← Chapters

အခန်း (၂၂၆)

Vol. 18 Ch. 226

အခန်း (၂၂၆)

Vol. 18 Ch. 226

ဒီလိုအချိန်မျိုးမှာ လူအများစုက 'မင်းအတွက် ခက်ခဲ‌နေပါမယ်' လို့ ပြောလိမ့်မည်။ နောင်မှာ မင်းအတွက် ခက်ခဲနေပါမယ် ဆိုတာမျိုး မဟုတ်ဘူး။ အဲဒီအချိန်မှာ သူသည် ဒီလိုပြောခဲ့တာ သူက ပြန်မလာဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ သိနိုင်သည်။

ဒါပေမယ့် သူဘာကြောင့် ဒီလိုလုပ်ရတာလဲ?

သူမမှာ တစ်ခုခုမှားခဲ့လို့လား?

သူမ မကောင်းရင် သူပြောနိုင်သည်။ သူမသည် အဲ့တာကို ပြောင်းလဲနိုင်သည်!

သူသည် သူမကို မချစ်တော့ဘူးဆိုရင်တောင် သူက ကွာရှင်းစာချုပ် ပေးနိုင်ပါသည်။ သူမသည် ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ သူ့ဘဝနဲ့ ယှဉ်ရင် သူ ကောင်းကောင်းနေရဖို့တွက် သူမသည် လက်လွှတ်လိုက်ဖို့သာ ရွေးချယ်လိမ့်မည်။

ချူရှန်မေ၏ စိတ်ထဲတွင် ပေါက်ကွဲသွားသည်အထိ တွေးနေမိခဲ့သည်။ ဒါပေမယ့် ဘာကြောင့်လဲဆိုတာ သူမ မသိနိုင်သေးပေ။

ရုတ်တရက် သူမသည် ရထားလမ်းပေါ်တွင် လဲကျသွားခဲ့သည်။ သူမ၏ မျက်လုံးများသည် ငြိမ်သက်ပြီး အားကြီးသော ညကောင်းကင်ကြီးကို စိုက်ကြည့်နေခဲ့သည်။ မျက်​ရည်​နှစ်​‌ကြောင်း စီးကျ ​လာခဲ့သည်​။

ခဏအကြာတွင် အဝေးမှ ရထား၏ အော်မြည်သံများကို သူမ ကြားလိုက်ရသည်။ သူမ မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။

ထိုအခိုက်တွင် ပုံရိပ်က လျှပ်စီးကဲ့သို့ ခုန်တက်လာပြီး သူမကို လှမ်းဆွဲလိုက်သည်။

လန့်ဖျပ်သွားပြီး ချူရှန်‌မေသည် မျက်လုံးများကို ဆတ်ခနဲဖွင့်ကြည့်လိုက်တော့ သူမကို ကိုင်ထားသူမှာ ချောင်တုန်းယွင်၏ အဖေ ချောင်ကျန်းမင်မှလွဲ၍ အခြားသူမဟုတ်ကြောင်း တွေ့လိုက်ရသည်။

ချောင်ကျန်းမင်သည် အေးစက်သောမျက်နှာဖြင့် သူမကို ရထားလမ်းပေါ်မှ ခေါ်ဆောင်သွားခဲ့သည်။ သူတို့ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ရထားက ဖြတ်သွားခဲ့သည်။

ချူရှန်မေသည် ရုန်းကန်ပြီး "ကျွန်မကို လွှတ်ပေးပါ!"

ချောင်ကျန်းမင်က တင်းမာသောမျက်နှာဖြင့် "မင်းဒီလိုလုပ်တုန်းက မင်းရဲ့မိသားစု ဒါမှမဟုတ် မင်းရဲ့သမီးအကြောင်း မင်းစဉ်းစားခဲ့လား။ မင်းရဲ့သမီးက ဒီနှစ်မှ လေးနှစ်ပဲရှိသေးတာ။ သူက သူ့အဖေကို ဆုံးရှုံးပြိီးပြီ။ သူ့အမေကို ထပ်ဆုံးရှုံးရင် ဘာဖြစ်မလဲ။ သူ့ကို ဘယ်လို တွေးစေချင်တာလဲ"

သူ့သမီးလေးပြောနေတာကိုကြားတော့ ချူရှန်မေက ချက်ချင်း လဲကျသွားပြီး "ကျွန်မလည်း မလုပ်ချင်ပါဘူး။ ဒါပေမယ့် ကျွန်မ တကယ်နားမလည်ဘူး။ သူဘာလို့ ဒီလိုလုပ်ခဲ့တာလဲ။ ကျွန်မ တစ်ခုခုမှားခဲ့လို့လား? အဲ့ဒါကြောင့်မို့ ကျွန်မကို ဒီနည်းနဲ့ အပြစ်ပေးတာလား?"

ချောင်ကျန်းမင် - "မင်း နားမလည်ရင် အဲဒါကို မစဉ်းစားနဲ့။ ဘဝမှာ အရာအားလုံးကို မင်း ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။"

‌ချူရှန်မေက ခေါင်းခါလိုက်ပြီး “ရှင် နားမလည်ဘူး!”

ချောင်ကျန်းမင် - “ငါ နားမလည်တာကို မင်းဘယ်လိုသိတာလဲ? ငါ့ရဲ့ ပထမဇနီးက ငါ့ကို သစ္စာဖောက်ပြီး တခြား ယောင်္ကျားနဲ့ ရတဲ့ ကလေးကို သူတို့အတွက် ငါ့ကိုပြုစုပျိုးထောင် စေချင်ခဲ့တာ အဲ့တာက ငါ့ကို နားမလည်စေခဲ့ဘူး။ သူ့စကားတိုင်းကို မနာခံနိုင်ရင်တောင်မှ ငါက ကောင်းတဲ့ ယောင်္ကျားတစ်ယောက်ပါ။ သူဘာလို့ ငါ့ပေါ် ဒီလိုလုပ်ခဲ့တာလဲ? ဒီနေ့အထိ အဲ့တာကို ငါနားမလည်သေးဘူး။”

ဖောက်ပြန်ခံရခြင်းသည် ယောင်္ကျားတစ်ယောက်အတွက် အရှက်ရဆုံး ဝေဒနာဖြစ်သည်။

ဤအဖြစ်အပျက်ပြီးနောက် ချောင်မိသားစုနှင့် ချူမိသားစုတို့သည် သူ့ရှေ့တွင် ဤကိစ္စကို မပြောခဲ့ကြပေ။

အကြောင်းအရာ တစ်ခုတည်းဖြစ်လျှင်ပင် သူတို့သည် ထိုအကြောင်းကို မပြောရန် ကြိုးစားကြလိမ့်မည်။ ယခု သူ့ဒဏ်ရာ ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရတော့ ချူရှန်မေသည် ထိတ်လန့်သွားခဲ့သည်။

ချောင်ကျန်းမင်က ဆက်ပြောသည်။ "ငါ့ရဲ့ ဒုတိယဇနီးကို လက်ထပ်ပြီးချိန်မှာ ငါက သူ့ကို ဝမ်အာလေးကို လက်ခံပြီး သူ့သမီးလေးအဖြစ် ဆက်ဆံပေးတာကို မျှော်လင့်တယ်လို့ ပြောခဲ့တယ်။ သူက ကတိပေးခဲ့တယ်။ အဲဒီနောက်? သူ ဘာလုပ်လိုက်တာလဲ?"

“သူ့ကို ခင်ပွန်းဟောင်းက တွန်းချပြီး သူကိုယ်ဝန်ပျက်ကျသွားတယ်။ သူက ဝမ်အာလေးကို အပြစ်တင်ခဲ့တယ်။ ဝမ်အာလေးက အမှန်တရားကို မသိခဲ့ဘူးဆိုရင် ဒီရာဇ၀တ်မှုက ဝမ်အာလေးကို ကျန်တဲ့ဘဝ‌တစ်လျှောက်လုံး စွဲသွားလိမ့်မယ်။ အဲ့ဒီတုန်းက ငါလည်း တူညီတဲ့ ခံစားချက်ရှိခဲ့တယ်။ သူမကို ရုတ်တရတ် ဘာလို့ မရင်းနှးတော့တာလည်းဆိုတာ ငါနားမလည်ခဲ့ဘူး။ ကလေးတစ်ယောက်ကို ဘာလို့ ဒီလို ဆက်ဆံခဲ့တယ်ဆိုတာ ငါ နားမလည်ခဲ့ဘူး။”

“ဒါပေမယ့် ငါ ဒီအရာတွေကို လိုက်လျောညီထွေ ဖြစ်အောင်နေခဲ့တာကြောင့် ငါအရင်တုန်းက ဖြစ်ပျက်ခဲ့တာတွေကို မေ့နိုင်သွားတယ်! တုကျိုးချန် သတ်သေတာကို မင်းနားမလည်ဘူးဆို ထားလိုက်။ သူ့လုပ်ရပ်က မင်းအပြစ်မဟုတ်ဘူး။ ဒါက သူ့ပြဿနာပဲ။ တာဝန်တွေ အားလုံးကို မင်းပုခုံးပေါ်မှာ တင်မထားနဲ့။ မင်း သမီးလေး အရွယ်ရောက်လာရင် သူ့မိဘ နှစ်ယောက်စလုံး သံလမ်းပေါ်မှာ သေခဲ့သလို သူ့ကိုကော မင်းသေစေချင်တာလား?”

နောက်ဆုံးစာကြောင်းကိုကြားတော့ ချူရှန်‌မေရဲ့ နှလုံးသားက တုန်လှုပ်သွားပြီး "မဟုတ်ဘူး! မဟုတ်ဘူး! ကျွန်မ မီပေါင်ကို ဒီလိုမလုပ်စေချင်ဘူး..."

မီပေါင်လေးသည် သူမနှင့် တုကျိုးချန်၏ အဖိုးတန်ရတနာဖြစ်သည်။ သူမသည် နူးညံ့ပြီး ချစ်စရာကောင်းသည်။ ဂရုတစိုက်အရှိဆုံး သမီးသေးသေးလေး။ သူမသည် နူးနူးညံ့ညံ့လေး 'မေမေ ချစ်တယ်' လို့ တိုးတိုးလေးပြောလိုက်တိုင်း သူ့နှလုံးသားတွေ အရည်ပျော်သွားခဲ့သည်။

သူမသည် ရူးသွားတာ ဖြစ်သည်။

သူမ ခင်ပွန်း ကွယ်လွန်ခြင်းကြောင့် သူမသည် သေသွားချင်ခဲ့သည်။ သူဘာကြောင့်လုပ်ခဲ့တာလဲ သူမ တစ်ခုခုမှားခဲ့တာလားလို့ တွေးကြည့်ရင်း သူမသည် တိမ်းစောင်းသွားခဲ့သည်။

သူမ ခင်ပွန်းသည် ထိုအချိန်က ဘာတွေ တွေးနေလဲ သိဖို့ သူမ ဒီည ဒီကိုလာခဲ့သည်။

ဒါ​ပေမယ့်​ ဒါ​တွေအကုန်လုပ်ပြီး သူမသည် သူမ​ သမီး​လေးအ​ကြောင်းက လုံးဝ မ​တွေးခဲ့ပေ။ သူမသည် တစ်ကိုယ်ကောင်းဆန်သော မိခင်တစ်ယောက် ဖြစ်ခဲ့သည်။

ချူရှန်မေသည် ချောင်ကျန်းမင်၏ ရင်ခွင်ထဲ ဝင်ပြီး ရှိုက်ကြီးတငင် ငိုကြွေးခဲ့သည်။

ချောင်ကျန်းမင်က သူမကို မလှုပ်မယှက် ဖက်ပေးထားခဲ့သည်။

သို့သော် နာရီဝက်ကြာပြီးနောက် ချူရှန်မေသည် မပြီးပြတ်သေးပေ။ ဒါက မလုပ်နိုင်တော့ဘူး။

အဆုံးမှာတော့ ထုံကျင်နေတဲ့ လက်မောင်းက မလှုပ်နိုင်တော့ဘူး။ ဤလှုပ်ရှားမှုကြောင့် ချူရှန်မေသည် နိုးလာခဲ့သည်။

ချူရှန်မေက ခေါင်းကို မော့လိုက်သည်။ သူမ မျက်နှာတွင် ရှက်ရွံ့မှုအရိပ်အယောင်များ ဖြတ်ပြေးသွားပြီး "အစ်ကို ကျန်းမင်း၊ အစ်ကို အစ်ကို……ကျွန်မကို လွှတ်လိုက်တော့။ ကျွန်မ အဆင်ပြေပါတယ်"

ထိုမှသာ ချောင်ကျန်းမင်က သူမကို မြေပြင်ပေါ်သို့ ဖြစ်သလို ချလိုက်သည်။ ထို့နောက် သူသည် ထုံကျင်နေသော လက်မောင်းကို အခြားလက်ဖြင့် နှိပ်နယ်လိုက်သည်။

သူ့လုပ်ရပ်ကိုမြင်တော့ ချူရှန်မေက ပိုရှက်လာပြီး "တောင်းပန်ပါတယ်... အစ်ကို့ကို နှိပ်ပေးစေချင်လားဟင်?"

ချောင်ကျန်းမင်က ခေါင်းခါလိုက်ပြီး "မလိုပါဘူး။ အခု မင်းတကယ်ကော အဆင်ပြေရဲ့လား"

ချူရှန်မေက သူမရဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေကို နားရွက်နောက်မှာ ညှပ်လိုက်ပြီး ခေါင်းညိတ်ပြကာ "ကျွန်မ အဆင်ပြေပါတယ်။ ကျွန်မ နားမလည်သေးပေမယ့် နောင်မှာ ဒီလို မိုက်မဲတဲ့ ကိစ္စတွေကို ထပ်မလုပ်တော့ပါဘူး!"

ချောင်ကျန်းမင်သည် သူမ၏ စကားကို မယုံဘဲ သံသယဝင်နေသော အကြည့်ကို ပေးလိုက်သည်။

ချူရှန်မေက စိုးရိမ်တကြီးနဲ့ပြောသည်။ “တကယ်ပါ။ ကျွန်မက ကျွန်မကိုယ်တိုင်နဲ့ မိသားစုအကြောင်း မတွေးရင်တောင် ကျွန်မရဲ့ မီပေါင်လေးကိုတော့ တွေးမှာပါ။ အစ်ကို မှန်တယ်။ ကျွန်မက လူကြီး ကျိုးချန်ရဲ့လုပ်ရပ်ကို သည်းမခံနိုင်ဘူး။ ကျွန်မ ဒီလိုပဲ လုပ်လိုက်ရင် ကျွန်မသမီးက အရွယ်ရောက်လာတဲ့ခါ ကျွန်မတို့ကို ဘယ်လို သည်းခံနိုင်ပါ့မလဲ?”

ချောင်ကျန်းမင်က သူမကို အချိန်မီကယ်တင်နိုင်ခဲ့တဲ့အတွက် သူမ အရမ်းကံကောင်းခဲ့သည်။

သူမမျက်လုံးတွေက အရင်ကလို ဗလာမဟုတ်တော့တာကို မြင်လိုက်ရတော့ ချောင်ကျန်းမင်က ခေါင်းညိတ်ပြီး "မင်းဒီလို တွေးတာ ကောင်းပါတယ်။ နောင်မှာ လုပ်စရာတွေကို သိပ်ဆန္ဒာမစောပါနဲ့။ တခြားလူတွေကို များများတွေးပါ။"

စကားပြောပြီးနောက်တွင် သူပြောသည့်စကားသည် အနည်းငယ် အစွန်းရောက်ပြီး စည်းကျော်သွားသည်ဟု ခံစားမိခဲ့သည်။

ချောင်မိသားစုနှင့် ချူမိသားစုသည် ကောင်းမွန်သော ဆက်ဆံရေးရှိသော်လည်း သူနှင့် ချူရှန်မေသည် ယောင်္ကျားနှင့်မိန်းမကြား ကွာခြားမှုကြောင့် မရင်းနှီးခဲ့ပေ။

ချူရှန်မေက ခေါင်းညိတ်ပြီး ပြန်ဖြေတော့မည်ကို သူမြင်သောအခါ သူက စိတ်သက်သာရာ ရ‌စေဖို့ ပါးစပ်ဖွင့်ခါနီးတွင် "အစ်ကို ကျန်းမင် ပြောတာ မှန်ပါတယ်။ နောင်ကျရင် ကျွန်မ ဆန္ဒမစောတော့ပါဘူး။"

သူမသည် ဆရာမရှေ့မှာ အမှားတစ်ခုခုလုပ်မိတဲ့ တပည့်တစ်ယောက်လို နာခံနေပုံပေါ်သည်။

ည၏အမှောင်ထဲတွင် ငွေဖြူလရောင်က သူတို့အပေါ်တွင် တောက်ပနေခဲ့သည်။ ချောင်ကျန်းမင်၏ နှလုံးသားသည် ရုတ်တရက် ခုန်ပေါက်သွားခဲ့သည်။

အေးစက်စက် လေပြင်းတိုက်လာသည်။ သူသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် "သွားရအောင်၊ ပြန်ကြရအောင်။"

ချူရှန်မေက ခေါင်းညိတ်လိုက်ပြီး သူ့နောက်ကို လိုက်သွားခဲ့သည်။ သူတို့နှစ်ယောက်သည် ချူအိမ်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့ကြသည်။

ချူမိသားစုကနေ ချူရှန်မေသည် ညဉ့်သန်းခေါင်တွင် ထွက်သွားတာက သူမသည် သတ်သေချင်ခဲ့သည် ဆိုတာကို ချူမိသားစုက မသိ‌ခဲ့ပေ။

ချောင်ကျန်းမင်ကလည်း ဒါကို ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။

သူက လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားသော အပြုအမူက ချူရှန်မေကို လှုပ်ခတ်သွားစေခဲ့သည်။

နှစ်သစ်ကူးရောက်တော့မှာမို့ ချောင်ကျန်းမင်က ချောင်တုန်းဝမ်ကို ချောင်အိမ်ဆီ ပြန်ခေါ်သွားပြီး အခု ချူရှန်မေက ပိုကောင်းလာပြီ ဖြစ်သည်။

ဤနှစ်သစ်တွင် ချောင်မိသားစုသည် အလွန်တက်ကြွနေခဲ့သည်။

ချောင်ယွဲ့မင်သည် မိသားစုလေးယောက်ကို ခေါ်ဆောင်လာရုံသာမကဘဲ ချောင်ဟုန်းရှ၏ မိသားစုငါးယောက်သည် စစ်တပ်မှ ပြန်လာခဲ့သည်။

သူတို့အပြင် ဟော်မိသားစုကလည်း သူတို့နဲ့အတူ ကျင်းပရန် နှစ်သစ်ကူးပွဲကို လာခဲ့သည်။

ကံကောင်းထောက်မစွာ ချောင်မိသားစုသည် လွန်ခဲ့သော နှစ်နှစ်အတွင်း အိမ်အသစ်တစ်လုံးဝယ်ခဲ့သည်။ မဟုတ်ရင် သူတို့သည် လူအများကြီးနဲ့ အဆင်ပြေမှာ မဟုတ်ဘူး။

ယခုတစ်ကြိမ်တွင် သိုက်ရှုဖန်၏တူမ သိုက်ချောင်ရွှယ်သည် ဟော်မိသားစုနှင့်အတူ ရောက်ရှိလာခဲ့သည်။

ဟော်မိသားစုသည် ကံဆိုးမိုးမှောင်ကျမှုနှင့် ကြုံလာရသောအခါ သိုက်မိသားစုသည် အရင်းရှင်များအဖြစ် လယ်ကွင်းသို့ မောင်းထုတ်ခံခဲ့ရသည်။ သူတို့မိသားစုသည် နေရာအနှံ့ ပြန့်ကျဲနေပြီး သက်သေမပြမီအထိ အဆက်အသွယ် မရခဲ့ပေ။

သိုက်ရှုဖန်သည် ဟော်ကျန့်ချန်ထံမှ ပိုက်ဆံရသောကြောင့် သူမသည် ရုတ်တရက် ချမ်းသာလာခဲ့သည်။ သိုက်မိသားစု၏ ပိုင်ဆိုင်မှုအများစုကို ပြန်မရနိုင်သော်လည်း သူတို့ နေထိုင်သည့်အိမ်တော့ ပြန်ရခဲ့သည်။

ဤနည်းဖြင့် သိုက်ရှုဖန်သည် သူမ၏ မိသားစုတွင် နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

သိုက်ရှုဖန်သည် သူမ၏ မိသားစုထံ ရောက်သောအခါတွင် သူမသည် သက်တောင့်သက်သာ မဖြစ်ခဲ့ပေ။ သူတို့သည် အလုပ်ကြိုးစားသရွေ့ သူမသည် တတ်နိုင်သလောက် ကူညီမှာ ဖြစ်သည်။

သူတို့ ဟော်မိသားစုကို အခွင့်ကောင်းယူချင်သူတွေနဲ့ ကြုံလာရရင် သူမသည် သူတို့ကို တစ်ချက်တောင် ကြည့်မှာမဟုတ်ပေ။ အိမ်ပြင်ကို တွန်းထုတ်လိုက်ရုံပင်။

သိုက်ရှောင်ရွှယ်သည် သူမ အစ်ကိုကြီး၏ သမီးဖြစ်သည်။ သူမသည် သာ့ချောင်နှင့် အသက်ရွယ်တူ ဖြစ်သည်။ သူမသည် အကျင့်စာရိတ္တကောင်းမွန်ပြီး သူမ ငယ်ငယ်က သူမနှင့် ခပ်ဆင်ဆင်တူသည်။ ထို့ကြောင့် သူမသည် သူမ တူမလေးကို လွန်ခဲ့သည့်လအနည်းငယ်က ပြုစုစောင့်ရှောက်ရန် ဟော်မိသားစုသို့ ခေါ်ဆောင်ခဲ့သည်။

မူလက သူမသည် သူမ တူမကို ချောင်အိမ်ကို မခေါ်ချင်ခဲ့ဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူမရဲ့ ညုတုတု အသနားခံမှုကို မခံနိုင်ပေ။

ချောင်မိသားစုသည် ဟော်မိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသောကြောင့် နောက်ထပ်လူတစ်ဦးကို ခေါ်ဆောင်လာရန်မှာ ပုံမှန်အားဖြင့် ပြဿနာမရှိပါ။

ဒီအချိန်မှာ သိုက်ရှောင်ရွှယ်က လူတိုင်းရဲ့ အချစ်ဆုံး သာ့ချောင်ကို စိုက်ကြည့်နေခဲ့သည်။ သူမ၏ မျက်လုံးများသည် နီရဲနေသော ယုန်မျက်လုံးကဲ့သို့ မနာလိုစိတ်ဖြင့် နီရဲနေခဲ့သည်။

သူမ မရောက်ခင်မှာ သာ့ချောင်လို့ ခေါ်တဲ့ လူတစ်ယောက်ရှိတယ်ဆိုတာ သူမ သိခဲ့သည်။ သူမအဒေါ်က သာ့ချောင် အကြောင်း နေ့တိုင်းပြောနေရုံတင်မကဘဲ သူမဝမ်းကွဲအစ်ကိုနဲ့ အဘိုးဟော်တို့လည်း ပြောကြသည်။ သူတို့သည် နေ့တိုင်း သူမကို အကြိမ်အနည်းငယ် မပြောရရင် စိတ်မသက်မသာ ခံစားရသည်။

သာ့ချောင်အတွက် အထူးပြင်ဆင်ထားသည့် ဟော်အိမ်တွင် အခန်းတစ်ခန်းလည်း ရှိသည်။ အဲ့ဒီမှာ လှပသော အဝတ်အစားမျိုးစုံဖြင့် ပြည့်နှက်နေသည်။ အထဲမှာ အဝတ်အစားဝတ်ဖို့ တောင်းဆိုတဲ့အခါ သူမရဲ့ဝမ်းကွဲအစ်ကိုက သူမကို မညှာမတာ ငြင်းဆိုခဲ့သည်။

ထိုအချိန်တွင် သူမသည် ဒေါသထွက်ခဲ့သည်။

သူမသည် သူ၏ဝမ်းကွဲညီမ ဖြစ်သည်။ အဲ့သာ့ချောင်က ဘာမို့လဲ။ သူသည် သူမအပေါ် ကောင်းရန်ထက် အပြင်လူကို ပိုကောင်းနေခဲ့သည်။

သူ့ဦးနှောက်က နစ်မြုပ်နေတာပဲ!

နောက်ပိုင်းတွင် သူမသည် ဟော်အိမ်တွင် ကြာကြာနေလေလေ သူမသည် ပိုသိလာပြီး သူမကို မနာလိုဖြစ်လာခဲ့သည်။

ဒီတစ်ခါတော့ အဲ့သာ့ချောင်က ဘယ်လောက်ထိ မြင့်မြတ်တယ်ဆိုတာ သိဖို့ပဲ သူမသည် လိုက်လာရန် အတင်းပြောခဲ့သည်။

ကျေးလက်က မိန်းကလေးတစ်ယောက်ရဲ့ အလှက ကန့်သတ်ချက် ရှိတယ်လို့ သူမ အစက ထင်ခဲ့သည်။

သူမသည် လှပနေရင်တောင် သူမရဲ့ စိတ်နေသဘောထားက အရမ်းရှေးရိုးဆန်နေလိမ့်မည်။

ဒါပေမယ့် အခုအချိန်မှာတော့ သူမရှေ့က ဖြူဖွေး၊ လှပပြီး ခြေတံရှည်တွေနဲ့ မိန်းကလေးတစ်ယောက်ကို မြင်လိုက်တော့ သူမကိုယ်သူမသာ မှန်တယ်ဆိုတာသည် ပျက်စီးသွားခဲ့သည်။

သူ့ရှေ့က မိန်းကလေးက ရုပ်ရည်ချောမောရုံသာမက ထူးထူးခြားခြား ရောင်ဝါလည်း ရှိသည်။ သူမသည် ထိုနေရာတွင် မတ်တပ်ရပ်ပြီး မလှုပ်မရှား သို့မဟုတ် မပြုံးနေသော်လည်း လူတိုင်း၏ မျက်လုံးများကို သူမသည် ဆွဲဆောင်နိုင်သည်။

သူမသည် တောက်ပနေသော ပုလဲတစ်လုံးလိုပင် ဖြစ်ပြီး လူတိုင်းက သူမကို လက်ဖဝါးထဲတွင် ထည့်ပြီး ဂရုစိုက်ချင်ကြသည်။

သိုက်ရှောင်ရွှယ်သည် သူမ၏ နှုတ်ခမ်းများကို ကိုက်ပြီး လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသည်။

သူမက ဘာလို့ ဒီလောက် ကြည့်ကောင်းနေတာလဲ!

ဒေါသထွက်နေခဲ့သည်!

အနည်းငယ် ရုပ်ဆိုးရင် သို့မဟုတ် ရိုင်းစိုင်းသော ရောင်ဝါရှိပါက သူမသည် သူ့ကို အကြောင်းပြချက်ဖြင့် မုန်းတီးနိုင်သည်။

သူမသည် ရုပ်ရည်ချောမောသူများကို ဘယ်သောအခါမှ ခုခံနိုင်စွမ်းမရှိခဲ့ပါ။

ရုပ်ရည်ကို ကြည့်တတ်ဆုံး သိုက်ရှောင်ရွှယ်သည် သူမ၏ သွားများကို ကြိတ်ကာ သူမနှလုံးသားထဲတွင် မရေမတွက်နိုင်သော သားရဲများ ဟိန်းဟောက်နေပြီး သာ့ချောင်ကို စိုက်ကြည့်နေခဲ့သည်။

ဒီလို လှပတဲ့ ကောင်းကင်ယံလေးကို သူမ ဘယ်လိုလုပ် မုန်းတီးနိုင်မှာလဲ?

ဘယ်လောက်တောင် တုန်လှုပ်စရာကောင်းလိုက်လဲ?

.......

စာရေးဆရာမှာ ပြောစရာရှိပါသည်

ချောင်အိမ်ကို မရောက်ခင် သိုက်ရှောင်ရွှယ် - ငါက ရက်စက်တဲ့ ဇာတ်ပို့တစ်ယောက်ဖြစ်ဖို့ ဒီကိုရောက်လာတာ။

ချောင်အိမ်ကိုရောက်ပြီးနောက် သိုက်ရှောင်ရွှယ် - ငါအရမ်းကို နားခံချင်တယ်ထင်တယ်...

All Chapters