အခန်း (၂၃၄)
Vol. 18 Ch. 234
ချောင်ကျန်းမင်က မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်သည်။ အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် သူနှင့် နှစ်မီတာအကွာအဝေးတွင် တောက်ပသော အပြုံးဖြင့် ရပ်နေသည်ကို သူတွေ့လိုက်ရသည်။
တစ်ဖက်သားကို မြင်လိုက်ရတော့ သူ့မျက်ခုံးတွေက ပိုလို့တောင် ကျုံ့သွားသည်။
ထိုအမျိုးသမီးသည် ချွီဟွေ့သည် သူ့အခြား သူငယ်ချင်းကောင်း ချွီဖေး၏ ညီမဖြစ်သည်။
သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခု တည်ထောင်ရန် အရင်းအနှီးတစ်ခုတည်း မလိုအပ်ပါ။ လုပ်ကိုင်နိုင်စွမ်းနှင့် အဆက်သွယ်များလည်း လိုအပ်သည်။ လက်ရှိအချိန်မှာ ကုမ္ပဏီကို သူ့ဘာသာသူ မစီမံခန့်ခွဲနိုင်သေးပေ။
ထို့ကြောင့် သူသည် ချွီဖေးနှင့် ဝူခမ်းပေါင်ကို အတူတူအလုပ်လုပ်ရန် အစက စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် တစ်စုံတစ်ခု မှားယွင်းသွားခဲ့သည်။
သူ့စိတ်ထဲတွင် ချွီဖေးသည် အမြဲသစ္စာရှိပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသူ ဖြစ်သည်။ ယခုတစ်ကြိမ် သူ၏ ပူးပေါင်းဆောင်ရွက်မှု ပရောဂျက်ကို နားထောင်ပြီးနောက် သူသည် မယုံနိုင်စရာ တောင်းဆိုချက်တစ်ခုကို တကယ် တင်ပြခဲ့မယ်ဆိုတာ ဘယ်သူသိမှာလဲ။
သူက သူ့ညီမ ချွီဟွေ့ကို သူ့ဇနီးအဖြစ်နဲ့ လက်ထပ်စေချင်ခဲ့သည်။ ဤနည်းအားဖြင့် လူတိုင်းသည် တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးလာပြီး ပူးပေါင်းဆောင်ရွက်မှု ပိုမိုချောမွေ့လာမည်ဖြစ်သည်။ သူတို့သည် မိသားစုဖြစ်သောကြောင့် ဝူခမ်းပေါင်ကဲ့သို့သော ပြင်ပလူတစ်ဦးမှ ပါဝင်ရန် မလိုအပ်ပါ။
သူသည် အဲ့တာကို ကြားသောအခါ ရယ်မောလိုက်သည်။
ချွီဟွေ့ကို မကြိုက်တဲ့အချက်အား ဘေးဖယ်ထားလိုက်ရင် သူသည် သူမအစ်ကိုကို မိန်းမတစ်ယောက်အတွက် ဓားတစ်ချောင်းပေးမှာ မဟုတ်ပါဘူး။
ထို့အပြင် ထိုအမျိုးသမီး ချွီဟွေ့သည် အသစ်စက်စက်ဖြစ်နေရင်တောင်မှ သူသည် သူမကို နှစ်သက်လိမ့်မည်မဟုတ်ပေ။
ဒီအရွယ်မှာ ချွီဟွေ့သည် အရင်က အိမ်ထောင်ကျဖူးသူဖြစ်ရမည်။ သူမသည် အိမ်ထောင်ကျရုံသာမက နှစ်ကြိမ်ကွာရှင်းဖူးသည်။
သူကိုယ်တိုင်လည်း နှစ်ကြိမ် ကွာရှင်းထားတာဖြစ်သည်။ ပုံမှန်အားဖြင့် တစ်ယောက်ကိုတစ်ယောက် အပြစ်မတင်နိုင်ကြပါ။ သို့သော် ခြားနားချက်မှာ သူသည် အခြားသူ၏ ဖောက်ပြန်ချင်းကို ခံခဲ့ရပြီး ချွီဟွေ့သည် သူမ၏ ခင်ပွန်းဟောင်း နှစ်ဦးကို ဖောက်ပြန်ခဲ့တာဖြစ်သည်။
သူ့မှာ ဖောက်ပြန်ခံခဲ့ရတာမျိုး မရှိရင် ဒါမှမဟုတ် သူ့ဦးနှောက်တွေ ပျက်စီးနေမယ်ဆိုရင်တော့ သူသည် အဲဒီအမျိုးသမီး ချွီဟွေ့ကို လက်ထပ်မှာ ဖြစ်သည်။
သူက နေရာမှာတင် ငြင်းခဲ့သည်။ ချွီဖေးက သူ့ညီမလေးကို ငုံ့ကြည့်ပြီး စားပွဲကို ထုကာ သူ့ကို ထွက်သွားဖို့ ပြောခဲ့သည်။ ဒေါသတကြီးနဲ့ သူသည် ထွက်သွားခဲ့သည်။
အဲ့ဒါပြီးသွားပြီးနောက် ချွီဖေးရဲ့ ပုံစံက မကြာသေးမီနှစ်များအတွင်း များစွာပြောင်းလဲသွားသည်ကို သူခံစားခဲ့ရသည်။ အထူးသဖြင့် အဲဒီခေတ်ရဲ့ အပြုအမူတွေပေါ့။ သူနှင့်ပူးပေါင်းရန် မိတ်ဖက်ကောင်းမဟုတ်ကြောင်း ပိုပိုပြီး သိသာလာသည်။ ချူရှန်မေအပြင် သူသည် ချွီဖေးနှင့် ပူးပေါင်းဆောင်ရွက်မည့် ရွေးချယ်မှုကို ပယ်ချခဲ့သည်။
ထုတ်ပယ်ခံရကြောင်း ချွီဖေးသိသောအခါ သူသည် ဒေါသတကြီး ရောက်လာခဲ့သည်။ လက်သီးကို ဝှေ့ယမ်းပြီး သူတို့ရဲ့ ခင်မင်ရင်းနှီးမှု ပြီးဆုံးကြောင်း ကြေညာခဲ့သည်။ ဒီလိုနဲ့ နှစ်ယောက်သည် အဆုံးသတ်သွားခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် ချွီဟွေ့ကို မြင်လိုက်ရတော့ သူ့မျက်နှာပေါ်မှ အမူအရာသည် ချက်ချင်းပင် လေးနက်လာသည်။ "ချွီဟွေ့ မင်းလား? မင်းဘာလို့ ဒီကိုလာတာလဲ?"
ချွီဟွေ့က သူ့ရဲ့လျစ်လျူရှုမှုကို ရိပ်မိပုံမပေါ်ဘဲ သူမသည် ပန်းတစ်ပွင့်လို ပြုံးကာ "အစ်ကိုကျန်းမင်၊ ကျွန်မ ရှင့်ကို အထူးတလည်လာရှာတယ်။ အစက ရှင်နေနေတဲ့နေရာကို ကျွန်မ သွားချင်တာ။ ရှင်နဲ့ ဒီနေရာမှာ တွေ့ဖို့ မမျှော်လင့်ထားဘူး။ ကျွန်မတို့က တကယ်ကို ကံကြမ္မာပါဘဲ!"
ချောင်ကျန်းမင် - "မင်း ငါ့ကို ဘာအတွက် ရှာတာလဲ?"
ချွီဟွေ့က ဟိုဟိုဒီဒီကြည့်ပြီး "ဒီနေရာက စကားပြောဖို့နေရာမဟုတ်ဘူး။ အစ်ကိုကျန်းမင် ကျွန်မတို့ထိုင်ပြီး စကားပြောဖို့ အစ်ကိုနေတဲ့ဆီကို ဘာလို့မသွားတာလဲ?"
ချောင်ကျန်းမင်က ငြင်းဆိုလိုက်သည်။ " မသွားဘူး။ တစ်ယောက်တည်းနေတဲ့ ယောက်ျားနဲ့ မိန်းမက တူတူရှိနေဖို့ အဆင်မပြေဘူး။ ပြီးတော့ ငါ တခြားတစ်ယောက်နဲ့ ချိန်းထားတာ ရှိတယ်။"
ချွီဟွေ့က အတင်းပြုံးပြီး "မိန်းမတစ်ယောက်အနေနဲ့ ပြောခံရမှာကို ကျွန်မဂရုမစိုက်ပါဘူး။ အစ်ကိုကျန်းမင် ရှင်ဘာတွေ စိတ်ပူနေတာလဲ?"
ချောင်ကျန်းမင် - " ငါကတော့ စိတ်ပူတယ်။ ငါကွာရှင်းထားတာ နှစ်ခါရှိပြီ ပြီးတော့ ငါ့ဂုဏ်သတင်းက မကောင်းဘူး။ ဆက်ဆံရေး ရှုတ်ထွေးနေတဲ့ ကောလဟာလတွေရှိမယ်ဆိုရင် အနာဂတ်မှာ ငါ ဇနီးတစ်ယောက်ကို ဘယ်လိုရှာရမလဲ!"
အဲ့တာက သူသည် သူ့အကြောင်းပြောနေပုံရသည်။ ဒါပေမယ့် ချွီဟွေ့ရဲ့မျက်နှာကို ရိုက်လိုက်တာ မဟုတ်လား?
ချွီဟွေ့၏ မျက်နှာသည် အရောင်ပြောင်းလာသည်။ သူမက ဒေါသထွက်သွားခဲ့သည်!
ထိုအချိန်တွင် အနောက်မှ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ "အစ်ကိုကျန်းမင်?"
ဒီအသံကို ချောင်ကျန်းမင် ကြားလိုက်တဲ့အခါ သူ့မျက်လုံးတွေ တောက်ပလာပြီး သူသည် မြန်မြန်လှည့်ကြည့်လိုက်ပြီး " ရှန်မေ၊ မင်းဒီမှာလား?"
ချူရှန်မေက ဒီနေ့ အပြာနုရောင် ၀တ်စုံကို ၀တ်ထားသည်။ သူမ၏ လှပသောရုပ်သွင်ကို ပြီးပြည့်စုံစွာ ပြသခဲ့သည်။ ချောင်ကျန်းမင်သည် လျပ်စီးကဲ့သို့ တောက်ပသော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေခဲ့သည်။
ချွီဟွေ့သည် ချောင်ကျန်းမင်၏ အမူအရာကို မြင်လိုက်တော့ သူမ၏ နှလုံးသားသည် ချဉ်လာသည်။ "အစ်ကိုကျန်းမင်၊ ဒီအစ်မက ဘယ်သူလဲ?"
ချူရှန်မေ ရောက်လာသောအခါ ချောင်ကျန်းမင်သည် အမျိုးသမီးတစ်ဦးနှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ သူမသည် အနည်းငယ် စပ်စုချင်သော်လည်း သိပ်ပြီး မစဉ်းစားခဲ့ပေ။
မထင်မှတ်ပဲ သူမရောက်လာသည်နှင့် တပြိုင်နက် တစ်ဖက်လူက သူမကို တော်တော် စိတ်မသက်မသာသော အကြည့်ဖြင့် အပေါ်အောက် စိုက်ကြည့်နေခဲ့သည်။ ပြီးတော့ သူမကို အစ်မလို့လည်း ခေါ်လိုက်တာလား?
မင်းအစ်မမှ မဟုတ်တာ!
သူမမျက်နှာက မည်းမှောင်လာပြီး "ရှင် တခြားချိန်းထားတာရှိရင် ကျွန်မအရင်သွားတော့မယ်။"
သူမ ပြောပြီးသည်နှင့် သူမသည် လှည့်ထွက်သွားခဲ့သည်။
ချောင်ကျန်းမင်က စိုးရိမ်သွားခဲ့သည်။ သူက ရှေ့ကို လျှောက်လာပြီး သူမလက်ကို လှမ်းဆွဲကာ "ရှန်မေ၊ ငါ တခြား ချိန်းထားတာ မရှိပါဘူး။ ငါ့မှာ မင်း တစ်ယောက်ပဲ ရှိတာ! ဒါက ငါ့အရင်က သူငယ်ချင်းတစ်ယောက်ရဲ့ ညီမ။ ငါက အဲ့သူငယ်ချင်းနဲ့ မပတ်သက်တော့တာကြာပြီ။"
ချွီဟွေ့သည် ဤစကားကိုကြားသောအခါ သူမသည် အလွန်ဒေါသထွက်ကာ လျှာကိုကိုက်လုမတတ် ဖြစ်သွားသည်။ "ဒီကအစ်မ၊ နားလည်မှုမလွဲပါနဲ့။ အစ်ကိုကျန်းမင်ကို ကျွန်မက လာရှာခဲ့တာပါ။ သူက ကျွန်မကိစ္စကြောင့် ကျွန်မအစ်ကိုကြီးနဲ့ နားလည်မှုလွဲခဲ့တာ။ ကျွန်မ ကောင်းကောင်း အိပ်မပျော်နိုင်ဘူး။"
ဤစကားများသည် ရှင်းပြနေပုံရသော်လည်း အဲ့ဒါတွေက ပိုပိုပြီး ရှုပ်ထွေးအောင်လုပ်နေခဲ့သည်။
ချူရှန်မေသည် ထိုစကားကိုကြားသောအခါ ပိုဆိုးလာပြီး ချောင်ကျန်းမင်၏ လက်ကို ခါထုတ်လိုက်သည်။
ချောင်ကျန်းမင်က အမြန်ရှင်းပြသည်။ "အရင်က ငါ့မှာပါတနာတစ်ယောက်ရှိတယ်လို့ ပြောခဲ့တယ်မလား? အဲ့တာက သူ့အစ်ကိုပဲ။ သူ့အစ်ကိုက ငါ့ကို သူနဲ့ လက်ထပ်စေချင်တာ ဒါပေမယ့် ငါက သူ့ကို လက်မထပ်ချင်ဘူး။ ဒါကြောင့် ငါတို့ဆက်ဆံရေးကို ရပ်တန့်လိုက်တာ။ ရှန်မေ နားလည်မှု မလွဲပါနဲ့။"
အစက ထိုအမျိုးသမီး၏ စိတ်ပျက်စရာ လေသံကို ကြားလိုက်သောအခါ ချူရှန်မေ၏ နှလုံးသားထဲတွင် ချဉ်သောခံစားချက်တစ်ခု ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် သူက သူမမျက်နှာကို ရိုက်ချလိုက်သည်ကို မြင်လိုက်ရသောအခါ သူမ တိတ်တဆိတ် လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
ချူရှန်မေ၏ အမူအရာ တိုးတက်လာခဲ့ပြီး ချွီဟွေ့က ဒေါသထွက်နေခဲ့သည်။
" အစ်ကိုကျန်းမင်း…" သူမသည် အောက်နှုတ်ခမ်းကို ကိုက်ကာ သနားစရာကောင်းအောင် အော်ငိုလိုက်သည်။
ချောင်ကျန်းမင်က သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူမကို တစ်ခါတည်း ပြောလိုက်သည်။ " ချွီဟွေ့၊ မင်း ဒီကို မင်းအစ်ကိုကိစ္စအတွက် ရောက်လာတယ်ဆို ငါမင်းကို တစ်ခါတည်း ပြောလိုက်မယ်။ မင်းအစ်ကိုနဲ့ ငါက အမြင်ချင်း မတူဘူး။ ငါတို့ ဘယ်တော့မှ သူငယ်ချင်းပြန်ဖြစ်မှာ မဟုတ်ဘူး။ ငါလုပ်စရာရှိလို့ ငါအရင်သွားတော့မယ်။"
စကားပြောပြီးနောက် သူသည် တစ်ဖက်လူကို လျစ်လျူရှုကာ ချူရှန်မေနှင့် လှည့်ထွက်သွားခဲ့သည်။
သူတို့နှစ်ယောက် ထွက်သွားတာကိုကြည့်ပြီး ချွီဟွေ့က ဒေါသနဲ့ ခြေထောက်ကို ဆောင့်လိုက်သည်။
" ရှန်မေ၊ ငါ... ချွီဟွေ့နဲ့ ဘာမှမဆိုင်ပါဘူး။"
ခဏလောက် လမ်းလျှောက်ပြီးနောက် ချူရှန်းမေက ဆက်ပြီး တိတ်ဆိတ်နေတာကြောင့် ရှောင်ကျန်းမင်သည် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
ချူရှန်မေက သူ့ကိုကြည့်ဖို့ ခေါင်းကို မော့လိုက်သည်။ "တစ်ခုခုရှိလား၊ မရှိဘူးလားဆိုတာ ဘာလို့ ကျွန်မကို ရှင်းပြချင်တာလဲ?"
ချောင်ကျန်းမင်သည် အလွန်ထိတ်လန့်သွားပြီး သူ့နှလုံးက ခုန်ထွက်တော့မလို ဖြစ်နေသည်။ "ရှန်မေ၊ ငါမင်းကို ပြောစရာရှိတယ်!"
သူတို့နှစ်ဦးသည် ပေါလိုနီယာသစ်ပင်အောက်တွင် ရှိနေခဲ့သည်။ မေလရဲ့အစသည် ပေါလိုနီယာပန်းတွေ အတောက်ပဆုံး ပွင့်ချိန် ဖြစ်သည်။
အကိုင်းအခက်များတွင် အဖြူရောင်နှင့် ခရမ်းရောင် ပေါလိုနီယာပန်းများ ချိတ်ဆွဲထားသည်။ အဝေးကကြည့်ရင် သူတို့သည် တိမ်ပင်လယ်ကြီးလိုပင်။ အဲ့တာတွေက အရမ်းလှလို့ လူတွေကို ဆွဲဆောင်သွားကြသည်။
ချူရှန်မေသည် သူက သူမအား ဘာပြောချင်သည်ကို စိတ်ထဲတွင် မှန်းဆကာ သူမ၏ ပါးပြင်နှစ်ဖက်မှာ နီမြန်းလာပြီး "ရှင် ဘာပြောချင်တာလဲ?"
ပုံမှန်တိုင်း ချောင်ကျန်းမင်သည် အဝတ်အစားအများကြီး ၀တ်ထားသည်။ ယခုတော့ သူသည် စိတ်လှုပ်ရှားနေတာကြောင့် သူ့နဖူးပေါ်မှာ ချွေးများ တလိမ့်လိမ့် စီးကျလာသည်။ တော်တော်ရယ်စရာကောင်းတဲ့ မြင်ကွင်းပင်။
ချွေးတွေကို သူ့အင်္ကျီနှင့် သုတ်လိုက်သည်။ ခဏကြာတော့ သူ့အင်္ကျီလက်က စိုလာခဲ့သည်။
သူ့စိတ်ထဲတွင် သူသည် ဒီလိုဝတ်ခဲ့တာကြောင့် နောင်တရလာသည်။ "ရှန်မေ၊ ငါ ချွီဟွေ့နဲ့ ဘာမှမရှိပါဘူး။ ဒါပေမယ့်... မင်းနဲ့တော့ တစ်ခုခု ရှိချင်တယ်!"
ချူရှန်မေက သူချွေးတွေ ဆက်တိုက် စီးကျနေတာကို တွေ့လိုက်ရသည်။ သူမက ရယ်ချင်သော်လည်း ပြန်ထိန်းပြီး "ဘာရှိချင်တာလဲ?"
ချောင်ကျန်းမင်သည် နှစ်ကြိမ်လက်ထပ်ဖူးသော်လည်း သူသည် အမျိုးသမီးတစ်ဦးရှေ့တွင် ပထမဆုံးအကြိမ် အလွန်စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။ ရုတ်တရက် ကြောင်နှစ်ကောင်သည် နံရံပေါ်ကို ခုန်တက်သွားကြသည်။
သူ့မျက်လုံးများ တောက်ပလာသည်။ သူက နံရံပေါ်က ကြောင်တွေကို ထိုးပြပြီး "မင်းနဲ့ အဲဒီကြောင်လေးတွေလို ဖြစ်ချင်တယ်!"
"Pfft"
ချူရှန်မေသည် ရယ်ချင်တာကို မတားနိုင်တော့ဘူး။
ရယ်မောရင်း ချောင်ကျန်းမင်၏ နားရွက်များ နီရဲလာသည်။ သူသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်ပြီး "ငါ တောင်းပန်ပါတယ်၊ ငါက စကားပြော မကောင်းဘူး။ ဒါပေမယ့်... မင်းအပေါ်ထားတဲ့ ငါ့ခံစားချက်က တကယ်ပါ! ငါ့ရဲ့ မအောင်မြင်တဲ့ အိမ်ထောင်ရေးနှစ်ခုအကြောင်း မင်းသိတယ်မလား။ ငါအရင်က ဒီဘဝမှာ ဘယ်တော့မှ ထပ်ပြီး အိမ်ထောင်မပြုဖို့ စီစဥ်ထားတာ။ မင်းကို မတွေ့ခင် အထိပေါ့။ မင်းက ငါ့ကို သံလိုက်လို ဆွဲဆောင်နေတာ!"
ထိုကဲ့သို့ နွေးထွေးသော ဝန်ခံချက်ကြောင့် ချူရှန်မေသည် မရယ်နိုင်တော့ပေ!
သူမက မြေပြင်ကိုငုံ့ကြည့်ကာ "အစ်ကိုကျန်းမင်၊ ကျွန်မ... ရှင့်ရဲ့ခံစားချက်ကို လက်မခံနိုင်ဘူး!"
ချောင်ကျန်းမင်က တစ်ယောက်ယောက်သည် သူ့ခေါင်းပေါ် ရေအေးတစ်ခွက်ကို လောင်းချလိုက်သလို ခံစားလိုက်ရသည်။ "ဘာလို့လဲ၊ ငါ့နှစ်ခါ ကွာရှင်းတာကို မင်းစိတ်အဆင်မပြေလို့လား?"
ဒီလေသံက အရမ်းနာကျင်နေခဲ့သည်။
ချူရှန်မေက လျင်မြန်စွာ ခေါင်းယမ်းလိုက်ပြီး "မဟုတ်ပါဘူး! မီပေါင်ရဲ့အဖေ ထွက်သွားတာ နှစ်ဝက်ကျော်ပဲ ရှိပါသေးတယ်။ ကျွန်မ အဆင်သင့်မဖြစ်သေးဘူးလို့ ကျွန်မထင်တယ်။"
ချူရှန်မေသည် အဲ့တာကို ကြားသောအခါ သူက သက်ပြင်းတစ်ချက်ချကာ "ငါ မင်းကို စောင့်ချင်တယ်!"
ချူရှန်မေက အရမ်းစိတ်လှုပ်ရှားသွားသည် "ဒါပေမယ့် အဲ့တာ ရှင့်အတွက်မတရားဘူးလေ!"
ချောင်ကျန်းမင် - "ခံစားချက်တွေနဲ့ ပတ်သက်လာရင် တရားတယ် မတရားဘူးမရှိပါဘူး။ လုပ်ချင်လား၊ မလုပ်ချင်လားပဲ။ ငါ မင်းကို စောင့်ချင်တယ်!"
သူသည် ထပ်ပြီး ပြောပြန်သည်။
ချူရှန်မေက သူမလက်တွေကို ဆုပ်ကိုင်လိုက်ပြီး "ဒါပေမယ့် ငါ... ငါတို့နှစ်ယောက် အချိန်တန်လို့မှ အဆင်မပြေရင် ဘာဖြစ်မလဲ?"
သူမသည် သူ့ကိုယ်သူ မလှည့်စားနိုင်ပါ။ သူမသည် ချောင်ကျန်းမင်ကို ဆွဲဆောင်ခဲ့သည်။
ဒါပေမယ့် မိသားစုနှစ်ခုကြားက ဆက်ဆံရေးက အရမ်းကောင်းသည်။ အဆုံးတွင် အတူရှိရန် အဆင်မပြေပါက မိသားစုနှစ်ခုကြားက ဆက်ဆံရေးကို မလွဲမရှောင်သာ ထိခိုက်စေမည်ဖြစ်သည်။ ဒါကို သူမ မမြင်ချင်ပါ။
ချောင်ကျန်းမင် - " ရှန်မေ ဖိအားတွေ မတွေးပါနဲ့။ ငါတို့က အရမ်း သင့်တော်မယ်လို့ ငါထင်တယ်။ ဒါပေမယ့် မင်း စိတ်ပူရင် ငါတို့က ဒါကို လူတိုင်းရှေ့မှာ ထုတ်မပြဘူးလေ။ ငါတို့ သင့်တော်ကြောင့် အတည်ပြုမှသာ ငါတို့မိသားစုကို ပြောပြမယ်လေ။ မင်းဘယ်လိုထင်လဲ?"
သူက အကုန်လုံးစဉ်းစားပြီးတာကို ချူရှန်မေက ဘယ်လိုလုပ် ငြင်းနိုင်မလဲ?
သူမသည် အစက စိတ်ခံစားမှု တစ်ခုခုကို ပြောချင်သော်လည်း ချွေးစေးများနှင့် သူ့မျက်နှာကို မော့ကြည့်လိုက်သည်နှင့် သူမသည် ထပ်ပြီး ရယ်လိုက်ကာ "ရှင် မပူဘူးလား?"
ချောင်ကျန်းမင်က ရှက်သွားပြီး "ပူတယ်။ ဒီနေ့ ဒီလောက်ပူမယ်လို့ ငါမထင်ထားဘူး!"
ချူရှန်မေက ပြုံးပြီး လွယ်အိတ်ထဲက အဖြူရောင်လက်ကိုင်ပုဝါကို ထုတ်ကာ သူ့ကို ကမ်းပေးလိုက်သည်။ "သုတ်လိုက်။ အရမ်းပူတဲ့နေ့ပဲ၊ နောက်နောင် ရှင်အပြင်ထွက်ရင် လက်ရှည်မဝတ်နဲ့!"
ချောင်ကျန်းမင်က လက်ကိုင်ပုဝါကို ယူလိုက်ပြီး ပြုံးပြကာ "မင်းကို ဝန်ခံချင်လို့ ငါ ပုံမှန်တိုင်း ၀တ်ထားတာပဲ။ ဘယ်သူက သိမှာလဲ..."
ချောမောနေမယ့်အစား သူမရှေ့မှာ သူ့ကိုယ်သူ အရူးလုပ်မိလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ?
ချူရှန်မေသည် နှိုင်းယှဥ်၍မရအောင် တောက်ပသော ပေါလိုနီယာပန်းပွင့်များကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။ သူမနှလုံးသားက ပျားရည်ကို အရသာခံသလို ချိုမြိန်မှုကို ခံစားခဲ့ရသည်။
ရာသီဥတုက ပိုပူလာသည်။
နောက်ဆုံးစာမေးပွဲမဖြေခင် သာ့ချောင်က သူမဘဝရဲ့ ပထမဆုံး ဓမ္မတာကို ကြိုဆိုလိုက်သည်။
သူမသည် ကျန်းမာရေးကောင်းနေသောကြောင့် ရောက်လာသောအခါ သူမ လုံးဝမခံစားခဲ့ရပေ..
အရင်က နာကျင်ကိုက်ခဲပြီး ချွေးတွေအေးစက်နေတဲ့ အတန်းဖော် အမျိုးသမီးလေးတွေကို သူမတွေ့ခဲ့ဖူးသည်။ အဆိုးဆုံးကတော့ ဝေဒနာကြောင့် မူးလဲသွားတာ ဖြစ်သည်။ ငါးကလေးက သူမကို ဒီလို ကျောက်စိမ်းဆွဲသီးကို ပေးတဲ့အတွက် သူမသည် အရမ်းဝမ်းသာသွားခဲ့သည်။