အခန်း (၁၄၆၁)
Vol. 98 Ch. 1461
ကြီးမားလှသည့် သံမဏိဂိတ်တံခါးကြီးသည် မီးဘောလုံးကဲ့သို့ ထွန်းတောက်လျက်ရှိနေပြီး နတ်ဆိုးကျင့်ကြံသူများ ကို အထဲသို့ဝင်ရောက်ရန် ဆွဲဆောင်နေ၏။ ၎င်းတို့အတွက် ရာစုနှစ်တစ်ခုနေမှ တွေ့ရသည့် အခွင့်အရေးပင် ဖြစ်သည်။ ထို့အတွက် ၎င်းတို့၏ အသက်ကို စွန့်စားရမည်ဆိုလျှင်တောင်မှ ကြောက်ရွံ့ကြလိမ့်မည် မဟုတ်ချေ။
ယုစီနန်သည် လေထုထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ပိုးဖလံများ မီးကိုတိုးသကဲ့သို့ ဝင်ရောက်လျက် ရှိနေကြသော နတ်ဆိုးကျင့်ကြံသူများကို ကြည့်ရှုလျက် ရှိနေသည်။ သူသည် မနေနိုင်ပဲ ရေရွတ်လျက် ရှိနေ၏။ "လောကမှာ ထိန်းချုပ်နိုင်ဖို့ အခက်ခဲဆုံးအရာက လောဘတရားပဲ"
ဟုတ်ပေသည်။ နတ်ဆိုးဂိတ်တံခါးသည် အကြိမ်ပေါင်းများစွာ ဖွင့်လှစ်ခဲ့၏။ သို့ပေမဲ့ မည်သူမှ ထိုအထဲမှ အမွေအနှစ်များကို မရရှိခဲ့ကြချေ။ သို့ပေမဲ့ များပြားလှသော ကျင့်ကြံသူများကိုတော့ ဆွဲဆောင်လျက် ရှိနေသေးသည်။ ဤအရာသည် လောဘတရား၏ ကြောက်မက်ဖွယ်အရာပင် ဖြစ်သည်။
ဆွစ် ဆွစ်
ထိုအချိန်မှာတော့ အဝေးတစ်နေရာဆီမှ အလင်းတန်း တစ်ဒါဇင်ကျော်တို့သည် ပျံသန်းသွားပြီးနောက် လေပွေကဲ့သို့ ဖြစ်တည်နေသည့် သံမဏိဂိတ်တံခါးအတွင်းသို့ အမြန်ဆုံးနှုန်းဖြင့် ဝင်ရောက်သွားခဲ့ကြသည်။
ယုစီနန်က တွေးလိုက်၏။ အသုဘခန်းဆောင်က အဆင့်မြှင့်အကြီးအကဲတွေကို ထပ်ပြီးတော့ စေလွှတ်လိုက်တာများလား။
ဝှစ် ဝှစ်
နောက်မိနစ်အနည်းငယ်ကြာပြီးနောက် နတ်ဆိုးကျင့်ကြံသူ တစ်သိန်းကျော်တို့သည် တည်နေရာအနှံ့ဆီမှ ပျံသန်းလာကြ၏။ ၎င်းတို့သည် ဆန်းကြယ်လှသော နတ်ဆိုးအော်ရာများ ထွက်ပေါ်လျက်ရှိနေသည့် သံမဏိဂိတ်တံခါးကြီးဆီသို့ တစ်ဖြည်းဖြည်း တိုးဝင်သွားကြသည်။
ထိုအချိန်မှာပဲ သံမဏိဂိတ်တံခါးကြီးဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။ "ငါ့ရဲ့ ရတနာတွေအကုန်လုံးကို ကံကြမ္မာရေစက်ရှိတဲ့ လူသာလျှင် ရရှိနိုင်လိမ့်မယ်"
အေးစက်ပြီး ခက်ထန်လွန်းလှသော အသံပိုင်ရှင်ပင် ဖြစ်၏။ ထိုစကားသံသည် လက်ရှိတည်ရှိနေသော သိုင်းကျင့်ကြံသူများ၏ နှလုံးသားများကိုပင် ရိုက်ခတ်သွားစေသည်။
ယုစီနန်သည် တွေးလိုက်မိ၏။ "နတ်ဆိုးဘုရင်က အရင်တုန်းကဘယ်လောက်တောင် အားကောင်းခဲ့တာလဲ"
ဤအသံသည် အထက်နယ်မြေတစ်ခုလုံးကို ပျံနှံ့လျက်ရှိ၏။ ကြီးမြတ်သူတုံးကုနှင့် မာဆာတို ကီတာနိုတို့သည် လက်ရှိအချိန်၌ ဤနေရာတွင် မရှိကြချေ။ သို့ပေမဲ့ ၎င်းတို့နှစ်ယောက်သည် ထူးဆန်းသည့် ခံစားချက်များကို ရရှိနေကြ၏။ အကြိမ်တိုင်း အကြိမ်တိုင်း ထိုအသံကို ကြားဖူးနေသော်လည်း မတူညီသည့် အဓိပ္ပာယ်များ ပါဝင်နေသည်ဟု ခံစားနေမိသည်။
"လွန်ခဲ့တဲ့နှစ်တစ်သိန်းကျော်က စည်းခတ်ခဲ့တဲ့ ဒီစကားစုကတောင်မှ နက်နဲတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေတယ်။ ဒီလူရဲ့ အားအင်အဆင့်က ဘယ်လောက်တောင် အားကောင်းလိုက်မလဲ"
သူတို့ ရောင်ရင်းနှစ်ယောက်တို့သည် အချိန်အတော်အကြာ ထိပ်ဆုံးတည်နေရာ၌ ပိတ်မိနေကြ၏။ ထို့ကြောင့်စိတ်လည်းတည်ငြိမ်နေကြပြီ ဖြစ်၏။ ဘာတစ်ခုမှ လုပ်စရာမရှိသည့် အတောအတွင်း စစ်တုရင်ကစားရင်း နောင်တတရားကင်းမဲ့စွာဖြင့် နေထိုင်သွားကြဖို့ စီစဉ်ထားခဲ့ကြ၏။
ဆွစ် ….။
ဝှစ် …..။
နတ်ဆိုးအော်ရာများ ထွက်ပေါ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းနှင့် အခြားသူများသည် လေထုထဲသို့ ရောက်ရှိလာကြ၏။ သူတို့သည် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့် အချိန်မှာတော့ မှောင်မဲလှသည့် တည်နေရာကြီးတစ်ခုအတွင်းသို့ ရောက်ရှိနေကြောင်း သိလိုက်ရသည်။
"ဂိုဏ်းချုပ်"
ရောင်မုန့်ယဉ် က ပြောလိုက်၏။ "ကျွန်မတို့ ရောက်ပြီ"
ကျွင်းချောင်ရှောင်းသည် စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်၏။ ပြီးနောက် သူနှင့်သူ့တပည့်များသည် ခြောက်ကပ်လျက်ရှိနေသော သဲကန္တာရအတွင်းသို့ ရောက်ရှိနေကြောင်းကို သိလိုက်ရသည်။
ကောင်းကင်ယံထက်တွင်တော့ လခြမ်းပုံတစ်ခု တည်ရှိနေပြီး ထိုလခြမ်းပုံဏ္ဍာန်သည် ရောင်မုန့်ယဉ် ၏ နှဖူးပေါ်ရှိ အမှတ်သားနှင့် ဆင်တူနေ၏။
"နည်းနည်း အေးလာပြီ"
စုရှောင်မိုသည် လက်ကိုပိုက်ထားလိုက်၏။ ဤကဲ့သို့သော အအေးဓာတ်မျိုးသည် လုချင်းချင်းထံမှရသော အအေးဓာတ်မျိုးနှင့် မတူလှချေ။ လက်ရှိဖြစ်တည်နေသည့် အအေးဓာတ်မျိုးမှာတော့ တစ်စုံတစ်ယောက်၏ ဝိညာဉ်အတွင်းမှ ဖြစ်တည်လာသော အအေးဓာတ်မျိုး ဖြစ်သည်။
ပတ်ဝန်းကျင်တည်နေရာ တစ်ခုလုံးမှာလည်း နတ်ဆိုးချီများနှင့် ပြည့်နှက်လျက် ရှိနေ၏။ နတ်ဆိုးချီများသည် ခြောက်သွေ့သော သဲကန္တာရအတွင်း တည်ရှိနေသည်ဆိုသော်လည်း နတ်ဆိုးမြူများကဲ့သို့ သက်ရောက်မှု မျိုးတော့ မရှိချေ။ အားလုံးသည် မသက်မသာ ခံစားနေရသော်လည်း ခုခံနိုင်စွမ်းတော့ ရှိနေသေး၏။
ဆွစ် ဆွစ်
ကျွင်းချောင်ရှောင်းတို့ ဝင်ရောက်သွားပြီး မကြာခင်မှာပဲ နတ်ဆိုးကျင့်ကြံသူများသည် တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာကြ၏။
ကုကျောင်းရှစ်သည် ပြောလိုက်သည်။ "အခု ဘယ်နေရာကို စပြီးတော့ သွားကြမလဲ"
"…….."
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ "ဒီကိစ္စကို မေးရမှာက ငါလေ"
ကုကျောင်းရှစ်သည် ခေါင်းကိုကုတ်ကာဖြင့် ပြောလိုက်သည်။ "ဒါက ကျုပ်ပထမဆုံးရောက်ဖူးတဲ့ နေရာပဲ"
နတ်ဆိုးရေစက်နယ်မြေသည် နတ်ဆိုးအင်ပါယာမှ နတ်ဆိုးကျင့်ကြံသူများအတွက် ချန်ထားခဲ့သော အရာပင် ဖြစ်၏။ ထို့ကြောင့် သာမန်ကျငိ့ကြံသူများ အနေဖြင့် ဤတည်နေရာသို့ လာရောက်ကာ မိမိအသက်ကို အဆုံးရှုံးခံ၍ ပျော်ပျော်ပါးပါး ပျော်ပွဲစား ထွက်ကြလိမ့်မည် မဟုတ်ချေ။
ပြောရမည်ဆိုလျှင် ဤထဲသို့ ဝင်ရောက်လာကြသော နတ်ဆိုးကျင့်ကြံသူများသည် သူတို့၏ အိမ်စာကို ကောင်းကောင်းပြုလုပ်ထားခဲ့ကြ၏။ ထို့ကြောင့် ဤထဲသို့ဝင်၍ မည်သည့်နေရာတွင် မည်ကဲ့သို့ ပြုလုပ်ရမည်ကို ကြိုတင်ကာ စဉ်းစားထားကြ၏။
သို့ပေမဲ့ အခြားတစ်ဖက်တွင် ရှိနေသော ကျွင်းချောင်ရှောင်းနှင့် အခြားသောသူများမှာတော့ ဤတည်နေရာသို့ ပထမဆုံးအနေဖြင့် ရောက်ရှိလာကြခြင်း ဖြစ်၏။ ထို့ကြောင့် ၎င်းတို့အခြေအနေသည် မည်သည့်နေရာသို့ သွားရမည်နည်း၊ ဘာလုပ်ရမည်နည်းကို သေသေချာချာမသိ ဖြစ်နေကြခြင်းပင်။
"ဟေ့"
ကုကျောင်းရှစ်သည် အမဲရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အကြီးအကဲကို အသံမြှင့်ကာ မေးလိုက်၏။ "ခင်ဗျားသိလား"
အသုဘခန်းဆောင်မှ လူသည် မည်သည့်စကားကိုမှ မဆိုချေ။ ရိုက်နှက်ထိုးကြိတ်ခြင်း ခံထားရသော ထိုသူသည် လက်ရှိအချိန်တွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရထား၏။ ထို့အပြင် သိရှိသည်ဆိုလျှင်တောင်မှ ပြောနိုင်လိမ့်မည် မဟုတ်ချေ။
"အစ်ကိုကြီး"
တစ်ဖက်လူ စကားမပြောသည်ကို မြင်ရသည့် အချိန်မှာတော့ ကုေ"ဒီလူက အရှုပ်ထုတ်တစ်ယောက်ပဲ။ ဒီတော့ သူ့ကို တစ်ခါတည်း သတ်လိုက်ရ ကောင်းမလား"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "သူက အသုံးဝင်ပါသေးတယ်"
ကုကျောင်းရှစ်သည် သူ၏နဖူးကို လက်ဖြင့်ပိတ်ရိုက်ကာ ပြောလိုက်၏။ "ဟုတ်သားပဲ။ အသုဘခန်းဆောင်က လူတွေကို ငွေနဲ့လာရွေးဖို့ အသုံးပြုနိုင်တာပဲ"
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ သူ၏ ညီငယ်လေး မျက်လုံးထဲတွင် သူသည် ငွေညစ်ရန်သာ ကြိုးစားတတ်သည့် လူတစ်ယောက် ဖြစ်နေသည်လား။
စနစ်က ပြောလိုက်သည်။ "တခြားကော ဘာလုပ်တတ်သေးလို့လဲ"
ဒဏ်ရာရရှိသည့် လူကိုခေါ်ဆောင်လာခြင်းသည် ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း သည် ထိုသူအား လက်တစ်ဖက်ဝေ့ယမ်းကာဖြင့် ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ပို့ဆောင်လိုက်တော့၏။
"ဒူဒူ"
အားရာသည် အော်ဟစ်လိုက်သည်။ "ဧည့်သည်ရောက်လာပြီ"
နတ်ဆိုးရေစက်နယ်မြေ၏ အကျယ်အဝန်းသည် တိုင်းတာရန်အတွက် ခက်ခဲလှ၏။ သို့ပေမဲ့ နတ်ဆိုးကျင့်ကြံသူ တစ်သိန်းကျော်တို့သည် ဤနေရာတွင် စုဝေးလာကြသည်ဆိုသော်လည်း လူများပြည့်ကျပ်နေသည့် အခြေအနေမျိုးတော့ မရှိချေ။ လွတ်လပ်သည့် တည်နေရာကြီးသည် အမှန်ပင် ကြီးမားလှကြောင်း ဝန်ခံရပေမည်။
ဝင်ရောက်ပြီးနောက် မည်သူမျှလျှောက်ကာ မသွားခဲ့ကြချေ။ ၎င်းတို့သည် အစစ်အမှန် ယုံကြည်သူများကဲ့သို့ ငြိမ်သက်ကာ တည်ရှိနေကြသည်။
"ဂိုဏ်းချုပ် ဘာဆက်လုပ်ကြမလဲ"
"သူတို့နောက်ကို လိုက်သွားကြမယ်လေ"
ကျွင်းချောင်ရှောင်းနှင့် အခြားသော သူများသည် သူတို့နောက်သို့သွားကာ အခြားသူများ ပြုလုပ်သည့်အတိုင်း လက်အုပ်ချီကာ လမ်းလျှောက်လျက် ရှိနေကြသည်။ တစ်နာရီလောက်ကြာပြီးနောက် နက်မှောင်လှသည့် တည်နေရာတစ်ခုလုံးသည် တုန်ခါလာခဲ့၏။ ပြီးနောက် အဝေးတစ်နေရာရှိ တည်နေရာမြင့်မြင့်တစ်ခုတွင် သံမဏိကျောက်တံခါးကြီးဆယ်ချပ်တို့သည် ပေါ်ပေါက်လာခဲ့တော့၏။
၎င်းတို့သည် စီစီရီရီနှင့် တည်ရှိနေကြပြီး အလွန်နက်နဲလှသည့် အဓိပ္ပာယ်များလည်း ပါဝင်နေသည့် ပုံပေါက်သည်။
"ရောက်လာပြီ။ ရောက်လာပြီ"
တစ်စုံတစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "နတ်ဆိုးဘိုးဘေးကြီး ချန်ထားခဲ့တဲ့ အမွေအနှစ်တံခါးတွေက ပေါ်ပေါက်လာခဲ့ပြီပဲ"
ဤတည်နေရာတွင် စုဝေးလျက်ရှိနေကြသော နတ်ဆိုးကျင့်ကြံသူ တစ်သိန်းကျော်တို့၏ မျက်လုံးများသည် လောဘတရားများနှင့် တောက်လောင်လာခဲ့သည်။ တစ်ချို့ဆိုလျှင် ကျောက်တံခါးကြီးဆီသို့ လှမ်းကာ လျှောက်လိုက်ကြ၏။ လူများသည် အလွန်များပြားလွန်းလှ၏။ သို့ပေမဲ့ ကျောက်တံခါးကြီးများမှာ ဆယ်ခုသာ ရှိ၏။ အားလုံးသော သူများသည် အရှိန်အဟုန်နှင့် တိုးဝင်ကြသည်။
ထို့ကြောင့် ရှုပ်ထွေးလှသည့် ထိတိုက်မှုများ ဖြစ်လာခဲ့ပြီး တိုက်ခိုက်ပွဲများလည်း ဖြစ်လာခဲ့၏။ "ငါမဝင်ရရင် မင်းလည်း မဝင်ရဘူး။ ငါ့ကိုတားရဲတဲ့ ဘယ်သူမဆို သေမယ်ကွ။ ညီနောင်တို့ လာဝင်မယ်"
ဘုန်း ဘုန်း ဘုန်း …..။
ချက်ချင်းပဲ ဖျက်စီး၍မရသော ကျောက်တံခါးကြီး၏ ရှေ့တွင် များပြားလှသော သိုင်းကျင့်ကြံသူများ၏ တိုက်ပွဲသည် ဖြစ်တည်လာခဲ့သည်။
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားခဲ့မိ၏။ "သူတို့ဒီလိုပဲ တိုက်ခိုက်နေကြတာလား"
"ဂိုဏ်းချုပ်"
ရောင်မုန့်ယဉ် က ပြောလိုက်သည်။ "အဲကျောက်တံခါးကြီးရဲ့ နောက်မှာ အမွေအနှစ် တစ်ချို့ရှိမယ်လို့ ခံစားမိနေတယ်။ အထဲကိုဝင်ရင်ကောင်းမလား"
"ငါတို့ သွားရမယ်။ ဒါပေမဲ့ …."
ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို လက်ဖြင့် ပွတ်သပ်ကာ ပြောလိုက်၏။ "ဒီကျောက်တံခါးကြီး ဆယ်ခုအတွင်းမှာ အမွေအနှစ်တွေ တည်ရှိနေလိမ့်မယ်လို့တော့ ငါမထင်ဘူး။ ဆယ်ခုလုံးက တည်နေရာ ဝင်ပေါက်တွေလို့ မထင်ဘူး။ ကိုးခုက ထောင်ချောက်တွေ ဖြစ်နိုင်တယ်"
ကုကျောင်းရှစ်သည် အဝေးတစ်တစ်နေရာရှိ သိုင်းကျင့်ကြံသူများကို လက်ညိုးညွှန်ပြကာ ပြောလိုက်သည်။ "သူတို့က မလှုပ်ရှားသေးဘူးလေ။ ဘယ်ထဲကို ဝင်ရမလဲဆိုတာ စဉ်းစားနေတာပဲ ဖြစ်ရမယ်"
"တော်ကြစမ်း"
ထိုအချိန်မှာပဲ နားကွဲလောက်စရာ အသံကြီးတစ်ခုသည် ပေါ်ပေါက်လာ၏။
တိုက်ခိုက်လျက်ရှိနေသော နတ်ဆိုးကျင့်ကြံသူများ အားလုံးသည် ထိုကဲ့သို့ ပြောဆိုသည့်လူကို လှမ်း၍ကြည့်ရှုလိုက်သည့် အချိန်မှာတော့ မျက်နှာပေါ်တွင် ကြီးမားလှသည့် အမာရွတ်ကြီးရှိနေသည့် လူဖြစ်ကြောင်း သိရှိလိုက်ရသည်။
၎င်းတို့အားလုံးသည် အလျင်အမြန်ပဲ လမ်းဖယ်ပေးလိုက်ကြ၏။ ထိုသူသည် မည်သူမျှ သွားရောက်၍ ရန်ပြုလို့မရနိုင်သည့် စွမ်းအားမြှင့်ကျင့်ကြံသူတစ်ယောက်ပင် ဖြစ်၏။
မျက်နှာအမာရွတ်နှင့်လူသည် သူ၏နောက်လိုက်များကို ခေါ်ဆောင်ကာ ဒုတိယတံခါးဆီသို့ သွားလိုက်၏။ ပြီးနောက် အေးစက်စက်ဖြင့် ပြောလိုက်သည်။ "တံခါးက ပျောက်သွားမှာ မဟုတ်ဘူး။ ဘယ်လိုဖြစ်ပြီးတော့ လုနေရတာလဲ"
အားလုံးသောသူများ၏ စိတ်ထဲတွင်တော့ ပြောလျက်ရှိ၏။ တံခါးကတော့ ပျောက်မသွားဘူး။ ဒါပေမဲ့ ပထမဆုံးဝင်တဲ့လူက အမွေအနှစ်တွေကို ရသွားရင် ဘယ်လိုလုပ်မလဲ။
ဆွစ် …။
အမာရွတ်နှင့်လူသည် ၎င်း၏နောက်လိုက်များကို ခေါ်ဆောင်ကာ ဝင်ရောက်သွားခဲ့၏။ တစ်ချိန်တည်းမှာပဲ အမဲရောင်ဝတ်စုံ လူတစ်စုနှင့် စွမ်းအားမြင့်ကျင့်ကြံသူများကလည်း ကျောက်တံခါးများကို ရွေးချယ်ကာဖြင့် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြ၏။ မကြာမီအချိန်မှာပဲ လူများသည် တံခါးဆယ်ချပ်အတွင်းသို့ ဝင်ရောက်နေကြပြီ ဖြစ်သည်။
အထဲတွင် ထောင်ချောက်များ တည်ရှိနေနိုင်၏။ သို့ပေမဲ့ အခွင့်အရေးဟူသည့် ဆွဲဆောင်မှုအောက်တွင်တော့ အားလုံးသောသူများသည် ဓားတောင်ကိုဖြစ်ဖြစ် မီးပင်လယ်ကိုဖြစ်ဖြစ် ဖြတ်သန်းသွားကြမှာ ဖြစ်၏။
များပြားလှသော နတ်ဆိုးကျင့်ကြံသူများသည် ဝင်ရောက်သွားကြပြီ ဖြစ်ပြီး အခြားသော နတ်ဆိုးကျင့်ကြံသူများ သည်လည်း စီစီရီရီဖြင့် အထဲသို့ဝင်ရောက်ကြသည်။
"ဂိုဏ်းချုပ်"
ရောင်မုန့်ယဉ် ပြောလိုက်၏။ "ဘယ်တံခါးကို ရွေးချယ်မှာလဲ"
အခြားသူများသည် ဝင်ရောက်သွားကြပြီ ဖြစ်၏။ ထို့ကြောင့် သူမသည် အနည်းငယ် အလောတကြီး ဖြစ်လာခဲ့၏။ ကျွင်းချောက်ရှောင်းမှာတော့ အလျင်မလိုချေ။
ထိုအစား သူ၏သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော သံလိုက်အိမ်မြောင်ကို ထုတ်ယူလိုက်၏။ ပြီးနောက် တွေးလိုက်မိ၏။ ဒီရတနာရှာတဲ့ ပစ္စည်းက ဒီမှာသုံးလို့ရနိုင်မလား မသိဘူး။
စနစ်က ပြောလိုက်သည် "မင်းက အရင်အင်ပါယာကို သတ်တဲ့ဓားနဲ့ နောက်အင်ပါယာကို သတ်ဖို့ ကြိုးစားနေတာပဲ။ ဖြစ်မှ မဖြစ်နိုင်တာ"
ဒွီ …..။
ထိုအချိန်မှာပဲ သူ၏စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းပြီးနောက် သံလိုက်အိမ်မြောင်သည် အလင်းတန်းများ တောက်လာခဲ့၏။ ပြီးသည့်နောက် ချာချာလည်ကာ တည်နေရာတစ်ခုဆီသို့ ညွှန်ပြရင်း ရပ်တန့်သွား၏။
"ထင်ထားတဲ့ အတိုင်းပဲကို"
ကျွင်းချောင်ရှောင်းက ပျော်ရွှင်စွာ ပြောလိုက်၏။ "ဒါက အသုံးဝင်သေးတာပဲ"
"......."
စနစ်သည် ဝင်ကာ ရှင်းပြလိုက်သည်။ "အရင်အင်ပါယာပဲ ဖြစ်ဖြစ် နောက်အင်ပါယာပဲ ဖြစ်ဖြစ် ဓားကထက်မယ်ဆိုရင် သတ်လို့ရတာပဲ"
ဟမ် ….။
သံလိုက်အိမ်မြှောင်မှ ပြသနေသည့် နေရာသည် ကျောက်တံခါးဆယ်ချပ်၏ တည်နေရာမဟုတ်ဘဲ အခြားတစ်ဖက်ဖြစ်နေသည်ကို မြင်ရချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။ "ဟိုဘက်ထဲမှာရှိတဲ့ အရာတွေအကုန်လုံးက ထောင်ချောက်တွေပဲ ဖြစ်မယ်"