← Chapters

အခန်း (၂၃၁)

Vol. 18 Ch. 231

အခန်း (၂၃၁)

Vol. 18 Ch. 231

ချောင်မိသားစုသည် ဝတ်စုံပြည့် ၀တ်ထားသော ထိုလူ အိမ်တံခါးဝတွင် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရတော့ အံ့အားသင့်သွားခဲ့သည်။ အခု သူပြောတာကိုကြားတော့ သူတို့သည် အရမ်းတုန်လှုပ်သွားပြီး အချိန်အကြာကြီး စကားမပြောနိုင်ကြပေ။

တုန်းယွင်လေးရဲ့ အခြေအနေတွေနဲ့ သူမက မြို့တော်ရဲ့ တေးဂီတအဖွဲ့ကို သွားလို့ရပါ့မလား?

တုန်းယွင်လေးရဲ့ အသံက ဆိုးရွားတာ မဟုတ်ဘူး။ သူ့အသွင်အပြင်က ကြည့်မကောင်းရုံပင်။ အရင်တစ်ခါက တုန်းယွင်လေးရဲ့ အသွင်အပြင်ကို မကြိုက်တာကြောင့် ကျောင်းက သူမကို တုန်လှုပ်စေခဲ့သည်။

တုန်းယွင်‌လေးသည် အလွန်ယုံကြည်မှုရှိပြီး သူမ၏ နှလုံးသားသည် ဘယ်လောက်ပဲ သန်မာနေပါစေ အခြားသူများ၏ ထပ်ခါတလဲလဲ ထိုးနှက်ချက်များကို သူမ မခံနိုင်ပါ။ သူမသည် ရှစ်နှစ်ခွဲအရွယ် ကလေးတစ်ယောက်သာ မဟုတ်ရင်တောင်။

တုန်းယွင်လေးသည် ဤတစ်ကြိမ်တွင် တကယ်ကို ပျက်စီးသွားခဲ့သည်။

အဲဒီနေ့ ရဲစခန်းကနေ ပြန်ရောက်တဲ့ အခါမှာ သူမသည် တစ်နေ့လုံး စကားမပြောခဲ့ပေ။

ချောင်မိသားစု၏ အကြီးများနှင့် အငယ်များအားလုံးသည် သူမကို အချိန်အတော်ကြာ နှစ်သိမ့်ခဲ့ကြသည်။ ဒါမှပဲ သူမသည် သူမ ရုပ်ဆိုးလားလို့ သူမရဲ့ မျက်လုံးလေးတွေမှာ မျက်ရည်တွေနဲ့ လူတိုင်းကို မေးခဲ့သည်။

တုန်းယွင်လေးသည် ကြည့်မကောင်းသော်လည်း ချောင်မိသားစုရှိ လူတိုင်းက အဲ့တာကို ကျင့်သားရနေပြီး သူမကို ရုပ်ဆိုးသည်ဟု မထင်ခဲ့ကြပေ။ သူမသည် အလွန်ဉာဏ်ကောင်းပြီး ငယ်ရွယ်စဉ်ကတည်းက မောင်လေးများကို ပြုစုစောင့်ရှောက်ခဲ့သည်။

သူမ လေးနှစ်အရွယ်တုန်းက ထုတ်လုပ်ရေးအဖွဲ့မှာ အပြင်က လောင်းကစားအကြွေးတွေ ရှိတာကြောင့် အဲ့တာက်ို ဆပ်ဖို့အတွက် ကလေးတစ်ယောက် သို့မဟုတ် နှစ်ယောက်လောက်ကို ပြန်ပေးဆွဲချင်‌ခဲ့သော လမ်းသရဲတစ်ယောက်ရှိခဲ့ဖူးတာကို မှတ်မိကြသည်။

ထိုအချိန်က အမွှာများသည် သုံးနှစ်ခွဲသာရှိသေးသည်။ ငယ်ရွယ်ပြီး ရုပ်ရည်လည်း ချောမောကြသည်။ ဖက်ထုပ်သေးသေးလေး နှစ်လုံးသည် ရုပ်တူသည်။ ဒီလိုကလေးတွေက အကောင်းဆုံးဈေးနဲ့ ရောင်းနိုင်သည်။ လဝက်လောက် ငုတ်တုတ်ထိုင်ပြီး သူက နောက်ဆုံးတော့ အမွှာတွေကို ခေါ်ထုတ်ဖို့ အခွင့်အရေးကို ရှာတွေ့ခဲ့ပြီး သူတို့ကို ခေါ်ဆောင်ဖို့ ပြင်ဆင်ခဲ့သည်။ မထင်မှတ်ဘဲ ဒီအချိန်မှာ တုန်းယွင်လေးက ထွက်ပေါ်လာခဲ့သည်။

တုန်းယွင်လေးက ခုန်တက်လိုက်ပြီး လမ်းသရဲ၏ လက်ကို တုံ့ဆိုင်းခြင်းမရှိဘဲ ကိုက်လိုက်သည်။ လမ်းသရဲက သူမမျက်နှာကို ရိုက်လိုက်တာတောင် သူမက မလွှတ်ခဲ့ပေ။ တုန်းယွင်လေးရဲ့ အနှောင့်အယှက်ကြောင့် အမွှာတွေကို လမ်းသရဲက မခေါ်သွားနိုင်ခဲ့ပေ။

ထိုအဖြစ်အပျက်ပြီးနောက်တွင် အမွှာများသည် ဝမ်းကွဲအစ်မ တုန်းယွင်‌ကို ပို၍ချစ်လာကြသည်။ သူတို့ဟာ သုံးမွှာပူးလို့ အပြင်မှာ စပြောခဲ့ကြသည်။

မျက်လုံးရှိသူတွေက ဒါကို မယုံကြပေမယ့် အဲ့တာက သုံးယောက်၏ ပေါင်းသင်းဆက်ဆံရေးကောင်းကို မတားဆီးနိုင်ပေ။

ဆရာနဲ့ ဆရာမက ဒီတစ်ခါတော့ နည်းနည်း လွန်နေပေမယ့် သာမာန်ဖြစ်စဉ်အားဖြင့် ရာထူးက ထုတ်ပယ်ဖို့ထိ မရောက်ခဲ့ပေ။ ချောင်မိသားစုက လွှတ်မချချင်ဘဲ တုန်းယွင်လေးအတွက် တရားမျှတမှုကို ဆက်လက်ရှာဖွေနေခဲ့ကြသည်။

ဒါကြောင့် ရမ်ခူကျန်းက တုန်းယွင်လေးကို ခေါ်သွားပေးဖို့ ပြောလာတဲ့အခါ လူတိုင်းရဲ့ ပထမဆုံး တုံ့ပြန်မှုက တုန်းယွင်လေးရဲ့ ရုပ်ရည်ကို သိပ်ဂရုမစိုက်တာလားလို့ မေးတာပင်။ ဒါမှမဟုတ် သူတို့မှာ နောက်ထပ်ရည်ရွယ်ချက်တစ်ခု ရှိတာလား?

"ကျောင်းတစ်ကျောင်းမှာ ဒီလိုမျိုး ညွှန်ကြားရေးမှူးတွေရှိတာ ကြေကွဲစရာပဲ။ ဒီလိုလူကို အလုပ်ထုတ်လိုက်တာ မမှားပါဘူး။"

ချောင်မိသားစု ပြောတာကို ရမ်ခူကျန်း ကြားတဲ့အခါ သူ အံ့ဩသွားပြီး သူ့စိတ်ကို ထိန်းလို့မရတော့ပေ။ တုန်းယွင်လေးကို ကျောင်းကလုပ်ခဲ့တာကို ချောင်မိသားစု ပြန်ပြောပြတာကို ကြားတာနဲ့ သူ့မျက်နှာက ဒေါသနဲ့နီရဲသွားခဲ့သည်။

"ခင်ဗျားတို့ စိုးရိမ်တာက ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ တေးဂီတအဖွဲ့ကို တင်တာက အဓိကအဆိုတော် ရွေးချယ်တာနဲ့ မတူဘူး။ အဓိကအဆိုတော်က ကောင်းမွန်တဲ့ အသံလိုအပ်ရုံတင်မကဘဲ ကြည့်ကောင်းဖို့လည်း လိုအပ်တယ်။ တေးဂီတအဖွဲ့က အသံကို တန်ဖိုးထားတယ်။ တုန်းယွင်လေးရဲ့ အသံက ကျွန်တော် မြင်ဖူးသမျှထဲမှာ အချိုသာဆုံးနဲ့ ကြည်လင်ပြတ်သားဆုံး အသံလို့ ပြောရင် အဲ့တာက ချဲ့ကားတာ မဟုတ်ပါဘူး!"

ရုပ်ရည်ရော အသံရော ကောင်းရင် အကောင်းဆုံးဖြစ်မှာပါ။ သို့သော် အသံပဲဖြစ်ဖြစ်၊ ရုပ်ရည်ပဲဖြစ်ဖြစ် အားလုံးက မွေးရာပါအတိုင်းပင်။ တစ်ယောက်ယောက်က အတင်းလုပ်လို့မရပေ။ ရှစ်နှစ်ခွဲအရွယ်ကလေးကို တိုက်ခိုက်ဖို့ အဲ့တာကို မသုံးသင့်ချေ။

တုန်းယွင်လေးက မလှဘူးလို့ထင်ရင် သူတို့သည် အစကတည်းက သူမကို ရွေးမှာမဟုတ်ဘူး။

သို့သော် ကျောင်းရဲ့ ညွှန်းကြားရေးမှူးများသည် တစ်ချိန်တည်းတွင် သူမ၏အသံကို လိုအပ်ပြီး မမြင်ရသော နောက်ကွယ်တွင် ပုန်းနေစေလိုခဲ့သည်။ အခြေခံအားဖြင့် သူမပိုင်ဆိုင်သောဂုဏ်ကို အခြားသူများအပေါ် ထားခြင်းဖြစ်သည်။

ကလေးက သည်းမခံနိုင်ဘူးလို့ ပြောလို့မရဘူး။ အရွယ်ရောက်ပြီးသူတောင်မှ ဒီလို မတရားတာကို လက်မခံနိုင်ဘူး။

မြို့တော်တွင် အငယ်ဆုံး သမီးလေးကို သီဆိုဖျော်ဖြေရန် အရွေးခံရတာကို တွေးပြီး ဝမ်ချွမ်ကျီ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် နီမြန်းလာသည်။ "မိတ်... မ်ိတ်ဆွေရမ် ရှင့်ကို ကျွန်မ မေးစရာရှိလို့။ ကျွန်မတို့က မြို့တော်မှာ သီချင်းဆိုဖို့ ပိုက်ဆံပေးရမှာလား?"

ရမ်ခူကျန်း - "မဟုတ်ဘူး၊ အဖွဲ့က အစားအသောက်နဲ့ နေရာထိုင်ခင်းကို စီစဉ်ပေးမှာပါ။ လစဉ် ထောက်ပံ့ကြေး ယွမ်ငါးဆယ်လည်း ရှိတယ်။"

ဒါကိုကြားတော့ ဝမ်ချွမ်ကျီက ခုန်တက်လုနီးပါး အရမ်းစိတ်လှုပ်ရှားသွားပြီး "... ယွမ်ငါးဆယ်၊ ရှင်တကယ်ပြောတာလား?"

တစ်လကို ယွမ်ငါးဆယ်ဆိုရင် တစ်နှစ်ကို ယွမ်ခြောက်ရာ!

တုန်းယွင်လေးသည် အခုဆိုလျှင် ရှစ်နှစ်ခွဲသာရှိသေးသည်။ သူမသည် အသက်ဆယ့်ရှစ်နှစ်အထိ တေးဂီတအဖွဲ့တွင် ဆက်ရှိနေပါက နှစ်သစ်ကူးနှင့် ပွဲတော်များအတွက် ထောက်ပံ့ကြေးများ အပါအဝင် စုစုပေါင်း ယွမ် ခုနစ်ထောင် သို့မဟုတ် ရှစ်ထောင် ရရှိမည်ဖြစ်သည်။

ဒီရက်တွေမှာ အတန်းတွေ၊ ကျူရှင်တွေ တက်ပြီးနောက် ဝမ်ချွမ်ကျီက အဲ့တာတွေကို ရေတွက်နိုင်ခဲ့သည်။ မြန်တာမဟုတ်ပေမယ့် နောက်ဆုံးတော့ သူမသည် လက်ချောင်းတွေကို ချိုးပြီး နံပါတ်ကို ရေတွက်လိုက်သည်။

သူမသည် ကြက်အိုမကြီးတစ်ကောင်လို ရွှင်မြူးစွာ ရယ်မောနေခဲ့သည်။ ထို့နောက် သူမသည် မျက်လုံးများ မှိတ်ကာ မေ့မြောသွားခဲ့သည်။

ရမ်ခူကျန်း - ???

ရမ်ခူကျန်းသည် အံ့အားသင့်သွားသည်။ တကယ့် လူကောင်းတစ်ယောက်သည် ထိုကဲ့သို့ ဘယ်လိုလုပ် မူးမေ့နိုင်မှာလဲ?

ချောင်မိသားစု၏ အေးဆေးတည်ငြိမ်မှုက သူ့ကို ပိုပြီး တုန်လှုပ်ဖို့တွက် စိတ်လှုပ်ရှားစေခဲ့သည်။

ချောင်ရှို့ကျီက ရှက်သွားသည်။ သူမသည် သူမ သားကြီးကို အမိန့်ပေးခဲ့သည်။ “မင်းမိန်းမကို ဆွဲမခေါ်သေးဘူးလား?”

ချောင်ကျန်းကော်က လိုက်နာပြီး သူ့မိန်းမကို အိတ်တစ်လုံးလို သယ်ပြီး ထွက်ပြေးသွားခဲ့သည်။

ရမ်ခူကျန်းက ချောင်မိသားစု၏ စိတ်မချနေသော အသွင်အပြင်ကို မြင်တော့ "ဒါက ရှားရှားပါးပါး အခွင့်အရေးပါ။ ခင်ဗျားတို့ စဉ်းစားမယ်လို့ မျှော်လင့်ပါတယ်။ သုံးရက်နေရင် ကျွန်တော် ယွင်လိုင်မြို့က ထွက်သွားမယ်။ မထွက်ခွာခင် ကျွန်တော် ထပ်လာခဲ့မယ်!"

ချောင်ရှို့ကျီက ခေါင်းညိတ်ပြီး "ကိစ္စမရှိပါဘူး။ ငါတို့ ဒါကို သေချာစဉ်းစားလိုက်ပါ့မယ်။"

သူမပြောပြီးသည်နှင့် သူမက အန်းပင်အား ဧည့်သည်ကို လိုက်ပို့ခိုင်းလိုက်သည်။

ရမ်ခူကျန်း ထွက်သွားပြီးတာနဲ့ ချောင်မိသားစုက ဒီကိစ္စကို အတူတကွ ဆွေးနွေးဖို့ ထိုင်လိုက်ကြသည်။

ချောင်ရှို့ကျီက တုန်းယွင်လေးရဲ့ထင်မြင်ချက်ကို အရင်ဆုံးမေးခဲ့သည်။ " တုန်းယွင် မင်းသွားချင်လား?"

‌တုန်းယွင်လေးသည် သာ့ချောင်၏ လက်မောင်းကို မှီလိုက်သည်။ သူမ၏ နက်မှောင်သော မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်လုပ်ပြီး သူမက ကြည်လင်သော အသံဖြင့် "အဘွား၊ သမီး သွားချင်တယ်။ သမီး သီချင်းဆိုရတာ ကြိုက်တယ်!"

ပုံမှန်အခြေအနေသာဆိုလျှင် သူမသည် ဤမကျေနပ်ချက်များစွာကို ခံစားခဲ့ရပြီးနောက် ကျောင်းလှုပ်ရှားမှုများတွင် ပါဝင်ရန် သေချာပေါက် ပြန်သွားမည်မဟုတ်ပေ။

သို့သော် သူမသည် သီချင်းဆိုခြင်းကို အလွန်နှစ်သက်သောကြောင့် သူမက မတရားဆက်ဆံခံရပြီး ရိုက်နှက်ခံရလုနီးပါးဖြစ်နေသည့်တိုင် ပါဝင်ချင်ခဲ့သည်။

သာ့ချောင်သည် သူမညီမလေးသည် မကြာသေးမီက ခံစားခဲ့ရသည့် နစ်နာမှုများကို သတိရပြီး သူမဆံပင်ကို ပွတ်သပ်ပေးရန် လက်လှမ်းလိုက်သည်။

သူမအစ်မ၏ ထိတွေ့မှုအောက်တွင် တုန်းယွင်‌လေးသည် ကြောင်ပေါက်လေး တစ်ကောင်လို ဖြစ်နေသည်။ ရုပ်ဆိုးပြီး အကျင့်စာရိတ္တကောင်းမွန်သည်။

ချောင်ရှို့ကျီက ခေါင်းညိတ်ပြီး "မင်းသွားချင်တာဆိုတော့ အဘွားက မင်းကို တားမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းက ငယ်သေးတယ်။ မင်းတစ်ယောက်တည်း မြို့တော်ကို သွားမယ်ဆိုရင် မိသားစုက စိတ်မချဘူး။ အဲဒါကြောင့် အဘွားက မင်းကို နှစ်ဝက်လောက်နေမှ လွှတ်ဖို့ စီစဉ်ထားတယ်။"

ဘာကြောင့်လည်းဆိုတော့ နှစ်ဝက်ကြာပြီးနောက် အဲ့တာက အန်းပင်းနှင့် ချိတ်ဆက််နိုင်သည်။

ယခုနှစ် ဇွန်လတွင် အန်းပင်းသည် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုမည်ဖြစ်သည်။ သူက စာမလုပ်ချင်သော်လည်း ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်သည် သူ့ကို သင်ယူပြီးမြောက်ရန် တောင်းဆိုခဲ့သည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ပြီးနောက်၊ မြို့တော်ရှိ ကောလိပ်တစ်ခုခုတွင် အန်းပင်းသည် ဝင်ခွင့်ရပါက ချောင်မိသားစုသည် မြို့တော်သို့ ပြောင်းရွှေ့မည်ဖြစ်သည်။ မဟုတ်ရင်လည်း မိသားစုက မြို့တော်ကို ပြောင်းမှာပါ။

ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် သူတို့၏ ဒုတိယသားနှင့် အငယ်ဆုံးသားတို့က အစားအသောက်စက်ရုံမှ နုတ်ထွက်ပြီးကတည်းက သူတို့၏ သားသမီးများနှင့် မြေးများ၏ အနာဂတ်ကို တွေးတောနေခဲ့ကြသည်။

ဒုတိယသားဖြစ်သူ ချောင်ကျန်းကျွင်းသည် ကုန်စုံဆိုင်ကို ချဲ့ထွင်ရန် လုပ်ဆောင်နေပြီး သားငယ် ချောင်ကျန်းမင်သည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်တော့မည်ဖြစ်သည်။ ပထမသားပဲ ကျန်တော့သည်။ သူသည် သူ့ညီနှစ်ယောက်နဲ့ လက်တွဲခဲ့တာ ဖြစ်သည်။

ချောင်ကျန်းကျွင်းနှင့် ချောင်ကျန်းမင်တို့က စိတ်မရှိသောလည်း ဒါက ရေရှည်တွက် ဖြေရှင်းချက်မဟုတ်ပေ။ ပထမသားသည် အမှီခိုကင်းဖြစ်သင့်သည်။

အန်းပင်းရဲ့ ကောလိပ်ဝင်ခွင့် စာမေးပွဲရလဒ်အပြီးမှာ သူတို့ မိသားစုနဲ့ ခွဲခွာဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ဒါပေမယ့် အဲ့တာကို ပြောရမယ့် အချိန်မရောက်သေးဘူး။

သုံးရက်အကြာတွင် ရမ်ခူကျန်းသည် တံခါးဆီသို့ တစ်ဖန်ရောက်လာသောအခါ ချောင်ရှို့ကျီက တစ်ဖက်လူအား သူတို့၏ ဆုံးဖြတ်ချက်ကို ပြောပြခဲ့သည်။

ရမ်ခူကျန်းသည် ချောင်တုန်းယွင်ကို ချက်ချင်း မခေါ်နိုင်ခဲ့သည့်အတွက် အနည်းငယ် ကံမကောင်းဘူးလို့ ထင်သော်လည်း ချောင်မိသားစု၏ စဉ်းစားမှုကို နားလည်နိုင်ပေသည်။ အနည်းဆုံးတော့ သူတို့သည် မငြင်းခဲ့ကြပေ။

ချောင်တုန်းယွင်သည် အခြားနေရာမှ တေးဂီတအဖွဲ့များမှ လုယက်ခံရခြင်းမှ ကာကွယ်ရန် သူသည် နောက်ပိုင်းတွင် ချောင်မိသားစုအတွက် ပစ္စည်းအများအပြားဝယ်ရန် ထွက်ခဲ့ပြီး ချောင်မိသားစုကို နှစ်ဝက်ကြာရင် ချောင်တုန်းယွင်ကို မြို့တော်သို့ ခေါ်ဆောင်လာရန် မှာခဲ့သည်။

ချောင်မိသားစုက တုန်းယွင်လေးအား အဲ့နေရာကို ခေါ်လာပေးပါ့မယ်လို့ ကတိပေးခဲ့သည်။ ထိုမှသာ ရမ်ခူကျန်းသည် ယုံကြည်မှုအပြည့်ဖြင့် ထွက်ခွာသွားခဲ့သည်။

ဤအဖြစ်အပျက်ပြီးနောက် ငြိမ်သက်မှုသည် ချောင်မိသားစုထံ တစ်ဖန်ပြန်လည်ရောက်ရှိခဲ့သည်။

ကျောင်းထဲမှာပဲ ဆရာတွေနဲ့ ညွှန်ကြားရေးမှူတွေက ချောင်မိသားစုရဲ့ ကလေးတွေကို ပိုယဉ်ကျေးလာကြသည်။ ချောင်မိသားစုသည် အမြဲတမ်း သိုသိုသိပ်သိပ်နေခဲ့ကြပြီး ရှန်မိသားစုနှင့် သူတို့၏ ဆက်ဆံရေးကို လူသိရှင်ကြား ထုတ်ဖော်ခဲ့ခြင်း မရှိသောကြောင့် ဒီနှစ်များအတွင်း လူတွေက အဲ့တာကို မသိခဲ့ကြပေ။

ထို့အပြင် ချောင်မိသားစု၏ ကလေးများ အားလုံးသည် ဉာဏ်ကောင်းပြီး အဆင့်ကောင်းရုံသာမက အခြားသော အရည်အချင်းများဖြင့်လည်း ထူးချွန်ကြသည်။ ကျောင်းတော်တော်များများက သူတို့ကို အလုအယက် လိုချင်နေကြသည်။

ကျောင်းက ဒါကို အလေးအနက်မထားရင် ချောင်မိသားစုရဲ့ ကလေးတွေကို တခြားကျောင်းက လုယူသွားတဲ့အခါ သူတို့အတွက် နောင်တရဖို့ နောက်ကျသွားလိမ့်မည်။

နွေဦးသည် နွေရာသီသို့ ပြောင်းသွားပြီး ရာသီဥတုက ပိုပူလာသည်။

ချောင်ကျန်းကျွင်းသည် Good Luck စတိုးဟု အမည်ပေးထားသည့် စူပါမားကတ်ကို မြို့တွင် ဖွင့်လှစ်ခဲ့သည်။

နာမည်က လူကြိုက်များသောကြောင့် အရမ်းနာမည်ကြီးပြီး တင့်တယ်သည်။ ထိုသို့သောအမည်သည် နားလည်ရလွယ်ကူပြီး အဓိပ္ပါယ်ကောင်းမွန်သည်။ ပထမနေ့မှာတင် ဆိုင်က နာမည်ကြီးသွားခဲ့သည်။

ဆန်းသစ်သောစီးပွားရေးပုံစံ၊ ခိုင်မာသောလျှော့စျေးများနှင့် ဒေသတွင်း၌ မဝယ်နိုင်သော ရှားပါးသည့် အရာများစွာ ရှိသည်။ ပထမနေ့တွင် ပစ္စည်းဝယ်ရန် လူများစွာသည် စတိုးဆိုင် ပေါက်ကွဲလုနီးပါးဖြစ်အောင် စတိုးဆိုင်သို့ လာကြသည်။

ချောင်မိသားစု၏ ကလေးများအားလုံးသည် ဧည့်သည်များကို ကူညီဆောင်ရွက်ပေးရန် စတိုးဆိုင်သို့ သွားကြသည်။ ဝေ့မိသားစု၏ လူကြီးများသည် ချက်ပြုတ် ကျွေးမွေးခြင်းဖြင့် ကူညီခဲ့ကြသည်။ ရှန်သည် နေရာတိုင်းတွင် အိမ်နီးနားချင်း၊ သူငယ်ချင်းများနှင့် ဆွေမျိုးများ လာဝယ်အောင် လူသိများဖို့ ကူညီပေးခဲ့သည်။

ချောင်မိသားစုဝင်များသည် တစ်နေ့တာလုံး အလုပ်များလွန်းသဖြင့် လက်နှင့်ခြေများတွင် ကြွက်တက်ခြင်းကို ခံစားခဲ့ရသည်။ ဒါပေမယ့် တစ်နေ့တာရဲ့ အလှည့်အပြောင်းကို မြင်လိုက်တဲ့အခါ ပင်ပန်းမှုတွေနဲ့ နွမ်းနယ်မှုတွေ ရုတ်တရက် ပျောက်သွားခဲ့သည်။

ယခုတစ်ကြိမ်တွင် ချောင်ကျန်းမင်သည် ဘယ်အစုရှယ်ယာမှာမှ မပါဝင်ခဲ့ပေ။ ချောင်ကျန်းကော်သည် ချောင်ကျန်းကျွင်းနှင့် ပူးပေါင်းနေဆဲဖြစ်သည်။ ဤမျှများပြားသော ဝင်ငွေကို မြင်သောအခါ ဝမ်ချွမ်ကျီ၏ ပါးစပ်သည် သူမနားသို့ ရောက်လုနီးပါးဖြစ်သည်။ တော်တော် ကြောက်စရာကောင်းသော မြင်ကွင်းပင်။

ချောင်ကျန်းကော်‌‌ - "မိန်းမ မရယ်နဲ့။ ဧည့်သည်တွေ ကြောက်လိမ့်မယ်!"

"ရှင်မှန်တယ်! ဧည့်သည်အားလုံးကို ငါမခြောက်သင့်ဘူး။ ‌ကျန်းကော် ပြောဦး ကျွန်မ မျက်နှာမှာ မျက်နှာသုတ်ပုဝါတစ်ထည် ပတ်ထားရမလား။"

အရင်ကဖြစ်ခဲ့ရင် ဝမ်ချွမ်ကျီသည် ဒေါသထွက်သွားမှာ သေချာသည်။ ဒါပေမယ့် ဒီတစ်ခါတော့ သူမသည် သူပြောခဲ့တာတွေက သိပ်ကို ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားခဲ့ရသည်။

လူတိုင်း - "..."

ဒီလင်မယား! တစ်ယောက်က ပြောရဲပြီး နောက်တစ်ယောက်က နားထောင်ရဲသည်။

ချောင်ကျန်းကော် ခဏလောက်စဉ်းစားပြီး ခေါင်းခါပြသည်။ "မလုပ်တာ ပိုကောင်းပါတယ်။ သင့်တော်မှာလည်း မဟုတ်ဘူး။ အရူးလိုသာ မရယ်နဲ့!"

ဝမ်ချွမ်ကျီက ကြက်မတစ်ကောင်လို ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ ကျွန်မ မနက်ဖြန် မပြုံးဘူး!"

ချောင်ကျန်းကော်က ရုတ်တရက် အော်ပြောသည်။ "မိန်းမ ငါ စောစောက ပြောပြရုံပါ။ မသင့်တော်တာမဟုတ်ပါဘူး။ မင်းကို သေချာ ပြောပြချင်လို့ပါ!"

ဝမ်ချွမ်ကျီ - " အဲ့အသုံးအနှုန်းကို ရှင်ဘယ်လိုရေးလဲ? ကျွန်မကို ရေးပြစမ်းပါ။ ကျွန်မအကြောင်း ပြောတာဆိုတော့ ကျွန်မ အဲ့တာကို မှတ်မိမှာ။"

လူတိုင်း - "…"

သေချာတာပေါ့၊ ဘယ်လိုအိုးမျိုးက ဘယ်လိုအဖုံးမျိုးနဲ့ တည့်မှာလဲ?

All Chapters