← Chapters

အခန်း (၁၄၅၂)

Vol. 98 Ch. 1452

အခန်း (၁၄၅၂)

Vol. 98 Ch. 1452

ကောင်းကင်တေးဂီတချပ်ဝတ် ဝတ်စုံ၏ ဖော်မြူလာကို ရရှိခဲ့ပြီဖြစ်သည်။ မည်မျှအားကောင်း သနည်းဆိုသည်ကို သန့်စင်ပြီး ကြည့်ရှုရန်သာ လိုအပ်တော့၏။ ကျွင်းချောင်ရှောင်းအနေနှင့် ဆေးလုံးများ သန့်စင်ရာ တွင် ဆေးပင်များကို လိုအပ်ခဲ့၏။ သို့ပေမဲ့ ကျောက်ရိုင်းတုံးမှာတော့ မလိုအပ်ခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ဖူးချင်းဂိုဏ်းကို ဖျက်ဆီးခဲ့ပြီးသည့်နောက် သူသည် ကျောက်ရိုင်းတုံးတော်တော်များများကို ရရှိခဲ့သည့်အပြင် နတ်ဆိုးမြူ သားရဲတောအုပ်ထဲက ကျောက်ရိုင်းတုံးများကိုလည်း ရရှိခဲ့သေး၏။ ထို့ကြောင့် သူသည် ကောင်းကင်တေးဂီတချပ်ဝတ် နှစ်ခုမှ သုံးခုအထိသို့ သန့်စင်နိုင်စွမ်း ရှိနေ၏။

ဒင်

ဒင်

ဆယ်မိနစ်အတွင်းမှာပဲ ကောင်းကင်တေးဂီတချပ်ဝတ်များသည် သိုလှောင်လက်စွပ်ထဲ၌ ပေါ်ပေါက်လာ၏။ ပုံပန်း သွင်ပြင်အရ ကြည့်မည်ဆိုလျှင် ကျန်းယန်ဝတ်စုံနှင့် ဆင်တူလွန်း၏။ သို့ပေမဲ့ ပြုလုပ်ထားသည့်လက်ရာသည် ပိုမိုကာ အဆင့်အတန်း မြင့်မားလွန်းလှ၏။ အထူးသဖြင့် ရင်ကာ၊ ဒူးကာ၊ လက်ကာ စသည့်အရာများတွင် ထူးခြားသည့် ပုံပန်းအသွင်အပြင်များ ရေးထိုးထားသည်။

ကျွီ

ကျွင်းချောင်ရှောင်းသည် တံခါးကို တွန်းဖွင့်လိုက်၏။

ချပ်ဝတ်နှင့် တောက်ပသည့် အနီရောင်ခြုံလွှာကို ဝတ်ဆင်ရင်း အရှေ့ဆီသို့ ခြေကျင်လှမ်းကာ လမ်းလျှောက်ထွက် လိုက်၏။ ဝတ်စုံ၏အောက်တွင် သူသည် အခြေအနေတစ်ခုဆီသို့ တိုးတက်ကာဖြင့် ပိုမိုချောမောသွားခဲ့သည်။

တိုက်ဆိုင်စွာဖြင့် နှင်းဆီဧကရီသည် ခြံဝင်းထဲသို့ လျှောက်ဝင်လာခဲ့၏။ သူမသည် ဂိုဏ်း၏ လတ်တလောဖြစ်တည် နေသည့် အတွင်းစည်းကိစ္စများကို လာရောက်ကာ သတင်းပို့ပေးခြင်းဖြစ်၏။ သို့ပေမဲ့ တောက်ပသည့် ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည့် ကျွင်းချောင်ရှောင်းကို မြင်သည့်အချိန်မှာတော့ သူမသည် မည်သို့မှ မနေနိုင်တော့ဘဲ စူးစိုက်ကာ ကြည့်ရှုနေမိ၏။

“ဘယ်လိုလဲ။”

ကျွင်းချောင်ရှောင်းသည် ကျောက်တုံးတစ်ခုပေါ်သို့ ခြေတင်ကာဖြင့် ကောင်းကင်ပေါ် လက်နှစ်ချောင်းထောင်၍ ဟန်ထုတ်ကာ မေးမြန်းလိုက်သည်။

နှင်းဆီဧကရီသည် ပြန်လည်တုံ့ပြန်၏။

“အင်း ….. ဆံပင်ရှိနေတာ တစ်ခုက အနှောင့်အယှက်ဖြစ်နေတာပဲ။”

ဆွစ်

သူမသည် တောက်ပြောင်လျက်ရှိနေသည့် ခေါင်းရိတ်စက်ကို ထုတ်ယူလိုက်၏။ ပြီးနောက် ချိုသာစွာ ပြုံးကာ မေးမြန်းလိုက်သည်။ “ဒါကို သုံးလိုက်ရင် ဘယ်လိုဖြစ်မလဲ။ သုံးကြည့်လိုက်ရမလား။”

“……..”

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြစ်သွားမိ၏။ ဤအမျိုးသမီးသည် ခေါင်းတုံးအား အမှန်ပင် စွဲလမ်းလျက်ရှိ၏။

စနစ်ပြောလိုက်သည်။ “တကယ်တော့ လက်ခံသူအနေနှင့် ကတုံးဖြစ်သွားတယ်ဆိုရင်တောင် ချောတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ။ ဒါက လုံးဝတားဆီးလို့မရတဲ့ ချောမောမှုမျိုးပေါ့။”

“အင်း …. မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒါဆိုလည်း တုံးရင် တုံးပါလေ့စေကွာ။”

ကောင်းကင်တေးဂီတချပ်ဝတ်သည် မဆိုးလှချေ။ သို့ပေမဲ့ ဤချပ်ဝတ်၏ ရည်ရွယ်ချက်သည် ကာကွယ်ရန်သာ ဖြစ်သည်။ အလှကြည့်ရှုရန်မဟုတ်ချေ။ မည်မျှ အကျိုးသက်ရောက်မှုကောင်းမွန်ရန်ဆိုသည်မှာ စမ်းသပ်ရန် လိုအပ်သေး၏။

မည်ကဲ့သို့ စမ်းသပ်ရမည်နည်း။ အလွန်ရိုးရှင်းလှပေသည်။

လီချင်းယန်ကို ထိုဝတ်စုံကို ဝတ်ဆင်ခိုင်းပြီး ရီရှင်းချန် နှင့် တိုက်ခိုက်ခိုင်းခြင်းပင်ဖြစ်၏။

…….

အဓိကတောင်ထွတ် ……. သိုင်းလေ့ကျင့်ရေးကွင်းပြင်

တပည့်များသည် အပြင်ဘက်တွင် စုဝေးလျက်ရှိနေပြီး တီးတိုးဆွေးနွေးလျက်ရှိသည်။

ဖောက်

ထိုအချိန်မှာပဲ ရီရှင်းချန်သည် အထဲသို့ လျှောက်ဝင်လာခဲ့၏။

လီချင်းယန်မှာတော့ ကောင်းကင်တေးဂီတ ဝတ်စုံကို ဝတ်ဆင်ရင်း အထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူသည် သာမန်ထက်ပိုကာ ချောမောပြီး ဟိတ်ဟန်ကောင်းလှသည့် ပုံပန်းသွင်ပြင်မျိုးကို ထုတ်ဖော်နေသည်။

“စကြရအောင်။” အဓိကဟောခန်းထဲတွင် မတ်တပ်ရပ်နေသည့် ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာဖြင့် လှမ်းပြောလိုက်၏။

“ဂျူနီယာညီလေး”

လီချင်းယန်သည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်သည်။ “စပါတော့”

ရွှီ

ပြောပြီးပြီးချင်းမှာပဲ ရီရှင်းချန်သည် ရှေ့ဆီသို့ ထိုးတက်လာခဲ့၏။ ပြီးနောက် သူ၏ လက်သီးထဲတွင် စွမ်းအင်များကို စုစည်းကာဖြင့် ကောင်းကင်လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်၏။

ဘုန်း ဘုန်း ဘုန်း

ခဏလောက်ကြာပြီးသည့်နောက် အားညိုသည် မြေပေါ်တွင် လဲကျလျက်ရှိ၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ရှုံ့တွလျက်ရှိ၏။ သူသည် ဟယ်ဝူတီမှလွဲလျှင် အတွင်းစည်းလက်ရွေးစင်တပည့်များထဲတွင် အားအကောင်းဆုံး သော တိုက်ခိုက်မှုစွမ်းရည်ကို ထုတ်ဖော်နိုင်သောသူတစ်ယောက်ဖြစ်၏။ ဒုတိယစီနီယာအစ်ကိုကို တိုက်ခိုက်ရန်ဆိုသည်မှာ ပြဿနာတစ်ခုမဟုတ်ချေ။ သို့ပေမဲ့ အဆုံးသတ် တိုက်ကွက်အနည်းငယ် တိုက်ခိုက်ပြီးသည့်နောက် ရှုံးနိမ့်ခဲ့ရသည်။ ဤအရာမှာ လူသားမဆန်လွန်းလှချေ။

“ဂိုဏ်းချုပ်။”

လီချင်းယန်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ဒီဟာရဲ့ ထပ်တိုးစွမ်းအင်က ကျန်းယန်ဝတ်စုံထက်တောင် ပိုပြီးတော့အားကောင်းသေးတယ်။”

သူ့အနေနှင့် ကျန်းချီများကို လှည့်ပတ်ရုံသာ ရှိနေသေး၏။ သူ၏ ရင်ကာ၊ ဒူးကာနှင့် လက်ကာများတွင် ရှိနေသော အရေးအကြောင်းများသည် သူ၏ စွမ်းအင်များနှင့် ချိတ်ဆက်ပြီးသည့်နောက် အားကောင်းလွန်းလှသော စွမ်းအင်များ ကို ထုတ်ဖော်တော့၏။ ဤအရာသည် ကောင်းကင်တေးဂီတချပ်ဝတ်၏ လုပ်ဆောင်နိုင်စွမ်းများထဲမှ တစ်ခုဖြစ်သည်။

အသုံးပြုသူ၏ ကျမ်းချီများနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက တိုက်ခိုက်နိုင်မှုစွမ်းရည်သည် တစ်မဟုတ်ချင်း တိုးတက် သွားပေလိမ့်မည်။ စောနက တိုက်ခိုက်ခဲ့သော တိုက်ပွဲအတွင်းတွင် လီချင်းယန်၏ အားအင်အဆင့်၊ အမြန်နှုန်းနှင့် အကာအကွယ်များအားလုံးသည် ရီရှင်းချန်ထက် ပိုမိုကာ သာလွန်လွန်းလှ၏။

ထို့ကြောင့် တိုက်ကွက် တစ်ဒါဇင်ခန့် တိုက်ခိုက်ပြီးသည့်နောက် အနိုင်ယူနိုင်ခဲ့သည်ဆိုသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ သို့ပေမဲ့ ပြစ်ချက်တစ်ခုကတော့ ရှိနေသေးသည်။

ဤမျှအားကောင်းလှသော တိုက်ခိုက်မှုစွမ်းရည်ကို ထုတ်ဖော်နိုင်သလို စွမ်းအင်ကုန်ဆုံးမှုကလည်း ကြီးမားလွန်းလှ သေး၏။ အချိန်အနည်းငယ်တိုက်ခိုက်ပြီးသည့်နောက် လီချင်းယန်သည် သူ၏ ဒန်ထျန်ထဲတွင်ရှိနေသော ကျမ်းချီ များ မြန်မြန်ဆန်ဆန်နှင့် ကုန်ဆုံးခဲ့ကြောင်း သေသေချာချာ နားလည်လိုက်မိ၏။

“ဒါက လက်ခံနိုင်စွမ်းတော့ရှိပါသေးတယ်။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

တိုက်ပွဲများဆိုသည်မှာ ရံဖန်ရံခါမှ တစ်ခါဆိုသလို ဖြစ်တည်ခြင်းဖြစ်၏။ တပည့်များအနေနှင့် ထိုအရာကို ဝတ်ဆင်၍ တိုက်ခိုက်မည်ဆိုပါက တိုက်ခိုက်နိုင်မှုစွမ်းအားသည် ၅၀ ရာခိုင်နှုန်း တိုးတက်သွားမည်ဖြစ်၏။ ထိုသို့ဆိုလျှင် ရန်သူ သည် မည်သို့မှ ခံနိုင်လိမ့်မည်မဟုတ်ချေ။

“အားညို”

ကျွင်းချောင်ရှောင်းသည် ကွင်းပြင်ဆီသို့ လျှောက်ဆင်းလာ၏။ ပြီးနောက် ပြောလိုက်၏။ “ငါ့ဆီမှာ နောက်ထပ်ဝတ်စုံတစ်ခုရှိသေးတယ်။ လိုချင်လား။”

လှေကားထစ်တွင် ဆောင့်ကြောင့်ထိုင်ကာ စိတ်ဓာတ်တကျနှင့် ဖြစ်နေသော ရီရှင်းချန်သည် အလျင်အမြန်ပဲ ခေါင်းကို မော့လိုက်၏။ ပြီးနောက် နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ ပြောလိုက်သည်။ “လိုချင်တာပေါ့။”

သူ၏ နဖူးတွင် ရှိနေသော တိုက်ခိုက်သူဟူသည့် စာတမ်းကို အသက်သွင်းလိုက်သည်ဆိုသည်နှင့်သူသည် စစ်နတ်ဘုရား တစ်ပါးကဲ့သို့ ပြောင်းလဲသွားနိုင်၏။ ထို့ကြောင့် သူသည် ကောင်းကင်တေးဂီတချပ်ဝတ်ကို ယခင်တုန်းက မနှစ်သက်ခဲ့ချေ။ သို့ပေမဲ့ လီချင်းယန် သူ့အား အနိုင်ယူတိုက်ခိုက်ခဲ့ချိန်မှာတော့ ထိုဝတ်စုံကို သူ အလွန်ပဲ သဘောကျသွားမိခဲ့၏။

…

ကောင်းကင်တေးဂီတချပ်ဝတ်သည် ကျန်းယန်ချပ်ဝတ်၏ နေရာတွင် အစားထိုးအသုံးပြုနိုင်သည့်အရာဖြစ်လာ၏။ သို့ပေမဲ့ ပြဿနာသည် ကျောက်ရိုင်းများ အလောတကြီး လိုအပ်နေခြင်းပင်ဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် တစ်ရက်တည်းမှာပဲ ယွမ်သခင်လေးဆီသို့ စာပေးပို့လိုက်သည်။ ဖြစ်နိုင်သမျှ ဤတည်နေရာထဲတွင် ရှိနေသော ကျောက်ရိုင်းတုံးများကို ပိုမိုကာ ဝယ်ယူရန်ပင်။

“ဆေးပင်တွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို လုပ်နေတဲ့ မိသားစုတွေကလည်း ကျောက်ရိုင်းတွေ လုပ်နေတာပဲလေ။ ဟုတ်တယ်မလား။”

ယွမ်ဖန်သည် ခဏလောက်စဉ်းစားလိုက်၏။ ပြီးသည့်နောက် ထိုသူတို့ကို ဆက်သွယ်လိုက်၏။

ချက်ချင်းပဲ အဆင့်မြင့်မားသည့် စားသောက်ခန်းတစ်ခုတွင် စားပွဲကြီးတစ်ခုကို ကျင်းပတော့၏။ ဆေးဆိုင်လုပ်ငန်းကို ပူးပေါင်းပြုလုပ်ခဲ့ကြသည့် မိသားစုများသည် ထိုသတင်းကို လက်ခံရရှိခဲ့သည့်အချိန်မှာတော့ ငိုချင်စိတ်များပင် ပေါက်သွားခဲ့၏။ ထိုစားပွဲ ဆီသို့ သွားရောက်၍ တက်မည်ဆိုပါက အမှန်ပင် ဈေးဆစ်ခြင်းကို ထပ်မံခံရပေဦးမည်။

…

ဘုန်း

တောင်တစ်ခု၏ နောက်ကွယ်မှာတော့ ကျွင်းချောင်ရှောင်းသည် အဆင့်မြင့် သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေကို ချကာ ဖြင့် ကျယ်လောင်စွာ ပြောလိုက်၏။ “ဒီနေ့က စပြီးတော့ လေ့ကျင့်ဖို့အတွက် နေရာသစ်တစ်ခုကို ပေးအပ်မယ်။”

တပည့်များအားလုံး၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားခဲ့သည်။

“ဒါပေမဲ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီလျှို့ဝှက်နယ်မြေက အရင်တစ်ခုထက်ပိုပြီးတော့ အဆင့်မြင့်မယ်။ ဒီအရာကို လုပ်ဆောင်နိုင်မှုပုံစံတွေနဲ့လည်း ခွဲခြားထားသေးတယ်။ မင်းတို့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်လို့ မျှော်လင့်မိတယ်။”

“ကောင်းပါပြီ။”

တစ်ရက်တည်းမှာပဲ လီချင်းယန်သည် တပည့်များကို ဦးစီးကာဖြင့် အထဲသို့ ဝင်ရောက်ကာ ကြည့်ရှုတော့၏။ ပြီးသည့်နောက် အလွယ်ကူဆုံးသော လုပ်ဆောင်မှုပုံစံကိုသာ သူတို့ရွေးချယ်ကြသည်။

အဆုံးသတ်ကျော်ဖြတ်ပြီး ပြန်လည် ထွက်ခွာလာသည့်အချိန်မှာတော့ အလွန်တရာပင် မောပန်းခဲ့၏။

“အစ်ကိုကြီး”

ကုကျောင်းရှစ်သည် စိတ်ဝင်တစားဖြင့် မေးမြန်လိုက်သည်။ “ကျုပ်လည်း အထဲကို ဝင်ပြီး လေ့ကျင့်လို့ရလား။”

“ရတာပေါ့။”

ရွှီး

ပြီးသည့်နောက် သူသည် အထဲကို ဝင်ရောက်သွား၏။

ခဏလောက်ကြာသည့်အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးသို့ ကျယ်လောင်သော အသံကြီးတစ်ခု ပြန့်နှံ့သွား၏။ ကုကျောင်းရှစ်သည် ငရဲခန်း လုပ်ဆောင်မှုပုံစံကို စိန်ခေါ်ခဲ့သည်။

“ချီးတဲ့မှ။ ဂိုဏ်းတူဦးလေး က တကယ့်ကို ကြမ်းတာပဲ။”

“ဂျူနီယာ ညီလေးရီ လည်း အတိတ်တုန်းက ငရဲခန်းစိန်ခေါ်မှုကို စိန်ခေါ်ခဲ့ဖူးတယ်။”

ရွှီ

တပည့်များဆွေးနွေးလျက်ရှိနေတုန်းမှာပဲ ကုကျောင်းရှစ်သည် လျှို့ဝှက်နယ်မြေ၏ လေဝဲထဲမှ အပြင်ဘက်သို့ ပြုတ်ကျလာ၏။ ပြီးနောက် မြေပေါ်တွင် ခွေခွေလေး လဲလျောင်းလျက်ရှိနေပြီး သူ၏ခြေထောက်များသည်လည်း တဆတ်ဆတ် နှင့်တုန်ယင်နေ၏။

“အင်း။”

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “သူ့ကို ဆေးဟောခန်းဆီကို ခေါ်သွားလိုက်တော့။”

…

ဟူး

ဟူး

လူသူကင်းရှင်းလျက်ရှိနေသော တည်နေရာကြီးထဲတွင်တော့ လေအေးများ တိုက်ခိုက်မှုနှုန်းသည် ဝိညာဉ်များ အော်ဟစ်နေသည့်အသံကဲ့သို့ပင် ဖြစ်တည်နေ၏။

ဖောက် ဖောက်

ခဏလောက်ကြာပြီးသည့်နောက် အမဲရောင်ဝတ်စုံကို ဝတ်ထားသည့် အရပ်ပုပု နှင့်သိုင်းကျင့်ကြံသူတစ်ယောက်သည် အပြင်ဘက်သို့ လျှောက်ထွက်လာ၏။ ၎င်း၏မျက်နှာကို ရှင်းရှင်းလင်းလင်းနှင့် မြင်ရရန်မှာတော့ ခက်ခဲလွန်းလှ ချေသည်။

“တပည့်”

ကောင်းကင်ယံအထက်တွင်တော့ ပုံရိပ်တစ်ခုက ဖြစ်တည်လာ၏။ “မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လိုရှိလဲ။”

အမဲရောင်ဝတ်စုံနှင့်သိုင်းကျင့်ကြံသူသည် ရုတ်တရက် ရပ်တန့်ကာ ပြောလိုက်သည်။

“ဆရာ … ကျုပ်အခု အမြုတေပြောင်းလဲခြင်း အဆင့်ငါး ကို ရောက်သွားပါပြီ။”

ဟား ဟား ဟားဟားဟား

ထိုသူသည် ကျယ်လောင်စွာရယ်မောလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ဒီအဘိုးကြီး မင်းကို ခေါ်လာတဲ့အချိန်မှာ မင်းက သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူအဆင့်ပဲ ရှိသေးတယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ အဆင့် ငါး အမြုတေ ပြောင်းလဲခြင်းအဆင့်ကို ရောက်ရှိသွားခဲ့ပြီ။ လောကရဲ့ ကလေးငယ်လို့ အားလုံးကသတ်မှတ်ထားခဲ့တာ တကယ့်ကို ထိုက်တန်တယ်။ ကျင့်ကြံခြင်းအဆင့် ချိုးဖြတ်နိုင်မှုနှုန်းကတော့ မထင်မှတ်ထားလောက်အောင်ပဲ ကြီးမားလွန်းနေတာကိုး။”

“ကျုပ်ရဲ့ သွေးမျိုးဆက်တွေကို နိုးထနိုင်အောင် ဆရာသာ မကူညီဘူးဆိုရင် ဒီနေ့ ဒီလိုအခြေအနေမျိုးကို ရောက်လာမှာ မဟုတ်ပါဘူး။” အမဲရောင်ဝတ်စုံနှင့်သိုင်းကျင့်ကြံသူက ပြောလိုက်၏။

အဘိုးကြီးသည် လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။ “နောက် ၁၀ နှစ်အတွင်းမှာ တုံးကုကြီးနဲ့ သဘောတူညီချက်အတိုင်း မင်း အနိုင်ရအောင် တိုက်ခိုက်မှဖြစ်လိမ့်မယ်။ အနည်းဆုံး ဆရာ့ကို စိတ်မပျက်စေနဲ့။”

ဘုတ်

အမဲရောင်ဝတ်စုံနှင့်သိုင်းကျင့်ကြံသူသည် မြေပေါ်သို့ ဒူးထောက်ထိုင်ကာ ပြောလိုက်၏။ “အကောင်းဆုံးကြိုးစားပါမယ်။”

ဟူး

လေများသည် ပြန်လည်ကာ တိုက်ခိုက်လာပြီး ထိုသူအား ပြန်လည်၍ မတ်တပ်ရပ်စေသည်။

“တပည့်”

အဘိုးကြီး က ပြောလိုက်သည်။ “မှတ်ထား။ လူတစ်ယောက်က မွေးဖွားလာပြီးရင် ကိုယ့်ကိုမွေးထားတဲ့ မိဘတွေက လွဲပြီး တစ်ခြားသူတွေရှေ့မှာ ဒူးမထောက်သင့်ဘူး။”

“ဟုတ်ကဲ့ပါ။”

“သွားကြရအောင်။ ဆရာက မင်းကို ဆက်ပြီး ကျင့်ကြံနိုင်ဖို့ ပေတစ်သောင်းချောက်ထဲကို ခေါ်သွားမယ်။”

…

ထူးခြားလှိုဏ်ဂူ

မာဆာတိုကီတာနိုသည် စစ်တုရင်ရုပ်ကို အသာချပြီးသည့်နောက် ပြောလိုက်၏။ “ကြီးမြတ်သူကုဟုန်ရဲ့ တပည့်က အဆင့်နိမ့်နယ်မြေကနေ လာတာတဲ့။ သူက ဂြိုဟ်တစ်ခုရဲ့ လောကကလေးငယ်လို့ တောင် သတ်မှတ်ခံထားရတယ်။ နောက် ၁၀ နှစ် သဘောတူညီချက်က ခင်ဗျားအတွက် ကောင်းမှာမဟုတ်ဘူး။ ခင်ဗျားအတွက် မကောင်းတာတွေ ဖြစ်လာမယ်ဆိုတာကို စိုးရိမ်လာမိတယ်။”

ဟမ့် ….။

ကြီးမြတ်သူ တုံးကုသည် အထင်မြင်သေးစွာဖြင့် ပြောလိုက်သည်။ “အဆင့်နိမ့်နယ်မြေဆိုတာက သဲတွေလိုပဲ များပြားတယ်လေ။ တွေ့တဲ့လူတစ်ယောက်ကို ကောက်ယူလိုက်တာနဲ့ လောကရဲ့ ကလေးငယ်ဆိုတာ ဖြစ်လာတာမဟုတ်လား။”

“ဒီလိုဆိုရင်တောင်မှ …”

မာဆာတိုကီတာနိုက သတိပေးလိုက်၏။ “လောကရဲ့ကလေးငယ်ဆိုတာကတော့ သာမန်တပည့်တွေထက် ပိုပြီးတော့ ထူးချွန်ပြီး အားကောင်းနေမယ်ဆိုတာကို ငြင်းပယ်လို့ မရနိုင်ဘူးလေ။”

“ခင်ဗျားက ကျုပ်ရှုံးမယ်ထင်နေတာလား။”

“တစ်နေကုန်တစ်နေခမ်း ကျုပ်နဲ့ စစ်တုရင်ထိုးနေပြီး တပည့် တစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ဘာအာရုံစိုက်မှုမှ မရှိဘူးလေ။ ဘယ်လိုအနိုင်ယူရမလဲဆိုတာကို စဉ်းစားလို့တောင် မရဘူး။”

“အဲကောင်အကြောင်းကို မပြောစမ်းနဲ့။ ကျုပ် သူ့ကို သင်ပေးလို့မရဘူး။”

နှစ်နှစ်တိတိ လေ့ကျင့်ပေးပြီးသည့်နောက် အမြုတေအသွင်ပြောင်းခြင်း ဒုတိယအဆင့်ကိုပင် ချိုးဖြတ်ရောက်ရှိနိုင်ခြင်းမရှိသည့် သူ၏ တပည့်အကြောင်းကို စဉ်းစားလိုက်သည့်အချိန်မှာတော့ ကြီးမြတ်သူ တုံးကုသည် ဒေါသပင် ထွက်လာမိ၏။ သူသည် တင်းမာခက်ထန်စွာဖြင့် ပြောလိုက်မိသည်။ “ဒီကောင်လေးကို တပည့်အဖြစ် သတ်မှတ်ခဲ့မိတာ ဘဝမှာ နောင်တအရဆုံးကိစ္စပဲ။”

All Chapters