← Chapters

အခန်း (၁၄၅၈)

Vol. 98 Ch. 1458

အခန်း (၁၄၅၈)

Vol. 98 Ch. 1458

“ဪ”

ကျွင်းချောင်ရှောင်းသည် လက်ဝါးတစ်ခု အရွယ်အစားရှိ ကျောက်စိမ်းပြားအား ယူကြည့်ပြီးသည့်နောက် အပေါ်တွင် မည်သည့်စာသားကိုမှ ရေးသားထားသည်ကို မတွေ့ရှိရချေ။ လခြမ်းပုံစံလေးတစ်ခုကိုသာ ရေးထွင်း ထား၏။ ထိုအရာသည် ခြောက်ခြားဖွယ်ရာ ကောင်းလွန်းလှချေသည်။ သူက မေးလိုက်သည်။ “သေချာလို့လား”

“အသုဘခန်းဆောင်က နယ်မြေဟောခန်းရဲ့ ရန်သူပဲလေ။ ဘယ်သူမှ သူတို့ဆိုပြီး အတုလုပ်လိမ်မှာ မဟုတ်ဘူး။”

ကုကျောင်းရှစ်က ပြောလိုက်သည်။ “ပြီးတော့... ဒီလိုဆန်းကြယ်တဲ့ အဖွဲ့အစည်းမှသာလျှင် ပျောက်ဆုံးနေတာကြာပြီ ဖြစ်တဲ့ နတ်ဆိုးလမ်းစဉ်ရဲ့ အစီအရင်ကို ဖန်တီးနိုင်မှာပဲ”

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ နားလည်သွား၏။ ထို့ကြောင့် ပြုံးလိုက်မိ၏။ “ကျုပ်က တောက်လျှောက်ကြီး ရှာနေရတာ။ အခုတော့ အမှတ်မထင် တွေ့ခဲ့ရပြီပဲ”

သူ၏ နတ်ဆိုးမြို့ဆီသို့ လာရသည့် ရည်ရွယ်ချက်သည် အသုဘခန်းဆောင်တွင် ရှိနေသောလူများကို ဖမ်းဆီးရန်ပင် ဖြစ်၏။ ထို့အပြင် စည်းခတ်ထားသည့် နတ်ဆိုးနယ်မြေသည် မည်သည့်နေရာတွင် ရှိကြောင်းကို မေးမြန်းမည်ဟု စဉ်းစားထားခဲ့၏။ ယခု တစ်ဖက်လူများကို ဖမ်းဆီးရုံသာမက ဂိုဏ်းခွဲမှူးကိုပင် ဖမ်းဆီးမိခဲ့၏။ ထိုလူသည် အမှန်ပင် အားကောင်းလွန်းလှပြီး ဂိုဏ်းထဲတွင် ကြီးမားသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်သည့်လူ ဖြစ်ပေလိမ့်မည်။

“အသုဘခန်းဆောင် ဟုတ်လား။ ကြည့်ရတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး”

ကုကျောင်းရှစ်၏ အသံသည် ကျယ်လောင်လွန်းလှ၏။ ထို့ကြောင့် ခပ်ဝေးဝေး တည်နေရာရှိ အခန်းများထဲတွင် ပုန်းအောင်းလျက် ရှိနေသည့် သိုင်းကျင့်ကြံသူများသည် ထိုအရာကို ကြားသည့်နောက် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်ကုန်ကြသည်။

နတ်ဆိုးကျင့်ကြံသူများ၏ မျက်လုံးထဲတွင် အသုဘခန်းဆောင်ဆိုသည်မှာ နတ်ဆိုးဂိုဏ်း၏ အကိုင်းအခက် တစ်ခုဖြစ်၏။ ၎င်းတို့၏ နတ်ဆိုးကျင့်ကြံခြင်းလမ်းစဉ်များသည် တခြားသူများထက် ပိုမိုကာ ဆိုးသွမ်း သောင်းကျန်းလွန်း၏။

အမဲရောင်ဝတ်စုံနှင့် သိုင်းကျင့်ကြံသူများထဲမှ တစ်ယောက်သည် အေးစက်စက်နှင့် ပြောလိုက်သည်။ “ကျုပ်တို့ ဘယ်သူလဲဆိုတာကို သိပြီးပြီဆိုမှတော့ ဘာလို့ ဂိုဏ်းခွဲမှူးကို မြန်မြန် မလွှတ်သေးတာလဲ”

အသုဘခန်းဆောင် သည် နယ်မြေဟောခန်းကိုပင် ရင်ဆိုင်ရဲသည့်အဖွဲ့ဖြစ်၏။ ထို့ကြောင့် အလွန် အားကောင်းလှသည့် စွမ်းအင်ကို ပိုင်ဆိုင်မှာ သေချာသည်။ များပြားလှသော သိုင်းကျင့်ကြံသူများနှင့် ဂိုဏ်းများအားလုံးသည် ၎င်းတို့အား ရန်မပြုရဲပေ။ အနာဂတ်တွင် တစ်စုံတစ်ခု ဖျက်ဆီးခံရမည်ကို စိုးရွံ့သောကြောင့်ပင်။

ကံဆိုးစွာဖြင့် ကျွင်းချောင်ရှောင်းသည် ဤအဖွဲ့အစည်းအား တွေ့ချင်သောကြောင့် လာခဲ့ခြင်းဖြစ်၏။ ထို့အပြင် ဂိုဏ်းခွဲမှူးကိုပင် ဖမ်းဆီးခဲ့ပြီ ဖြစ်သောကြောင့် သူ့အနေနှင့် လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ကျုပ် ဘယ်သူလဲဆိုတာကော ခင်ဗျားတို့ သိလား”

“ဘယ်သူလဲ”

“ဧကရီလင်းရောင်ရဲ့ လူပေါ့” ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ကျွင်းချောင်ရှောင်း၏ အမူအရာမှာ တစ်ချက်ကလေးမှ မပြောင်းလဲသွားချေ။ ခပ်တည်တည်နှင့်ပင်ဖြစ်သည်။

ဘေးတစ်ဖက်တွင် ရှိနေသော ကုကျောင်းရှစ်ပင်လျှင် ယုံကြည်လုမတတ် ဖြစ်သွားတော့၏။

အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သိုင်းကျင့်ကြံသူ ဆယ်ယောက်ကျော်တို့၏ မျက်နှာများသည် ပျက်ယွင်း သွားခဲ့၏။ ဧကရီလင်းရောင်ဆိုသည်မှာ နယ်မြေဟောခန်းကို ကိုယ်စားပြုသူတစ်ယောက်ဖြစ်၏။ သူသည် ဧကရီ လင်းရောင်၏ လူတစ်ယောက် ဖြစ်သည်ဆိုမှတော့ နယ်မြေဟောခန်းကို ကိုယ်စားပြုသည့်လူတစ်ယောက်ဖြစ်ပေ လိမ့်မည်။ ဂိုဏ်းခွဲမှူးသည် လက်ရှိအချိန်တွင် တန်ဆာခံအဖြစ် ဖမ်းဆီးခြင်းကို ခံထားရ၏။ ထို့ကြောင့် အပြစ်ပေး ခံရရန်အတွက် ခေါ်ဆောင်သွားပေလိမ့်မည်။ အခြေအနေသည် မကောင်းလှချေ။

သေသေချာချာ စဉ်းစားပီးသည့်နောက်မှာတော့ ဤကဲ့သို့ တစ်ဖက်လူများ အထင်မှားရအောင် ကုန်းရှန့်သည် တမင်တကာ ပြုလုပ်ခဲ့ခြင်းပင်ဖြစ်သည်။ ဤအမျိုးသမီးသည် ရီရှင်းချန်ကို လှည့်စားခဲ့၏။ ထို့အပြင် သူ၏ သေဖော်ရှင်ဘက် ညီငယ် အား သူလျှိုအဖြစ် ပြုလုပ်ရန်လည်း ခိုင်းစေခဲ့သေး၏။

သူ့အနေနှင့် ဤကဲ့သို့ တန်ပြန်ကာ အစီအစဉ်ချမှတ်ခြင်းကို မပြုလုပ်ဘူး ဆိုပါက မည်ကဲ့သို့သော မျက်နှာနှင့် ရှေ့လျှောက် နေထိုင်ရမည်နည်း။

ဟုတ်ပေသည်။ သေးငယ်လှသည့် လှည့်ကွက်များကို ပြုလုပ်ခဲ့ခြင်းအားဖြင့် ဧကရီလင်းရောင်ကို ပြဿနာ တက်စေလိမ့်မည် မဟုတ်ပေ။ သို့ပေမဲ့ ကုန်းရှန့်၏ အကြံအစည်သည် ရိုးရှင်းလွန်းလှပေ၏။ သူသည် တစ်ဖက် လူအား အနည်းငယ်လောက် စိတ်ဒုက္ခပေးနိုင်လျှင်င် ကျေနပ်နေပြီဖြစ်၏။

ရွှီး

အမဲရောင်ဝတ်စုံနှင့် သိုင်းကျင့်ကြံသူတစ်ယောက်သည် အနောက်ဘက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်၏။ ပြီးနောက် မီးရှူးမီးပန်းနှင့်တူသည့်အရာတစ်ခုအား လက်ထဲတွင် မြှောက်ကိုင်ကာ ပြောလိုက်သည်။ “တိမ်ဖောက်ခြင်း မြား... အဖွဲ့သားများအားလုံး ဒီနေရာမှာလာစု”

ဆွစ်

အလင်းတန်းများသည် ပျံ့နှံ့သွားပြီးသည့်နောက် ကောင်းကင်ယံဆီသို့ သွားရောက်စုစည်း၏။

“အစ်ကိုကြီး”

ကုကျောင်းရှစ်သည် အလျင်အမြန်ဖြင့် ပြောလိုက်သည်။ “ဒါက အသုဘခန်းဆောင်ရဲ့ အချက်ပြတဲ့ဟာလေ။ ပုံပြင်ပြောတဲ့လူပြောသလောက်ဆိုရင်တော့ မိုင်တစ်ထောင်အတွင်းမှာရှိတဲ့ သူတို့ရဲ့အဖွဲ့သားတွေက ဒီဟာကို မြင်တာနဲ့ အမြန်ဆုံး ရောက်လာလိမ့်မယ်”

ကျွင်းချောင်ရှောင်းသည် အမှန်ပင် စိတ်ဓာတ်ကျလျက် ရှိနေ၏။ “ညီငယ်လေး... မင်းပြောတဲ့ ပုံပြောတဲ့လူဆိုတာက ကျင့်ကြံခြင်းလောကတစ်ခုလုံးကို သိတဲ့လူများ ဖြစ်နေမလား”

ဆွစ် ဆွစ် ဆွစ်

ချက်ချင်းပဲ နတ်ဆိုးမြို့ထဲတွင်ရှိနေသော ခရိုင်လေးခုဆီမှ အလင်းတန်းများသည် ပျံသန်းကာ ရောက်ရှိလာခဲ့ကြ၏။ တချို့သည် စားသောက်ဆိုင်များတွင် စားပွဲထိုး ပြုလုပ်နေသည့်လူများ ဖြစ်ကြ၏။ တခြားသော သူများမှာတော့ ဖြတ်သွားဖြတ်လာ လူများဖြစ်ကြ၏။ အလွန် အားကောင်းလှသော နတ်ဆိုးချီများသည် ၎င်းတို့ဆီမှ ဆူဝေ ထွက်ပေါ်လျက် ရှိနေတော့၏။ ၎င်းတို့အားလုံးသည် လခြမ်းပုံစံတစ်ခုအား ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် ရင်ဘတ်၌ ဆွဲထားကြသည်။

ဟုတ်ပေသည်။ ၎င်းတို့အားလုံးသည် အသုဘခန်းဆောင်မှ လူများပင်ဖြစ်၏။ အမှောင်ထဲတွင် တစ်ချိန်လုံး ပုန်းအောင်းနေသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နယ်မြေဟောခန်းနှင့်ပင် တိုက်ခိုက်ရဲသည့်လူများ ဖြစ်သည်မို့ ပွင့်ပွင့်လင်းလင်း ၊ ပေါ်ပေါ်ထင်ထင် နေထိုင်ခြင်းကို မပြုလုပ်ကြပေ။ အဖွဲ့သား တော်တော်များများသည် လမ်းနှင့် တည်နေရာအနှံ့တွင် ပုန်းအောင်းလျက် ရှိနေကြ၏။ ဤအရာမှာ သာမန်ပင် ဖြစ်၏။

ကျွတ် ကျွတ် ကျွတ်

ကုကျောင်းရှစ်သည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “မြို့ထဲမှာ အသုဘခန်းဆောင်က လူတွေအများကြီးက လာပုန်းနေတာပဲ။ နေအုံး... ဒီလူတွေထဲက နှစ်ဆယ်လောက်ကို ငါမြင်ဖူးနေပါတယ်။”

“ဂိုဏ်းတူဦးလေး”

လီချင်းယန်သည် တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “မနေ့ကတုန်းက ပိုက်ဆံတောင်းခဲ့တဲ့ လူတွေပဲ”

မှန်ပေသည်။ ပျံသန်းရောက်ရှိလာခဲ့ကြသော အသုဘခန်းဆောင်မှ သိုင်းကျင့်ကြံသူများထဲတွင် မနေ့တုန်းက သူ ငွေညှစ်ခဲ့သည့် လူများလည်း ပါဝင်လျက်ရှိ၏။ ဥပမာအားဖြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ဆီကို ပေးခဲ့သည့် နတ်ဆိုးကျင့်ကြံသူနှစ်ယောက်နှင့် သကြားချိုလုံးကို စားနေသော ကလေးငယ်လည်း ပါဝင်နေသည်။ ၎င်းတို့သည် မနေ့တုန်းက အလွန်ပင် အားနည်းခဲ့ကြသည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ၎င်းတို့၏ အစစ်အမှန် တည်ရှိမှုကို ထုတ်ဖော်ပြသခဲ့ပြီး ခန္ဓာကိုယ်နှင့် မျက်လုံးများတွင်တော့ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုခြင်းဆန္ဒများ ပြည့်နှက်လျက် ရှိနေ၏။

အားအကောင်းဆုံးသောသူပင်လျှင် အလယ်အလတ်အဆင့် တည်နေရာချိုးဖြတ်ခြင်းအဆင့်ကို ပိုင်ဆိုင်နေသည်။ ဤအရာကို ကြည့်မည်ဆိုလျှင် တစ်ဖက်လူများ၏ သရုပ်ဆောင်စွမ်းရည်သည် အထူးကို ကောင်းမွန်လွန်းသည်ဖြစ်ကြောင်း သိရှိနိုင်စွမ်းရှိ၏။ တစ်ချက်ကလေးမှ ပြစ်ချက် ရှာမတွေ့ခဲ့ချေ။

...............

ကုကျောင်းရှစ်သည် အသာလှည့်ကာဖြင့် ပြောလိုက်သည်။ “အင်း အသုဘခန်းဆောင်က ငါ့ကိုပြန်ပြီး တစ်ပတ်ရိုက် သွားတာပဲ”

ဆွစ် ဆွစ်

များပြားလှသည့် အချက်ပြမှုများကို မြင်ရပြီးသည့်နောက် အားလုံးသောသူတို့သည် အချက်ပြရာ တည်နေရာဆီသို့ လှမ်းလာခဲ့ကြတော့သည်။ ကျွင်းချောင်ရှောင်းတည်ရှိရာ လမ်းပေါ်တွင်တော့ အသုဘခန်းဆောင်မှ သိုင်းကျင့်ကြံသူ တစ်ရာကျော်တို့ စုစည်းရောက်ရှိလာခဲ့ကြသည်။ ထို့အပြင် မြို့အပြင်ဘက်ဆီမှ လှမ်းလာခဲ့ကြသည့် လူများ ကလည်း အများအပြား တည်ရှိနေသေးသည်။

သတ်ဖြတ်လိုခြင်းဆန္ဒ

ဤအရာသည် နေရာအနှံ့တွင် တည်ရှိနေ၏။

ကျွတ် ကျွတ် ကျွတ်

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါ တစ်စုံတစ်ယောက်ကို ဖမ်းထားလိုက်တဲ့ ကိစ္စလေးပဲ မဟုတ်လား။ ဘယ်လိုဖြစ်လို့ ဒီလောက်ကြီး အုတ်အော်သောင်းနင်း ဖြစ်ကုန်ရတာလဲ”

“အစ်ကိုကြီး”

ကုကျောင်းရှစ်သည် တည်ငြိမ်လျက်ပင် ရှိသေး၏။ သူသည် အသံပို့လွှတ်ကာ ပြောလိုက်၏။ “အသုဘခန်းဆောင်ရဲ့ အားအင်အဆင့်က မဆိုးဘူး။ ပညာရှိဆိုတာ ဘယ်အချိန်မှာ တိုက်ခိုက်ပြီးတော့ ဘယ်အချိန်မှာ ပြန်လည်ထွက်ခွာရမလဲဆိုတာ သိရမယ်။ ဒီတော့ တစ်ဖက်လူကို လွှတ်ပေးလိုက်တော့”

လမ်းပေါ်တွင် သိုင်းကျင့်ကြံသူ တစ်ရာကျော်လောက်သာ ရှိသည်ဆိုပါက သူသည် စိတ်ပူလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ တစ်ဖက်လူများသည် တပ်ကူများ ရောက်ရှိလာလျက် ရှိနေသေး၏။ ထိုလူများထဲတွင် အဆင့်ခုနှစ် အသွင်ပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူများလည်း ပါဝင်လျက် ရှိနေ၏။ ထို့ကြောင့် အလွန်ပင် အန္တရာယ် များလွန်းလှသည်။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “နောက်ဆုတ်ရအောင်”

တစ်ဖက်လူကို ဖမ်းဆီးထားပြီ ဖြစ်သောကြောင့် သူသည် တိုက်ခိုက်ရန် စိတ်မဝင်စားလှချေ။ အရေးအကြီးဆုံးမှာ ဤဂိုဏ်းခွဲမှူးကို ခပ်ဝေးဝေးတည်နေရာဆီသို့ သွားရောက်ကာ လွှတ်ပေးနိုင်မည်ဆိုလျှင် တစ်ဖက်လူများနှင့် ညှိနှိုင်းကာဖြင့် စည်းခတ်ထားသော နတ်ဆိုးတည်နေရာကြီး အကြောင်း မေးမြန်းနိုင်စွမ်း ရှိနေသည်။

ဆိုးရွားသည်မှာ သူသည် အနည်းငယ် နောက်ကျသွားပြီဖြစ်၏။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးမြို့၏ အပြင်ဘက်တွင် အလင်းတန်းလေးခုသည် မတူညီသည့် တည်နေရာအသီးသီးဆီမှ ဖြတ်သန်းရောက်ရှိလာခဲ့ပြီး ကောင်းကင်ထက်တွင် လွင့်မျောနေ၏။ ၎င်းတို့သည် မဲမှောင်နေသည့် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သိုင်းကျင့်ကြံသူလေးယောက်တို့ဖြစ်ပြီး ၎င်းတို့၏ အကြည့်များသည် အေးစက်စူးရှလွန်း၏။

ဝှစ် ဝှစ်

စွမ်းအားမြင့် ကျင့်ကြံသူလေးယောက်တို့သည် ၎င်းတို့၏ အော်ရာများကို ဖြန့်ကျက်ပြီးသည့်နောက် မြို့ကြီးတစ်မြို့လုံးကို လွှမ်းခြုံထားခဲ့သည်။ သတ်ဖြတ်လိုခြင်းဆန္ဒများသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိသွားသည်။

“အစ်ကိုကြီး”

ကုကျောင်းရှစ်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒါက အဆင့်ကိုး အသွင်ပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူတွေပဲ”

“..........”

ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားလိုက်မိ၏။ “နယ်မြေဟောခန်းနဲ့ တိုက်ခိုက်ရဲတဲ့ အဖွဲ့အစည်း ပီသတာပဲ။ အမှတ်မထင်နဲ့ ရောက်ရှိလာတဲ့လူတွေကတောင် တကယ့်ကို ထိပ်တန်းသိုင်းကျင့်ကြံသူတွေ ဖြစ်နေတယ်”

အမဲရောင်ဝတ်စုံဝတ်ဆင်ထားသော သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် စည်းအစီအရင်ကို ဖန်တီးသည့် နေရာတွင် အားမကောင်းလွန်းလှချေ။ ထို့ကြောင့် ကုန်းရှန့်နှင့် သူ၏ညီနောင်များသည် ထိုသူတို့အား လွယ်လွယ်ကူကူနှင့် အနိုင်ယူနိုင်စွမ်းရှိ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အဆင့်ကိုး အသွင်ပြောင်းလဲခြင်း ကျင့်ကြံသူလေးယောက်တို့ ရောက်ရှိလာခဲ့၏။ အခြေအနေသည် ပြောင်းပြန်ဖြစ်တည်သွားခဲ့သည်။

“အစ်ကိုကြီး ကျုပ်တို့ ဘာလုပ်ကြမလဲ”

ကုကျောင်းရှစ်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်လို့နေခဲ့သည်။ သူသည် သူ့ကိုယ်သူ စိတ်မပူလှချေ။ ကျွင်းချောင်ရှောင်းနှင့် ၎င်း၏တပည့်များကို စိတ်ပူနေခြင်းပင်ဖြစ်၏။

ဆွစ်

ကုန်းရှန့်သည် လက်ကို အသာဝှေ့ယမ်းလိုက်၏။ ပြီးနောက် အိတ်ကပ်တစ်ခု အရွယ်အစားခန့်ရှိသော စည်းဓားမော့ကြီးကို ထုတ်ယူလိုက်တော့သည်။ “တခြား ရွေးချယ်စရာ မရှိမှတော့ သတ်ဖြတ်ပွဲကြီး စလိုက်တာပေါ့”

သူသည် ကြောက်လန့်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကျွမ်းကျင်သူပေါင်း များစွာ၏ ဝိုင်းရံခြင်းကို ခံထားရသည့် အတွေ့အကြုံသည် သူ့၌ ပေါများစွာ တည်ရှိနေသည်။

အဆုံးသတ်တွင်တော့ တခြားနည်းလမ်းလည်း မရှိချေ။ စည်းဖွင့်ခြင်းအဆောင်ကို ချိုးဖြတ်ပြီးသည့်နောက် သတ်ဖြတ်မှုကို ပြုလုပ်ရန်သာ ရှိတော့သည်။ ထို့အပြင် စည်းဓားမော့ကြီးအား အဆင့်မြှင့်တင်နိုင်သည့် ကျောက်တုံးကို ရရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အဆင့်မမြှင့်တင်ရသေးချေ။ ထို့ကြောင့် တတိယအသွင်ပြောင်းလဲမှု ပုံစံကိုသာ ထုတ်ဖော်နိုင်စွမ်း ရှိနေသေး၏။ ယခု များပြားလှသော လူများ ရှိနေသည်ဖြစ်သောကြောင့် ထုတ်ဖော်အသုံးပြုရန် ထိုက်တန်ပေ၏။

“အလုပ်မဖြစ်ရင် ဘယ်လိုလုပ်မလဲ” စနစ်က မေးလိုက်သည်။

“အဆင်ပြေတယ်”

ကျွင်းချောင်ရှောင်းက ခွန်းတုံ့ပြန်လိုက်၏။ “ငါ့ဆီမှာ ထွက်ပြေးလွတ်မြောက်ခြင်းအဆောင်နဲ့ ပျံသန်းခြင်းအဆောင် ရှိသေးတယ်”

“..........”

စနစ်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဆွစ် ဆွစ် …….။

အသုဘခန်းဆောင်ဆီမှ သိုင်းကျင့်ကြံသူများသည် ထပ်မံကာ ရောက်ရှိလာခဲ့ကြ၏။ တချို့သည် အားကောင်းလွန်းလှပြီး တချို့မှာတော့ ပျံသန်းနိုင်သည့် ရတနာများကို စီးနင်းကာ ရောက်ရှိလာခဲ့ကြ၏။

ချက်ချင်းပဲ ကောင်းကင်ယံအထက်တွင် လူပေါင်းများစွာတို့ စုဝေးလာပြီး လူများသည် တစ်ရာမှ တစ်ထောင်ကျော်အထိပင် ရောက်ရှိလာခဲ့၏။ နတ်ဆိုးချီများသည် ဖြစ်တည်လာခဲ့ပြီးသည့်နောက် မြို့ထဲတွင် နေထိုင်သည့် သိုင်းကျင့်ကြံသူများနှင့် မြို့သူမြို့သားများ အားလုံးသည် ထိတ်လန့် ကြောက်ရွံ့နေကြ၏။ နတ်ဆိုးရေစက် တည်နေရာကြီးသည် မဖွင့်လှစ်ခင်မှာပဲ သွေးချောင်းစီးမည့် ကိစ္စရပ်ကြီး ဖြစ်ပေါ်လာခဲ့သည်။

“လူတွေပိုပြီးများလာပြီ”

ကျွင်းချောင်ရှောင်းသည် လက်ထဲတွင် ရှိနေသော စည်းဓားမော့လေးအား အသာဆော့ကစားရင်းမှ တွေးနေမိ၏။ လူတွေပိုပြီး သတ်ရတော့မှာပေါ့။

All Chapters