← Chapters

အခန်း (၁၄၄၃)

Vol. 97 Ch. 1443

အခန်း (၁၄၄၃)

Vol. 97 Ch. 1443

ဆွစ် ဆွစ် ….။

ဂိုဏ်း၏အတွင်းဘက်မှာတော့ သက်တန့်ရောင်အလင်းတန်းများသည် ပျံသန်းကာဖြင့် ကုကျောင်းရှစ်ကို လျင်လျင် မြန်မြန်ဖြင့် ဝိုင်းပိတ်လိုက်ကြသည်။ ၎င်းတို့၏ မျက်လုံးထဲတွင် ဒေါသတရားနှင့် အံ့အားသင့်မှု အရိပ်အယောင်များ ပြည့်နှက်နေ၏။

တစ်စုံတစ်ယောက်သည် သူတို့၏ ဌာနေဆီသို့ ရောက်ရှိလာပြီး ပြဿနာ လာရှာလျက် ရှိ၏။ ထိုသူသည် အသက် ဆယ့်နှစ်နှစ်မှ ဆယ့်သုံးနှစ်ခန့်သာရှိသော ကလေးတစ်ယောက် ဖြစ်နေသည်ကို မြင်ရသည့် အချိန်မှာတော့ သူတို့သည် အံ့အားသင့်လျက် ရှိနေကြသည်။

ယခင်တုန်းကသာဆိုလျှင် လီထျန်းထျန်း တစ်ယောက် ဤကလေးငယ်အား ရှုံးနိမ့်ခဲ့ခြင်းသည် သာမန်သာ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ လီထျန်းထျန်းသည် တည်နေရာချိုးဖြတ်ခြင်းအဆင့်ဆီသို့ ချိုးဖြတ် ဝင်ရောက်ခဲ့ပြီးဖြစ်၏။ ယခု အဘယ်ကြောင့် နံရံသို့ လွင့်စင်သည်အထိ ရိုက်နှက်ခြင်းကို ခံခဲ့ရသနည်း။

“ကလေး”

စုရှောင်မိုက အေးစက်စက် ပြောလိုက်၏။ “ဘယ်လိုဖြစ်ပြီး ငါတို့ ပြိုင်စံရှားဂိုဏ်းကို ပြဿနာ လာရှာရဲရတာလဲ။ အသက်ရှင်ရတာ ပျင်းနေပြီလား”

ဝှစ်

ရုတ်တရက် ကုကျောင်းရှစ်သည် သူ၏ရှေ့ဆီ၌ ပေါ်ပေါက်လာခဲ့၏။ ပြီးနောက် ညာဘက်လက်သီးတွင် ကြမ်းတမ်း လှသည့် စွမ်းအင်များကို စုစည်းကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “မှတ်ထား... ငါ့ကို ဆရာကြီးလို့ခေါ်”

ဝုန်း

စုရှောင်မို၏ မျက်လုံးများသည် မျက်စိသူငယ်အိမ်ထဲမှ ပြူးထွက်လုမတတ်ပင် ဖြစ်သွား၏။ မျက်နှာတစ်ခုလုံးသည် ရွှဲ့စောင်းသွားခဲ့ပြီးသည့်နောက် အဝေးကြီးသို့ လွင့်စင်ကာ လီထျန်းထျန်း၏ ဘေးနားသို့ ပြုတ်ကျသွားခဲ့သည်။

“ဂျူနီယာညီလေး”

လီချင်းယန်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ သူတို့၏ ဂျူနီယာညီလေး စွန်းမူချန်၏ အသက်အရွယ်လောက်သာ ရှိသေးသော ဤကောင်လေးသည် အားကောင်းလွန်းလှချေ၏။ ကျင့်ကြံခြင်း အဆင့်သည်..

ဘုန်း

တွေးနေတုန်းမှာပဲ အားကောင်းလွန်းလှသော လက်သီးချက်သည် သူ၏အရှေ့ဆီသို့ ရောက်ရှိလာ၏။

“သတိထား”

ရှောင်ကျီသည် ခြေလှမ်းကျဲကြီးများဖြင့် အရှေ့ဆီသို့ လှမ်းတက်လာ၏။ သူသည် နတ်ဘုရား လက်နက်ကို ထုတ်ယူကာဖြင့် ဒုတိယစီနီယာအစ်ကိုရှေ့တွင် တားဆီးလိုက်သည်။

ဘုန်း

လက်သီးချက်သည် တန်ပေါင်းများစွာ လေးလံသည့် အားအင် ပါဝင်လျက် ရှိနေ၏။ ထို့ကြောင့် နတ်ဘုရား လက်နက်၏ အကာအကွယ်ကို ချိုးဖြတ်နိုင်ရုံသာမက လီချင်းယန်နှင့် ရှောင်ကျီတို့ နှစ်ယောက်လုံးသည် အဝေးဆုံး ဆီသို့ လွင့်စင်ကုန်၏။

ကျွတ်

ကုကျောင်းရှစ်သည် တည်နေရာမှာတင် မတ်မတ်ရပ်လျက် ရှိပြီး အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ “ငါ့ရဲ့ လက်သီးချက်လေးကိုတောင်မှ မခံနိုင်ဘူး။ မင်းတို့ကောင်တွေ တကယ့်ကို အားနည်းတာပဲ”

အရှေ့ဆီသို့ ပြေးလွှားရောက်ရှိလာသည့် ရီရှင်းချန်သည် ထိုအသံကို ကြားရပြီးနောက် သူ၏ စီနီယာအစ်ကိုနှစ်ယောက် အဝေးဆုံးသို့ လွင့်စင်သွားသည်ကို မြင်ရသည်။ သူသည် စစ်နတ်ဘုရား ပုံပန်းသွင်ပြင်မျိုးကို အသက်သွင်းကာဖြင့် သူ၏ နတ်ဘုရားလက်နက် ပုဆိန်ကြီးကို ထုတ်ယူကာ ဝင်ရောက်တိုက်ခိုက်၏။

“အမှိုက်... သေစမ်း”

ဟူး ဟူး

အားကောင်းလှသော စွမ်းအင်များသည် အထက်ဆီမှ ကျဆင်းလာ၏။ အားညိုသည် အမှန်ပင် ဒေါသထွက်လျက် ရှိနေ၏။ အတိတ်တုန်းက သူသည် သူ၏ အားအင်တိုးတက်စေရန်အတွက် ဂိုဏ်းကို အမှီအခိုပြုချင်၍ ဝင်ရောက်ခြင်းဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူသည် ဂိုဏ်းကို ကာကွယ်ရန် အဆင်သင့်ရှိလို့နေခဲ့သည်။

ဘုန်း

အပေါ်မှ ခုန်ဝင်တိုက်ခိုက်လျက်ရှိနေသော ရီရှင်းချန်သည် အဝေးဆုံးတည်နေရာတွင် ရှိနေသည့် နံရံနှင့် သွားရောက် တိုက်မိကာ အောက်သို့ပြုတ်ကျပြန်၏။ သူ၏ ဘေးတစ်ဖက်တွင်တော့ လီချင်းယန်နှင့် ရှောင်ကျီတို့က တည်ရှိနေ၏။

........

ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်လျက် ရှိနေသည့် ဟယ်ဝူတီသည် တွန့်ဆုတ်သွားမိသည်။ တိုက်ခိုက်ချက် အနည်းငယ်ကို ကြည့်ရှုပြီးသည့်နောက် ဤလူငယ်သည် အလွန် အားကောင်းလှသည်ဆိုသည်ကို သိရှိလိုက်၏။ သူသာ ဝင်ရောက်သွားမည်ဆိုပါက ကျိန်းသေပေါက် ရိုက်နှက်ခံရမှာသေချာ၏။ သတိလက်လွှတ် ပြုမူဆောင်ရွက်၍ မရနိုင်ချေ။

ဟယ်ဝူတီအနေဖြင့် ရုတ်တရက် ထွက်ခွာ၍ တိုက်ခိုက်ရန် ပြင်လိုက်သည့်အချိန်မှာပဲ ခရမ်းရောင်ဘုရင်သည် အရှေ့ဆီသို့ ပျံသန်းသွား၏။ သူသည် သူ၏အင်္ကျီကို ချွတ်ကာဖြင့် ဘေးတစ်ဖက်ဆီသို့ လှမ်းပစ်လိုက်သည်။

အင်္ကျီသည် ဟယ်ဝူတီ၏ မျက်နှာပေါ်သို့ တည့်တည့်ကျလေ၏။

“ဂစ် .. ဂစ် ….”

ခရမ်းရောင်ဘုရင် အရှေ့သို့ လှမ်းတက်သွားသည့်အချိန်မှာတော့ ဟယ်ဝူတီမှာတော့ ပါးစပ်ထဲမှ အမြှုပ်များ ထွက်ကာ မြေပေါ်သို့ သတိလစ် မေ့မျောသွားတော့သည်။

ခရမ်းရောင်ဘုရင်၏ ဤဂိုဏ်းဝတ်စုံသည် ရယူခဲ့ပြီးကတည်းက တစ်ခါမှ လျှော်ဖွပ်ခြင်းကို မပြုလုပ်ခဲ့ချေ။ ချွေးနံ့နှင့် ခန္ဓာကိုယ်၏ အနံ့အသက်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ ဓာတုလက်နက် ထက်ပင် ဆိုးရွားလွန်းနေသေး၏။

ဟူး ဟူး ……။

အနီရောင်အတွင်းခံလေး တစ်ခုကိုသာ ဝတ်ဆင်ထားသည့် ခရမ်းရောင်ဘုရင်သည် ပန်းရောင်လက်အိတ်ကြီးကို ဝတ်ကာဖြင့် မွန်းစတားစွမ်းအင်များကို ထုတ်ဖော်ကာ လက်သီးဖြင့် ထိုးနှက်သည်။

ဘန်း

ကုကျောင်းရှစ်သည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “မွန်းစတားသားရဲပါလား”

ပြောနေတုန်းမှာပဲ သူ၏ ခန္ဓာကိုယ်ကို ဘေးတစ်ဖက်ဆီသို့ ရှောင်ရှားပြီး ဝင်ရောက်လာသည့် လက်သီးချက်များကို တားဆီးလိုက်သည်။ ပြီးနောက် ပြောလိုက်၏။ “အားအင်တချို့တော့ ရှိနေသေးတာပဲ”

ဟူး ဟူး

ခရမ်းရောင်ဘုရင်သည် လက်သီးချက်များကို ထုတ်ဖော်၏။ အလွန်ကြမ်းတမ်းလွန်းလှသော စွမ်းအင်များကို ကြည့်ရှုလိုက်သည်နှင့် သူသည် နတ်ဆိုးဘုရင်၏ လှိုဏ်ဂူဆီသို့ သွားရောက်စဉ်ကထက် ပိုမိုကာ အားကောင်းလာခဲ့ သည်မှာ သိသာ၏။ အရိပ်တစ်ထောင် ကိုယ်ပွားနည်းစနစ်ကို ကျင့်ကြံခဲ့သည်မှာ အလကား မဟုတ်ချေ။

သို့ပေမဲ့ သူ၏ ပြင်းထန်လွန်းလှသော လက်သီးချက်အား တစ်ဖက်လူက လက်ဝါးဖြင့် ဖမ်းဆီးထားခဲ့၏။ ပြီးနောက် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ကျုပ်ရှေ့မှာတော့ အဲဒီအားအင်အဆင့်က မလုံလောက်ဘူး”

ဟူး ဟူး

ပြောနေတုန်းမှာပဲ အားကောင်းလွန်းလှသော လှိုင်းများသည် ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ခရမ်းရောင် ဘုရင်အား အနောက်ဘက်သို့ လွင့်စင်သွားစေ၏။ ခရမ်းရောင်ဘုရင်သည် အဝေးဆုံးတွင် ရှိနေသော နံရံကြီးနှင့် တိုက်မိကာ အောက်သို့ ပြုတ်ကျလာသည်။

ဟောခန်းသခင်နှင့် အတွင်းစည်းတပည့် အနည်းငယ်တို့သည် ကုကျောင်းရှစ်၏ အရှေ့မှာတော့ တိုက်ခိုက်ချက် တစ်ချက်ကလေးကိုတောင်မှ မခုခံနိုင်ခဲ့ချေ။ တင်းရှင်းဝမ်သည် အရှေ့ဆီသို့ လှမ်းတက်လာကာ အော်ဟစ်လိုက်၏။ “အစီအရင်”

ရွှီး ရွှီး ရွှီး

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် မြန်မြန်ဆန်ဆန်ပဲ မြေပေါ်တွင် ထရပ်လိုက်ကြပြီး အလျင် အမြန်ဆုံး ပျံသန်းလာခဲ့သည်။ သူတို့သည် ကုကျောင်းရှစ်အား ဝန်းရံလိုက်ကြပြီး မတူညီသည့် ပုံပန်းသွင်ပြင်မှ ကောင်းကင်နှင့်မြေကြီး ထောင့်လေးခု အစီအရင်ကို စတင်ကာ ဖန်တီးသည်။

ဒွီ

ချက်ချင်းပဲ အားလုံးတို့၏ ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွား၏။ ကောင်းကင်နှင့်မြေကြီး ထောင့်လေးခု အစီအရင်သည် ပြိုင်စံရှားဂိုဏ်း၏တပည့်များအားလုံး ဖန်တီးနိုင်သည့် အစီအရင်တစ်ခုဖြစ်၏။ လူများလေ ပိုမိုကာ အားကောင်းလေ ဖြစ်သည်။ ယခု အစီအရင်ကို ပုံဖော်လျက် ရှိသည့် ဂိုဏ်းသားအရေအတွက်သည် အထက်ပိုင်းအကြီးအကဲနှင့် အတွင်းစည်းတပည့်များ အပါအဝင် စုစုပေါင်း ငါးရာနီးပါးခန့်ရှိ၏။

ကျွတ်

အားလုံး၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည့် ကုကျောင်းရှစ်သည် အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“သွားစမ်း” လီချင်းယန်က အော်ဟစ်လိုက်၏။

ရွှီး ရွှီး ရွှီး

တပည့်ငါးယောက်တို့သည် ရှုပ်ထွေးလွန်းလှသော အစီအရင်များကို တစ်ယောက်ပြီး တစ်ယောက် စတင် ဖန်တီးလိုက်ကြပြီး များပြားလှသည့် လက်ဝါးရိုက်ချက်များနှင့် ရိုက်နှက်တော့သည်။ ကောင်းကင်နှင့် မြေကြီးထောင့်လေးခုအစီအရင်၏ ထောက်ပံ့မှုအောက်မှာတော့ ကောင်းကင်လက်ဝါး ရိုက်ချက်သည် ပိုမိုကာ အားကောင်းလာခဲ့သည်။

သို့ပေမဲ့ လက်ဝါးရိုက်ချက်များ၏ အောက်တွင် မတ်တပ်ရပ်လျက် ရှိနေသည့် ကုကျောင်းရှစ်မှာတော့ တစ်ချက်ကလေးမှ စိုးရိမ်ပူပန်မှု မရှိချေ။ ထိုအစား နှာခေါင်းကိုဖြင့် ရှုံ့လိုက်သေး၏။

ဖောက်

သူသည် အရှေ့သို့ လှမ်းတက်လာပြီးသည့်နောက် သူ၏ အော်ရာများသည် ပေါက်ကွဲထွက်သွားသည်။ သူက အော်ဟစ်လိုက်သည်။ “ပြန်လည်မွေးဖွားခြင်း လက်ဝါး”

ကုကျောင်းရှစ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ကြီးမားသွားခဲ့၏။ ပြီးနောက် သူ၏နောက်ဘက်တွင် များပြား လှသော လက်များ စုဝေးဖြစ်တည်လာခဲ့ပြီး သူ့ဆီကို ကျဆင်းလာသည့် လက်ဝါးများ အားလုံးကို ဖယ်ရှားတော့၏။

ဘုန်း ဘုန်း ဘုန်း

ချက်ချင်းပဲ တည်နေရာကြီး တစ်ခုလုံးတွင် ကျယ်လောင်သည့်အသံများ ဖြစ်ပေါ်လာသည်။ အဝေးကကြည့်ရှု လိုက်မည်ဆိုလျှင် မီးရှူးများ ဖောက်လိုက်သကဲ့သို့ မီးအလင်းများသည် တစ်ခုပြီးတစ်ခု ဖြစ်တည်လျက် ရှိနေသည်။

ဘန်း ဘန်း ဘန်း

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် တန်ပြန်မှုကို ခံလိုက်ရပြီး နောက်ဘက်သို့ လွင့်စင်ကုန်၏။ ၎င်းတို့သည် ပုံပျက်ပန်းပျက်ဖြင့် မြေပေါ်သို့ ပြုတ်ကျကုန်၏။

“ဒုတိယစီနီယာအစ်ကို”

စုရှောင်မိုသည် ခန္ဓာကိုယ်ထဲမှ ဆူဝေနေသည့် သွေးများကို ဖိနှိပ်ကာ ပြောလိုက်သည်။ “ဒီကောင်က အရမ်းသန်မာတယ်”

သန်မာတာထက် မကပေ။ ကြမ်းတမ်းလှသည်။ ကုကျောင်းရှစ်သည် သူ၏ စွမ်းအားမြင့် အော်ရာများကို ရုတ်သိမ်း ကာဖြင့် ဦးခေါင်းကို ခါယမ်းလိုက်၏။ “အစီအရင်က မဆိုးရွားဘူးလို့ ကျုပ်ထင်နေတာ။ ဒါပေမဲ့ ကျုပ်ရဲ့အားအင် နှစ်ဆယ်ရာခိုင်နှုန်းကိုတောင် မခံစားနိုင်ပါလား။ ဒီဆရာ တကယ်စိတ်ညစ်တယ်”

တစ်ဖက်လူ၏ မောက်မာလှသည့်စကားကို ကြားရသည့်အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းတပည့်များသည် အဆုံးစွန် ဒေါသထွက်ကုန်ကြ၏။

ဆွစ် ဆွစ်

ထိုအချိန်မှာတော့ ဖြူမဲညီနောင်တို့သည် တိုက်ခိုက်ရေးတည်နေရာဆီသို့ ပျံသန်းလာကြသည်။ ၎င်းတို့သည် လေးလေးနက်နက် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “မင်း ဘယ်သူလဲ”

“ကျုပ်က တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်ပါပဲ” ကုကျောင်းရှစ်က ပြောလိုက်သည်။ သူသည် ဤတည်နေရာသို့ ရောက်ရှိလာပြီး သူလျှိုပြုလုပ်ခြင်းဖြစ်၏။ ထို့ကြောင့် သူမည်သူဖြစ်သည်ကို ကျိန်းသေပေါက် ဖုံးကွယ်ထားရပေလိမ့်မည်။

“ပြိုင်စံရှားဂိုဏ်းက မင်းကို ရန်ပြုခဲ့ဖူးလို့လား”

“မပြုပါဘူး”

ကုကျောင်းရှစ်သည် လက်သီးကိုဆုပ်ကာဖြင့် ဂုဏ်ယူစွာ ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ်ကို ဂိုဏ်းထဲ မဝင်ရဘူးပြောလို့ စိတ်မပျော်မရွှင် ဖြစ်သွားတာ”

.............

ဖြူမဲညီနောင်တို့၏ မျက်နှာပေါ်တွင် အနည်းငယ် စိတ်ဝင်စားသည့် အမူအရာများ ဖြစ်တည်လာသည်။ သူ့ကို ဂိုဏ်းထဲသို့ ဝင်ရောက်ခွင့် မပေးသောကြောင့် လူများကို တိုက်ခိုက်ခဲ့၏။ ဤကောင်လေး၏ စိတ်နေစိတ်ထားသည် ဆိုးရွားလွန်းလှချေ၏။

“ရောင်းရင်း”

ထိုအချိန်မှာပဲ တောင်ပေါ်ဆီမှ ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။ “ပြိုင်စံရှားဂိုဏ်း ထဲကို ဝင်ချင်တယ်ဆိုရင်တော့ စမ်းသပ်မှုကို အရင်ဆုံး ကျော်ဖြတ်နိုင်မှ ဖြစ်လိမ့်မယ်”

ကုကျောင်းရှစ်သည် အသာမော့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ တောင်၏ဂိတ်တံခါးရှေ့တွင် မတ်တပ်ရပ် နေသည့် ချောမောလှသောလူငယ်ကို မြင်လိုက်ရသည်။ ပုံစံကို ကြည့်ရသည်မှာ ထ၍ ရိုက်ချင်စရာကောင်းသည် ပုံပန်းသွင်ပြင်နှင့် ရုပ်ရည်မျိုး ရှိသည်ဆိုသော်လည်း ရင်းနှီးသည့်ခံစားချက်မျိုးကိုတော့ ရရှိနေ၏။ ထို့ကြောင့် သူသည် အမှတ်မထင်ဖြင့် မေးလိုက်၏။ “ခင်ဗျားက ဘယ်သူလဲ”

“ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်”

ကျွင်းချောင်ရှောင်းသည် ပြုံးလျက်ရှိနေသည်ဆိုသော်လည်း ရင်ထဲမှာတော့ အဆုံးမဲ့ ဒေါသတရားများ ပေါက်ကွဲလျက် ရှိနေ၏။ ချီးတဲ့မှ... ငါ့ဂိုဏ်းကို လာပြီး ပြဿနာရှာနေတယ်။ ငါ့တပည့်တွေကို နာကျင်အောင် လုပ်ရဲတယ်။ ဒီနေ့မှာ မင်းကို သင်ခန်းစာ ကောင်းကောင်းမပေးနိုင်ရင် အနာဂတ်မှာ ငါဘယ်လို ဂိုဏ်းချုပ် လုပ်တော့မှာလဲ။

“ဟမ့်”

ကုကျောင်းရှစ်က ပြောလိုက်သည်။ “ဒါဆိုရင် ခင်ဗျားက ကြီးမြတ်သူတုံးကုရဲ့ တိုက်ရိုက်တပည့်ပေါ့။ လာခဲ့။ ကျုပ်စမ်းသပ်မှုကို လက်ခံတယ်”

ဘုန်း

ထျန်းယွမ်အကျဉ်းထောင်စေတီသည် ဂိတ်တံခါးရှေ့တွင် ထင်ပေါ်လာခဲ့၏။ ကျွင်းချောင်ရှောင်းက လေးလေး နက်နက် ပြောလိုက်၏။ “ဒီစေတီကို ကျုပ်ဆရာက ကျုပ်ကိုပေးခဲ့တာ။ ဒီထဲမှာ များပြားလှတဲ့ စမ်းသပ်မှုတွေ ရှိတယ်။ နှစ်နာရီအတွင်း မင်းအနေနဲ့ ကျော်ဖြတ်သွားနိုင်မယ်ဆိုရင် ပြိုင်စံရှားဂိုဏ်းရဲ့တပည့်တစ်ယောက်ဖြစ်ဖို့ အရည်အသွေး ပြည့်စုံတယ်”

“ထင်ထားတဲ့အတိုင်းပဲကိုး”

ဖြူမဲညီနောင်တို့က တွေးလိုက်မိသည်။ ဤစေတီသည် ကြီးမြတ်သူတုံးကု ဆီမှ ဖြစ်နေသည်။

သူတို့နှစ်ယောက်နှင့် မတူညီစွာပင် ဟယ်ဝူတီမှာတော့ အခြား တစ်ခုခုကို တွေးတောနေ၏။ “ဒီလိုမျိုး မိစ္ဆာ ဓာတ်သဘာဝနဲ့ သက်ရှိတွေ အကုန်လုံးကို ထည့်သွင်းပြီး ပညာပေးနိုင်စွမ်းရှိတယ်ဆိုတော့ သက်တန့်ရောင်သူတော်စင် ဖန်တီးထားတဲ့အရာပဲ ဖြစ်ရမယ်”

“ဒီအရာကို ကျော်ဖြတ်ပြီးသွားရင် ကျုပ် ဂိုဏ်းထဲဝင်လို့ ရပြီလား”

“သိပ်မှန်တာပေါ့”

“ကောင်းပြီ”

ကုကျောင်းရှစ်သည် ဦးခေါင်းကို ခါယမ်းကာဖြင့် မောက်မာစွာ ပြောလိုက်သည်။ “ကျုပ် ဒါဆိုရင် စမ်းကြည့်လိုက်မယ်”

All Chapters