အခန်း (၁၄၆၀)
Vol. 98 Ch. 1460
တစ်ဖက်လူသည် လက်သီးကို ဆုပ်ကာဖြင့် လေထုထဲသို့ လှမ်းကာထိုးနှက်လိုက်၏။
ပြီးသည့်နောက်မှာတော့ လေထုထဲတွင် ကြီးမားလှသည့် အတားအဆီးကြီးတစ်ခု ဖြစ်တည်လာပြီး
အားလုံးသောသူများကို ပလတ်စတစ်နှင့် ရစ်ပတ်လိုက်သလို ချုပ်နှောင်လိုက်၏။ ပြီးနောက် အောက်ဆီသို့
ရိုက်ချခဲ့တော့သည်။
ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အမှန်ပဲ ဆွံ့အလျက် ရှိနေ၏။
သူ့အတွက် ပိုမိုကာ ထိတ်လန့်မိစေသည့် အကြောင်းအရာမှာ သူနှင့် သူ့တပည့်များအားလုံးသည်
ဤအတားအဆီး၏ အထဲတွင် တည်ရှိနေကြခြင်းဖြစ်၏။ သို့ပေမဲ့ ၎င်းတို့သည် ချုပ်နှောင်ခြင်းကို မခံရဘဲ
အေးအေးသက်သာစွာဖြင့် နေထိုင်နိုင်စွမ်း ရှိနေ၏။
စနစ်က ချီးကျူးလိုက်မိသည်။ “ဒီလူရဲ့ တည်နေရာစွမ်းအင်အပေါ် ထိန်းချုပ်နိုင်မှုက ပြည့်စုံတဲ့အဆင့်ကို
ရောက်နေပြီ”
“အံအားသင့်စရာပဲ”
ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် လေးစားမှုများနှင့် ပြည့်နှက်သွားခဲ့၏။ အပြစ်ကင်းစင်သူများကို
သက်ရောက်ခြင်းမရှိဘဲ အသုဘခန်းဆောင်မှ လူများကို သက်ရောက်စေခဲ့၏။ “နေအုံး...
အဆင့်ကိုးအမြူတေပြောင်းလဲခြင်းအဆင့် စွမ်းအားမြင့်ကျင့်ကြံသူလေးယောက်
ဘယ်ရောက်သွားတာလဲ”
“ဟင်း”
ယုစီနန်သည် ခေါင်းကိုခါယမ်းက ပြောလိုက်သည်။ “အဲလူလေးယောက်က လွတ်သွားပြီလေ”
“.........”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။ သူသည် ဆွံ့အလျက်
ရှိနေတော့သည်။ “အစောကြီးကတည်းက ဟန်ထုတ်မနေလို့ရှိရင် သူတို့ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး”
“လူငယ်လေး”
ယုစီနန်က ပြောလိုက်၏။ “မင်းအခု လုံခြုံပြီလေ”
“ကယ်တင်ပေးတဲ့အတွက် ကျေးဇူးပါပဲ”
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ ပြီးနောက် ကြိတ်ကာ စဉ်းစားလျက်ရှိသည်။
ပြိုင်စံရှားဂိုဏ်းမှာ ဒီလိုမျိုး စွမ်းအားမြင့် ကျင့်ကြံသူသာ ရှိမယ်ဆိုရင် ကျားကို
အတောင်ပံတပ်ပေးလိုက်သလို ဖြစ်မှာပဲ။
ယုစီနန်သည် မြို့၏အပြင်ဘက်တွင် ရှိနေသော ဂိတ်တံခါးကို လှမ်း၍ ကြည့်ရှုကာ ပြောလိုက်၏။
“နတ်ဆိုးရေစက် တည်နေရာကြီးက ပွင့်လှစ်တော့မယ်။ ဒီတော့ နတ်ဆိုးကျင့်ကြံသူတွေက အရေအတွက်
များများနဲ့ ရောက်ရှိလာခဲ့ ကြတယ်။ ဒီတော့ မင်းရဲ့လုံခြုံရေးအတွက် ဒီကနေ မြန်မြန်
ထွက်ခွာသွားသင့်တယ်”
“ချီးတဲ့မှ.... ငါ့ကို အရမ်းအားနည်းတယ်လို့ ထင်နေတာလား”
စနစ်က ပြောလိုက်သည်။ “သူနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ လက်ခံသူက တကယ့်ကို အားနည်းလွန်းတယ်”
“.........”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်၏။ပြီးနောက် လေးလေးနက်နက် အမူအရာဖြင့်
ပြောလိုက်၏။ “နယ်မြေဟောခန်းဆီကို ဝင်ရောက်လာတဲ့ အချိန်ကတည်းက ကျုပ်က ကျိန်ဆိုမှုတစ်ခုကို
ပြုလုပ်ခဲ့တယ်။ ဓားတောင် ဒါမှမဟုတ် မီးပင်လယ်ကို ဖြတ်သန်းရမယ်ဆိုရင်တောင်မှ
နှောင့်နှေးခြင်းမရှိဘဲနဲ့ လုပ်စရာ ရှိတာကို ကျိန်းသေပေါက် ပြုလုပ်သွားမှာပဲ”
သူ၏ ပြုမူပြောဆိုပုံနှင့် သူ၏ ဟန်အမူအရာများကို ကြည့်ရှု လိုက်မည်ဆိုလျှင် အမှန်ပင်
ပြည့်စုံလွန်းလှသည့် သရုပ်ဆောင်စွမ်းရည်ကို ထုတ်ဖော်ပြသနေခြင်းပင်ဖြစ်သည်။
ဘေးတစ်ဖက်တွင် ရှိနေသော စုရှောင်မိုသည် ကြိတ်ကာဖြင့် ချီးကျူးလိုက်မိ၏။
“ဂိုဏ်းချုပ်နဲ့ယှဉ်မယ်ဆိုရင် ငါ အရမ်းကို အားနည်းလွန်းတာပဲ”
အစ်ကိုကြီး... ခင်ဗျားက နယ်မြေဟောခန်းက မဟုတ်တာ သေချာရဲ့လား။ ကုကျောင်းရှစ်သည်
စိတ်ထဲမှာ ရေရွတ်လျက်ရှိသည်။
“လူငယ်လေး”
ယုစီနန်သည် ခေါင်းကိုညိတ်ကာဖြင့် ချီးကျူးလိုက်မိ၏။ “ငါမင်းကို တကယ်ချီးကျူးမိတယ်”
“အစ်ကိုကြီးယု”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အမှန်ကို ပြောရမယ်ဆိုရင် ကျုပ်က အစ်ကိုကြီးလို လူမျိုး
ဖြစ်လာဖို့ မျှော်လင့်မိတာလေ။ နတ်ဆိုးတွေကို သုတ်သင်နိုင်တဲ့ လူတစ်ယောက်ပေါ့”
“ငါ့ရဲ့မိန်းမကိုတောင်မှ ငါ မကာကွယ်နိုင်တဲ့လူ၊ ဘယ်လိုလူမျိုးဖြစ်မယ်လို့ မင်းထင်လို့လဲ” ယုစီနန်သည်
စိတ်ဓာတ် တကျဖြင့် မျက်နှာကို ပွတ်သပ်လိုက်မိ၏။
“အင်း”
ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ ဒီလူက ဇာတ်ကြောင်းတွေ ရှိနေတဲ့ လူတစ်ယောက်ပဲ။
ဟူး
ယုစီနန်သည် ခါးကို မတ်မတ်ရပ်ပြီးသည့်နောက် ကုကျောင်းရှစ် ချုပ်နှောင်ထားသည့် ဂိုဏ်းခွဲမှူးကို
လက်ညှိုးထိုးကာ ပြောလိုက်၏။ “ငါ ဒီလူ့ကို ခေါ်သွားမယ်”
“ဒါက”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ သူသည် အသုဘခန်းဆောင်မှ ဂိုဏ်းခွဲမှူးအား နောက်ဆုံးတွင
ခက်ခက်ခဲခဲဖြင့် ဖမ်းဆီးခဲ့နိုင်၏။ သို့ပေမဲ့ သူတောင် ဘာတစ်ခုမှ မမေးရသေးချေ။ တခြားသောသူက
ယူဆောင် သွားမည်ဆိုလျှင် သူ၏ ကြိုးစားအားထုတ်မှုများ အားလုံးသည် အလဟဿ ဖြစ်သွားမှာ
မဟုတ်လား။
“အစ်ကိုကြီးယု”
ကျွင်းချောင်ရှောင်း၏ ဦးနှောက်များသည် မြန်မြန်ဆန်ဆန်ဖြင့် အလုပ်လုပ်လျက် ရှိသည်။ “ကျုပ်
ပြောချင်တာ ရှိတာက .......”
ထိုအချိန်မှာပဲ သူသည် ရုတ်တရက် ရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ယံတွင်ရှိသော
ပုံရိပ်ယောင်ဂိတ်တံခါးကြီးတစ်ခုသည် အစစ်အမှန်ပုံစံကဲ့သို့ ဖြစ်တည်လာခဲ့၏။ ထူးဆန်းသည့်
မျဉ်းကြောင်း များသည် ထိုဂိတ်တံခါးကြီးပေါ်တွင် ဖြစ်တည်လာခဲ့ပြီး ကြီးမားပြီး ကြမ်းတမ်းလွန်းလှသော
သားရဲရိုင်းကြီး တစ်ကောင်သည် ထိုဂိတ်တံခါးကြီးပေါ်တွင် ထင်ပေါ်လာ၏။
ယုစီနန်သည် အသာလှမ်းကာ ကြည့်ရှုပြီးနောက် မျက်မှောင်ကုတ်လိုက်သည်။ “ဂိတ်တံခါးကြီးက
ပွင့်တော့မှာပဲ”
ဝှစ်
ရုတ်တရက် အမဲရောင်လှိုင်းများသည် သာမန်မျက်စိနှင့် မြင်နိုင်လောက်သည်အထိ
ဖြစ်တည်လာခဲ့တော့သည်။ ကြီးမားလှသည့် ဂိတ်တံခါးကြီးဆီမှ ထွက်ပေါ်လာခဲ့သည့် ထိုအရာသည်
မြို့တစ်ခုလုံးကို လွှမ်းခြုံသွားသည်သာ မက မိုင်ထောင်ချီအကွာအဝေးကိုပင် လွှမ်းခြုံသွားတော့၏။
ထိုစွမ်းအင်များနှင့် ထိတွေ့သည့်အချိန်တွင် ကျွင်းချောင်ရှောင်း၏ စိတ်တစ်ခုလုံးသည် တစ်စုံတစ်ခု၏
ရိုက်ခတ်မှုကို ခံလိုက်ရသလို ဖြစ်သွား၏။ သို့ပေမဲ့ ချက်ချင်းပဲ ပြန်လည် ပျောက်ကွယ်သွား၏။
ထို့ကြောင့် သူသည် အံ့အားတသင့်ဖြင့် မေးလိုက်သည်။ “စောနက ဘာဖြစ်သွားတာလဲ”
“အဲတာက နတ်ဆိုးလှိုင်းလေ”
ကုကျောင်းရှစ်သည် လေးနက်စွာ ပြောလိုက်၏။ “ပုံပြောသူ ပြောခဲ့တာတော့ နတ်ဆိုးကျင့်ကြံသူတွေကို
လွှမ်းခြုံလိုက်တာတဲ့”
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ လီချင်းယန်သည် ကောင်းကင်ယံထက်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ဂျူနီယာ
ညီမလေးက အပေါ်ကို ပျံသွားပြီ”
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် အပေါ်ကိုမော့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့
အနီရောင် အလင်းတန်းများ တောက်ပလျက် ရှိနေသည့် မျက်လုံးများနှင့် ရောင်မုန့်ယဉ်အား
မြင်လိုက်ရတော့၏။ လခြမ်းပုံ သဏ္ဍာန်တစ်ခုသည် သူမ၏ မျက်ခုံးနှစ်ခုကြားတွင် ထင်ပေါ်လျက် ရှိနေပြီး
သူမသည် သံမဏိ ဂိတ်တံခါးကြီးဆီသို့ အသာချဉ်းကပ်လျက် ရှိ၏။
“သွားကြရအောင်”
“ဒီကောင့်ကို ဘယ်လိုလုပ်ကြမလဲ”
“သူ့ကို တစ်ခါတည်း ခေါ်သွားမှာပေါ့”
ဝှစ်
ကျွင်းချောင်ရှောင်းသည် အရင်ဆုံး အပေါ်ဘက်ဆီသို့ ပျံတက်လိုက်၏။ ရောင်မုန့်ယဉ်အနား
ချဉ်းကပ်လိုက်သည့် အချိန်မှာပဲ သူက အော်ဟစ်လိုက်၏။ “ကောင်မလေး... ဘာဖြစ်လို့လဲ”
ရောင်မုန့်ယဉ်သည် မည်သည့်စကားမှ မဆိုချေ။ သူမသည် သံမဏိဂိတ်တံခါးကြီးအရှေ့
ဆယ်ပေအနီးအနားတွင် ရပ်တန့်လျက် ရှိနေပြီး လက်အုပ်ချီကာ တောင်းဆုပြုသည့် ပုံပန်းသွင်ပြင်မျိုးကို
ပြုလုပ်နေသည်။
ထိုအချိန်မှာတော့ အပေါ်ဘက်သို့ ပျံတက်လာခဲ့သည့် နတ်ဆိုးကျင့်ကြံသူများ အားလုံးသည်လည်း
လေထဲတွင် ရပ်တန့်လိုက်ကြ၏။ ၎င်းတို့သည် လက်အုပ်ချီလိုက်ပြီးသည့်နောက် ယုံကြည်သူများကဲ့သို့ပင်
အလင်းတန်းများ ထွန်းတောက်လာပြီး ပူဇော်ပသခြင်းကို ပြုလုပ်၏။
“ညီလေး... ဒါ ဘာတွေဖြစ်နေတာလဲ”
“မသိဘူးလေ”
“မင်းရဲ့ပုံပြောသူကတော့ ဒါကို မပြောခဲ့ဘူးလား”
“သူက အနှိုင်းမဲ့ မဟုတ်ဘူးလေ။ ဒါကို ဘယ်သိပါ့မလဲ”
“.........”
ကျွင်းချောင်ရှောင်းသည် ရောင်မုန့်ယဉ်ကို လှမ်းခေါ်ရန် ကြိုးစားလိုက်၏။ သို့ပေမဲ့ တစ်ဖက်လူသည် သူ၏
ပြောစကားကို လုံးဝနားမထောင်တော့ချေ။ ထိုအစား တောက်ပလျက် ရှိနေသည့် အနီရောင်
မျက်လုံးများသည် ပိုမိုကာဖြင့် ထွန်းလင်းတောက်ပလာသည်။
ယုစီနန်က ပြောလိုက်သည်။ “ဒီနတ်ဆိုးကျင့်ကြံသူတွေက သူတို့ရဲ့ ယုံကြည်မှုစွမ်းအင်တွေကို
ထုတ်လွှတ်နေကြ တာလေ။ လုံလောက်တဲ့ အခြေအနေတစ်ခု ဖြစ်တည်သွားပြီဆိုရင်
ဒီသံမဏိဂိတ်တံခါးကြီးက ပွင့်လာလိမ့်မယ်”
“ကျုပ် နားလည်ပြီ”
ကျွင်းချောင်ရှောင်းသည် နားလည်သွားမိ၏။ သို့ပေမဲ့ သူသည် ရုတ်တရက် ကြောင်ကာဖြင့်
လှည့်ကြည့်လိုက်မိ၏။ “ဘာလို့ ဒီကို ရောက်နေတာလဲ”
..........
သံမဏိဂိတ်တံခါးကြီး ဖြစ်တည်လာပြီးသည့်နောက် မိုင်တစ်သောင်း အကွာအဝေးတွင် ရှိနေသော နတ်ဆိုး
ကျင့်ကြံသူများ အားလုံးသည် ကောင်းကင်ယံထက်ဆီသို့ ပျံတက်လာခဲ့ကြ၏။ ၎င်းတို့သည်
စုဝေးပြီးသည့်နောက် ယုံကြည်မှုစွမ်းအင်များကို ထုတ်လွှတ်လျက် ရှိနေ၏။ တံခါးပေါ်တွင် ရှိနေသော
ထူးဆန်းသည့် ပုံရိပ်များသည် ပိုမိုကာဖြင့် ထွန်းလင်းတောက်ပလာခဲ့၏။
နတ်ဆိုးဘိုးဘေးသည် အသက်ရှင်လျက် ရှိနေသည့်အချိန်တွင် လွတ်လပ်သော တည်နေရာတစ်ခုကို
ဖွင့်လှစ်ပြီး ၎င်းပိုင်ဆိုင်သည့် ရတနာများအားလုံးကို အထဲတွင် ထားရှိခဲ့၏။ ပြီးသည့်နောက်
နတ်ဆိုးကျင့်ကြံသူများ၏ စိတ်ကို အမွေဆက်ခံနိုင်သည့်လူများကို ရှာဖွေခဲ့ခြင်းပင်ဖြစ်သည်။
နောက်ပိုင်းမျိုးဆက်များ အားလုံးသည် ထိုအရာကို ရရှိချင်သည်ဆိုပါက ယုံကြည်မှုအလင်းတန်းများကို
ထုတ်လွှတ်ကာဖြင့် တံခါးကို ဖွင့်လှစ်ရပေလိမ့်မည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီတံခါးရဲ့ ပုံပန်းသွင်ပြင်က နည်းနည်းတော့
ကြောင်တောင်တောင် နိုင်တယ်”
ဘေးတစ်ဖက်တွင်ရှိသော ယုစီနန်သည် လက်ပိုက်ကာဖြင့် ကျန်ရှိနေ၏။ သူ၏အနောက်ဘက်တွင်
ရှိနေသော ခြုံလွှာပေါ်ရှိ လူစွမ်းကောင်းဟူသော စာတမ်းသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေ၏။
“ဒါနဲ့ ကျောက်အခေါင်းကြီး ဘယ်ရောက်သွားတာလဲ”
ထိုအရာကြီးသည် မြို့ထဲရှိ လမ်းတစ်ခုပေါ်တွင် ထားရှိပြီး ထူးခြားလှသည့် တည်နေရာစွမ်းအင်များနှင့်
တားဆီးခြင်းကို ခံထားရ၏။ ထိုအထဲတွင် အသုဘခန်းဆောင် မှ အဖွဲ့ဝင်များလည်း
ချုပ်နှောင်ခံထားရသည်။
………
ထူးခြား လှိုဏ်ဂူ …..။
ကြီးမြတ်သူတုံးကုသည် အကောင်အထည်ဖြစ်တည်လာသည့် နတ်ဆိုးဂိတ်တံခါးကြီးကို မော့ကြည့်ကာ
ပြောလိုက်၏။ “ဒီတံခါးကြီးက ပွင့်လာတော့မှာပဲ”
“အရင်တုန်းကအတိုင်း မဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားဖို့ မျှော်လင့်မိတယ်”
မာဆာတိုကီတာနိုက ပြောလိုက်သည်။
နတ်ဆိုးရေစက်ကုန်းမြေသည် နှစ်တစ်ရာကြာလျှင်တစ်ခါ ပေါ်ပေါက်လာသည့် အရာဖြစ်၏။ ထိုအရာ
ပေါ်ပေါက် လာသည့်အချိန်တိုင်း ကြီးမားလှသည့် ကိစ္စရပ်များ ဖြစ်ပွားပြီး ထိုအထဲမှရှိနေသည့်အရာကို
မည်သူမှ အမွေ ဆက်ခံခြင်း မရှိပါက အထက်နယ်မြေတစ်ခုလုံးသည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် ဆက်လက်
နေထိုင်သွားရမှာဖြစ်၏။
ထို့ကြောင့် ပေါ်ပေါက်လာသည့် နတ်ဆိုးဂိတ်တံခါးကြီးအား အဓိကဂိုဏ်းများသည် ကြည့်ရှုလျက်ရှိနေ၏။
ထို့အပြင် ဤမျှ အုတ်အော်သောင်းနင်း ဖြစ်နေသည်ကို စိတ်မဝင်စားဘူးဆိုပါက သူတို့သည် အရူးများသာ
ဖြစ်ပေလိမ့်မည်။
“သခင်”
တိမ်များ ဖုံးလွှမ်းလျက်ရှိနေသည့် တောင်ထွတ်ကြီးတစ်ခုပေါ်တွင် ခါးကုန်းကုန်းနှင့် အဘိုးအိုက
ပြောလိုက်သည်။ “ကျွင်းချောင်ရှောင်းလည်း အဲမှာရှိတယ်”
ဧကရီလင်းရောင်က ပြောလိုက်သည်။ “သူရှိနေပြီဆိုမှတော့ နတ်ဆိုးရေစက်နယ်မြေကြီး
ဖွင့်လှစ်တဲ့အချိန်မှာ ဘာမှ မဖြစ်မှာ မစိုးရိမ်ရတော့ဘူး”
.........
နာရီဝက်လောက် ကြာမြင့်ပြီးသည့်နောက် နတ်ဆိုးမြို့၏ အပြင်ဘက် ကောင်းကင်ယံထက်တွင်
များပြားလွန်း လှသော နတ်ဆိုးကျင့်ကြံသူများ ရောက်ရှိနေကြပြီဖြစ်၏။ ထိုသူများသည်
တစ်သောင်းကျော်ခန့်ရှိပြီး သံမဏိ ဂိတ်တံခါးကြီးအား ဝိုင်းရံလျက် ရှိ၏။
ကျွင်းချောင်ရှောင်းအနားတွင် ယုစီနန် တည်ရှိနေသောကြောင့် မည်သည့်နတ်ဆိုးကျင့်ကြံသူမှသည်
အနားသို့ ကပ်မလာရဲကြချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းနှင့် တခြားသောသူများသည်
စိန်ပြေနပြေဖြင့် ကြည့်ရှုနိုင်စွမ်း ရှိနေသည်။
ကျွီ
ထိုအချိန်မှာပဲ အသံတစ်ခု ပေါ်ပေါက်လာ၏။ တင်းတင်းကျပ်ကျပ် ပိတ်ထားသော
သံမဏိဂိတ်တံခါးကြီးသည် အသာလှုပ်ခတ်လာပြီးသည့်နောက် အောက်ခြေဆီမှ ဟကြောင်းလည်း
ဖြစ်တည်လာ၏။
“ပွင့်သွားပြီပဲ”
ယုစီနန်သည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက် ကာဖြင့်
အနီးတွင် ရှိနေသော နတ်ဆိုးကျင့်ကြံသူများ အားလုံးကို ဖမ်းယူကာ ကြည့်ရှုနေ၏။ ၎င်းတို့သည်
စိတ်လွှတ်သွားပြီးသည့်နောက် တခြားသော မသင့်လျော်သည့်ကိစ္စရပ်များ ပြုလုပ်လာမည်ကို
သူစိုးရွံ့မိသည်။
ဘုန်း ဘုန်း ဘုန်း
သံမဏိဂိတ်တံခါးကြီးသည် ကြမ်းကြမ်းတမ်းတမ်းဖြင့် လှုပ်ခါလျက်ရှိပြီး အောက်ခြေဆီမှ အပေါ်ဆီသို့
ပွင့်လှစ် လာလျက် ရှိသည်။ ဟကြောင်းသည် တဖြည်းဖြည်း ကြီးမားလာသည်နှင့်အတူ အတွင်းဘက်ဆီမှ
လေအေးများ သည် အပြင်ဘက်ဆီသို့ ထွက်ပေါ်လာခဲ့၏။
ဟူး ဟူး
ထိုအချိန်မှာပဲ သံမဏိဂိတ်တံခါးကြီးသည် အလုံးစုံ ပွင့်လှစ်သွားခဲ့၏။ လေဝဲကြီးကြောင့် ၎င်းတို့သည်
အထဲတွင် ရှိနေသောအရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း မရှိကြချေ။
“ဂိုဏ်းချုပ်”
ရောင်မုန့်ယဉ်က ပြောလိုက်သည်။ “အခု ကျွန်မတို့ ဝင်လို့ရလား”
ကျွင်းချောင်ရှောင်းသည် အနည်းငယ်ဆွံ့အလျက်ရှိ၏။ ဤမိန်းကလေး၏ မျက်လုံးများသည် နီရဲလျက်
ရှိနေသေး သည်။ သူမအား တချို့သော စွမ်းအင်များသည် ထိန်းချုပ်ထားပုံပေါ်၏။ သို့ပေမဲ့ သူမသည်
တစ်ခါတစ်ရံတွင် သတိဝင်လျက်ရှိနေပြီး သူ့အား လှမ်းခေါ်ကာဖြင့် စကားပြောလျက် ရှိနေ၏။
ဟူး ဟူး
ထိုအချိန်မှာပဲ ရောင်မုန့်ယဉ်သည် သူမ၏ လက်များကို ဖြန့်ကျက်လိုက်၏။ ခန္ဓာကိုယ်ထဲမှ နတ်ဆိုးချီများ
ထွက်ပေါ်လာပြီးသည့်နောက် ဂိုဏ်းချုပ်၊ လီချင်းယန်နှင့် တခြားသောသူများအားလုံးကို
လွှမ်းခြုံသွားသည်။ “သွားကြရအောင်”
ဝှစ်
သူမသည် အားလုံးသောသူများအား ဆွဲယူပြီးနောက် ဂိတ်တံခါးထဲတွင် ရှိနေသော လေဝဲထဲသို့
ဝင်ရောက်သွား၏။
ယုစီနန်သည် သူတို့၏ လိုက်ပါမသွားခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည်
နတ်ဆိုးကျင့်ကြံသူတစ်ယောက် မဟုတ်သည့်အပြင် အထဲတွင်ရှိနေသော အရာများကို ရှာဖွေရန်လည်း
စိတ်ဝင်စားမှု မရှိချေ။ ထိုအစား သူသည် မေးစေ့ကို ပွတ်သပ်ကာဖြင့် ပြောလိုက်မိသည်။
“စောနက ကောင်မလေးက တခြားသော နတ်ဆိုးကျင့်ကြံသူတွေနဲ့ နည်းနည်းခြားနားနေတယ်လို့
ငါခံစားနေမိတယ်”