းမှတ်တွေအများကြီး ရမှာပဲ။ ချင်းယန်"

ကျွင်းချောင်းရှောင်းက အမိန့်ပေးလိုက်သည်။ "တပည့်တွေအားလုံးက်ု အမိန့်ပေးလိုက်။ အားပြီဆိုတာနဲ့ တာဝန်တွေ ပြုလုပ်ဖို့"

"ကောင်းပါပြီ"

ဂိုဏိး၏တာဝန်ဝတ္တရားသည် ရုတ်တရက်ပေါ်ပေါက်လာပြီးနောက် ငြိမ်သက်နေသေည ဂိုဏ်းကြီးသည် ရုတ်တရက် အသက်ဝင်လာခဲ့၏။

အပြင်ဖက်တွင် များပြားလှသော တပည့်များသည် စုဝေးလျက် ရှိနေကြပြီး လိုအပ်သည့် လူစာရင်းူ နှင့် တာဝန်များကို ရွေးချယ်နေကြသည်။

ကြည့်ရှုရသည်မှာ ဂိမ်းကစားသည်နှင့်ပင် ဆင်တူနေတော့၏။

ဟုတ်ပေသည်။ ဂိုဏ်းထဲတွင် တပည့်အများအပြား တည်ရှိနေ၏။ အဆင့်နိမ့်တာဝန်များသည် အပြင်စည်း တပည့်များနှင့် သင့်တော်လှ၏။ အလယ်အလတ်တာဝန်များမှာတော့ အတွင်းစည်းတပည့်များအတွက် ဖြစ်သည်။ အဆင့်မြင့်တာဝန်များမှာတော့ ဂိုဏ်း၏အဓိကတပည့်များအတွက် ရည်ရွယ်ထား၏။ အထက်၌ အကြီးအကဲများ သီးသန့်ပြုလုပ်ရမည့် တာဝန်များလည်း တည်ရှိနေသေးသည်။။

"ခရမ်းရောင်ဖီးနစ်သစ်ပင်ကို တစ်လအတွင်း ငါးသန်းတိတိ စိုက်ပျိုးရမယ်"

တာဝန်ဘုတ်ပြားရှေ့တွင် မတ်တပ်ရပ်လျက်ရှိနေသော စွန်းပုကုန်းသည် တာဝန်ကို သေသေချာချာ ကြည့်ရှုပြီးနောက် ပြောလိုက်သည်။ "ဒါက ပြဿနာကြီးမဟုတ်ဘူး"

ခရမ်းရောင်ဖီးနစ်သစ်ပင် … အသံကိုနားထောင်လိုက်သည်နှင့် အဆင့်အတန်းမြင့်မားလှပုံပေါ်၏။ သို့ပေမဲ့ ၎င်းတို့အနေဖြင့် ဆေးပင်စိုက်ပျိုးမှုတွင် အလွန်ကျွမ်းကျင်နေသည် မဟုတ်ပါလား။ မိုးစွေဟောခန်း၊ သားရဲဟောခန်းနှင့် တစ်ခြားသော ဟောခန်းအသီးသီးတို့သည်လည်း တာဝန်အသီးသီးကို ရရှိကြ၏။

၎င်းတို့သည် သီးသန့်ဆန်လွန်းလှသောကြောင့် သေသေချာချာ ထည့်သွင်း၍ မရေးသားတော့ချေ။

“ဒင် …. တပည့်ကျင်းသည် ဂိုဏ်းတာဝန်ကို ပြည့်စုံစေခဲ့သည့်အတွက် ဂိုဏိးစုဆောင်းမှတ် ဆယ်မှတ်နှင့် ဂိုဏ်းအောင်မြင်မှုအမှတ် ဆယ်မှတ်ကို ရရှိသည်။ "

“ဒင် …. တပည့်လီကျစ်ဟန်သည် ဂိုဏ်းတာဝန်ကို ပြည့်စုံစေခဲ့သည်။..."

ရက်အနည်းငယ်အတွင်း များပြားလှသော တပည့်များသည် တာဝန်များကို တစ်ခုပြီးတစ်ခု ပြည့်စုံအောင် ပြုလုပ်ကြ၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ ဆွံ့အလို့နေခဲ့သည်။ "ဆုလာဘ်ကလည်း နည်းလိုက်တာ။ တာဝန်တစ်ခုကို ဆယ်မှတ်"

"တပည့်တစ်သိန်းဆိုတော့ ဆယ်သိန်းမဟုတ်ဘူးလား၊ နည်းသေးလား" စနစ် က မေးခွန်းထုတ်လိုက်၏။

"ဒီလိုဆိုတော့လည်း များတဲ့ပုံပါပဲ"

ဆုလာဘ်သည် ပြဿနာတစ်ခု မဟုတ်ပေ။ အနည်းဆုံးတော့ ဂိုဏ်း၏တာဝန်ပေါ်လာသည်နှင့် ဂိုဏ်းစုဆောင်းမှတ်များကို မည်ကဲ့သို့ ရှာဖွေရမည်ကို မြင်ရခဲ့ပြီ ဖြစ်သည်။

အပြင်စည်းတပည့်များသည် စတင်ကာ လှုပ်ရှားနေကြပြီ ဖြစိ၏။ သို့ပေမဲ့ အဓိကတပည့်များမှာတော့ မလှုပ်ရှားကြသေးပေ။ အဘယ့်ကြောင့်ဆိုသော် အချို့မှာ တံခါးပိတ် ကျင့်ကြံနေသောကြောင့်ပင်။ ဥပမာအားဖြင့် ရီရှင်းချန်နှင့် ရှောင်ကျီတို့ ဖြစ်၏။

ငါးရက်လောက် ကြာပြီးသည့်နောက် လီချင်းယန်သည် တောင်၏အနောက်ဖက်တွင် ၎င်းတို့နှစ်ယောက်အား သွားရောက်ကာ တွေ့ဆုံခဲ့၏။ "တာဝန်တစ်ခု သွားလုပ်ကြရအောင်"

"ဘာတာဝန်လဲ"

"အရမ်းအရမ်းကို ခက်တဲ့တာဝန်ပေါ့"

"အင်း"

သူတို့နှစ်ဦး၏ မျက်လုံးထဲတွင်တော့ တိုက်ခိုက်လိုသည့် ဆန္ဒများနှင့် ပြည့်နှက်နေခဲ့သည်။

"ဂျူနီယာညီလေးဟယ်"

လီချင်းယန်သည် သေခြင်းရှင်ခြင်းနယ်မြေထဲသို့ ဝင်ရန်ပြင်ဆင်နေသည့် ဟယ်ဝူတီ ကို ကြည့်ကာ လှမ်းအော်လိုက်၏။ "ငါတို့နဲ့အတူတူလိုက်မှာလား"

"လိုက်မှာပေါ့"

"သွားကြရအောင်"

တာဝန်ခွဲဝေခြင်းအဆောင်ရှေ့တွင်တော့ လီချင်းယန် သည် တာဝန်ခွဲဝေခြင်းဘုတ်ပြားရှေ့တွင် မတ်တပ်ရပ်လျက်ရှိ၏။ သူသည် သူသည် အလွန်ခက်ခဲလွန်းလှသော တာဝန်များကို ရွေးချယ်လျက် ရှိနေ၏။ လူအရေအတွက်နှင့် ရွေးချယ်ရန် ပြင်ဆင်နေသည့် အချိန်မှာပဲ အေးစက်သည့် အသံသည်သူ၏အနောက်ဖက်ဆီမှ ပေါ်ထွက်လာ၏။

"ငါ့ကိုပါ ထည့်တွက်လိုက်"

အားလုံးလှည့်၍ကြည့်ရှုလိုက်ပြီးနောက် အကြီးဆုံးစီနီယာအစ်မကြီးသည် တံခါးကိုမှီကာ ရပ်လျက်ရှိနေကြောင်း သိလိုက်ရ၏။ သူတို့သည် အံ့အားသင့်မိသွားသည်။

"ဒါနည်းနည်း ထူးဆန်းလွန်းနေတာပဲ"

ယခင်တုန်းက ခက်ခဲလှသည့် တာဝန်များ ပေါ်ပေါက်လာဖူး၏။ သို့ပေမဲ့ အားလုံးသောသူများသည် တာဝန် ပြုလုပ်ခဲ့ကြသော်လည်း ရီရှင်းချန်နှင့် လုချင်းချင်း တို့ ပါဝင်ကြသည်မှာတော့ ရှားရှားပါးပါးပင်။ ယခုအချိန်မှာတော့ သူမသည် တကူးတကနှက့် ရောက်ရှိလာပြီး ပါဝင်မည်ဟုပြောဆိုလျက်ရှိနေ၏။

"ကောင်းပြီ"

လီချင်းယန်သည် အကြီးဆုံးစီနီယာအစ်မကြီးနာမည်ကို ထည့်သွင်းလိုက်၏။ ထိုအချိန်မှာပဲ တာဝန်ပြုလုပ်မည့် အရေအတွက်သည် ပြည့်မှီသွားခဲ့၏။ စုစုပေါင်း လူငါးယောက်ဖြစ်ပြီး သုံးယောက်မှာမူ ရီရှင်းချန်၊ ဟယ်ဝူတီ နှင့် ရှောင်ကျီတို့ပင် ဖြစ်သည်။

"နေအုံး … စုရှောင်မို ဘယ်ရောက်နေလဲ"

လက်ရှိအချိန်မှာတော့ သူသည် ရှရွှေယင်နှင့်အတူ လင်းယွမ်ြ"လွန်ခဲ့တဲ့ နှစ်နှစ်လုံး ဂိုဏ်းထဲမှာ နေထိုင်နေရတာက မင်းနဲ့အတူတူ နာရီဝက်လောက် နေထိုင်ရတာနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်ဘူး။ ဒီလိုလေးပဲ နေချင်တယ်"

All Chapters