ဓားရည်ရွယ်ချက်ကြိုးမျှင်တစ်ခု
Vol. 1 Ch. 15
ချီမင်ပြောလို့သိပ်မကြာခင်မှာဘဲ ချိုက်ယုဟိုင်ရဲ့မျက်လုံးကကျဥ်းမြောင်းသွားတယ်။ရက်စက်တော့မယ့်အလင်းတစ်ချက်က သူ့ရဲ့နှစ်မီတာလောက်ရှည်တဲ့ ခန္ဓာကိုယ်ပေါ်ကနေ ကျားတစ်ကောင်လိုလို ဝံပုလွေတစ်ကောင်လိုလိုထွက်ပေါ်လာတယ်။
ဘုန်း!
နက်ရှိုင်းတဲ့အပေါက်တစ်ခုက သူ့ရဲ့ ခြေထောက်အောက်ကမြေပြင်ပေါ်မှာပေါ်လာတယ်။ ကျောက်တုံးနဲ့မြေကြီးတွေကအရပ် မျက်နှာတိုင်းကိုကွဲကြေပြီးလွင့်ထွက်သွားတယ်။
ဝေါင်း!
ကျားတစ်ကောင်ရဲ့ဟိန်းဟောက်သံက ထွက်ပေါ်လာတယ်။
ချိုက်ယုဟိုင်ရဲ့တိုက်ခိုက်မှုတွေကအရမ်းကိုပြင်းထန်ပြီးလွှမ်းမိုးနိုင်တယ်။သူက သူ့ရဲ့ဝိဉာဏ်ချီတွေကိုလှည့်ပတ်လိုက်ပြီး သွေးချီတွေကသူ့ကိုယ်ပေါ်ကထွက်ပေါ်လာပြီးအစိမ်းရောင်အလင်းတစ်ခုကိုသူ့ကိုယ့်ပေါ်မှာဖြစ်လာစေတယ်။
လီဖေးယွမ်ကအသိအမှတ်ပြုလိုက်တယ်။သူ့မျက်လုံးတွေကသူ အံ့ဩစွာပြောလိုက်ရင်းနဲ့ကိုကျယ်လာတယ်။”ဒါကတိမ်စိမ်းကျားငါးကောင်ချိတ်ပိတ်ခြင်းနည်းစနစ်ပဲ။သူ့ခွန်အားကငါ့ထက်ပြင်းတယ်။သူကထူးချွန်အဆင့်ကိုရောက်နေပြီပဲ။”
ထပ်ပြီးတော့
ချိုက်ယုဟိုင်ကအဆင့်မြင့်ချီသန့်စင်ခြင်းရတနာဖြစ်တဲ့ နတ်ဆိုးကျားလက်အိတ်ကိုဝတ်ထားသေးတယ်။သူကတိမ်စိမ်းကျားငါးကောင် ချိတ်ပိတ်ခြင်းနည်းစနစ်ကိုသုံးလိုက်တော့သူ့ခွန်အားကထပ်တိုးလာတယ်။
ဝမ်တဖူ ပြုံးဖြဲဖြဲနဲ့ပြောလိုက်တယ်။” စီနီယာ အစ်ကိုချိုက်ကမျှော်လင့်ထားတဲ့အတိုင်းပဲ။ငါကသူ့လက်သီးကြောင့်ရှုံးသွားတယ်။အခုထိငါနည်းနည်းတောင်စိတ်ဒဏ်ရာရသွားတယ်။ချီမင်သာခုခံနိုင်ရင်အံ့ဩဖို့ကောင်းမှာပဲ။”
ပတ်ဝန်းကျင်မှာရှိတဲ့လူတိုင်းရဲ့မျက်လုံးတွေကသူတို့ရဲ့တိုက်ပွဲကိုအာရုံစိုက်လာတယ်။
ဘုန်း!
အဲ့တာကအရမ်းအသံကျယ်လာတယ်။
ချီမင် ရှေ့ကိုခြေတစ်လှမ်းလှမ်းလိုက်တယ်။အစေခံတပည့်တွေရဲ့မျက်လုံးထဲမှာတော့ သူ့ရဲ့လှုပ်ရှားမှုက တယ်လီပို့(နေရာရွှေ့ပြောင်းမှု)လုပ်သွားတဲ့အတိုင်းပဲ။သူကချိုက်ယုဟိုင်ရဲ့လက်သီးကို သာသာယာယာရှောင်ထွက်လိုက်တယ်။
ချိုက်ယုဟိုင်ရဲ့လက်သီးက ဘာကိုမှမထိုးမိပေမယ့် တစ်မီတာလောက်နက်တဲ့မြေတွင်းကြီးကပေါ်လာတယ်။ အပေါက်နားမှာပင့်ကူမျှင်လိုအက်ကွဲကြောင်းတွေပေါ်လာတယ်။
“ဘယ်လိုတောင်မဖြစ်နိုင်တဲ့အရှိန်လဲ။”
“အဲ့ဒီလှုပ်ရှားမှုနည်စနစ်ကဘာလဲ”
“အရမ်းမြန်တယ်။”
“ချီမင်က ရှောင်လိုက်တယ်။”
လူတိုင်းကအံ့ဩသွားတယ်။
“စိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့်ခြေသိုင်း”
မူချင်း ကအရမ်းအံ့ဩသွားပြီးမယုံနိုင်သလိုခံစားလိုက်ရတယ်။”အခုအတိုင်းဆို ချီမင်ကစိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့်ခြေသိုင်းကကျွမ်းကျင်အဆင့်ရောက်နေပြီပဲ။အဲ့တာက ထူချွန်အဆင့်တောင်ရောက်တော့မယ်။”
“ဒါက…”
မူချင်းအံ့ဩသွားတယ်။
သိထားရမှာက မူချင်းရှိက စိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့်ခြေသိုင်းကိုရတာအခုထိဆိုငါးရက်ပဲရှိသေးတယ်။သူစိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့်ခြေလှမ်းသိုင်းကိုဒီလောက်ထိတောင်လေ့ကျင့်ထားတာပဲ။
ဉာဏ်ကြီးရှင်ပဲ!
သူကတကယ့်ကိုပါရမီရှင်ပဲ။
“ဒီလိုပါရမီရှင်တစ်ယောက်က အစေခံတန်းလျားထဲမှာတိမ်မြှုပ်နေတာပဲ။သူသာငါတို့အသင်္ချေနတ်ဆိုးဂူမှာသာဆို နတ်ဆိုးကလေးငယ်အဖြစ်လေ့ကျင့်ပျိုးထောင်ပေးခံရမှာ။”
မူချင်း သူ့နှုတ်ခမ်းကိုထိလိုက်ပြီးတွေးနေတယ်”ငါပြောနိုင်တာက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက ထူးချွန်တဲ့တပည့်တွေကို ဖုံးကွယ်ထားတာပဲ။”
စင်ပေါ်မှာတော့ ချိုက်ယုဟိုင်ကချီမင်ရှိကနေလုံးဝကိုထိန်းချုပ်ခံလိုက်ရပြီး ချီမင်ရဲ့အဝတ်အစားတောင်မထိနိုင်ပေ။ထိုးချက်တိုင်းနဲ့လှုပ်ရှားမှုတိုင်းက လေထဲကိုထိုးမိနေပြီးချီမင်ကိုလုံးဝမထိခိုက်ပေ။
“ဒါက…”
“မယုံနိုင်စရာဘဲ။ တကယ့်ကိုမယုံနိုင်စရာဘဲ”
“ငါချီမင်ကို အဲ့လိုလှုပ်ရှားမှုနည်းစနစ်မျိုးရှိမယ်မထင်ထားဘူး။အဲ့ဒီအပြင်ကို သူ့ရဲ့လှုပ်ရှားမှုနည်းစနစ်ကိုနားလည်မှုအဆင့်ကလည်းမနိမ့်လောက်ဘူး။”
“ငါအစကထင်တာက ချီမင်ကချိုက်ယုဟိုင်ရှိမှာလုံးဝကိုအရိုက်ခံရလိမ့်မယ်လို့ပဲ။”
“အခုကြည့်ရသလောက်တော့ဘယ်သူနိုင်မလဲပြောဖို့ခက်သွားပြီ။”
အစေခံတပည့်တွေကဆွေးနွေးနေကြတယ်။
ဝမ်တဖူ ကျန်းဝမ်ရွှီးနဲ့တစ်ခြားလူတွေကအကြိမ်နည်းနည်းလောက်လှောင်လိုက်ကြတယ်။”နလံပိန်းတုံးတွေ မင်းတို့တွေကစီနီယာအစ်ကိုချီရဲ့ခွန်အားအစစ်ကိုမသိကြဘူး။တိမ်စိမ်းကျားငါးကောင်ထိန်းချုပ်ရေးနည်းလမ်းတစ်ခုထဲကိုတတ်တယ်ထင်နေထားလား။”
ချိုက်ယုဟိုင်ကအသက်ပြင်းပြင်းရှုလိုက်တယ်။သူလုံးဝတော့ဒေါသမထွက်ပေ။အဲ့ဒီအစားအရမ်းကိုတည်ငြိမ်လာတယ်။သူကအသံနိမ်နိမ့်နဲ့ “ချီမင် မင်းကတကယ့်ကိုဖမ်းဖို့ခက်တဲ့ငါးရှဉ့်လိုပဲ။မင်းကဘယ်လိုပြေးရမလဲပဲသိတာလား။”
“ရိုးရိုးသားသားပြောရရင် မင်းကငါကိုတကယ်စိတ်ဆိုးသွားစေတယ်။”
သူပြောလို့ပြီးပြီးချင်းပဲ
ချိုက်ယုဟိုင်ကကျားခေါင်းဆေဘာကို သူ့ခါးမှာရှိတဲ့အဆင့်နိမ့် သိုလှောင်အိတ်ထဲကနေထုတ်လိုက်တယ်။ အသွားကမှင်ရောင်လိုနက်မှောင်နေပြီးသွေးမျှင်တွေရှိနေတယ်။
“ဒီဆေဘာကို နတ်ဆိုးကျားဆေဘာလို့ခေါ်တယ်။သူကချီသန့်စင်ခြင်းအမြင့်ပိုင်းအဆင့်ရတနာပဲ”ချိုက်ယုဟိုင်ကပြောလိုက်တယ်။
ကလန်!
ချီမင်လည်းအရိုးဓားကိုထုတ်လိုက်တယ်။သူကအဆင့်နိမ်သိုလှောင်အိတ်ကိုဟန်ပြအနေနဲ့သုံးထားတယ်။အဆင့်နိမ့်သိုလှောင်အိတ်မှာ အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးတစ်ထောင်တော့ပါခဲ့သေးတယ်။
ချီမင်ခဏလောက်ရပ်လိုက်ပြီးပြောလာတယ်”ဒီဟာက အရိုးဓားလို့ခေါ်တယ်။ချီသန့်စင်ခြင်းအလယ်အလတ်အဆင့်ကရတနာပဲ။”
ချိုက်ယုဟိုင်ကအော်လိုက်တယ်။”ဘာကိုပြောချင်တာလဲ။မင်းရဲ့လက်နက်က ငါ့ထက်အဆင့်နိမ့်တယ်။မင်းရဲ့နည်းစနစ်တွေရော တိုက်ပွဲအတွေ့အကြုံပါငါ့ထက်ကိုနိမ့်တာ။ကျင့်ကြံခြင်းအဆင့်ကလွဲရင်ကျန်တာငါ့ထက်နိမ့်နေတာကို မင်းငါ့ရှုံးတာမှန်ပါတယ်။”
“မင်းကျိန်းသေပေါက်ကိုရှုံးမှာ။”
ဆွတ်စ်ရှ်!
သူ့ပုံရိပ်ကယိမ်းခါသွားတယ်။
ချိုက်ယုဟိုင်ကကျားနတ်ဆိုးဆေဘာကိုကိုင်လိုက်ချိန်မှာသူ့အရှိန်အဝါကလုံးဝကိုပြောင်းသွားတယ်။သူရဲ့တုတ်ခိုင်တဲ့ခန္ဓာကိုယ်က အရမ်းကိုမြန်လာတယ်။သူ့ဆေဘာနည်းစနစ်ကလည်းပိုပြီးပြင်းထန်လာတယ်။
မျက်စိတစ်မှိတ်တည်းနဲ့ချိုက်ယုဟိုင်ချီမင်ရှိရောက်လာတယ်။
“လေဖယ်ထုတ် တိမ်တိုက်ဆေဘာ”
ချိုက်ယုဟိုင်ထုတ်ဖော်လိုက်တဲ့ဆေဘာနည်းစနစ်က တကယ့်ကိုလေပွေက တိမ်ကိုအဝေးကိုဖယ်ထုတ်သိမ်းကြုံးလိုက်တာနဲ့တူတယ်။ဆေဘာချီက လေပြင်းလိုလည်ပတ်လာပြီး သူ့ရဲ့တိုက်ခိုက်မှုကလည်းအရမ်းကိုပြင်းထန်လာတယ်။သူကတစ်လှမ်းပြီးတစ်လှမ်းနဲ့ဖိအားပေးလာတယ်။
အရမ်းသန်မာတာပဲ!
သူတကယ့်ကိုအရမ်းသန်မာတာပဲ!
ဆွစ်ရှ်!
ချီမင် နောက်ထပ်ဆုတ်လိုက်ရင်း ချိုက်ယုဟိုင်ရဲ့ထက်မြတဲ့ဆေဘာချက်ကိုကပ်ကပ်ေလးနဲ့ရှောင်လိုက်တယ်။လူတိုင်းရဲ့မျက်လုံးထဲမှာတော့ ချီမင်ကဖိအားပေးခံရပြီး ပြန်မတိုက်နိုင်တော့ပေ။သူရှောင်ပဲရှောင်နိုင်တော့မယ်။
ချီမင်က စိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့်ခြေသိုင်းကို ထူးချွန်အဆင့်ထိပဲရောက်အောင်လေ့ကျင့်ရသေးတယ်။အချိန်ခဏလေးနဲ့တေည့ ချီမင်က စိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့်ခြေသိုင်းနဲ့ တိမ်စိမ်းဓားပညာနှစ်ခုလုံးကို အရမ်းမြင့်တဲ့အဆင့်ရောက်အောင်ကျွမ်းသေးမှာမဟုတ်ဘူး။
ဒါတောင် ချီမင်က တိုက်ပွဲမှာ စိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့်ကို ပထမဆုံးသုံးလာသေးတယ်။
သူတကယ့်ကို တိုက်ပွဲမှာသုံးဖို့ပညာတွေလိုသေးတယ်။
“လေဖယ်ထုတ်တိမ်ဆေဘာနည်းစနစ်က ထိပ်တန်းအဆင့်ချီသန့်စင်ခြင်းနယ်ပယ်ကပညာရပ်ပဲ။ချိုက်ယုဟိုင်ရဲ့လှုပ်ရှားမှုနည်းစနစ်က တိမ်စိမ်းတောင်ထွဋ်ရဲ့ အခြေခံ တွေ့နေကြဆိုပေမယ့်ထူးချွန်အဆင့်ကိုရောက်နေပြီ။”
“ချီမင်တော့သေချာပေါက်ရှုံးပြီ။”
“တကယ်ဟ”
“ချီမင်မှာနိုင်ဖို့အခွင့်အရမရှိတော့ဘူး။”
“…”
အစေခံတပည့်အများကြီးက အဖြေကိုကြိုမြင်နေကြပြီဖြစ်တယ်
ကလန်!
ရုတ်တရက် ဓားထိခတ်သံကထွက်ပေါ်လာတယ်။
အသံကဒိုင်ရဲ့ညာဘက်နားဘေးကပဲ
လူတိုင်းလှမ်းကြည့်လိုက်ကြတယ်။
ဒါကပထမဆုံးအကြိမ်ချီမင်ဘက်ကစတိုက်လိုက်တာဖြစ်တယ်။သူကကညာဘက်လက်ကို့မြောက်ပြီး သူ့ဓားနဲ့တိုက်ကွက်ကိုထုတ်ဖောက်လိုက်တယ်။ဓားထိပ်ကချိုက်ယုဟိုင်ရဲ့ဆေဘာသွားကိုထိသွားတယ်။ပတ်ဝန်းကျင်ကဆေဘာအလင်းတွေကလည်းဖျက်ဆီးခံလိုက်ရတယ်။
“မင်း!!!”
ချိုက်ယုဟိုင်ရဲ့မျက်လုံးအိမ်ကကျဉ်းမြောင်းသွားတယ်
ချီမင်ကမထူးမခြားပြောလာတယ်”မင်းခွန်အားက မဆိုးပါဘူး။ဒါမယ့်မင်းလေ့ကျင့်ဖို့လိုသေးတယ်။”
“တိမ်စိမ်းဓားပညာရပ်”
ချီမင်ရဲ့ညာဘက်လက်ကိုထုတ်လိုက်တော့ အရိုးဓားကသူ့လက်ထဲမှာအသက်ဝင်လာသလိုထင်ရတယ်။သူ့ရဲ့ဝိဉာဏ်ချီတွေကိုလှည့်ပတ်လိုက်တော့ တိမ်တိုက်နဲ့တူတဲ့ဓားအလင်းက တိမ်စိမ်းဓားရည်ရွယ်ချက်နဲ့အတူထွက်ပေါ်လာတယ်။
ချက်ချင်းကိုဓားချီက ချိုက်ယုဟိုင်ကိုဖုံးအုပ်သွားတယ်။
“အရမ်းမြန်လွန်းတယ်!”
ဆွစ်ရှ်!
အစိမ်းရောင်ဓားအလင်းကလျှပ်စီးလက်သလိုထွက်ပေါ်လာတယ်။ လူတိုင်းကချီမင်ရဲ့ပုံရိပ်တောင်သေချာမမြင်နိုင်တော့ဘူး။ဓားကအရမ်းမြန်လွန်း ထက်လွန်း စွမ်းအားကြီးလွန်းတယ်။
ဘုန်း!
နတ်ဆိုးကျားဆေဘာက ချိုက်ယုဟိုင်လက်ထဲကလွင့်ထွက်သွားတယ်။ဝိဉာဏ်ချီတွေကသူ့ကိုယ်ထဲပျောက်ကွယ်ကုန်တယ်။ဓားရာက သူ့တစ်ကိုယ်လုံးကိုသွေးတွေထွက်လာပေါ်လာစေတယ်။
နောက်ဆုံးမှာ အရိုးဓားထိပ်က ချီမင်ရဲ့လက်ထဲကနေ ချိုက်ယုဟိုင်ရဲ့လည်ပင်းရှိရောက်သွားတယ်။သူသာခြေလှမ်းတစ်ဝက်လောက်ထပ်လှမ်းလိုက်ရင် သူ့ပြိုင်ဘက်ရဲ့လည်ပင်းကတိုက်ရိုက်ပြတ်သွားလိမ့်မယ်။
တိတ်ဆိတ်သွားတယ်
လူတိုင်းကတိတ်ဆိတ်မှုကိုခံစားလိုက်ရတယ်။
သူတို့တွေအံ့ဩသွားတယ်။
လူတိုင်းလုံးဝကြောင်သွားကြတယ်။
ပြောနိုင်တာက
ခုနကချီမင်က လှုပ်ရှားမှုတစ်ခုထဲနဲ့ အဆုံထိကို စက္ကန့်နည်းနည်းလောက်နဲ့ ရွှေ့လျားပြီး ချိုက်ယုဟိုင်ကိုဝံ့ကြွားစွာနဲ့နိုင်သွားတယ်။
“ငါ… ငါ…”
ချိုက်ယုဟိုင်မယုံရဲဘူး သူကရလဒ်ကိုလက်ခံဖို့မဖြစ်နိုင်ပေ။သူ့မျက်လုံးကရှုပ်ထွေးမှုတွေပြည့်နေတယ်”ဒါဘယ်လိုဖြစ်သွားတာလဲ။ဒါမဖြစ်နိုင်ဘူး။မဖြစ်နိုင်ဘူး။”
ရှောင်ဖန်းကြောင်သွားတယ်။သူလျှို့ဝှက်ချက်ကိုတွေ့လိုက်တယ်”ဓားရည်ရွယ်ချက်အမျှင်တန်းလေး။ ဒါတကယ့်ကိုဓားရည်ရွယ်ချက်ကြိုးမျှင်ပဲ။အဲ့တာကအရမ်းကိုအားနည်းနေပေမယ့်တကယ့်ကိုဓားရည်ရွယ်ချက်ပဲ။”
“ပြီးပြည့်စုံခြင်းအဆင့်!”
“ချီမင်က တိမ်စိမ်းဓားပညာရပ်ကိုပြီးပြည့်စုံခြင်းအဆင့်ထိလေ့ကျင့်ပြီးပြီ။”
“နားလည်ပြီ။…”
“သန်မာလွန်းတယ်, အရမ်းသန်မာတယ်.”
“ချိုက်ယုဟိုင်ဘာလို့ရှုံးသွားလဲငါအခုသိပြီ။”
ထန်ပင်းကတုံ့ပြန်လိုက်တယ်”ချီမင်းကဒါဆိုတိမ်စိမ်းဓားပညာရပ်ကိုပြီးပြည့်စုံခြင်းအဆင့်ထိလေ့ကျင့်ပြီးပြီပေါ့။သူကဓားရည်ရွယ်ချက်ကိုတောင်သိပ်သည်းမိထားပြီ။”
“စီနီယာ စီနီယာအစ်ကိုချိုက် ရှုံးသွားပြီ။”
ဝမ်တဖူနဲ့ ကျန်းဝမ်ရွှီး လည်းကြောင်သွားတယ်။
“ပထမပြိုင်ပွဲရဲ့ ရလဒ် နံပါတ်စဉ်၁၅ချီမင်နိုင်ပါတယ်။”
ခဏလောက်ကြာတော့အကြီးအကဲကကြေညာလိုက်တယ်။
အော်ဟစ်သံတွေထွက်ပေါ်လာတယ်။
“ချီမင်! ချီမင်! ချီမင်!”
ခဏလေးနဲ့သောင်းချီတဲ့တပည့်တွေကသဘောတူညီစွာနဲ့ချီးမြှောက်လိုက်တယ်။