အခန်း (၂၃၀)
Vol. 18 Ch. 230
သူမသည် နောင်တရခဲ့တာ ကြာပြီ ဖြစ်သည်။ ချောင်ကျန်းမင်က သူမကို ကွာရှင်းလိုသည့် အချိန်မှစ၍ သူမနောင်တရခဲ့သည်။ ဒါပေမယ့် လောကကြီးမှာ နောင်တအတွက် ဆေးမရှိခဲ့ပေ။ လူတိုင်းသည် သူတို့၏ လုပ်ရပ်အတွက် တာဝန်ယူသင့်သည်။
တစ်ချိန်က သူမသည် ချောင်ကျန်းမင်ထံသွားပြီး သူမကို ခွင့်လွှတ်ရန် တောင်းဆိုချင်ခဲ့သည်။ ဒါပေမယ့် သူမသည် သူ့ရှေ့မှာ ဒူးထောက်ထားရင်တောင် သူက ဘယ်တော့မှ သူမကို ခွင့်မလွှတ်ဘူးဆိုတာ သူမသိပါသည်။
နောက်ပိုင်းမှာ ဆွေမျိုးတစ်ယောက်က တခြားပြည်နယ်က အမျိုးသားတစ်ယောက်ကို သူမနှင့် မိတ်ဆက်ပေးခဲ့သည်။ သူမသည် မစဉ်းစားဘဲ သဘောတူခဲ့သည်။
ထိုအချိန်တွင် သူမသည် သူမပတ်ဝန်းကျင်ရှိ အတင်းများအားလုံးရဲ့ အဝေးမှာနေချင်ခဲ့သည်။
လက်ရှိ အမျိုးသားမှာ သူမထက် ဆယ်နှစ်ကြီးပြီး သူ့မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဇနီးဟောင်းနဲ့ သားတစ်ယောက်နှင့် သမီးတစ်ယောက် ထွန်းကားခဲ့သည်။
ဤကမ္ဘာတွင် အခက်ခဲဆုံးရာထူးမှာ မိထွေးဖြစ်သည်။ လင်ပါကလေးတွေက သူမကို ပြဿနာရှာတိုင်း သူမသည် ဝမ်အာလေးကို တွေးခဲ့မိသည်။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ရှက်ရွံ့စွာ ပြုံးပြတတ်တဲ့ ကလေးမလေး။
သူမသည် သူမကိုယ်သူမ အကြိမ်ကြိမ် ရိုက်ချင်လောက်အောင် မုန်းတီးခဲ့သည်။
ထိုအချိန်တွင် သူမ၏ မျက်လုံးများသည် ချောင်ကျန်းမင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ချူရှန်မေဆီသို့ ရောက်သွားခဲ့သည်။ သူမ၏ မျက်လုံးများတွင် ရှုပ်ထွေးသော အလင်းရောင်တစ်ခု ဖြတ်သွားခဲ့သည်။
ခဏနေတော့ စောစောက အမျိုးသမီးသည် သူမကို ဆွဲပြီး "ဘာလုပ်နေတာလဲ? တစ်နေ့လုံး ကြောင်တောင်တောင်နဲ့။ ငါနင့်ကို အကြိမ်ကြိမ်ခေါ်နေတာကို နင်မကြားဘူး။ နင်နားကန်းနေတာလား?"
ရှစ်ချင်ရှင်းက သူမအသိစိတ် ပြန်ဝင်လာပြီး တောင်းပန်စကားတစ်ခွန်း ထပ်ပြောပြန်သည်။
မိန်းမက အကျင့်မကောင်းဘဲ "အာလင်း၊ မင်းရဲ့မိန်းမကို ဘယ်လို အုပ်ချုပ်နေတာလဲ? သူက တကယ်ကို ပြုမူနေရမလဲ မသိဘူး။ သူ ငါ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဆန့်ကျင်နေတာလို့ ငါသံသယရှိတယ်!"
ဒီစကားတွေ ထွက်လာပြီးတာနဲ့ အသက်လေးဆယ်ကျော် အမျိုးသားတစ်ယောက်က ရှစ်ချင်ရှင်းကို ချက်ချင်း ကြိမ်းမောင်းခဲ့သည်။
ရှစ်ချင်ရှင်း၏ မျက်နှာ နီမြန်းသွားသော်လည်း သူမသည် ဘာမှမပြောပေ။
အရာတွေက ပြောင်းလဲသွားတာမဟုတ်ဘဲ လူတွေက ပြောင်းလဲသွားတာ ဖြစ်သည်။
ချောင်ကျန်းမင်က ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။
ချူရှန်မေက သူ့အမူအရာက တစ်ခုခုမှားနေတာကို သတိထားမိပြီး "ဘာဖြစ်နေတာလဲ?"
ချောင်ကျန်းမင်က သူမကို ပြုံးပြပြီး "ဘာမှမဟုတ်ပါဘူး။ အသိမိတ်ဆွေ တစ်ယောက်ကို တွေ့လိုက်ရုံပါ။"
"အသိမိတ်ဆွေလား?" ချူရှန်မေက နောက်ကိုပြန်ကြည့်ချင်သော်လည်း သူက တားလိုက်သည်။
ချောင်ကျန်းမင် - "နောက်ပြန်မကြည့်နဲ့၊ ငါ့ဇနီးဟောင်း။"
ချူရှန်မေက ခဏလောက် ထိတ်လန့်သွားခဲ့သည်။ ထို့နောက်တွင် ဇနီးဟောင်းသည် ချန်ချောင်ချောင်မဟုတ်ဘဲ ရှစ်မျိုးရိုးအမည်နှင့် အခြားအမျိုးသမီးဖြစ်ကြောင်း သူမ သတိရသွားသည်။
ပြောရရင် သူ့အိမ်ထောင်ရေးက တော်တော် စိတ်ပျက်စရာ ဖြစ်သည်။ တစ်ယောက်က သူ့ကို ဦးထုပ်စိမ်းဆောင်းပေးခဲ့ပြီး နောက်တစ်ယောက်ကတော့ ဒုက္ခပေးသူပါ။
သူမနှင့် တုကျိုးချန်သည် အလွန်သဟဇာတဖြစ်ပုံရသော်လည်း နောက်ဆုံးတွင် သူက သူမကို စွန့်ပစ်ခဲ့ပြီး ဒီလောက်ဝမ်းနည်းစရာ ကောင်းသောနည်းဖြင့် သူ့ဘဝကို အဆုံးသတ်ခဲ့သည်။ ယခင်က သူမ ထင်မှတ်ထားသော ပျော်ရွှင်မှုသည် သူမ၏ စိတ်ကူးယဉ်ဆန်သော အတွေးများသာဖြစ်ကြောင်း သူမကို သံသယဖြစ်စေခဲ့သည်။
ချောင်ကျန်းမင်သည် သူ့စကားကြောင့် သူမစိတ်ဓာတ်ကျသွားကြောင်း သတိပြုမိပြီး သူမကို ပျော်ရွှင်စေရန် ဟာသအမျိုးမျိုးဖြင့် ချက်ချင်း နောက်ပြောင်ခဲ့သည်။
ခဏကြာတော့ အပြုံးသည် ချူရှန်မေ၏ မျက်နှာဆီသို့ တစ်ဖန်ပြန်ရောက်လာသည်။
တစ်ဖက်တွင်ထိုင်နေသော ရှစ်ချင်ရှင်းသည် သူတို့၏ ရယ်မောခြင်းကို ကြည့်ပြီး သူမ၏နှလုံးသားကို ဓားဖြင့်ခုတ်လိုက်သလိုပင်။
———
စာသင်နှစ် အသစ်ပြန်စပြီ။
တုန်းယွင်လေးနှင့်အမွှာများ အားလုံးသည် ရှစ်နှစ်ရှိပြီ ဖြစ်သည်။ တုန်းယွင်လေးနှင့် ရွှယ်အန်းရှု့တို့သည် ဒုတိယတန်းတွင် ဖြစ်သည်။
စာဂျပိုးလေး ချောင်အန်းကျဲသည် သူ့အသက်အရွယ်အရ ထက်မြက်လွန်းသောကြောင့် ပဉ္စမတန်းသို့ အတန်းကျော်သွားခဲ့သည်။
မကြာသေးမီက ကျောင်းက မြို့တော်ရဲ့ပညာရေး ကော်မတီမှ ညွှန်ကြားရေးမှူးတစ်ဦး လာရောက်စစ်ဆေးမည်ဟု ဆိုတဲ့ အကြောင်းကြားစာ ရရှိခဲ့သည်။ ကျောင်းတိုင်းကို ပွဲစီစဉ်ဖို့ ပြောခဲ့သည်။
ယွင်လိုင် မူလတန်းကျောင်း၏ ညွှန်ကြားရေးမှူးများသည် စိတ်လှုပ်ရှားပြီး စိုးရိမ်နေကြသည်။
ရှားရှားပါးပါး ပေါ်ထွက်ခွင့်ရတဲ့အတွက် အခွင့်အရေးကြောင့် စိတ်လှုပ်ရှားနေခဲ့ကြသည်။
မြို့တော်ရဲ့ ညွှန်ကြားရေးမှူးက သူတို့ကို ချီးကျူးရင် ကျောင်းနဲ့ သူတို့ရဲ့ အနာဂတ်အတွက် စိုးရိမ်စရာ မရှိတော့ဘူး။
စိုးရိမ်ရတဲ့အပိုင်းက သူတို့ဘာလို့ ပွဲလုပ်ရမှာလဲ?
ကျောင်းအုပ်ကြီးသည် တစ်နှစ်တာ၏ ခေါင်းဆောင်များနှင့် ဆရာများဖြင့် မရေမတွက်နိုင်သော အစည်းအဝေးများ ကျင်းပခဲ့သည်။ နောက်ဆုံး ဆုံးဖြတ်ချက်က သံပြိုင်ပွဲ ကျင်းပရန်ဖြစ်သည်။
သံပြိုင်ပွဲက နည်းနည်းရှေးကျပေမယ့် တည်ငြိမ်တဲ့ ပွဲတစ်ခုပင်။ သူတို့အားလုံးက ဒီလိုအခွင့်အရေးမျိုးမှာ ပေါ်လွင်ချင်ကြသည်။ ဒါပေမယ့် တစ်ခုခု မှားသွားရင် သူတို့ကိုယ်သူတို့ အလွယ်တကူ နစ်နာစေပြီး ပညာရေးလောကရဲ့ ဟာသတစ်ခု ဖြစ်လာလိမ့်မည်။
ညွှန်ကြားရေးမှူးက ရှေးဆန်ပြီး အသစ်အဆန်း မလုပ်ရဲပေ။ နေရာမရသော ဆရာများ မပြောနဲ့။ သူတို့အားလုံးသည်လည်း အစီအစဥ်အတိုင်းသာ လိုက်နာနိုင်ကြသည်။
ထို့ကြောင့် ပွဲကို ဆုံးဖြတ်လိုက်သည်။ နောက်တစ်ဆင့်က သံပြိုင်အတွက် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန်ဖြစ်သည်။
သံပြိုင်ပွဲအကြီးကြီးအတွက် ပထမဆုံးအနေနဲ့ ကောင်းကောင်းသီဆိုတတ်ဖို့ လိုအပ်သည်။ ဒါက အခြေခံအကျဆုံး အရာပင်။ မဟုတ်ပါက ဘဲတစ်ကောင်လို သီဆိုပြီး တီးမှုတ်နေခြင်းသည် စိတ်မသက်မသာစေလိမ့်မည်။
အသံကောင်းသူများအပြင် မျက်နှာစာအဖြစ် သရုပ်ဆောင်ရန် ကြည့်ကောင်းသော လူအနည်းငယ်ကိုလည်း ရှာဖွေရန် လိုအပ်သည်။ အရှေ့မှာ ကြည့်ကောင်းတဲ့လူတွေကို စီစဉ်ပေးရသည်။ ဒါမှ ညွှန်ကြားရေးမှူးက ကြည့်လိုက်တာနဲ့ မျက်လုံးကို ကြည်နူးစေမှာ ဖြစ်သည်။
ရွေးချယ်မှုကို ရှာဖွေပြီးနောက် တုန်းယွင်နှင့် အမွှာလေးများအားလုံးကို ရွေးချယ်ခဲ့သည်။
ပြောစရာမလိုအောင် တုန်းယွင်လေးရဲ့ အသံထက် ပိုချိုသာသော အသံရှိတဲ့သူ တစ်မြို့လုံးမှာ ဘယ်သူမှ မရှိတော့ဘူး။
အမွှာလေးတွေကတော့ ရုပ်ရည်ချောမောတဲ့အတွက် တာဝန်ရှိသည်။
အရာအားလုံးအဆင်သင့်ဖြစ်ခဲ့သည်။ သို့သော်လည်း အစမ်းလေ့ကျင့်မှုအတွင်း တစ်ခုခု မှားယွင်းသွားခဲ့သည်။
အကြောင်းရင်းကတော့ တုန်းယွင်လေးကို ထိပ်တန်းအဆိုတော်အဖြစ် ရွေးချယ်ခံရပေမယ့် ညွှန်ကြားရေးမှူးတွေက တုန်းယွင်က နည်းနည်းကြည့်ရတာ အဆင်မပြေဘူးလို့ ထင်ခဲ့ကြသည်။ ထို့ကြောင့် ပထမတန်းတွင် ရပ်နေခြင်းသည် စိတ်ပျက်ဖို့ကောင်းသော မြင်ကွင်းဖြစ်သည်။
'သိပ်အဆင်မပြေဘူး' လို့ ပြောရတာ ယဉ်ကျေးပါသည်။ ရိုးရိုးသားသားပြောရရင် တုန်းယွင်က ကြည့်ရဆိုးသည်!
ချောင်မိသားစု ကလေးများသည် ကြည့်ကောင်းတယ်ဆိုတဲ့ နာမည်နဲ့ ကျော်ကြားကြသည်။ သာ့ချောင်သည် ဉာဏ်ကောင်းပြီး ရုပ်ရည်ချောမောသည်။ သူမသည် မိဘများအတွက် သူတို့၏ သားသမီးများကို ပညာပေးနိုင်ရန် နှစ်ပေါင်းများစွာ စံနမူနာပြဖြစ်ခဲ့သည်။
တုန်းလင်နဲ့ အမွှာလေးတွေကလည်း အရမ်းကြည့်ကောင်းကြသည်။ ဖြူစင်သောအသားအရည်နှင့် ချောမောသောအသွင်အပြင်ကြောင့် သူတို့သည် မြို့တွင်းရှိ ကလေးများထက် အနည်းငယ်ပို၍ နူးညံ့သော ရုပ်ရည်ရှိသည်။
ဒုတိယကလေးမှလွဲ၍ ပထမသားရဲ့ အခြားကလေးသုံးဦးနှင့် ချောင်တုန်းဝမ်တို့သည် သာမန်ထက် သာလွန်ပါသည်။ ဒါပေမယ့် မိသားစုတစ်ခုလုံးထဲက တုန်းယွင်ဟာ တစ်ခုတည်းသော ခြွင်းချက် ဖြစ်သည်။
တုန်းယွင်လေး၏ အသားအရည်သည် အလွန်နက်မှောင်နေသည်။ သူမမျက်လုံးတွေက သေးသေးလေး နဲ့ နှာခေါင်းက ပြားသည်။ သူမမျက်နှာက ကြည့်မကောင်းပေ။ သူမသည် သူမအမေနဲ့ မတူဘူးဆိုရင်တော့ သူမကို ကောက်ရထားတယ်လို့ လူတိုင်းက ထင်ကြမှာ ဖြစ်သည်။
ပုံမှန်အားဖြင့် အဆိုတော်သည် ဗဟိုအကျဆုံး နေရာတွင် ရပ်တည်ရသည်။ သို့သော် မရေမတွက်နိုင်သော ခေါင်းဆောင်များ၏ ဆွေးနွေးမှုရလဒ်ကြောင့် တုန်းယွင်လေးကို နောက်ဆုံးအတန်းသို့ စီစဉ်ပေးခဲ့သည်။
ချစ်စရာကောင်းတဲ့ ကလေးမလေးတစ်ယောက်ကို အဓိကအဆိုတော်အဖြစ် စီစဉ်ပြီး အသံထွက်ရုံပဲ တောင်းဆိုခဲ့သည်။
တုန်းယွင်လေးက သိသွားသောအခါတွင် သူမသည် အဲ့နေရာမှာတင် ကန့်ကွက်ခဲ့သည်။ "သမီးက အဓိကအဆိုတော်ပါ ဒါပေမယ့် ပထမတန်းမှာ မနေရဘူး။ ပြီးတော့ သမီးအသံကို တခြားတစ်ယောက်က ဟန်ဆောင်စေချင်တာလား။ ဘာကြောင့်လဲ?"
အဖွဲ့ကို ဦးဆောင်သူ ဆရာမက "ကျောင်းသားတစ်ယောက်အနေနဲ့ ဆရာမက မင်းအတွက် ဘာပဲစီစဉ် မင်းလုပ်ရမယ်။ အဲ့တာ ဘာဖြစ်လို့လဲ?"
တုန်းယွင်လေးက လုံးဝမကြောက်ခဲ့ပေ။ "ရုပ်သေးရုပ်ကပဲ တခြားသူတွေ စီစဉ်ပေးတဲ့အတိုင်း လုပ်လိမ့်မယ်။ ငါက လူလေ။ ငါ့မှာ နင့်ရဲ့ အစီအစဉ်တွေကို အကြောင်းပြချက် မပေးရင် လက်မခံနိုင်တဲ့ စဉ်းစားဉာဏ်နဲ့ ဦးနှောက်ရှိတယ်!"
ဒီလို ပုန်ကန်တတ်တဲ့ ကလေးတစ်ယောက်ကို ဆရာမက ပထမဆုံးအကြိမ် တွေ့ဖူးတာပင်။ သူမ၏ မျက်နှာသည် ဒေါသများဖြင့် နီမြန်းသွားသည်။ "မင်း… ချောင်တုန်းယွင်၊ မင်းဒီလို ဆက်လုပ်မယ်ဆိုရင် အစမ်းလေ့ကျင့်မှုမှာ မပါဝင်နဲ့!"
တုန်းယွင်လေး - "ဒါဆို ငါမပါဘူး။ နင်က ငါ့ကို ဂရုစိုက်မယ် ထင်နေတာလား? အန်းကျဲ၊ အန်းရှု့ သွားရအောင်!"
ချောင်အန်းကျဲနှင့် ရွှယ်အန်းရှု့တို့သည် တုန်းယွင်လေးအတွက် ဆရာမ၏ စီစဉ်မှုကို အလွန်စိတ်မကျေနပ်ကြပေ။
တုန်းယွင်ရဲ့ ခေါ်သံလေးကို ကြားလိုက်ရတော့ သူတို့နှစ်ယောက်သည် ချက်ခြင်းပဲ အဖွဲ့ထဲက ထွက်သွားခဲ့ကြသည်။ သုံးယောက်သားသည် နောက်လှည့်မကြည့်ဘဲ ထွက်သွားခဲ့ကြသည်။
ဒေါသတကြီးနဲ့ ဆရာမက အသက်ရှုမဝသလိုဖြစ်ပြီး နေရာမှာတင် သေဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။
ဆရာမက အသက်မရှုနိုင်တော့ပေ။
ဒီနေ့ တုန်းယွင်လေးကို သင်ခန်းစာတစ်ခု မပေးရင် တခြားကျောင်းသားတွေက အနာဂတ်မှာ သေချာပေါက် ဒီလိုလုပ်ကြလိမ့်မယ်လို့ သူမ ခံစားခဲ့ရသည်။
ထို့ကြောင့် သူမသည် စာသင်ခန်းထဲမှ အမြန်ပြေးထွက်ကာ ရုံးသို့ ပြေးပြီး ထိုကိစ္စအား ဒုခေါင်းဆောင်ကို သတင်းပို့ခဲ့သည်။
ထိုစကားကိုကြားပြီးနောက် ဒုခေါင်းဆောင်လည်း ဒေါသထွက်သွားခဲ့သည်။ သူက စားပွဲကို ပြင်းပြင်းထန်ထန် ထုလိုက်ပြီး "ရိုင်းစိုင်းလိုက်တာ။ ဒီလို ကျောင်းသားမျိုးကို ချက်ချင်း မောင်းထုတ်လိုက်!"
ဒါကိုကြားတော့ ဆရာမသည် စိတ်သက်သာရာရသွားခဲ့သည်။ သူမသည် အလွန်မှန်သော အရာကို လုပ်ခဲ့သည်ဟု ခံစားမိသည်။
ထို့ကြောင့် သူတို့နှစ်ယောက်သည် မောက်မာမှုဖြင့် ကျောင်းတံခါးဆီသို့ ပြေးသွားကာ ကျောင်းအိတ်များထမ်းကာ အိမ်ပြန်ရန် လုပ်နေသော တုန်းယွင်နှင့် အမွှာလေးများကို တားလိုက်သည်။
ရွှယ်အန်းရှု့က ဒေါသတကြီးနဲ့ "မင်းတို့ဘာလုပ်နေတာလဲ?"
ဒုခေါင်းဆောင်က ပြန်မဖြေခင်မှာ တုန်းယွင်က "သူတို့ ငါတို့ကို ပြန်ပေးဆွဲပြီး ညှဉ်းပန်းနှိပ်စက်ဖို့ ကြိုးစားနေတာ ဖြစ်မယ်။ ရဲစခန်းကို သွားကြရအောင်!"
ဒုခေါင်းဆောင် -"..........."
ဆရာမ -"..........."
တုန်းယွင်လေးနှင့် အမွှာတို့ စကားပြီးသောအခါတွင် သူတို့သည် ဒုခေါင်းဆောင်၏ လက်မှ ရုန်းထွက်ကာ ရဲကို အော်ခေါ်ကြသည်။
"မြန်မြန် သူတို့ကို တားလိုက်!"
ဌာနမှူးက အရမ်းဒေါသထွက်ပြီး သူသည် နှလုံးဖောက်တော့မည်။
တကယ်သာ ရဲတွေဆီရောက်သွားရင် သူ့အလုပ်နှင့် နာမည်ပျက်စီးသွားလိမ့်မည်။
ချောင်မိသားစုမှ ကလေးလေးသုံးယောက်ကို ရပ်တန့်ရန် ဆရာမနှင့် လုံခြုံရေးအစောင့်ကို သူသည် ညွှန်ကြားခဲ့သည်။
သူတို့ သုံးယောက်က မြန်မြန်ဆန်ဆန်ပဲ ပြေးကြပေမယ့် အားလုံးက ရှစ်နှစ်ပဲ ရှိသေးသည်။ မကြာခင်မှာပဲ သူတို့သည် အဖမ်းခံလိုက်ရသည်။
တုန်းယွင်လေး၏ မျက်နှာသည် ဒေါသကြောင့် ပိုပိုပြီး နီရဲလာသည် "ငါ့ကို လွှတ် မဟုတ်ရင် ငါ့အဘွားကို တိုင်မယ်။ သူက နင်တို့ကို လက်သီးတစ်ချက်နဲ့တင် အနိုင်ယူနိုင်တယ်!"
ဆရာရဲ့ ဝက်မျက်နှာက ဒေါသနဲ့ နီမြန်းလာပြန်သည်။ " မရပ်နိုင်ဘူး! ငါ မင်းကို သင်ခန်းစာတစ်ခု ပေးရမယ်!"
စကားပြီးသောအခါတွင် သူသည် သူ့လက်ကို မြှောက်လိုက်ပြီး တုန်းယွင်လေး၏ ခေါင်းကို ရိုက်တော့မည်။
ထိုအချိန်တွင် သူမ၏ အငယ်များကို ခေါ်ယူရန် ကျောင်းသို့ ရောက်ရှိလာသော သာ့ချောင်ပေါ်လာခဲ့သည်။
သာ့ချောင်သည် ပေါက်ကွဲတော့မည်။ " အဲ့ဒီမှာ ရပ်လိုက်စမ်း!"
"အစ်မ သာ့ချောင်၊ ကူညီပါဦး!" တုန်းယွင်လေးသည် သူမအစ်မ ရောက်ရှိလာသည်ကို မြင်သောအခါတွင် သူမသာ် မျက်ရည်များ ဝဲလာခဲ့သည်။
လုံခြုံရေးအစောင့်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသော အမွှာများကလည်း အော်ငိုခဲ့ကြသည်။
သူမ၏ အငယ်လေးတွေ အနိုင်ကျင့်ခံရတာကို မြင်တော့ သူမသည် ဘယ်လိုလုပ် စိတ်အေးနိုင်မှာလဲ?
သူမသည် လုံခြုံရေးအစောင့်တစ်ဦးကို ကန်ထုတ်ပစ်ခဲ့ပြီး သူမနှင့် ပိုနီးသော အမွှာများကို အရင် ကယ်တင်ခဲ့သည်။
ထို့နောက် သူမသည် အမြန်ပြေးကာ ဆရာရဲ့ မျက်နှာကို ထိုးလိုက်သည်။
ဆရာက ဝက်အော်သံ ထွက်လာခဲ့သည်။
ဒါပေမယ့် မပြီးသေးပါ။ သာ့ချောင်သည် ဆရာကို ကောက်ချီလိုက်သည်။ ထို့နောက် သူမသည် ခေါင်းငုံ့ပြီး သူမ၏ အငယ်များကို ပြောလိုက်သည်။ "သွား၊ ရဲစခန်းကို!"
ဤကဲ့သို့ပင် သူမသည် ဆရာကို ဝက်ထီးတစ်ကောင်ကို ထမ်းထားသလိုမျိုး လွယ်လွယ်ကူကူ သယ်ဆောင်ကာ အငယ်သုံးယောက်နှင့်အတူ ရဲစခန်းဆီသို့ အသဲအသန် ပြေးသွားခဲ့ကြသည်။
ဆရာမ - "..."
လုံခြုံရေးအစောင့် - "..........."
အဓမ္မပြုကျင့်ခံရသလို အော်ဟစ်နေတဲ့ ဆရာရဲ့ဆံပင်တွေက လေထဲမှာ လွင့်နေပြီး "မင်း... ငါ့ကိုလွှတ်!"
လွှတ်ပေးရမယ်?
မဖြစ်နိုင်တာ!
သာ့ချောင်သည် သူမ၏ အငယ်လေးများကို ရဲစခန်းသို့ ဦးဆောင် ခေါ်သွားခဲ့သည်။
ရဲစခန်းမှ ရဲများသည် ထိုမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်သွားကြသည်။
သာ့ချောင်သည် ရဲစခန်းထဲသို့ ဝင်ကာ လူကို မြေကြီးပေါ်သို့ ပစ်ချပြီး ရှုပ်ပွနေသော ဆရာကို လက်ညှိုးထိုးပြကာ "ကျွန်မ အမှုကို သတင်းပေးချင်လို့။ သူက ကျောင်းသားတွေကို ရိုက်နှက်ခဲ့တယ်!"
ဆံပင်တွေ ရှုပ်ပွနေတဲ့ ဆရာက ပျို့အန်ချင်နေတဲ့ ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ပြီး သူက ကာကွယ်ကာ "... ငါမလုပ်ဘူး!"
တုန်းယွင် - "နင် လုပ်ခဲ့တယ်။ နင်ငါ့ကိုရိုက်မလို့!"
အမွှာနှစ်ယောက်ကလည်း ခေါင်းညိတ်ပြသည်။ "ဟုတ်တယ်၊ ဆရာမနဲ့ လုံခြုံရေးအစောင့်က ငါတို့ကို ဖမ်းလိုက်တာ။ ငါတို့ အစ်မသာ ဒီကို မလာဘူးဆိုရင် ငါတို့ကို စောစောက မင်း သတ်တော့မှာပဲ"
ဆရာ - "..........."
သူ့ခေါင်းသည် ဒေါသကြောင့် တဆတ်ဆတ်တုန်နေခဲ့သည်။ သို့သော် သူက မကြောက်ခဲ့ပေ။
ရဲစခန်းရှိလူများသည် ကလေးများ၏ အဓိပ္ပါယ်မရှိတဲ့စကားကို နားမထောင်ကြဟု သူခံစားရသည်။ သူ့တူက ရဲစခန်းမှာ ရဲအရာရှိ ဖြစ်သည်။ သေချာတာကတော့ သူက သူ့ကို ခက်ခဲအောင် လုပ်မှာ မဟုတ်ဘူး။
သို့သော် ရဲမှူးသည် ချောင်မိသားစု၏ ဆွေမျိုးတစ်ဦးဖြစ်ကြောင်း သူသိသောအခါ ထိတ်လန့်သွားခဲ့သည်။
ဒီကိစ္စက တော်တော်လေးကို လှုပ်ခတ်သွားခဲ့သည်။ ကျောင်းအုပ်နှင့် ဒုကျောင်းအုပ် နှစ်ယောက်စလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။
ချောင်မိသားစုက တိုင်ကြားချက်ကို ရုပ်သိမ်းရန်အတွက် သူတို့သည် အာမခံချက်အမျိုးမျိုးနှင့် လိုက်လျောမှုများ ပြုလုပ်ရမည်ဖြစ်သည်။
ပထမအနေနဲ့ ဆရာ၊ ဆရာမနှင့် လုံခြုံရေးအစောင့်အားလုံးကို အလုပ်ထုတ်ခဲ့သည်။ ဒုတိယအနေနဲ့ ချောင်မိသားစု၏ ကလေးများသည် ဘွဲ့ရသည်အထိ ကျူရှင်ခမှ ကင်းလွတ်ခွင့်ရခဲ့သည်။
နောက်ဆုံးမှာတော့ တုန်းယွင်လေးဟာ ပထမတန်းမှာ မတ်တပ်ရပ်ပြီး သီချင်းဆိုခဲ့ရသည်။
ကျောင်းရဲ့ ညွှန်းကြားရေးမှူးတွေက မျက်ရည်တွေနဲ့ ခေါင်းညိတ်ခဲ့ရသည်။ ဒီကိစ္စမှာ ကျောင်းက အပြစ်ရှိသည်။ ကျောင်းက ထွက်လိုက်ရင် ပြီးသွားလိမ့်မည်။
မကြာခင်မှာပဲ မြို့တော်ရဲ့ညွှန်ကြားရေးမှူးက စစ်ဆေးတဲ့နေ့ ရောက်လာခဲ့သည်။ ယွင်လိုင်မူလတန်းကျောင်း၏ သံပြိုင်သီဆိုမှုသည် အလွန်အောင်မြင်ခဲ့ပြီး လက်ခုပ်သံများ ဆူညံနေခဲ့သည်။
ဖျော်ဖြေပွဲပြီးသည့်နေ့တွင် ချောင်အိမ်ရှေ့တွင် ဝတ်စုံပြည့်ဝတ်ထားသော အမျိုးသားတစ်ဦး ပေါ်လာခဲ့သည်။
အဲဒီလူက သူ့ကိုယ်သူ မိတ်ဆက်ပြီး သူ့နာမည်က ရမ်ခူကျန်းလို့ ပြောခဲ့သည်။ သူသည် အရည်အချင်းရှိသူများကို စုဆောင်းရာတွင် အထူးပြုသော မြို့ဝောာ်သံပြိုင်အဖွဲ့၏ ရှာဖွေရေးဒါရိုက်တာဖြစ်သည်။
တုန်းယွင်၏ အသံသည် အလွန်ချိုမြိန်သည်ဟု သူခံစားမိခဲ့သည်။ ကောင်းကင်မှအသံ ကဲ့သို့ပင်။ အကယ်၍ သူမသည် သေးငယ်သော နေရာတွင် နေပါက သူမ၏ အရည်အချင်းများကို ဆုံးရှုံးသွားလိမ့်မည်။
ချောင်မိသားစုက သူ့အား တုန်းယွင်လေးကို မြို့တော်ရှိ တေးဂီတအဖွဲ့ဆီ ခေါ်ဆောင်သွားခွင့်ပေးမယ်လို့ သူသည် မျှော်လင့်ခဲ့သည်။