← Chapters

အခန်း (၂၂၂)

Vol. 18 Ch. 222

အခန်း (၂၂၂)

Vol. 18 Ch. 222

ယခင်က ရှောင်ယွီသည် သေးငယ်သော နှာခေါင်းအကျိတ်ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ဆရာဝန်က သူ့ကို မခွဲစိတ်ရဲခဲ့ပေ။ ပထမအချက်က နည်းပညာနဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတွေက စံနှုန်းကို မမှီသေးဘူး။ ဒုတိယချက်က ရှောင်ယွီသည် ငယ်လွန်းသည်။

ဆေးစစ်ချက် အစီရင်ခံစာ ရသောအခါ ကျန်းယွဲ့မင်နှင့် ဝူကောအန်းတို့သည် ပွေ့ဖက်ပြီး ငိုခဲ့ကြသည်။

နှစ်ယောက်စလုံးက ဆုံးဖြတ်ချက်ချခဲ့သည်။ သူတို့သည် ကလေးသေပြီးရင် သတ်သေပြီး ကလေးကို လိုက်ပို့ဖို့ မြေအောက်ကမ္ဘာကို သွားကြမည်။

ကမ္ဘာကြီးက ခက်ခဲလွန်းသည်။ သူတို့သည် မရုန်းကန်ချင်တော့ပါ။ သူတို့ ကလေးကို တစ်ယောက်တည်း မြေအောက်ကမ္ဘာကို မသွားစေချင်ခဲ့ပေ။

သူတို့သေဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ သာ့ချောင်က မသိခဲ့ပါ။ သူမက ရှောင်ယွီနဲ့ အန်တီမင်ကို သဘောကျသည်။ သူတို့သည် သူမ၏ ဆွေမျိုးများ မဟုတ်ရင်တောင် သူမသည် သူတို့ကို ဆက်ကူညီမည်။

ထို့ကြောင့် သူတို့၏ အထောက်အထားများကို စုံစမ်းနေစဉ်တွင် သူမသည် ဝူအိမ်သို့ နေ့တိုင်းသွားကာ သူတို့အား အစားအသောက်နှင့် သောက်စရာများ ပို့ပေးခဲ့သည်။ သူတို့သောက်တဲ့ရေထဲမှာ ကျောက်စိမ်းပုတီးတွေ တိတ်တဆိတ်ထည့်ထားခဲ့သည်။

လဝက်ကြာပြီးနောက် ရှောင်ယွီ၏ မျက်နှာသည် နီမြန်းလာရုံသာမက ချောင်ယွဲ့မင်နှင့် ဝူကောအန်း၏ ကျန်းမာရေးလည်း များစွာတိုးတက်လာခဲ့သည်။ ‌ဝူကောအန်းသည် လွန်ခဲ့သော တစ်ပတ်ကျော်က လမ်းလျှောက်နိုင်ခဲ့သည်။

အခုဆို ချောင်ယွဲ့မင်သည် သူမ၏ ဘိုးဘေးများကို အသိအမှတ်ပြုပြီး သူမ၏မျိုးရိုးသို့ ပြန်သွားကာ ဇနီးမောင်နှံသည် ဘဝ၏ မျှော်လင့်ချက်ကို မြင်ပြီး သူတို့ကိုယ်သူတို့ သတ်သေရန် မစဉ်းစားတော့ပေ။

ယဉ်ကျေးမှုတော်လှန်ရေး မတိုင်မီက ဝူကောအန်းသည် တက္ကသိုလ်ဆရာတစ်ဦး ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် သက်သေပြပြီးနောက် သူ၏ကိုယ်ပိုင် အထောက်အထားဖြင့် သင်ကြားရန် ကျောင်းသို့ ပြန်သွားနိုင်ခဲ့သည်။ ဒါပေမယ့် သူ့ကျန်းမာရေးက ဆိုးရွားတာကြောင့် သူ့ရာထူးကို နောက်တစ်ယောက်နဲ့ အစားထိုးခဲ့ပြီး သူသည် ပြန်မသွားနိုင်ခဲ့ပေ။

ယခု သူကျန်းမာရေးကောင်းမွန်ပြီး ချောင်မိသားစု၏ သားမက်ဖြစ်သဖြင့် ကျောင်း၏ အလုပ်အကိုင်စာရွက်စာတမ်းများကို မကြာမီလက်ခံရရှိခဲ့ပြီး ဟော်မိသားစုနှင့် မောင်မိသားစုတို့ ပူးပေါင်းလုပ်ဆောင်မှုအောက်တွင် လာမည့် စာသင်နှစ်တွင် သူ့ကို စာသင်ကြားရန် ကျောင်းသို့ပြန်လာဖို့ အမိန့်ပေးခဲ့သည်။

ဘဝက ရုတ်တရက် ပိုကောင်းလာသည်။

အစကတည်းက ချောင်ရှို့ကျီက သူမ သမီးကို သူတို့ရဲ့မွေးရပ်မြေကို ပြန်ခေါ်ချင်ခဲ့သည်။ အခု ဝူကောအန်းမှာ အလုပ်ရှိတော့ သူသည် သူမတို့နဲ့ မပြန်နိုင်တော့ပေ။ သို့သော်လည်း သူမ၏ ဘိုးဘေးများကို အသိအမှတ်ပြုရန် ပြန်သွားရန် လိုအပ်သည်။

ချောင်ယွဲ့မင်သည် သူမ၏ခင်ပွန်း ဝူကောအန်းနှင့် ဆွေးနွေးထားပြီး ဖြစ်သည်။ အားလပ်ရက်မှာ အပန်းဖြေခရီးထွက်ပြီး ပြန်မလာခင် ယွင်လိုင်ကို သွားကာ တစ်လလောက်နေဖို့ စီစဉ်ခဲ့ကြသည်။

ဝူကောအန်းက မကန့်ကွက်ခဲ့ပေ။

ထောင်ယွိဖုန်နှင့် ကျန်းမိသားစု၏ အငယ်ဆုံးညီမှလွဲ၍ ကျန်သည့် ကျန်းမိသားစုသည် အရေးမယူခံရပုံ ပေါ်သည်။ သို့သော် လူများပြုမူနေချိန်တွင် ကောင်းကင်က စောင့်ကြည့်နေခဲ့သည်။ အပြစ်ပေးမခံရမှာ မဟုတ်ဘူး အချိန်က မတန်သေးတာ ဖြစ်သည်။

ကျန်းမိသားစုတွင် စုစုပေါင်း သားလေးယောက်ရှိသည်။ သားလေးယောက်စီသည် အိမ်ထောင်ကျပြီး သမီးဆယ်ယောက် မွေးဖွားခဲ့သည်။ သူတို့ထဲက တစ်ယောက်မှ သားတစ်ယောက်ကို မမွေးခဲ့ဘူး။

သား‌ယောင်္ကျားလေးကို မွေးဖွားလာဖို့အတွက် ကျန်းမိသားစုသည် ရှေးကျတဲ့ ဟင်းချက်နည်းအားလုံးကို စမ်းကြည့်ပြီး ကိုးကွယ်တဲ့ နတ်ဘုရားအားလုံးကို ပူ‌ဇော်ခဲ့သည်။ သို့တိုင် သူတို့ထဲက ဘယ်သူမှ သားတစ်ယောက်ကို မမွေးနိုင်ခဲ့ပေ။

ဟုတ်ပါသည် သမီးတွေက မကောင်းတာတော့ မဟုတ်‌ပါ။ ဒီမိသားစုက သားလေးလိုချင်ရုံပင်။ သို့သော် ကောင်းကင်ဘုံက သူတို့ဆန္ဒကို ခွင့်မပြုခဲ့ပေ။ ဒါက သူတို့အတွက် အကောင်းဆုံး ပြစ်ဒဏ် ဖြစ်သည်။

ဟုတ်ပါသည်၊ ဒါက အနာဂတ်ကိစ္စပါ။

———

သာ့ချောင်၏ ဦးတည်ချက်ဖြင့် သဲလွန်စကိုရှာဖွေခြင်းအပြင် ချောင်မိသားစုသည် ဟော်မိသားစုနှင့် မောင်မိသားစု၏ အထောက်အပံ့ကြောင့် ယခုတစ်ကြိမ်တွင် သူတို့၏ သမီးကို ရှာဖွေနိုင်ခဲ့သည်။

သူတို့ကို ကျေးဇူးတင်ဖို့အတွက် ချောင်မိသားစုက သူတို့မပြန်ခင် သူတို့ကို ဧည့်ခံဖို့ ဟင်းကောင်းများဖြင့် စားပွဲတစ်ခု ပြုလုပ်ဖို့ စီစဉ်ခဲ့သည်။

ပွဲက စားသောက်ဆိုင်မှာ မဟုတ်ပေ။ ချောင်မိသားစုက ပိုက်ဆံကို စွန့်လွှတ်ဖို့ တွန့်ဆုတ်နေတာကြောင့် မဟုတ်ပါ။ ဒါပေမယ့် သူတို့ကိုယ်တိုင်က စိတ်ရင်းဖြင့် ပြုလုပ်ချင်တာကြောင့် ဖြစ်သည်။ ဒါ့ပြင် မောင်မိသားစုက သာ့ချောင်ကို ပေးခဲ့တဲ့ ခြံဝင်းအတွက် သူတို့သည် အိမ်သစ်တက်ပွဲ ကျင်းပရန် လိုသည်။

ထိုအကြောင်းပြချက်နှစ်ခုကြောင့် သူတို့သည် ခြံဝင်းထဲတွင် ပွဲကျင်းပရန် နေရာကို သတ်မှတ်ခဲ့ကြသည်။

ထိုသို့သော လှုပ်ရှားမှုသည် ပုံမှန်အတိုင်း ချောင်တုန်းဟယ်ကို မဖယ်ထုတ်နိုင်ပါ။ သာ့ချောင်က သူမ၏ ဝမ်းကွဲအစ်မအား ခေါ်ဖို့ ဆရာကောလိပ်ကို သွားရန် စေတနာ့ဝန်ထမ်းလုပ်ခဲ့သည်။

ဟော်ချီသည် အဲ့တာကို ကြားပြီးနောက် သူသည် နောက်လိုက်တစ်ယောက်လို နောက်က လိုက်သွားခဲ့သည်။

ခွဲလို့မရတဲ့ ကလေးစုံတွဲကို မြင်လိုက်ရတော့ သိုက်ရှုဖန်ရဲ့ နှလုံးသားက သက်တောင့်သက်သာ ခံစားရသည်။ သူမသည် မောင်မိသားစု၏ အစ်မအကြီးဆုံးကို ပြသရန် တမင်တကာ သွားခဲ့သည်။

မောင်မိသားစု၏ အစ်မအကြီးဆုံးက သူမကို သိပ်ဂုဏ်ယူမနေဖို့ ပြောခဲ့သည်။ စည်းစိမ်ဥစ္စာနှင့် ကျဆုံးခြင်းတို့သည် ဘယ်တော့မှ မတည်မြဲဘဲ ဘယ်သူက နောက်ဆုံးရယ်မောနိုင်မလဲဆိုတာ သိမှာလဲ?

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘာလဲဆိုတာ လူတိုင်းသိပြီးနောက်မှာတော့ သူတို့ရဲ့ ကလေးဆန်မှုကြောင့် သူတို့သည် မရယ်မောဘဲ မနေနိုင်ခဲ့ကြပေ။

ရယ်မောပြီးနောက် သူတို့ဘာသာသူတို့ တွေးကြည့်လိုက်တော့ သာ့ချောင်က တကယ်ကို တော်သည်။ သူမသည် သူတို့၏ ချွေးမဖြစ်လာလျှင် ဘဝပေါင်းများစွာတွင် ပြုစုပျိုးထောင်ခဲ့သော ကောင်းချီးတစ်ခုပင်။

မောင်မိသားစု၏ အစ်မအကြီးဆုံးနောက်တွင် မောင်မိသားစုမှ အခြားမောင်နှမများလည်း ယှဉ်ပြိုင်မှုတွင် ပါဝင်လာခဲ့ကြသည်။

သိုက်ရှုဖန်က သိသွားသောအခါတွင် သူမသည် မျက်ရည်မကျဘဲ ငိုချင်လာခဲ့သည်။

သာ့ချောင်နှင့် ဟော်ချီတို့သည် ကားဖြင့် ဆရာကောလိပ်သို့ ရောက်လာခဲ့ကြသည်။

ကောလိပ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖိုင်နယ်စာမေးပွဲများ ပြီးဆုံးခဲ့သည်။ လူတိုင်းသည် လုံးဝ စိတ်အေးလက်အေး ရှိသွားခဲ့ကြသည်။

အဝေးတွင်နေထိုင်သော ကျောင်းသားအချို့သည် ခရီးစရိတ်သက်သာစေရန် ကျောင်းတွင် နွေရာသီတစ်ခုလုံး ကုန်ဆုံးရန် စီစဉ်ခဲ့ကြသည်။ အနီးနားတွင် နေထိုင်ကြသူများ သို့မဟုတ် ဒေသခံများက ထုပ်ပိုးကာ ပြန်သွားရန် ပြင်ဆင်နေခဲ့ကြသည်။

သာ့ချောင် ဝင်သွားသောအခါ ချောင်တုန်းဟယ်၏ အခန်းဖော်များအားလုံး အိပ်ဆောင်ထဲတွင် ရှိနေခဲ့ကြသည်။

သာ့ချောင်ကို မြင်လိုက်ရတော့ ကျန်းရှောက်လီရဲ့ မျက်လုံးထဲမှာ စူးရှမှု ချက်ချင်းပေါ်လာခဲ့သည်။ သူမသည် ဆိုးရွားသော လေသံဖြင့် ပြောသည်။ "လူတချို့က တိုင်းပြည်မှာ ကျေးလက်က လူတွေက ပညာမတတ်ဘူးလို့ ပြောကြတာ အံ့သြစရာ မဟုတ်ဘူး။ တချို့က အိပ်ဆောင်ကို နေ့တိုင်း လာ‌နေကြတာ။ အိပ်ဆောင်ကို သူတို့အိမ်လို့ သတ်မှတ်လို့ မရဘူးလေ။"

ဒီလိုပြောတော့ အဲ့တာက ချက်ချင်းဆိုသလို လူတော်တော်များများကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

သာ့ချောင်နှင့် ချောင်တုန်းဟယ်တို့အပြင် ကျေးလက်မှ လာသော အခြားမိန်းကလေး သုံးဦးလည်း ရှိသေးသည်။

ကျန်းရှောက်လီ၏ စကားကို ကြားလိုက်သောအခါတွင် သူတို့သည် ချက်ခြင်း မကျေမနပ် ဖြစ်သွားခဲ့ကြသည်။

သူတို့ထဲက ဒေါသကြီးသော တစ်ယောက်က အဲ့နေရာတင် ပြန်ပြောခဲ့သည်။ “အိပ်ဆောင်ဆိုတာ အားလုံးတူတူ နေထိုင်တဲ့ နေရာပါ။ ငါတို့လာချင်ရင် ဒီကိုလာလို့ရတယ်။ ငါတို့က နင်ရဲ့သဘောတူချက် မလိုဘူး။ မြို့က ကောင်မ!”

"မှန်တယ်! နင့်ပါးစပ်မှာ နေ့တိုင်းလိုလို '‌ကျေးလက်က လာတဲ့သူတွေ' ဆိုတဲ့ စကားလုံးတွေပဲ ထွက်နေတာ။ မြို့က လူ! နင်က ဘယ်လောက် မြင့်မြတ်နေလို့လဲ?"

နောက်တစ်ယောက်က တိုးတိုးလေးပြောပြီး သဘောတူလိုက်သည်။

သူတို့နှစ်ယောက်ရဲ့ တုံ့ပြန်မှုကိုကြားတော့ ကျန်းရှောက်လီရဲ့ မျက်နှာက ဒေါသကြောင့် နီမြန်းသွားပြီး "နင်တို့ လက်မခံရင်လည်း အဲ့တာ အသုံးမဝင်ဘူး။ မြို့ကလူတွေက နင်တို့ထက် ပိုမြင့်မြတ်တယ်။ နင်တို့ ကျေးလက်မှာ လျှပ်စစ်မီး မရှိသေးဘူး။ ဒါကြောင့် အဆောက်အဦတွေမှာ တယ်လီဖုန်းတွေ တပ်ဆင်လို့ မရဘူးလေ။ ကျေးလက်က ငါတို့ မြို့ကလူတွေထက် နိမ့်ပါးပြီး မွေးဖွားလာကြတာ‌လေ။”

“နင်!” မိန်းကလေးများသည် ထိုစကားကိုကြားသောအခါ ဒေါသထွက်ကာ ရှက်သွားခဲ့ကြသည်။

ကျန်းရှောက်လီ၏ စကားများက စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ သူတို့နှလုံးသားရဲ့ အတွင်းထိကို ရိုက်ခတ်သွားခဲ့သည်။

သူတို့၏ မိသားစုနောက်ခံသည် မြို့သူ ကျန်းရှောက်လီနှင့် မယှဉ်နိုင်ပေ။ ကျန်းရှောက်လီသည် အဝတ်တစ်ထည်ကို ပေါ့ပေါ့တန်တန် ဝယ်နိုင်ပြီး အဲ့တာက သူတို့တွက် တစ်ပတ် သို့မဟုတ် နှစ်ပတ်လောက် စားစရိတ်ဖြစ်သည်။

ဒီအချိန်မှာ သူတို့သည် ပြန်တိုက်ဖို့ ယုံကြည်မှု မရှိတော့ပေ။

သာ့ချောင်၏ ရှည်လျားပြီး ထူထဲသော မျက်တောင်များ ခတ်လိုက်သည်။ သူမက တိုးတိုးလေးပြောသည်။ "ကျွန်မတို့မိသားစုက ဒီနေ့ ကျွန်မတို့ မိသားစုဝယ်ထားတဲ့ ခြံဝင်းထဲကို ပြောင်းရွှေ့တော့မှာ။ အားလုံးက အားကြတယ်ဆိုရင် ကျွန်မတို့ အိမ်ကို ဘာလို့ အိမ်တက်ပွဲ မလာကြတာလဲ?"

ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် ချောင်တုန်းဟယ်မှလွဲ၍ လူတိုင်း ထိတ်လန့်သွားကြသည်။

ခြံနဲ့ဝင်းနဲ့ နေဖို့ နေနေသာသာ မြို့တော်ရဲ့ ပိုင်ဆိုင်မှု တစ်ခုသည် သာမန်လူများ တတ်နိုင်သည့် အရာမဟုတ်ပေ။

တုန်လှုပ်သွားပြီးနောက် ကျန်းရှောက်လီသည် သူမ အသိစိတ်များ ပြန်ဝင်လာပြီး ကဲ့ရဲ့ရှုံ့ချသည်။ “ကြည့်ကြွားလေဟယ်။ အပြင်မှာ ပေါင်မုန့်လေးလုံးဝယ်သလို ခြံဝင်းတစ်ခု ဝယ်တာက ရိုးရှင်းတယ်လို့ နင်ထင်နေတာလား။ ကြွားလုံးထုတ်တာက အဲ့တာကို ဖြစ်မလာနိုင်ဘူးနော်။ ရယ်စရာကောင်းလိုက်တာ။”

ချောင်တုန်းဟယ်သည် သူမစကားကြားသောအခါ သူမမျက်နှာမှာ ဒေါသများဖြင့် နီမြန်းသွားသည်။

သို့သော် သူမသည် စကားပြောရာတွင် အမြဲတမ်း ဆင်ခြင်ခဲ့သည်။ ခုနကလို ဒေါသထွက် နေတဲ့အချိန်မှာတောင် သူသည် ဘယ်လို မာန်မဲ ရမှန်းမသိပေ။

အခြားလူများက ရွဲ့စောင်းသောစကားများ မပြောကြသော်လည်း သာ့ချောင်သည် လိမ်ညာနေသည်ဟု သူတို့လည်း ခံစားမိသည်။

ကျေးလက်မှနေသူများ နေနေသာသာ ‌ကျန်းရှောက်လီ၏ မိသားစုပင် ခြံဝင်းတစ်ခုကို မတတ်နိုင်ကြပေ။

သာ့ချောင်က မငြင်းခဲ့ပေ။ သူမအသံက နူးညံ့ပြီး ဖျော့တော့နေသေးသည်။ "ငါလိမ်လား မလိမ်လား သိအောင် လူတိုင်းက ငါတို့နဲ့ လိုက်ကြည့်လို့ ရမလာ?"

ဒါကို လူတိုင်းက ကျိုးကြောင်းဆီလျော်တယ်ဆိုတာ သိခဲ့သည်။ ဤလိမ်ညာမှုသည် ဖော်ထုတ်ရန် လွယ်ကူလွန်းသည်။

သူမ တကယ်မလိမ်ခဲ့ဘူးလား?

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?

ကျန်းရှောက်လီက စိတ်ချလက်ချဖြင့် "ကောင်းပြီ ဒါဆို သွားကြမယ်။ နောက်မှ ငါနင့်ကိုယ်နင် ဘယ်လို အရူးလုပ်မလဲ ကြည့်ချင်တယ်!"

တကယ်တော့ သာ့ချောင်က ‌ကျန်းရှောက်လီကို မဖိတ်ချင်ခဲ့ပေ။ သူမ မျက်နှာကို ရိုက်ပြီး ပါးစပ်ကို ပိတ်ချင်နေခဲ့သည်။ သူမသည် သဘောတူဖို့တွက် ခေါင်းသာညိတ်ခဲ့ရသည်။

ထို့ကြောင့် သူတို့အဖွဲ့သည် ကျောင်းဂိတ်ကို အားကြိုးမာန်တက် ထွက်လာခဲ့ကြသည်။

သာ့ချောင်သည် ကျောင်းတံခါးအပြင်ဘက်ရှိ ကားဆီသို့ လျှောက်သွားသည်ကို တွေ့လိုက်သောအခါ သူတို့သည် အံ့သြသင့် သွားပြန်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် သူမကို အနည်းငယ် ယုံကြည်လာခဲ့ကြသည်။

ကျန်းရှောက်လီသည် ကားကိုမြင်သောအခါ သူမ၏ မျက်နှာသည် ချက်ချင်းပင် ကြည့်ရဆိုးသွားခဲ့သည်။

အဲဒီကားက နောက်ဆုံးပေါ် ဖြစ်သည်။ ဈေးနှုန်းက ယွမ်တစ်‌သောင်းကျော်သည်။ သူ့မိသားစုက ဒီလောက်စျေးကြီးတဲ့ကားကို မတတ်နိုင်ဘူး။ အရာရှိတစ်ယောက်ဖြစ်တဲ့ သူ့ဦးလေးတောင် မတတ်နိုင်ပေ။

......

သာ့ချောင်သည် သူမ၏ ဝမ်းကွဲအစ်မကို တိုက်ရိုက်ဆွဲခေါ်သွားပြီး သူမ၏ဝမ်းကွဲအစ်မနှင့် အလွန်ဆက်ဆံရေးကောင်းမွန်သော လူနှစ်ယောက်သည် ကားထဲသို့ ဝင်လာခဲ့သည်။

အခြားသူများကို ထိုနေရာတွင် စောင့်ဆိုင်းခိုင်းခဲ့သည်။ သူမသည် နောက်မှ သူတို့ကို ယာဉ်မောင်းအား လာကြိုခိုင်းခဲ့သည်။ မဟုတ်ပါက သူတို့သည် ခြံဝင်းဆီသို့ လမ်းလျှောက်ပြီး သွားကြရလိမ့်မည်။

သူတို့ထဲက တစ်ယောက်မှ ကားမစီးဖူးတာကြောင့် လူတိုင်းက စောင့်ဆိုင်းလိုတဲ့ ဆန္ဒကို ဖော်ပြခဲ့ကြသည်။

ကျန်းရှောက်လီက မစောင့်ချင်ပေမယ့် သူမနဲ့ ဘယ်သူမှ မသွားချင်ကြပါ။ သူမ မျက်နှာသည် မည်းသွားသည်။

သာ့ချောင်နှင့် ချောင်တုန်းဟယ်တို့ ထွက်သွားပြီးနောက် သူမသည် သူတို့ညီအစ်မနှစ်ယောက်အကြောင်း မကောင်းပြောနေခဲ့သည်။ သို့သော် မည်သူကမျှ သူမ၏ အတွေးကို သံယောင်မလိုက်ခဲ့ကြပေ။

ဘယ်လိုတောင် ဒေါသထွက်စရာလဲ?

သူမသည် အစက သာ့ချောင် လိမ်နေသည်ဟု ထင်ခဲ့သည်။ သူမ မလိမ်ခဲ့ရင်တောင် သူမ ဝယ်ထားသော ခြံဝင်းက သေးငယ်ကာ ချုံးချုံးကျပြီး ဟောင်းနေရမည်။

သို့သော် ကြီးမားလှသော ခြံဝင်းကြီးကို သူမမြင်လိုက်ရသောအခါ သူမပါးစပ်ကို မပိတ်နိုင်လောက်အောင်ထိ သူမ ထိတ်လန့်သွားခဲ့သည်။

ခြံဝင်းကို ကောင်းစွာထိန်းသိမ်းထားရုံသာမက အပြင်တွင် ဇိမ်ခံကားလေးငါးစီးပါ ပါကင်ထိုးထားသည်။ ဈေးအနည်းဆုံးကားတောင်မှ သူမ မိသားစုက တတ်နိုင်တဲ့အရာ မဟုတ်ဘူး။

စောစောက ဒေါသထွက်နေသော မိန်းကလေးသည် သူမ၏ တုံ့ပြန်မှုကြောင့် အလွန်စိတ်သက်သာရာ ရသွားသည်။ "နင်က မြို့ကလို့ ပြောတယ် မဟုတ်လား? နင်နေတဲ့ နေရာက ဒီခြံဝင်းထက် ပိုကောင်းမလားလို့ ငါ တွေးမိတယ်?"

“နင်...!” ကျန်းရှောက်လီ၏ မျက်နှာသည် အရောင်ပြောင်းလာသည်။ အဲ့တာက တကယ်ကြီးပဲ။

အခြားမိန်းကလေးနှစ်ယောက်က ဒီအိမ်က သူတို့အိမ် မဟုတ်သော်လည်း သူမ ဒေါသထွက်နေသည်ကို တွေ့သောအခါ သူတို့သည် ကျေနပ်သွားခဲ့ကြသည်။

သာ့ချောင်က ‌ကျန်းရှောက်လီကို သိပ်ဂရုမစိုက်ပါ။

သူမရဲ့အမြင်အရတော့ ကျန်းရှောက်လီလို သေးနုပ်တဲ့ လူတစ်ယောက်အတွက် သူမကို အာရုံစိုက်လိုက်ရင် အဲ့တာက သူမကို မျက်နှာပေးသလို ဖြစ်သွားလိမ့်မည်။ ဒီလိုလူမျိုးကို လျစ်လျူရှုတာက သူမအတွက် အကောင်းဆုံး ထိုးနှက်ချက်ပင်။

ပြောရမယ်ဆိုရင် သာ့ချောင်ရဲ့ လျစ်လျူရှုတဲ့လှည့်ကွက်က တော်တော်အလုပ် ဖြစ်ခဲ့သည်။ ကျန်းရှောက်လီသည် ဒေါသထွက်လွန်းလို့ သွေးအန်လုနီးပါးပင်။

ဒါပေမယ့် ဒီနေ့ ချောင်အိမ်တက်ပွဲအတွက် လာလည်တဲ့သူတွေက ချမ်းသာပြီး မြင့်မြတ်တဲ့သူတွေ ဖြစ်တာကြောင့် သူမသည် ပြဿနာ မရှာရဲပေ။ ပြီးတော့ သူတို့ထဲက တစ်ယောက်က သူမ ဦးလေးရဲ့ သူဌေးပင်။

သူမသည် ပြောမပြတတ်အောင် ထိတ်လန့်သွားသည်!

သူမ တစ်သက်လုံး ချမ်းသာသော သူတွေရဲ့ နောက်လိုက်ခွေးလုပ်ရင်တောင် မတက်နိုင်သော ခြံဝင်းထဲတွင် ကျေးလက်က လူတွေသည် တကယ်ကြီး နေထိုင်နေခဲ့ကြသည်။

ဤအချိန်ပြီးနောက် ချောင်တုန်းဟယ်သည် သူမ၏ အတန်းဖော်များကြားတွင် မရေမတွက်နိုင်သောအဆင့်အထိ မြင့်တက်လာခဲ့သည်။ ကျန်းရှောက်လီက သူမကို ဒုက္ခမပေးရဲတော့ပေ။ အမျိုးသားအတန်းဖော် အချို့က သူမကို တက်ကြွစွာလိုက်ကြသည်။

သို့သော် ချောင်တုန်းဟယ်၏ စိတ်သည် အစမှအဆုံးအထိ ငြိမ်သက်နေခဲ့သည်။ သူမသည် အဲ့တာကြောင့် မာနကြီးခြင်း သို့မဟုတ် အခြားသူများကို နှိမ့်ချခြင်း မပြုခဲ့ပေ။

သူမ၏ အမြင်အရဆိုရင် ခြံဝင်းသည် သာ့ချောင်က ပိုင်သည်။ အရေးကြီးသော ပုဂ္ဂိုလ်များနှင့် ပေါင်းဖက်ရမည့်သူမှာ သာ့ချောင်သာ ဖြစ်သည်။ သူမသည် အဲ့တာကို ဂုဏ်ယူနေခဲ့သည်။

သူမကိုလိုက်သော ယောင်္ကျားလေး အတန်းဖော်များအတွက်လည်း သူမသည် သွေးဆောင်ခြင်းမခံခဲ့ရပါ။ အဆင့်အတန်းကြောင့် သူမကို လိုက်တဲ့သူတွေသည် အနာဂတ်မှာ အဆင့်အတန်းကြောင့် သူမကို စွန့်လွှတ်ကြလိမ့်မည်။

ချောင်မိသားစု မြို့သို့ မပြန်မီ ချောင်တုန်းဟယ်သည် လော့ကျွင်းလျန်ကို သူမ၏ အဘိုးအဘွားများနှင့် တွေ့ဆုံရန် ခေါ်သွားခဲ့သည်။

သူမ အဘိုးအဘွားတွေရဲ့ သဘောတူညီချက်အရ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို တရားဝင် ချပြခဲ့ကြသည်။

အိမ်တက်ပွဲအပြီးတွင် ချောင်မိသားစုသည် ချောင်ယွဲ့မင်တို့ မိသားစုနှင့်အတူ မြို့တော်မှ ထွက်ခွာသွားခဲ့သည်။

ချောင်မိသားစုသည် ချောင်ယွဲ့မင်တို့ မိသားစုရောက်ရှိလာခြင်းနှင့် ပတ်သက်၍ စူးစမ်းလိုစိတ် အပြည့်ရှိခဲ့သည်။ သိချင်စိတ်ကြောင့် လူတိုင်းသည် သူတို့၏ ကြိုဆိုမှုနှင့် စိုးရိမ်မှုကို ဖော်ပြခဲ့ကြသည်။

ချောင်ယွဲ့မင်နဲ့ ဝူကောအန်းတို့က ဒါကိုမြင်လိုက်တဲ့အခါ သူတို့သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

လမ်းတစ်ဝက်မှ ရောက်လာသူ တစ်ယောက်အနေနဲ့ အကြောက်ဆုံးအရာက တခြားသူတွေရဲ့ ငြင်းပယ်ခြင်း ဖြစ်သည်။

ကျန်တဲ့ ချောင်မိသားစုက သူမကို လက်မခံဘူးဆိုရင် သူမ မိသားစုရဲ့ နောက်ထပ်ဒဏ်ရာကို ခံစားရမှာ ဖြစ်သည်။ ထိုအချိန်တွင် သူမသည် ခံနိုင်ရည်ရှိမရှိ မသေချာပေ။

All Chapters