← Chapters

နတ်ဆိုးဂိုဏ်းရဲ့ သူလျှိုအဖြစ်ကူးပြောင်းသွားခြင်း

Vol. 1 Ch. 1

နတ်ဆိုးဂိုဏ်းရဲ့ သူလျှိုအဖြစ်ကူးပြောင်းသွားခြင်း

Vol. 1 Ch. 1

တောင်ပိုင်းဒေသ

ကောင်ကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွဋ်12ခု တိမ်စိမ်းတောင်ထွဋ်ရဲ့ အဆင့်D အစေခံတန်းလျားတစ်ခုတွင်

ဆိတ်ငြိမ်နေတဲ့တောအုပ်ရဲ့ ညတွင်

လရောင်ဟာ သစ်ပင်သစ်ရွက်တွေကြားပေါက်မှထိုးဖောက်လျက် မြေပြင်ပေါ်မှာ ပုံစံအမျိုးမျိုး အရွယ်အစားအမျိုးမျိုးအလင်းစက်တွေကို ဖန်တီးနေသည်။

“ဒါ ဒါ..”

ချီမင်ကသူရဲ့ခေါင်းကိုငုံ့ထားတယ် ချွေးအေးတွေက နဖူးကနေစီကျနေပေမယ့်သူဘယ်မူမမှန်မူကိုမှမပြရဲဘူး

သူရဲ့ခေါင်းကို ငုံ့နိုင်သမျှငုံ့ထားပြီး တစ်ခြားသူတွေရှိကနေအရှာမခံရအောင်လုပ်နေတယ်

ချီမင်နဲ့တစ်ခြားလူတွေရဲ့ရှေ့မှာ သွေးရောင်ဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ရပ်နေတယ် အဲ့လူကအရိုးဖြူမတ်စ်ကိုတပ်ထားပြီး ရှည်လျားတဲ့သွေး ရောင်သန်းနေတဲ့ဆံပင်‌ရှိပြီး မျက်လုံးတွေကသရဲတစ်ကောင်လိုမျိုးနီရဲနေတယ်

သူကအရိုးဖြူတာအိုရှင်ဖြစ်ပြီး အသင်္ချနတ်ဆိုး

ဂိုဏ်းကဖြစ်တယ် သူကချီသန့်စင်ခြင်းအဆင့်7ကိုရောက်နေပြီး

ချီမင်နဲ့တစ်ခြားလူတွေက သူလက်အောက်ကဖြစ်တယ်

“ဒီ သွေးသရဲဆေးပြားကိုယူထားကြ”

အရိုးဖြူတာအိုရှင်က သူ့လက်ကိုနောက်ကိုပစ်ထားလိုက်ပြီး အလွန်ကိုအေးစက်နေတဲ့အသံနဲ့ပြောလာတယ်

“အစကတော့ အမှိုက်လိုမျိုးမင်းတို့အရည်အချင်းနဲ့ချီသန့်စင်ခြင်းအဆင့်3တောင် မင်းတို့ဘဝတစ်လျှောက်မဖြတ်နိုင်ဘူးထင်တာ”

“ဒါပေမယ့်”

“မင်းတို့ကငါ့အစေခံဖြစ်လာပြီဆိုတော့ နောက်လရဲ့7ရက်နေ့တိုင်းဒီသွေးသရဲဆေးပြားကိုလာစားကြ”

“ဒီဆေးပြားကမင်းတို့ရဲ့အရည်အချင်းကိုမြှင့်တင်ပေးပြီး အချိန်တိုလေးနဲ့ကျင့်ကြံခြင်းကိုမြှင့်ပေးလိမ့်မယ်”

“ဒါကတစ်လထဲနဲ့ မင်းတို့ကို တိမ်စိမ်းတောင်ထွဋ်ရဲ့ အကြီးအကဲ ရှိကအရှာမခံရပဲ ချီသန့်စင်ခြင်းအဆင့်သုံးကိုရောက်စေလိမ့်မယ်”

“မင်းတို့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့တိမ်စိမ်းတောင်ထွဋ်မှာ အပြင်စည်းတပည့်ဖြစ်လာလိမ့်မယ်

ပြီးရင် ဂိုဏ်းရဲ့ အစိတ်အပိုင်းအဖြစ်ဝင်ပူးပေါင်းနိုင်လာလိမ့်မယ် အဲ့အချိန်ကြရင် ငါကိုပြန်ပေးဖို့အချိန်ရောက်ပြီ”

“ဒါ ငါနတ်ဆိုးဂိုဏ်ရဲ့ သူလျှိုဖြစ်လာတာလား”

ချီမင်က ကြောက်ရွံပြီးထိပ်လန့်သွားတယ်

ချီမင်ခုချိန်မှာ ဘာမှမပြောရဲပဲ ဂရုတစိုက်‌နားထောင်နေတယ် နာနာခံခံနဲ့ပဲသွေးသရဲဆေးကိုယူလိုက်ပြီး အရိုးဖြူတာအိုရှင်ရဲ့‌စောင့်ကြည့်မှုအောက်မှာပဲဆေးကိုမျိုချလိုက်တယ်

အရိုးဖြူတာအိုရှင်က အော်လိုက်တယ်

“မြန်မြန် ကျင့်ကြံကြ ဆေးရဲ့အစွမ်းကိုအကန့်အသတ်ရောက်တဲ့အထိစုပ်ယူလိုက်ကြ”

ပတ်ဝန်းကျင် ကအခြားရှစ်ယောက် က တပျဉ်ခွေ ကြက်ခြေခတ်ချိတ်ထိုင်လိုက်ပြီး သူတို့ရဲ့ကျင့်ကြံခြင်းနည်းလမ်းနဲ့ စကျင့်ကြံကြတယ် ကောင်းကင်နဲ့မြေပြင်ရဲ့‌ဝိဉာဏ်ရေးချီတွေကို ကိုယ်ပိုင်အဖြစ်စုပ်ယူလိုက်တော့ သွေးချီတွေက သူတို့ခန္ဓာကိုယ်ကိုဝန်းရံလာပြီးအရှိန်အဟုန်နဲ့တက်လာတယ်

ချီမင်လည်းတစ်ခြားရွေးချယ်စရာမရှိပေ။

ချီမင်လည်းသူတို့လိုပဲ လိုက်ထိုင်လိုက်နိုင်တယ်ဒါပေမယ့်သူရဲ့စိတ်ကရှုပ်ထွေးနေတယ် သွေးသရဲဆေးရည်တွေကသူအစာအိမ်ထဲပျော်သွားပြီး အဲ့ဒါကချီမင်ရဲ့ကိုယ်အပူချိန်ကိုမြင့်လာစေပြီး သူတစ်ကိုယ်လုံးနီရဲသွားစေတယ်

ကံကောင်းတာက ချီမင်း ကူးပြောင်းလာတော့မူလကိုယ်ရဲ့မှတ်ဉာဏ်တွေကရှိနေသေးတယ် တိမ်စိမ်းချီ သန့်စင်ခြင်းပညာကိုရှာတွေ့သွားပေမယ့် ဘယ်လိုကျင့်ကြံရမလဲကြမသိတော့ဘူး သူမူလကိုယ်ရဲ့ မှတ်ဉာဏ်အတိုင်းလိုက်လုပ်ရုံပဲရတော့တယ်

အဆုံးကျတော့ သွေးသရဲဆေးရဲ့ အာနိသင်အများစုကချီမင်ကြောင့် အလေအလွင့်ဖြစ်ကုန်တယ်

တစ်နာရီကြာ‌တော့ကျင့်ကြံနေတာကပြီးဆုံးသွားခဲ့တယ်

တစ်ခြားရှစ်ယောက်ရဲ့ကျင့်ကြံခြင်းအဆင့်က ရှင်းရှင်းလင်းလင်းကိုတိုးသွားတယ် ချီမင်တစ်ယောက်တည်းပဲ မူလကနဲ့အတူတူ‌‌ဖြစ်နေတယ်။

ဘာမှကိုမပြောင်းလဲသွားတာကအရိုးဖြူတာအိုရှင်ကို စက်ဆုပ်သွားစေသည်။

“ဘယ်လို‌တောင်သုံးစားမရတဲ့ကောင်လဲ မင်းသွေးသရဲဆေးကိုစားပြီး မင်းရဲ့အရည်အချင်းကို ဘဝသက်တမ်း၁၀နှစ်သုံးပြီးလှုံဆော်တာ‌တောင်ဘာမှမပြောင်းလဲဘူး”

အရိုးဖြူတာအိုရှင်က” နောက်တစ်ခါသွေးသရဲဆေးစားလို့ဘာမှမပြောင်းရင် မင်းဝိဉာဏ်ကိုမီးအိမ်အဖြစ်သန့်စင်ပြီး သွေးအလောင်းကောင်လုပ်ပစ်မယ် သွေးသရဲဆေးရဲ့ဆုံးရှု့းမှုကိုကာမီဖို့”လို့ပြောလိုက်တယ်

ချီမင် ထိတ်လန့်သွားပြီး ခေါင်းတစ်ခုလုံးကျင်တတ်သွားတယ်“အရှင် ကိုယ်စားလှယ်ခင်ဗျ, မစိုးရိမ်ပါနဲ့ဗျ.‌နောက်တစ်ကြိမ်ကျအရှင့်ကိုစိတ်မပျက်စေရပါဘူးဗျ”

“သက်တမ်း10နှစ်, အဲ့တာကဘဝသက်တမ်းရဲ့10နှစ်, ငါအသက်ရှင်ဖို့10နှစ်ကြီးတောင်နည်းသွားပြီ”ချီမင်သူ့နှလုံးသားထဲကနေငိုနေမိတယ်

ဘေးနားကတစ်ခြရှစ်ယောက်ကမတူညီတဲ့မျက်နှာဖုံးတွေတပ်ထားပြီး ချီမင်ကိုယ်တိုင်လည်းတူတူ‌ပဲဖြစ်သည်။. သူကမျက်နှာဖုံးအနက်ကိုဝတ်ထားပြီး သူ့မူလသွင်ပြင်ကိုမှန်းဖို့မလွယ်ပေ။

“ထွက်သွားကြ‌တော့”အရိုးဖြူတာအိုရှင်ကပြောလိုက်တယ်”

“ဟုတ်ကဲ့”

“ဟုတ်.”

“…”

ချီမင်နဲ့တစ်ခြားရှစ်ယောက်ကဦးညွှတ်ပြီးထွက်သွားခဲ့သည်။

သူထပ်ကြည့်လိုက်ချိန်ကြ,သူတို့ရှေ့မှာရှိတဲ့အရိုးဖြူတာအိုရှင်က‌ပျောက်ကွယ်သွားပေပြီသူ့ရဲ့အရှိန်အဝါနည်းနည်း‌တောင်မကျန်ပေ။ချီမင်နဲ့တစ်ခြားလူတွေကမသွားခင်တစ်ယောက်ကိုတစ်ယောက်သတိထားတဲ့အကြည့်နဲ့ကြည့်သွားသည်။

“ဘာတွေများဆက်ဖြစ်မလဲ”ချီမင်ကောင်းကင်ကြီးကိုပြောစရာစကားပျောက်ရှစွာကြည့်လိုက်တယ်

“ငါမနေ့ကပဲအလိုအလျှောက်ကျင့်ကြံခြင်းစနစ်(ဆော့စ်ဝဲလ်)ကိုတိုးတက်အောင်လုပ်နေတာဈေးကွက်ထဲချပြလို့ရသွားတဲ့အချိန်ကြရော ငါတကယ်ကူးပြောင်းသွားရော”

“ဒီနှစ်တစ်လျှောက်လုံးကြိုးစားလာတဲ့အချိန်တွေကအလဟသဖြစ်ကုန်‌ပြီ”

“ငါအခုအစေခံတပည့်ဖြစ်လာတဲ့အပြင်နတ်ဆိုးဂိုဏ်းရဲ့သူလျှိုဖြစ်လာရော ဒီနောက်ခံကရှင်သန်ဖို့တကယ့်ကိုခက်ခဲတာပဲ”

နောက်တော့ ချီမင်သူရဲ့စိတ်ထဲ မူလကိုယ်ရဲ့ ၁၈နှစ်စာ မှတ်ဉာဏ်တွေက ရုပ်လုံးပေါ်လာတယ်

မူလကကိုယ်က ချီကျေးရွာလို့ခေါ်တဲ့ရွာမှာ မွေးဖွားခဲ့တယ်။ သူအသက်၁၆နှစ်ရောက်တော့ ရွာကဓားပြအုပ်စုနဲ့ကြုံရပြီးဖျက်ဆီးခံခဲ့ရတယ်။ သူကမတော်တဆနဲ့ တိမ်စိမ်းတောင်ထွဋ်ကိုဝင်မိပြီးအစေခံတပည့်ဖြစ်လာတယ်။

ဒါပေမယ့် သူဂိုဏ်းကိုရောက်တာသုံးနှစ်ရှိပြီ သူအသက်၁၉နှစ်ထိ ချီသန်စင်ခြင်းပထမအဆင့်ရဲ့နှောင်းပိုင်းအဆင့်ထိပဲရောက်သေးတယ်

သူကချီသန့်စင်ခြင်းဒုတိယအဆင့်တောင်မရောက်သေးပေ။ ဒါမယ့်အပြင်စည်းဂိုဏ်းစစ်ဆေးပွဲကနောက်လဆိုရောက်ပြီ။

သုံးနှစ်ကြာအစေခံတပည့်အဖြစ်ဂိုဏ်မှာနေပြီးလို့ ချီသန့်စင်ခြင်းတတိယအဆင့်တောင်မရောက်ရင် ထုတ်ပယ်ခံရမှာဖြစ်တယ်

သူတို့စစ်ဆေးပွဲကိုသာအောင်ရင် အပြင်စည်းတပည့်ဖြစ်လာမှာပေ။

ဒါက တိမ်းစိမ်းတောင်ထွဋ်ရဲ့ စည်းကမ်းဖြစ်ပေသည်။

ဒါကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတစ်ခုလုံးရဲ့ စည်းမျည်းလည်းဖြစ်သည်။

မူလကိုယ်ရဲ့ ကျင့်ကြံခြင်းနဲ့အလားအလာက သူ့ကိုအပြင်စည်းဂိုဏ်းစစ်ဆေးပွဲကိုအောင်ဖို့ကမဖြစ်နိုင်ပေ။သူသာမအောင်ရင် တိမ်စိမ်းတောင်ထွဋ်ကနေထုတ်ပယ်ခံရပြီး ကျင့်ကြံဖို့အခွင့်အရေးမရ‌နိုင်တော့ပေ။

မူလကိုယ်က သဘာဝကျကျပဲ အရှုံးမပေးပေ။

အဲ့တာကြောင့် အရင်ရက်လောက်က သူအရိုးဖြူတာအိုရှင်ရဲ့ဖိတ်ကြားချက်ကိုလက်ခံပြီး နတ်ဆိုးဂိုဏ်းရဲ့သူလျှိုဖြစ်လာတယ်။ အရိုးဖြူတာအိုရှင်က သူ့ကျင့်ကြံခြင်းကိုတိုးမြင့်ဖို့တတ်နိုင်သလောက် အကူအညီပေးမယ်လို့ကတိပေးထာတယ်။အပြန်အလှန်အနေနဲ့ သူတိမ်စိမ်းတောင်ထွဋ်ရဲ့ အပြင်စည်းတပည့်ဖြစ်လာရင် အရိုးဖြူတာအိုရှင်အတွက်အလုပ်ပြန်လုပ်ပေးရမယ်။

အခုကြည့်ရတာ သူထောင်ချောက်တစ်ခုထဲကျသွားပုံရပြီး သူပြန်ထွက်ချင်ရင်တောင်မရနိုင်တော့ပေ။

“ငါအခုဘာလုပ်သင့်လဲ” ချီမင်အသက်ကိုပြင်းပြင်းရှုလိုက်ပြီး သူ့ကိုယ်သူစိတ်လျှော့ဖို့ကြိုးစားလိုက်တယ်

“လက်ရှိအခြေအနေအရ မူလကိုယ်က အကြောင်းပြချက်မရှိဘဲ သေပြီထင်တယ် ငါကသူနေရာကိုဝင်ယူလိုက်ရတော့မယ်”

“အခုအခြေအနေကြီးမှာ ငါဘာမှမစဉ်းစားနိုင်တော့ဘူး”

“ပထမဆုံး ငါဘယ်လိုကျင့်ကြံရမလဲတောင်မသိဘူး အဲ့ဒီသွေးသရဲဆေးလုံးက ငါ့သက်တမ်းဆယ်နှစ်ကိုလည်းလောင်ကျွမ်းသွားပြီ ငါသာ တစ်လလေးခါလောက်စားနေရင် ငါသက်တမ်း လေးဆယ်ကကုန်ပြီ”

“ ဒါကရိုးရိုးလေးနဲ့ လူသတ်တာပဲ”

“ငါအတိအကျကို သွေးသရဲဆေးပြားကိုထပ်စားလို့မရတော့ဘူး”

“တင်!”

“အလိုအလျှောက်ကျင့်ကြံခြင်းစနစ်(ဆော့လ်ဝဲ)ကိုကူးယူးနေပါသည်”

“ကူးယူခြင်းပြီးဆုံးပါပြီ”

“အလိုအလျှောက်ကျင့်ကြံခြင်းစနစ်(ဆော့လ်ဝဲ)မှကြိုဆိုပါတယ် ခလုတ်တစ်ချက်နှိပ်ခြင်းဖြင့် အလိုအလျှောက်ကျင့်ကြံခြင်းစတင်နိုင်ပြီး မြေအောက်အကျဉ်းစခန်းတွေကိုရှင်းလင်းနိုင်ပါပြီ အရမ်းလုံခြုံတဲ့နည်းလမ်းဖြစ်ပါတယ် အချိန်ကောင်းလေးပိုင်ဆိုင်နိုင်ပါစေ”

.လက်ခံသူ: ချီမင်

အဆင့်: ချီသန့်စင်ခြင်းပထမအဆင့်

ကျင့်ကြံခြင်းနည်းလမ်း: တိမ်စိမ်းချီကျင့်ကြံခြင်းပညာ

ဂါထာနည်းပညာ: တိမ်စိမ်းဓားနည်းပညာ

ရတနာ: မရှိ

ပစ္စည်း မရှိ

တစ်ချက်နှိပ်ကျင့်ကြံခြင်း: အသက်သွင်းနိုင်သည်။

စနစ်မျက်နှာပြင်က ရှင်းရှင်းလေးပေ။

ချီမင်စိတ်လှုပ်ရှားသွားတယ် ဒီခံစားချက်က အမှောင်ထဲမှာ လျှပ်စီးတောက်တော်ပပလျှက်သွားသလို သဲကန္တာရမှာ အိုအေစစ်တွေ့လိုက်ရသလိုပဲ

သူလည်းစနစ်ရှိကအကျိုးခံစားခွင့်တွေရပြီ။

သူအခု မျှော်လင့်ချက်တွေ စိတ်အားတက်ကြွမှုတွေ ပြည့်သွားသလိုပဲ

“ငါအခုအရင်‌အစေခံတန်းလျားကိုပြန်ရမယ်”

ချီမင် မြန်မြန်ပဲတောထဲက ထွက်လာပြီး သူနေတဲ့အဆင့်D အစေခံတန်းလျားကို ပြန်လာလိုက်တယ်။‌အစေခံဆယ်ယောက်တစ်ခန်းထဲနေရပြီး နှစ်ထပ်ကုတင်တွေပေါ်အိပ်နေကြတယ်

ချီမင်က တံခါးနဲ့နီးတဲ့ အောက်ထပ်ကုတင်မှာနေတယ်

ချီမင် ခဏလောက်သူကျောင်းသားအိပ်ဆောင်ဆီပြန်ရောက်သွားသလိုခံစားလိုက်ရတယ်။

သေချာတာကတော့ အစေခံတပည့်အိပ်ဆောင်တွေကအရမ်းရိုးရှင်းတယ်။ ရိုးရှင်းတဲ့သစ်သားအခန်းငယ်လေးပေ။ အများသုံးအိမ်သာအပြင် ဘာမှထပ်မရှ်ိပေ။

“အလိုအလျှောက်ကျင့်ကြံခြင်းစနစ်(ဆော့လ်ဝဲ)ကိုအသက်သွင်းပါ”

ချီမင် တစ်ခြား ကိုးယောက်အိပ်နေချိန်ကို အခွင်းကောင်းယူလိုက်တယ် သူအိပ်ယာပေါ်လှဲလိုက်ပြီး မျက်လုံးတွေကိုပိတ်လိုက်တယ် ဒါပေမယ့်သူစနစ်မျက်နှာပြင်ကိုမြင်နေရတုန်းပဲ။

“တင်!”

“အောင်မြင်ပါသည်။”

“ကျေးဇူးပြုပြီး အလိုအ‌ေလျှာက်ကျင့်ကြံချင်သည့် ကျင့်ကြံခြင်းနည်းစနစ် သို့မဟုတ် ဂါထာနည်းလမ်းကို ရွေးချယ်ပေးပါ။”

“ပထမ: တိမ်စိမ်းချီသန့်စင်ခြင်းပညာ”

“ဒုတိယ: တိမ်စမ်းဓားပညာရပ်”

“အခုလက်ရှိ သင်တစ်ခါသာလုပ်ဆောင်ခွင့်ရှိပြီး လေ့ကျင့်ဖို့ ကျင့်ကြံခြင်းနည်းလမ်း သို့မဟုတ်ဂါထာနည်းပညာ တစ်ခုသာလေ့ကျင့်နိုင်ပါသည်။ ပိုပြီးကျင့်ကြံချင်ပါက ဝိဉာဏ်ကျောက်တုံးတွေဖြည့်သွင်းပါ”

ချီမင်ကလက်ရှိ ကျင့်ကြံခြင်းအဆင့်ကိုမြင့်တာကအကောင်းဆုံးလို့ထင်တယ်။

“ငါ တိမ်စိမ်းချီသန့်စင်ခြင်းပညာကိုရွေးတယ်”

“တင်!”

“တိမ်စိမ်းချီသန့်စင်ခြင်းပညာကိုလေ့ကျင့်နေပါသည်။”

ရင်းနှီးစွာသတိပေးချက်: ဝိဉာဏ်ကျောက်တုံးဖြည့်သွင်းခြင်းကကျင့်ကြံခြင်းအရှိန်ကိုမြင့်တင်ပေးနိုင်ပါတယ်။

“ဝိဉာဏ်ကျောက်တုံး”ချီမင် ခဏလောက်စဉ်းစားသွားတယ်။”မူလကိုယ်ရဲ့မှတ်ဉာဏ်ထဲမှာတော့ သုံးနှစ်လောက်ချွေတာစုဆောင်းခဲ့တာ‌တောင် သူ အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးကိုးလုံးပဲစုမိတယ်။ဒါပေမယ့် ရှစ်လုံးကအရိုးဖြူတာအိုရှင်ယူသွားပြီ အခုတစ်လုံးပဲကျန်တယ်။

“အဲ့ဒါဖွက်ထားတဲ့နေရာက...”

ချီမင်တစ်ဖက်ကိုလှည့်လိုက်ပြီး သူအဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးကိုအခေါင်းလေးထဲကမထုတ်မိခင်ထိညာဘက်လက်နဲ့ကုတင်ထောင့်စွန်းကိုတူးလိုက်တယ်။

အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံက ကျောက်စိမ်းဖြူတုံ‌နဲ့ဆင်ပြီး လက်မအရွယ်အစားပဲရှိတယ်။ သူကစိန်တုံးပုံစံရှိပြီး အလင်းဖျော့ဖျော့ထွက်နေတယ်။

“တင်!”

“လက်ခံသူမှာ အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးရှိကြောင်းစစ်ဆေးမိပါသည်။ ဂိမ်းမြေအောက်စခန်းကိုဖွင့်ဖို့အသုံးပြုနိုင်ပါသည်။ အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးကို လက်မှတ်အဖြစ်နဲ့ ဂိမ်းထဲရှိမြေအောက်စခန်းတွေကိုဝင်နိုင်ပါပြီ။”

“အသက်သွင်းလိုက်” ချီမင်ကပြောလိုက်တယ်

“တင်”

“အသက်သွင်းမှုအောင်မြင်ပါတယ် ချီသန့်စင်ခြင်းပထမအဆင့်မြေအောက်စခန်း:အရိုးတောင်ဓာပြစခန်းကို ဝင်နိုင်ပါတယ်”

ပုံရိပ်တွေက ချီမင်ရဲ့စိတ်ထဲ ဇာတ်ကားတစ်ကားလိုမျိုး ဝင်လာတယ်။ အဲ့ဒါကဂိမ်းကို ကျော်ဆော့ရတာနဲ့တူတယ်။မြန်မြန်ဆန်ဆန်နဲ့ပဲ ဂိမ်းကဆက်‌သွားနေတယ်

ဂိမ်းဇာတ်လမ်းထဲမှာ‌တော့ ညကမှောင်မဲနေပြီး လေကပြင်းထန်နေတယ်

အရိုးတောင်ပေါ်မှာ ဓားပြအုပ်စုတစ်စုရှိတယ်။အုပ်စုကတစ်ရာကျော်လောက်ရှိပြီး ဒီနေရာကိုသူတို့ကြီးစိုးနေကြတယ်။သူတို့ကမီးရှို့တယ် လူသတ်တယ် လုယက်တယ်။ သူတို့ကရာဇဝတ်မှုမျိုးစုံကိုကျူးလွန်ပြီး ရွာသားတွေကို ထိခိုက်စေတယ်

ဒီညမှာတော့ ဓားအင်မော်တယ်သူရဲကောင်းတစ်ယောက်ကကောင်းကင်ကနေသက်ဆင်းလာခဲ့တယ်

အစကတော့သူမှာလက်နက်မပါပေမယ့် သူကလျင်လျင်မြန်မြန်နဲ့ပဲ ဓားပြတွေရှိကသံဓားတစ်ချောင်းကိုလုယူလိုက်တယ်။ သူကဓားပြတွေကို တောင်ထိပ်တစ်ခုလုံးသွေးတွေဖုံးလွှမ်းသွားတဲ့အထိတိုက်ခိုက်ခဲ့တယ်။

ဓာပြတွေရဲ့အလောင်းကမြေပြင်ကို ဖုံးအုပ်သွားခဲ့တယ်။

မသိလိုက်ပဲနဲ့ချီမင်အိပ်ပျော်သွားခဲ့တယ်။

နောက်တစ်နေ့မနက်မှ သူနိုးလာတယ်

“တင်!”

“သင်ဂိမ်းထဲကအရိုးတောင်ဓားပြစခန်းကိုတစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်”

“သင် အဆိပ်ဖြေဆေးပြားတစ်ပြား အရိုးဓားတစ်လက်

အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးဆယ်လုံးလက်ခံရရှိပါတယ်”

“သတင်းကောင်းကမနက်စောစောစီးစီးကြားလိုက်ရတာပဲ”

ချီမင် ဒါကိုမြင်လိုက်ရချိန်ပျော်သွားတယ်။

All Chapters