အခန်း (၁၄၅၉)
Vol. 98 Ch. 1459
အသုဘခန်းဆောင်မှ သိုင်းကျင့်ကြံသူများသည် နတ်ဆိုးမြို့ထဲတွင် တဖြည်းဖြည်းနှင့် စုဝေးလာခဲ့ကြ၏။ လက်ရှိဖြစ်ပျက်နေသည့် အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် လူပေါင်းတစ်သောင်းကျော်ပင် တည်ရှိလာ၏။ စွမ်းအားမြင့် နတ်ဆိုးအော်ရာများသည် မြို့ကြီးတစ်ခုလုံးကို လွှမ်းခြုံလျက်ရှိပြီး ကြည့်ရှုနေကြသူများမှာ မကြာခင်မှာ သွေးချောင်းစီးတော့မည်ဖြစ်ကြောင်း သိရှိလိုက်ကြ၏။ သူတို့ ဘာလုပ်ရမည်နည်း။
ဟုတ်ပေသည်။ သူတို့အနေဖြင့် ထွက်ပြေးရပေလိမ့်မည်။ ထို့ကြောင့် အသုဘခန်းဆောင်မှလူများ ပျံသန်း ရောက်ရှိလာသည့် အချိန်၌ မြို့ထဲတွင်ရှိသော သိုင်းကျင့်ကြံသူများသည် အပြင်ဘက်သို့ ထွက်ပြေးကုန်ကြ၏။ ၎င်းတို့သည် ဤကဲ့သို့သော တိုက်ခိုက်ပွဲတွင် ပါဝင်ပတ်သက်မည့်အရေးကို စိုးရိမ်လျက် ရှိနေ၏။
ကျွင်းချောင်ရှောင်းမှာတော့ လမ်းပေါ်တွင် ထိုင်လျက်ရှိပြီး လက်ထဲတွင် စည်းဓားမော့လေးအား ဆော့ကစားလျက် ရှိနေ၏။ လက်ရှိအချိန်မှာတော့ သူသည် အသုဘခန်းဆောင်မှလူများ ထပ်မံ ရောက်ရှိလာမည်ကို မျှော်လင့်နေမိ၏။ ထိုသူတို့အားလုံးကို သတ်ဖြတ်နိုင်မည်ဆိုလျှင် အထက်နယ်မြေ၌ သူ၏ သတင်းသည် ပိုမိုကာ ကြီးမားသွားမှာ ဖြစ်၏။ ထိုသို့ဆိုလျှင် ဂိုဏ်း၏ဂုဏ်သိက္ခာအမှတ် တော်တော်များများကို ရရှိပေလိမ့်မည်။
ထို့အပြင် စည်းဓားမော့ ကြီးကို အသုံးပြုသည့်နေရာတွင် လူအနည်းငယ်သာ သတ်ဖြတ်ရမည်ဆိုပါက ဆုံးရှုံးမှုကြီး ဖြစ်ပေလိမ့်မည်။ လူများများကို သတ်ဖြတ်နိုင်မှသာလျှင် အကျိုးအမြတ်ရရှိမှာဖြစ်သည်။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများအားလုံးသည် ဂိုဏ်းချုပ်၏ အနောက်တွင် မတ်မတ်ရပ်လျက်ရှိနေပြီး အသုဘ ခန်းဆောင်မှ လူများကို ရင်ဆိုင်လျက် ရှိနေ၏။ ၎င်းတို့သည် တစ်ချက်ကလေးမှ မကြောက်လန့်ကြချေ။ ထို့အစား တည်ငြိမ်စွာဖြင့် ပြုံးလျက်ရှိနေ၏။
“ဒီစိတ်ထား”
ကုကျောင်းရှစ်သည် ကြိတ်ကာ ချီးကျူးလိုက်မိသည်။ “ဒီကောင်လေးတွေရဲ့စိတ်က တကယ့်ကို မာကျောလွန်းတယ်”
ကျွင်းချောင်ရှောင်း တစ်ယောက် စည်းဓားမော့ကြီးကို အသုံးပြုကာ လူများကို သတ်ဖြတ်ခဲ့သည့် မြင်ကွင်းကိုသာ မြင်ဖူးမည်ဆိုပါက သူ့အနေနှင့်လည်း အမှန်ပင် တည်ငြိမ်နေမိသည်။
ဝှစ် ဝှစ် ဝှစ်
ကြမ်းတမ်းလွန်းလှသော နတ်ဆိုးအော်ရာများသည် မြို့ကြီးတစ်ခုလုံးကို ဖုံးလွှမ်းလျက်ရှိနေပြီး ကြီးမားလှသည့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မည်မှာ သေချာ၏။
“ကောင်လေး”
အသုဘခန်းဆောင်မှ အမြူတေပြောင်းလဲခြင်းအဆင့်ကိုး ကျွမ်းကျင်သူသည် အေးစက်စွာဖြင့် ပြောလိုက်သည်။ “ဂိုဏ်းခွဲမှူးလုကို ချက်ချင်းလွှတ်ပေးလိုက်။ ဒါဆိုရင် မင်းရဲ့အလောင်းကို အကောင်းအတိုင်း ထားခဲ့ပေးမယ်”
“ဟမ့်”
ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့လိုက်၏။ “ကျုပ်က သူ့ကို လွှတ်ပေးနိုင်တာပေါ့။ ဒါပေမဲ့ ခင်ဗျား ဒီနေရာကိုလာပြီးတော့ ဒူးထောက်ပြီး တောင်းပန်လိုက်လေ”
အဆင့်ကိုးကျွမ်းကျင်သူ၏ မျက်လုံးများတွင် ကြီးမားလှသော သတ်ဖြတ်လိုခြင်း ဆန္ဒများ ဖြစ်ပေါ်လာခဲ့၏။ သူသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “အဆင်ခြင်မဲ့လှတဲ့ကောင်”
ဝှစ် ဝှစ်
အသုဘခန်းဆောင်မှ သိုင်းကျင့်ကြံသူများသည် ၎င်းတို့၏ သိုင်းကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်လိုက်၏။ များပြားလှသော နတ်ဆိုးအော်ရာများသည် ပိုမိုကာ သိပ်သည်းလာခဲ့၏။ လေထဲတွင် ဝိညာဉ်၏ အော်ငြီးသံများ ထွက်ပေါ်လာခဲ့၏။
ကျွတ်
ကျွင်းချောင်ရှောင်းက နှာခေါင်းရှုံ့လိုက်၏။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူအကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူးပြီဖြစ်၏။ ကျွင်းချောင်ရှောင်းသည် သူ၏လက်ထဲတွင် တန်ဆာခံ တည်ရှိနေ၏။ တစ်ဖက် အသုဘခန်းဆောင်မှလူများ တဖြည်းဖြည်းနှင့် များပြားလာသည်ဆိုသော်လည်း သူတို့သည် ချက်ချင်း မတိုက်ခိုက်ခဲ့ချေ။ ထို့ကြောင့် နှစ်ဖက်သားသည် တည်ငြိမ်စွာဖြင့် မုန်တိုင်းမတိုက်ခင် လေငြိမ်နေသကဲ့သို့ ဖြစ်နေသည်။
သို့ပေမဲ့ အချိန်ကို ဖြုန်းတီးခြင်းသည် ပြဿနာကို ဖြေရှင်းခြင်း မဟုတ်ပေ။ ထို့ကြောင့် အဆင့်ကိုး သိုင်းကျင့်ကြံသူ တော်တော်များများတို့သည် အချင်းချင်း အကြည့်ဖလှယ်ပြီးသည့်နောက် ချက်ချင်းပဲ ဆုံးဖြတ်ချက် ချလိုက်တော့၏။ နှစ်ယောက်သည် တိုက်ခိုက်မှုကို ပြုလုပ်မည်ဖြစ်ပြီး တခြားနှစ်ယောက်မှာတော့ တစ်ဖက်လူ၏ လက်ထဲတွင်ရှိသော သူတို့၏ လူကို ဆွဲခေါ်လုယူမည်ဖြစ်၏။
သို့ပေမဲ့ သူတို့ လှုပ်ရှားရန် ပြင်လိုက်သည့်အချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ကြီးကို ဖွင့်လှစ်ရန် ပြင်ဆင်လိုက်တော့၏။ ထိုသို့ပြုလုပ်ရန် စီစဉ်လိုက်သည့် အချိန်တွင် ကျယ်လောင်သော ခြေသံတစ်ခုသည် မြို့၏ဂိတ်တံခါး အပြင်ဘက်ဆီမှ ထွက်ပေါ်လာသည်။
မိစ္ဆာချီများ ပါဝင်လျက် ရှိနေသော လေအေးများ တိုက်ခိုက်နေသည့် ပတ်ဝန်းကျင်ထဲတွင် ထိုအသံသည် အနည်းငယ် အားနည်းလျက် ရှိနေ၏။ သို့ပေမဲ့ ထူးဆန်းလွန်းလှသော အားအင်များ ပါဝင်လျက်ရှိနေသည် ဖြစ်သောကြောင့် အားလုံး၏ နားစည်ထဲသို့ ထိုခြေသံသည် ရောက်ရှိလာတော့၏။ ရုတ်တရက် ဤခြေသံသည် စည်းချက်ကျနသည်ဟုပင် ခံစားလာမိတော့၏။ တဖြည်းဖြည်းနှင့် ပိုမိုကာ ကျယ်လောင်လာခဲ့၏။ အားလုံးသော သူများသည် အမှတ်မထင် အသာခေါင်းကိုလှည့်ကာ ကြည့်ရှုလိုက်၏။
ခြေသံသည် မြို့၏ ဂိတ်တံခါးအဝဆီမှ လှမ်းလျှောက်လာသည့် အသံပင် ဖြစ်တော့၏။ အချိန်ခဏ ကြာပြီးသည့်နောက် ပွစာကျဲလျက် ရှိနေသည့် ဆံပင်များနှင့် သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် စုတ်ပြတ်သတ်နေသည့် အဝတ်အစားများနှင့်အတူ လှမ်းလျှောက်လာ၏။ ထိုသူ၏ ပုံပန်းသွင်ပြင်သည် ညှင်းသိုးသိုးနှင့်ဖြစ်ပြီး ကျောဘက်တွင်တော့ ကျောက်အခေါင်းကြီးတစ်ခုကို သယ်ဆောင်လာ၏။ ထိုအခေါင်းကြီးနှင့် သူအား ကြီးမားလှသည့် ချိန်းကြိုးကြီးများနှင့် ချုပ်နှောင်ထားခဲ့ပြီး ၎င်းကို ကြည့်ရှုရသည်မှာ ထိတ်လန့်ကြောက်ရွံ့စရာ ကောင်းလွန်းလှသည်။
“အလောင်းသယ်ဆောင်သူ”
ကုကျောင်းရှစ်သည် လေးလေးနက်နက် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ “ယုစီနန်”
ပြောပြီးပြီးချင်းမှာပဲ အသုဘခန်းဆောင်မှ သိုင်းကျင့်ကြံသူအားလုံး၏ အမူအရာသည် ချက်ချင်းပဲ ပြောင်းလဲသွားခဲ့ကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ကြောက်လန့်မှုများ ထင်ပေါ်လာခဲ့၏။ ထိုသူများထဲတွင် အဆင့်ကိုး အမြူတေပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူလေးယောက်တို့လည်း အပါအဝင်ဖြစ်သည်။
အဟွတ် အဟွတ်
ညှင်းသိုးသိုးနှင့် သက်လတ်ပိုင်းအရွယ်လူသည် လက်ကိုင်ပုဝါတစ်ခုကို ထုတ်ယူလိုက်၏။ ပြီးနောက် ၎င်း၏ ပါးစပ်ကို အုပ်ကာကာဖြင့် အကြိမ်အနည်းငယ်လောက် ချောင်းဆိုးလိုက်၏။ သူသည် အားပျော့လွန်းသော အသံဖြင့် ပြောလိုက်၏။ “အားကောင်းလွန်းတဲ့ မိစ္ဆာချီတွေပါလား”
လက်ကိုင်ပုဝါသည် ပန်းပွင်ပုံများ ရေးထိုးထားခဲ့၏။ ဤအရာသည် အမျိုးသမီးကိုင်ဆောင်သည့် လက်ကိုင်ပုဝါပင် ဖြစ်ပေလိမ့်မည်။
ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ကျောချမ်းသွားမိတော့သည်။ “ဒီလူက ထူးခြားတဲ့ ဝါသနာ တည်ရှိနေတာတော့ မဟုတ်လောက်ပါဘူး”
“ပုံပြောတဲ့လူဆီက ကြားခဲ့တာတော့”
ကုကျောင်းရှစ်က ပြောလိုက်၏။ “ဒီသပ်ရပ်ပြီးလှပတဲ့ လက်ကိုင်ပုဝါက ယုစီနန်က အမြဲလိုလို သူနဲ့ သယ်ဆောင်သွားတဲ့ အရာပဲလေ။ ဒီအရာရဲ့ မူလပိုင်ရှင်ကတော့ သေဆုံးသွားတဲ့ သူ့မိန်းမ ကိုင်ဆောင်ခဲ့တဲ့အရာတဲ့”
ကျွင်းချောင်ရှောင်းက အံ့အားသင့်မိသွား၏။ “အထက် နယ်မြေမှာလည်း ဒီလိုမျိုးလူတွေ ရှိသေးတာလား”
“ရှိတာပေါ့”
ကုကျောင်းရှစ်သည် နောက်ဘက်တွင် ရှိနေသော ကျောက်အခေါင်းကြီးကို အသာလှမ်းကြည့်ကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “အမျိုးသမီးက ဘာလို့မှန်း မသိဘူး သေဆုံးသွားခဲ့တယ်။ ဒါပေမဲ့ ထူးခြားတဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ကျောက်အခေါင်းကြီးထဲမှာ စည်းခတ်ထားတယ်တဲ့။ ပြီးတော့ ဒီလူက အချိန်ရှိသရွေ့ သူမကို သယ်ပြီး လျှောက်သွားနေတာပဲ။ ဒါကြောင့်လည်း အလောင်းသယ်ဆောင်သူလို့ ခေါ်ကြတာပေါ့”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် မျက်လုံးအပြူးသား ဖြစ်သွားမိ၏။ ဤလူသည် အစစ်အမှန်ပင် ထူးခြားသည့် ဝါသနာ တည်ရှိလို့နေခဲ့၏။
“ကောင်လေး”
ထိုအချိန်မှာပဲ မြို့၏ဂိတ်တံခါးအရှေ့တွင် မတ်တပ်ရပ်လျက် ရှိနေသည့် ယုစီနန်သည် အမှန်ပြင်ပေးလိုက်သည်။ “ငါ့ရဲ့ချစ်ဖို့ကောင်းတဲ့ မိန်းမက အသက်ရှင်လျက် ရှိနေသေးတယ်။ သူမက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာ။ မကြာခင်မှာ ပြန်ပြီးတော့ နိုးထလာလိမ့်မယ်။ ငါနဲ့အတူ ထာဝရနေထိုင်သွားလိမ့်မယ်”
“………..”
ကုကျောင်းရှစ်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ၎င်း၏မိန်းမသည် သေဆုံးသွားသည်မှာ သေချာပြီဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် သူ့ကိုသူ့ လိမ်ညာလှည့်စားပြီး အချိန်တန်လျှင် ပြန်လည်နိုးထလာမည်ဟု သတ်မှတ်နေခဲ့၏။
“ညီလေး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အသုဘခန်းဆောင်က သူ့ကို ကြောက်နေတဲ့ပုံပဲ”
“အင်း ….. သူ့ဆီမှာ တခြားဂုဏ်ပုဒ်တစ်ခုလည်း ရှိသေးတယ်လေ”
“ဘာဂုဏ်ပုဒ်လဲ”
“နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူတွေရဲ့ ရန်သူ၊ နယ်မြေဟောခန်းရဲ့ နတ်ဆိုးသတ်ဖြတ်သူ သုံးယောက်ထဲက တစ်ယောက်ပေါ့”
“နတ်ဆိုးသတ်ဖြတ်သူ ဟုတ်လား”
“နယ်မြေဟောခန်းမှာရှိတဲ့ အထူးကျွမ်းကျင်သူတစ်ယောက်ပေါ့။ သူတို့က နယ်မြေဟောခန်းရဲ့အမိန့်ကို နားထောင်တဲ့လူတွေတော့ မဟုတ်ဘူး။ သူတို့ရဲ့ နေ့စဉ်လုပ်ရတဲ့ တာဝန်က တစ်ခုပဲ ရှိတယ်။ အဲတာက အကြင်နာတရားကင်းမဲ့ပြီး မကောင်းတဲ့ကိစ္စတွေကို ပြုလုပ်တတ်တဲ့ နတ်ဆိုးကျင့်ကြံသူတွေကို သုတ်သင် ရှင်းလင်းပစ်ရတာပဲ”
ကျွင်းချောင်ရှောင်းက နားလည်သွားမိ၏။
“အစ်ကိုကြီး”
ကုကျောင်းရှစ်က ပြောလိုက်သည်။ “ဒီလူက အစစ်အမှန် ရှာဖွေခြင်းအဆင့်ကို ရောက်နေပြီလို့ ထင်တယ်”
“သူက အဲလောက်အားကောင်းတာလား”
ကျွင်းချောင်ရှောင်းက အံ့အားသင့်မိသွားသည်။ ယခင်တုန်းက ပြိုင်စံရှား ဂိုဏ်းအား များပြားလှသည့် မွန်းစတားကလန်များသည် လာရောက်ကာ ဝိုင်းပတ်ခဲ့ကြ၏။ နယ်မြေဟောခန်းသည် လည်း သူတို့၏ လူများကို စေလွှတ်ခဲ့ကြသည်။ သို့ပေမဲ့ သူ၏ဆရာရှေ့တွင်တော့ အားလုံးသောသူများသည် လုပ်ရည်ကိုင်ရည် မည်သူမှ မရှိသလိုပင် ကြက်ပျောက်၊ ငှက်ပျောက် ပျောက်ကုန်ကြ၏။
သို့ပေမဲ့ လက်ရှိ အစစ်အမှန် ရှာဖွေခြင်းအဆင့်တွင် တည်ရှိနေသော နတ်ဆိုးသတ်ဖြတ်သူ ဆိုသည့်လူ ရှိနေသေးသည်။
စနစ်က ပြောလိုက်၏ “နယ်မြေဟောခန်းက အထက်နယ်မြေတစ်ခုလုံးကို ထိန်းချုပ်ထားတာလေ။ သူတို့ဆီမှာ ဒီလို အားကောင်းလွန်းတဲ့ တိုက်ခိုက်မှုစွမ်းရည်တွေ မရှိဘူးဆိုရင် အချိန်အကြာကြီး ဘယ်လိုလုပ် ရပ်တည်နိုင်မှာလဲ”
“ဒါကတော့ အမှန်ပဲ” ကျွင်းချောင်ရှောင်းသည် နယ်မြေဟောခန်းပေါ်တွင်ရှိသော အထင်အမြင် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“လူငယ်လေး”
ယုစီနန်သည် သူ့အားကြည့်ကာ ပြောလိုက်၏။ “မင်းက ဧကရီလင်းရောင်ရဲ့လူဆိုတော့ မင်းကို အနိုင်ကျင့်တာကို ငါလက်ခံမှာ မဟုတ်ဘူး”
“အမ်”
ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ သူသည် အမှတ်မထင် ထိုအရာကို ပြောဆိုခဲ့ခြင်းပင် ဖြစ်သည်။ တစ်ဖက်လူသည် ထိုအရာကို ယုံကြည်လျက်ရှိနေ၏။ ကုန်းရှန့်၏ ဦးနှောက်များသည် လျင်လျင်မြန်မြန်ပဲ အလုပ်လုပ်လျက် ရှိနေ၏။ ထို့ကြောင့် သူသည် ရင်ကိုကော့ကာဖြင့် ပြောလိုက်၏။ “နယ်မြေ ဟောခန်းက နတ်ဆိုးရေစက်တည်နေရာကြီး ဖွင့်လှစ်ထားတဲ့အချိန်မှာ နတ်ဆိုးလမ်းစဉ်ကို လျှောက်လှမ်းတဲ့ သူတွေ ပြဿနာရှာမှာကို ကြောက်လန့်နေတယ်လေ။ ဒါကြောင့် ကျုပ်ကို ဟန်ချက်ညီအောင် ထိန်းသိမ်းခိုင်းခဲ့ တာပဲ”
“ငါသိပြီ”
ယုစီနန်၏ မျက်လုံးထဲတွင် နားလည်မှုရှိသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ ၎င်းသည် နယ်မြေ ဟောခန်းမှ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်ဆိုသော်လည်း နတ်ဆိုးကျင့်ကြံသူများအား အပြစ်ပေးသည့်အလုပ်ကို တောက်လျှောက်လုပ်နေရသည်ဖြစ်သောကြောင့် ဌာနချုပ်ဆီသို့ မပြန်နိုင်ချေ။ ထို့ကြောင့်ပင်လျှင် သူသည် ကျွင်းချောင်ရှောင်း မည်သူဖြစ်သည်ကို မသိရှိခြင်းပင်ဖြစ်၏။
ဟုတ်ပေသည်။ ထိုအရာမှာ အရေးမကြီးချေ။ အရေးကြီးသည်မှာ သူတို့ဘက်မှလူသည် အသုဘခန်းဆောင်မှ လူများ၏ ဝိုင်းရံခြင်းကို ခံထားရ၏။ သူ၏ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဤကဲ့သို့ အခြေအနေမျိုး ဖြစ်သည်ကို သူမကူညီပါက မည်ကဲ့သို့ ဖြစ်မည်နည်း။
ဘုန်း
ကြီးမားလေးလံလွန်းလှသော ကျောက်အခေါင်းကြီးသည် မြေပေါ်သို့ ပြုတ်ကျသွား၏။ ၎င်း၏ အနောက်ဘက်ရှိ လူစွမ်းကောင်းဆိုသည့် ဝတ်ရုံသည် လေထဲတွင် လွင့်မျောလျက် ရှိနေ၏။ သူသည် ရှုပ်ထွေးလျက်ရှိနေသည့် အမဲရောင်ဆံနွယ်များအား လက်နှစ်ဖက်ဖြင့် သပ်ကာ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုလုပ်လိုက်၏။ သူ၏ ညှင်းသိုးသိုး ဖြစ်နေသည့် မျက်လုံးများတွင်လည်း အားအင်အပြည့်နှင့် ဖြစ်တည်လာခဲ့သည်။
“နတ်ဆိုးသတ်ဖြတ်သူ ယုစီနန်... ဒီနေရာကို ရောက်လာပြီ။ နတ်ဆိုးလမ်းစဉ်ရဲ့ ကျင့်ကြံသူတွေအားလုံး အရှုံးပေး ကြစမ်း”
တိတ်ဆိတ်ငြိမ်သက်မှု၊ အလုံးစုံ တိတ်ဆိတ်ငြိမ်သက်မှု
သူ၏အသွင်အပြင် ပြောင်းလဲလိုက်သည်နှင့်တပြိုင်နက် ကောင်းကင်ယံထက်တွင် စုဝေးလျက်ရှိနေသည့် အသုဘ ခန်းဆောင်မှ သိုင်းကျင့်ကြံသူများအားလုံးသည် အဆင့်ကိုး အမြူတေပြောင်းလဲခြင်းအဆင့် သိုင်းကျင့်ကြံသူများ အပါအဝင် အကုန်လုံး ပျောက်ကွယ်ကုန်ကြ၏။
..........
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။ “အစ်ကိုကြီး... လူတွေကို ဖမ်းတဲ့အချိန်မှာ ဒီလိုမျိုး ဟန်ထုတ်စရာ မလိုဘူးမို့လား”
“ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား”
ယုစီနန်သည် အေးစက်စက် ပြုံးလိုက်၏။ ပြီးသည့်နောက် သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးသည့်နောက် လေထုထဲသို့ လှမ်းကာ ထိုးနှက်လိုက်သည်။ ဘန်း ဟူသော အသံကြီး ထွက်ပေါ်လာပြီးသည့်နောက် တည်နေရာကြီး တစ်ခုလုံးသည် လှိုင်းများအပြည့် ဖြစ်တည်သွား၏။ ပြီးနောက် နတ်ဆိုးမြို့ကြီးတစ်ခုလုံးကို ဖုံးလွှမ်းလျက်ရှိနေသည့် အလင်းအတားအဆီးကြီး တစ်ခုသည် ဖြစ်တည် လာခဲ့သည်။
“ချီးတဲ့မှ” ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားမိ၏။
“ဒါကလည်း ပုံပြောသူပြောခဲ့သလိုဆိုရင်”
ကုကျောင်းရှစ်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “ဒီလူဆီမှာ တည်နေရာစိတ်ဝိညာဉ်တွေ ပိုင်ဆိုင်တယ်တဲ့။ ဒီတော့ တည်နေရာကြီးတစ်ခုလုံးကို မြန်မြန်ဆန်ဆန်နဲ့ စည်းခတ် နိုင်စွမ်းရှိတယ်”
“.......”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ပြောလိုက်၏။ “ညီငယ်လေး... မင်းပြောတဲ့ ပုံပြောသူဆိုတာ ဘယ်မှာနေလဲ ငါ့ကိုပြောစမ်း။ ငါ သူ့ဆီသွားလည်လိုက်အုံးမယ်”
ဝှစ်
ယုစီနန်သည် သူ၏လက်များကို အသာဖြန့်ပြီးသည့်နောက် တည်နေရာကို အသာဆွဲယူလိုက်တော့သည်။ ပြီးနောက် အသာလက်ခုပ်တီးလိုက်သည့်အချိန်မှာတော့ လေထဲတွင်ရှိသော လူအားလုံး သည် ဖမ်းချုပ်ခြင်းကို ခံလိုက်ရပြီး တစ်ယောက်နှင့်တစ်ယောက် ရိုက်မိကာ မြေပေါ်သို့ ပြုတ်ကျလာကုန်သည်။
ကျွင်းချောင်ရှောင်းသည် အံ့အားသင့် တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “အံ့အားသင့်စရာ ကောင်းလိုက်တာ”