← Chapters

အခန်း (၂၂၅)

Vol. 18 Ch. 225

အခန်း (၂၂၅)

Vol. 18 Ch. 225

အန်းပင်း၏ ပါးစပ်သည် ပို၍ပင် တုန်လှုပ်သွားသည်။

ချောင်တုန်းယင်က ဝင်လာသည်။ သူမသည် အဲ့တာကို ကြားတော့ ဇဝေဇဝါ ဖြစ်နေခဲ့သည်။ သူမသည် ဘာဖြစ်ခဲ့လဲ သိလိုက်သည်နှင့် ရယ်မောရင်း မျက်ရည်များ ကျလာခဲ့သည်။

ရယ်မောပြီးနောက် သူမသည် အမာရွတ်ကို ပြန်ပြောရန် မမေ့ခဲ့ပေ။ “အန်းပင်းက ငယ်ငယ်တုန်းက စေးကပ်ကပ်အရာတွေကို စားချင်ခဲ့တာ။ ငါ နင့်ကို တားလို့မရခဲ့ဘူး။ ပြီးတော့ အဲ့တုန်းက မိသားစုက အရမ်း ဆင်းရဲခဲ့တာ။ အခု မိသားစုက တစ်နေ့ထက်တစ်နေ့ ပိုအဆင်ပြေလာတာကို။ နင်က ဘာလို့ မစင်တွေစားနေသေးတာလဲ?”

အန်ပင်း၏ အမူအရာသည် ပျက်သွားခဲ့သည်။ သူသည် ငိုတော့မလို ဖြစ်ပြီး "...ဒုတိယအစ်မ ဒီနေ့မတိုင်ခင်က ဘယ်သူက ဒါ မစင်တွေဆိုတာ သိလို့လဲ။ ငယ်ငယ်တုန်းက ဝတ်ရည်ဆိုတာ ပျားလပို့ထဲက ပျားရည်ထက် ခန္ဓာကိုယ်ကို ပိုအာဟာရပြည့်တယ်လို့ အမေက ပြောခဲ့တာ။ ဒီလို အာဟာရဖြစ်စေတာကို ငါကဖြုန်းတီးစရာလား"

လူတိုင်း - "..."

ထို့ကြောင့်... သူက အမေ တူးထားတဲ့ တွင်းထဲ ပြုတ်ကျသွားခဲ့တာလား?

အဆုံးတွင် သူတို့သည် သူ့အတွက် စာနာမှုအနည်းငယ်ကို ခံစားလိုက်ရသည်။ သူတို့သည် သူ့လက်ထဲတွင် ကျန်နေတဲ့ ပျားမစင်ကို ယူကာ လေ့လာခဲ့ကြသည်။

သုတေသနအချို့ပြုလုပ်ပြီးနောက် တုန်းယွင်သည် သူက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ရှိနေသကဲ့သို့ သူ့ကိုကြည့်ကာ "အစ်ကို၊ အမေက ဝတ်ရည်လို့ ပြောရင်တောင် အဲ့တာက ပန်းရနံ့မရှိလို့ အနံ့မရဘူးလေ။ နှာခေါင်းနဲ့ မတော်တဆ ထိမိရင်တောင် စာအုပ်ထဲမှာ ပျားမစင်က ငန်တယ်လို့ ဆိုထားပါတယ်။ အစ်ကို အရသာခံ အာရုံက တစ်ခုခု မှားနေတာလား?"

အန်းပင်း - "..…"

အခု သူသည် မစင် စားရတာ မကြိုက်မှန်း ဘယ်လိုရှင်းပြရမှန်း မသိတော့ဘူး။

ညနေစာစားချိန်ရောက်သောအခါ တုန်းယွင်သည် အဲ့တာကို ညစာစားပွဲသို့ ယူဆောင်လာခဲ့သည်။

ဤစကားကို နားထောင်ပြီးနောက် လူတိုင်း၏ အပြောအဆိုများသည် အနည်းငယ် ဖော်ပြ၍မရပေ။ သိသိသာသာကို အန်းပင်းသည် အရင်က ပျားမစင် စားဖူးသူ တစ်ဦးတည်းမဟုတ်ပေ။

ချောင်ကျန်းကျွင်းနှင့် လင်းဟွေ့တို့ နှစ်ယောက်လုံးသည် ရှက်သွားခဲ့သည်။ သူတို့သည် စကားမပြောဘဲ သူတို့မျက်လုံးက စားပွဲခုံကို စိုက်ကြည့်နေကြသည်။

သို့သော် ချောင်ကျန်းကော်က ဂရုမစိုက်ပေ။ သူရူးသွပ်စွာ ရယ်မောလိုက်သည်။ "ဟားဟားဟား၊ စိတ်ပျက်စရာပဲ။ ငါသိခဲ့ရင် ငါတို့ငယ်ငယ်တုန်းက ဒုတိယ ညီနဲ့ ရန်ဖြစ်ခဲ့မှာ မဟုတ်ဘူး။ "

ချောင်ကျန်းကျွင်း - "..."

သာ့ချောင်သည် သူမ အဖေ၏ မျက်နှာ နီရဲလာသည်ကို မြင်လိုက်ရသောအခါ သူမသည် အားရပါးရ ရယ်လိုက်သည်။

ဝမ်ချွမ်ကျီက တုန်လှုပ်ခြောက်ခြားသော အမူအရာဖြင့် "အရောင်က ရွှေရောင်ပဲလေ၊ ဘယ်လိုလုပ် မစင်ဖြစ်ရတာလဲ?"

ချောင်တုန်းယင် ; " အမေ၊ တစ်ခါတလေ လူတွေရဲ့ မစင်က ရွှေရောင်ပဲလေ။"

လူတိုင်း - "..."

ဝမ်ချွမ်ကျီက သူ့သားကို တောင်းပန်တဲ့ အမူအရာနဲ့ကြည့်လိုက်သည် "အန်ပင်း၊ အမေ တောင်းပန်ပါတယ်။ အမေက အာဟာရှိတယ်လို့ ထင်ခဲ့တာ။ အမေ မင်းတစ်ယောက်တည်း စားဖို့တောင် အဲ့တာကို လျှို့ဝှက်ထားခဲ့တာ။"

အန်းပင်း - "......"

ကျေးဇူးပြုပြီး အဲ့တာအကြောင်း ပြောတာကို ရပ်လိုက်ပါတော့။

တုန်းယွင်လေးက နောက်ထပ် ထိတ်လန့်စရာကောင်းတဲ့ မှတ်ချက်ကို ပေးခဲ့သည်။ "မိဘတွေက ကလေးတွေကို မစင်နဲ့ သေး ကျွေးတယ်ဆိုတာ အမှန်ပဲ။ အစ်ကိုကြီး၊ မင်းကို ပျားမစင် အကြီးကြီးကို ကျွေးခဲ့တာ။"

"Pfft-"

လူအုပ်က မရယ်ဘဲ မနေနိုင်တော့ပေ။

သာ့ချောင်က နှုတ်ခမ်းကို ဖွဖွလေး စေ့ပြီး ပြုံးပြလိုက်သည်။ သူမ ညီမ‌လေး၏ ပါးစပ်သည် မည်မျှ အစွမ်းထက်ကြောင်း သူမသည် တွေးတောရင်း တုန်းယွင်၏ ခေါင်းလေးကို လက်ဆန့်ထုတ်ကာ ပွတ်လိုက်သည်။

ချောင်ကျန်းမင်သည် သူ့သမီး ချောင်တုန်းဝမ်ကို ချူမိသားစုသို့ ခေါ်ဆောင်သွားခဲ့သည်။

သူ့မိခင်အိမ်သို့ ပြန်ခေါ်ဆောင်လာသော ချူရှန်မေကိုတွေ့တော့ သူတို့ နှစ်ယောက်စလုံး အနည်းငယ် တုန်လှုပ်သွားခဲ့ကြသည်။

ချူရှန်မေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က တွေ့ခဲ့တုန်းက သူမသည် အခုချိန်နဲ့ ဘာမှမတူခဲ့ပေ။

ထိုအချိန်တွင် သူမ၏ မျက်နှာသည် နီမြန်းနေပြီး သူမပုံစံသည် ပြည့်ပြည့်လေး ဖြစ်သည်။ သူမ၏ မျက်လုံးများသည် အင်အားများနှင့် ပြည့်နှက်နေသည်။ အကြည့်တစ်ချက်နဲ့တင် သူမသည် သက်တောင့်သက်သာရှိသော ဘဝတွင် နေထိုင်ရသော အမျိုးသမီးငယ်လေး တစ်ဦးနှင့်တူခဲ့သည်။

ယခုမူ သူမသည် အလွန်ပိန်လှီပြီး ပုံစံက ပျက်စီးလုနီးပါး ဖြစ်နေသည်။ သူမကို အရိုးစုဟု ဖော်ပြရင် ချဲ့ကားခြင်းမဟုတ်ပေ။ သူမ၏ ပါးပြင်များသည် ချောင်ကျသွားသည်။ သူမ၏ အရက်က နက်မှောင်တောက်ပြောင်သော ဆံကေသာသည် တောက်ပြောင်မှု မရှိတော့သည်မှာ ကြာခဲ့ပြီ။ ထို့အပြင် ထိပ်ပြောင်ခြင်း လက္ခဏာများ လည်း ရှိနေသည်။

သူတို့ ဝင်လာတော့ သူမသည် သတိမထားမိလိုက်ပါ။ ဒါမှမဟုတ် သူမသည် သတိထားမခဲ့ပေမယ့် ဂရုမစိုက်ခဲ့ပေ။

သူမသည် ကုလားထိုင်ခုံ ပေါ်ထိုင်ကာ မြေပြင်ကို ကြောင်တောင်တောင် စိုက်ကြည့်နေခဲ့သည်။ သူမ၏ မျက်လုံးများသည် ဗလာသက်သက်နှင့် ဝမ်းနည်းမှုများဖြင့် ပြည့်နေခဲ့သည်။ နှလုံးသားက နာကျင်နေခဲ့သည်။

ချောင်တုန်းဝမ်က လျှောက်လာပြီး သူမဘေးမှာ ဝင်ထိုင်လိုက်သည်။ သူမလက်ကို ညင်သာစွာ ဆုပ်ကိုင်ထားပြီး ပြောသည်။ "အန်တီရှန်မေ၊ ကျွန်မက ဝမ်အာလေးပါ။ အဖေနဲ့ အန်တီ့ကို တွေ့ဖို့ ရောက်လာတာ။"

အရင်က သူမကို အဘွားကြီး ဟွာက ခေါ်သွားခဲ့သည်။ ချူမိသားစုနဲ့ မတွေ့ခဲ့ရင် သူမသည် အဲ့တည်းက သေဆုံးသွားနိုင်ခဲ့သည်။ ချူမိသားစု၏ ကြင်နာမှုသည် သူမ၏ နှလုံးသားထဲတွင် တစ်သက်လုံး ထာဝရတည်ရှိနေမည် ဖြစ်သည်။

ဒီနှစ်တွေအတွင်း ချူမိသားစုက သူမကို သူတို့ သမီးလေးတစ်ယောက်လို တကယ်ပဲ ဆက်ဆံခဲ့သည်။ သူမ၏ မွေးစားမိဘများသည် သားတစ်ဦးနှင့် သမီးတစ်ဦးကို မွေးဖွားပြီးတာတောင်မှ သူတို့သည် ဝယ်သမျှကို သူမအား ဝေစုတစ်ခု လက်ဆောင်ပေးဖို့ မမေ့ခဲ့ကြပါ။

အခု ချူမိသားစုသည် ဒီလိုကိစ္စနှင့် ကြုံတွေ့ရသဖြင့် သူမသည် အခြားသူများထက် ပိုစိုးရိမ်နေခဲ့သည်။

ချူရှန်မေက သူမဘာသာ သီးသန့်နေသည့် အခြေအနေသို့ မရောက်သေးပါ။ သူမ၏ လက်ရှိ စိတ်အခြေအနေမှာ စိတ်ပျက်အားငယ်နေခဲ့သည်။ ထို့ကြောင့် သူမသည် အရာများစွာကို စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့သည်။

ဒါပေမယ့် အခုအချိန်မှာ ချောင်တုန်းဝမ်က သူမကိုယ်တိုင် စကားပြောနေတော့ သူမသည် အတင်းအကြပ် ပြုံးပြပြီး "... စိတ်မပူပါနဲ့ တုန်းဝမ်။ အန်တီ ရှန်‌မေ အဆင်‌ပြေပါတယ်။"

အဲဒီလိုပြောတဲ့အခါ လာတဲ့လူတွေက အဲ့တာကို မယုံကြဘူး။

ချူထျန်းပိုင်က သက်ပြင်းချလိုက်ပြီး ချောင်ကျန်းမင်နဲ့ သူ့ညီမ အခန်းထဲက ထွက်လာခဲ့သည်။

ချောင်ကျန်းမင် - "အဲ့တာကို ဒီတိုင်းထားလိုက်တာထက် ‌ဖြေရှင်းတာ ပိုကောင်းမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တုကျိုးချန်ဘက်ကနေ ရှင်းသင့်တယ်လို့ ကျွန်တော် ထင်တယ်!"

တုကျိုးချန် အကြောင်းပြောလိုက်‌တော့ ချူထျန်းပိုင်က သူ့မျက်နှာမှာ အံကြိတ်ထားတဲ့ အမူအရာနဲ့ ပြောလာသည်။ "အဲဒီကောင်က အေးအေးဆေးဆေးလေးပဲ ထွက်သွားတာ။ သူက ဒီလိုမျိုး တာဝန်မဲ့သူတစ်ယောက်လို့ ငါသိခဲ့ရင် သူ့ကို ရှန်မေနဲ့ ဘယ်တော့မှ လက်ထပ်ခွင့်မပေးခဲ့ဘူး!"

ချောင်ကျန်းမင်က မျက်မှောင်ကြုတ်ကာ ပြောသည်။ "အစ်ကိုချူ၊ အဆိုးဆုံးကို တွေးတာအတွက် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့။ ဒီလို ကြေကွဲစရာကောင်းတဲ့ နည်းလမ်းနဲ့ ဒီလူက ဘယ်လိုလုပ် စိတ်ဓာတ်ကျရာကနေ သတ်သေသွားတာလဲ? အစ်ကို အဲ့တာကို လျှို့ဝှက် စုံစမ်းစစ်ဆေးပြီးပြီလား?"

ယနေ့ခေတ်တွင် သာမန်လူများအတွင်းတွင် လျှို့ဝှက်အေးဂျင့်များ အများအပြား ရှိနေသည်။ သူတို့ကို မရှာဖွေပါက သူတို့သည် သာမန်လူများနှင့် မကွဲပြားပေ။

သူတို့က ကျောင်းသားတွေ ဖြစ်နိုင်သည်။ မနက်စာရောင်းတဲ့ အဒေါ်တွေ ဖြစ်နိုင်သည်။ သို့မဟုတ် အချို့ အရေးကြီးသော ရာထူးများတွင် ခေါင်းဆောင်များ ဖြစ်နိုင်သည်။

ဒီလူတွေက အသိတရားကင်းမဲ့တဲ့ အရာတွေကို လုပ်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် နေ့တိုင်း ဓားအစွန်းတွင် လမ်းလျှောက်နေခဲ့ကြသည်။ သူတို့သည် နည်းနည်းလေး သတိမထားမိရင် သူတို့သည် ဒုက္ခရောက်သွားလိမ့်မည်။

သံလမ်းပေါ်တွင် လှဲလျောင်းနေသည့် တုကျိုးချန်၏ အမူအရာသည် ထူးဆန်းလွန်းပြီး သူရဲကောင်းဆန်လွန်းသည်ဟု သူခံစားမိသည်။ သူသာဆိုရင် သူစိတ်ပျက်နေရင်တောင် ဒီနည်းလမ်းကို ရွေးမှာမဟုတ်ဘူး။ ဒါကြောင့် တခြားသူ သတ်လိုက်တာလို့ သူ သံသယဖြစ်သွားသည်။

ချူထျန်းပိုင်သည် သူဘာကိုဆိုလိုသည်ကို စက္ကန့်ပိုင်းအတွင်း သဘောပေါက်သွားသည်။ "ဒီလိုဖြစ်သွားတာနဲ့ ငါ တစ်စုံတစ်ယောက်ကို စုံစမ်းခိုင်းခဲ့သင့်တာ။ အခုထိ ဘာတစ်ခုမှ မရှာရ‌သေးဘူး။"

ကံကောင်းထောက်မစွာ သာမန်မဟုတ်သော အရာတစ်ခုမျှမရှိပါ။ တုကျိုးချန်က တကယ်ပဲ သူလျှိုဖြစ်ရင် သူတို့သည် အမှောင်ထဲမှာ ရှိနေရင်တောင် ထိခိုက်မှာ သေချာပါသည်။

ချောင်ကျန်းမင်က အဲ့တာကို ကြားတော့ သက်ပြင်းတစ်ချက်ချပြီး "ဒီလိုမျိုးဖြစ်တာက အကောင်းဆုံးပဲ!"

သို့သော် ဤအရာက သူတို့ကို အစမှတ်သို့ ပြန်ရောက်သွားစေသည်။ သူက ဘာလို့ သတ်သေခဲ့တာလဲ?

ဘဝကိုအဆုံးသတ်ဖို့ ရွေးချယ်ခဲ့တဲ့ လူတော်တော်များများဟာ အသက်မရှင်နိုင်တော့တာကြောင့် လုပ်ခဲ့ကြတာ ဖြစ်သည်။ ဘဝသည် ခါးသီးလွန်းသည် သို့မဟုတ် ပြင်းထန်သော ရိုက်ချက်ကို ခံခဲ့ရသည်။

တုကျိုးချန်၏ အိမ်ထောင်ရေးသည် သဟဇာတဖြစ်ခဲ့သည်။ သူ့အလုပ်က ချောမွေ့ခဲ့သည်။ သူ့မိဘတွေနဲ့ မိသားစုဘက်က ဝန်ထုပ်ဝန်ပိုး မရှိဘူး။ သူက ဘာလို့ အဲ့တာတွေကို မစဉ်းစားနိုင်ခဲ့တာလဲ?

သူသည် ရုတ်တရက် လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သတိရပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

ချူထျန်းပိုင်က သူ့အမူအရာ ပြောင်းသွားတာကို သတိထားမိပြီး "ဘာဖြစ်နေတာလဲ?"

ချောင်ကျန်းမင်သည် လွန်ခဲ့သော ရှစ်နှစ်က ဖန်းရုံရို့ရေနစ်သေဆုံးမှုအကြောင်း ပြောပြခဲ့သည်။ ပြီးတော့ သူက "အဲဒါက ကျွန်တော့် အတွေးလာတော့ မသိဘူး။ အဲဒီအချိန်တုန်းက သူ့မှာ အသက်ရှင်ဖို့ ဆန္ဒအများကြီးမရှိဘူးလို့ အမြဲတမ်း ခံစားရတယ်။"

သာမာန်လူများသည် အခြားသူများ၏ မတော်တဆမှုများအား မြင်တွေ့ရသောအခါ ဘယ်လိုတောင် ကံဆိုးတာလည်းဆိုပြီး မြည်တမ်းကြလိမ့်မည်။ ဒါပေမယ့် အဲဒီအချိန်က တုကျိုးချန်သည် တစ်ခုခုပြောခဲ့တာကို သတိရသွားခဲ့သည်။

သေခြင်းတရားသည် သက်သာရာရမှု တစ်မျိုးဖြစ်ပြီး အသက်ရှင်ရန် သတ္တိလိုအပ်သည်ဟု သူကဆိုခဲ့သည်။ ဒီစကားကိုကြားတော့ သူသည် အံ့အားသင့်သွားခဲ့တာကို သတိရမိသည်။

ထိုအချိန်က သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြပေ။ တစ်ဖက်လူက ချောင်အိမ်ကို ဧည့်သည်အဖြစ် ပထမဆုံးအကြိမ် ရောက်ဖူးခဲ့တာ ဖြစ်သည်။ အဲဒီနောက်မှာတော့ သူက ခေါင်းစဉ်ပြောင်းပြီး အဲ့တာကို စိတ်ထဲမှာ မမှတ်ထားခဲ့ပေ။ အခု သူပြန်စဉ်းစားကြည့်တော့ အဲဒီတုန်းက အရိပ်အမြွက်တွေ ရှိခဲ့နိုင်သည်။

ချူထျန်းပိုင်သည် ဤစကားကို ကြားပြီးနောက်၊ သူ့မျက်လုံးထဲတွင် ဒေါသများ နက်ရှိုင်းလာသည်။ "သူသေချင်နေတာကို ဘာလို့ မြန်မြန်မသေတာလဲ? သူက ဘာလို့ အိမ်ထောင်ပြုတုန်း။ ကလေးမွေးပြီး ဘာလို့ တခြားသူတွေကို ဒုက္ခပေးခဲ့တာလဲ"

ချောင်ကျန်းမင်က သူ့ကို မဖြေနိုင်ခဲ့ပေ။

သူသည် ဘယ်လိုဖြေရမှန်း မသိဘူး။ တုကျိုးချန်သည် ထိုအချိန်တွင် ကိုယ့်ကိုကိုယ် သတ်သေချင်နေသော်လည်း သူဘာကြောင့် သတ်သေချင်ခဲ့တာလည်းဆိုတာ လူတိုင်းက နားမလည်နိုင်ကြသေးပေ။

ဒီကိစ္စက ခေါင်းမပါတဲ့ ကိစ္စလိုပင်။ အဖြေမရှိခဲ့ပါ။

ဒါပေမယ့် အသက်ရှင်နေတဲ့ သူတွေကတော့ ဆက်ပြီး အသက်ရှင်နေရမည်။

ချောင်ကျန်းမင်နှင့် ချောင်တုန်းဝမ်တို့သည် ချူအိမ်တွင် သုံးရက်ကြာနေထိုင်ခဲ့ကြသည်။ ဤသုံးရက်အတွင်း ချောင်တုန်းဝမ်သည် နေ့တိုင်းလိုလို ချူရှန်မေနှင့် အတူနေခဲ့သည်။

ချောင်တုန်းဝမ်၏ စိတ်နေစိတ်ထားသည် အလွန်အေးစက်သော်လည်း သူမကို ဂရုစိုက်သော သူမ၏ မိသားစုနှင့် ဆွေမျိုးများရှေ့တွင် သူမသည် ကြင်နာတတ်သော နတ်သမီးလေးကဲ့သို့ နွေးထွေးသည်။

သူမသည် လူမှုဆက်ဆံရေးကို မကြိုက်တာကို ဟန့်တားထားပြီး ချူရှန်မေကို ဟာသတွေပြောပြီး နေ့တိုင်း ကဗျာတွေဖတ်ဖို့ နည်းလမ်းရှာဖို့ ကြိုးစားခဲ့သည်။

သို့တိုင် အကျိုးသက်ရောက်မှုသည် ကျေနပ်ဖွယ်မရှိပေ။

ချူရှန်‌မေ၏ ကျန်းမာရေးသည် ပိုဆိုးလာခဲ့သည်။ သူမသည် တစ်နေ့ထက်တစ်နေ့ စကားနည်းလာခဲ့သည်။ သူမရဲ့ အခြေအနေကို မြင်လိုက်ရတော့ အားလုံးက အရမ်းစိုးရိမ်နေခဲ့ကြသည်။ သို့သော် သူတို့သည် ဘာလုပ်ရမှန်း မသိပေ။

တတိယညတွင်။

အားလုံး အိပ်ပျော်သွားပြီးနောက် ချူရှန်မေသည် ကုတင်ပေါ်မှာ ရုတ်တရက် ထထိုင်ကာ ကုတင်ပေါ်မှ တိတ်တဆိတ် ဆင်းလာခဲ့သည်။

သူမနှင့်အတူ အိပ်နေသော ချောင်တုန်းဝမ်သည် အဲ့တာကို သတိမထားမိလိုက်ပေ။

ချူရှန်မေက သူမ အဝတ်အစားတွေကို ဝတ်ပြီး တံခါးကို တိတ်တဆိတ် ဖွင့်ခဲ့သည်။

ညသည် ရေကဲ့သို့ ငြိမ်သက်၍ ကောင်းကင်တွင် ကြယ်များဖြင့် စုံနေသော်လည်း နှင်းတွေထူထပ်တဲ့ညက အနည်းငယ် လျှို့ဝှက်ဆန်းကြယ်တဲ့ အရောင်လေးတွေ ပေးသည်။

အပြင်မှာ သုညဒီဂရီရှိနေခဲ့သည်။ အဲ့တာက အေးခဲတဲ့အထိ မအေးပေမယ့် လူတွေကို ခိုက်ခိုက်တုန်သွားစေနိုင်ခဲ့သည်။

ချူရှန်မေက ဒါကို သတိမထားမိခဲ့ပေ။

သူမသည် ခြံဝင်းထဲမှ ထွက်လာပြီး အရှေ့ဘက်သို့ နှင်းများကို နင်းကာ လျှောက်သွားခဲ့သည်။

သူမသည် ခြံထဲက ထွက်လာပြီးတဲ့ နောက်မှာ တခြားပုံရိပ်တစ်ခုက လိုက်လာပြီး လျှောက်လာခဲ့သည်။

သူမ ဘယ်လောက်ကြာကြာ လျှောက်လှမ်းခဲ့သည်ကို သူမ မသိသော်လည်း နောက်ဆုံးတွင် ချူရှန်မေသည် သူမ စိတ်ထဲတွင် ဒီနေ့ထိ သိမ်းပိုက်ထားသော ရထားသံလမ်းဆီသို့ ရောက်သွားခဲ့သည်။

ဒီနေရာက တုကျိုးချန် သတ်သေခဲ့တဲ့နေရာ မဟုတ်ပါဘူး။ အပျက်အစီးတွေကြောင့် အဲဒီလမ်းရဲ့ အပိုင်းကို အခု စောင့်ကြပ်နေခဲ့သည်။ သို့တိုင် ရထားသံလမ်းများက ချိတ်ဆက်နေဆဲဖြစ်သည်။

သူမသည် ရထားလမ်းတစ်လျှောက် အချိန်အတော်ကြာ လျှောက်လာခဲ့သည်။ သူမ၏ အမူအရာမှာ ဝမ်းနည်းကြေကွဲပြီး သူမသည် မျက်ခုံးပင့်သွားခဲ့သည်။

တုကျိုးချန်၏ အပျက်အစီး နေ့ရက်သည် သူ့၏ နှစ်ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ဖြစ်သည်။ သူသည် အလုပ်မသွားခင် သူမသည် ပြုံးပြုံးရွှင်ရွှင်နဲ့ သူ့အတွက် သူ့အဝတ်အစားတွေ စီစဉ်ပေးခဲ့ပြီး သူမက သူ့ကို ညနေ စောစောပြန်လာဖို့ ပြောပြီး သူ့အတွက် သူကြိုက်တဲ့ အစားအစာ စားပွဲကို ပြင်ပေးထားမည်ဟု ပြောခဲ့သည်။

ထိုအချိန်တွင် သူသည် မည်သည့် မူမမှန်မှုကိုမျှ မပြသခဲ့ပေ။ သူက ခေါင်းငုံ့ပြီး “နောင်မှာ မင်းအတွက် ခက်ခဲ‌နေပါမယ်။”

ထိုအချိန်တွင် သူမသည် ပျော်ရွှင်မှု၌ နှစ်မြုပ်နေပြီး ဤစာကြောင်းတွင် ထူးထူးခြားခြား တစ်စုံတစ်ရာ မတွေ့မိခဲ့ပေ။

All Chapters