အခန်း (၂၃၂)
Vol. 18 Ch. 232
Good Luck စူပါမားကတ်ဖွင့်ပြီး တစ်လအကြာတွင် ချောင်ကျန်းမင်း၏ အန်းရွှင်း သယ်ယူပို့ဆောင်ရေးကုမ္ပဏီသည် နန်ရှန်ခရိုင်တွင် အောင်မြင်စွာတည်ထောင်ခဲ့သည်။
အန်းရွှင်းရဲ့ နာမည်က လုံခြုံပြီး ချောမွေ့မှုလို့ အဓိပ္ပါယ်ရသည်။
သယ်ယူပို့ဆောင်ရေးလုပ်တဲ့သူတွေက သယ်ယူပို့ဆောင်ရေးမှာ မတော်တဆဖြစ်မှာကို အကြောက်ဆုံးပါ။ ထို့ကြောင့် လူတိုင်းက ဒီနာမည်သည် အံ့ဩစရာကောင်းတယ်လို့ ခံစားရသည်။
အဲဒီအကြောင်းပြောတော့ ချောင်ကျန်းမင်က နာမည်ရွေးဖို့ ရည်ရွယ်ချက်နဲ့ နန်ရှန်ခရိုင်ကနေ ပြန်လာခဲ့သည်။ သူ့ကိုရွေးချယ်ဖို့ သာ့ချောင်ကို ကူညီတောင်းခဲ့သည်။
သာ့ချောင်သည် အလွန်ကံကောင်းသူ တစ်ယောက်ဟု သူခံစားမိသည်။ အရင် ဝမ်အာငယ်ငယ်တုန်းက ဖြစ်ပျက်ခဲ့တာနဲ့ နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေက ဒါကို သက်သေပြခဲ့သည်။
ပြီးတော့ ဒုတိယအစ်ကိုရဲ့ စတိုးဆိုင်နာမည်ကို သာ့ချောင်က ပေးခဲ့သည်။ ရလဒ်ကဘာလဲ?
စီးပွားရေးတွေ ကောင်းနေတယ် မဟုတ်လား?
သူသည် ဧည့်သည်ကို ဘေးကင်းလုံခြုံချောမွေ့စွာ လာစေချင်သည်။ အဲ့ဒါကြောင့် သူသည် ရည်ရွယ်ချက်နဲ့ ပြန်လာခဲ့သည်။ နာမည်ရပြီးနောက် သူသည် သာ့ချောင်ကို အနီရောင်စာအိတ်ကြီး တစ်အိတ် ပေးခဲ့သည်။
ဖွင့်ပွဲနေ့တွင် ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့က ကလေးတစ်စုကို နန်ရှန်ခရိုင်သို့ ခေါ်ဆောင်သွားခဲ့ကြသည်။
ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေခါနီးဖြစ်သောကြောင့် မသွားရသော အန်းပင်းမှလွဲ၍ ကျန်ကလေးများအားလုံး လိုက်သွားခဲ့ကြသည်။
အန်းပင်းသည် သူ့အငယ်လေးများကို ငုံ့ကြည့်ပြီး မျက်ရည်များ ကျလုမတတ် ဖြစ်နေသည်။ သူသည် စွန့်ပစ်ခံရသော သနားစရာကောင်းသူ တစ်ယောက်လို ခံစားခဲ့ရသည်။
ချောင်ကျန်းမင်၏ သယ်ယူပို့ဆောင်ရေးကုမ္ပဏီသည် ဝူခမ်းပေါင်အမည်ရှိ အမျိုးသားတစ်ဦးနှင့် ပူးပေါင်းခဲ့သည်။ သူသည် သူ့ကို ခရိုင်သယ်ယူပို့ဆောင်ရေး လုပ်ငန်းနှင့် မိတ်ဆက်ပေးခဲ့သူဖြစ်သည်။
ချောင်ကျန်းမင်နှင့် ရှစ်ချင်ရှင်းတို့ ကွာရှင်းပြီးနောက် သယ်ယူပို့ဆောင်ရေးကုမ္ပဏီသည် ချောင်ကျန်းမင်ကို တမင်လျစ်လျူရှုကာ ဝင်ငွေများသောအဖွဲ့မှ ထုတ်ပယ်ခဲ့သည်။ ဝူခမ်းပေါင်သည် သူ့သူငယ်ချင်းအတွက် အလွန်ဒေါသထွက်ခဲ့သည်။
နောက်ပိုင်းတွင် ချောင်ကျန်းမင်သည် သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ ထွက်သွားသောအခါတွင် သူသည် အဓိပ္ပာယ်မရှိဘူးဟု ခံစားလိုက်ရပြီး မကြာမီ သူလည်း ထွက်ခဲ့သည်။ မမျှော်လင့်ဘဲ ဤအရာကြောင့် နောက်ဆုံးတွင် သူ့ဘဝကို ကယ်တင်နိုင်ခဲ့သည်။
ထို့ကြောင့် ဝူခမ်းပေါင်သည် ချောင်ကျန်းမင်သည် ကံကောင်းသူဖြစ်ပြီး သူနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးရှိသင့်သည်ဟု ယုံကြည်ခဲ့သည်။ ချောင်ကျန်းမင်က သူနှင့်အတူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခု တည်ထောင်ရန် အဆိုပြုသောအခါတွင် သူသည် မတွေးတောဘဲ သဘောတူခဲ့သည်။
ထိုအချိန်တွင် ချောင်ကျန်းမင်က "မင်းငါ့ကို အဲ့လောက်တောင် ယုံတာလား? နည်းနည်းလောက် မစဉ်းစားတော့ဘူးလား?"
ဝူခမ်းပေါင်က သူ့ပုခုံးကို လက်တစ်ဖက်တင်ပြီး "ဘာစဉ်းစားစရာရှိလို့လဲ? မင်းနဲ့တူတူ စားရမယ်ဆိုရင် အသားက အရသာရှိမှာ သေချာတယ်!"
ချောင်ကျန်းမင်မှလွဲ၍ ချောင်မိသားစုသည် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ချောင်မိသားစု ဖုန်းရွှေတွင် ကောင်းမွန်သောအလုပ်တစ်ခုကို လုပ်နိုင်မည်ဟု သူခံစားမိသည်။ ထို့ကြောင့် သူသည် ချောင်ကျန်းမင်နောက် လိုက်နေသရွေ့ သူသည် သေချာပေါက် ငွေရှာနိုင်လိမ့်မည်။
အဆက်အသွယ်များနှင့် လုပ်ရည်ကိုင်ရည်များ ရှိခြင်းအပြင် စီးပွားရေးလုပ်ငန်းတစ်ခုတွင် အရေးကြီးဆုံးအချက်မှာ ပါတနာ၏ အကျင့်စရိုက်ဖြစ်သည်။ ဤရှုထောင့်တွင် ဝူခမ်းပေါင်သည် စိုးရိမ်စရာမရှိပေ။
ကုမ္ပဏီရုံးခန်းကို ငှားထားသည်။ အဲ့တာက စုစုပေါင်း စတုရန်းမီတာတစ်ရာကျော် ကျယ်ဝန်းသည်။ အဲ့တာကို ဧည့်ခန်း၊ ရုံးခန်း၊ နားနေခန်းစသည်ဖြင့် ပြုပြင်မွမ်းမံထားသည်။ ဒါက တကယ်ကို မျှော်လင့်ထားတဲ့အတိုင်း ဖြစ်သည်။
ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် ကလေးများနှင့်အတူ လိုက်လာပြီးနောက် အချိန်မီ ရောက်ရှိလာခဲ့သည်။ ချောင်ကျန်းမင်နှင့် ဝူခမ်းပေါင်တို့က ပြင်ဆင်ထားသည့် မီးရှူးမီးပန်းများကို မီးညှိပေးခဲ့ကြသည်။
မီးရှူးမီးပန်းများ ထွက်ပေါ်လာပြီး အခုချိန်မှစပြီး လူတိုင်း၏ ကြီးပွားချမ်းသာရေး မျှော်လင့်ချက်ကို အချက်ပြနေခဲ့သည်။
ချူရှန်မေသည် ရင်းနှီးမြုပ်နှံသူများထဲမှ တစ်ဦးဖြစ်သောကြောင့် သူမသည် သူမသမီးလေး မီပေါင်ကို ယနေ့ ခေါ်ဆောင်လာခဲ့သည်။
မီပေါင်က ငါးနှစ်ပဲရှိသေးသည်။ သူမသည် ချောမောပြီး နူးညံ့သည်။ သူမ၏ခေါင်းပေါ်တွင် ကြက်တောင်စည်း နှစ်ခုရှိသည်။ သူမသည် လူများနှင့်တွေ့ဆုံသောအခါ တော်တော် ချစ်စရာကောင်းသည့် ဖြူစင်သော အပြုံးတစ်ခုပေါ်လာခဲ့သည်။
မီပေါင်က တုကျိုးချန်နဲ့ ပိုတူသည်။ အထူးသဖြင့် သူ့မျက်လုံးတွေက အတူတူနီးပါးပင်။ သူမ၏ ပင်ကိုယ်စရိုက်က ချူရှန်မေနှင့် ပိုတူသည်။ သူမက ရယ်ရတာ ကြိုက်ပြီး သူစိမ်းတွေကို မကြောက်ပေ။ မကြာမီ သူမသည် ချောင်မိသားစု၏ ကလေးများနှင့် ရင်းနှီးသော ဆက်ဆံရေးရှိလာခဲ့သည်။
ချူရှန်မေသည် ဒီတစ်ကြိမ်တွင် စီးပွားရေးလုပ်ရန် ပိုက်ဆံများစွာ ထုတ်ခဲ့သည်။ အစကတော့ ယောက္ခမကို မပြောပြချင်ပေမယ့် စာရွက်က ရှိနေခဲ့သည်။ အဆုံးတွင် အဲ့တာကို ရှာတွေ့ခဲ့ကြသည်။
ယောက္ခမတွေက အဲ့တာကို ရှာတွေ့တော့ သူမကို ကြိမ်းမောင်းကာ သူမဦးနှောက်က ရေထဲရောက်နေတယ်ဆိုပြီး ပြောခဲ့သည်။ အများကြီးရင်းနှီးပြီး ငွေဆုံးရှုံးရင် သူမ ဘာဖြစ်မလဲ?
သူတို့သည် သူမက သူစိမ်းယောင်္ကျားတွေကို ထောက်ပံ့ဖို့ ပိုက်ဆံသုံးနေတယ်လို့တောင် သံသယရှိကြသည်။ ငွေအချို့ကို သားဖြစ်သူက ရှာခဲ့သည်။ နှစ်ယောက်သားသည် အော်ဟစ်ကြိမ်းမောင်းကာ အိမ်နီးချင်းများကို ဆွဲဆောင်ခဲ့သည်။
ထိုအချိန်တွင် ချူရှန်မေသည် အလွန်ဒေါသထွက်သွားခဲ့သည်။ သို့သော် သူမသည် ဘာမှမလုပ်ခဲ့ပေ။
သူမသည် ချက်ချင်းရပ်လိုက်သည်။ သူမ ပိုက်ဆံကို ယူပြီးတာကြောင့် ပြန်ပေးရန် မဖြစ်နိုင်ပေ။ သူတို့ ဆက်ရန်ရှာမယ်ဆို သူမသည် မီပေါင်နဲ့ ထွက်သွားပြီး သူတို့ကို ဘယ်တော့မှ ရှာခွင့်ပေးမှာ မဟုတ်ပေ။
ယောက္ခမတွေက ထိတ်လန့်တကြားနဲ့ သူမကို မျက်လုံးပြူးပြီး စိုက်ကြည့်နေခဲ့ကြသည်။ သူတို့သည် အချိန်အတော်ကြာအောင် စကားမပြောဖြစ်ခဲ့ကြပေ။
တုကျိုးချန် ကိုယ့်ကိုကိုယ် သတ်သေပြီးကတည်းက ချူရှန်မေကို ကိုယ်ကျင့်တရားအရ ဖောက်ပြန်တယ်ဆိုပြီး မကြာခဏ စွပ်စွဲခဲ့ကြသည်။ နိဂုံးချုပ်အားဖြင့် သူတို့သည် သူမကို စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်လိုပြီး အပြစ်ရှိသည်ဟု ခံစားစေချင်ခဲ့သည်။ ဒီလိုနည်းနဲ့ သူမသည် နောက်အိမ်ထောင်ပြုဖို့ မစဉ်းစားနိုင်တော့ပေ။
သူတို့မှာ သမီးတွေရှိနေသေးပေမယ့် အိမ်ထောင်ကျပြီး ထွက်သွားခဲ့ကြပြီ။ သားဖြစ်သူ သေဆုံးပြီးနောက်တွင် သူတို့ကို ကျွေးမွေးပြုစုရန် သို့မဟုတ် အသက်ကြီးလာသောအခါတွင် သူတို့ကို ထောက်ပံ့မည်သူ မရှိမည်ကို စိုးရိမ်လာကြသည်။ ဒါကြောင့် သူတို့သည် သူတို့ချွေးမကို နောက်အိမ်ထောင်မပြုစေချင်ပေ။
အစပိုင်းတွင် သူတို့၏သားအတွက် မတရားမှုကို ခံစားခဲ့ရပေမည်။ သို့သော် အဲ့တာက တစ်ကိုယ်ကောင်းဆန်မှုအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
ဒါပေမယ့် သူတို့ရဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ချူရှန်မေအတွက် မတရားပေ။
လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူမသည် သူမသမီးအတွက် အသံကို မျိုသိပ်ထားခဲ့သည်။ ဒါပေမယ့် တချို့လူတွေက မွေးရာပါ နှိမ့်ကျစွာ မွေးဖွားလာခဲ့ကြတာကို သူမ တွေ့ရှိခဲ့ရသည်။ မင်းက သူတို့ကို ကောင်းကောင်း ဆက်ဆံလေ မင်းသူတို့ကို ကြောက်တယ်လို့ ထင်လေပဲ။
ထို့ကြောင့် ချူရှန်မေသည် အဲ့တာကို သည်းမခံတော့ပေ။ သူမသည် သူမပုံစံအတိုင်း နေထိုင်သွားတော့မည်!
လူကြီးနှစ်ယောက်က အခုမှ ရပ်ပြီး ဘာမှ ထပ်ရန်မစတော့ပေ။ သေဆုံးသွားတဲ့ တုကျိုးချန်အတွက် ပြီးတော့ သူတို့က မီပေါင်ရဲ့ အဘိုအဘွားတွေဖြစ်တာကြောင့် သူမသည် သူတို့ကို အသက်ကြီးတဲ့အထိ ပြုစုစောင့်ရှောက်ပေးလိမ့်မည်။
ဒါပေမယ့် သူတို့ ဆက်ပြီး သူမကို ထိန်းချုပ်ဖို့ ကြိုးစားရင် တောင်းပန်ပါသည် အဆင်ပြေမယ့် နေရာသာ သွားကြတော့။
ချူရှန်မေသည် တင်းမာလာကတည်းက သူမယောက္ခမတွေက သူမကို ဒုက္ခမပေးရဲတော့ပေ။ ရံဖန်ရံခါ ညည်းတွားပြီး အဆင်မပြေတဲ့ မှတ်ချက်တွေ ပေးတတ်ပေမယ့် သူမရှေ့မှာ မလုပ်သရွေ့တော့ သူမသည် သူတို့ကို အနှောင့်ယှက်ဖြစ်မှာ မဟုတ်ပါဘူး။
ယောက္ခမတွေက အဲ့ဒီအချိန်မှာ သူမက မီပေါင်လေးကို ခေါ်သွားလို့ မပျော်ခဲ့ကြပေ။ သူမ၏ တင်းမာမှုအောက်တွင် နှစ်ယောက်စလုံး နောက်ပြန်ဆုတ်ကာ သဘောတူခဲ့ကြသည်။
ချောင်ကျန်းမင်သည် ချူရှန်မေကို မြင်သောအခါ သူ့မျက်လုံးများ တောက်ပလာသည်။
ဒါပေမယ့် သူ့ထက် ပိုတောက်ပတဲ့ ညဘက်မှာ ဆာလောင်နေသော ဝံပုလွေ တစ်ကောင်နဲ့တူတဲ့ မျက်လုံးရှိတဲ့ သူတစ်ယောက်ရှိတယ်ဆိုတာ သူမသိခဲ့ပေ။
ဒီလူက သူ့ပါတနာ ဝူခမ်းပေါင်ကလွဲလို့ တခြားသူမဟုတ်ပါ။
ဝူခမ်းပေါင်က သူမကို နှုတ်မဆက်ခင် သူ့ဆံပင်တွေကို လက်သည်းတွေနဲ့ သူ့ဆံပင်ကို ဖြီးလိုက်ပြီး “ရှန်မေ၊ နောက်ဆုံးတော့ မင်းဒီကို ရောက်လာပြီပဲ! အခုပဲ ငါတို့ မင်းအကြောင်းပြောနေတာ။ မင်းငါ့ကို ဖုန်းခေါ်သင့်တယ်။ ငါ မင်းကို ဘူတာရုံမှာ လာကြိုမှာပေါ့။”
ချူရှန်မေက ပြုံးပြုံးရွှင်ရွှင်နဲ့ “မလိုပါဘူး။ ဘူတာနဲ့ ဒီက မဝေးပါဘူး။ ဒီကိုလာရတာ အရမ်းအဆင်ပြေပါတယ်။”
ချူရှန်မေသည် အဲ့တာကို ဖြတ်ကျော်ပြီးကတည်းက သူမသည် အခက်အခဲမရှိတော့ဘူး။ ပြီးတော့ သာ့ချောင်၏ ကျောက်စိမ်းပုတီးစေ့များကို သောက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်သည် တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာခဲ့သည်။
နှစ်ဝက်လောက် ပြန်လည်ထူထောင်လာပြီးနောက် သူမရဲ့ အသားအရည်က အရင်ကထက် ပိုလို့ ပန်းရောင်သန်းပြီး တောက်ပလာခဲ့သည်။ သူမ၏ တစ်ကိုယ်လုံးသည် နေရောင်နှင့်အတူ တောက်ပနေခဲ့သည်။
တကယ်တော့ ချူရှန်မေသည် ယခုနှစ်တွင် အသက် ၃၀သာ ရှိသေးသည်။ သူမသည် နုပျိုလှပသည်။ သူမရဲ့ မိသားစုနောက်ခံကလည်း ကောင်းသည်။ သူမ လိုချင်ရင် နောက်အိမ်ထောင်ပြုဖို့က အရမ်းလွယ်သည်။ အဲဒါကြောင့် ယောက္ခမတွေက သူ့ကို တားမြစ်ပြီး ဆန့်ကျင်နေခဲ့ကြတာ ဖြစ်သည်။
ဝူခမ်းပေါင်က ဆက်ပြီး ယဉ်ယဉ်ကျေးကျေး ပြောသည်။ "မဝေးပါဘူး။ ဒါပေမယ့် မင်းနဲ့ မီပေါင်လေးက လှပြီး ချစ်စရာကောင်းတယ်။ မင်းတို့ လမ်းတစ်ဝက်မှာ ပြန်ပေးဆွဲခံရမှာကို ငါစိုးရိမ်တယ်။"
ချူရှန်မေက သူမပါးစပ်ကို အုပ်ပြီး ရယ်မောကာ "ရှင် ချဲ့ကားလွန်းတယ်။"
ဝူခမ်းပေါင်က လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး "မဟုတ်ပါဘူး..."
ချောင်ကျန်းမင်သည် သူတို့နှစ်ဦး ပျော်ရွှင်စွာ စကားပြောနေသည်ကို ဘေးမှာ ကြည့်နေခဲ့သည်။ သူ့နှလုံးသားက အေးစက်စက် တုန်ယင်နေခဲ့သည်။
ဝူခမ်းပေါင်သည် ချူရှန်မေကို ဂရုစိုက်တတ်တယ်ဆိုတာ သူ သတိပြုမိခဲ့သော်လည်း ဝူခမ်းပေါင်၏ ပင်ကိုယ်စရိုက်က အမြဲတမ်း ဤကဲ့သို့ဖြစ်နေသောကြောင့် အဲ့အကြောင်းကို သူသည် လုံးဝ မတွေးခဲ့မိပေ။ သူက မိန်းမတွေကို ကျေနပ်စေတဲ့နေရာမှာ အရမ်းတော်သည်။
ဝူခမ်းပေါင်သည် သူ့ထက် နှစ်နှစ်ငယ်ပြီး အိမ်ထောင်တစ်ခုရှိခဲ့သည်။ သူ့ဇနီးဟောင်းက မြို့က ပညာတတ်လူငယ်တစ်ယောက်ဖြစ်သည်။ နိုင်ငံတွင် ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြန်လည်စတင်ပြီးနောက် သူ့၏ဇနီးဟောင်းသည် ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုရန် တောင်းဆိုခဲ့သည်။ ဝန်ခွင့်ရပြီးနောက် သူမသည် ကွာရှင်းပြတ်စဲရန် ချက်ချင်းတင်ပြခဲ့ပြီး သူနဲ့ သူတို့၏ သားကို စွန့်ပစ်ခဲ့သည်။
ဝူခမ်းပေါင်က ဒေါသတကြီးနဲ့ ကွာရှင်းဖို့ သဘောတူခဲ့သည်။ နောက်တော့ သူသည် သူ့သားကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့သည်။ အဲ့တာကြောင့် သူက အချစ်ရေးနဲ့ပတ်သတ်ပြီး ပေါ့ပျက်ပျက် ဖြစ်သွားခဲ့သည်။ ပလေးနေတာနဲ့ နည်းနည်းတူသည်။
အရင်ကတော့ သူနဲ့ မကောင်းတဲ့ မိန်းမတွေက စိတ်ရှိတဲ့အတိုင်း ရှုပ်ခဲ့ကြသည်။ ဒါဆို သူဘာလို့ ဒီအချိန်မှာ ချူရှန်မေကို ဦးတည်လိုက်တာလဲ?
သူက အလေးအနက်ထားတာလား?
ဒါမှမဟုတ် အရင်ကလို ကစားဖို့ ပြင်ဆင်နေတာလား?
အရင်ကလိုဆိုရင်တော့ သူသည် သူ့ကို လုံးဝခွင့်လွှတ်မည် မဟုတ်ပေ။
ဒါပေမယ့် အတည်ဆိုရင်တော့ သူသည် လွှတ်ပေးဖို့ဆန္ဒရှိပြီး ကောင်းချီးပေးချင်ပါသည်။
ချောင်ကျန်းမင်၏ မျက်လုံးများက သူမ၏ ပြုံးနေသော မျက်နှာပေါ် ကျရောက်သွားသည်။ သူ့နှလုံးသားထဲတွင် ဆူညံလာသည်။
ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် သူတို့ သားငယ်၏ အကြည့်ကို သတိပြုမိကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် ဘာမှ မပြောကြပေ။
သာ့ချောင်က ကံကောင်းခြင်းတွေ ယူလာတာကြောင့်လားဆိုတာ မသိပေမယ့် စဖွင့်တဲ့ ပထမဆုံးနေ့မှာ ကုမ္ပဏီက အမှာစာ လက်ခံရရှိခဲ့သည်။
အမြတ်က ကြီးကြီးမားမားမဟုတ်ပေမယ့် ကောင်းမွန်တဲ့ စတင်မှုတစ်ခု ဖြစ်သည်။ အားလုံးက အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေခဲ့ကြသည်။
နေ့ခင်းဘက်တွင် ချောင်ကျန်းမင်သည် မိသားစုကို ထမင်းစားရန် စားသောက်ဆိုင်သို့ ခေါ်သွားခဲ့သည်။
သူတို့သွားတဲ့ ဆိုင်ကတော့ သူနဲ့ ချူရှန်မေတို့ အရင်သွားဖူးသော ဆိုင်ဖြစ်သည်။ ရန်သူက လမ်းကျဉ်းမှာ ဆုံမိတတ်တာကြောင့်လားမသိ သူတို့သည် ရှစ်ချင်ရှင်းနဲ့ ထပ်တွေ့ပြန်သည်။
ရှစ်ချင်ရှင်းသည် ချောင်မိသားစုကို တွေ့ရန် မမျှော်လင့်ထားသည်မှာ ထင်ရှားသည်။ သူမ၏ မျက်လုံးများသည် ချောင်မိသားစုကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် ချောင်တုန်းဝမ်ထံ ရောက်သွားခဲ့သည်။
သူမ၏ အမူအရာသည် ရုတ်တရက် လှုပ်ရှားလာခဲ့သည်။
အထူးသဖြင့် ချောင်ကျန်းမင်က သူမကို ဒီလိုပြောပြီးနောက်မှာ သူမရဲ့အသိစိတ်က သူမကို ပြစ်တင်ရှုတ်ချခဲ့သည်။
ချောင်တုန်းဝမ်၏ အကြည့်များသည် သူမမျက်နှာအနှံ့ အေးဆေးစွာ ပျံ့နှံ့သွားခဲ့သည်။ ထို့နောက် အေးအေးဆေးဆေး ခေါင်းလှည့်ကာ သူမသည် သာ့ချောင်နှင့် စကားဆက်ပြောနေခဲ့သည်။
ရှစ်ချင်ရှင်းသည် ချောင်တုန်းဝမ်က အဲဒီအချိန်တုနက အရမ်းငယ်တာကြောင့် သူမကို မေ့သွားပြီလို့ ထင်ခဲ့သည်။ သို့တိုင် သူမသည် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
သာ့ချောင်သည် ရှစ်ချင်ရှင်းကို မြင်မြင်ချင်း မှတ်မိခဲ့သည်။
ညီမလေး ငယ်ငယ်တုန်းက မပျော်မရွှင်ဖြစ်ခဲ့ရတာတွေကို ပြန်သတိရမိမှာကို သူမသည် စိုးရိမ်ခဲ့သည်။ ဒါနဲ့ သူမညီမလေးကိုဆွဲပြီး အာရုံပြောင်းဖို့ စကားဆက်ပြောနေခဲ့သည်။
သို့သော် ချောင်တုန်းဝမ်သည် တစ်လျှောက်လုံး ငြိမ်သက်နေခဲ့သည်။ ရှစ်ချင်ရှင်းကဲ့သို့ပင် သူမသည်လည်း ထိုအချိန်က သူက ငယ်လွန်းသောကြောင့် မေ့သွားခဲ့သည်ဟု ယူဆခဲ့သည်။
ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် ရှစ်ချင်ရှင်းကို မှတ်မိခဲ့ကြသော်လည်း ဘယ်သူမှ နှုတ်မဆက်ချင်ကြပေ။
ထိုင်သောအခါတွင် ချောင်ကျန်းမင်သည် အစက ချူရှန်မေ၏ ဘေးတွင် ထိုင်ချင်သော်လည်း ဝူခမ်းပေါင်က ဦးသွားပြန်သည်။
သူ့နှလုံးသားသည် အေးစက်ခြင်း ×၂
ရှစ်ချင်ရှင်းရဲ့ မျက်လုံးတွေက ဒီဘက်ကို စူးစိုက်ကြည့်နေခဲ့သည်။ ဒီမြင်ကွင်းကို မြင်လိုက်ရတော့ သူမမျက်လုံးတွေက အရောင်တောက်သွားခဲ့သည်။
ချောင်ကျန်းမင်သည် သူ့မိသားစုအပေါ် အမြဲရက်ရောသည်။ သူသည် အသားကောင်းကောင်းနဲ့ ဟင်းပွဲကြီးတစ်ပွဲရယ် ဟင်းပွဲများရယ်ကို မှာခဲ့သည်။ ဒါက တခြားစားပွဲက လူတွေကို မနာလိုဖြစ်သွားစေခဲ့သည်။
ရှစ်ချင်ရှင်း၏ခင်ပွန်း မောင်တလင်က ချဉ်သောလေသံဖြင့် “ကျွတ်စ် ကျွတ်စ် ကျွစ် ဒါသာ အရင်တုန်းကဖြစ်ခဲ့ရင် သူတို့လိုလူတွေက အရင်းရှင်တွေလို့ တံဆိပ်ကပ်ခံရပြီး လယ်ကွင်းထဲမှာ ပိတ်လှောင်ခံရမှာသေချာတယ်!”
ရှစ်ချင်ရှင်းသည် ထိုစကားကိုကြားတော့ ခေါင်းညိမ့်လိုက်သည်။ သူမမျက်လုံးထဲတွင် ရွံရှာဖွယ်အကြည့်တစ်ခု ပေါ်လာခဲ့သည်။
အသက်ကြီးလာသည်နှင့်အမျှ မောင်တလင်သည် သည်းမခံနိုင်လောက်အောင်အထိ အကျင့်ဆိုးများ ပိုပိုပြီး များလာသည်!