← Chapters

အခန်း (၁၄၅၇)

Vol. 98 Ch. 1457

အခန်း (၁၄၅၇)

Vol. 98 Ch. 1457

လွန်ခဲ့သည့်နာရီဝက်တုန်းက ကုကျောင်းရှစ်သည် ဘာတစ်ခုမှ လုပ်စရာမရှိသောကြောင့် လမ်းတကာသေို့ပေမဲ့ မြို့၏ဂိတ်တံခါးဆီသို့ ရောက်ရောက်ချင်းမှာပဲ ခြေထောက်တွင် မီးတောက်များ တည်ရှိနေသည့် အရပ်မြင့်မားလွန်းလှသော မြင်းများကို စီးနင်းထားသည့် လူတစ်စုကို မြင်လိုက်ရ၏။ ထိုမြင်းပေါ်ရှိ သိုင်းကျင့်ကြံသူများသည် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ကြပြီး ၎င်းတို့၏ မျက်နှာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ခက်ခဲလှ၏။

ကျွင်းချောင်ရှောင်းသည်လည် အမဲရောင်ဝတ်စုံများ ဝတ်ဆင်ရသည်ကို နှစ်သက်၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာကို ဝတ်ဆင်ထားလျှင် ကြည့်ကောင်းလှသည်ဟု ခံစားမိသည်။

သို့ပေမဲ့ ယခုလူများမှာတော့ ခြားနားလွန်းလှချေသည်။ ၎င်းတို့သည် မျက်နှာများကို ဖုံးကွယ်ထားကြ၏။ ၎င်းတို့၏ အမဲရောင်ဝတ်စုံနှင့် ၎င်းတို့သည် အလုံးစုံပေါင်းစပ်လျက် ရှိနေပြီး မည်သည့်အရာကိုမှ ကြည့်ရှုနိုင်စွမ်း မရှိသလိုပင် ဖြစ်ပွားနေ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ အလွန်အားကောင်းလွန်းလှသော ဆန်းကြယ်သည့် အော်ရာများ စိမ့်ထွက်လျက်ရှိနေသေး၏။

“ဆရာကြီးတွေပဲ”

ကုကျောင်းရှစ်သည် စိတ်ထဲမှ ကြိတ်ကာ ရေရွတ်လိုက်မိ၏။ သို့ပေမဲ့ သူသည် ကျွင်းချောင်ရှောင်း၏ သင်ကြားပြသမှုကို ခံထားရသောကြောင့် ထိုသူများထံမှ ငွေညှစ်ရန် အကြံအစည်တော့ မရှိချေ။ တခြားနေရာဆီသို့ လှည့်ကာ ထွက်သွားရန် ပြင်လိုက်သည်။

မြင်းဟီသံတစ်ချက် ထွက်ပေါ်လာပြီး ထိုအဖွဲ့သည် ၎င်း၏ရှေ့၌ ရပ်တန့်သွားသည်။

ခေါင်းဆောင်သည် ခေါင်းကို အသာမော့ကာဖြင့် အေးစက်သည့် မျက်နှာသွင်ပြင်ဖြင့် အော်ငေါက်လိုက်၏။ “ဖယ်စမ်း”

ဤစကားလုံးနှစ်ခုသည် ခံစားချက် ကင်းမဲ့လွန်းလှ၏။ ၎င်းတို့အားလုံးသည် သေသေချာချာ လေ့ကျင့်ခြင်းခံရထားသည့် ကျွမ်းကျင်သူများနှင့်ပင် ဆင်တူနေ၏။ လက်ရှိအချိန်မှာတော့ တစ်ချက်ကြည့်ရှုလိုက် သည်နှင့် ထိုသူများသည် ရင်ဆိုင်ရန် ခက်ခဲမည့်လူများဖြစ်ကြောင်း သိရှိနိုင်စွမ်း ရှိနေသည်။

သို့ပေမဲ့ သူတို့ ရင်ဆိုင်နေရသည့်လူသည် တခြားသူမဟုတ်ချေ။ ကုကျောင်းရှစ် ပင် ဖြစ်၏။ ၎င်းသည် တခြားနေရာဆီသို့ လှည့်လည်သွားရောက်မည့် အကြံအစည်ကို စွန့်လွှတ်လိုက်၏။ လက်ကို ခါးနှစ်ဖက်ပေါ်သို့ တင်ကာဖြင့် ခေါင်းကိုလှည့်ကာ မေးလိုက်သည်။ “ဘာပြောလိုက်တယ်”

“ဖယ်စမ်း”

ဝုန်း

ကုကျောင်းရှစ်သည် ရုတ်တရက် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏ လက်ထဲတွင်တော့ စိတ်ဝိညာဉ်စွမ်းအင် များကို စုစည်းကာဖြင့် ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်၏။

အရှေ့တွင် ရှိနေသော အရပ်ရှည်မြင့်မား လှသော မြင်းကြီးသည့် ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး သွေးများ နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ ဈေးကြီးလွန်းလှပါသည်ဆိုသော ဤမြင်းကြီးသည် ယခုကဲ့သို့ပင် သေဆုံးသွားခဲ့ရသည်။

ဘုတ် ဘုတ် ဘုတ် ဘုတ်

အမဲရောင် သိုင်းကျင့်ကြံသူများသည် အနောက်ဘက်သို့ ဆုတ်ခွာပြီး မြေပေါ်သို့ ခုန်ဆင်းလိုက်သည်။ ၎င်းတို့သည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်၏။ “ဒါက ကျွမ်းကျင်သူတစ်ယောက်ပေါ့”

“လူကြီးလူကောင်းတွေဆိုတာ သင့်တော်တဲ့နည်းနဲ့သာ ငွေကြေးတောင်းခံတယ်လို့ အစ်ကိုကြီးက ပြောထား တယ်လေ။ အခု ခင်ဗျားတို့က ကျုပ်ကိုလာပြီးတော့ အနိုင်ကျင့်ချင်နေတာပဲ။ ဒီတော့ ယွမ်စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကို လျော်ကြေးအဖြစ် ပေးတော့” ကုကျောင်းရှစ်သည် ထူးမခြားနားသလို တောင်းဆိုလိုက်၏။

ဤအမဲရောင်ဝတ်စုံနှင့်လူများသည် ရိုးရှင်းလှသည့်လူများ မဟုတ်ချေ။ ထို့ကြောင့် သူသည် ပုံမှန်ထက် ပိုမိုကာ များပြားသည့် ဈေးနှုန်းကို တောင်းဆိုနေခြင်းဖြစ်သည်။

“ငွေညှစ်နေတာလား”

အမဲရောင်ဝတ်စုံနှင့် အကြီးအကဲသည် သုန်မှုန်စွာဖြင့် ပြောလိုက်၏။ “မင်းက သေလမ်းရှာနေတာပဲ”

ဝှစ် ဝှစ်

ချက်ချင်းပဲ မြင်းပေါ်တွင် ထိုင်လျက်ရှိနေကြသော ၎င်း၏ အဖော် တစ်ဒါဇင်ကျော်တို့သည် အောက်ဆီသို့ ပျံသန်းဆင်းသက်လာကြပြီး ကုကျောင်းရှစ်အား နက်နဲလွန်းလှသော အစီအရင်ပုံစံတစ်မျိုးဖြင့် ဝိုင်းရံလိုက်ကြ၏။ ဤလူများ၏ မျက်နှာများသည် ဖြူလျော်လျက် ရှိနေကြပြီး နှစ်ပေါင်းများစွာ နေကိုပင် ကောင်းကောင်း မထိတွေ့ခဲ့ရသည့် လူများကဲ့သို့ပင် ဖြစ်နေသည်။

မျက်လုံးများသည် အေးစက်လွန်းသည်သာမက အထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများသည်လည်း အလွန်တရာ အားကောင်းစွာ တည်ရှိနေ၏။ သံသယရှိစရာပင် မလိုချေ။ ဤလူများသည် နတ်ဆိုးကျင့်ကြံသူများ ဖြစ်၏။

တကယ်တမ်းမှာတော့ နတ်ဆိုးမြို့ထဲတွင် နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံကြသော သိုင်းကျင့်ကြံသူများ ဆိုသည်မှာ မည်သည့်နေရာကိုကြည့်ကြည့် တွေ့ရှိနိုင်စွမ်းရှိ၏။ သို့ပေမဲ့ ဤနတ်ဆိုးကျင့်ကြံသူများမှာတော့ ရှားပါးလွန်းလှ ချေသည်။

“ဘာလဲ”

ကုကျောင်းရှစ်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ်ကို လူအရေအတွက်များတယ်ဆိုပြီးတော့ အနိုင်ကျင့်ချင်တာလား။ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ကို တစ်သန်း ဖြစ်သွားပြီ”

ကုန်းရှန့်၏ လွှမ်းမိုးမှုအောက်တွင် ကုကျောင်းရှစ် သည် တစ်ဖက်သော သူများအား ဘယ်တော့မှ ပြဿနာမရှာတော့ဟု ဆုံးဖြတ်ထား၏။ သို့ပေမဲ့ သူ့အား ပြဿနာလာရှာသည်ဆိုပါက နည်းပါးသည့် ပိုက်ဆံနှင့် ကျေနပ်ပေးလိမ့်မည် မဟုတ်ချေ။

“အစီအရင်ကို စတော့”

အရှေ့မှ ဦးဆောင်လျက်ရှိသည့် အမဲရောင်ဝတ်စုံနှင့် သိုင်းကျင့်ကြံသူက အေးစက်စက်ပြောလိုက်သည်။ “သူ့ကို ဖမ်းထားတော့”

ရွှီး ရွှီး

သူ၏ နောက်လိုက်တစ်ဒါဇင်ကျော်တို့သည် ကျက်သရေရှိလှသော နဂါးများကဲ့သို့ပင် လှုပ်ရှားလာခဲ့ကြ၏။ ၎င်းတို့သည် ရှုပ်ထွေးလှသည့် လက်စည်းသင်္ကေတများကို မြန်မြန်ဆန်ဆန်ပဲ ဖန်တီးလိုက်၏။

ကျွတ်

ကုကျောင်းရှစ်က နှာခေါင်းရှုံ့လိုက်သည်။

ချက်ချင်းပဲ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အလင်းများ ဖြစ်တည်လာပြီး သေးငယ်လှသည့် လှောင်အိမ်တစ်ခုကဲ့သို့ပင် ချုပ်နှောင်ခြင်းကို ပြုလုပ်တော့၏။

ဘေးနှစ်ဖက်နှစ်ချက် အဆောက်အအုံ၏ ပြတင်းပေါက်ဆီမှ ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများသည် ထိုအချင်းအရာကို မြင်တော့ တွေးလိုက်မိကြသည်။ “ဒါတွေက တကယ့်ကို ကျွမ်းကျင်သူတွေပဲ”

“ဟား ဟား ဟား... မနေ့ကတုန်းက ငါတို့ကို ငွေညှစ်ဖို့ ကြိုးစားတဲ့ကောင်လေးက အခု သံတိုင်ကို ကန်မိပြီပဲ”

ကုကျောင်းရှစ်တစ်ယောက် အစီအရင်ထဲတွင် ပိတ်မိနေသည်ကို မြင်ရသည့်အချိန်မှာတော့ အခန်းထဲတွင် ပုန်းအောင်းလျက်ရှိနေသည့် သိုင်းကျင့်ကြံသူများသည် သဘာဝအားဖြင့် ပျော်ရွှင်သွားခဲ့ကြ၏။ မိစ္ဆာလိုလူများသည် ဤကဲ့သို့ ဆိုးသွမ်းလှသည့်လူများနှင့် ရင်ဆိုင်တွေ့မှသာ ဖြစ်လိမ့်မည်ဟု သူတို့က နားလည်ထား၏။

“ဒါက ပြဿနာပဲ”

လမ်း၏ တခြားတစ်ဖက်တွင် ရှိနေသော လီချင်းယန်သည် ထိုအချင်းအရာကို မြင်သည့်အချိန် မှာတော့ အလျင်အမြန်ပဲ အသံပို့လွှတ်လိုက်တော့သည်။ “ဂိုဏ်းချုပ်... ဂိုဏ်းတူဦးလေးက တခြားသူနဲ့ တိုက်ခိုက် နေတယ်”

ကျွတ်

အလင်းလှောင်အိမ်ထဲတွင် ပိတ်မိခြင်းကို ခံထားရသည့် ကုကျောင်းရှစ်သည် အထင်အမြင်သေးစွာဖြင့် ပြုံးလိုက်မိ၏။ သူသည် သူ၏လက်သီးထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များကို ပေါင်းစပ်ကာဖြင့် သူ၏ရှေ့တွင် ရှိနေသော အတားအဆီးကို စတင်ကာ ထိုးနှက်လိုက်သည်။ သူ၏ လက်သီးချက်များသည် စက်သေနတ်ပစ်သကဲ့ သို့ပင် မြန်ဆန်လွန်းလှ၏။

ဘုန်း ဘုန်း ဘုန်း …….။

သို့ပေမဲ့ ဆက်တိုက် တိုက်ခိုက်မှု၏ အောက်တွင်တော့ အလင်းအတားအဆီးများသည် ခပ်မတ်မတ် အသွင်သာ တည်ရှိနေပြီး မည်သို့သော ပျက်စီးမှုကိုမှ မဖြစ်ခဲ့ချေ။

“ချီးတဲ့မှ...”

ကုကျောင်းရှစ်၏ မျက်လုံးထဲတွင် ဒေါသတရား များနှင့် ပြည့်နှက်သွား၏။ ယခင်တုန်းက သူသည် ဧကရီလင်းရောင်၏ ဆန်းကြယ်လှလွန်းသော အစီအရင်အောက် တွင် ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး လက်ရှိအချိန်မှာတော့ လူတစ်စု၏ ဖမ်းဆီးခြင်းကို ခံရပြန်သည်။ ထိုအချင်းအရာသည် သူ့အား အမှန်ပင် မပျော်မရွှင်ဖြစ်စေခဲ့၏။

“ကောင်လေး”

အရှေ့မှ ဦးဆောင်လျက်ရှိနေသည့် အမဲရောင်ဝတ်စုံနှင့် သိုင်းကျင့်ကြံသူသည် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။ “မင်းက ကောင်းကင်ကို ထိုးဖောက်နိုင်တဲ့ စွမ်းအင်ရှိတယ်ဆိုရင်တောင်မှ ယင်ကိုးပါးစည်း ရှေ့မှာတော့ ဘာမှ မဟုတ်ဘူး”

“ယင်ကိုးပါးစည်း ဟုတ်လား” ကုကျောင်းရှစ်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။ သူသည် လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းတုန်းက ထိပ်တန်းနတ်ဆိုးကျင့်ကြံသူတစ်ယောက် ဖန်တီးထားသည့် ဤအစီအရင်အကြောင်းကို ကြားဖူးခဲ့၏။ သို့ပေမဲ့ သူသေဆုံးခဲ့ပြီးသည့်နောက် အထက်နယ်မြေတွင် ထိုအရာသည် ပျောက်ဆုံးသွားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်၏။

“ခင်ဗျားက ဘယ်သူလဲ”

ဤကဲ့သို့ ပျောက်ဆုံးနေတာ ကြာမြင့်ပြီဖြစ်သော စည်းအစီအရင်ကြီးတစ်ခုကို အသုံးပြု နိုင်သည့်အတွက် ကုကျောင်းရှစ်သည် တစ်ဖက်လူများမှာ သာမန်လူများမဟုတ်ဟု သုံးသပ်လိုက်မိသည်။ အလွန် အားကောင်းလှသော နတ်ဆိုးကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နေနိုင်၏။ ကုကျောင်းရှစ်သည် မိုက်ရူးရဲဆန်လွန်း လှသည်ဆိုသော်လည်း ဦးနှောက်တော့ တည်ရှိနေသေးသည်။

အရှေ့မှဦးဆောင်လျက်ရှိနေသည့် အမဲရောင်ဝတ်စုံနှင့် လူသည် အချိန်ဖြုန်းရသည်ကို စိတ်မဝင်စားလှချေ။ ထို့ကြောင့် သူသည် ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်၏။ “အစီအရင်ကို ချုံ့လိုက်တော့”

ဆွစ် ဆွစ်

တည်နေရာအနှံ့တွင် တည်ရှိနေသည့် နောက်လိုက်များသည် တဖြည်းဖြည်းနှင့် ပေါင်းစုလာပြီးသည့်နောက် စည်း အစီအရင်ကြီးသည် တဖြည်းဖြည်းနှင့် ချုံ့လာခဲ့၏။ အလယ်ဗဟိုတွင် တည်ရှိနေသော လှောင်အိမ်ကဲ့သို့ စည်း အတားအဆီးသည် တဖြည်းဖြည်းနှင့် ကျဉ်းမြောင်းလာခဲ့သည်။

ကုကျောင်းရှစ်သည် သဘာဝအားဖြင့် ဤတည်နေရာတွင် ထိုင်ကာဖြင့် သေဆုံးမည်ကို စောင့်နေလိမ့်မည် မဟုတ်ချေ။ သူ၏ အားအင်များကို စုစည်းကာဖြင့် ထပ်မံကာ တိုက်ခိုက်ပြန်သည်။ သို့ပေမဲ့ သူ၏ တိုက်ခိုက်ချက် များသည် အတားအဆီးနှင့် ထိတွေ့လိုက်သည့်အချိန်များမှာတော့ ဝါဂွမ်းကို ထိုးနှက်လိုက်သလိုပင် အားအင်များ အားလုံးသည် ပျောက်ကွယ်သွားခဲ့၏။

ဆွစ်

အလင်းနံရံကြီးတစ်ခုသည် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီး တည်နေရာသည်လည်း တဖြည်းဖြည်း ကျဉ်းမြောင်း လာခဲ့သည်။ တခြားနည်းလမ်းလည်း မရှိတော့ချေ။ ကုကျောင်းရှစ်သည် ရုတ်တရက် မော့ကာဖြင့် အော်ဟစ်လိုက် သည်။ “အစ်ကိုကြီး.... ကျုပ်ကို လာကယ်အုံး”

ဆွစ်

သူပြောပြီးပြီးချင်းမှာပဲ အခြားတစ်ဖက်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်သည်။ “သတိထား”

ဘုန်း

တဖြည်းဖြည်းနှင့် ကျဉ်းမြောင်းလာခဲ့သော စည်းအစီအရင်ကြီးသည် ပြင်ပမှ အားအင်တစ်ခု၏ ထိမှန်မှုကြောင့် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့၏။ ထိုကဲ့သို့သော ဖြစ်ပျက်မှုသည် အနီးပတ်ဝန်းကျင်တွင် ရှိနေသော ဆိုင် တော်တော်များများကိုပါ ပေါက်ကွဲစေခဲ့၏။

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

အစီအရင်ကို ဖန်တီးထားသည့် သိုင်းကျင့်ကြံသူဆယ်ယောက်ကျော်တို့သည် အနောက်ဘက်ဆီသို့ လွင့်စင်သွား ခဲ့၏။ ၎င်းတို့သည် ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းချုပ်လိုက်ပြီးသည့်နောက် လမ်းနှင့် တစ်ဖက်ခြမ်းတွင် ရှိနေသော လူအား လှမ်းကာကြည့်ရှုလိုက်သည်။

ထိုတည်နေရာတွင်တော့ ရောင်စုံအလင်းတန်းများ ဖြစ်တည်နေပြီး ကျွင်းချောင်ရှောင်းသည် သူ၏တပည့် ငါးယောက်နှင့်အတူ လှမ်းလျှောက်လာခဲ့၏။

ဆွစ်

ထိုအချိန်မှာတော့ ကုကျောင်းရှစ်သည် ပြင်းထန်လွန်းသော စွမ်းအင်များကို ထုတ်ဖော်ကာဖြင့် အရှေ့ဆီသို့ လှမ်းတက်လာခဲ့သည်။ သူ၏ မျက်လုံးများသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ နီရဲလျက် ရှိနေပြီး သူသည် အမဲရောင် ဝတ်စုံဝတ်ဆင်ထားသည့် ဦးဆောင်သိုင်းကျင့်ကြံသူအား ဒေါသတကြီးဖြင့် ထိုးနှက်နေတော့သည်။ “ခင်ဗျားက ကျုပ်ကို ဘာထင်နေတာလဲ”

ဘုန်း ဘုန်း

သူ၏ ညာဘက်လက်သီးတွင် ဒေါသတရားနှင့် ကျန်းချီများ ပါဝင်နေ၏။ သူ၏လက်သီးချက်သည် တစ်ဖက်လူ၏ ဝမ်းဗိုက်ကို ထိုးနှက်မိသည့်အချိန်မှာတော့ တစ်ဖက်လူသည် ခန္ဓာကိုယ်တစ်ခုလုံး ကွေးညွတ်သွားပြီး မျက်လုံးများ သည်လည်း ပြူးထွက်လာခဲ့၏။

ဘန်း

၎င်း၏ အမဲရောင်ဝတ်စုံများသည် ပေါက်ကွဲထွက်သွားပြီး စွမ်းအင်များသည် တရိပ်ရိပ်နှင့် ဖြစ်တည်နေသည် ဖြစ်ကြောင်းကို သာမန်လူများပင် လှမ်း၍ မြင်နိုင်၏။ ကုကျောင်းရှစ်၏ လက်သီးချက်သည် အမှန်ပင် အားကောင်း လွန်းလှ၏။ အရှေ့မှ ဦးဆောင်လာသော အမဲရောင်ဝတ်စုံနှင့်လူသည် တည်နေရာတစ်ခုထဲတွင် ရပ်တန့်နေသည်။ သို့ပေမဲ့ ၎င်း၏ အတွင်းကိုယ်လက်အင်္ဂါများ အားလုံးသည် ထိခိုက်ဒဏ်ရာများ ရရှိခဲ့တော့သည်။ သွေးများသည် ဆူဝေလျက် ရှိနေသည်။

“ဂိုဏ်းခွဲမှူး” ၎င်း၏နောက်လိုက် ဆယ်ယောက်ကျော်တို့သည် ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။ ၎င်းတို့သည် ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်ကာဖြင့် အရှေ့ဆီသို့ လှမ်းတက်လိုက်ကြ၏။

သို့ပေမဲ့ သူတို့ လှုပ်ရှားရန် ပြင်နေသည့်အချိန်မှာပဲ ကုကျောင်းရှစ်၏ အရှေ့တွင် ကျွင်းချောင်ရှောင်း ပေါ်ပေါက်လာခဲ့၏။ သူသည် ကန္တာရ လင်းယုန်လက်နက်အား အသာမြှောက်ကာဖြင့် ဦးဆောင်လာသည့် သိုင်းကျင့်ကြံသူ၏ နဖူးပေါ်သို့ တင်လိုက်သည်။ ပြီးနောက် ကြင်နာစွာ ပြုံး၍ ပြောလိုက်သည်။ “အားလုံးပဲ။ ကောင်းကောင်းမွန်မွန် စကားပြောရအောင်”

ဤတောက်ပြောင်လျက်ရှိသည့် ငွေရောင်အရာကြီးသည် မည်သည့်အရာဖြစ်မှန်း မသိသော်လည်း တစ်ဖက်လူသည် ဂိုဏ်းခွဲမှူးအား တန်ဆာခံအဖြစ် ခေါ်ဆောင်ထားသည်ကို မြင်ရသည့်အချိန်မှာတော့ ၎င်းတို့ အားလုံးသည် တည်နေရာမှာတင် မတ်မတ်ရပ်လိုက်ကြ၏။ တစ်ချက်ကလေးမှ အတင်းကာရော မလှုပ်ရှားရဲချေ။

လက်ရှိအချိန်မှာ အမြင်စူးရှလျက်ရှိသည့် ကုကျောင်းရှစ်သည် ဦးဆောင်နေသည့် အမဲရောင်ဝတ်စုံဝတ်လူ၏ ခါးရှိ ကျောက်စိမ်းပြားတစ်ခုကို သတိပြုမိလိုက်၏။ ထိုအရာကို ချက်ချင်း ဖြုတ်ယူပြီး စစ်ဆေးကြည့်လိုက်သည်။ ပြီးနောက် ရုတ်တရက်ထကာ အော်ဟစ်လိုက်၏။ “အစ်ကိုကြီး... သူတို့က အသုဘခန်းဆောင်က လူတွေပဲ”

All Chapters