← Chapters

အခန်း (၁၄၃၉)

Vol. 97 Ch. 1439

အခန်း (၁၄၃၉)

Vol. 97 Ch. 1439

လီချင်းယန်နှင့် တခြားသောသူများ၏ ပဋိညာဉ်သားရဲများသည် ရုတ်တရက် အားနည်းသွားခဲ့၏။ ဆိုလိုသည်မှာ ၎င်းတို့၏ သခင်များသည် အန္တရာယ်ကျရောက်နေခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အသက်သွေး ပဋိညာဉ်ကို ချုပ်ဆိုထားသည့် သားရဲများ ဖြစ်နေသည် မဟုတ်ပါလား။

တပည့်များ ဒုက္ခရောက်နေသည့်အချိန်မှာတော့ ဂိုဏ်းတစ်ခုလုံးသည် စတင်ကာ လှုပ်ရှားလာခဲ့သည်။ ဤအရာ သည် ပြိုင်စံရှားဂိုဏ်း၏ ကောင်းမွန်လှသည့် ရိုးရာပင်ဖြစ်သည်။ ထို့ကြောင့် အချိန်တိုအတွင်းမှာပဲ အထက်ပိုင်း အကြီးအကဲနှင့် အတွင်းစည်းတပည့်များအားလုံးသည် သက်တန့်အလင်းတောင်ပံများကို ထုတ်ယူကာဖြင့် နတ်ဆိုးမြူတောအုပ်ဆီသို့ ဦးတည်ကာ ပျံသန်းကြ‌၏။

ကျွင်းချောင်ရှောင်းသည် အမြန်ဆုံး ပျံသန်းလျက်ရှိနေ၏။ သူ့အနေနှင့် နှစ်နာရီမှ လေးနာရီအတွင်း ရောက်ရှိရန် မျှော်မှန်းထားသည်။ သို့ပေမဲ့ လမ်းတလျှောက်တွင်တော့ စိုးရိမ်ပူပန်စွာဖြင့် ဆုတောင်းလျက် ရှိနေ၏။ “ဆိုးရွားတာ တွေ ဘာတစ်ခုမှ မဖြစ်ပါစေနဲ့။ ဆိုးရွားတာတွေ ဘာတစ်ခုမှ မဖြစ်ပါစေနဲ့”

အထက်နယ်မြေဆီသို့ ရောက်ရှိလာပြီးသည့်နောက် သူသည် တပည့်များအတွက် ပိုမိုကြီးမားသည့် အန္တရာယ်များ စောင့်မျှော်နေကြောင်း တွက်ချက်ပြီးဖြစ်၏။

ကုန်းရှန့်သည် ထိုအရာနှင့် ပတ်သက်လျှင် စိတ်ပိုင်းဆိုင်ရာအရ သေသေချာချာ ပြင်ဆင်ထားသည် ဆိုသော်လည်း ဤကဲ့သို့နေ့မျိုး အစစ်အမှန် ရောက်ရှိလာသည့်အချိန် မှာတော့ အလွန်ပင် စိုးရိမ်ပူပန်လျက်ရှိ၏။ သူသည် မည်မျှပင် အရှက်မဲ့လှသည်ဆိုဆို လူသားတစ်ယောက်သာ ဖြစ်နေသေးသည်။

“စိုးရိမ်စရာ မလိုဘူး”

စနစ်က ပြောလိုက်၏။ “အဆင့်မြင့် ကြယ်တာဝန်တွေက ခက်ခဲတယ်ဆိုပေမဲ့ ဖြစ်နိုင်တဲ့အရာမို့လို့ စနစ်က တာဝန် ထုတ်ပြန်ပေးထားတာလေ။ လုပ်နိုင်တဲ့အလုပ်ပဲ။ လက်ရွေးစင်တပည့်တွေ အတူစုပြီး တိုက်ခိုက်လိုက်မယ်ဆိုရင် သေစရာအထိ ဖြစ်လာနိုင်စရာ နည်းတယ်”

“ဒါပေမဲ့ သေနိုင်ချေတော့ ရှိတယ်မလား”

………

ဆွစ်

ကျွင်းချောင်ရှောင်းသည် ရှေးရွက်သင်္ဘောကြီးကို ထုတ်ယူကာဖြင့် သူ၏ သက်တန့်အလင်းတောင်ပံအား ပြန်လည် ရုတ်သိမ်းလိုက်သည်။ ပြီးနောက် ရွက်သင်္ဘောကြီး၏ ပဲ့ဦးပေါ်တွင် မတ်တပ်ရပ်ပြီး အမြန်ဆုံးနည်းဖြင့် ပျံသန်းတော့ သည်။ အမြန်နှုန်းသည် အလွန်မြန်ဆန်လွန်းလှ၏။ သို့ပေမဲ့ စွမ်းအင်ကုန်ဆုံးမှုကလည်း များပြားလွန်းလှ၏။ အချိန်မီ တပည့်များကို ကယ်တင်နိုင်ရန်အတွက် သူသည် နှောင့်နှေးခြင်းမရှိဘဲ သူ၏ စိတ်ဝိညာဉ်ကျောက်တုံးများ ကုန်ဆုံးရမည် ဆိုလျှင်တောင်မှ ထုတ်ဖော်မိမှာ သေချာသည်။

ဤလူသည် ကျွင်းချောင်ရှောင်းပင်ဖြစ်၏။ အရှက်မဲ့လှပြီး လူပေါင်းများစွာတို့ အော်ဟစ်ဆဲဆိုရမည့်ကိစ္စရပ်များကို ပြုလုပ်ခဲ့သူတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ သူ၏ တပည့်များနှင့်ပတ်သက်လျှင် သူသည် တစ်ကိုယ်ကောင်း ဆန်လွန်းလှသည့် မိဘတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။

“ကောင်လေးတို့ တောင့်ထားကြ။ ငါ မင်းတို့ကို လာပြီးတော့ ကယ်တင်မယ်”

……..

ဝှစ် ဝှစ်

နတ်ဆိုးမြူသားရဲတောအုပ်၏အပေါ် ကောင်းကင်ယံထက်တွင်တော့ တိမ်မဲများ ဖြစ်တည်လာခဲ့၏။

“ရာသီဥတုက ပြောင်းသွားပြီပဲ” အထဲကို ဝင်ရောက်ကာ ရှာဖွေရန် ပြင်ဆင်နေသည့် သိုင်းကျင့်ကြံသူများသည် မထွက်ခွာသွားကြချေ။ အဘယ်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် ထွက်ပေါ်မလာသေး သောကြောင့် စောင့်မျှော်နေခြင်းပင်ဖြစ်သည်။

“တစ်နာရီတောင် ကြာသွားပြီ။ သူတို့က အခုအချိန်ဆိုရင် လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေ ဖြစ်သွားပြီ”

“အင်း… အသက်ရှင်နေရတာ မကောင်းဘူးလား”

အထဲတွင် လှုပ်ရှားမှု အနည်းငယ် ရှိနေသေးသည်။ အထူးသဖြင့် နတ်ဆိုးမြူသားရဲဘုရင်၏ အော်ဟစ်သံပင် ဖြစ်သည်။ ထို့ကြောင့် အထဲတွင် ကျန်ရှိနေသော သိုင်းကျင့်ကြံသူ ငါးယောက်တို့သည် သေဆုံးသွားပြီဟု အားလုံးက ခန့်မှန်းလိုက်ကြ၏။

“ဆိုးတာပဲ”

သက်လတ်ပိုင်းလူသည် ခေါင်းကို ခါယမ်းကာဖြင့် သက်ပြင်းချလိုက်သည်။ “သူတို့က အဆိပ်ဖြေဆေး တွေကို အတင်းကာရော ရောင်းခဲ့တယ်ဆိုပေမဲ့ ကျေးဇူးတင်စရာတော့ ကောင်းတယ်လေ။ သူတို့သာ မကယ်ဘူး ဆိုရင် ငါတို့ရဲ့ ညီနောင်တွေက သေဆုံးနေတာကြာပြီ”

“သွားကြရအောင်၊ သွားကြရအောင်” အားလုံးတို့သည် အနည်းငယ်လောက် ထပ်မံကာ စောင့်ဆိုင်းနေ၏။

ပြီးသည့်နောက် ချက်ချင်းလှည့်ကာ ထွက်ခွာသွားရန် ပြင်လိုက်သည့်အချိန်မှာပဲ အလွန်ကြီးမားလှသည့် အော်ရာ ကြီးသည် ၎င်းတို့၏ အနောက်ဘက်ဆီမှ ကျဆင်းလာသည်ကို အာရုံခံလိုက်မိ၏။ ထို့ကြောင့် ခေါင်းကိုမော့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ရှေးရွက်သင်္ဘောဟု ရေးသားထားသည့် ရွက်သင်္ဘောကြီးတစ်စင်းသည် ကောင်းကင်ပေါ်တွင် တည်ရှိနေကြောင်း မြင်လိုက်ရသည်။ “ပြိုင်စံရှားဂိုဏ်းချုပ်ပဲ”

ဆွစ်

ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘောကြီးပေါ်မှ အောက်သို့ ခုန်ဆင်းလိုက်၏။ ပြီးနောက် တောအုပ်၏ အဝင်ဝဆီသို့ ဆင်းသက်လာခဲ့သည်။ သူသည် လေးလေးနက်နက် မေးလိုက်သည်။ “ကျုပ်တပည့်တွေ ဘယ်မှာလဲ”

“အထဲမှာပါ”

ဆွစ်

ကျွင်းချောင်ရှောင်းသည် မည်သည့်စကားမှ မဆိုဘဲ အရှေ့ဆီသို့ လှမ်းဝင်သွားတော့သည်။

ချီးတဲ့မှ… သူဒီလိုပဲ ဝင်သွားတာလား။ ဒီအချိန် မြူတွေက အရမ်းကို အားကောင်းနေတာလေ။ အမြူတေ ပြောင်းလဲခြင်း အဆင့်ခြောက် သို့မဟုတ် အဆင့်ခုနှစ် ကျင့်ကြံသူတောင်မှ ခံနိုင်မှာ မဟုတ်ဘူး။

“တပည့်တွေ အထဲကို ဝင်သွားရဲတယ်ဆိုတာ အံ့အားသင့်စရာ မရှိတော့ဘူး။ သူတို့ရဲ့ ဂိုဏ်းချုပ်ကလည်း တကယ့်ကို ကြမ်းတမ်းတဲ့လူဖြစ်နေတာကိုး”

ကျွင်းချောင်ရှောင်းသည် နတ်ဆိုးမြူသားရဲတောအုပ်ထဲသို့ တစ်ချက်ကလေးမှ နှောင့်နှေးခြင်း မရှိဘဲ ဝင်ရောက် သွားသည်ကို မြင်ရသည့်အချိန်မှာတော့ အားလုံးတို့သည် အမှန်ပဲ ချီးကျူးလျက် ရှိနေ၏။ သေဆုံးတော့မည် ဟုလည်း တွေးထင်လိုက်ကြသည်။

“ခေါင်းဆောင်…. ကျုပ်တို့ ထွက်သွားကြမလား။ မသွားသေးဘူးလား”

“နေအုံး”

ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ် အထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရသည့်အချိန်မှာတော့ ဤအတိုင်း ထွက်မသွားချင်သလို ဖြစ်နေမိသည်။

တစ်နာရီခန့် ကြာမြင့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် နတ်ဆိုးမြူသားရဲတောအုပ်ထဲမှ အပြင်သို့ လှမ်းထွက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်တွင် အမဲရောင်ဓာတ်သဘာဝများ လွှမ်းခြုံလျက် ရှိနေ၏။ သူ၏ မျက်နှာ သည် သာမန်အခြေအနေဆီမှ အမဲရောင်အဖြစ်သို့ ပြောင်းလဲလျက်ရှိ၏။

ထွက်ခွာမသွားသေးသော သိုင်းကျင့်ကြံသူများသည် မျက်လုံးအပြူးသား ဖြစ်နေသည်။ “ကောင်းကင်ဘုံ… ဒီလူက အထဲကို တစ်နာရီကျော်တောင် ဝင်သွားပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်သေးတယ်။ မယုံနိုင်စရာပဲ”

“ချီးတဲ့မှ”

ခန္ဓာကိုယ်ထဲတွင် ရှိနေသော နတ်ဆိုးစွမ်းအင်များကို ဖယ်ရှားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးဖြင့် လှည့်ကာ ပြောလိုက်၏။ “ကျုပ်တပည့်တွေ ဘယ်နေရာမှာ ရှိလဲဆိုတာ ခင်ဗျားတို့သိလား”

နတ်ဆိုးမြူများသည် အလွန်များပြားနေသည့်အချိန်ဖြစ်၏။ ထို့ကြောင့် စိတ်ဝိညာဉ်အာရုံဖြန့်ကျက်မှုကိုလည်း တားဆီးထား၏။ တစ်နာရီကျော် ရှာဖွေပြီးသည့်နောက် သူ၏တပည့်များကို ရှာဖွေ မတွေ့ရှိခဲ့ချေ။ ထို့ကြောင့် သူသည် အပြင်ဘက်သို့ ပြန်လည်ထွက်လာပြီး တခြားသူများကို ပြန်လည်မေးမြန်းခြင်း ဖြစ်သည်။

သိုင်းကျင့်ကြံသူများ အားလုံးသည် တိတ်ဆိတ်ငြိမ်သက်နေကြ၏။ တော်တော်များများသည် လီချင်းယန်နှင့် တခြားသောသူများ မည်သည့်နေရာတွင် ရှိနေသည်ကို သိကြ၏။ သို့ပေမဲ့ ခေါ်ဆောင်သွားခံရမည်ကို စိုးသောကြောင့် မည်သူမှ ထုတ်ဖော် မပြောကြားချေ။ အားကောင်းလွန်းလှသော နတ်ဆိုးချီများသည် တစ်ဖက်လူ အတွက် မည်သို့မှ ပြဿနာမရှိဘူး ဆိုလျှင်တောင်မှ သူတို့အတွက် ပြဿနာရှိနိုင်၏။

“ဂိုဏ်းချုပ်ကျွင်း”

ထိုအချိန်မှာတော့ အတင်းဆေးရောင်းခြင်းကို ခံခဲ့ရသည့် သက်လတ်ပိုင်းလူသည် ရှေ့ဆီသို့ လှမ်းလျှောက်ကာ ပြောလိုက်သည်။ “ကျုပ်သိပါတယ်”

“ဒါဆိုရင် ကျုပ်နဲ့လိုက်ခဲ့”

“ကောင်းပါပြီ”

တစ်ဖက်လူသည် အထဲသို့ ဝင်ရဲသည်ဆိုမှတော့ လီတန်တန်သည်လည်း အထဲသို့ လျှောက်ဝင်ရမှာဖြစ်၏။

ဆွစ်

ကျွင်းချောင်ရှောင်းသည် လီတန်တန်၏ ပခုံးပေါ်သို့ လက်တစ်ဖက် တင်ကာဖြင့် အထဲသို့ လျှောက်ဝင်သွားခဲ့၏။ ထိုအချိန်မှာပဲ ဖြူမဲညီနောင်တို့သည် ရောက်ရှိလာကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်… အထဲမှာရှိတဲ့ နတ်ဆိုးမြူ တွေက အရမ်းအားကောင်းတယ်လေ။ စိတ်ရှိသလို လျှောက်ပြီးမဝင်တာ ကောင်းလိမ့်မယ်”

သူတို့အနေဖြင့် ဤတည်နေရာတွင် မွေးဖွားနေထိုင်ခဲ့ရသူများ ဖြစ်သောကြောင့် ဤတတိယအဆင့် တားမြစ်တည်နေရာအား ရင်းနှီးနေပြီဖြစ်၏။

“ကျုပ် အဲလောက်ကြီး ဂရုမစိုက်နိုင်တော့ဘူး” ကျွင်းချောင်ရှောင်းအနေဖြင့် အလွန်စိုးရိမ်ပူပန်နေသောကြောင့် ဂရုမစိုက်နိုင်ခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ယောက်သည် မြူထဲသို့ တိုးဝင်သွားခဲ့၏။ သို့ပေမဲ့ ဆယ့်ငါးမိနစ် လောက် ကြာပြီးသည့်နောက် ပြန်လည် ထွက်ခွာလာခဲ့သည်။ တစ်ဖက်လူ ငါးယောက်တို့သည် မူလတည်နေရာ ထဲတွင် မတည်ရှိတော့ချေ။

ဝေါ့

လီတန်တန်သည် အမဲရောင်သွေးများကို အန်ထုတ်လိုက်၏။ နတ်ဆိုးစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လျက်ရှိနေ၏။ သူသည် မထိန်းချုပ်နိုင်ခဲ့ချေ။ သို့ပေမဲ့ ရှောင်ရှစ်သည် ရှေ့ဆီသို့ ထွက်လာကာဖြင့် နတ်ဆိုး စွမ်းအင်များကို စုပ်ယူတော့၏။

…..

ထိုအချိန်မှာပဲ ပြိုင်စံရှားဂိုဏ်း၏ အထက်အကြီးအကဲနှင့် တပည့်များသည် နတ်ဆိုးမြူသားရဲတောအုပ်၏ အပြင်ဘက်တွင် စုဝေးလျက် ရှိနေပြီး အဝင်ဝတွင် မတ်မတ်ရပ်လျက် ရှိနေသည်။

ထွက်ခွာသွားခြင်း မရှိသေးသည့် သိုင်းကျင့်ကြံသူ တစ်ထောင်ကျော်တို့သည်လည်း ထိတ်လန့် ကြောက်ရွံ့နေခဲ့ကြ၏။

“ချီးတဲ့မှ… ဘာမှန်းမသိတဲ့ ဂိုဏ်းတစ်ခုက ဒီလောက်များပြားတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေ ဘာလို့ ရှိနေရတာလဲ။ ပြီးတော့ သူတို့ ကျောပေါ်မှာရှိတဲ့ သက်တန့်အလင်းတွေက တောက်ပံ့လွန်းလိုက်တာ။ အထူးရတနာပဲ ဖြစ်လိမ့်မယ်”

တကယ်တော့ လူအနည်းငယ်လောက်သာဆိုရင် ဤမျှ ကြီးကြီးမားမား ဖြစ်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ များပြားလှသည့် အထက်ပိုင်းအကြီးအကဲနှင့် အတွင်းစည်းတပည့်များ အားလုံးသည် ဤတည်နေရာတွင် ရောက်ရှိ နေကြ၏။ လီချင်းယန်နှင့် တခြားသောသူများ၏ ပျောက်ကွယ်မှုသည် အားလုံးသောသူများကို စိုးရိမ်ပူပန်မှုကို ဖြစ်စေ၏။

ဆွစ်

ကျွင်းချောင်ရှောင်းသည် လီတန်တန်ကို အသာလွှတ်ပြီးသည့်နောက် နတ်ဆိုးမြူသားရဲတောအုပ်ထဲသို့ ထပ်မံ ဝင်ရောက်ရန် ပြင်လိုက်၏။

“အော်မီတော်ဖော”

ထိုအချိန်မှာပဲ တုနန်သည် လူအုပ်ကြားထဲမှ လျှောက်ထွက်လာ၏။ သူ၏ အမဲရောင်ဆံပင်များ သည် လေထဲတွင် လွင့်လျက်ရှိ၏။ သူသည် လက်အုပ်ချီကာဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်… နတ်ဆိုးစွမ်းအင် တွေက အရမ်းအားကောင်းတယ်လေ။ အထဲကို ဝင်သွားမယ်ဆိုရင် ကိုယ့်ရဲ့စိတ်ကို ဆုံးရှုံးသွားနိုင်တယ်။ ဒီတော့ ဒီတပည့်က ဗုဒ္ဓနည်းစနစ်တွေကို အသုံးပြုပြီးတော့…”

လာပြီ။ လာပြီ။ ဂိုဏ်းထဲတွင် ရှိနေသည့် ဗုဒ္ဓကျင့်ကြံသူတစ်ယောက်သည် နောက်ဆုံးတွင် အသုံးဝင်ကြောင်းကို ထုတ်ဖော်ပြသတော့မည်ဖြစ်၏။

“ဟမ့်”

သို့ပေမဲ့ သူပြီးဆုံးအောင် မပြောရသေးခင်မှာပဲ ရောင်မုန့်ယဉ်သည် လျှောက်ထွက်လာခဲ့ပြီး ခါးထောက် ကာဖြင့် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။ “ဒီနတ်ဆိုးစွမ်းအင်တွေကို စုပ်ယူလိုက်မယ်”

“အင်း”

ကျွင်းချောင်ရှောင်းသည် သူ၏နဖူးကို ပိတ်ရိုက်လိုက်၏။ “ဟုတ်သားပဲ”

“ဖေဖေ”

ရှောင်ရှစ်သည် သူ၏အနားကို ကပ်ကာ ပြောလိုက်သည်။ “ကျုပ်လည်း အဲတာတွေကို စုပ်ယူချင်တယ်”

“ကောင်းပြီ”

ဆွစ်

သူသည် သုံးနှစ်မှ ငါးနှစ်အရွယ် မိစ္ဆာစိတ်ဝိညာဉ်ကောင်လေးအဖြစ် ပြောင်းလဲလိုက်၏။ ပြီးနောက် ရောင်မုန့်ယဉ် နှင့် ဘေးချင်းကပ်ကာ မတ်တပ်ရပ်လိုက်၏။

“အားလုံးပဲ လမ်းဖယ်ကြ”

ဆွစ် ဆွစ်

အားလုံးသောသူတို့သည် ၎င်းတို့နှစ်ယောက်နှင့် ခပ်ဝေးဝေးတည်နေရာသို့ ဆုတ်လိုက်ကြသည်။

“ဟား”

ရှောင်ရှစ်သည် အသက်ကို ပြင်းပြင်းရှုလိုက်၏။ သူ၏ ပါးစပ်ကို ဟလိုက်သည်နှင့်တပြိုင်နက် အပြင်ဘက် တွင်ရှိနေသော နတ်ဆိုးစွမ်းအင်များအားလုံးသည် စုပ်ယူခြင်းကို ခံလိုက်ရ၏။

ရောင်မုန့်ယဉ်မှာလည်း ငြိမ်ငြိမ်မနေချေ။ ခြေချိတ်ထိုင်လိုက်ပြီးသည့်နောက် သူမ၏ နတ်ဆိုးနည်းစနစ်များကို အသုံးပြုကာဖြင့် ခန္ဓာကိုယ်ထဲသို့ နတ်ဆိုးစွမ်းအင်များ စုပ်ယူနေသည်။ နတ်ဆိုးမြူတောအုပ်ထဲတွင် ရှိနေသော နတ်ဆိုးစွမ်းအင်များသည် အလွန်ပင် ကြမ်းတမ်းလွန်းလှ၏။ သို့ပေမဲ့ နတ်ဆိုးကျင့်ကြံသူနှင့် မိစ္ဆာကျင့်ကြံသူများ အတွက်တော့ အလွန်ကောင်းမွန်သည့်အရာများပင် ဖြစ်တော့သည်။

“ချီးတဲ့မှ… ဒါက လွန်လွန်းတယ်လေ။ နတ်ဆိုးစွမ်းအင်တွေကို တစ်ခါတည်း စားနေတယ်။ ပေါက်ကွဲပြီး သေသွားမှာ မစိုးရိမ်ဘူးလား” ကျင့်ကြံသူများသည် မျက်လုံးများ ပြူးထွက်လာလုမတတ် ထိတ်လန့်မိနေကြ၏။

“မဟုတ်သေးဘူး။ ဒါက နည်းနည်းနှေးတယ်”

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါလိုက်၏။ ပြီးသည့်နောက် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကြီးများကို ထုတ်ယူလိုက်၏။ ပြီးနောက် လှမ်းပစ်ပေးကာဖြင့် ပြောလိုက်သည်။ “နတ်ဆိုးစွမ်းအင်တွေ အကုန်လုံးကို စုပ်ကြ”

“ကောင်းပါပြီ” ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် စီစီရီရီဖြင့် တန်းစီရပ်ကာ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကြီးများဖြင့် စုပ်ယူလိုက်၏။

“ကုန်းဖုကွေ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငြိမ်ငြိမ်မနေနဲ့ မြန်မြန်လာစမ်း”

ဆွစ်

တုနန်သည် အလျင်အမြန်ဖြင့် ရောက်ရှိလာပြီး အဘိုးအိုကြီးတစ်ယောက်ပုံစံဖြင့် ခြေချိတ်ထိုင်လိုက်သည်။ ပြီးနောက် မန္တာန်များကို ရွတ်ဖတ်လျက် ရှိနေ၏။

ဝမ် ……။

ရွှေရောင်အလင်းတန်းများ တောက်လောင်လာပြီး ဓမ္မပုံရိပ်ယောင် တစ်ခုသည် ဖြစ်တည်လာ၏။ “အော်မီတော်ဖော”

တုနန်သည် ရှုပ်ထွေးလှသည့် လက်စည်းသင်္ကေတများကို ပြုလုပ်ပြီးသည့်နောက် အော်ဟစ် လိုက်တော့သည်။ “စိန်ဆုဒြာ”

ဝမ်

ကြီးမားလှသည့် ပုံရိပ်ယောင်ကြီးသည် သူ၏နောက်တွင်‌ ပေါ်ပေါက်လာ၏။ ထိုရုပ်တုကြီးသည် မျက်လုံးကို ဖွင့်ပြီးသည့်နောက် အလင်းတန်းများသည် ပတ်ဝန်းကျင်တွင် ရှိနေသော နတ်ဆိုးစွမ်းအင်များ အားလုံးကို စုပ်ယူခဲ့၏။

“မမြန်သေးဘူး။ ရှောင်ဟော့ …. ထွက်လာပြီး သန့်စင်ပစ်လိုက်”

ဆွစ်

ရှောင်ဟော့သည် ထွက်လာပြီးသည့်နောက် နတ်ဆိုးစွမ်းအင်များ အားလုံးကို မီးနှင့်တိုက်တော့သည်။

“ဖေဖေ”

ထိုအချိန်မှာတော့ ရှေ့မှဦးဆောင်ကာ သွားလျက်ရှိနေသည့် ရှောင်ရှစ်သည် အော်ဟစ်လိုက်၏။ “တစ်စုံ တစ်ခုကို ရှာတွေ့ပြီ”

ဆွစ်

ကျွင်းချောင်ရှောင်းသည် အရှေ့ဆီသို့ လျင်လျင်မြန်မြန် လှမ်းလာ၏။ ပတ်ဝန်းကျင် တည်နေရာထဲတွင် ရှိသော မြူများသည် ပျောက်ကွယ်သွားပြီးသည့်နောက် ကြီးမားလှသည့် ရေခဲတုံးကြီးငါးတုံးသည် တည်နေရာတစ်ခုထဲတွင် ရှိနေသည်ကို မြင်လိုက်ရ၏။ အထဲတွင်တော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် အေးခဲလျက် ရှိနေသည်။

ဖြောက် ဖြောက် ဖြောက် ဖြောက်

နတ်ဆိုးစွမ်းအင်များ အားပျော့သွားသည်ကို အာရုံခံပြီးသည့်နောက်မှာတော့ ရေခဲတုံးများသည် အားပျော့သွားခဲ့၏။ ပြီးနောက် မြန်မြန်ဆန်ဆန်ဖြင့် ကွဲကျေသွားသည်။ အထဲတွင် ရှိနေသော ငါးယောက်လုံးသည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့ကြ၏။ ၎င်းတို့သည် အသက်ကို လျင်မြန်စွာ ရှူနေရသည်။

ဝေါ့

မြေပေါ်တွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်လျက်ရှိနေသည့် လုချင်းချင်းသည် သွေးများ အန်ထွက်လာခဲ့၏။ သူမ၏ အဖြူရောင်ဆံပင်များသည် မူလအတိုင်း ပြန်လည်ဖြစ်တည်သွား၏။ မျက်နှာတစ်ခုလုံးသည်လည်း အလွန်အမင်း ဖြူလျော်လို့နေသည်။ သူမကိုသူမ မထိန်းချုပ်နိုင်ဟန်ဖြင် မြေပေါ်သို့ လဲကျကာ သတိလစ် မေ့မျောသွားခဲ့တော့၏။

All Chapters