အခန်း (၂၂၈)
Vol. 18 Ch. 228
သူမကို ဆက်မထိန်းနိုင်တော့တဲ့အတွက် အားလုံးက သိုက်ရှောင်ရွှယ်၏ စကားကို မတုံ့ပြန်ခဲ့ကြပေ။ သို့သော် တူညီသောလမ်းပေါ်ရှိ လူတစ်ဦးကို တွေ့နေရပုံပေါ်သော တစ်စုံတစ်ယောက်ရှိနေသည်။
ဒီလူကတော့ ပျားမစင်ကို စားခဲ့သော အန်းပင်းဖြစ်သည်။ သူ့ရဲ့တောက်ပတဲ့ မျက်လုံးတွေက သိုက်ရှောင်ရွှယ်ကို စိုက်ကြည့်နေခဲ့သည်။ "ဘာဖြစ်သေးလဲ? မင်းအမေ မင်းကို ရိုက်ခဲ့တာလား?"
သိုက်ရှောင်ရွှယ်က ခေါင်းခါပြီး "မရိုက်ပါဘူး။ ငါ့အမေက ကလေးကို လက်ဆေးပြီးတာတောင် ကျန်နေသေးတာပဲဆိုပြီး ပြောခဲ့တာ!"
အန်းပင်းက စိတ်သက်သာရာရသွားသလို “ဒါပေါ့ ကျန်ခဲ့နိုင်တာပဲလေ။ မစင်စားတာ ဘာဖြစ်လို့လဲ?”
သိုက်ရှောင်ရွှယ်က ခပ်မြန်မြန် ခေါင်းညိတ်ပြသည်။ "မှန်တယ်။ ငါ့အစ်ကိုကြီးက ငါ့မစင် စားတဲ့အကြောင်း သူသိပြီးကတည်းက ငါ့ကို အထင်သေးနေတာပဲ။ ဒါပေမယ့် ငါကတော့ ငါညစ်ပတ်တယ် မထင်ဘူး!"
လူတိုင်း - "..."
သူတို့သည် အဝေးသွားပြီး သီးသန့်နေရာကို သူတို့နှစ်ယောက်ဆီ ပေးသင့်လား?
တုန်းယွင်လေးက ပါးစပ်ကိုဖွင့်လိုက်ပြီး သူမရဲ့ ချိုမြိန်တဲ့အသံဖြင့် "အစ်မ အမေက အစ်မကို ပြီးပြည့်စုံတဲ့ ကလေးဘဝရနိုင်ဖို့ ရိုက်သင့်တယ်လို့ သမီးထင်တယ်!"
ဆိုလိုရင်းမှာ ကလေးဘဝသည် ရိုက်နှက်ဆုံးမခြင်းမရှိဘဲ မပြည့်မစုံဖြစ်ပြီး မိုက်မဲသောကလေးများကို ပြင်းပြင်းထန်ထန် ရိုက်နှက်သင့်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဤစကားကြောင့် လူတိုင်း ရယ်မောကြသည်။
ချောင်မိသားစုရဲ့ ဘက်ကတော့ အားလုံးက ပျော်ပျော်ရွှင်ရွှင်ပါပဲ။ အဝေးက ရှန်းကျန်းမှာကတော့ ဟော်အိမ်မှာ အုံ့မှိုင်းနေခဲ့သည်။
ဝမ်အန်နာသည် ရင်သားကင်ဆာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် သူမ၏ စိတ်အခြေအနေ တစ်ခုလုံး ပြိုလဲသွားခဲ့သည်။
သူမ၏ ဒေါသသည် အစက ဆိုးရွားခဲ့သည်။ ဒါပေမယ့် သူမ နေမကောင်းမှန်းသိကတည်းက ပိုဆိုးလာခဲ့သည်!
သူမသည် နေ့တိုင်း ဟော်ကျန့်ချန်၊ သိုက်ရှုဖန်နှင့် ဟော်ချီတို့ကို ဆဲဆိုကြိမ်းမောင်းခဲ့သည်။ သူမသည် ဆေးရုံရှိ ဆရာဝန်များနှင့် သူနာပြုများအားလုံးကိုတောင် ကျိန်ဆဲခဲ့သည်။
ပိုက်ဆံကြောင့်မဟုတ်ရင် ဟိုးအရင်ကတည်းက သူမသည် တံခါးကနေ နှင်ထုတ်ခံရလိမ့်မည်။
ဟော်ကျန့်ချန်သည် သူမ၏ ဒေါသကို သည်းမခံနိုင်တော့ပေ။ သို့သော် ယခုအချိန်တွင် သူသည် သူမကို စွန့်ပစ်ရန် ဘာမှမတတ်နိုင်ပေ။ သူက ဒီဒေါသကို မျိုချရမည်။
ဝမ်အန်နာသည် ရှန်းကျန်း၏ ဆရာဝန်အဆင့်ကို မယုံဘဲ ခွဲစိတ်ရန်အတွက် မီခရိုင်သို့ ပြန်သွားရန် တောင်းဆိုခဲ့သည်။
ဒါပေမယ့် သူမရဲ့ လက်ရှိအခြေအနေဟာ နှောင့်နှေးဖို့ မသင့်တော်ဘူးလို့ ဆရာဝန်က ပြောခဲ့သည်။ မီခရိုင်ကို ပြန်ရောက်တာနဲ့ ခွဲစိတ်မှု ချက်ချင်းမစီစဉ်နိုင်ပေ။ ဒါက အကောင်းဆုံး ကုသမှုအချိန်ကို နှောင့်နှေးစေလိမ့်မည်။
ဟော်ကျန့်ချန်သည် ရှန်းကျန်းတွင် ဆေးကုသမှုခံယူရန် သူမကို ဖြောင့်ဖြခဲ့သည်။
ပထမတော့ ဝမ်အန်နာက ပြန်ဖို့အတွက် အော်ဟစ်ဆဲ ဖြစ်သည်။ ခဏကြာတော့ သူမသည် ပါးစပ်ပိတ်သွားခဲ့သည်။ ကင်ဆာဆဲလ်များသည် သူမခန္ဓာကိုယ်အတွင်း အလွန်လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ သူမ၏ ရင်သားများသည် အနံ့အသက်ဆိုးများ စိမ့်ထွက်နေပြီး သူမ၏ ချိုင်းကြားရှိ lymph node များသည် အလွန်ရောင်ရမ်းနေသည်။ ချောင်းဆိုးတာကနေ သွေးတွေထွက်လာပြီး အရိုးနာကျင်တဲ့ လက္ခဏာတွေ ပိုဆိုးလာခဲ့သည်။
သူမ၏ ခုခံအားစနစ် ဆိုးရွားစွာ ယိုယွင်းနေသဖြင့် သူမသည် မီခရိုင်သို့ ပြန်သွားရန် အတင်းအကြပ် တောင်းဆိုသော်လည်း ဘာမှ မလုပ်ဆောင်နိုင်ပေ။
နောက်ဆုံးမှာတော့ ဝမ်အန်နာဟာ ရှန်းကျန်းမှာ ခွဲစိတ်ကုသမှု ခံယူခဲ့သည်။
သူမ၏ ဆံပင်အားလုံးကို ရိတ်ခဲ့ပြီး သူမ၏ ရင်သားတစ်ဖက်ကိုလည်း ဖြတ်တောက်ခဲ့သည်။ ခွဲစိတ်ပြီးနောက် ကျန်ရှိနေသည့် သူမ၏ ရင်သားတစ်ဖက်ကို သူမသည် ထိလိုက်သည်။ တုန်လှုပ်ခြောက်ခြားသော အော်ဟစ်သံက ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
"ကောင်းကင်က မတရားဘူး! သူ ငါ့ကို ဘာလို့ ဒီလိုလုပ်တာလဲ! ငါ ဝမ်အန်နာက ဘာမှားလို့လဲ?"
“ခွေးမ! အဲ့ခွေးမ ငါ့ကို ကျိန်ဆဲခဲ့တာဖြစ်မယ်။ ငါသူနဲ့မတွေ့ခင်က နေကောင်းခဲ့တာလေ။ သူ ငါ့ကို အန္တရယ် ဖြစ်အောင်လုပ်တာ။”
“ခွေးမ၊ ငါတို့ ဟော်မိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းသွားတာတောင် မကျေနပ်သေးဘူး။ ငါ သူ့ကို ခွင့်မလွှတ်ဘူး။ ငါသေရင်တောင် သူ့ကို ငါနဲ့အတူ ငရဲကို ဆွဲခေါ်သွားမယ်!"
"မင်း ကျန်းမာရေး ယိုယွင်းလာလို့ နေမကောင်းဖြစ်တာပါ။ ရှုဖန်နဲ့ ဘာဆိုင်လို့လဲ? ကင်ဆာဆိုတာ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေ ရှိနေတာပါ။ သူက မယုံနိုင်လောက်အောင် အစွမ်းထက်နေရင်တောင်မှ ကင်ဆာဆဲလ်တွေကို မင်းခန္ဓာကိုယ်ထဲကို မထည့်နိုင်ဘူး၊ ဟုတ်တယ်မလား?"
ဟော်ကျန့်ချန်က သူမကို ဒေါသထွက်နေတာကို ကြည့်နေခဲ့သည်။ အခု သူမသည် သိုက်ရှုဖန်ကို သူမ ရောဂါကြောင့် အပြစ်တင်မိခဲ့သည်။
သူ့ပါးစပ်မှာ 'သိုက်ရှုဖန်' ဆိုတာ အမြဲပါနေတာကိုမြင်တော့ ဝမ်အန်နာရဲ့ မျက်လုံးတွေက မနာလိုစိတ်ကြောင့် နီရဲလာပြီး "ဒါက သူ ငါ့ကို ဒုက္ခပေးတာ။ ငါ နင့်ကို လုယူခဲ့လို့ပဲ။ သူက လက်မခံနိုင်ပဲ ငါ့ကို ကျိန်ဆဲဖို့ တစ်ယောက်ယောက်ကို လုပ်ခိုင်းခဲ့တာ။ သူ့ကို ငါတိုင်မယ်!"
ဟော်ကျန့်ချန် - "..."
ဝမ်အန်နာသည် စိတ်ထဲတွင် အရမ်း နေမကောင်းဖြစ်နေကြောင်း သူခံစားလိုက်ရသည်။
သူမသည် ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော စကားကိုပင် ပြောနိုင်သည်။
ဝမ်အန်နာသည် သူ့ရဲ့ 'ဉာဏ်တိမ်တယ်' ဆိုတဲ့ အကြည့်ကြောင့် ပိုပိုပြီး အထင်မှားလာခဲ့သည်။ "ဘာဖြစ်တာလဲ? နင် သည်းမခံနိုင်ဘူးလား။ နင့် နှလုံးသားထဲမှာ နာကျင်နေတယ် မဟုတ်လား။ နင် သူ့ကို မေ့လို့မရဘူးဆိုတာ ငါသိတယ်။ ခွေးကောင် နင် သူ့ကိုအရင်တည်းက မမေ့နိုင်ခဲ့ရင် နင်ဘာလို့ ငါနဲ့နေဖို့ ရွေးချယ်ခဲ့တာလဲ?"
ဟော်ကျန့်ချန်ဟာ ခဏတာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုကို ခံစားခဲ့ရပြီး "မင်း ကောင်းကောင်း အနားယူလိုက်ပါ။ မနက်ဖြန် မင်းကို တွေ့ဖို့ ကလေးတွေကို ငါခေါ်လာပေးမယ်။"
ဒီနေ့က နှစ်သစ်ကူးအကြိုနေ့ ဖြစ်သည်။ မိသားစု ဆုံစည်းရာနေ့ ဖြစ်သင့်သည်။ သို့သော် ဟော်မိသားစုသည် ပရမ်းပတာဖြစ်နေခဲ့သည်။
သူ ဒီအိမ်မှာ ခဏလောက်တောင် မနေချင်တော့ဘူး။
ထိုစကားကို ပြောပြီးနောက် သူသည် လှည့်ထွက်သွားခဲ့သည်။
ဝမ်အန်နာက ဒေါသနဲ့ မျက်နှာနီရဲနေပြီး "ဟော်ကျန့်ချန်၊ အဲ့မှာ ရပ်လိုက်! တုံးအတဲ့ ခွေးကောင် နင် ဒီကို ပြန်လာခဲ့။ ငါနင့်ကို ကျိန်စာတိုက်မယ်။ နင်တို့ အားလုံး သေပါစေ!"
ဆေးရုံအခန်းနှင့် ဝေးကွာပြီးနောက် ဟော်ကျန့်ချန်သည် ဝမ်အန်နာ၏ ကျိန်ဆဲတာများကို ကြားနေရဆဲဖြစ်သည်။
သူသည် အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ သူ့အသွင်အပြင်က အရင်ကထက် ငါးနှစ် ခြောက်နှစ်လောက် ပိုကြီးသွားခဲ့သည်။
ဒီလိုဘဝမျိုးကို သူဘယ်တုန်းကမှ စိတ်ကူးမယဉ်ဖူးပါ။
သူ့ဆွေမျိုးတွေရှာဖို့ ဒီကိုပြန်ရန် ဆုံးဖြတ်လိုက်တာက သူအမှားလုပ်မိခဲ့တာလား မသိပေ။ သူသည် လူတိုင်းကို စိတ်မပျက်စေချင်ပေမယ့် နောက်ဆုံးမှာတော့ လူတိုင်းက သူ့ကို အပြစ်တင်ကြသည်။
သူရဲ့ လုပ်ဆောင်ချက်တိုင်းက မှားယွင်းနေခဲ့တာ ဖြစ်သည်။
———
ချောင်တုန်းဟယ်သည် နှစ်သစ်ပြီးနောက် အသက်နှစ်ဆယ့်တစ်နှစ် ဖြစ်သည်။ ရွာမှာနေရင် သူမသည် အိမ်ထောင်ကျပြီး ကလေးမွေးပြီး ဖြစ်သည်။
သူမနဲ့ လော့ကျွင်းလျန်တို့ဟာ သူတို့ရဲ့ ဒုတိယနှစ်ကျောင်းသားဘဝတုန်းက သူတို့ရဲ့ဆက်ဆံရေးကို အတည်ပြုခဲ့သည်။ အခု သူတို့နှစ်ယောက် တွဲလာတာ နှစ်နှစ်ရှိပြီဖြစ်ပြီး လော့မိသားစုသည် ကလေးနှစ်ယောက်ကြားက ဆက်ဆံရေးကို နောက်တစ်ဆင့်တက်ဖို့ ရည်ရွယ်ထားခဲ့ကြသည်။
နှစ်သစ်၏ ဒုတိယနေ့တွင် လော့ကျွင်းလျန်သည် သူ့မိဘများကို ချောင်အိမ်သို့ ပစ္စည်းများစွာဖြင့် ခေါ်ဆောင်သွားခဲ့သည်။
လော့ချင်းသည် ချောင်ကျန်းမင်ကို မြင်သောအခါ သူသည် အနည်းငယ် ရှက်သွားခဲ့သည်။ ဒါပေမယ့် သူက ယောက်ယက်ခတ်နေမယ့် သူတော့ မဟုတ်ပါဘူး။ သူသည် ချောင်ကျန်းမင်ကို လူကိုယ်တိုင် တောင်းပန်ခဲ့သည်။
ချောင်ကျန်းမင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ဒီကိစ္စလေးကို မေ့နေတာကြာပြီလို့ ထုတ်ဖော်ပြောခဲ့ပြီး ဂရုမစိုက်ဖို့ ပြောခဲ့သည်။
လော့မိသားစု လည်ပတ်ခြင်း၏ ရည်ရွယ်ချက်မှာ အလွန်ရှင်းလင်းပါသည်။ လော့ကျွင်းလျန်နှင့် ချောင်တုန်းဟယ်တို့ကို စေ့စပ်ကြောင်းလမ်းရန် ဖြစ်သည်။
ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့က ချောင်တုန်းဟယ်၏ သဘောထားကို မေးမြန်းပြီး သူမ၏ မိဘများနှင့် ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးတော့ သူတို့နှစ်ယောက်သည် ပထမဆုံး စေ့စပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ကလေးနှစ်ယောက်စလုံးသည် ဘွဲ့လွန်တက်ပြီးတာနဲ့ သူတို့သည် ဧည့်ခံပွဲလုပ်မည်။
ချောင်တုန်းဟယ်နှင့် လော့ကျွင်းလျန်တို့ နှစ်ဦးစလုံးသည် အနာဂတ်တွင် မြို့တော်ကို ဖွံ့ဖြိုးတိုးတက်လိုကြသည်။ သူတို့သည် မြို့တော်တွင် ဘွဲ့လွန်သင်တန်းများ လျှောက်ထားရန် ဆုံးဖြတ်ခဲ့ကြပြီး အနာဂတ်တွင် မြို့တော်တွင် မိသားစုတစ်ခု စတင်မည် ဖြစ်သည်။
လော့မိသားစုသည် အခုလက်ထပ်ပွဲကျင်းပပြီး လက်ထပ်စာချုပ်ကို ရယူလိုသော်လည်း အမျိုးသမီးဘက်မှ ရှင်းပြချက် တစ်ခုပေးတာကြောင့် သူတို့သည် အတင်းအကျပ် မလုပ်ခဲ့ပေ။
ထို့ကြောင့် ချောင်တုန်းဟယ်နှင့် လော့ကျွင်းလျန်တို့သည် ပညာသင်ကြားရန်အတွက် မြို့တော်သို့ မပြန်မီ စေ့စပ်ခဲ့ကြသည်။
———
တစ်နှစ်အကြာတွင် ချောင်ကျန်းကျွင်းနှင့် ချောင်ကျန်းမင်တို့ ညီအစ်ကိုများသည် ဆုံးဖြတ်ချက်တစ်ခု ချခဲ့ကြသည်။ သူတို့သည် စားသောက်ကုန်စက်ရုံကနေ နှုတ်ထွက်ပြီး သူတို့ဘာသာသူတို့ ထွက်သွားခဲ့ရန် ဆုံးဖြတ်ခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် စားသောက်ကုန်စက်ရုံများ၏ စီးပွားရေးသည် တစ်နေ့ထက်တစ်နေ့ ယိုယွင်းလာခဲ့သည်။
ချောင်ကျန်းကျွင်းနဲ့ ချောင်ကျန်းမင်တို့ ညီအစ်ကိုတွေက နှုတ်ထွက်ချင်ခဲ့တာကြာပေမယ့် အဲဒီအချိန်တုန်းက စက်ရုံမန်နေဂျာက သူတို့ကို ခွင့်မပြုခဲ့ပါ။ လွန်ခဲ့သည့်နှစ်အနည်းငယ်က စက်ရုံမန်နေဂျာကို အကြွေးတင်ထားသောကြောင့် သူတို့သည် စက်ရုံမန်နေဂျာ၏ တောင်းဆိုမှုကို သဘောတူပြီး နောက်ထပ်နှစ်အနည်းငယ်ကြာ စက်ရုံတွင် ဆက်လက်လုပ်ကိုင်ခဲ့ရသည်။
ယခုတွင် စက်ရုံ၏ စွမ်းဆောင်ရည်သည် ပိုဆိုးလာပြီး ချောင်မိသားစု၏ စီးပွားရေးလည်း ပိုကောင်းလာကာ သူတို့သည် နှောင့်နှေး၍ မရတော့ပေ။
သူတို့ရဲ့လုပ်ငန်းကို ချဲ့ထွင်ဖို့ ဒီအစောပိုင်းလေးကို အခွင့်ကောင်းယူချင်ကြသည်။
စက်ရုံမန်နေဂျာက သူတို့ကို တားလို့မရနိုင်ဘူးဆိုတာ သိသည်။ ဒါကြောင့် သူက သူတို့ကိုလွှတ်ပေးလိုက်သည်။
ချောင်ကျန်းကျွင်းသည် ရာထူးမှ နှုတ်ထွက်ပြီးနောက် မိသားစု၏ ကုန်စုံဆိုင်ကို ဆက်လက်တိုးချဲ့ရန် ဆုံးဖြတ်ခဲ့သည်။ အရေးကြီးဆုံးကတော့ ကုန်စုံဆိုင်ရဲ့ ထုတ်ကုန်တွေကို ချဲ့ထွင်ဖို့ပင်။
အရင်က ကုန်စုံဆိုင်သည် အဆာပြေအစာများနှင့် ထင်း၊ ဆန်၊ ဆီ၊ ဆားစသည်ဖြင့် အချို့သော ပစ္စည်းများသာ ရောင်းချခဲ့သည်။ အမြတ်နည်းသည်။ လုပ်ငန်းက ဘယ်လောက်ပဲ ကောင်းနေပါစေ သူတို့သည် ငွေအများကြီး မရှာနိုင်ပေ။
သူက အစားအစာနှင့် အဝတ်အစား အကုန်ရောင်းတဲ့ ကုန်စုံဆိုင် ဖွင့်ချင်လာခဲ့သည်။ လူတစ်ယောက် လိုချင်သလောက်ကို ကုန်စုံဆိုင်က ရောင်းမည်။
တကယ်တော့ ဒါက အနာဂတ် စူပါမားကတ်ရဲ့ ရှေ့ပြေးပုံစံပင်။
ချောင်ကျန်းမင်က သူ့ဒုတိယအစ်ကိုရဲ့ အကြံအစည်က ကောင်းတယ်လို့ ထင်ပါသည်။ သို့သော် ယခုတစ်ကြိမ်တွင် သူသည် သူ့ဒုတိယအစ်ကိုနှင့် အလုပ်ဆက်မလုပ်ချင်တော့ပါ။
ညီအစ်ကိုတွေ ရှင်းရှင်းလင်းလင်း စာရင်းရှင်းရမည်။ လုပ်ငန်းချဲ့ထွင်ပြီးတာနဲ့ ခွဲလိုက်တာ အကောင်းဆုံးပင်။ မဟုတ်ပါက ညီအစ်ကိုတွေသည် အနှေးနှင့်အမြန်ဆိုသလို ထိခိုက်လာလိမ့်မည်။
ထို့အပြင် ယနေ့အချိန်တွင် နိုင်ငံသည် စီးပွားရေးကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေသည်။ နေရာတိုင်းမှာ အမြတ်အစွန်းရတဲ့ လုပ်ငန်းတွေ ရှိနေသည်။ ညီအစ်ကိုတွေက တစ်နေရာတည်းမှာပဲ စောင့်ကြည့်နေဖို့ မလိုပါဘူး။
သူသည် အခြားသူငယ်ချင်း နှစ်ယောက်နှင့် သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခု စတင်ချင်သည်။
ယခုအချိန်တွင် မြောက်နှင့်တောင်ကြား ကုန်စည်ပို့ဆောင်ရေးက ကွာဟချက်ကြီးမားသည်။ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတွေ အလွန်နည်းသည်။ အခြားစီးပွားရေး အခွင့်အလမ်းများ မရှာမီ သူသည် စျေးကွက်ကို သိမ်းပိုက်နိုင်လျှင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် အခိုင်အမာ ခြေကုပ်ယူနိုင်သည်။
ဒါပေမယ့် သယ်ယူပို့ဆောင်ရေးမှာ မော်တော်ယဉ်တွေကို အရင်ဝယ်ရမည်။ ကုန်တင်ကားကြီးလေးစီးက ပိုက်ဆံအများကြီး လိုအပ်သည်။ သူသည် ကုန်စုံဆိုင်ကနေ ရတဲ့ငွေတွေကို ယူပြီး သူ့အိမ်ကို ရောင်းဖို့ ဆုံးဖြတ်ခဲ့သည်။
ဒီအတိုင်းဆို ပိုက်ဆံက မလောက်သေးဘူး။ အိမ်ဝယ်ဖို့ မိသားစုရဲ့ ပိုက်ဆံကို သုံးထားတာမို့ သူ့မိဘတွေဆီက ချေးဖို့ သူ့မှာ အစီအစဉ်မရှိပေ။
သူစိတ်ရှုပ်ထွေးနေချိန်မှာပဲ ချူရှန်မေက ရောက်လာခဲ့သည်။
ချောင်ကျန်းမင်သည် ရုတ်တရက် ရေချိုးခန်းထဲသို့ ပြေးဝင်သွားပြီး ဆံပင်ကို ချော့မွေ့စေရန် ဆံပင်စတိုင်ထုတ်ကုန်တစ်ခုကို အသုံးပြုခဲ့သည်။
သူသည် မှန်ရှေ့မှာ လှည့်ကြည့်လိုက်ပြီး သူက မှန်ထဲမှာ အရမ်းချောတယ်လို့ ခံစားလိုက်ရသည်။