← Chapters

အခန်း (၂၂၇)

Vol. 18 Ch. 227

အခန်း (၂၂၇)

Vol. 18 Ch. 227

အဲဒါ မလုပ်နိုင်ဘူး!

သူမကို လွယ်လွယ်နဲ့ အနိုင်ယူလို့ မရဘူး။ ကြည့်နေတာက ပိုကောင်းသည်။ ဘာမှ မထူးခြားပါဘူး!

သိုက်ရှောင်ရွှယ်က ကိုယ့်ကိုကိုယ် ပျော်ရွှင်စေပြီး မျှော်လင့်ချက်တွေအတိုင်း ရှင်သန်ဖို့ တွန်းအားပေးခဲ့သည်။

ထိုအချိန်တွင် သာ့ချောင်သည် သူမ၏ အကြည့်ကို ခံစားလိုက်ရသည်။ သာ့ချောင်က သူမကို လှည့်ကြည့်ပြီး ပြုံးလိုက်သည်။

ဆောင်းရာသီ နေရောင်က ပြတင်းပေါက်ကနေ တောက်ပလာပြီး သူ့အပေါ်ကို ဖြာကျနေခဲ့သည်။ သူမ၏ အပြုံးသည် သန့်စင်ပြီး တောက်‌ပနေခဲ့သည်။ သူမ၏ မျက်တောင်များသည် ရှည်လျားပြီး ထူထပ်ကာ မျက်လုံးများက အရည်လဲ့နေခဲ့သည်။ ဒီမြင်ကွင်းက သူမကို နှလုံးခုန်မြန်စေခဲ့သည်။

သိုက်ရှောင်ရွှယ်သည် သူမ၏ ရင်ဘတ်ကို ဖိလိုက်ကာ သူမ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေခဲ့သည်။

အာ၊ ဘယ်လိုမှ မယှဉ်နိုင်တဲ့ အလှတရားလေး။

သူမ ဘယ်လိုလုပ် ဒီလောက် လှပစွာ ပြုံးနိုင်တာလဲ?!

သူမကို ဒီလိုမြင်တော့ သာ့ချောင်က သူမကို နေမကောင်းဘူးလို့ ထင်ခဲ့သည်။ သူမအနားကို လျှောက်လာပြီး "အဆင်ပြေရဲ့လား"

သိုက်ရှောင်ရွှယ်သည် စိတ်လှုပ်ရှားမှုတွေ လွှမ်းမိုးနေပြီး "ငါ... ငါ နေကောင်းပါတယ်၊ ညီမလေး သာ့ချောင်၊ မင်း အရမ်းလှတာပဲ!"

သာ့ချောင်သည် သူမ၏ ပထမဆုံးစာကြောင်းက သူမကို ချီးမွမ်းရန် မမျှော်လင့်ထားပေ။ လူတိုင်းက ချီးကျူးစကား နားထောင်ရတာကို နှစ်သက်ကြသည်။ သူမသည်လည်း ခြွင်းချက်မရှိပါ။

သူမက နှုတ်ခမ်းကို စေ့ပြီး ပါးချိုင့်နှစ်ခုကို ထုတ်ဖော်ပြကာ "မင်းရဲ့ ချီးကျူးမှုကို ကျေးဇူးတင်ပါတယ်။ မင်းလည်း လှတာပဲ!"

သိုက်‌ရှောင်ရွှယ်၏ လည်ပင်းသည် ချီးကျူးတာကြောင့် နီရဲသွားခဲ့သည်။ "တကယ်လား? မင်း ငါက တကယ်လှတယ်လို့ ထင်တာလား။"

သာ့ချောင်က ခေါင်းညိတ်လိုက်သည်။

သိုက်ရှောင်ရွှယ်သည် အသက်ရှူရခက်ပြီး မူးလဲလုနီးဖြစ်နေပြီ ဖြစ်သည်။

သူမကို ကောင်းကင်နတ်သမီးလေးက ချီးကျူးတယ် အားးးး!

တစ်ဖက်တွင် ဟော်ချီ၏ အကြည့်သည် သာ့ချောင်၏ နောက်သို့ လိုက်သွားခဲ့သည်။ သူမသည် သိုက်ရှောင်ရွှယ်နှင့် နီးကပ်လာသည်ကို မြင်လိုက်ရသဖြင့် သူသည် မျက်မှောင်ကြုတ်လိုက်သည်။

သူတို့က ရတာထက် ပိုမလိုချင်သရွှေ့ သူ့အမေက သူမ အမေအိမ်ကို ကူညီပေးနေတာကို မကန့်ကွက်ပါဘူး။

သိုက်ရှောင်ရွှယ်သည် သွက်လက်တက်ကြွသည်။ သူမ၏ ပါးစပ်သည် တနေကုန် တေးဆိုနေသည့် စာငှက်တစ်ကောင်လိုပင်။ သူမရောက်ကတည်းက ဟော်အိမ်က ပိုအသက်ဝင်လာခဲ့သည်။

သူ့အမေနဲ့ အဘိုးက အိမ်က ဗလာဖြစ်နေပြီး လူသိပ်မရှိတာကို မကြိုက်ကြပေ။ သိုက်ရှောင်ရွှယ် ရောက်ရှိလာတာက ဤအရာကို ပြင်ဆင်ပေးခဲ့သည်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သူသည် မိသားစုကို ပျော်ရွှင်စေခဲ့တဲ့အတွက် ဝမ်းကွဲညီမအား အထူးပင် ကျေးဇူးတင်ခဲ့သည်။ သို့သော် ဤဝမ်းကွဲတွင် ချို့ယွင်းချက် တစ်ခုရှိသည်။ သူမသည် အနည်းငယ် သေးသိမ်သည်။

ဟော်မိသားစုသည် သာ့ချောင်ကို အလွန်နှစ်သက်သည်။ ထို့အတွက်ကြောင့် သိုက်ရှောင်ရွှယ်သည် ခါးသီးသော စကားများစွာကို ပြောခဲ့သည်။ ဒီစကားတွေက ဘာအဓိပ္ပါယ်မှ မရှိပေမယ့် သူသည် အဲ့တာတွေကို မကြိုက်ပါ။

ဒီအချိန်မှာ သိုက်ရှောင်ရွှယ်က သာ့ချောင်ကို စိတ်မသက်မသာစရာ တစ်ခုခုပြောမှာကို စိုးရိမ်နေတဲ့အတွက် သူသည် အမြန်လျှောက်သွားခဲ့သည်။

သူလမ်းလျှောက်လာတော့ သိုက်ရှောင်ရွှယ်က ရှက်ရွံ့စွာ တိုးတိုးလေးပြောနေတာကို ကြားလိုက်ရသည် "ညီမလေး ချောင်၊ ငါ မင်းနဲ့ သူငယ်ချင်းဖြစ်လို့ရမလား?"

ဟော်ချီ - ?

သာ့ချောင်က နူးညံ့စွာ ပြန်ဖြေသည်။ " ဒါပေါ့ ရတယ်လေ။"

သိုက်ရှောင်ရွှယ်က အရမ်းစိတ်လှုပ်ရှားသွားပြီး မျက်ရည်ကျလုနီးပါး ဖြစ်သွားသည်။ "ကောင်းလိုက်တာ။ ညီမလေး သာ့ချောင် ငါ ပြန်‌ရောက်ရင် အရသာရှိတာ တစ်ခုခု ပို့ပေးမယ်။ စကားမစပ် မင်းဘာစားချင်လဲ?"

ဟော်ချီ - ??

ဒါ... သူထင်ထားတာနဲ့ နည်းနည်း ကွဲလွဲနေသလိုပဲ။

ဒါက သူမရဲ့ နည်းလမ်းသစ် ဖြစ်နိုင်လား?

ဟော်ချီသည် နားမလည်နိုင်ပါ။ ထို့ကြောင့် သူက ချောင်းဟမ့်လိုက်ပြီး " ရှောင်ရွှယ်၊ ညီမလေး သာ့ချောင်လို့ မပြောနဲ့။ မင်းက သာ့ချောင်ထက် သုံး၊ လေးလလောက်ငယ်တယ်။"

သိုက်ရှောင်ရွှယ်သည် ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားခဲ့သည်။ သူမ၏ မျက်လုံးများသည် သာ့ချောင်၏ နူးညံ့သိမ်မွေ့သော မျက်နှာကို စိုက်ကြည့်ပြီး "မင်းက ငယ်ရွယ်တယ်လို့ ထင်ရတဲ့ မိန်းမလှလေးပဲ။ ငါ့လိုမဟုတ်ဘူး ငါ့အသားအရည်က ကြမ်းတမ်းပြီး ခြောက်သွေ့နေတာ။ ငါက မင်းထက် အသက်နည်းနည်း ပိုကြီးမယ်လို့ ထင်တာ!"

ဟော်ချီ - ???

သူမရဲ့ ကိုယ်ပိုင်နည်းလမ်းလား?

သူမရဲ့ နည်းလမ်းသစ်က သူမကိုယ်သူမ နှိမ့်ချပြီးလား?

သာ့ချောင်က သူ့နှုတ်ခမ်းတွေကို ပြုံးပြလိုက်ပြီး “အသားအရည်ကို ဂရုစိုက်လို့ရတယ်။ မင်းက အရမ်းချစ်စရာကောင်းတယ်လို့ ငါထင်တယ်။”

သိုက်ရှောင်ရွှယ်က အရမ်းရှက်နေကာ ယောက်ယက်ခတ်နေခဲ့သည်။ "မင်းက ပိုချစ်စရာကောင်းတာပါ!"

ဟော်ချီ - "..."

ဘာကြောင့် သူက အပိုလူတစ်ယောက်လို ခံစားရတာလဲ?

သူ၏ဝမ်းကွဲညီမသည် သာ့ချောင်ကို ရန်မလိုဘူးဆိုတာ မြင်လိုက်ရတော့ ဟော်ချီသည် သတိပေးချက်ကို စွန့်လွှတ်လိုက်သည်။

ဤနည်းဖြင့် သာ့ချောင်၏ နောက်တွင် နောက်လိုက်အသစ် တစ်ယောက် ပေါ်လာခဲ့သည်။ ဒါ့အပြင် အဲ့တာက တောက်ပသော မျက်လုံးများဖြင့် နောက်လိုက်လေး ဖြစ်သည်။

———

စားပွဲကြီးအတွက် သူတို့သည် အထဲမှာ မဆန့်တာကြောင့် အပြင်ကို ရွှေ့ခဲ့ရသည်။

ဝေ့မိသားစု၏ လူကြီးနှစ်ဦးနှင့်အတူ စုစုပေါင်း လူ ၃၁ဦး ရှိသည်။ သူတို့ကို လူကြီးများအတွက် စားပွဲနှစ်ခုနှင့် ကလေးများအတွက် စားပွဲနှစ်ခုကြား ခွဲထားခဲ့သည်။

ဒီနေ့ ဟင်းပွဲတွေ များပြားသည်။ အခု နိုင်ငံတော်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာလို့ အဲဒါတွေက ဝယ်ရတာ ပိုအဆင်ပြေလာခဲ့သည်။ အရင်ကနဲ့မတူတာက အိမ်နီးနားချင်းတွေ တွေ့မှာကို စိတ်ပူပြီး အစားအစာ ပိုချက်ပြုတ်တဲ့အခါ ရှင်းပြစရာ မလိုတော့ပေ။

ယခုတော့ အကြောက်တရား မရှိတော့ပေ။ သူတို့သည် သူတို့ စားချင်သလောက် စားလို့ရသည်။ တစ်စုံတစ်ဦးက သတင်းပို့ခြင်းမှ လုံးဝ လွတ်မြောက်သွားပြီ ဖြစ်သည်။

ချောင်မိသားစု၏ ပွဲကြီးပွဲကောင်း ချက်ပြုတ်မှုများတွင် ပုဇွန်ထုပ်ပြုတ်များ၊ အချဉ်စပ်နံရိုးများ၊ အိုးထဲထုပ်ထားသော အသားများ၊ မျှစ်နှင့် ကြက်စွပ်ပြုတ်၊ ကြက်အစိတ်အပိုင်း အစုံအလင် ပါသော ဟင်းပွဲကြီးနှင့် ငါးပေါင်း ပါဝင်သည်။ အဓိကမှာ ကောက်ညှင်းဆန်၊ အဖိုးတန်ဆန်ရှစ်မျိုးနှင့် ငါးရောင်စုံ ဖက်ထုပ်များဖြစ်သည်။

ကလေးတွေကော လူကြီးတွေကော အကြိုက် ဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း စီးပွားရေး တိုးတက်လာသော်လည်း အချက်အပြုတ်သည် ငွေကြေးဖြင့် စားသုံးနိုင်သော အရာမဟုတ်ပေ။ ချောင်မိသားစုက အစားအသောက်တွေသည် အပြင်မှာထက် ပိုအရသာရှိသည်။

ဖက်ထုပ်စားနေစဉ် သာ့ချောင်က တစ်ခုခုကို ကိုက်မိလိုက်သည်။ သူမက ထွေးထုတ်ကာ ပြုံးပြီး "ကြေးဒင်္ဂါးတစ်ပြား ရပြီ!"

ဒါကို မြင်လိုက်ရတော့ ဝမ်ချွမ်ကျီရဲ့ စိတ်တွေ တုန်လှုပ်သွားခဲ့သည်။

ကြေးဒင်္ဂါးပြားနဲ့ ဖက်ထုပ်ကို ရှာတွေ့ဖို့အတွက် သူမသည် ဖက်ထုပ်ပေါင်း သုံးဆယ်ကို ဆက်တိုက်စားခဲ့သည်။ သို့တိုင် သူမသည် အကြွေစေ့တစ်ပြားမှ မစားခဲ့မိပါ။

သူမက "သာ့ချောင်က အရမ်းကံကောင်းတဲ့ ကလေးတစ်ယောက်ပဲ။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ကောင်းချီးတွေက ကန့်သတ်ချက်ရှိတယ်။ အများကြီးရှိနေရင် အဲ့တာကို တချို့လူတွေက သည်းမခံနိုင်ဘူး!"

ဒီစကားတွေ ထွက်တာနဲ့ တပြိုင်နက် မကျေမနပ် အသံတစ်ခု ထွက်လာခဲ့သည်။ "ဒီအန်တီ၊ ဒီလိုပြောတာ အန်တီက ဘာကို ဆိုလိုတာလဲ? အစ်မ သာ့ချောင်က အရမ်းလှတယ်။ တစ်ကမ္ဘာလုံးက သူ့အပေါ် အာရုံစူးစိုက်ပြီး ကောင်းချီးပေးရင်တောင် ထိုက်တန်တယ် !"

ပြန်ပြောလိုက်သောသူမှာ ပရိတ်သတ်အသစ်ဖြစ်သည့် သိုက်ရှောင်ရွှယ်မှလွဲ၍ အခြားသူမဟုတ်ပေ။

သာ့ချောင်သည် သိုက်ရှောင်ရွှယ်က အဲ့လိုပြောလိုက်တော့ အနည်းငယ် ရှက်သွားခဲ့သည်။

ချောင်တုန်းယွင်က သဘောတူကြောင်း ခေါင်းညိတ်ပြီး "ဒီအစ်မ ပြောတာ မှန်တယ်။ အစ်မ သာ့ချောင်က ဘယ်လိုမျိုး ကံကြမ္မာကိုမဆို ထိန်းသိမ်းထားဝာာ။ အမေ ပြဿနာရှာတဲ့ ရုပ်ဆိုးတဲ့လူ မလုပ်နဲ့။ အမေ့ရဲ့ ဖက်ထုပ်ကိုပဲ စားပါ!"

ဝမ်ချွမ်ကျီ - "..."

သူမသည် ဒီနေရာမှာပဲ သွေးအန်လုမတတ်ပင်။

ပြင်ပလူများက သူမကို ပြန်ပြောရင် လုံလောက်ပါပြီ။ အခုတော့ သူမရဲ့ အချစ်ဆုံး သမီးလေးက ထောက်ခံလိုက်သည်။ သူမသည် ဝမ်းနည်းပူဆွေးသလို ခံစားလိုက်ရသည်။

ချောင်ဟုန်းရှက တခစ်ခစ်ရယ်ပြီး "တုန်းလင်နဲ့ ယိမင်တို့ ငယ်ငယ်တုန်းက စိတ်ရှုပ်နေတဲ့ပုံစံနဲ့ သာ့ချောင်ရဲ့ ချစ်ကြိုက်မှုကို ယှဉ်ပြိုင်ခဲ့တာကို ငါမှတ်မိတယ်။ နှစ်တွေဒီလောက်ကြာတာတောင် သာ့ချောင်က အရမ်းနာမည်ကြီးနေသေးမယ်လို့ ငါမမျှော်လင့်ထားဘူး!"

တုန်းလင်နှင့် ယိမင်တို့သည် ထိုစကားကို ကြားသောအခါ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရှက်ကိုးရှက်ကန်း ဖြစ်ခဲ့ကြသည်။

သူတို့နှစ်ယောက်လုံးက လတ်တလောမှာ အသံပြောင်းနေတဲ့ ကာလ ဖြစ်သည်။ ထို့ကြောင့် သူတို့အသံကို တစ်ညနေလုံး မကြားခဲ့ရပေ။

သိုက်ရှုဖန် - "ဒါ သာ့ချောင်က သဘောကျဖို့ ထိုက်တန်လို့လေ။ ကလေးတွေမပြောပါနဲ့ ငါကော၊ လူကြီးတွေကော သူ့ကို သဘောကျကြတာပဲ !"

ချောင်ယွဲ့မင်၊ ချောင်ကျန်းမင်နှင့် အခြားသူများကလည်း ဒါကိုကြားပြီးနောက် သံယောင်လိုက်ခဲ့ကြသည်။

ဒီလူတွေဟာ သာ့ချောင်အပေါ် အကြွေးတွေ အနည်းအများ ရှိခဲ့သည်။ ထို့အပြင် သာ့ချောင်သည် လှပပြီး ထက်မြက်သော လူငယ်မျိုးဆက်ဖြစ်သည်။ သူမရဲ့ ပင်ကိုယ်စရိုက်က နူးညံ့ပျော့ပျောင်းသည်။ သူမကို ဘယ်သူက မကြိုက်မှာလဲ?

သာ့ချောင်ကို လူတိုင်း ချီးကျူးနေကြကြောင်း ဝမ်ချွမ်ကျီ ကြားသောအခါ သူမသည် ပိုပိုပြီး စိတ်ဆိုးလာခဲ့သည်။

စားပွဲကြီးပြီးနောက် လူကြီးတွေက ကလေးတွေကို မုန့်ဖိုးများ ပေးခဲ့သည်။ သာ့ချောင်သည် သူမ၏ အခြားမောင်နှမများထက် ငွေပိုရနေသည်မှာ ထင်ရှားခဲ့သည်။

အဲ့တာကို ဘယ်သူကမှ ထူးဆန်းတယ်လို့ မထင်ပါ။ မနာလိုတဲ့ မျက်လုံးနဲ့ ဝမ်ချွမ်ကျီကလွဲရင် ဘယ်သူမှ မကျေမနပ် မဖြစ်ကြပေ။

အမြဲလိုလိုပင် ဝမ်ချွမ်ကျီ၏ ထင်မြင်ချက်ကို လူတိုင်းက လျစ်လျူရှုထားခဲ့ကြသည်။ ထို့ကြောင့် ဤနှစ်သစ်ကူးအကြို၏ လေထုသည် အလွန်နွေးထွေးခဲ့သည်။

နှစ်သစ်အတွက် စောင့်ဆိုင်းနေစဉ်အတွင်း ကလေးများသည် ရယ်မောကာ ဟာသလုပ်ပြီး ဖဲချပ်များ ဆော့ကစားခဲ့ကြသည်။ ပျားမစင်စားတဲ့ အန်းပင်းဆိုတဲ့ ခေါင်းစဉ်ကိုတောင် သူတို့ရောက်သွားခဲ့ကြသည်။

သူများတွေက အဲ့တာကို ကြားတော့ ရယ်ကြသည်။ အန်းပင်းသည် ရယ်သံက ထုံနေပါပြီ။

ကံကောင်းထောက်မစွာ သူက စိတ်သဘောထားကောင်းသည်။ အခြားသူတစ်ဦးဦးက ဤကဲ့သို့ လှောင်ပြောင်ခြင်းခံရပါက သူတို့သည် ရှက်ရွံ့ပြီး ဒေါသဖြစ်နိုင်ချေရှိပေလိမ့်မည်။ အများစုကတော့ ဒီကိစ္စကို ရပ်တန့်ဖို့ လူတိုင်းကို တောင်းပန်ကြသည်။

ဒီအချိန်မှာ တစ်စုံတစ်ယောက်က အံ့ဩစရာ တစ်ခုခုကို ပြုတ်ကျသွားမယ်လို့ ဘယ်သူက ခန့်မှန်းမိမှာလဲ "အာ၊ တိုက်ဆိုင်လိုက်တာ။ ငါလည်း မစင်စားဖူးတယ်!"

လူတိုင်း - "..."

အံ့အားသင့်စရာကြောင့် လူတိုင်း၏ စိတ်သည် ရှုပ်ယှက်ခတ်နေခဲ့သည်။ ဒီလိုတိုက်ဆိုင်မှုမျိုးဟာ ပျော်ရွှင်စရာ တစ်ခုမဟုတ်ဘူးမလား?

သို့တိုင် သိုက်ရှောင်ရွှယ်သည် အံ့သြသည့် အမူအရာရှိနေခဲ့သည်။

သူမသည် သူ့ကို မလှောင်ပြောင်ဘူးဆိုတာ ကြားတော့ အန်းပင်းဟာ ​​သူမက ချစ်စရာကောင်းပြီး ရိုးသားတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။ တခြားလူတွေနဲ့ လုံးဝမတူဘူး။

သိုက်ရှောင်ရွှယ် - "ငယ်ငယ်တုန်းက ငါ့ရဲ့ မစင်အရသာကို အရမ်းသိချင်ခဲ့တာ။ အဲဒါကို စမ်းကြည့်ဖို့ လက်ချောင်းလေးတွေပေါ် နည်းနည်းလောက် တင်ခဲ့တာ။ ငါ့အမေက ငါ့ကို မြင်သွားတာတော့ ငါ့ပါးစပ် ထည့်ပြီးပြီ!"

လူတိုင်း - "..………"

ဤအကြောင်းအရာသည် ဆိုးဆိုးရွားရွား စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ မင်း အဲ့တာကို ကျေးဇူးပြုပြီး ဆက်မပြောပါနဲ့တော့။

စကားမပြောဘဲ ဟော်ချီသည် အဆက်မပြတ်ပြောနေသော သူ့ဝမ်းကွဲညီမကို စိုက်ကြည့်နေခဲ့သည်။

သူ့ညီမဝမ်းကွဲညီမသည် ယနေ့မတိုင်မီက ရယ်စရာကောင်းကြောင်း သူဘာကြောင့် မသိခဲ့တာလဲ?

သာ့ချောင်သည် လူအုပ်ကြီး တုန်လှုပ်သွားသည်ကို သတိပြုမိခဲ့သည်။ သူမသည် ဝမ်းကွဲအစ်မကို မှီလိုက်ပြီး သူမက တခစ်ခစ်ရယ်ပြီး တိုးတိုးပြောသည်။ "ဝမ်းကွဲအစ်ကိုက ရှောင်ရွှယ်ကို ကြည့်ရင် စိတ်လှုပ်ရှားနေတယ်လို့ ညီမဘာလို့ ထင်နေတာလဲ"

ချောင်တုန်းယင်က သူမ မောင်ကို တစ်ချက်ကြည့်ခဲ့သည်။ ထို့နောက် သူမသည် မျက်နှာကျက်ကို မော့ကြည့်ပြီး "လူရွှင်တော်နှစ်ယောက်!"

All Chapters