ဂူတုံးလျိုနှင့်ရီထျန်းယွိ
Vol. 015 Ch. 1457
မုန်တိုင်းက ကောင်းကင်ကို ရစ်ပတ်လွှမ်းခြုံကာ ကောင်းကင်အာဏာစက် နတ်ပန်းချီသည် လေထဲသို့ တက်လာပြီး နေရာအနှံ့မှ မဟာလမ်းစဉ် စွမ်းအားများနှင့် ပေါင်းစပ်ကာ အစွမ်းများ တိုးပွားလာသည်။
အဆုံးမဲ့ သတ်ဖြတ်ခြင်း စွမ်းအင်လှိုင်းများက ချက်ချင်းပင် ဂူတုံးလျိုထံ တိုးဝင်သွားသည်။ သို့သော် သူက ရိုးရှင်းစွာပင် ထိုစွမ်းအင်လှိုင်းများကို တစ်ချက်ကြည့်လိုက်ကာ ရှေ့သို့ ညွှန်ပြလိုက်သည်။
'လင်' ဟူသည် သင်္ကေတစာလုံးက ပေါ်ပေါက်လာပြီး ကြီးမားသည့် ရှေးဟောင်းစာလုံး သင်္ကေတက ကောင်းကင်တွင် ရစ်ဝဲနေကာ သတ်ဖြတ်ခြင်းစွမ်းအင်လှိုင်းတို့အား ချက်ချင်း ဖုံးလွှမ်းသွားပြီး ထိုစွမ်းအင်များ ရွေ့လျားနေခြင်းကို တားဆီးလိုက်သည်။
သို့သော် သတ်ဖြတ်ခြင်း စွမ်းအင်လှိုင်းများက အဆုံးရှိပုံမပေါ်ဘဲ သင်္ကေတစာလုံးကို တုန်ခါလာစေသည်။ ယင်းသည် ကြေမွပျက်စီးတော့မယောင် ဖြစ်လာပေသည်။ ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ ကောင်းကင်အာဏာစက်နတ်ပန်းချီက စွမ်းအားများ တိုးမြင့်လာသည့်အပြင် ချန်းချိုးစုတ်တံသည် ချက်ချင်း ပုံစံပေါ်လာကာ အောက်သို့ တည့်မတ်စွာ ကျဆင်းလာသည်။ ရီထျန်းယွိသည် ထိုစုတ်တံကို လေထဲသို့ ညွှန်လိုက်သည်။
စုတ်တံက နောက်ထပ် စုတ်ချက်တစ်ခုကို ရေးဆွဲကာ ပြိုကွဲစပြုနေသည့် 'လင်' ဟူသော သင်္ကေတစာလုံးကို ဖျက်ဆီးလိုက်သည်။ ချန်းချိုးစုတ်တံသည် မဟာလမ်းစဉ်၏ နတ်စုတ်တံကဲ့သို့ ခံစားရကာ ပေါင်ထောင်ချီကာ လေးလံပေသည်။ ယင်းသည် ပတ်ဝန်းကျင်ကို ဖိနှိပ်ကာ လေဟာနယ်ကို ဖျက်ဆီးလိုက်သည်။ အဆုံးမဲ့ သတ်ဖြတ်ခြင်း စွမ်းအားတို့က ကျဆင်းလာပြီး ဂူတုံးလျိုကို နေရာ၌ ချက်ချင်း ဖျက်ဆီးပစ်ရန် ရည်ရွယ်နေသည်။
ကျွယ်ရှန်းဝင်္ကပါ အထက်တွင် နတ်အလင်းတို့ တောက်ပနေ၏။ ကြီးမားသည့် နတ်အလင်းတန်းတိုကြ လေထဲသို့ ထိုးထွက်လာကာ အလွန်ကြီးမားသည့် 'ပင်း' ဟူသော သင်္ကေတစာလုံးကို ရစ်ပတ်နေကာ အလင်းလွှာတစ်ခု ဖြစ်ပေါ်လာသည်။ သင်္ကေတစာလုံးသည် စုတ်တံနှင့် ထိခတ်မိသွားကာ အလွန် တောက်ပသည့် နတ်အလင်းတို့ ထွက်ပေါ်လာသည်။
ရီထျန်းယွိသည် တုံ့ဆိုင်းသွားခြင်းမရှိဘဲ မျက်လုံးများကို ရှေ့သို့သာ ကြည့်နေခဲ့သည်။ ကောင်းကင်အာဏာစက် နတ်ပန်းချီက လေထဲတွင် ဆက်လက်၍ စွမ်းအား တိုးမြင့်လာနေပြီး စုတ်တံများကို တစ်ချောင်းပြီး တစ်ချောင်း ဖြစ်ပေါ်လာစေသည်။ များပြားလှသည့် စုတ်တံများက ဂူတုံးလျို၏ ခေါင်းပေါ်သို့ တစ်ပြိုင်တည်း ကျဆင်းလာပေသည်။
စုတ်တံတစ်ခုချင်းစီ၌ အလွန် ပြင်းထန်သည့် သတ်ဖြတ်ခြင်းစွမ်းအားတို့ ပါဝင်နေသည်။
“နှစ်ထောင်ချီ လွှမ်းမိုးခြင်းစုတ္တံ”
ရီထျန်းယွိက ရေရွတ်လိုက်ပြီး သူ၏ အသံတွင် မဟာလမ်းစဉ် နတ်ဘုရားအသံတို့ ပါဝင်နေသည်။ ကောင်းကင်တွင် စုတ်တံများက ရစ်ဝဲနေကာ အားလုံးသည် တစ်ချိန်တည်း၌ ကောင်းကင်ကို ပြင်းထန်စွာ ရိုက်ခတ်လာသည်။ စုတ်တံတစ်ခုချင်းစီသည် ကောင်းကင်ကို ထိုးခွဲကာ စုတ်တံများဖြင့် ကောင်းကင်ကို ပြိုကျအောင် လုပ်ရန် ကြိုးစားနေသကဲ့သို့ ထင်မှတ်ရပေသည်။
ချန်းချိုးစုတ်တံသည် ကစဉ့်ကလျားနှင့် ခန့်မှန်း၍ မရနိုင်သော ပုံစံဖြင့် ရွေ့လျားနေသည်။ ယင်းတို့သည် အထိန်းအချုပ်မရှိဘဲ လုပ်ချင်ရာ လုပ်နေသကဲ့သို့ ဖြစ်နေသော်လည်း ရှုပ်ထွေးလှသည့် စုတ်ချက်များသည် ကောင်းကင်ကို အပိုင်းပိုင်း ဖျက်ဆီးရန် ကြိုးစားနေသကဲ့သို့ ထင်မှတ်ရပေသည်။ နှစ်ထောင်ချီလွှမ်းမိုးခြင်းစုတ်တံများ၏ စွမ်းအားက ထိုကဲ့သို့ ဖြစ်သည်။
ခရက် ...
အက်ကွဲသံသဲ့သဲ့ကို ကြားလိုက်ရပြီး အလင်းလွှာက ထပ်မရှိတော့ပေ။ ကြောက်မက်ဖွယ် စုတ်ချက်များက ဂူတုံးလျိုထံ ပြေးဝင်သွားကာ သူ ရှိနေသည့် နေရာအား ဖျက်ဆီးပစ်ရန် ရည်ရွယ်နေသည်။
“အဲဒီတော့ ချန်းချိုးစုတ်တံရဲ့ တကယ့် စွမ်းအားအစစ်အမှန်က ဒီလိုပေါ့” အားလုံးသည် တုန်လှုပ်စွာ ကြည့်နေကြပေသည်။ ချန်းချိုးစုတ်တံသည် တန်ခိုးရှင်ကိုးယောက် အသုံးပြုသည်ထက် ကောင်းကင်အာဏာစက် အိမ်ရှေ့စံ ရီထျန်းယွိ လက်ထဲတွင် ပို၍ အစွမ်းထက်ပေသည်။ လှုပ်ရှားမှုစွမ်းအားများက မဟာလမ်းစဉ်နှင့် ပေါင်းစပ်နေပြီး လေဟာနယ်ကို ချိုးဖျက်တော့မလို ထင်မှတ်ရပေသည်။
ကျန်းကလန် ခေါင်းဆောင်သည် ကောင်းကင်နတ်တံခါး၌ ထိုတိုက်ခိုက်မှုကို တိတ်တဆိတ် စောင့်ကြည့်နေပေသည်။ ထိုသည်က သူ မျှော်လင့်ထားသကဲ့သို့ပင် ဖြစ်သည်။
ထိုအိမ်ရှေ့စံသည် တိုက်ခိုက်ခြင်း ပညာရပ်တွင် ကျွမ်းကျင်မှုက အထွတ်အထိပ် ရောက်နေခဲ့ပြီဖြစ်သည်။ သူ၏ ပင်ကိုယ်စွမ်းရည်နှင့် လျှို့ဝှက်ကျင့်ကြံခဲ့သည့် နှစ်များကြောင့် သူ၏ တိုက်ခိုက်မှုများသည် ခိုင်ခိုင်မာမာ ရှိကာ လှုပ်ရှားလိုက်သည်နှင့် သူ၏ ဆရာကျသော တိုက်ခိုက်မှု စွမ်းရည်များကို ပြသနိုင်ပေသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်က အိမ်ရှေ့စံအား အထွတ်အထိပ်၌ ရပ်တည်ရန် မွေးဖွားလာသူဟု ချီးကျူးခဲ့ပြီး သူက ကြွားဝါဖို့သက်သက်သာ ထိုသို့ပြောဆိုခဲ့ခြင်း မဟုတ်ပေ။ အကယ်၍သာ ကိစ္စရပ်များက ကွဲပြားခြားနား သွားခဲ့ပါက သူ့အပေါ်တွင် အလွန်ဆိုးဝါးစွာ ရောင်ပြန်ဟပ် လာစေလိမ့်မည် ဖြစ်သည်။
တိုက်ပွဲစတင်စဉ်မှစကာ ရီထျန်းယွိ ပြသခဲ့သော စွမ်းရည်က အလွန် အံ့အားသင့်ဖွယ် ကောင်းလေသည်။
ဂူတုံးလျိုသည် လက်ဟန် သင်္ကေတများကို ပြုလုပ်လိုက်ပြီး ကျွယ်ရှန်းဝင်္ကပါမှ ပြင်းထန်သည့် နတ်အလင်းများ ထွက်ပေါ်လာစေကာ သူ့ကို ရစ်ပတ်နေပြီး လျှို့ဝှက်ဆန်းကြယ်သည့် ဖြစ်တည်မှုတစ်ခုက သူ့နောက်တွင် ပေါ်ပေါက်လာဟန်ရှိသည်။ သန့်စင်သည့်အလင်းတို့က သူ၏ ခန္ဓာတစ်ခုလုံးကို လွှမ်းခြုံထားပြီး သူသည် လက်ဟန်သင်္ကေတများကို ဆက်လက် လုပ်ဆောင်နေကာ ထူးခြားဆန်းကြယ်သည့် ပုံရိပ်များက တစ်ခုပြီးတစ်ခု ကျွယ်ရှန်းဝင်္ကပါမှ ထွက်ပေါ်လာပေသည်။ ထိုအရိပ်များအားလုံးသည် ပြင်းထန်သော စွမ်းအားများကို ထုတ်လွှတ်နေသည်။ ယင်းတို့သည် နတ်လက်နက် အသွင်သဏ္ဌာန်များ ဖြစ်သည်။ 'ပင်း' ဟူသည့် ရှေးဟောင်းစာလုံးသည် သူ့ကို ရစ်ပတ်နေပြီး ပတ်ဝန်းကျင်ကိုပင် တုန်ခါသွားစေသည်။
ခဏချင်းအတွင်း ကောင်းကင်သို့ ထိုအရိပ်များ ထိုးတက်သွားပြီး နတ်လက်နက်များအဖြစ် ပြောင်းလဲသွားကာ လေထဲမှ လာနေသည့် ချန်းချိုးစုတ်တံများနှင့် ထိပ်တိုက် တွေ့ဆုံခဲ့လေသည်။
ဂူတုံးလျို ခေါင်းထက်သို့ ကျလာနေသည့် ချန်းချိုးစုတ်တံများသည် အဆုံးမဲ့ နတ်လက်နက်များနှင့် ထိခတ်မိကြသည်။ သတ်ဖြတ်မှု အဖျက်အဆီးမုန်တိုင်းက သူ့ခေါင်းထက်တွင် အော်မြည်နေပြီး ကြောက်မက်ဖွယ် နတ်အလင်းများက ရောင်ပြန်ဟပ်နေသည်။
ချန်းချိုးစုတ်တံများနှင့် နတ်လက်နက်တို့က ထိုကြောက်မက်ဖွယ် ထိခတ်မှုအတွင်း ဆက်လက်၍ ပျက်စီးပြီးရင်း ပျက်စီးနေသည်။
နှစ်ဖက်လုံးက အစွမ်းထက်လှပေသည်။
လူအုပ်ကြီးသည် ထိုပါရမီရှင် နှစ်ယောက်ကို ကြည့်ရင်း သူတို့၏ သက်စောင့်ဝိညာဉ် တစ်ခုတည်းကပင် မရေတွက်နိုင်လောက်သည့် တန်ခိုးရှင်များအား လွှမ်းမိုးရန် လုံလောက်နေပြီ ဖြစ်ကြောင်း သိရှိလိုက်ကြရသည်။ သူတို့၏ သက်စောင့်ဝိညာဉ် တိုက်ခိုက်မှုကို လက်တစ်ဆုပ်စာမျှသော ရှန့်ထိုများသာလျှင် ခံနိုင်ရည် ရှိကြပေလိမ့်မည်။
အိမ်ရှေ့စံ ရီထျန်းယွိသည် တိုက်ခိုက်မှုများကို တားဆီးပိတ်ပင် လိုက်သော်လည်း သူက ခက်ခက်ခဲခဲ ထိန်းချုပ်ထားရဟန် တူသည်။ သူသည် လျှပ်တစ်ပြက်အတွင်း လေထဲသို့ တက်လာကာ သူ၏ နောက်ဘက်ရှိ ကောင်းကင်အာဏာစက် နတ်ပန်းချီနှင့် သူ့ခန္ဓာကိုယ်က တိုက်ရိုက် ပေါင်းစပ်သွားလေသည်။
သူက လက်ကို ဆန့်ထုတ်လိုက်ပြီး ကောင်းကင်အာဏာစက် နတ်ပန်းချီက လှည့်ပတ်နေကာ အဆုံးမဲ့ သတ်ဖြတ်ခြင်းစွမ်းအားတို့ကို ဝါးမျိုနေသည်။ သူက လက်ကို ဆန့်ထုတ်လိုက်လျှင် အဆုံးမဲ့ သတ်ဖြတ်ခြင်း စွမ်းအားတို့က သူ၏ လက်ပေါ်သို့ ကျဆင်းလာသည်။ ရှေးခေတ် နှစ်ပေါင်းများစွာကပင် တည်ရှိခဲ့ပုံရသည့် ချန်းချိုးစုတ်တံတစ်ချောင်းက သူ့လက်ထဲသို့ ကျဆင်းလာလေသည်။
သူက စုတ်တံကို ဆုပ်ကိုင်လိုက်သည်။
ဘုန်း.. မိုးကြိုးလျှပ်စီးများက ကောင်းကင်ကို ဖြတ်သန်းလာသည်။ ရီထျန်းယွိသည် စုတ်တံနှင့်အတူ တစ်ချိန်တည်း၌ ပျောက်ကွယ် သွားခဲ့သည်။ ကောင်းကင်တွင် ကြီးမားသည့် အက်ကွဲရာတစ်ခု ပေါ်ပေါက်လာသည်။ ဂူတုံးလျှိုသည် ပြင်းထန်သည့် ကြောက်မက်ဖွယ် အန္တရာယ်ကို ခံစားမိပေသည်။
ထူးခြားဆန်းကြယ်သည့် အရိပ်များက စုစည်းလာပြီး သူ၏ လက်များကို ဆုပ်လိုက်သည့်အခါ နတ်လက်နက်များက အော်မြည်၍ လေဟာနယ်ကို ဖြတ်သန်းလာပေသည်။
ထောင်ချီသည့် သတ်ဖြတ်ခြင်း စွမ်းအင်လှိုင်းများက မိုးရွာသကဲ့သို့ ကျဆင်းလာသည်။ ယင်းသည် ထောင်သောင်းချီသည့် နတ်အလင်းတန်းတို့ ကျဆင်းလာသကဲ့သို့ ဖြစ်သည်။ မြင်ကွင်းက အလွန် ထိတ်လန့်ချောက်ချားဖွယ် ကောင်းလေသည်။ ယင်းသည် ချက်ချင်းပင် ကောင်းကင်ကို ဖျက်ဆီးနိုင်စွမ်း ရှိပေသည်။ ပေါက်ကွဲမှုသည် သေးသေးမွှားမွှား ကြောက်မက်ဖွယ်မဟုတ်ဘဲ လူတိုင်း၏ နှလုံးသားများကို ပြင်းထန်စွာ တုန်ယင်စေသည်။
ခရက် ... မရေတွက်နိုင်သည့် နတ်လက်နက်များက အက်ကွဲလာပြီး စုတ်တံသည် ဂူတုံးလျိုရှေ့သို့ ချက်ချင်း ရောက်လာတော့မည့်မယောင် ဖြစ်ကာ စုတ်တံ၏ အခြားအစွန်း တစ်ဖက်တွင် ရီထျန်းယွိ ရှိနေသည်။
ခဏအတွင်း ကျွယ်ရှန်းဝင်္ကပါမှ ပြင်းထန်သည့် နတ်အလင်းတို့ ပေါက်ကွဲထွက်လာကာ လေထဲ၌ မွန်းကျပ်ဖွယ် အော်မြည်သံကို ကြားရပေသည်။ ဂူတုံးလျို၏ ခန္ဓာကိုယ်က အောက်သို့ ပြုတ်ကျသွားကာ အဆုံးမဲ့ သတ်ဖြတ်ခြင်း စွမ်းအင်လှိုင်းများက သူ၏ ကျွယ်ရှန်းဝင်္ကပါကို ထိုးဖောက်၍ အပိုင်းပိုင်း ဖျက်ဆီးပစ်လိုက်သည်။
ရီထျန်းယွိသည် ခေါင်းကို ငုံ့ကာ နောက်သို့ ဆုတ်ခွာ ပြုတ်ကျသွားသည့် ဂူတုံးလျိုအား ကြည့်လိုက်ပြီး ပြောသည်။
“ဂူထျန်းရှင်းနဲ့ ဂူကျန်းနန် အဲဒီနှစ်တွေတုန်းက ဘယ်လိုများ ကျော်ကြားလာသလဲ သိချင်မိတယ်။ နှမြောစရာကောင်းတာက အခုချိန်မှာ သူတို့ မရှိတော့တာပဲ”
လူတိုင်းသည် အိမ်ရှေ့စံ၏ စကားများမှတဆင့် သူက မည်မျှ မောက်မာသည်ကို ပြောနိုင်သည်။ သူသည် ထိုနှစ်ယောက်နှင့် တူညီသော အချိန်ကာလ၌ ရှိခဲ့ပါက သူကပင် သူ့တို့အားလုံးအား လွှမ်းမိုးနိုင်လိမ့်မည်ဟု ပြုမူပြောဆိုနေသည်။
ဂူတုံးလျိုက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူသည်လည်း ရီထျန်းယွိနှင့် ယှဉ်သည့်အခါ သူ့ဘက်က လိုအပ်နေကြောင်း သိရှိပေသည်။ သူက ယခုချိန်ထိ စွမ်းအားများကို စနစ်တကျ ဖြစ်စေရန် မကျင့်ကြံရသေးသလို အစွမ်းထက် တိုက်ခိုက်ရေး နည်းလမ်းများကိုလည်း မလေ့ကျင့်ရသေးပေ။ ယခုတွင် သူသည် ကံကောင်း၍ ရရှိခဲ့သည့် စွမ်းအားများကြောင့်သာ ပြန်လည် မွေးဖွားခြင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
အမှန်တွင် ကလန်ခေါင်းဆောင်ကလည်း သူ၏ အဆင့်က ခိုင်မာခြင်း မရှိသေးဟု ပြောခဲ့ပေသည်။ အကယ်၍ ထိုတိုက်ခိုက်မှုကို အချိန်ရွှေ့ဆိုင်းခဲ့ပါကာ သူက အရေးသာမှု ရရှိနိုင်ပေမည်။
သို့သော်လည်း ဖြစ်လာမည့် ကိစ္စက ဖြစ်လာမည်မှာ အတူတူပင် ဖြစ်သည်။
သူက မူလတောင်တန်းမှ စွမ်းအားများ အားလုံးကို စနစ်တကျ မကျင့်ကြံရသေးလျှင် ဤတိုက်ပွဲ၌ ရှုံးနိမ့်ရန်မှာ မဖြစ်နိုင်ပေ။
နိုင်ခဲ့ပါက မည်သည့်အဓိပ္ပာယ်ကိုမှ ဖော်ဆောင်လိမ့်မည် မဟုတ်သော်လည်း ရှုံးနိမ့်သွားလျှင်တော့ သူ၏ ယခင်မျိုးဆက်များကို မျက်နှာပျက်စေလိမ့်မည် ဖြစ်သည်။
ကျွယ်ရှန်းဝင်္ကပါပေါ်မှ နတ်အလင်းများသည် ပို၍ တောက်ပလာခဲ့သည်။ ဂူတုံးလျို နောက်မှ လျှို့ဝှက်ဆန်းကြယ်သော အရိပ်ကလည်း ပိုမိုကြီးမားကာ တောက်ပလင်းလက်လာသည်။ သူသည် စွမ်းအားများကို ထုတ်လွှတ်ကာ ကွဲကြေပျက်စီးသွားသည့် ကျွယ်ရှန်းဝင်္ကပါကို လွှမ်းခြုံလိုက်သည်။ ချက်ချင်းပင် များပြားလှသည့် နတ်ဆိုးသားရဲများက ဝင်္ကပါပေါ်တွင် ပေါ်ပေါက်လာကာ ဆင့်ခေါ်ခံရသကဲ့သို့ ရောက်ရှိလာပေသည်။
ထောင်သောင်းချီသော နတ်ဆိုးသားရဲများသည် အော်မြည်နေပြီး ကျွယ်ရှန်းဝင်္ကပါက ပြန်လည်၍ အသက်ဝင်လာသည်။ နတ်ဆိုးအရှိန်အဝါများက ကောင်းကင်တွင် ပြည့်နှက်နေပြီး နတ်ဆိုးသားရဲများက အော်မြည်ကာ ကခုန်နေသည်။
ဂူတုံးလျိုသည် မူလလမ်းစဉ်ကို ဆက်ခံခဲ့ပြီး မူလတောင်တန်းတစ်ခွင်မှ နတ်ဆိုးအင်ပါယာများ၏ အသိစိတ် စွမ်းအားများက သူ၏ ဝါးမျိုခြင်းကို ခံရကာ အဆုံးသတ်ခဲ့သည်။
အော်မြည်နေသည့် နတ်ဆိုးသားရဲများတွင် ဒေါသလက္ခဏာတို့ ရှိနေကာ ထိုအခိုက်တွင် ဂူတုံးလျှို၏ မျက်နှာက အနည်းငယ် ထူးဆန်းနေပေသည်။
သူက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ အော်မြည်နေသည့် နတ်ဆိုးသားရဲများက လေဟာနယ်ကို စုတ်ဖြဲ၍ ရီထျန်းယွိထံသို့ တည့်မတ်စွာ တိုးဝင်သွားခဲ့သည်။
ကျဆင်းလာသည့် သတ်ဖြတ်ခြင်း စွမ်းအားများက အရူးအမူး ပျက်စီးသွားသည်။ ရီထျန်းယွိက ချန်းချိုးစုတ်တံကို ကိုင်ထားခဲ့သည်။ သူက နတ်ဆိုးသားရဲများ၏ လွှမ်းမိုးသွားမှုကို ကြည့်နေပေသည်။
ရီထျန်းယွိ၏ လက်တွင်းမှ ချန်းချိုးစုတ်တံသည် ကောင်းကင်သို့ တစ်ခါ ဝှေ့ယမ်းခံလိုက်ရကာ တိုးဝင်လာနေသည့် နတ်ဆိုးသားရဲများက ချန်းချိုးစုတ်တံ၏ စွမ်းအားအောက်တွင် ချက်ချင်းပင် ပြိုကွဲပျက်စီးသွားသည်။ သို့သော် နတ်ဆိုးသားရဲများက အဆုံးမရှိ တိုးဝင်လာနေသည်ဟု ထင်မှတ်ရကာ အိမ်ရှေ့စံထံ ဦးတည်နေပြီး သူ့ကို ထိုနေရာ၌ မြှုပ်နှံပစ်ချင်နေသည်။
ကောင်းကင်အာဏာစက် နတ်ပန်းချီသည် ဆက်လက်၍ ပြောင်းလဲနေပြီး ခွန်ပန်အဖြစ် ပြောင်းလဲသွားကာ အိမ်ရှေ့စံ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။ သူက ခွန်ပန်အသွင် ယူလိုက်သည့် အချိန်၌ ကောင်းကင်အာဏာစက် နတ်ပန်းချီအတွင်းမှ ခွန်ပန်၏ အလင်းများ ပေါက်ကွဲထွက်လာသည်။ ထို့နောက် သူက တောင်ပံများကို ဖွင့်ကာ တိုက်ခိုက်ရန် ခွန်ပန်၏ နတ်စွမ်းအားများကို အမိန့်ပေးလိုက်သည်။
“ကောင်းကင်အာဏာစက် ပန်းချီပညာ” လူအများသည် သူတို့ ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ရေရွတ်လိုက်ကြသည်။ ထိုသည်မှာ ပြည်ထောင်ကို စတင်တည်ထောင်သူ ဖန်တီးခဲ့သည့် အစွမ်းထက်ဆုံး တိုက်ကွက်မျိုးဖြစ်ကာ ယင်းသည် ကောင်းကင်အာဏာစက်ဘုံ၌ ကျော်ကြားခဲ့ပြီး ပြိုင်ဘက်ကင်းဟုပင် ပြောနိုင်သည်။
သူက ထိုစွမ်းအားကို ခရမ်းရင့်ကောင်းကင်နန်းတော် တိုက်ပွဲတွင် အသုံးပြုခဲ့ပြီး ယခုတွင် နောက်တစ်ခါထပ်၍ အသုံးပြု ခြင်း ဖြစ်ပေသည်။
ကျယ်လောင်သည့် အော်မြည်သံကို ကြားလိုက်ရပါ ခွန်ပန်အစစ်အမှန် တစ်ကောင်က မြင်ကွင်းအတွင်း ရောက်ရှိလာသည်။ ထို့နောက် သူက တောင်ပံများကို ဖွင့်လိုက်ကာ ကောင်းကင်ကို ပိတ်ကွယ်၍ အောက်သို့ ထိုးဆင်းလာသည်။ တစ်ချိန်တည်းမှာပင် ခွန်ပန်ပုံရိပ်များ ပန်းချီအတွင်းမှ ပေါက်ကွဲထွက်လာပြီး ရက်စက်သည့် သတ်ဖြတ်ခြင်း စွမ်းအားများအတွင်း ကောင်းကင်ကို ဖြတ်သန်းထိုးဆင်းရင်း မရေတွက်နိုင်သည့် နတ်ဆိုးသားရဲအရိပ်များက ဖျက်ဆီးခံလိုက်ရသည်။ ရီထျန်းယွိ၏ ခွန်ပန်သည် နတ်ဆိုးသားရဲများကို ဖျက်ဆီးလိုက်သည်။ ရွှေရောင်နတ်အလင်းများက မိုးကဲ့သို့ ရွာကျလာပြီး နတ်ဆိုးသားရဲများကို ဖျက်ဆီးလိုက်စဉ်တွင် ယင်း၏ လက်သည်းများက ချန်းချိုးစုတ်တံကို ကိုင်ထားဆဲ ဖြစ်လေသည်။
ဂူတုံးလျှို၏ အရှိန်အဝါက ယိုင်နဲ့လာသည်။ ထိုသည်က ခွန်ပန်အစစ်ထံမှ အဓိကတိုက်ခိုက်မှု ဖြစ်သည်။ ရီထျန်းယွိက အစွမ်းထက်ဆုံး တိုက်ခိုက်မှုများကို သင်ယူထားခဲ့သည်။
သို့သော် ဂူတုံးလျှို၏ အမူအရာက မတုန်မလှုပ် ရှိနေဆဲပင် ဖြစ်သည်။ သူ၏ ဝင်္ကပါအမည်မှာ ကျွယ်ရှန်း ဖြစ်ပြီး အထွတ်အထိပ် ထူးခြားလမ်းစဉ်မှ အချက်အလက်ကို ယူထားခြင်းဖြစ်ကာ အားလုံးသော ထူးခြားလမ်းစဉ်များ၏ အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်ပေသည်။
သူက လေထဲသို့ ဆက်လက်၍ ခြေလှမ်းလိုက်သည်။ ကျွယ်ရှန်းဝင်္ကပါသည် ဆက်လက်၍ လုပ်ဆောင်နေကာ တောက်ပသည့် အဆုံးမဲ့ နတ်အလင်းများက သူ့ ခန္ဓာကိုယ်ပေါ် ကျဆင်းလာပြီး သူနှင့် တသားတည်း ဖြစ်လာသည်။ အဆုံးမဲ့ ဆန်းကြယ်သည့် အရိပ်များက တစ်ချိန်တည်းတွင် ပေါ်ပေါက်လာကာ သူ့ခန္ဓာကိုယ်အနီးတွင် ရစ်ဝဲနေသည်။ အရှိန်အဝါအားလုံးက သူ့ခန္ဓာတွင် စီးဆင်းနေသည်။
သင်္ကေတစာလုံး ကိုးခု၏အလင်းများက တောက်ပနေပြီး သူ့ခန္ဓာအတွင်း ပေါင်းစပ်သွားကြသည်။ ထိုအချိန်၌ ဂူတုံးလျှိုသည် အမှန်တကယ်ပင် ကျွယ်ရှန်းဝင်္ကပါနှင့် တသားတည်းဖြစ်သွားခဲ့ပေသည်။
သူက ထိပ်တန်းတိုက်ခိုက်မှုများကို မသင်ယူရသေးသော်လည်း သူ့ဆရာ တစ်ခါက ပြောဖူးသည်မှာ လွှမ်းမိုးနိုင်သည့် စွမ်းအားက နည်းစနစ်အားလုံးကို အောင်နိုင်သည်ဟူ၍ ဖြစ်လေသည်။
တစ်စုံတစ်ယောက်၏ ဝိညာဉ်စွမ်းအားများက သန့်စင်သည့် အင်အားနှင့် ပေါင်းစပ်သွားသည့်အခါ အရာအားလုံးသည် အထွတ်အထိပ်သို့ ရောက်သွားပြီး မလိုအပ်သည့် အတွေးများကို ရှင်းထုတ်ကာ အားလုံးသော နည်းစနစ် စွမ်းရည်များကို နောက်တွင် ချန်ခဲ့ပြီး အားအကောင်းဆုံး တိုက်ခိုက်မှုများကိုပင် ခံနိုင်ရည်ရှိလာသည်။
သူက ခြေလှမ်းလိုက်ကာ လေထုကို ဖြတ်သန်း၍ နတ်ဆိုးသားရဲများကို ချေမှုန်းနေသော သတ္တဝါကြီးရှေ့သို့ ချက်ချင်းရောက်ရှိလာပေသည်။ သူက တိုင်းတာ၍ မရသော စွမ်းအားများ ပါဝင်နေသည့် လက်ချောင်းကို ဆန့်ထုတ်လိုက်ကာ ချန်းချိုးစုတ်တံနှင့် ထိပ်တိုက် ရင်ဆိုင်စေလိုက်သည်။
ယင်းတို့ နှစ်ခုအနီးလေဟာနယ်က ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။ ရီထျန်းယွိသည် ခွန်ပန်၏ အတောင်များနှင့် ဂူတုံးလျှိုအပေါ် ရိုက်ခတ်လိုက်သည်။
စာလုံးသင်္ကေတကိုးခု၏ အလင်းများက အလွန် လင်းလက်တောက်ပလာနေသည်။ ယင်းတို့သည် တစ်ချိန်တည်းမှာပင် အတောက်ပဆုံး အလင်းတန်းများအဖြစ် ပေါက်ကွဲထွက်လာကာ လူတိုင်း၏မျက်လုံးများကို ဝေဝါးသွားစေသည်။ ထိုအလင်းသည် ခွန်ပန်၏ အတောင်များကို နှေးကွေးသွားစေသည်။ ထိုစွမ်းအား၏ အင်အားက သူ့အနီး၌ တစ်သားတည်း ဖြစ်နေခဲ့သည့် အခြားမည်သည်နှင့်မှ မတူညီပေ။ ထိုလက်ချောင်းတစ်ခုသည် သူ့လမ်းကြောင်းအတွင်း အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။
ထိုအချိန်တွင် ဂူတုံးလျှိုကို ကြည့်ဏသည်မှာ နတ်ဘုရားတစ်ပါး ဖြစ်တည်မှုကဲ့သို့ ဖြစ်နေပေသည်။.
ဘုန်း
မွန်းကျပ်ဖွယ် တုန်ခါသံကို ကြားလိုက်ရပြီး ကြည့်ရှုနေသူများသည် အိမ်ရှေ့စံ ရီထျန်းယွိက ဂူတုံးလျှို၏ လက်ညှိုးတစ်ချောင်းမှ ထွက်လာသည့် စွမ်းအားကြောင့် အဝေးသို့ လွင့်စဉ်သွားသည်အား မြင်လိုက်ကြရသည်။
“လက်တစ်ချောင်းနဲ့ ချန်းချိုးစုတ်တံကို ဆန့်ကျင်တယ်လား” အားလုံး၏ နှလုံးသားများက ဆက်လက်၍ အပြင်းအထန် ခုန်လှုပ်နေသည်။ ထိုသည်က အခြားသူများနှင့် မတူသော ယုံကြည်မှုနှင့် တဇွတ်ထိုးဆန်မှုသာ ဖြစ်သည်။ မဟာလမ်းစဉ် ဝင်္ကပါများသည် အချင်းချင်း ဆန့်ကျင်တိုက်ခိုက်ကာ ကြောက်မက်ဖွယ်ရာ ပြင်းထန်သည့် စွမ်းအားများကို သူတို့ အကြား ပေါက်ကွဲထွက်ပေါ်လာစေသည်။
မဟာလမ်းစဉ် ဖျက်ဆီးခြင်း စွမ်းအားများက သူတို့ နှစ်ယောက်လုံးအား လွှမ်းခြုံထားကာ အလွန် ချောက်ချားဖွယ် ကောင်းသည့်မြင်ကွင်းအား ဖြစ်ပေါ်လာစေသည်။
***
စာစဉ်(၁၀၁) ပြီး၏။