← Chapters

အခန်း (၁၄၅၁)

Vol. 98 Ch. 1451

အခန်း (၁၄၅၁)

Vol. 98 Ch. 1451

အထူးတာဝန်ကို ပြည့်စုံစေပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တစ်ခါတည်း အဆင့်ကြီး ၃ဆင့်ကို ခုန်တက်ကာ ဖြင့် အမြုတေအသွင်ပြောင်းခြင်းအဆင့်ခြောက် ဆီသို့ တိုးတက်ရောက်ရှိခဲ့၏။

သူသည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်ဟုလည်း သတ်မှတ်ရပေမည်။ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ဆီသို့ ရောက်ရှိရန် ခြေတစ်လှမ်းသာလျှင် လိုအပ်တော့သည်။

ဟုတ်ပေသည်။ ထိုအရာသည် စနစ်ကြောင့်ပင် မဟုတ်ပေ။ အဓိကအားဖြင့် ပြည့်စုံမှုနှုန်းထား ၅၀ ရာခိုင်နှုန်းထိ ရောက်ရှိသွားခဲ့သောကြောင့်ပင်ဖြစ်၏။ အနည်းငယ်သာ ထပ်မံကာ ကြာနေအုံးမည်ဆိုပါက တပည့်များသည် တာဝန်များအား ဆက်လက်ကာ ပြုလုပ်ပေးလိမ့်မည်။ ထိုသို့ဆိုလျှင် သူ၏ အဆင့်ခုန်တက်မှုသည် ပိုမိုကာမြင့်မားသွားမည်ဖြစ်ပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိသွားမှာ သေချာ၏။

အဆင့်ခြောက်အသွင်ပြောင်းလဲခြင်းဆီသို့ ချိုးဖြတ်ရောက်ရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ခန္ဓာကိုယ်ထဲကို သေသေချာချာ ကြည့်ရှုလိုက်၏။ စွမ်းအင်အရင်းအမြစ်နှစ်ခုသည် ပိုမိုကာ အားကောင်းသွားခဲ့ပြီး ယခင်ကထက် ပိုမိုကာ အရည်အသွေးမြင့်မားလာခဲ့သည်။

ဒန်ထျန်၏ မျက်နှာပြင်တွင် ရှုပ်ထွေးလှသည့် အသွင်အပြင်များဖြစ်တည်လာပြီး စွမ်းအင်အရင်းအမြစ်မှာ ပေါက်ကွဲမှု အားကောင်းလွန်းလှ၏။

“ဒါက အစစ်အမှန်စိတ်ဝိညာဉ်ရဲ့ စွမ်းအင်တွေပဲ။” စနစ်သည် ရှင်းပြလိုက်သည်။

အမြုတေအသွင်ပြောင်းလဲခြင်းအဆင့်ကို ရောက်ရှိပြီးသည့်နောက် သိုင်းကျင့်ကြံသူများ၏ စိတ်ဝိညာဉ်စွမ်းအင်များ သည် အဆင့်မြင့် ကျန်းချီဆီသို့ အဆင့်မြှင့်တင်ခဲ့၏။ အဆင့် လေး အသွင်ပြောင်းလဲခြင်းဆီသို့ ရောက်ရှိပြီးသည့်နောက်တွင် အစစ်မှန် စိတ်ဝိညာဉ်အဖြစ်သို့ ပြောင်းလဲခဲ့၏။ ၎င်းထဲတွင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအင်များ ပါဝင်နေသည်သာမက ကောင်းကင် နှင့် မြေကြီး၏ နိယာမများကို အဆင့်မြင့်မြင့် ထိန်းချုပ်နိုင်စွမ်းလည်း ရှိလာခဲ့၏။

“နေလို့ထိုင်လို့ ကောင်းလိုက်တာ။” ကျွင်းချောင်ရှောင်းသည် မျက်လုံးများမှိတ်ကာဖြင့် ပြောလိုက်သည်။

“ရှင် ဒီလိုပဲ အဆင့် ချိုးဖြတ်ခဲ့တာလား။”

နှင်းဆီဧကရီသည် ရုတ်တရက် မော့ကာကြည့်ရှုလိုက်၏။ သူမ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက် နေသည်။

ယခင်တစ်ကြိမ် အထူးတာဝန်ကို ပြည့်စုံအောင် ပြုလုပ်ပြီးသည့်နောက် အထူးတာဝန် ပြည့်စုံပြီး အဆင့်ချိုးဖြတ်သည့်အချိန်၌ သူမသည် ဤတည်နေရာတွင် ရှိခဲ့၏။ ထိုအချိန်တုန်းကဆိုလျှင် အလွန်တရာ နီးကပ်သည့် အခြေအနေတွင် တည်ရှိနေပြီး သူ၏ လက်မောင်းကိုပင် ကိုက်ခဲခဲ့သေး၏။

ယခု ထပ်မံကာ အဆင့်ချိုးဖြတ်သည့်အချိန်မှာလည်း သူမသည် နီးနီးနားနားတွင် ရှိနေ၏။ ယခင်က ထက်ပင် ပိုမိုကာ နီးကပ်နေပြီး ကျွင်းချောင်ရှောင်း၏ ရင်ခွင်ထဲသို့ပင် ရောက်ရှိနေသည်။

စနစ်သည် မည်သို့မျှ မနေနိုင်တော့ပဲ သက်ပြင်းချလိုက်၏။ “လက်ခံသူ အဆင့်ချိုးဖြတ်တဲ့အချိန်တိုင်းမှာ မိန်းမက ဘေးနားမှာရှိနေတာပဲ။ ဒါက တကယ့်ကို ကံကြမ္မာရေစက်ပဲ။”

“ဟာ … ငါမေ့သွားပြီ။ ဒီမိန်းမ ငါ့ကို အသားယူနေတာပဲ။”

ကျွင်းချောင်ရှောင်းသည် စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။ ပြီးနောက် အေးစက်စက်မျက်နှာနှင့် ပြောလိုက်သည်။ “ခင်ဗျား ဖက်လို့ပြီးပြီလား။”

နှင်းဆီဧကရီသည် ရင်ခွင်ထဲကို ခေါင်းတိုးဝင်ကာဖြင့် ပျော်ရွှင်စွာ ပြုံးလိုက်မိ၏။ “တသက်လုံးဖက်ရင်တောင် လုံလောက်မှာမဟုတ်ဘူး။”

“……..”

ကျွင်းချောင်ရှောင်းသည် သူမကို အသာတွန်းထုတ်ချင်မိ၏။ သို့ပေမဲ့ လက်ကိုမြှောက်ပြီးသည့်နောက် မလှုပ်ရှား တော့ချေ။

ထားလိုက်တော့။ ထားလိုက်တော့။ အဆင့်ကြီး သုံးခုကို တစ်ခါတည်းချိုးဖြတ်ရောက်ရှိတာဆိုတော့ ငါတကယ့်ကို စိတ်ကောင်းဝင်နေတယ်။ ဒီတော့ အသားယူချင်လည်း ယူပါစေတော့။

“ဖက်လေ။ ဖက်ပါ။”

“မဖက်တော့ဘူး။”

ကျွင်းချောင်ရှောင်း ထိုသို့ ပြောနေသလို ဖက်ရန် လက်အမူအယာကိုလည်း ပြသလျက် ရှိနေ၏။

“အင်း …. လက်ခံသူက နားလည်လာပြီ” စနစ်က ချီးကျူးလိုက်သည်။

ရွှီ

ထိုအချိန်မှာပဲ ကုကျောင်းရှစ်သည် နဂါးဦးခေါင်းတောင်ထွတ်ဆီသို့ ပျံသန်းတက်လာ၏။ ခြံဝန်းထဲကို ဆင်းသက်လာပြီးသည့်နောက် စိတ်လှုပ်ရှားသည့် မျက်နှာသွင်ပြင်ဖြင့် ပြောလိုက်မိ၏။ “အစ်ကိုကြီး အဆင့်ချိုးဖြတ်ခဲ့ပြီလား။”

ကျွင်းချောင်ရှောင်းသည် သူ့အား လှမ်းကြည့်လိုက်သည်။

နှင်းဆီဧကရီကလည်း သူ့အား လှမ်းကြည့်လိုက်၏။

“………”

ကုကျောင်းရှစ်၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိနေသည်။

အစ်ကိုကြီးတို့ လင်မယားသည် တစ်ယောက်နှင့်တစ်ယောက်ဖက်လျက်ရှိ၏။ ထို့ကြောင့် ကြောင်အအဖြင့် အသာလှည့်ပြီးသည့်နောက် နဝေတိန်တောင်နှင့်ပြန်လည်ကာ လျှောက်ထွက်လာမိ၏။

သူသည် တီးတိုးရေရွတ်လျက်ရှိနေသည်။ “ငါဘယ်သူလဲ။ ဘာလို့ ဒီနေရာကို ရောက်လာတာလဲ။ ဘာလာလုပ်ခဲ့တာလဲ။”

ရွှီး

ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီအား အလျင်အမြန်နှင့် တွန်းဖယ်ပြီးသည့်နောက် ရှက်ရွံ့စွာဖြင့် သူ၏ အိပ်ဆောင်ရှိရာဆီသို့ ပြန်လှည့်လာခဲ့၏။

နှင်းဆီဧကရီသည် ရှက်ရွံ့စွာဖြင့် ထွက်ခွာသွားခဲ့သည့်သူကို ကြည့်ရှုလိုက်၏။ အနည်းငယ် စိတ်ပျက်မိသလို ခံစားမိသည်ဆိုသော်လည်း သူမ၏ မျက်နှာတွင်တော့ ချစ်ဖို့ကောင်းလှသော အပြုံးတစ်ခုက တည်ရှိနေသေး၏။ သူမ၏ ယောကျ်ားသည် အစပိုင်းတုန်းက အလွန်တရာ အေးစက်လွန်းလှ၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် အနည်းငယ်ပြောင်းလဲလာခဲ့ပြီဖြစ်သည်။

ဟူး ဟူး ဟူး ….။

သူ၏အိပ်ဆောင်ဆီသို့ ပြန်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တံခါးကို မှီကာဖြင့် ရပ်လျက်ရှိနေ၏။ မျက်နှာတစ်ခုလုံးသည်လည်း နီမြန်းလျက်ရှိနေပြီး အမှတ်မထင်ဖြင့် သူ၏လက်ကို ကြည့်ရှုလိုက်၏။

“အင်း။ စာဖတ်သူတွေက ဂွေးတိုလေးကျွင်း .. ဂွေးတိုလေးကျွင်း ဆိုပြီးအော်နေတာကို ငါ မလွန်ဆန်နိုင်တော့ဘူး နဲ့တူတယ်။ ငါအစွမ်းပြရပြီ။ ငါအစွမ်းပြခဲ့မိပြီပဲ။”

“အင်း … ကောင်းကောင်းလုပ်ခဲ့တယ်။” စနစ်ကပြောလိုက်သည်။

…………

ကျွင်းချောင်ရှောင်း၏ ကျင့်ကြံခြင်းအဆင့်မြင့်မားခဲ့မှုသည် ကြီးမားသည့် အခြေအနေကြီးတစ်ခုကို ဖြစ်တည်စေခဲ့၏။ တပည့်များသည် ပျော်ရွှင်ရုံသာမက စိတ်လှုပ်ရှားလျက်လည်းရှိနေ၏။

အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်အဆင့် တက်မှုသည် သူတို့အား ကောင်းမွန်သည့်အခြေအနေဆီသို့ ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်းကိုလည်း နားလည်မိသောကြောင့်ပင်။

သို့ပေမဲ့ ကုကျောင်းရှစ်မှာတော့ ထိုအရာကို ပထမဦးဆုံး မြင်ဖူးခြင်းဖြစ်သည်။

ဆက်တိုက်အဆင့်တက်ခြင်း ……. ဤအရာသည် သူ့အား အမှန်ပင် အံ့အားသင့်စေ၏။

“အစ်ကိုကြီး။ တစ်ခါတည်း အဆင့်ဘယ်လောက် တက်လိုက်တာလဲ။”

“၃ ဆင့်”

“………”

ကုကျောင်းရှစ်သည် လက်မကို ထောင်ပြကာဖြင့် ပြောလိုက်မိသည်။ “တကယ့်ကို အံ့အားသင့်စရာပဲ။”

ပြန်လည်မွေးဖွားနိုင်သည့် စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ပြီဖြစ်သောကြောင့် သူသည် သေဆုံးပြီးသည့်နောက်တွင် ပိုမိုကာ အားကောင်းလာခဲ့၏။ သို့ပေမဲ့ ပြန်လည်မွေးဖွားလာပြီးသည့်နောက်တွင် အစက ပြန်လည်ကာ ကျင့်ကြံခဲ့ရ၏။ ကွာခြားချက်သည် ပြန်လည်ကျင့်ကြံခြင်းနေရာတွင် အလွန်တရာ မြန်ဆန်နေခြင်းပင်ဖြစ်၏။

သို့ပေမဲ့ အမြုတေအသွင် ပြောင်းလဲခြင်းအဆင့်ကို ချိုးဖြတ်ပြီးသည့်နောက် အဆင့်ကြီး ၃ ဆင့် ချိုးဖြတ် တက်ရောက်နိုင်ဖို့ဆိုသည်မှာ သူ တစ်ခါမှ ကြားပင်မကြားဖူးသော ကိစ္စပင်ဖြစ်သည်။

“ညီလေး”

ကျွင်းချောင်ရှောင်းသည် သူ၏ ပခုံးကိုပုတ်ကာ ပြောလိုက်၏။ “ငါ့နောက်ကို လိုက်မယ်ဆိုရင် အနာဂတ်မှာ မင်းလည်း ဒီလိုလုပ်နိုင်လိမ့်မယ်။”

“ကျုပ်လည်း အဆင့်ကြီးနှစ်ဆင့်လောက် ခုန်ကျော်တက်နိုင်မှာလား။” ကုကျောင်းရှစ်၏ မျက်လုံးများသည် လင်းလက်သွားသည်။

ကျွင်းချောင်ရှောင်းသည် ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်၏။ “အဆင့်တစ်ခုလောက် နှစ်ခုလောက်ကို မပြောနဲ့။ အစစ်မှန်ရှာဖွေခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိဖို့ဆိုတာတောင် ပြဿနာတစ်ခုမဟုတ်ဘူး။”

“အစ်ကိုကြီး”

ကုကျောင်းရှစ်က ပြောလိုက်၏။ “ညီငယ်လေးက အစ်ကိုကြီးနောက်ကို လိုက်နေတာပဲလေ။”

“အင်း …. ဒီတော့ မင်းအနေနဲ့ တပည့်တွေကို ဂိုဏ်းရဲ့တာဝန်တွေပြည့်စုံအောင်လို့ ကူညီပေးဖို့ လိုအပ်နေသေးတယ်။”

“ပြဿနာမရှိဘူး။ ဒီကိစ္စကို ကျုပ်တာဝန်ထားလိုက်တော့။”

စနစ်သည် ဆွံ့အလျက်ရှိ၏။ “ဒီကောင့်ကို ကြည့်ရတာ ဦးနှောက်ရှိပုံလည်းမပေါ်ဘူး။ ခေါ်ပြီးတော့ ရွှေတြိဂံဒေသမှာ သွားရောင်းစားလိုက်ရင်တောင် ပိုက်ဆံတော်တော်ရမယ့်ပုံပဲ။”

………..

ကျွင်းချောင်ရှောင်းသည် စနစ်အား လျစ်လျူရှုထားလိုက်သည်။ ပြီးသည့်နောက် ဝယ်ယူနိုင်သည့် ပစ္စည်းစာရင်းကို ဖွင့်ကြည့်လိုက်ပြီးနောက် အဆင့်မြင့်သေခြင်းနှင့်ရှင်ခြင်းလျှို့ဝှက်နယ်မြေကို နှိပ်ကြည့်လိုက်၏။

အောက်နယ်မြေတွင် ဝယ်ယူခဲ့သည့်အရာနှင့် ခြားနားမှုမရှိချေ။ အလုံးစုံသောအားအင်အဆင့် တိုးတက်လာသည် ကသာ တည်ရှိ၏။ တပည့်များအနေနှင့် အစစ်မှန်တိုက်ခိုက်မှုအတွေ့အကြုံများကို ရရှိရန်အတွက် အသုံးပြုနိုင်၏။ ဈေးနှုန်းမှာမူ ငါးသိန်းပင်ဖြစ်သည်။

လွန်ခဲ့သော သုံးလတုန်းကသာဆိုလျှင် ကုန်းရှန့်သည် ထိုအရာကို ဝယ်ရမလား။ မဝယ်ရဘူးလားဆိုသည်ကို လေးလေးနက်နက် စဉ်းစားမိပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က သူသည် ဆင်းရဲလွန်းလှချေ၏။ လက်ရှိအခြေ အနေမှာတော့ သူသည် ဂိုဏ်းစုဆောင်းမှတ် သိန်းငါးဆယ်ကျော်ပင် ရှိနေသည်။ ထို့ကြောင့် တစ်ချက်ကလေးမှ စဉ်းစားရန် မလိုအပ်ချေ။

ဒင်

လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ငါးသိန်း ကို အသုံးပြုပြီး အဆင့်မြင့်သေခြင်းနှင့်ရှင်ခြင်းလျှို့ဝှက်နယ်မြေ တစ်ခုကို ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ။

ဒင်

ဂိုဏ်းစုဆောင်းမှတ် ၅၁၄၀၀၀၀

ကျွင်းချောင်ရှောင်းသည် ခံစားချက်အပြည့်နှင့် သက်ပြင်းချလိုက်မိ၏။ “ချမ်းသာတဲ့ဘဝက နေရထိုင်ရတာ အရသာမဲ့သလိုပဲ။”

အဆင့်မြင့်သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေကို ဝယ်ယူပြီးသည့်နောက် သူသည် ကောင်းကင်တေးဂီတဝတ်စုံအား ကြည့်ရှုလိုက်၏။ ဤအရာသည် ဖော်စပ်နိုင်သည့် ပန်းပဲဖော်မြူလာတစ်ခုပင်ဖြစ်ပြီး ချပ်ဝတ်၊ ဖိနပ်၊ ခေါင်းဆောင်း နှင့် လက်ပတ်တို့ အသီးသီး ပါဝင်သည်၊။ စုစုပေါင်းဈေးနှုန်းသည် သိန်းနှစ်ဆယ်ဖြစ်သည်။

“ဈေးကြီးလိုက်တာ။”

“ဒါက အထောက်အပံ့တစ်ခုပဲလေ။ ဝယ်ယူခွင့်ရတုန်းမှာ လက်မလွတ်ဘဲနဲ့ ဝယ်ယူထားသင့်တယ်။”

“အင်း”

ကျွင်းချောင်ရှောင်းသည် နှမြောတသစွာဖြင့် ထိုအရာကို သိန်းနှစ်ဆယ်ပေးကာ ဝယ်ယူခဲ့ရ၏။ အထက်နယ်မြေဆီသို့ ရောက်ရှိပြီးသည့်နောက်တွင် တပည့်များသည် လက်နက်ပစ္စည်းများကို မပြောင်းလဲရသေးချေ။ ကောင်းကင်တေးဂီတ ဝတ်စုံအား ဒိတ်အောက်နေပြီဖြစ်သော ကျန်းယန်ဝတ်စုံနှင့် အစားထိုးရပေလိမ့်မည်။

“ငါ့ဆီမှာ ပစ္စည်းပစ္စယတွေရှိတယ်။ ဒါပေမဲ့ လက်နက်တွေကတော့ လိုအပ်နေသေးတာပဲ။” ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။ ပြောပြီးသည့်နောက် သူသည် သိုလှောင်လက်စွပ်ထဲကို ဝင်ပြီးသည့်နောက် စည်းဓားမော့ကြီးကို အဆင့်မြှင့်တင်ရာတွင် အသုံးပြုနိုင်သည့်ကျောက်အား လက်ထဲတွင်ကိုင်ကာ တွေးလျက်ရှိနေ၏။

တာဝန်က ငါ့ကို အဆင့်မြှင့်တင်နိုင်တဲ့ ကျောက်တုံးပေးလိုက်ပြန်ပြီ။ စည်းဓားမော့ကြီးရဲ့ တတိယအသွင်ပြောင်းလဲ ခြင်းအဆင့်က အထက်နယ်မြေနဲ့ မသင့်တော်ဘူးနဲ့တူတယ်။

“ဒါက ပြောရခက်တယ်။”

စနစ်က ပြောလိုက်သည်။ “ပြီးတော့ လက်ခံသူအနေနဲ့ အထက်နယ်မြေကို ရောက်ရှိလာကတည်းက ဝှက်ဖဲကို အသုံးမပြုရသေးဘူးမလား။”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “စည်းဓားမော့ကြီးကို အသုံးပြုတယ်ဆိုတာ အရမ်းကို အန္တရာယ်ရှိတဲ့အခြေအနေကို ကျရောက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်လေ။ ဒါကြောင့် ငါ စည်းဓားမော့ကြီးကို သိုလှောင်လက်စွပ်ထဲမှာပဲ သိမ်းထားတာပေါ့။”

“လက်ခံသူက တကယ့်ကို ပြောင်းလဲသွားခဲ့ပြီပဲ။”

စနစ်က သက်ပြင်းချလိုက်၏။ “အရင်တုန်းကလိုမျိုး အဆင်အခြင်မဲ့ လျှောက်ပြီး မလုပ်တော့ဘူး။”

စည်းဓားမော့ကြီးသည် ကျွင်းချောင်းရှောင်း၏ အကြီးမားဆုံးသော ဝှက်ဖဲများထဲမှ တစ်ခုဖြစ်၏။ အတိတ်တုန်းက အောက်နယ်မြေ၌ သေလမ်းရှာသည့်ကိစ္စရပ်တိုင်းသည် ထိုအရာကို အားကိုးကာဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှာလည်း အပါအဝင်ပင်ဖြစ်သည်။

လက်ရှိအခြေအနေတွင် အထက်နယ်မြေဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ သူသည် ထိုအရာကို အသုံးမပြုခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ကြီးမြတ်သူတုံးကု၏ ကာကွယ်ပေးမှုအောက်တွင် မည်သူမှသည် သူ့အား ပြဿနာလာ၍ မရှာရဲသောကြောင့်ပင်။

“မပြောင်းလဲဘူး။”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ရင့်ကျက်လာခဲ့တာပါ။”

ပြောပြီးသည့်နောက် သူသည် ဂိုဏ်း၏ အဆင့်မြှင့်တင်နိုင်သည့် အရာကို ထုတ်ယူကြည့်လိုက်၏။ ခဏလောက် စဉ်းစားပြီးသည့်နောက် အချိန်အတော်ကြာ လစ်လျူရှုထားခဲ့သည့် စိတ်ဝိညာဉ်ခန်းမဆောင်အား ရွေးချယ်လိုက်သည်။

ဒင်

စိတ်ဝိညာဉ်ခန်းမဆောင်သည် အောင်မြင်စွာဖြင့် အဆင့်မြှင့်တင်ခဲ့သည်။ အဆင့်မြှင့်တင်ပြီးသော စိတ်ဝိညာဉ်ခန်းမ ဆောင်သည် ယခင်က ရှိခဲ့သည့် သတ္တု၊ ရေ၊ သစ်သား၊ မီး၊ မြေ စသည့် အရာများသည် တဖြည်းဖြည်းနှင့် အားကောင်းခဲ့၏။

အဆုံးသတ်မှာတော့ သတ္တုဆိုသည့်အရာသည် တဖြည်းဖြည်း ချဲ့ထွင်လာပြီး နတ်ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွား သည်။ ပြီးနောက် တောက်ပြောင်လျက်ရှိနေသည့် ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုကဲ့သို့ပင် တစ်ခြားသော ဓာတ်သဘာဝများသည်လည်း အရည်အသွေးအားဖြင့် ပြောင်းလဲကုန်၏။ ဤအရာသည် ကြီးကြီးမားမား ပြောင်းလဲခြင်းဖြစ်ပြီး ကိုင်ဆောင်ထားသည့်လက်နက်များ၏ အရည်အသွေးသည် ပိုမိုကာ တိုးတက်ကောင်းမွန်သွားခဲ့၏။ အထူးသဖြင့် သီးသန့်ကိုင်ဆောင်သည့် နတ်ဘုရား လက်နက်များပင် ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် သူရဲကောင်းဆန်စွာဖြင့် ပြောလိုက်မိသည်။ “လေ့ကျင့်ရေးပစ္စည်းတွေနဲ့ လက်နက်ပစ္စည်းတွေ အကုန်လုံးက ထူးခြားတဲ့ အကျိုးသက်ရောက်မှုတွေကို ရလာမယ် ဆိုရင် မနှေးနဲ့မမြန်ဆိုသလို ပြိုင်စံရှားဂိုဏ်းရဲ့ရှေ့မှာ အထက်နယ်မြေတစ်ခုလုံးက ဒူးလာထောက်ရလိမ့်မယ်။”

All Chapters