← Chapters

အခန်း (၁၄၄၄)

Vol. 97 Ch. 1444

အခန်း (၁၄၄၄)

Vol. 97 Ch. 1444

ကုရှောင်းရှစ်အနေဖြင့် ထျန်းယွမ်အကျဉ်းထောင်စေတီအား ချိုးဖျက်ချင်သည်ဟု ကြားလိုက်ရသည့် အခါမှာတော့ ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားမိ၏။ ဤလူသည် အမှန်ပင် အားကောင်းလွန်း ေဤကောင်းမွန်လှသည့် လူငယ်၏ပုံပန်းသွင်ပြင်မျိုးသည် သူ့အားစိန်ခေါ်ချင်သည့် ပုံစံမျိုး ဖြစ်လာ၏။ ကျွင်းချောင်ရှောင်းအနေဖြင့် ချက်ချင်းထျန်းယွမ်အကျဉ်းထောင်စေတီအား မဖွင့်ခဲ့ချေ။ ထိုအစား လေးလေးနက်နက် ပြောလိုက်၏။ "အထဲမှာရှိတဲ့ စမ်းသပ်မှုတွေက အရမ်းကို ရက်စက်လွန်းတယ်။ တစ်ကယ်တမ်း ဝင်ပြီးပြိုင်ဆိုင်ချင်တာ သေချာလို့လား"

"လိုရင်းကိုပြောမယ်"

ကုရှောင်းရှစ်သည် စိတ်မရှည်သလို ပြောလိုက်သည်။ "နည်းနည်းလေးတောင် မစောင့်ချင်တော့ဘူး"

တစ်ဖက်လူသည် အမှန်ပင် မောက်မာလှသည်ကို သိရှိပြီးနောက် ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိ၏။ "ခက်ခဲကြမ်းတမ်းလွန်းတဲ့ အထက်နယ်မြေမှာ ဒီလိုပုံစံနဲ့ ဒီလို အမျိုးနဲ့ အခုလိုအဆင့်မျိုးရောက်အောင် ဘယ်လိုများ လေ့ကျင့်ခဲ့တာလဲ"

သိုင်းကျင့်ကြံသူများအတွက် သိုင်းပညာသည် အလွန်အရေးကြီးသည့် အရာဖြစ်သည်ဆိုသော်လည်း တစ်စုံတစ်ယောက်သည် အချိုးမပြေပါက ဆိုးရွားလှသည့် သေဆုံးခြင်းမျိုးနှင့် ကြုံတွေ့ရမှာ သေချာ၏။ သူ၏ရှေ့တွင် ရှိနေသော ဤလူငယ်သည် ထိုကဲ့သို့သော လူငယ်မျိုးပင် ဖြစ်၏။ ယနေ့ထက်အထိ အသက်ရှင်နေရခြင်းမှာ မယုံနိုင်စရာပင် ဖြစ်၏။ သာမန်ထက်ပိုသည့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်သောကြောင့်သာ ဖြစ်ပေလိမ့်မည်။

ကျွီ

ပိတ်ထားသော ထျန်းယွမ်အကျဉ်းထောင်စေတီသည် တဖြည်းဖြည်းခြင်း ပွင့်သွား၏။ အထဲဆီမှ ဆန်းကြယ်လှသော လေလှိုင်းများ ထွက်ပေါ်လျက်ရှိ၏။

"ဒါက ထူးဆန်းလွန်းတယ်"

ကုရှောင်းရှစ်သည် ထိုအရာကို ခံစားမိပြီးနောက် တွေးလိုက်မိသည်။ "ဘာလို့ ရင်းနီးသလို ခံစားနေရတာလဲ"

သူ နှောင့်နှေးနေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် မီးလောင်ရာ လေပင့်လိုက်၏။ "ဒီစမ်းသပ်မှုကို ကျော်ဖြတ်ဖို့ စိုးရိမ်ပူပန်နေတယ် ဆိုရင်လည်း ရပ်တန့်လိုက်လို့ ရတယ်နော်"

တောက်!

ကုရှောင်းရှစ်သည် အတွေးများကို ရပ်တန့်ကာဖြင့် ပြောလိုက်သည် "ကျုပ်ရဲ့ အဘိဓာန်မှာ နောင်တတရားဆိုတာ လုံးဝမရှိဘူး"

"…..."

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားခဲ့၏။ တစ်ဖက်လူ၏ ပုံပန်းသွင်ပြင်နှင့် အသံကိုကြားရသည့် အခါမှာတော့ အသက်ဆယ့်နှစ်နှစ်မှ ဆယ့်သုံးနှစ်အတွင်း ဖြစ်နိုင်သည်ဟု ယုံကြည်ရန်မှာ ခက်ခဲလွန်းလှ၏။ ထို့အပြင် သူကိုယ့်သူပင် ဆရာ - ဆရာဟု ပြောဆိုနေသေး၏။

ဟင်း ….။

ဤသေဖော်ရှင်ဖက် ညီအစ်ကိုနှစ်ယောက်သည် အချိန်အတော်အကြာ စကားပြောခဲ့ကြသည်ဆိုသော်လည်း တစ်ယောက်နှင့်တစ်ယောက် မမှတ်မိခဲ့ကြချေ။ ဤအရာမှာလည်း နားလည်နိုင်သည့် ကိစ္စပင်ဖြစ်၏။ ထို့ပြင် ကုရှောင်းရှစ်သည် ပြန်လည်မွေးဖွားလာပြီးနောက် သူ၏မှတ်ညဏ်တော်တော်များများကို ဆုံးရှုူံးခဲ့ရ၏။

ထို့ပြင် ပုံပန်းသွင်ပြင်နှင့် အသံသည်လည်း ပြောင်းလဲသွားခဲ့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း အေ"ကျေးဇူးပြုပြီး"

ဘုတ်

ကုရှောင်းရှစ်သည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ရှေ့တွင်ဓားတောင်နှင့် မီးပင်လယ်ရှိမည်ဆိုရင်တောင်မှ တစ်စက်ကလေးမှ စိုးရိမ်မှုမရှိချေ။ အဆိုးဝါးဆုံး ဖြစ်လာမည်ဆိုရင်တောင်မှ သေလိုက်ရုံသာ ရှိ၏။ ကောင်းကင်ကြီးသည် သူ၏မှတ်ညဏ်နှင့် အသိစိတ်အချို့ကို ယူဆောင်သွားခဲ့သည် ဆိုသော်လည်း ပြန်လည်မွေးဖွားနိုင်သည့် စွမ်းရည်ကိုတော့ ပေးအပ်ခဲ့၏။

ထို့ကြောင့် ဟန်ချက်ညီမျှသည်ဟု ဆိုရမည်။ မည်သူမှ ပြည့်စုံသည်ဟူ၍ မရှိချေ။ ထို့ကြောင့် ပြစ်ချက်အနည်းငယ်က တည်ရှိနေပေလိမ့်မည်။ လူအများအားလုံး စောင့်ကြည့်နေသည့် အောက်မှာပဲ ကုရှောင်းရှစ်သည် ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ဝင်ရောက်ကာဖြင့် တံခါးကို ပိတ်ပစ်လိုက်သည်။

ဟူး…..။

လီချင်းယန်နှင့် အခြားသောသူများသည် စိတ်သက်သာရာ ရသွားကြ၏။ ၎င်းတို့သည် ထျန်းယွမ်အကျဉ်းထောင်စေတီ၏ အတွေ့အကြုံများကို မခံစားဖူးဘူး ဆိုသော်လည်း ထိုထဲတွင် ပိတ်လှောင်ခံထားရသော သူများသည် သံမဏိကဲ့သို့ စိတ်ဓာတ်ကို ပိုင်ဆိုင်သည် ဆိုလျှင်တောင်မှ မိဘများကိုပင် တရသည့်အထိ ရက်စက်လှသော အကျဉ်းထောင်ပင် ဖြစ်၏။

ဆွစ်

ကျွင်းချောင်ရှောင်းသည် လက်ကို ပြန်လှည် ယမ်းခါပြီးနောက် သူ၏ရတနာကို ပြန်လည်သိမ်းဆည်းလိုက်၏။ ပြီးနောက် အသံပို့လွှတ်လိုက်သည်။ "အားရာ … ဒီရောင်းရင်းကို သေချာဆက်ဆံလိုက်"

စမ်းသပ်မှုကို ကျော်ဖြတ်မည်လား။ ထိုအရာမှာ မဖြစ်နိုင်ချေ။ ဤကဲ့သို့သော လူများသည် သေခြင်းနှင့် ရှင်ခြင်းကြားရှိ ကြိုးတန်းလေးပေါ်တွင် လမ်းလျှောက်ရသော လူများပင်။ သေချာပေါက် အားရာ၏ရိုက်နှက်ခြင်းကိုသာ ခံရမှာဖြစ်၏။

"ကောင်းပါပြီ သခင်" အားရာ၏အသံသည် သူ၏နားထဲတွင် ပေါ်ပေါက်လာသည်။

ထျန်းယွမ်အကျဉ်းထောင်ထဲမှာတော့ …..

တံခါးကို ပိတ်လိုက်သည့်အချိန်တွင် ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးသည် မှောင်မဲသွား၏။ ကုရှောင်းရှစ်သည် ရုတ်တရက် မျက်မှောင်ကုတ်လိုက်မိ၏။ အဘယ့်ကြောင့်ဆိုသော် သူ၏သိစိတ်ပင်လယ်ထဲတွင် ရှိနေသော ရင်းနှီးပတ်သက်မှုသည် ပိုမိုကာ အားကောင်းလာခဲ့၏။

"ငါ …. အရင်က ဒီနေရာမှာရောက်ခဲ့ဖူလား"

သူ၏မှတ်ညဏ်များ ပျောက်ဆုံးနေသောကြောင့် မမှတ်မိချေ။ ထို့ကြောင့် သူ၏စိတ်ကိုအားတင်းကာဖြင့် ရှေ့ဆီသို့သာ လှမ်းလျှောက်လိုက်သည်။

ဆွစ် ဆွစ်

ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် အလင်းတန်းများသည် သူ့အား ရုတ်တရက် ဖုံးလွှမ်းသွား၏။ ကုကျောင်းရှစ် သည် အမှတ်မထင် သူ၏ မျက်လုံးကို ပိတ်လိုက်မိ၏။

ပြန်လည်ဖွင့်လိုက်သည့် အချိန်မှာတော့ လည်သာဝတ်စုံကိုဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်သည် သစ်သားကုလားထိုင်ပေါ်တွင် ထိုင်လျက်ရှိနေသည်ကို တွေ့လိုက်ရ၏။ သူမသည် ဘယ်ဖက်ခြေထောက်ပေါ်သို့ ညာဖက်ခြေထောက်တင်ပြီး လက်တစ်ဖက်နှင့် မေးထောက်ကာ ကျန်တစ်ဖက်၌ ကြာပွတ်ကြီးကို ကိုင်ဆောင်ရင်း ဖြည်းဖြည်းခြင်း လွဲယမ်းလျက် ရှိနေသည်။

မျက်နှာပေါ်တွင်တော့ ကြောက်မက်ဖွယ်ကောင်းသည့် အပြုံးတစ်ခု တည်ရှိနေ၏။

အားရာ ..။

သူမသည် ဤအကျဉ်းထောင်၏ လက်နက်စိတ်ဝိညာဉ်ပင် ဖြစ်၏။ သူ၏အနောက်ဖက်တွင်တော့ ဘယ်ဖက်ခြမ်းတွင် ကျိုးတုတုက ရပ်လျက်ရှိနေပြီး ညာဖက်ခြမ်းတွင်တော့ တိုင်လုက ရပ်လျက်ရှိနေသည်။

အလင်းတန်းများ အောက်မှာတော့ အားရာသည် ငရဲမင်းကြီးတစ်ပါးကဲ့သို့ပင်။ ကျန်နှစ်ယောက်မှာတော့ ငရဲတရားသူကြီး နှစ်ယောက်ကဲ့သို့ပင် ဆင်တူလှ၏။

ဤအကျဉ်းထောင်၏ လက်တွဲဖော်သုံးယောက်တို့သည် ကြောက်မက်ဖွယ် ကောင်းလွန်းလှချေသည်။

"ရောက်လာပြီကိုး"

ကျိုးတုတုသည် ပြုံးကာပြောလိုက်၏။ "ညီငယ်လေး"

သူတို့သည် လက်ရှိအချိန်၌ ပိုင်စီလီကို ချုပ်နှောင်ပြီး ရိုက်နှက်နေရသည် ဆိုသော်လည်း အခြားသော တစ်စုံတစ်ယောက် ရောက်ရှိလာခြင်းကို နွေးထွေးစွာဖြင့် ကြိုဆိုရပေလိမ့်မည်။

တောက် ……။

ကုရှောင်းရှစ်သည် နှာခေါင်းရှုံလိုက်မိ၏။ "ကျုပ်ကို ဘယ်လိုစမ်းသပ်မှာလဲ"

အားရာသည် မျက်လုံးပြူးသွားမိသည်။ "ဒူဒူ … ဒီကောင်လေးက နည်းနည်းမောက်မာတာပဲ"

"ဟုတ်တယ်"

ကျိုးတုတုက ပြောလိုက်၏။ "မမောက်မာတဲ့လူတွေက ဒီထဲကို ဝင်လာဖို့ အရည်အချင်း မပြည့်မီဘူးလေ"

ထျန်းယွမ်အကျဉ်းထောင်သည် အကျဉ်းသားများကို ချုပ်နှောင်သည့် နေရာတစ်ခု ဖြစ်သော်လည်း စည်းမျဉ်းစည်းကမ်းများကို မလိုက်နာပဲ ဆိုးသွမ်းသူများသာလျှင် ဤနေရာသို့ ရောက်ရှိကြသည်။

"ဒီလိုဆိုမှတော့"

အားရာသည် မတ်တပ်ရပ်လိုက်၏။ ပြီးနောက် ကြာပွတ်ကို အသာဝေ့ယမ်းရင်း ခေါင်းကိုခါရမ်းကာ ပြောလိုက်၏။ "မောက်မာမှုတွေ ပြေပျောက်သွားအောင် လုပ်ပေးရမှာပေါ့"

ဆွစ် ဆွစ် …..။

ကျိုးဒူဒူ နှင့် တိုင်လုတို့သည် အလျင်အမြန်ပဲ နောက်သို့ ဆုတ်လိုက်ပြီး အဝေးတစ်နေရာရှိ ထိုင်ခုံအသေးလေးများတွင် ထိုင်ကာဖြင့် ပွဲကြည့်ပရိတ်သတ် ပြုလုပ်လျက်ရှိ၏။

ကုရှောင်းရှစ်က ပြောလိုက်သည်။ "တိုက်ခိုက်ချင်တာလား"

"အမှန်ပဲလေ"

အားရာသည် ကြာပွတ်ကို ဝေ့ယမ်းကာဖြင့် ရှေ့ဆီသို့ လှမ်းတက်လာ၏။ သူမသည် လည်သာဝတ်စုံနှင့် လည်သာဖိနပ်ကို ဝတ်ဆင်ထားသောကြောင့် အစ်မကြီးတစ်ယောက်၏ ပုံပန်းသွင်ပြင် တည်ရှိနေ၏။

ကုရှောင်းရှစ်၏ မျက်လုံးထဲတွင်တော့ အထင်အမြင်သေးသည့် ပုံစံများနှင့် ပြည့်နှက်နေသည်။ "ပြိုင်စံရှားဂိုဏ်းထဲမှာ အခြားဘယ်သူမှ မရှိတော့ဘူးလား။ ကလေးမလေးတစ်ယောက်ကို လွှတ်ပြီးတော့ ကျုပ်ကို စမ်းသပ်ခိုင်းနေတာ ဟုတ်လား။ ဒီ ဆရာကို ဘာထင်နေတာလဲ"

"ဆရာ ဟုတ်လား"

အားရာ၏ မျက်နှာသည် ပျက်ယွင်းသွား၏။ "ရှင်တကယ်ပဲ ပြောနေတာလား"

ထျန်းယွမ်အကျဉ်းထောင်စေတီထဲတွင် သူမသည် ဘိုးဘေးကြီးတစ်ယောက် ဖြစ်ပြီး ကြီးကြီးတစ်ယောက်လည်း ဖြစ်၏။ ဤလူသည် သူ့ကိုယ်သူ ဆရာဟုခေါ်ဝေါ်လျက် ရှိနေ၏။ ရိုက်နှက်ရန် ထိုက်တန်လွန်းလှချေသည်။

ဂျွတ်

ကုရှောင်းရှစ်သည် လက်သီးကိုဆုပ်ကာဖြင့် နှာခေါင်းရှုံ့လိုက်၏။ "မိန်းကလေးတစ်ယောက်ဖြစ်နေလို့ ကျုပ်ကမရိုက်ရဲဘူးထင်နေတာလား"

ဆွစ်

ထိုအချိန်မှာပဲ အားရာသည် သူမ၏ကြာပွတ်ကို ဝေ့ယမ်းကာ တိုက်ခိုက်လိုက်၏။ အမြန်နှုန်းနှင့် အားအင်အဆင့်အရဆိုလျှင် မမြန်လှချေ။

ကုရှောင်းရှစ်သည် တစ်ချက်ကလေးမှ ဂရုမစိုက်ချေ။ ထို့ကြောင့် သူ၏လက်ကိုမြောက်ကာဖြင့် ဆွဲယူလိုက်၏။ သူ၏လက်ကြီးသည် ပြုတ်တူကြီးကဲ့သို့ပင် တိုက်ခိုက်လာသည့် ကြာပွတ်ကို လှမ်းဆွဲလိုက်၏။ "ဒီလို စွမ်းရည်သေးသေးလေးနဲ့ ကျုပ်ကိုတိုက်ခိုက်ဖို့ အရည်အသွေးရှိတယ်ထင်...."

ကုရှောင်းရှစ်သည် စကားပြောဆိုရာမှ ရုတ်တရက် ရပ်တန့်လိုက်၏။ သူ၏မျက်နှာပေါ်ရှိအပြုံးသည် အေးခဲသွားခဲ့၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လျှပ်စစ်ဗို့ပေါင်းတစ်သောင်းလောက်ဖြင့် ထိမှန်လိုက်သလို တုန်ခါသွား၏။ ခန္ဓာကိုယ် တစ်ခုလုံးသည် ဓာတ်လိုက်သွားသကဲ့သို့ပင် သို့ပေမဲ့ ဤအရာသည် ဓာတ်လိုက်ခြင်း မဟုတ်ပေ။ ဝိညာဉ်တိုက်ခိုက်မှုကို ခံလိုက်ရခြင်းသာ ဖြစ်သည်။

ဆွစ် ……..။

အားရာသည် ညာဖက်လက်ကို ဝေ့ယမ်းလိုက်၏။ ပြီးနောက် ကြာပွတ်ကို ပြန်လည်ကာ ဆွဲယူလိုက်၏။ ပြီးနောက် ကြာပွတ်သည် ငွေရောင်မြွေစိမ်းကဲ့သို့ပင် ရှေ့ဆီသို့ လှမ်းတက်သွား၏။

ကောင်းကင်ကြီးတစ်ခုလုံးတွင် အလင်းတန်းများဖြင့် ဖြစ်တည်လာပြီး ထွက်ပြေး၍မလွတ်နိုင်သော ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ပင် ကုကျောင်းရှစ်အား ဖုံးလွှမ်းသွားသည်။

"သွားပြီပဲ" တိုင်လုက ပြောလိုက်၏။

ပြိုင်စံရှားဂိုဏ်းသို့ မဝင်ရောက်ခင်ကတည်းက သူသည် အားရာ၏ကြာပွတ်နှင့် ရိုက်နှက်ခြင်းကို တစ်ခါမှ မခံဖူးသော်လည်း အားကောင်းပါသည် ဆိုသော သူများကို အားရာတစ်ယောက် ကြာပွတ်နှင့် အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ကြောင်း မြင်တွေ့ခဲ့ရ၏။ ထို့ကြောင့် ဤကဲ့သို့ ရိုက်နှက်ခံရသူများသည် သရဲတစ္ဆေကဲ့သို့ ငိုယိုပြီး ဝံပုလွေကဲ့သို့ အူရကြောင်းကိုလည်း ကောင်းကောင်းနားလည်သည်။

ထင်မှတ်ထားသည့် အတိုင်းပင်။ ဖြောင်း ..ဖြောင်း … ဟူသည့် အသံများကြားမှာပဲ ကုရှောင်းရှစ်သည် ဆိုဆိုးရွားရွား အော်ဟစ်လျက် ရှိနေ၏။

ကျိုးဒူဒူ သည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသည့် ဆောင်းဘောက်ကြီးကို ထုတ်ယူကာဖြင့် သီချင်းပင် ဖွင့်ပေးလိုက်သေးသည်။ အားရာမှာတော့ တေးဂီတသံနှင့်အတူ စည်းချက်ကျနစွာဖြင့် ရိုက်နှက်လျက် ရှိနေတော့သည်။

အား အား ……။

အားရာသည် ပက်ပက်စက်စက် ရိုက်နှက်နေပြီး ကုရှောင်းရှစ်မှာမူ ခုန်ဆွခုန်ဆွဖြင့် ရိုက်နှက်ခြင်းကို ခံနေရ၏။

ဆွစ်

အချိန်အတော်ကြာပြီးနောက် ကြိုးပေါင်းများစွာတို့သည် မည်သည့်နေရာမှ ပေါ်လာမှန်းမသိဘဲ ရုတ်တရက် ပေါ်ပေါက်လာကာ ကုကျောင်းရှစ်အား ချုပ်နှောင်လိုက်၏။ ဤမြင်ကွင်းသည် အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့ပြီးပြီ ဖြစ်သည်။

"ဖယောင်းတိုင် လာစမ်း"

ဆွစ်

ကျိုးဒူဒူ နှင့် တိုင်လုသည် ဖယောင်းတိုင်များကို ကမ်းပေးလိုက်ကြ၏။

"မင်းကို ဒီနေ့ သွေးထွက်အောင် ရိုက်နှက်ပေးပြမယ်"

အားရာသည် ဖယောင်းတိုင်များ ကိုင်ဆောင်ပြီးနောက် ကုကျောင်းရှစ်အား ပက်ဖြန်းတော့သည်။ ကုကျောင်းရှစ်သည် သတ်ဖြတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ ရုတ်တရက်ထကာ အော်ဟစ်နေသည်။ ဤကဲ့သို့သော လေ့ကျင့်ပေးမှု အဆင့်သည် သည်းခြေထဲကပါ နာကျင်လွန်းလှပြီး ဝိညာဉ်၏အတွင်းပိုင်း အနက်ပိုင်းဆီသို့ ထိခိုက်စေသည်။

မှတ်ညဏ်များသည် ပြန်လည်ကောင်းမွန်လာပြီး အရာကိစ္စတော်တော်များများကို သူသည် ပြန်လည်ကာ မှတ်မိလာသည်။ သေဆုံးမှုသည် ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုဖြစ်ကြောင်း ပြန်လည်ကာ သတိရလာစေ၏။

"မှတ်မိပြီ။ ငါမှတ်မိပြီ။ ဒီနေရာကို ရင်းနှီးနေတယ်လို့ ခံစားနေရတာ အံ့အားသင့်စရာ မဟုတ်ဘူးပဲ ။ ဒီနေရာကို အရင်တုန်းက အကြိမ်ပေါင်းများစွာ ရောက်ဖူးပြီး နှိမ့်စက်ခံရဖူးတာပဲ။ သေဆုံးခြင်းရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို သေသေချာချာ သိရှိခဲ့တဲ့ နေရာပဲ"

အခြားတစ်ဖက်မှ ပြောရလျှင် ဤနေရာသည် ထျန်းယွမ်အကျဉ်းထောင်စေတီပင် ဖြစ်တော့၏။

ဝှစ်

အတိတ်မှ မှတ်ညဏ်များ ပြန်လည်ရရှိလာချိန်တွင် သူ၏စိတ်ထဲ၌ ရင်းနှီးနေသည့် မျက်နှာတစ်ခုပေါ်ပေါက်လာ၏။ ဤအရာသည် အစောက သူမြင်တွေ့ခဲ့သော ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်မျက်နှာပင် ဖြစ်လေသည်။ သူသည် ဝိညာဉ်တိုကိခိုက်မှုကို အောင့်အီးသည်းခံစွာဖြင့် အော်ဟစ်ကာ ခေါ်လိုက်သည်။ "အစ်ကိုကြီး ……. ကျုပ်ပါ"

All Chapters