← Chapters

အခန်း (၁၄၆၂)

Vol. 98 Ch. 1462

အခန်း (၁၄၆၂)

Vol. 98 Ch. 1462

အောက်နယ်မြေတွင် ရတနာရှာသော ပစ္စည်းသည် အထက်နယ်မြေတွင် အသုံးပြုလို့ ရနေသည်ကို သိရှိပြီးနောက် ကျွင်းချောင်ရှောင်းသည် အမှန်ပင် အံ့အားသင့်လျက် ရှိနေမိ၏။ သူအားပိုမို၍ အံ့အားသင့်စေသည်မှာ ထိုရတနာရှာသည့်ပစ္စည်း ညွှန်ပြနေသည်မှာ ကျောက်တံခါးဆယ်ချပ်မဟုတ်ဘဲ အခြားသောတစ်ဖက်ဖြစ်နေခြင်းပင်။ ဆိုလိုသည်မှာ ဤတံခါးဆယ်ချပ်တွင် မည်သည့်ရတနာပစ္စည်းမှ မရှိချေ။

ထိုသို့ဆိုလျှင် အဘယ့်ကြောင့် ကျောက်တံခါးဆယ်ချပ်ကို ထားရှိရသနည်း။ နတ်ဆိုးဘိုးဘေးသည် လူများကို လှည့်စားချင်သောကြောင့် ဤကျောက်တံခါးများကို ထားရှိရခြင်းပင် ဖြစ်လိမ့်မည်။

"ထင်ထားတဲ့ အတိုင်းပဲကို"

ကျွင်းချောင်ရှောင်းက တွေးလိုက်၏။ "လောကကြီးမှာရှိတဲ့ စွမ်းအားမြင့်ကျင့်ကြံသူတွေက နားလည်ဖို့ တစ်ကယ်ခက်ခဲတာပဲ"

"ဒါက သာမန်ပဲလေ"

စနစ်က ပြောလိုက်၏။ "လွယ်လွယ်ကူကူနဲ့ ရှာဖွေတွေ့ရှိပြီ ဆိုမှတော့ ရတနာရှာတယ်လို့ ဘယ်ခေါ်တော့မလဲ။ ဈေးထဲဝင်ပြီး ဂေါ်ဖီထုပ်ဝယ်တာနဲ့ တူနေမှာပေါ့။ နောက်ပိုင်း လူငယ်မျိုးဆက်တွေ အနေနဲ့ အမွေအနှစ်တွေကို ရယူမယ်ဆိုရင် ကြီးမားတဲ့ ပေးဆပ်မှုတွေ ပေးဆပ်ရမှာ သေချာတယ်။ ဥပမာအားဖြင့် လက်ခံသူသာ ကိုယ့်ကိုကိုယ် သေတော့မယ်လို့ထင်ရင် ကိုယ့်ဆီမှာရှိတဲ့ သိုင်းပညာအရင်းအမြစ်တွေ အကုန်လုံးကို ရှုပ်ထွေးလှတဲ့ ပုံစံမျိုးနဲ့ နောက်လူတွေ ရှာရခက်အောင် ထားခဲ့မှာပဲ မဟုတ်လား"

"မင်းက ငါ့ကိုသေစေချင်နေပြီလား"

"နှိုင်းယှဉ်ပြောပြတာပါ"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ငါသာဆိုရင် အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ ပုံပန်းသွင်ပြင်မျိုးနဲ့ ထားခဲ့မှာသေချာတယ်။ နည်းလမ်းအဟောင်းကြီးနဲ့ ထားထားမှာ မဟုတ်ဘူး။ နောက်လူတွေ ရွေးချယ်ခွင့်ရအောင် ဆန်းသစ်တဲ့ ပုံပန်းသွင်ပြင်တွေနဲ့ ဖန်တီးထားခဲ့မယ်။"

သူ့အနေဖြင့် စနစ်နှင့် ပြောဆိုနေကြသည်ဆိုသော်လည်း အပြင်ဖက်တွင်လည်း အလကားမနေချေ။ ရတနာရှာသည့် ပစ္စည်းကို သေသေချာချာကြည့်ရှုပြီးနောက် အခြားတစ်ဖက်ဆီသို့ တပည့်သွားကို ခေါ်ဆောင်သွားသည်။

"ဂိုဏ်းချုပ်"

ရောင်မုန့်ယဉ် သည် ဇဝေဇဝါနှင့် ဖြစ်မိနေ၏။ ထို့ကြောင့် မေးလိုက်၏။ "ဘယ်သွားမလို့လဲ"

"စကား မပြောနဲ့"

ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ "ငါ နောက်လိုက်ခဲ့"

ရောင်မုန့်ယဉ် သည် သူမ၏ ပါးစပ်ကို ပိတ်လိုက်၏။ သူမ၏နှလုံးသားထဲတွင် မေးခွန်းပေါင်း တစ်သောင်းကျော် တည်ရှိနေသည်ဆိုသော်လည်း ထုတ်ကာမမေးရဲကြချေ။ လီချင်းယန်နှင့် အခြားသောသူများသည် နတ်ဆိုးကျင့်ကြံသူများ မဟုတ်ကြချေ။ ထို့ကြောင့် သူသို့၏ စိတ်ဝိညာဉ်သည် သာမန်သာ ဖြစ်ကြ၏။ ဂိုဏ်းချုပ် ဘယ်သွားသွား သူတို့သည် နောက်မှလိုက်မည် ဖြစ်၏။

"အစ်ကိုကြီး"

ကုကျောင်းရှစ်သည် ရတနာရှာသည့် ပစ္စည်းကို ကြည့်ကာပြောလိုက်သည်။ "ဒါဘာကြီးလဲ"

"ရတနာရှာတဲ့ဟာလေ"

ကျွင်းချောင်ရှောင်းက ပြန်ဖြေလိုက်၏။ "ဆရာငါ့ကို ပေးထားတာ"

ကုကျောင်းရှစ်သည် မနာလိုစွာဖြင့် ကြည့်လိုက်မိ၏။ သူသည် အထက်နယ်မြေတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့၏။ သို့ပေမဲ့ သူ့ကိုယ့်သူသာလျှင် ကြိုးစားခဲ့ရ၏။ မည်သည့် ဆရာမှသူ့အား လာရောက်မကူညီခဲ့ချေ။

"အစ်ကိုကြီး ကျုပ်နည်းနည်းတော့ မနာလိုဖြစ်မိနေပြီ"

ရတနာရှာသည့် ပစ္စည်းပေါ်မှ သံလိုက်အိမ်မြောင်တံ ညွှန်ပြရာနေရာသည် အနောက်မြောက်ဘက် ဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များကို ထိုတည်နေရာဆီသို့ ခေါ်သွားခဲ့၏။ ခနလောက်ကြာပြီးနောက် တလက်လက်တောက်ပနေသည့် အလင်းတန်းများသည် ပိုမိုကာ အားကောင်း လာခဲ့၏။ ထို့ကြောင့် ရတနာပစ္စည်းနှင့် ပို၍နည်းကပ်လာသည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်၏။

"မှန်လိုက်တာ။ ဒါက တဖြည်းဖြည်းနဲ့ နည်းကပ်လာပြီ။ ဒါပေမဲ့ ဘာလို့ဘာမှ မရှိရတာလဲ"

ကျွင်းချောင်ရှောင်းသည် သဲကန္တာရလို တည်နေရာကြီးထဲတွင် တည်ရှိနေ၏။ အနားတွင် မည်သည့်မှ မရှိချေ။ အလင်းနှင့် နတ်ဆိုးချီ အနည်းငယ်သာ တည်ရှိသည်။

ဒွီ

ခြေလှမ်းအနည်းငယ်လောက် သွားပြီးနောက် မမြင်ရသည့် အတားအဆီးတစ်ခုနှင့် ထိတိုက်မိသွားသည်။ တည်နေရာကြီးတစ်ခုလုံးသည် လှုပ်ရှားသွားခဲ့သည်။

ဆွစ် ဆွစ်

ရုတ်တရက် ကြီးမားလှသော ကျောက်တံခါးကြီးသည် သူတို့၏ ရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။ အလွန်တရာ အားကောင်းလှသော နတ်ဆိုးချီများသည် ထိုတံခါးဆီမှ ထွက်ပေါ်လျက်ရှိပြီး လီချင်းယန်နှင့် အခြားသောသူများကို ကြက်သီးပင်ထသွားမိ၏။

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုငုံ့ကာဖြင့် သံလိုက်အိမ်မြောင်ကို ကြည့်ရှုလိုက်သည်။ သံလိုက်အိမ်မြောင်မှ အလင်းတန်းများ ပိုမိုလင်းလက်လာသည်ကို မြင်ရသည့် အချိန်မှာတော့ သူသည် ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ "ဒီထဲမှာ ရှိတာပဲ။ သွားကြရအောင်"

အားလုံးသည် အထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြ၏။ ထိုအချိန်မှာပဲ အဝေးတစ်နေရာတွင် တန်းစီလျက် ရှိနေသော နတ်ဆိုးကျင့်ကြံသူများသည် အခြားတစ်ဖက်တွင် ကြီးမားလှသော ကျောက်တံခါးကြီး တစ်ချပ် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရ၏။ ခနလောက် စဉ်းစားပြီးနောက် သူတို့သည် ဤကျောက်တံခါးကြီးဆီသို့ ရောက်ရှိလာကြ၏။

"ထင်ထားတဲ့ အတိုင်းပဲကို"

အမဲရောင်ဝတ်ဆင်ထားသော အဘိုးအိုက ပြောလိုက်သည်။ "ထင်ထားတဲ့ အတိုင်းပဲကို ဒီနေရာမှာ ဖုံးကွယ်ထားတဲ့ တံခါးတစ်ချပ်ရှိနေတာပဲ"

အရင် နတ်ဆိုးတည်နေရာ ဖွင့်လှစ်စဉ်က များပြားလှသော နတ်ဆိုးကျင့်ကြံသူများသည် ဝင်ရောက်ခဲ့ကြ၏။ သို့ပေမဲ့ အနည်းအကျဉ်းကသာ ပြန်လည်ထွက်ခွာလာခဲ့ကြ၏။ သို့ပေမဲ့ ၎င်းတို့သည် အကြိမ်ပေါင်းများစွာ တွေ့ကြုံပြီးနောက် အတွေ့အကြုံများစွာ ရရှိလာပြီ ဖြစ်၏။ တံခါးဆယ်ချပ်သည် အမွေအနှစ်များ တည်ရှိနေမလားဆိုတာ သေသေချာချာ မသိရှိချေ။

ယခု ကျွင်းချောင်ရှောင်းသည် ရတနာရှာသည့် ပစ္စည်းကို အသုံးပြုကာဖြင့် မမြင်ရအောင် ဖုံးကွယ်ထားသော တံခါးတစ်ချပ်ကို အသက်သွင်းနိုင်ခဲ့၏။ များပြားလှသော သူများသည် သံဃယဝင်လာကြတော့၏။

ကျောက်တံခါးကြီး၏ တစ်ဘက်တွင်တော့ ရှည်လျားသည့် လိုဏ်ဂူကြီးတစ်ခု တည်ရှိနေ၏။ လိုဏ်ခေါင်း၏ နံရံများသည် သွေးများဖြင့် စီခြယ်ထားသလို နီရဲနေသည်။

ကျွင်းချောင်ရှောင်းသည် တပည့်များကို ဦးဆောင်ကာဖြင့် အထဲသို့ ဝင်ရောက်လိုက်၏။ သို့ပေမဲ့ အရှေ့ဆီသို့ လှမ်းရောက်လိုက်သည့် အချိန်တိုင်းတွင် သူတို့ဆီသို့ ထူးဆန်းလှသည့် စွမ်းအင်များ လာရောက် တိုက်ခိုက်တော့၏။ ဦးခေါင်းကြီးတစ်ခုလုံးပါ ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။

"အစ်ကိုကြီး"

ကုကျောင်းရှစ်က သတိပေးလိုက်သည်။ "ဒီမှာရှိတဲ့ နတ်ဆိုးချီတွေက စိတ်ကို သက်ရောက်စေနိုင်တယ်။ အမှုမဲ့အမှတ်မဲ့ မနေနဲ့"

ဆွစ်

ပြောပြီးပြီးခြင်းမှာပဲ သူ၏ စိတ်သည် ဝေဝါးသွား၏။ သတိပြန်လည်လာသည့် အချိန်တွင် ငှက်များတေးဆိုလျက်ရှိနေသော ထူးခြားလှသည့် တောအုပ်အတွင်းသို့ ရောက်ရှိနေကြောင်းကို သိရှိလိုက်ရ၏။

"ဘာတွေဖြစ်နေတာလဲ။ ဒါက အိမ်မက်တစ်ခုလို ခံစားနေရတယ်"

အနားတွင် လီချင်းယန်နှင့် အခြားသောသူများလည်း တည်ရှိနေ၏။ သူတို့သည်လည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုရင်း ဇဝေဇဝါ ဖြစ်မိနေကြသည်။

"နေအုံး … ဂိုဏ်းချုပ်နဲ့ ဂျူနီယာညီမလေး ဘယ်ရောက်သွားလဲ"

အားလုံးသော သူများသည် ဤတောအုပ်ထဲတွင် တည်ရှိနေ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း နှင့် ရောင်မုန့်ယဉ် မှာတော့ ဤတည်နေရာတွင် မရှိချေ။

"စိတ်မပူနဲ့"

ကုကျောင်းရှစ်သည် ခနလောက်မျက်လုံးမှိတ်ကာ အာရုံခံပြီး ပြောလိုက်သည်။ "ဒါက အစစ်အမှန်မဟုတ်ဘူး။ အိမ်မက်မက်နေတာ"

"အိမ်မက်မက်နေတာ ဟုတ်လား" အားလုံးသောသူများသည် ကြောင်အသွားမိ၏။

ကုကျောင်းရှစ်သည် ပြောလိုက်သည်။ "ခုနတုန်းက နတ်ဆိုးချီတွေက ငါတို့ကို သက်ရောက်စေတာ။ ပြီးတော့ ပုံရိပ်ယောင် တည်နေရာတစ်ခုဆီကို ခေါ်ဆောင်လာခဲ့တာ။ ဂိုဏ်းချုပ်နဲ့ ကလေးမကတော့ လိုက်မဝင်လာခဲ့ဘူး။ သူတို့က စွမ်းအင်တွေကို ဖြေရှင်းနိုင်လို့ နေလိမ့်မယ်"

ဘုန်း

ရုတ်တရက် ရီရှင်းချန်သည် စုရှောင်မို၏ ဝမ်းဗိုက်ကို လက်သီးဖြင့်ထိုးကာ ပြောလိုက်၏။ "နာလား"

"မနာဘူး"

"ဒါဆိုရင် တကယ် အိမ်မက်ပဲဟ"

"နေပါအုံး … ဘာလို့ မင်းကိုယ်မင်း မထိုးပဲနဲ့ ငါ့လာထိုးတာလဲ"

"........"

ကုကျောင်းရှစ် ခန့်မှန်းထားသည့် အတိုင်း ၎င်းတို့သည် အိမ်မက် ပုံရိပ်ယောင်တစ်ခုထဲသို့ ကျရောက်သွားခြင်း ဖြစ်၏။ အစစ်အမှန်ခန္ဓာကိုယ်များမှာတော့ သစ်သားရုပ်ထုကြီးများကဲ့သို့ပင် လိုဏ်ခေါင်းထဲ၌ မတ်မတ်ရပ်လျက် ရှိနေကြသည်။

ဟူး ……

ဘေးတစ်ဖက်တွင် မတ်တပ်ရပ်လျက် ရှိနေသော ကျွင်းချောင်ရှောင်းသည် သက်ပြင်းအရှည်ကြီး ချလိုက်၏။ သူသည် နတ်ဆိုးစွမ်းအင်များ၏ နောက်ယှက်မှုကို မခံရချေ။ အဘယ့်ကြောင့်ဆိုသော် ရှောင်ဟော့ နှင့် ရှောင်ရှစ်တို့သည် အတူတကွ အလုပ် လုပ်ဆောင်ပြီးနောက် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော နတ်ဆိုးစွမ်းအင်များကို ဖိနှိပ်ထားသောကြောင့်ပင်။

"ပြီးသွားပြီ။ သူတို့အားလုံးက လှည့်စားခံလိုက်ရပြီပဲ"

ငြိမ်သက်လျက်ရှိနေသော ကုကျောင်းရှစ်၊ လီချင်းယန်နှင့် အခြားသောသူများကို ကြည့်ရှုပြီးနောက် ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းတက်ရန် ပြင်လိုက်၏။ သူသည် ၎င်းတို့၏ လက်ကို ဖမ်းဆွဲကာဖြင့် ရှောင်ဟော့ နှင့် ရှောင်ရှစ် တို့ကို ကူညီဖြေရှင်းခိုင်းရန် ပြင်ဆင်ထား၏။

ထိုအချိန်မှာပဲ ရပ်တန့်လျက်ရှိနေသော ရောင်မုန့်ယဉ် သည် ငိုယိုလျက် ရှိနေသည်ကို တွေ့လိုက်ရသည်။

"ငါ့ရဲ့ချစ်စရာကောင်းတဲ့ တပည့်မလေးကို ဘယ်သူက ငိုအောင်လုပ်ရဲတာလဲ။ ခွင့်လွှတ်ပေးလို့ မရဘူး" ကျွင်းချောင်ရှောငိးသည် ရှေ့ဆီသို့ အသာလှမ်းလျှောက်လိုက်၏။ ပြီးနောက် ရောင်မုန့်ယဉ် ၏ လက်ကောက်ဝတ် နှစ်ဖက်ကို အသာဆွဲယူကာဖြင့် သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော စိတ်ဝိညာဉ်ကောင် နှစ်ကောင်၏ အကူအညီဖြင့် ဖြေရှင်းရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ သူသည် ဦးခေါင်းကြီးတစ်ခုလုံး ပေါ့ပါးသွားကာဖြင့် တည်နေရာမှာတင် တွေတွေကြီး ရပ်တန့်သွားမိ၏။

ခနလောက်ကြာပြီးနောက် သူသည် အိမ်မက်မှ နိုးထလာဟန် တူ၏။ ရုတ်တရက် သူသည် တောက်ပလျက် ရှိနေသော နေလုံးကြီး၏ အောက်တွင် တည်ရှိနေသည်။

သူ၏ဘေးတွင် ပြိုကျပျက်စီးနေသည့် အဆောက်အဦးတစ်ခု တည်ရှိနေပြီး ထိုအဆောက်အဦး၏ ရှေ့မှာတော့ သံမဏိအရိုးဂိုဏ်း ဟူသည့် စာတမ်းကို ရေးထိုးထား၏။

ဘုန်း

ကျွင်းချောင်ရှောင်းသည် မိုးကြိုးပစ်ချလိုက်သလို တည်နေရာကြီးတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် ပြိုကျလျက် ရှိနေသော အဆောက်အအုံကြီးသည် လီချင်းယန် ပြန်လည်ပြင်ဆင်ထားသော ဂိုဏ်း၏ အဓိကဟောခန်းကြီးပင် ဖြစ်သည်။

သူသည် ခေါင်းကို အသာလှည့်၍ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ မြေပြင်တစ်ခုလုံးသည် ပြိုကျပျက်စီးနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း ဖျက်စီးခြင်းကို ခံထားရ၏။ သူ့တပည့်များ၏ အလောင်းများသည်လည်း တည်နေရာအနှံ့တွင် ပျံ့ကြဲလျက် ရှိနေပြီး သွေးများသည်လည်း ချောင်းကဲ့သို့ပင် စီးဆင်းလျက် ရှိနေ၏။

သူ၏နှလုံးသား တစ်ခုလုံးသည် ချွန်ထက်သည့် ဓားသွားဖြင့် ထိုးစိုက်ခြင်း ခံထားရသလို နာကျင်မှုကို ခံစားနေရ၏။ သူ၏မျက်နှာတစ်ခုလုံးသည်လည်း တင်းမာခက်ထန်လျက်ရှိနေသည်။

ကျွင်းချောင်ရှောင်း၏ သွေးများသည် ဆူဝေလျက် ရှိနေ၏။ အဆုံးမဲ့သော ဒေါသတရားများနှင့်အတု သူသည် ဝှက်ဖဲများဖြစ်သော စည်းဓားမော့ အပါအဝင် ကျန်သော ပစ္စည်းများကို ထုတ်ယူကာ တိုက်ခိုက်ချင်နေမိ၏။

လက်ရှိအချိန်မှာတော့ လင်းလက်လျက်ရှိနေသည့် နေလုံးကြီး၏အောက်တွင် ပြိုကျပျက်စီးလျက် ရှိနေသော ဂိုဏ်းတစ်ခု တည်ရှိနေ၏။ လောကကြီးတစ်ခုလုံးသည် အမှောင်ဖုံးနေသကဲ့သို့ပင်။

"လက်ခံသူ … စိတ်ကိုအေးအေးထားပါ"

ထိုအချိန်မှာပဲ စနစ်၏ သတိပေးသံသည် ပေါ်ထွက်လာ၏။ "ဒါက အိမ်မက်တစ်ခုပဲ"

"အိမ်မက် ဟုတ်လား။”

“အိပ်မက်ဆိုးတွေ မက်နေတာပဲ"

စနစ်က ေြ"တိတိကျကျပြောရမယ်ဆိုလျှင် လက်ခံသူက ရောင်မုန့်ယဉ်ရဲ့ အိမ်မက်ထဲကို ရောက်နေတာ"

ဝူး အား … အီး…။

ထိုအချိန်မှာပဲ သူ၏ညာဘက်ခြမ်းဆီမှ အော်ဟစ်ငိုယိုသံများ ထွက်ပေါ်လာ၏။ ပုံမှန်အားဖြင့် တည်ငြိမ်လျက် ရှိနေသော ကျွင်းချောင်းရှောင်းသည် အလျင်အမြန်လှည့်ကာ ကြည့်ရှုလိုက်သည်။

သွေးများကြားထဲတွင် လျိုဝမ်ရှစ်၏ အေရောင်မုန့်ယဉ်ကို မြင်လိုက်၏။ သူမ၏ မျက်ရည်များသည် မိုးများကဲ့သို့ပင် ကျဆင်းလျက်ရှိနေ၏။ "စီနီယာအစ်မ …. ထပါအုန်း။ စီနီယာအစ်မ"

စနစ်သည် သူ့ကို အိမ်မက်ဖြစ်ကြောင်း သတိပေးထားသော်လည်း သူ၏နှလုံးသားတစ်ခုလုံးသည် စူးရှသည့် နာကျင်မှုကို ခံစားလျက်ရှိနေသည်။

ဖောက်

ထိုအချိန်မှာပဲ အမဲရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်သည် ရောင်မုန့်ယဉ် ၏ရှေ့တွင် ရပ်တန့်လိုက်၏။ သူ၏ အသံသည် အေးစက်လျက်ရှိနေ၏။ "ငိုတယ်ဆိုတာ ငကြောက်တွေရဲ့ အပြုအမူတစ်ခုပဲ၊ ငိုတာရပ်ပြီး ငါ့နောက်လိုက်ခဲ့"

"ရှင်က ဘယ်သူလဲ"

"မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ တစ်စုံတစ်ယောက်ပေါ့"

"ကျွန်မ မသွားဘူး။ ဂိုဏ်းချုပ်ကို စောင့်ရအုံးမယ်"

"အဲကောင်က အစောကြီးကတည်းက သေသွားပြီလေ။ ပြိုင်စံရှာဂိုဏ်း တစ်ခုလုံးမှာ အသက်ရှင်ကျန်တဲ့ သူဆိုလို့ မင်းတစ်ယောက်ပဲ ရှိတယ်"

အမဲရောင် ဝတ်စုံနှင့် လူသည် အနည်းငယ်စိတ်မရှည်သလို ဖြစ်မိနေ၏။ ပြီးနောက် သူသည် စွမ်းအင်များကို အသုံးပြုကာဖြင့် ရောင်မုန့်ယဉ်ကို လွှမ်းခြုံလိုက်၏။ သူမ သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ အတင်းခေါ်ဆောင်သွားမှာဖြစ်၏။ သူပျံသန်းရန် ကြံရွယ်နေတုန်းမှာပဲ တစ်စုံတစ်ယောက်၏ လက်တစ်ဖက်သည် သူ၏ ပုခုံးပေါ်သို့ ကျဆင်းလာ၏။

"အဘိုးကြီး"

ကျွင်းချောင်ရှောင်းသည် ထိုသူ၏ နောက်ဘက်သို့ ရောက်ရှိသွားပြီး အေးစက်သည့် မျက်နှာဖြင့် ပြောလိုက်သည်။ "ကျုပ်တပည့်ကို လွှတ်လိုက်"

အမဲရောင်နှင့် အဘိုးအိုသည် အသာလှည့်ကြည့်ပြီးနောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်မိ၏။ "မင်း ဘယ်လိုလုပ်ပြီးတော့ တခြားသူရဲ့ အိမ်မက်ထဲကို ရောက်လာတာလဲ"

"ကျုပ်က အရမ်းစပ်စုတတ်လို့ပဲ"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဘယ်လိုဝင်လာလဲဆိုတာတော့ ကျုပ်မသိဘူး"

ရွှီ

ရုတ်တရက် သူသည် အမဲရောင်ဝတ်စုံနှင့် အဘိုးကြီးအား အသာဖိနှိပ်ကာ မြေပြင်ပေါ်သို့ တွန်းချလိုက်၏။ ပြီးနောက် သူ၏လက်သီးထဲသို့ စွမ်းအင်များ ထည့်သွင်း၍ ဒေါသတကြီး ကြိမ်းဝါးကာ ထိုးနှက်လိုက်၏။ "အစစ်အမှန်ပဲ ဖြစ်ဖြစ်၊ အိမ်မက်ပဲ ဖြစ်ဖြစ် ကျုပ်တပည့်ကို အနိုင်ကျင့်ရဲတဲ့ သူတွေအကုန်လုံးကို ကျုပ်သတ်ပစ်ရမှာပဲ"

ဘုန်း ဘုန်း ဘုန်း …..။

ဤအရာသည် အိမ်မက်ဖြစ်သည်ဆိုသော်လည်း တိုက်ခိုက်ရသည်မှာ အစစ်အမှန်တိုင်းပင် ဖြစ်၏။ လက်သီးထိုးချက်တိုင်းသည် အစစ်အမှန်ဖြစ်ပြီး တစ်စုံတစ်ယောက်၏ အသားကို ထိတွေ့လျက်ရှိ၏။

ဤအခြေအနေ ကို ဖော်ညွှန်းရလျှင် ကောင်းမွန်သည်ဟု ဆိုရပေမည်။ လက်သီးအတွဲလိုက် ကျဆင်းပြီးနောက် ဆန်းကြယ်လှသော အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည် နတ်ဆိုး အခိုးအငွေ့များအဖြစ် ပျောက်ကွယ်သွားခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံးသည် ပြိုလဲသွားခဲ့ပြီး အိမ်မက်ထဲတွင် ၎င်းတို့နှစ်ယောက်သာ ကျန်ရှိတော့၏။ အရာအားလုံးသည် မူလအခြေအနေဆီသို့ ပြန်လည်ရောက်ရှိသွား၏။

"ဘာ …. ဘာတွေဖြစ်နေတာလဲ"

ရောင်မုန့်ယဉ် သည် မျက်ရည်အဝိုင်းသားဖြင့် မေးလိုက်သည်။ "ဟမ်… ဂိုဏ်းချုပ် …. ဘာလို့ ဂိုဏ်းတူဦးလေးကို ခွစီးထားရတာလဲ"

အိမ်မက်ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အမဲရောင်ဝတ်စုံနှင့် လူအား အားရပါးရ ထိုးနှက်လျက်ရှိ၏။ အပြင်ဖက်တွင်တော့သူသည် ကုကျောင်းရှစ်ကို ခွကာဖြင့် ထိုးနှက်ခဲ့ခြင်း ဖြစ်သည်။

အိမ်မက်ထဲတွင် ဖြစ်သော်လည်း အစစ်အမှန်ထိုးနှက်ရသလို ခံစားနေမိ၏။ အဘယ့်ကြောင့်ဆိုသော် ကုကျောင်းရှစ်သည် ပြာနှမ်းနေအောင် အရိုက်ခံထားရသောကြောင့် ဖြစ်၏။ အစစ်အမှန်ကဲ့သို့ ထိုးနှက်နေရသည်မှာ အံ့အားသင့်စရာမဟုတ်ချေ။ ်

All Chapters