အခန်း (၂၂၃)
Vol. 18 Ch. 223
ချောင်ကျန်းကော်ရဲ့ ပါးစပ်က မကောင်းပေမယ့် သူသည် သူ့မိသားစုပေါ်ကို ကောင်းပါသည်။
ချောင်ယွဲ့မင်က ဆန္ဒရှိနေသရွေ့ သူမတို့မိသားစုကို ပြုစုပျိုးထောင်ဖို့ သူ့အတွက် ပြဿနာမရှိပါဘူးလို့ သူက ပြောခဲ့သည်။ ထို့နောက် သူသည် သူ့တူလေးကို အနီရောင်စာအိတ်ကြီး ပေးလိုက်သည်။
ထူထဲသော အနီရောင်စာအိတ်ကို မြင်လိုက်ရတော့ ဝမ်ချွန်ကျီသည် သူမ၏ နှလုံးသွေးများ ထွက်လာသည်ဟု ခံစားလိုက်ရသည်။
ချောင်ယွဲ့မင်နှင့် ဝူကောအန်းတို့သည် အရည်အချင်း မရှိသော သူများမဟုတ်ကြပေ။ သူတို့က ဒါကိုကြားတော့ အရမ်းစိတ်လှုပ်ရှားသွားကြသည်။ ဒါတောင် သူတို့က အဲ့တာကို တကယ် မယူခဲ့ကြပေ။
ချောင်ကျန်းကျွင်းနဲ့ ချောင်ကျန်းမင်တို့ကလည်း သူတို့ရဲ့ တူဖြစ်သူကို အနီရောင် စာအိတ် တစ်အိတ်အား ပေးခဲ့ပြီး ဒီနေရာကို သူတို့ရဲ့ အိမ်အဖြစ် ဆက်ဆံဖို့ ပြောခဲ့သည်။ ယဉ်ကျေးနေဖို့ မလိုပါဘူး။
လင်းဟွေ့သည် ချောင်ယွဲ့မင်၏ အဝတ်အစားများ အတော်လေးဟောင်းနေပြီကို သတိပြုမိခဲ့သည်။ နောက်တစ်နေ့တွင် သူမကို အဝတ်အစားဝယ်ရန် ကုန်တိုက်သို့ ခေါ်သွားခဲ့သည်။ နှစ်ယောက်သားသည် ငွေပေးချေသောအခါ စကားများရန်ဖြစ်လုနီးနီး ဖြစ်ခဲ့သည်။
ပြန်ရောက်ပြီးနောက် လင်းဟွေ့သည် ရှောင်ယွီအတွက် ချက်ပြုတ် ပြန်သည်။
ရှောင်ယွီနှင့် အမွှာများအပြင် ချောင်တုန်းယွင်တို့သည် အသက်အရွယ်တူများ ဖြစ်တာကြောင့် သူတို့သည် အတူတွဲကစားခဲ့ကြသည်။ မကြာခင် ကလေးတွေက သူငယ်ချင်းကောင်းတွေ ဖြစ်လာခဲ့ကြသည်။
ချောင်ယွဲ့မင်သည် သူမ၏ ဆွေမျိုးများထံမှ ဂရုစိုက်မှုကို ခံစားခဲ့ရပြီး သူမ၏ နှလုံးသားထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်သော မျက်ရည်များ စီးကျလာခဲ့သည်။
ဒါက သူမ၏ အိမ်မက် မိသားစု ဖြစ်သည်။
ထောင်ယွီဖုန်ကြောင့်သာ မဟုတ်ရင် သူမသည် ငယ်ငယ်ကတည်းက ဒီလိုပတ်ဝန်းကျင်မှာ နေထိုင်ခဲ့ရလိမ့်မည်။
ချောင်မိသားစုအတွက်တော့ ချောင်ယွဲ့မင်၏ စိတ်နေစိတ်ထားက ကျန်းမိသားစုလို မကွေးကောက်တာကတော့ ကံကောင်းခြင်းတစ်ခုဖြစ်သည်။
ချောင်ယွဲ့မင်ရဲ့ စိတ်ထားသည် ချောင်ဟုန်းမေနဲ့တူရင် သူတို့သည် သေသည်အထိ အော့အန်သွားနိုင်သည်။
ရေစီးဆင်းသလိုမျိုး တစ်လကုန်သွားခဲ့သည်။ ချောင်ယွဲ့မင်၏ မိသားစု သုံးယောက်သည် ချောင်အိမ်တွင် ပျော်ရွှင်စွာနေထိုင်ခဲ့ကြပြီး သူတို့၏ ကိုယ်အလေးချိန်များ တက်လာခဲ့ကြသည်။
တွန့်ဆုတ်နေသော်လည်း သူတို့သည် မြို့တော်ကို ပြန်သွားခဲ့သည်။ ဝူကောအန်းသည် သင်ခန်းစာပြင်ဆင်ရန် ပြန်သွားခဲ့ရသည်။
ကံကောင်းထောက်မစွာ ယခု ခရီးသွားရန် အကြောင်းကြားစာ တစ်စောင်ကို မလိုအပ်တော့ပါ။ လမ်းပန်းဆက်သွယ်ရေးသည် ပိုပိုပြီး အဆင်ပြေလာခဲ့သည်။ အရင်ကထက် လူတိုင်းတွေ့ဆုံဖို့ ပိုလွယ်ကူလာခဲ့ကြသည်။
—
နွေရာသီအားလပ်ရက်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ စက်တင်ဘာလရဲ့ စာသင်ကို စတင်ခဲ့သည်။
ဤစာသင်နှစ်အစတွင် သာ့ချောင်သည် မူလက အထက်တန်းကျောင်း ပထမနှစ်ကို ဝင်ရောက်ခဲ့သည်။ သို့သော် ယခုအချိန်တွင် ပြည်နယ်ပညာရေးဦးစီးဌာနမှ ကျောင်းစနစ်အား ၅-၂-၂ မှ မူလ ၆-၃-၃ သို့ ပြောင်းလဲရန် ဆုံးဖြတ်ချက်ထုတ်ပြန်ခဲ့သည်။
တော်လှန်ရေးကာလအတွင်း ကျောင်းစနစ်သည် တိုတောင်းခဲ့သည်။ ပညာရေးဌာနသည် အဲ့တာက ကျောင်းသားများ၏ သင်ကြားမှုကို အထောက်အကူမပြုဟု ခံစားမိသောကြောင့် ပြန်ပြောင်းခဲ့သည်။
သာ့ချောင်က အဲ့တာသည် အရေးမကြီးဘူးလို့ ခံစားခဲ့ရသည်။ သူမသည် ပုံမှန်အတိုင်း တက်သွားရင်တောင် ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေပြီးချိန်မှာ သူမသည် အသက်ဆယ့်ခြောက်နှစ်ပဲရှိသေးသည်။ ကောလိပ်တက်ဖို့ ပြီးပြည့်စုံတဲ့အရွယ် ဖြစ်သည်။
အန်းပင်းသည် အလွန် မပျော်မရွှင်ဖြစ်ခဲ့သည်။
ဒီနှစ်တွင် သူသည် အထက်တန်း ဒုတိယနှစ် တက်တော့မည်။ နောက်တစ်နှစ်ပြီးရင် စာလုပ်ရတာကနေ လွှတ်မြောက်သွားပြီ။ အခု သူ့မှာ ဘာအကြောင်းပြချက်မှ မရှိဘဲ နောက်ထပ် တစ်နှစ်ရှိလာသည်။
အဓိပ္ပာယ်မရှိ စာလုပ်ရတာက အလွန့်အလွန် ရက်စက်လွန်းသည်။
ကောင်းကင်ဘုံသည် သူ့ကို ခက်ခဲအောင် တမင်တကာ လုပ်နေသည်ဟု သူ ခံစားခဲ့ရသည်။
နောက်ထပ် မပျော်မရွှင် ဖြစ်နေတဲ့ တစ်ယောက်ကတော့ ချောင်တုန်းယင်ပါ။ သူမသည် ဒီနှစ်တွင် ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေရတော့မည်။ ဤပြောင်းလဲမှုကြောင့် သူမသည် နောက်ထပ်တစ်နှစ် ထပ်ပြီး စာသင်ကြားရမည်ဖြစ်သည်။
ဒါပေမယ့် သူတို့ ဘယ်လောက်ပဲ မကျေနပ်နေပါစေ သူတို့ ဘာမှ လုပ်လို့ မရပေ။ ပညာရေး ဦးစီးဌာနက သတ်မှတ်ခဲ့တာ ဖြစ်သည်။ မလိုချင်ဘူးလား? သည်းခံလိုက်ပါ!
—
ခဏလောက်အတွင်းမှာပဲ နောက်ထပ် နှစ်နှစ် ကုန်လွန်သွားခဲ့သည်။
ဒီနှစ်နှစ်အတွင်းမှာ အများကြီး ဖြစ်ပျက်ခဲ့သည်။
ချောင်တုန်းယင်သည် ပြည်နယ်ရှိ အဓိကကောလိပ်တစ်ခုသို့ ဝင်ခွင့်ရခဲ့သည်။ အန်းပင်းသည် အထက်တန်း တတိယနှစ်ရောက်သောအခါတွင် သူသည် ဆက်ပြီး စာမသင်ချင်ကြောင်း ပြောခဲ့သည်။
စာများများလေ့လာလေ သူသည် စာလုပ်တာနဲ့ မသင့်လျော်ဘူးဆိုတာ သူသိလာသည်။ ပိုအရေးကြီးတာက သူ့စိတ်က အဲ့ပေါ်မှာ မရှိဘူး။
နာရီဝက်လောက် စာကျက်တာထက် ဟင်းပွဲတစ်ပွဲကို ဆယ်နာရီလောက် လေ့ကျင့်တာက ပိုကောင်းပါသည်။
ချောင်ရှို့ကျီနှင့်ရွှယ်ချွမ်တို့ ဆွေးနွေးပြီးနောက်တွင် မူလ စီစဉ်ထားသည့်အတိုင်း သူသည် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုသင့်သည်ဟု ဆိုခဲ့သည်။ ထို့နောက် သူသည် စာမေးပွဲ မအောင်မြင်ပါက အစီအစဉ်များ ချမှတ်နိုင်သည်။
ဝမ်ချွမ်ကျီက သူ့သားကို မြို့တော်မှာ ကောလိပ်တက်ပြီး ဘဝရဲ့ အထွတ်အထိပ်ကို ရောက်ကာ အရာရှိ တစ်ယောက် ဖြစ်စေချင်ခဲ့သည်။ သို့သော်လည်း အန်းပင်းသည် အဆာပြေမုန့်များ ရောင်းချရန် လမ်းဘေးဆိုင်တစ်ခု တည်ထောင်ချင်ခဲ့သည်။
သူမ အိမ်မက်တွေ ပြိုပျက်သွားသလို ခံစားခဲ့ရသည်။
ချောင်ယွဲ့မင်သည် လွန်ခဲ့သည့်နှစ်တွင် နောက်ထပ် သားတစ်ယောက် မွေးဖွားခဲ့သည်။ မိသားစုသည် ယခုအခါ မြို့တော်တွင် အခိုင်အမာ ခြေကုပ်ယူထားခဲ့ကြသည်။ ဒီနှစ်တွင် သူတို့သည် မြို့တော်မှာ နောက်ထပ် အိမ်တစ်လုံးဝယ်ဖို့ စီစဉ်နေတယ်လို့ ပြန်ပို့တဲ့စာမှာ ဖော်ပြထားခဲ့သည်။
မဒမ်မောင်သည် အသက်ရှင်နေသေးသည်။ သူမ၏ ယခင်ဝေဒနာများသည် လုံးဝ ပျောက်ကွယ်သွားပုံရသည်။
မောင်မိသားစုသည် သာ့ချောင်ကို အလွန်ကျေးဇူးတင်သည်။ သူတို့သည် နှစ်သစ်ကူးကာလအတွင်း နှစ်စဉ် ချောင်မိသားစုထံ ပစ္စည်းအများအပြား ပေးပို့ခဲ့သည်။
အပြင်လူများသည် မဒမ်မောင်၏ ရုတ်တရက် ကျန်းမာသွားတာကို သိချင်နေကြသော်လည်း မောင်မိသားစုသည် သူတို့၏ ကတိကိုစောင့်ထိန်းပြီး သာ့ချောင်ကို သစ္စာမဖောက်ခဲ့ကြပေ။
ဟော်ချီသည် နောက်ပိုင်းတွင် အတန်းအနည်းငယ်သာ ကျော်ချခဲ့သော်လည်း သူသည် အရမ်းနောက်ကျမှ သင်ယူခဲ့ရသည်။ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုကြောင့် သူသည် တက္ကသိုလ်ဝင်ခွင့် နှောင့်နှေးခဲ့ရသည်။ အန်းပင်းကဲ့သို့ပင် သူသည် ယခုနှစ်တွင် အထက်တန်း တတိယနှစ်တွင် ရှိနေခဲ့သည်။
သိုက်ရှုဖန်သည် အချိန်ကုန်လွန်စေရန် မြို့တော်တွင် သူငယ်တန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။ မထင်မှတ်ပဲ တဖြည်းဖြည်းနဲ့ အဲ့တာက အသက်မွေးဝမ်းကြောင်း တစ်ခုအဖြစ် ပြောင်းသွားခဲ့သည်။ ယခုအခါ သူငယ်တန်းကို သုံးနေရာအထိ တိုးချဲ့ထားခဲ့သည်။
ချမ်းသာတဲ့ ဇနီးတစ်ယောက်အနေနဲ့ သားသမီးတွေကို သူမကိုယ်တိုင် ပြုစုစောင့်ရှောက်ဖို့ မလိုအပ်ဘူးဆိုတာ သေချာသည်။ သူတို့ကို ပြုစုစောင့်ရှောက်ဖို့ သူမသည် ဝန်ထမ်းကောင်းတွေ ငှားခဲ့သည်။
ချောင်မိသားစု၏ ကုန်စုံဆိုင်သည် တစ်ဆိုင်မှ နှစ်ဆိုင်သို့ နှစ်ဆတိုးလာခဲ့သည်။ သူတို့သည် မြို့မှာ နောက်ထပ် အိမ်နှစ်လုံး ထပ်ဝယ်ခဲ့သည်။
သာ့ချောင်သည် ယခု အထက်တန်း ဒုတိယနှစ်ဖြစ်သည်။ သူမသည် လုံးဝစိတ်မပူခဲ့ပါ။
သူမ၏ အဆင့်များသည် ယခင်ကလိုပဲ အံ့သြဖွယ် ကောင်းနေသေးသည်။ သူမသည် လွန်ခဲ့သော နှစ်အနည်းငယ်က ထိုမိသားစု၏ ကလေးဖြစ်ခဲ့သည်။
အဲ့ဒီနေ့တွင် သူမက ချောင်တုန်းဝမ်နဲ့ ဈေးဝယ်ထွက်ခဲ့သည်။
ချောင်တုန်းဝမ်သည် အရင်က ဝမ်အာလေး ဖြစ်သည်။ သူမ အသက်ကြီးလာသည်နှင့်အမျှ လူတိုင်းက သူမအား နာမည်ပြောင် ခေါ်တာကို ရပ်တန့်လိုက်ကြသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သာ့ချောင်သည် သူမ၏ ကျောက်စိမ်းပုတီးစေ့များအား ကျွေးတာကို ဘယ်တော့မှ မရပ်ခဲ့ပေ။ သို့တိုင် သူမ၏ စိတ်နေစိတ်ထားသည် သာမန်ကလေးများထက် အမြဲတမ်း တိတ်ဆိတ်နေခဲ့သည်။
ဤတိတ်ဆိတ်မှုမျိုးသည် ချောင်တုန်းဟယ်၏ သီးသန့်နေလိုသော တိတ်ဆိတ်မှုနှင့် ကွဲပြားသည်။
ချောင်တုန်းဟယ်သည် ရှက်ရွံ့ကာ နူးညံ့သိမ်မွေ့ပြီး ချောင်တုန်းဝမ်က အေးစက်သည်။
အေးစက်နေတာပင်။
သာ့ချောင်၏ရှေ့တွင် သူမသည် ငယ်စဉ်ကတည်းက အမြဲဂရုတစိုက်နှင့် တွယ်ကပ်နေခဲ့သည်။
ညီအစ်မနှစ်ယောက်သည် ပန်းပွင့်ကလစ်များ၊ အဝတ်အစားများနှင့် အင်္ကျီအမျိုးမျိုးအပါအဝင် မိန်းကလေးပစ္စည်းများကို အများကြီးဝယ်ခဲ့ကြသည်။ ဈေးဝယ်ပြီးနောက် သူတို့သည် ခေါက်ဆွဲဆိုင်သို့ လျှောက်သွားခဲ့ကြသည်။
သာ့ချောင်က အမဲသားခေါက်ဆွဲ တစ်ပန်းကန်မှာပြီး ချောင်တုန်းဝမ်က ဟင်းသီးဟင်းရွက် ခေါက်ဆွဲကို မှာခဲ့သည်။
ဒါကိုမြင်တော့ သာ့ချောင်က မျက်မှောင်ကြုတ်ပြီး “တုန်းဝမ် အစ်မအတွက် ပိုက်ဆံ ချွေတာစရာ မလိုပါဘူး။ မင်းက အခု အရွယ်ရောက် လာပြီ။ အမြဲတမ်း အသားမစားနိုင်ဘူးလား?”
ချောင်တုန်းဝမ်က နှုတ်ခမ်းကို စေ့ပြီး ပြုံးပြီး "ကောင်းပြီ၊ ဒါဆို အစ်မပြောတာကို ညီမ နားထောင်မယ်။ သူဌေး ကျွန်မ အဲဒါကို ဝက်သားနဲ့ ဟင်းရွက်ခေါက်ဆွဲအဖြစ် ပြောင်းလိုက်မယ်။"
သူဌေးက ကျယ်လောင်စွာ အသိအမှတ်ပြုလိုက်သည်။
တကယ်တော့ ချောင်တုန်းဝမ်သည် သူမက အသားစားတာ မကြိုက်ဘူးဆိုတာကို မပြောခဲ့ပေ။ သို့တိုင် သူမသည် အစ်မကို သူမအတွက် စိတ်မပူစေချင်ပါ။ ဒါကြောင့် သူမသည် အဲ့တာကို မကြိုက်ဘူးဆိုရင်တောင် သူမကိုယ်သူမ စားအောင် ဖိအားပေးခဲ့သည်။
သူတို့နှစ်ယောက်ရဲ့ ခေါက်ဆွဲကို လာချပြီး ချိန်မှာတော့ အမျိုးသမီးတစ်ဦးသည် လေးငါးနှစ်အရွယ် ကောင်လေးတစ်ယောက်နဲ့ ဝင်လာခဲ့သည်။
ကောင်လေးက ဝုန်းဒိုင်းကြဲနေပုံရသည်။ သူက အမျိုးသမီးကို လက်သီးနဲ့ထိုးပြီး ကန်ကျောက်ကာ ခြိမ်းခြောက်သည်။ "မိန်းမဆိုး၊ ခင်ဗျား ငါ့ကို အရုပ်မဝယ်ပေးရင် ငါတို့ပြန်ရင် ခင်ဗျားကို အဖေ့ ရိုက်ခိုင်းမယ်!"
ရှောင်နေရင်း အမျိုးသမီးက ချော့ပြောသည်။ "အမေ မဝယ်ပေးချင်တာ မဟုတ်ပါဘူး။ အမေ ဒီနေ့ ပိုက်ဆံမလောက်လို့ပါ။ နောက်တစ်ခါမှ အမေ သားကို အရုပ်ဝယ်ပေးပါ့မယ်။"
"မဟုတ်ဘူး။ မဟုတ်ဘူး။ အဆင်မပြေဘူး! ရုပ်ဆိုးတဲ့မိန်းမ! မိန်းမဆိုး ငါ မင်းကို သေအောင် ရိုက်မယ်"
ထိုအမျိုးသမီး၏ အသံကိုကြားသောအခါ သာ့ချောင်နှင့် ချောင်တုန်းဝမ်တို့သည် တစ်ချိန်တည်းတွင် မျက်မှောင်ကြုတ်သွားကြသည်။
ဒီအသံက မနှစ်မြို့တဲ့ သူတစ်ယောက် ချန်ချောင်ချောင်ကို သတိရစေသည်။
သူတို့ထဲက တစ်ယောက်က မော့ကြည့်ပြီး ကျန်တစ်ယောက်က လှည့်ကြည့်ခဲ့သည်။ မီးခိုးရောင် ရှပ်အင်္ကျီဟောင်းကို ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် သူတို့၏ မြင်ကွင်းကို ဝင်ရောက်လာခဲ့သည်။ သူမ၏ဆံပင်များသည် နောက်ကျောတွင် ပြီးစလွယ် ဆံထုံးထုံးထားပြီး သူမ၏ မျက်နှာသည် ဖျော့တော့ပြီး မွဲခြောက်နေသည်။
သူမသည် အသက် အများကြီး ကြီးသွားသော်လည်း နှစ်ယောက်သားသည် သူမကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားခဲ့ကြသည်။ ဤအမျိုးသမီးမှာ အမှန်ပင် ချောင်တုန်းဝမ်၏ မိခင် ချန်ချောင်ချောင် ဖြစ်သည်။
ချောင်တုန်းဝမ်၏ မျက်လုံးများတွင် ရွံမုန်းမှုများ တောက်လောင်လာသည်။ သူမသည် တစ်ဖက်လူကို မမြင်ချင်ယောင်ဆောင်ပြီး ခေါင်းကို အမြန်ပြန်လှည့်လိုက်သည်။
သူမ လှည့်လိုက်တော့ ချန်ချောင်ချောင်က သူတို့ဘက်ကို လှမ်းကြည့်ခဲ့သည်။ သူမ မျက်လုံးများက သာ့ချောင်၏ မျက်နှာကို ကြည့်လိုက်သည်။
ငြူစူမှုနှင့် မနာလိုမှုတို့သည် သူမ၏ မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။ ဒါပင်မဲ့ သူမကတော့ သာ့ချောင်ကို မမှတ်မိခဲ့ပေ။
သူမသည် ချောင်အိမ်မှ ထွက်ခွာသောအခါ သာ့ချောင်က ခုနစ်နှစ်သာရှိသေးသည်။ အခုဆို ရှစ်နှစ်ကြာပြီ ဖြစ်သည်။ သူမသည် ချောမောလှပသော ခြေတံရှည်နှင့် အသားအရေ လှပသော မိန်းကလေးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။
တကယ်တော့ သူမကို တစ်ချက်ကြည့်လိုက်တော့ ချန်ချောင်ချောင်က သူမကို ရင်းနှီးသလို ခံစားလိုက်ရသည်။ ဒါပေမယ့် သူမရဲ့သားဖြစ်သူက သူမကို ကန်ကျောက်ပြီး ရိုက်နှက်နေတာကြောင့် ဒီကိစ္စကို သူမသည် စဉ်းစားနိုင်ခဲ့ပေ။
ချန်ချောင်ချောင်က သူ့သား လင်ယောင်ဇူကို ခေါ်ပြီး သာ့ချောင်နဲ့ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ " သူဌေး၊ ငါ နှစ်... ဝက်သားခေါက်ဆွဲ တစ်ပန်းကန် လိုချင်တယ်။"
ဝက်သားခေါက်ဆွဲ တစ်ပန်းကန်ကို လူနှစ်ယောက် စားနေတာကို ဘယ်သူ့မှ ထူးဆန်းတယ်လို့ မထင်ခဲ့ပေ။ မကြာသေးမီနှစ်များအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသော်လည်း သာမန်လူများသည် ဆင်းရဲနေဆဲဖြစ်သည်။
ဒါပေမယ့် ထူးဆန်းတာက ဝက်သားခေါက်ဆွဲရောက်လာပြီးတဲ့ နောက်မှာ ကလေးက သူ့အမေနဲ့ မဝေခွဲချင်ပါ။ ပန်းကန်လုံးတစ်ခုလုံးကို သူအပိုင် သိမ်းထားလိုက်သည်။
ကောင်လေးက အရမ်းစားသည်။ ဟင်းရည်သည် နှုတ်ခမ်း ဘေးဘက်မှာလည်း ပေကျံနေပြီး နေရာအနှံ့ ပြန့်ကျဲနေသည်။ သူ့ပါးစပ်၊ သူ့အဝတ်နဲ့ လက်တွေ ညစ်ပတ်နေသည်။
ချောင်တုန်းဝမ်သည် တစ်ချက်သာ ကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် ရွံမုန်းမှုများက ပို၍ပြင်းထန်လာသည်။
ညီမကို ဒီလိုမြင်ရင် သာ့ချောင်က ပိုဒုက္ခမပေးချင်ဘူး။ သူမသည် ခေါက်ဆွဲစားခြင်းကို အရှိန်မြှင့်လိုက်သည်။
ဘာတွေပဲ လုပ်နေပါစေ လာမဲ့ ကံကြမ္မာက လာမှာပဲ ဖြစ်သည်။
ချန်ချောင်ချောင်၏ ဗိုက်သည် ပြင်းပြင်းထန်ထန် မြည်နေသော်လည်း သူမသည် သားဖြစ်သူထံမှ အစားအစာကို မယူရဲပေ။ အကယ်၍ သူမသာ ယူလိုက်ရင် သူသည် ပြန်ရောက်ရင် တိုင်ပါက သူမ ယောင်္ကျားသည် သူမကို သေချာပေါက် ရိုက်လိမ့်မည်။
ဤအရာအား သူမသည် သူမ ဘာသာ အာရုံပြောင်းလိုက်သည်။
သာ့ချောင်နှင့် ချောင်တုန်းဝမ်တို့သည် စတိုးဆိုင်တစ်ဆိုင်လုံးတွင် အလှပဆုံး ၀တ်စားဆင်ယင်ကြပြီး သူမနှင့် ဆန့်ကျင်ဘက် ထိုင်နေကြသည်။ ထုံးစံအတိုင်း သူမ အကြည့်တွေက သူတို့အပေါ် ရောက်သွားသည်။
အနီးကပ်ကြည့်ပြီးနောက် သူမသည် ပြဿနာကို ချက်ချင်းရှာဖွေတွေ့ရှိခဲ့သည်။ အသားအရေလှသော မိန်းကလေးကို ရင်းနှီးရုံသာမက သူမနှင့် ဆန့်ကျင်ဘက် မိန်းကလေးငယ်ကိုလည်း သူမသည် အလွန်ရင်းနှီးသည်။
ရုတ်တရက် သူမသည် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး အော်လိုက်သည်။ “ဝမ်အာလေး?”
ချောင်တုန်းဝမ်က သူမအား ဒီလို ခေါ်နေတာကို ကြားတဲ့အခါ သူမသည် ယင်ကောင် တစ်ကောင်ကို အစာကျွေးပြီး အစာစားချင်စိတ် ပျောက်ဆုံးသွားသလို ခံစားခဲ့ရသည်။
သူမကိုမြင်တော့ သာ့ချောင်က ပန်းကန်လုံးကြီးကြီးကို ရှေ့ကိုတွန်းလိုက်ပြီး "သူဌေး၊ ကျေးဇူးပြုပြီး ငွေရှင်းပေးပါ!"
ပထမတော့ ချန်ချောင်ချောင်သည် အနည်းငယ် မသေချာခဲ့ပါ။ သူတို့နှစ်ယောက် ရုတ်တရက် မျက်နှာတွေ ပြောင်းသွားပြီး ချက်ချင်း ထွက်သွားချင်ခဲ့တာကို တွေ့လိုက်ရတော့ သူမက သေချာသွားသည်။ "ဝမ်အာလေး၊ ငါက မင်းအမေပါ!"
ချောင်တုန်းဝမ်က ခေါင်းကို လှည့်ပြီး အေးစက်စွာ ကြည့်ခဲ့သည်။ "အန်တီ၊ ရှင်အရင်တုန်းက ကျွန်မကို လုပ်ခဲ့တဲ့ မမေ့နိုင်လောက်တဲ့ ကိစ္စတွေကို ရှင် လူတိုင်းရှေ့မှာ ပြောပြချင်တာ သေချာလား"
ချန်ချောင်ချောင်သည် အရင်က အမြဲတမ်း စကားမပြောရဲဘဲ ရှက်တတ်သော ကလေးမလေးက ကြီးပြင်းလာတာနဲ့ သူမကို ခြေသည်းတစ်ချောင်းတည်းဖြင့် အပိုင်းပိုင်း စုတ်ဖြဲချင်ပြီး စူးရှသည့် ခြေသည်းများပါသော သားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူမသည် မထင်ထားခဲ့ပေ။
သူမ မျက်နှာက အရောင်ပြောင်းသွားသည်။ သူမသည် အရမ်းဒေါသထွက်သွားသည်!
ဒါပေမယ့် ချောင်တုန်းဝမ်က သူမရဲ့ ဖောက်ပြန်ခဲ့တဲ့ ဇာတ်လမ်းကို ပြန်ပြောပြမှာကို သူမ ကြောက်ရွံ့ခဲ့ပြီး ဒေါသကို ထိန်းကာ သေသည်အထိ အသက်ရှုကြပ်လုနီးပါး ဖြစ်သွားခဲ့သည်။
သူဌေးက ဒရာမာကို သဘောကျနေခဲ့သည်။ သူသည် အခေါ်ခံရပြီးနောက် သူ့အသိစိတ်ပြန်ဝင်လာပြီး ငွေတွက်ခဲ့သည်။ "ခေါက်ဆွဲနှစ်ပန်းကန်... စုစုပေါင်း သုံးယွမ်နဲ့ ရှစ်ဆယ့်ငါးဆင့်။ ငါးဆင့် လျှော့ပေးလိုက်မယ်"
ချောင်တုန်းဝမ်သည် သာ့ချောင်ထက် အရင်ဦးပြီး ပိုက်ဆံကို ထုတ်ယူပြီး ပေးလိုက်သည်။
ထိုအချိန်တွင် ချန်ချောင်ချောင်က ပြောတာကို ကြားလိုက်ပြီး "သူဌေး၊ ရှင်အဲဒီမှာရှိနေတုန်း ငါတို့ပါ ထည့်တွက်လိုက်။ ငါက သူ့အမေပဲ။ ခေါက်ဆွဲစားတာ သူ့မောင်လေး။"
သူမပြောတာက ပုံမှန်ပင်!
ချောင်တုန်းဝမ်က သူမ ပိုက်ဆံကို လွှဲပေးရင်း အနည်းငယ် ရပ်တန့်သွားသည်။ သူဌေးကို ပိုက်ဆံပေးပြီးနောက် သူမက လှည့်ကာ သာ့ချောင်ကို "အစ်မ၊ သွားရအောင်"
အစမှအဆုံးထိ သူမသည် ချန်ချောင်ချောင်ကို မကြည့်ခဲ့ပါ။ သူမကို လေကဲ့သို့ လုံးဝ ဆက်ဆံခဲ့သည်။
“နင်…ကောင်မစုတ်လေး! အဲ့မှာ ရပ်စမ်း!”
ချန်ချောင်ချောင်သည် ဒေါသတကြီး ခုန်ပေါက်နေခဲ့သည်။ သူမ၏ ရိုင်းစိုင်းသော အမူအရာသည် ယခင်က အေးစက်ပြီး မာနကြီးသော အမူအရာနှင့် အလွန်ကွာခြားသွားခဲ့သည်။
တစ်နေ့တွင် သူမသည် လက်ရှိ သူမလို အရိုင်းအစိုင်း ဖြစ်လာလိမ့်မည်ဟု မတွေးမိခဲ့ပေ။
သာ့ချောင်သည် သူမ ညီမ၏ လက်ကို ကိုင်ကာ နူးညံ့စွာ နှစ်သိမ့်ပေးသည်။ "စိတ်မချမ်းသာစရာတွေကို စိတ်ထဲမှာ မထားနဲ့။ အစ်မကို မင်းဘာမဆို ပြောလို့ရတယ်။ အစ်မ မင်းဘေးမှာ အမြဲရှိနေမှာပါ။"
ချောင်တုန်းဝမ်က သူမလက်မောင်းပေါ် မှီလိုက်ပြီး "သိပါတယ်။ အစ်မ၊ ကျွန်မအတွက် စိတ်မပူပါနဲ့။ မသက်ဆိုင်တဲ့ သူတွေကြောင့် ကျွန်မ စိတ်မကောင်း မဖြစ်ပါဘူး။"
"အဲဒါကောင်းတယ်။"
သာ့ချောင်သည် သူမ၏ နူးညံ့သော ညီမလေးကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာသည် ငြိမ်သက်နေခဲ့သည်။ သူမသည် တကယ်စိတ်မ၀င်စားဘူး ထင်ပြီး သူမက စိတ်သက်သာရာ ရသွားခဲ့သည်။
သူတို့သည် ဗိုက်မပြည့်သေးသောကြောင့် အခြားလမ်းဘေး အစားအစာဆိုင်လေးကို ရှာခဲ့သည်။
အစားစားနေတုန်း တစ်ဝက်လောက်မှာ ချောင်တုန်းဝမ်က ရုတ်တရက် ပြောလိုက်သည်။ "အစ်မ၊ ခေါက်ဆွဲဆိုင်မှာ ညီမ တစ်ခုခု ကျကျန်ခဲ့တယ်။ ညီမ ပြန်သွားယူလိုက်ဦးမယ်။ ချက်ချင်း ပြန်လာခဲ့မယ်"
သာ့ချောင်က မျက်ခုံးပင့်လိုက်ပြီး "မင်း ဘာပြုတ်ကျခဲ့တာလဲ?"
ချောင်တုန်းဝမ်က သူမရဲ့ ဘယ်လက်ကို ဝှေ့ယမ်းပြပြီး " အဲ့ဒါက ညီမဝယ်ထားတဲ့ ပုတီးလက်ကောက်ပါ။ စိတ်မပူပါနဲ့ အစ်မ။ ငါ မရှုပ်ပါဘူး။"
သာ့ချောင်က သူမမှာ လက်ကောက်တစ်ကွင်း ပျောက်နေတာကို တွေ့လိုက်ရသည်။ "အစ်မကို မင်းနဲ့တူတူ ဟိုကို လိုက်ခဲ့စေချင်လား?"
ချောင်တုန်းဝမ်က သူ့နှုတ်ခမ်းတွေကို စေ့ကာ ပြုံးပြီး "အစ်မ၊ ငါ သုံးနှစ်မဟုတ်တော့ပါဘူး။"
ဒီအချိန်မှာတော့ သာ့ချောင်က ဆက်မပြောတော့ပေ။ သူမကို မြန်မြန်သွားပြီး ပြန်လာ ခွင့်ပြုလိုက်သည်။ တုန်းဝမ်က ပြုံးပြီး ထွက်သွားခဲ့သည်။