← Chapters

အခန်း (၁၄၄၀)

Vol. 97 Ch. 1440

အခန်း (၁၄၄၀)

Vol. 97 Ch. 1440

ကျွင်းချောင်ရှောင်း လာရောက်မကယ်တင်ခင် အချိန်တုန်းက နတ်ဆိုးမြူသားရဲဘုရင်သည် သေဆုံးခြင်း ဂိတ်တံခါး ထဲတွင် ချုပ်နှောင်ခြင်း ခံထားရသည် ဆိုသော်လည်း ဖြစ်နေသည့် ပြဿနာကြီးများတော့ ပြီးဆုံးမသွားချေ။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ နတ်ဆိုးစွမ်းအင်များသည် အဆမတန် အားကောင်းသည့် အခြေအနေဆီသို့ ရောက်ရှိနေသောကြောင့်ပင်။

ရှောင်ကျီသည် မြေပေါ်တွင် ဒူးတစ်ဝက်ထိုင်ချပြီးသည့်နောက် မျက်နှာပြင် တစ်ခုလုံးသည် တင်းမာခက်ထန်စွာဖြင့် ပျက်ယွင်းလျက် ရှိနေ၏။ နတ်ဆိုးမြူသားရဲဘုရင်၏ လက်သီးထိုးနှက်ချက်ကို ခံရပြီးသည့်နောက် သူ၏ဝိညာဉ် အကာအကွယ် တစ်ခုလုံးသည် ပြိုလဲသွားခဲ့၏။ လက်ရှိအခြေအနေမှာတော့ မည်သို့မှ မခံစားနိုင်ဘဲ နာကျင်လျက် ရှိနေသည်။

လီချင်းယန်၊ ရီရှင်းချန်နှင့် တခြားသောသူများ အားလုံးသည်လည်း တူတူပင်ဖြစ်၏။ ဤနေရာသည် နတ်ဆိုးမြူ သားရဲ၏ နတ်ဆိုးမြူသစ်တောထဲတွင်ဖြစ်၏။ အန္တရာယ်အရှိနိုင်ဆုံး အရာသည် နတ်ဆိုးများ သို့မဟုတ် နတ်ဆိုး ဘုရင်လည်း မဟုတ်ချေ။ အထဲတွင် ပျံ့နှံ့လျက်ရှိပြီး ၎င်းတို့၏ စိတ်တစ်ခုလုံးကို တိုက်စားလျက် ရှိနေသည့် နတ်ဆိုး စွမ်းအင်များပင် ဖြစ်တော့၏။

ဖောက်

အားလုံးတို့သည် နတ်ဆိုးအော်ရာများကို ခုခံရန် လုံးပမ်းနေသည့် အချိန်မှာပဲ လုချင်းချင်း၏ ဆံပင်အဖြူရောင် များသည် လေထဲတွင် လွင့်လျက်ရှိ၏။ သူမသည် မြေပြင်ပေါ်သို့ အသာဆင်းသက်လိုက်၏။ လက်နှစ်ဖက်ဖြင့် စည်းသင်္ကေတတစ်ခုကို ဖန်တီးပြီးနောက် ပြောလိုက်သည်။ “ရေခဲသလင်းအကာအကွယ် ချိုးဖြတ်မရ …”

ဒွီး

ထူးဆန်းလွန်းသည့် ပုံရိပ်ယောင်များသည် သူမ၏ အောက်ခြေ မြေပြင်ပေါ်တွင် ထင်ဟပ်လာခဲ့၏။ ပြီးသည့်နောက် ကြာပန်းတစ်ခု၏ ပုံပန်းသွင်ပြင်မျိုး ဖြစ်တည်လာ၏။

ဝှစ်

လေအေးများ တိုက်ခတ်နေသကဲ့သို့ သူမ၏ အဖြူရောင်ဆံနွယ်များသည်လည်း လေထဲတွင် လွင့်လျက်ရှိ၏။ အလင်းတန်းများနှင့် ဖုံးလွှမ်းလျက်ရှိနေသည့် ပုံရိပ်ယောင် အစီအရင်ကြီးထဲတွင် ရပ်လျက်ရှိနေသည့် လုချင်းချင်းသည် တစ်စုံတစ်ခု ကျွမ်းလောင်နေသလိုပင်။

“စီနီယာအစ်မ” လီချင်းယန်သည် နာကျင်စွာဖြင့်‌ အော်ဟစ်လိုက်၏။

“အဆင်ပြေသွားလိမ့်မယ်”

လုချင်းချင်းသည် နောက်လှည့်ကြည့်ကာဖြင့် ပြောလိုက်သည်။ “ဒီမြူတွေ ပျောက်ကွယ် သွားတဲ့အထိ ငါမင်းတို့ကို ကာကွယ်ပေးထားမယ်”

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အေးစက်သည့်လေများဖြင့် ဖုံးလွှမ်းနေ၏။ သူမ၏ စကားလုံးများသည် အေးစက်လှသည်ဆိုသော်လည်း ကြားရသည့်သူများသည် နွေလေညှင်း၏ တိုက်ခတ်မှုကို ခံစားရသလို နွေးထွေးသွား၏။

ဝှစ် ….။

ထိုအချိန်မှာပဲ အားကောင်းလွန်းလှသော ရေခဲမြူအော်ရာများသည် ရုတ်တရက် နတ်ဆိုးမြူတောထဲတွင် ထွက်ပေါ်လာခဲ့ပြီး တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ ထိုအရာ ဖြတ်သန်းသွားသည့် တည်နေရာတိုင်းတွင် ရှိနေသော မြူများကို ခဲသွားစေ၏။ ပြီးသည့်နောက် တောအုပ်ကြီးတစ်ခုလုံးတွင် မှန်များ ထောင်ထားသကဲ့သို့ အခြေအနေမျိုး ဖြစ်တည်လာသည်။

ဖြောက် ဖြောက် ဖြောက် ဖြောက်

လူငါးယောက်တို့၏ ခန္ဓာကိုယ်သည် စတင်ကာ အေးခဲလာပြီးသည့်နောက် ထူထဲလှသည့် ရေခဲပြင်ကြီး တစ်ခုလုံးသည် ၎င်းတို့အား ဖုံးလွှမ်းသွား၏။ အပြင်ဘက်တွင် ရှိနေသော နတ်ဆိုးစွမ်းအင်များသည် အထဲသို့ ထိုးဖောက်မဝင်နိုင်ချေ။ ရေခဲအလွှာများသည် ၎င်းတို့၏ ခန္ဓာကိုယ် အနှံ့ကို ကာကွယ်ထားသောကြောင့် ၎င်းတို့သည် လုံခြုံသွားခဲ့သည်။ သို့ပေမဲ့ မနက်ဖြန် ဤမြူများ ပျောက်ကွယ်သွားသည်အထိ သူတို့တောင့်ခံနိုင် မလားဆိုသည်မှာတော့ လုချင်းချင်းအပေါ်တွင် မူတည်နေ၏။

ဟုတ်ပေသည်။ သူမအနေနှင့် ကာကွယ်ပေးမည်ဟု ပြောဆိုခဲ့သည်ဖြစ်သောကြောင့် ကျိန်းသေပေါက် ပြုလုပ်ပေလိမ့်မည်။

“နာရီနှစ်ဆယ်ကျော်လောက် တောင့်ခံထားနိုင်ဖို့ဆိုတာ ပြဿနာ တစ်ခု မဟုတ်လောက်ဘူး။ ဒါပေမဲ့”

ရေခဲထဲတွင် စည်းခတ်ခြင်းခံထားရသည့် လုချင်းချင်းသည် စိတ်ထဲတွင် ကြိတ်ကာပြောလိုက်မိသည်။ “ငါ့အနေနဲ့ ကြီးမားတဲ့ ပေးဆပ်မှုကို ပြန်ပြီးပေးဆပ်ဖို့ လိုအပ်နေတာပဲ”

သို့ပေမဲ့ ထိုကဲ့သို့ စည်းခတ်ပြီး နှစ်နာရီမှ လေးနာရီခန့် ကြာမြင့်သည့်အချိန်တွင် အပြင်ဘက်လောကတွင်ရှိသော နတ်ဆိုးချီများသည် တဖြည်းဖြည်း နည်းပါးလာပြီး မကြာခင် မည်သည့်အန္တာရယ်မှ မပေးနိုင်သည့်အခြေအနေသို့ ရောက်ရှိသွားသည်။ ထို့ကြောင့် သူမသည် ရေခဲသလင်းအမြူတေ အကာအကွယ်ကို ဖျက်ဆီးလိုက်ခြင်းပင် ဖြစ်တော့၏။ သူမ၏ ဂိုဏ်းတူရောင်းရင်းများအား ကာကွယ်ပေးနေသည့်အချိန်သည် တိုတောင်းခဲ့သည် ဆိုသော်လည်း လုချင်းချင်းအနေဖြင့် ကြီးမားလှသည့် တန်ပြန်မှုကို ခံစားခဲ့ရ၏။ ထို့ကြောင့် စိတ်ကိုလျော့လိုက် သည်နှင့်တပြိုင်နက် သွေးများအန်ထွက်လာပြီး သတိလစ် မေ့မျောသွားတော့၏။

“စီနီယာအစ်မကြီး”

လင်းယွမ်ရွယ်နှင့် တခြားသော အမျိုးသမီး တပည့်များသည် အလောတကြီးနှင့် ပြေးလာကြသည်။

ကျွင်းချောင်ရှောင်းသည် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သူ၏ အကြီးဆုံးတပည့်ကြီးသည့် သတိလစ် မေ့မျောသွားသည် ဆိုသော်လည်း အသက်ရှူနှုန်းမှာ ပုံမှန်သာဖြစ်၏။ ထို့ကြောင့် ဒဏ်ရာသည် မဆိုးရွားလှချေ။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့ ဆိုးရွားသည့်အခြေအနေကို ကြုံနေရသည့်တပည့်များအား မြင်ရသည့်အချိန်မှာတော့ နှလုံးသားတစ်ခုလုံး နာကျင်သွားမိ၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အော်ဟစ်လိုက်၏။ “ဒီမှာရှိတဲ့ နတ်ဆိုးချီတွေ အကုန်လုံးကို စုပ်ယူပစ်လိုက်။ ပြီးတော့ ဒီတောကြီး တစ်ခုလုံးကို မီးမြိုက်ပစ်လိုက်တော့”

“ကောင်းပါပြီ” တပည့်များသည် စတင်ကာ လှုပ်ရှားတော့သည်။

ဟူး ဟူး ဟူး

နတ်ဆိုးမြူတောထဲတွင် လေအေးများ တိုက်ခတ်လာခဲ့၏။ ပြီးသည့်နောက် အော်ဟစ်ငြီးငြူသံလို ခယတောင်းပန်သံမျိုး ထွက်ပေါ်လျက် ရှိနေတော့၏။

...............

နှစ်နာရီခန့် ကြာမြင့်ပြီးသည့်နောက် အားလုံး၏ သေသေချာချာ ဂရုစိုက် ပြုလုပ်မှုအောက်တွင် နတ်ဆိုးမြူ တောကြီး တစ်ခုလုံးတွင် ရှိနေသော နတ်ဆိုးချီများသည် အလုံးစုံပျောက်ကွယ်သွားခဲ့၏။ ဤဓာတ်သဘာဝများ မရှိသောကြောင့် ကောင်းကင်နှင့်မြေကြီးတွင်ရှိသော များပြားလှသည့် ရတနာများသည် ထင်ပေါ်လာခဲ့သည်။

ဝှစ် ဝှစ်

လီထျန်းထျန်းနှင့် တခြားသူများအားလုံးသည် လူစုခွဲကာဖြင့် ကောင်းကင်နှင့်မြေကြီးရတနာများ အားလုံးကို ယူငင်ကြတော့သည်။ ကုန်းရှန့်သည် ရောက်ရှိသွားသည့်နေရာတိုင်းတွင် တန်ဖိုးရှိသည့် မြက်တစ်ပင်တောင် မချန်ခဲ့ဟူသော နိယာမကို ကိုင်ဆွဲထားသော လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် တတိယအဆင့် သတ်မှတ်ခြင်း ခံထားရသော တားမြစ်တည်နေရာကြီး တစ်ခုလုံးသည် သာမန်တောကြီးတစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့ရ၏။

အပြင်ဘက်တွင် ကြည့်ရှုလျက်ရှိသော သိုင်းကျင့်ကြံသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်လျက်ရှိနေ၏။ ၎င်းတို့၏ ကိုယ်ပိုင်မျက်စိနှင့်သာ မမြင်ပါက အထက်နယ်မြေ၏ တားမြစ် တည်နေရာများထဲမှ တစ်ခုသည် အချိန်အတိုင်းအတာတိုအတွင်း ပြိုင်စံရှားဂိုဏ်း၏ ဖျက်ဆီးခြင်းကို ခံလိုက်ရမည်ဟု မည်သူက ထင်မှတ်နေ မည်နည်း။ ဤသစ်တောကြီးသည် သမိုင်းမှတ်တမ်းတွင်သာ ကျန်ရှိတော့မည့် တောကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တော့သည်။

“ရှောင်ဟော့”

“ကောင်းပါပြီ”

မီးဓာတ်စိတ်ဝိညာဉ်သည် မီးတောက်များအဖြစ်သို့ ပြောင်းလဲပြီး နတ်ဆိုးကဲ့သို့ အထဲကို ပြေးဝင်သွားခဲ့၏။

ဝှစ် ဝှစ်

တောက်လောင်လွန်းသော မီးတောက်များသည် နတ်ဆိုးမြူတောကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီးသည့်နောက် တည်နေရာကြီးတစ်ခုလုံးသည် မီးလောင်ပြင်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

“ငါ့တပည့်တွေကို ထိခိုက်နာကျင်အောင်လုပ်တဲ့ ဘယ်သူ့ကမဆို ထိုက်တန်တဲ့ပေးဆပ်မှုကို ပြန်ပေးရမယ်”

..............

မီးဓာတ်များ၏ အောက်မှာတော့ တတိယအဆင့် အန္တရာယ်ပေးနိုင်မှုဟု သတ်မှတ်ထားသည့် နတ်ဆိုးမြူတောကြီး တစ်ခုလုံးသည် အထက်နယ်မြေမှ ပယ်ရှားခြင်းကို ခံခဲ့ရပြီး သမိုင်းမှတ်တမ်းများထဲမှ နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

သိုင်းကျင့်ကြံသူများအတွက်တော့ ဤအရာသည် ကောင်းခြင်းလား၊ ဆိုးခြင်းလား ဆိုသည်ကို ဝေခွဲ၍ မရနိုင်ချေ။ ထိုအရာကြီး မရှိသောကြောင့် သူတို့သည် သေဆုံးခြင်းတော့ မရှိတော့ချေ။ သို့ပေမဲ့ တခြားတစ်ဖက်က ကြည့်လျှင် အနာဂတ်တွင် အမွေအနှစ်များကို မည်သို့ ရယူရမည်ဆိုသည်မှာ စိုးရိမ်ပူပန်စရာ ဖြစ်လာခဲ့၏။

ကျွင်းချောင်ရှောင်းမှာတော့ အမွေအနှစ်ဆိုသည်များကို ဂရုစိုက်တတ်သူ မဟုတ်ချေ။ ထို့အပြင် နတ်ဆိုးချီနှင့် ကောင်းကင်နှင့်မြေကြီးအတွင်းရှိ ရတနာများကို ယူငင်ပြီးပြီ ဖြစ်သောကြောင့် တပည့်များအတွက် လက်စားချေခြင်းသည် လုံလောက်ပြီဟု သတ်မှတ်ခဲ့သည်။

“ဟင်း”

အပြင်ဘက်အဝင်ဝတွင် စုစည်းလျက်ရှိနေသည့် သိုင်းကျင့်ကြံသူများသည် သူတို့၏ ဦးခေါင်းများကို ခါယမ်းကာဖြင့် ပြောလိုက်၏။ “သွားကြရအောင်”

နတ်ဆိုးမြူ တောကြီးသည် မရှိတော့ချေ။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဤတည်နေရာဆီသို့ ပြန်လာပြီး နောက်တစ်ကြိမ် ကြိုးစားရမည့် အကြံအစည်ကို လက်လျော့လိုက်ကြ၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသည် နတ်ဆိုးချီများကို စုပ်ယူပြီး သစ်တောကြီးတစ်ခုလုံးကို မီးရှို့လိုက်သည့် အကြောင်းအရာကို ပြန်လည်စဉ်းစားပြီးသည့်နောက် ၎င်းတို့သည် အမှန်အကန်ပဲ တုန်လှုပ်လျက် ရှိနေမိသည်။

“နေအုံး”

ထွက်ခွာသွားရန် ပြင်လျက်ရှိနေသည့် လီတန်တန်ကို မြင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းက တားဆီးလိုက်၏။ ဤရောင်းရင်းသည် သူနှင့်အတူ နတ်ဆိုးမြူထဲသို့ ဝင်ရောက်ရဲသည်ဆိုမှတော့ သူသည် ဆိုးဆိုးရွားရွား ဆက်ဆံ၍ မဖြစ်ချေ။ ထို့ကြောင့် ရက်ရောစွာဖြင့် အဆိပ်ဖြေဆေး အလုံးနှစ်ဆယ်ကို ပေးအပ်လိုက်၏။

“ကျေးဇူးပါပဲ ဂိုဏ်းချုပ်ကျွင်း” လီတန်တန်သည် ဆေးလုံးများကို ပျော်ရွှင်စွာဖြင့် လက်ခံခဲ့၏။ ပြီးသည့်နောက် သူ၏အဖော်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။ သူသည် ရွှမ်စိတ်ဝိညာဉ်ကျောက်တုံး ခြောက်သိန်းကို အသုံးပြုခဲ့ရသည်ဆိုသော်လည်း များပြားလှသည့် အဆိပ်ဖြေဆေးများကို ရရှိခဲ့သည်ဖြစ်သောကြောင့် ကြီးမားလှသည့် အကျိုးကျေးဇူးအဖြစ် သတ်မှတ်နိုင်၏။ ထို့အပြင် များပြားလှသည့် တားမြစ်တည်နေရာထဲသို့ သွားရောက်ကာ တစ်နှစ်ပတ်လုံး ကျင့်ကြံလျက်ရှိသည့် လွတ်လပ်သော တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက် အတွက် ဤအဆိပ်ဖြေဆေးဆိုသည်မှာ တခြားသောဆေးလုံးများထက် ပိုမိုကာ အရေးကြီးလို့နေသည်။

“ဂိုဏ်းကို ပြန်ရအောင်”

ဆွစ် ဆွစ်

တပည့်များအားလုံးသည် သက်တန့်အလင်းတောင်ပံများကို ထုတ်ယူကာဖြင့် အင်မော်တယ်တောင်ရှိရာသို့ ပျံသန်းခဲ့၏။ အနောက်ဘက်တွင်တော့ မီးခိုးငွေ့များ ထွက်လျက်ရှိနေသည့် မီးလောင်တစပြင်ကြီးသာ ကျန်ရှိတော့၏။

..............

နတ်ဆိုးမြူတောကြီးတစ်ခုလုံး ဖျက်ဆီးခံလိုက်ရသည့် သတင်းသည် အထက်နယ်မြေတစ်ခုလုံးကို ပျံ့နှံ့သွား၏။ အားလုံးတို့သည် စိတ်ဝင်တစားဖြင့် ဖြစ်လို့နေသည်။

အန္တရာယ်ပေးနိုင်မှုအဆင့်တွင် တတိယအဆင့်အဖြစ် သတ်မှတ်ထားသည့် တားမြစ်တည်နေရာကြီး တစ်ခုလုံးသည် အလွန်တရာ အဆင့်မြင့်မားသည်ဟု သုံးသပ်၍ မရနိုင်သော်လည်း ဘာအဆင့် သတ်မှတ်ချက်မှ မရှိသည့် ပြိုင်စံရှားဂိုဏ်း၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်ဆိုသည်မှာ အမှန်ပင် မယုံကြည်နိုင်စရာ ဖြစ်ပေလိမ့်မည်။

နယ်မြေဟောခန်းသည်လည်း ထိုအချင်းအရာကို သိရှိ၏။ သို့ပေမဲ့ စိတ်မဝင်စားလှချေ။ ကုန်းရှန့်အနေနှင့် ဂိုဏ်းတစ်ခုကို ဖျက်ဆီးခဲ့သည့်ဆိုပါက ဝင်ရောက်ကာ ပြောဆိုကြမှာ သေချာ၏။ သို့ပေမဲ့ တားမြစ်တည်နေရာ တစ်ခုကို ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ သူတို့တွင် ပြောပိုင်ခွင့် မရှိချေ။ ထို့အပြင် တားမြစ်တည်နေရာများကို မဖျက်ဆီးရဟူသော စည်းမျဉ်းစည်းကမ်းလည်း မရှိချေ။

ထူးခြားလွန်းလှသော လှိုဏ်ဂူတစ်ခု၏ အဝတွင်တော့ စစ်တုရင်ခုံ၏ရှေ့တွင် ထိုင်လျက်ရှိနေသည့် ကြီးမြတ်သူ တုံးကုသည် ရယ်မောလိုက်၏။ “ကျုပ်တပည့်က တကယ့်ကို လုပ်ရည်ကိုင်ရည် ရှိတာပဲ။ တတိယအဆင့် တားမြစ်နယ်မြေတစ်ခုကိုတောင် သွားပြီး ဖျက်ဆီးရဲတယ်”

ဘုတ်

မာဆာတိုကီတာနိုသည် စစ်တုရင်ရုပ်အား အသာချကာ ခေါင်းကို ခါယမ်းလိုက်၏။ “ခင်ဗျားရဲ့တပည့်က ဒီနေ့မှာ တားမြစ်တည်နေရာ တစ်ခုကို သွားပြီးဖျက်ဆီးရဲနေတယ်လေ။ ဘယ်သူက သိနိုင်မှာလဲ။ မနက်ဖြန်ဆိုရင် နယ်မြေဟောခန်းကို သွားပြီး ပြဿနာလုပ်ရင် လုပ်နေမှာလေ။ ဒါကို ဘာလို့ ပျော်နေတာလဲဆိုတာ ကျုပ်တကယ့် မသိတော့ဘူး”

“.........” ကြီးမြတ်သူတုံးကုသည် မရယ်မောနိုင်တော့ချေ။

မာဆာတိုကီတာနိုက ထပ်ပြောလိုက်၏။ “ကျုပ်သိသလောက် ဆိုရင် ခင်ဗျားတပည့်ရဲ့ တပည့်ငါးယောက်က နတ်ဆိုးမြူတောထဲကို သွားပြီးလေ့ကျင့်ကြတာတဲ့။ အဲဒီမှာ နတ်ဆိုးမြူမွန်းစတားဘုရင်နဲ့ ရင်ဆိုင်တွေ့ခဲ့ကြ တာပဲ”

“အမ်”

ကြီးမြတ်သူတုံးကုသည် အနည်းငယ် အံ့အားသင့်သွားသည်။ “အဲသားရဲက စည်းခတ်ခံထားရတာ မဟုတ်လား”

“အင်း … စည်းခတ်ခံထားရတယ်ဆိုမှတော့ သဘာဝအားဖြင့် စည်းဖြည်ပေးလို့လည်း ရတာပေါ့” မာဆာတိုကီတာနို သည် စစ်တုရင်ရုပ်ကို အသာချကာဖြင့် အဓိပ္ပာယ်ပါပါ ကြည့်ရှုလိုက်၏။

၎င်းတို့နှစ်ယောက်သည် နှစ်ပေါင်းများစွာ သိကျွမ်းလာခဲ့သူများ ဖြစ်၏။ ထို့ကြောင့် တစ်ချက်အကြည့်ကို မြင်လိုက်သည်နှင့် ဘာကိုဆိုလိုသနည်းဆိုသည်ကို ကြီးမြတ်သူတုံးကုက နားလည်လိုက်၏။ သူ၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွားခဲ့သည် “တစ်စုံတစ်ယောက်က ကျုပ်တပည့်ရဲ့ ဂိုဏ်းကို ပစ်မှတ်ထားနေတာလား”

“နတ်ဆိုးမြူသားရဲဘုရင်ကို ဘယ်သူက စည်းခတ်ခဲ့တာလဲ” မာဆာတိုကီတာနိုက မေးလိုက်၏။

“နယ်မြေဟောခန်းလေ”

ကြီးမြတ်သူတုံးကုသည် စစ်တုရင်ရုပ်တုကို အသာဆုပ်ကိုင်ကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “ကောင်းပြီ။ သူတို့က ညစ်ညစ်ပတ်ပတ်တွေ လုပ်ဆောင်ရဲတယ်ပေါ့”

“ဒီလိုမျိုး ခန့်မှန်းဖို့ လွယ်တယ်ဆိုရင် နယ်မြေဟောခန်းက ဘာလို့ ဒီလိုမျိုး လုပ်နေမှာလဲ” မာဆာတိုကီတာနိုက ဝင်ကာထောက်ပြ၏။

“ခင်ဗျားဆိုလိုတာက”

“ဒါက အရမ်းရိုးရှင်းတယ်လေ။ တစ်စုံတစ်ယောက်က ခင်ဗျားကို နယ်မြေဟောခန်းဆီသွားပြီး ဒေါသတွေ ပုံချစေချင်တာ”

“.......”

ကြီးမြတ်သူတုံးကုသည် သူ၏ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် ပြောလိုက်သည်။ “မဟုတ်ဘူး။ မဟုတ်ဘူး။ ခင်ဗျားပြောခဲ့တာနဲ့ ပတ်သက်ပြီး ကျုပ်တကယ့်ကို ဇဝေဇဝါ ဖြစ်သွားပြီ”

“အထက်နယ်မြေဆိုတာ အခု စစ်တုရင်ပွဲလိုပဲလေ။ အပြင်ပန်းက ကြည့်မယ်ဆိုရင် ဒါက တည်ငြိမ်ပြီး အေးစက်နေတာပေါ့” မာဆာတိုကီတာနိုသည် လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်၏။ အဖြူရောင်နှင့် အမဲရောင် စစ်တုရင်ရုပ်များသည် ရောထွေးသွားခဲ့သည်။ ပြီးနောက် ပြောလိုက်သည်။ “ဒီလို အသာလေး တစ်စုံ တစ်ယောက်က တွန်းလိုက်တာနဲ့ ရှုပ်ယှက်ခတ်ကုန်တာပဲ”

“အင်း ခင်ဗျားက တကယ့်ကို စစ်တုရင်ကစားတဲ့နေရာမှာ ကျွမ်းကျင်သူ တစ်ယောက်ပဲ”

ကြီးမြတ်သူတုံးကုက ပြောလိုက်၏။ “ခင်ဗျားရဲ့ စကားတွေက အရမ်းနက်နဲလွန်းတယ်”

“ဒါကို ခင်ဗျား နားမလည်သေးဘူးလား”

“နားမလည်သေးဘူး”

“ခင်ဗျား ဒီလောက်ကြာအောင် ကျုပ်နဲ့ စစ်တုရင်ကစားခဲ့တာ ဘာမှ မဟုတ်ခဲ့ဘူးပဲ”

“ဒါဆို ရှင်းပြလေ”

“ကျုပ်ဘာကျုပ်တောင် နားမလည်တဲ့ကိစ္စ ခင်ဗျားကို ဘယ်လိုရှင်းပြရမလဲ”

“လာ ထပ်ဆော့ရအောင်”

“နေအုံး။ အခု စစ်တုရင်ရုပ်တွေကို ပြန်စီလိုက်တာ မှားနေတယ်။ အခုက ကျုပ်ရွေ့ရမယ့် အလှည့်မဟုတ်လား”

“တော်စမ်း။ ဒီလိုကိစ္စမျိုးက အမြဲတမ်း ဖြစ်နေတာပဲ”

“ပါးစပ်ကနေ ဥပမာပေးရင်ရတာပဲ။ ခင်ဗျားက ဘာကိစ္စ စစ်တုရင်ခုံကို ရှုပ်အောင်ဖွပစ်ရတာလဲ”

All Chapters