သွေးမိစ္ဆာဂူ
Vol. 1 Ch. 2
ချီမင် အိပ်ရာကနေ စောစောထလ်ိုက်ပြီး သူ့နေရာကနေထွက်လာလိုက်တယ်။ သူလူရှင်းပြီးတိတ်တဲ့နေရာကိုရှာလိုက်ပြီး အဆိပ်ဖြေဆေးပြားကိုထုတ်လိုက်တယ်။ အဲ့ဆေးကအနက်ရောင်ဆေးပြားပုံစံပေ။အပေါ်ကိုအနီးကပ်စစ်ကြည့်လိုက်တော့ ဆေးပြားပုံစံအင်းကွက်လေးတွေတွေ့ရတယ်။သူ့ရှိကဆေးနံ့သင်းသင်းလေးလည်းရနေတယ်။
ပစ္စည်း: အဆိပ်ဖြေဆေးပြား
ဖော်ပြချက်: အရိုးတောင်ဓာပြစခန်း မြေအောက်ခန်းမှရရှိထားသော ပစ္စည်းဖြစ်သည်။ ချီသန့်စင်ခြင်းအဆင့်ရှိ ကူအဆိပ်အများစုကိုဖြေနိုင်သည်။
ချက်ချင်းကို အဆိပ်ဖြေဆေးပြားရဲ့ဘေးမှာ ဖော်ပြချက်မျက်နှာပြင်လေးပေါ်လာတယ်
အဆိပ်ဖြေဆေးပြားရဲ့ အခြေခံအကြောင်းအရာကို အကြမ်းမျဉ်းဖော်ပြထားသည်။
“အရိုးဖြူတာအိုရှင်က နတ်ဆိုးဂိုဏ်းကလာတာဆိုတော့သူ့နည်းလမ်းတွေကရက်စက်တယ်။ မနေ့ညက ငါ့အလားအလာကနိမ့်တော့ဆေးစွမ်းတွေ အလေအလွင့်ဖြစ်ကုန်တယ်။သူက ငါ့ဝိဉာဏ်ကိုမီးအိမ်အဖြစ်သန့်စင်ပြီး ခန္ဓာကိုယ်ကိုကျသွေးအလောင်းကောင်လုပ်ပစ်မယ်တဲ့”
ချီမင်က သူ့ထင်တာတော့”ငါခန့်မှန်းကြည့်ရသလောက် သွေးသရဲဆေးပြားက ဘဝသက်တမ်းကို မကုန်စေရုံလောက်ပဲမဟုတ်ဘူး။ငါတို့ကိုထိန်းချုပ်ဖို့နည်းလမ်းလည်းရှိရမယ်။”
“တစ်ခြားတစ်ခုများ”
“တစ်ခြားအစေခံတွေသွေးသရဲဆေးကိုစားပြီးတော့ သူတို့ကျင့်ကြံခြင်းတွေတိုးတက်လာပြီး သူတို့အပြင်စည်းဂိုဏ်တပည့်အဖြစ်အောင်အောင်မြင်မြင်ရောက်သွားလိမ့်မယ်။သူတို့သာ နတ်ဆိုးဂိုဏ်ကိုသစ္စာဖောက်ခဲ့ရင် အရိုးဖြူတာအိုရှင်ကသူ့ရဲ့စိတ်ရှည်မှုတွေကုန်သွားလိမ့်မယ်။”
“ဒီအဆိပ်ဖြေဆေးပြားက အရိုးတောင်ဓားပြစခန်းကကျတာဆိုတော့အနာဂတ်ကျရင် ထပ်ရနိုင်သေးတယ်။ငါအထင်ပြောရရင် သူ့တန်ဖိုးကသာမန်လောက်ပဲ။ အခုအရင်သုံးကြည့်တာပေါ့။”
“ဂလု”
ချီမင်က အဆိပ်ဖြေဆေးပြားကိုစားလိုက်တယ်။ဆေးပြားကအရည်ပျော်သွားပြီး သူ့ပါးစပ်ထဲကတစ်ဆင့်သူ့လည်ပင်းထဲလျှောဝင်သွားပြီး အစာအိမ်ထဲရောက်သွားတယ်။ဆေးအရသာလိုမျိုးနည်းနည်းခါးပြီး ဆေးအစွမ်းကခန္ဓာကိုယ်ကိုမြန်မြန်ပျံ့သွားတယ်။
ခဏနေကျတော့ ချီမင်အစာအိမ်ကတုန်လာပြီး မအီမသာခံစားရလာတယ်။ သူကိုယ့်သူမထိန်းနိုင်တော့ပဲ ချွဲကျိနေတဲ့အနက်ရောင်အရာတစ်ခုကို အန်ချလိုက်တယ်
အဲ့တာကမြေပြင်ကိုကျလာတယ်
“ဒါက...”
ချီမင်သူ့ခေါင်းကိုငုံ့ပြီးကြည့်လိုက်တော့ လက်မအရွယ် အနက်ရောင်ဂူပိုးကောင်ကို သူ့မျက်လုံးနဲ့မြင်လိုက်ရတယ်။ကင်းခြေများလိုမျိုးတူပြီး သူ့နားချွဲကျိကျိအရည်တွေဝန်းရံနေတယ်။အကြိမ်အနည်းငယ်လောက်ခုန်နေပြီးမှအဲ့အကောင်ကသေသွားတယ်
“ဒါကတကယ့်ကို ကင်းခြေများနဲ့တူတဲ့ခြေရှစ်ချောင်းနဲ့ အနက်ရောင်ဂူကောင်ပဲ။”
ချီမင်ခေါင်းတစ်ခုလုံးကျိန်းသွားတယ်။မူလကိုယ်ရဲ့မှတ်ဉာဏ်အရ ချီမင်ဒီဂူပိုးကောင်ကိုသိသွားခဲ့တယ်။
“နှလုံးဝါးမြိုဂူပဲ အရိုးဖြူတာအိုရှင် ကတကယ့်ကိုလူကောင်းမဟုတ်ဘူး။သူတကယ့်ကိုဒီနှလုံးဝါးမြိုဂူကောင်ကို သွေးသရဲဆေးပြားထဲထည့်ထားတယ်။”
“ဟင်းး ”
ချီမင်သူ့ကိုယ်သူစိတ်ငြိမ်အောင်လုပ်လိုက်တယ် သူထင်ထားတဲ့အတိုင်းလိုပဲ”ဒီကမ္ဘာကြီးကအန္တာရယ်များလွန်းတယ်။ငါကူးပြောင်းလာတာတောင်မကြာသေးဘူး။အခုဒီလိုတွေဖြစ်နေပြီ။ကံကောင်းတာက
ငါ့မှာအလိုအလျှောက်ကျင့်ကြံခြင်းစနစ်(ဆော့စ်ဝဲလ်)ရှိနေလို့ပဲ အဲ့ကနေသွေးသရဲဆေးပြားကိုရလိုက်လို့။ တကယ်လို့ နှလုံးဝါးမြိုဂူပိုးကောင်သာ ငါ့နှလုံးကိုဝါးမြိုသွားရင် အင်မော်တယ်(မသေမျိုး)တောင်ဆင်းကယ်လို့မလွတ်ဘူး။”
ကလန်!
ချီမင် အရိုးဓားကိုထုတ်လိုက်တယ်။ဓားရဲ့ဓားသွားကရှည်လျားပြီး ပါးလွတယ်သူ့ဓားတစ်ချောင်းလုံးကအစိမ်းနက်ရောင်ရှိတယ်။သူရဲ့အပေါ်မှာ အရိုးခေါင်းပုံတွေထွင်းတာကိုကြည့်ရတာ လမ်းမှန်ဂိုဏ်းရဲ့ လက်နက်တစ်ခုနဲ့မတူပေ။
ဒါတောင် ဒီအရိုးမှော်ဓားသွားကသံမဏိကိုတောင်ရွှံလိုမျိုးပိုင်းဖြတ်လို့ရတယ်။ဒါကချီသန့်စင်ခြင်းအဆင့်မှာတကယ့်ကိုကောင်းမွန်တဲ့ ရတနာလက်နက်တစ်ခုပေ။
နောက်ရက်အနည်းငယ်ကြာပြီးနောက်
ချီမင် အဆင့်Dအစေခံတန်းလျားမှာပဲနေနေခဲ့တယ်။မနက် နေ့လည် ညနေ အချိန်ရောက်မှပဲ ကန်တင်းသွား ထမင်းစားရုံကလွဲပြီးအပြင်မထွက်တော့ပေ။
သုံးရက်ကြာပြီးနောက် နေ့လည်တွင်
တင်!
“တိမ်စိမ်းချီသန့်စင်ခြင်းပညာရပ်ကို သုံးရက်ကြာ အလိုလျှောက်ကျင့်ကြံခဲ့ပါတယ်။သင်ကောင်းကင် နဲ့မြေပြင်ရဲ့ဝိဉာဏ်ရေးချီတွေကိုနားလည်ခဲ့ပြီး သင့်ကိုယ်ကိုဝင်ရောက်ခဲ့ပါတယ်။သင့်ကျင့်ကြံခြင်းအဆင့်တိုးတက်လာပါပြီးချီသန့်စင်ခြင်းဒုတိယအဆင့်ကိုအောင်မြင်စွာချိုးဖြတ်နိုင်ခဲ့ပါသည်။”
ဘူစ်း ဘူးစ်!
ချီမင် သူ့ခန္ဓာကိုယ်ကပြောင်းလဲမှုကိုချက်ချင်းကိုခံစားမိလိုက်တယ်။တိမ်စိမ်းချီကျင့်ကြံခြင်းပညာကသူ့ကိုယ်ထဲမှာလည်ပတ်နေခဲ့တယ်။ များပြားလှတဲ့ ဝိဉာဏ်ချီတွေက သူကိုယ်ထဲကိုလောင်းချလိုက်သလိုဝင်လာပြီး ဒန်တျန်းထဲကိုရောက်သွားတယ်။
ဒုတိယမြောက်ချီစွမ်းအင်လုံးလေးက တိမ်တိုက်စိမ်းပုံလေးနဲ့ပေါ်လာတယ်။
ဒါကကျင့်ကြံခြင်းတိုးတက်သွားခြင်းပေ။
သူချီသန့်စင်ခြင်းဒုတိယအဆင့်ရဲ့အစောပိုင်းအဆင့်ကိုရောက်သွားခဲ့တယ်။
“အိုခေ”ချီမင်ပျော်ရွှင်ကြည်နူးသွားတယ်
သိထားရမှာက တိမ်စိမ်းချီကျင့်ကြံခြင်းပညာရပ်အရ ချီသန့်စင်ခြင်းအဆင့်မှာဆို တစ်စုံတစ်ယောက်ကတိမ်တိုက်စိမ်းချီစွမ်းအင်လုံးကိုးလုံးကို ဒန်တျန်းထဲမှာသိပ်သည်းပုံဖော်နိုင်တယ်။ချီစွမ်းအင်လုံးအရေအတွက်၉လုံးနဲ့၉ဆင့်ခွဲထားပေတယ်။
ပထမအဆင့်ချီသန့်စင်ခြင်းကအနိမ့်ဆုံးဖြစ်ပြီးကိုးဆင့်မြောက်ကတော့အမြင့်ဆုံးဖြစ်တယ်။
ထပ်ပြီးတော့ သူကတာအိုအခြေခံကို တည်ဆောက်ပြီးတော့ အခြေခံတည်ဆောက်ခြင်းအဆင့်ကိုဝင်နိုင်ပေတယ်။
တောင်စိမ်းတောင်ထွဋ်မှာတော့ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတွေအကုန်ကအတွင်းစည်းတပည့်တွေပဲဖြစ်သည်။
သူတို့ကအဆင့်အတန်းမြင့်မားကြတယ်။
“တင်း!”
“အရိုးတောင်ဓားပြစခန်း မြေအောက်စခန်းကိုသုံးရက်ကြာရှင်းလင်းခဲ့ပါတယ်”
“သင် မြေအောက်အကျဉ်းစခန်းကိုသုံးကြိမ်ရှင်းလင်းခဲ့ပါတယ်”
“သင် အဆိပ်ဖြေဆေးပြားတစ်ပြား အရိုးဝတ်ရုံတစ်ထည် အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး သုံးဆယ်ရရှိပါတယ်”
အရိုးဝတ်ရုံက ချီသန့်စင်ရေးအဆင့် ခုခံရေးအသုံးအဆောင်ရတနာတစ်ခုဖြစ်တယ်
တင်း!
“လက်ခံသူက ချီသန့်စင်ရေးဒုတိယအဆင့်ရောက်ရှိသွားတာကိုစစ်ဆေးမိပါသည်။ချီသန့်စင်ရေးအဆင့်မြေအောက်စခန်းရဲ့ ဆုလာဘ်များလျှော့နည်းသွားပါပြီ။ မြေအာက်စခန်းအသစ်တစ်ခုကိုဖွင့်နိုင်ပါပြီ။ အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးနှစ်တုံးကိုလက်မှတ်အဖြစ်အသုံးပြုပြီးဂိမ်းေမြေအာက်စခန်းထဲကိုဝင်နိုင်ပါသည်။”
.
“မြေအောက်စခန်းအသစ်ကိုအသက်သွင်းလိုက်”ချီမင်ကပြောလိုက်တယ်။
တင်း!
“အသက်သွင်းခြင်းအောင်မြင်ပါသည်။ချီသန့်စင်ခြင်းဒုတိယအဆင့် သွေးမိစ္ဆာဂူကိုဝင်ရောက်နိုင်ပါပြီ။”
ဂိမ်းမျက်နှာပြင်မှာဖော်ပြထားပေသည်။
ပထမဆုံးချီမင် မှောင်မဲနေတဲ့ဂူဝကိုတွေ့လိုက်ရပေတယ်။ဂူက သုံးမီတာအချင်းလောက်ရှိပြီး အထဲကနေအနီရောင်အလင်းတွေဖြာထွက်နေတယ်။နည်းနည်းလောက်လှမ်းဝင်လိုက်တာနဲ့ သိပ်သည်းနေတဲ့သွေးရောင်အရှိန်အဝါတွေနဲ့နှုတ်ဆက်လိုက်ရတယ်
နာမည်: သွေးမိစ္ဆာဂူ
နတ်ဆိုးဂိုဏ်းရဲ့တပည့်တွေက ရွာဆယ်ရွာရှိက တစ်ထောင်ထက်ပိုတဲ့လူတွေကို အမဲလိုက်သလိုသတ်ဖြတ်ခဲ့သည်။တစ်ထောင်ထက်ပိုတဲ့အလောင်းတွေက သွေးတွေ နားကြည်းချက်တွေနဲ့ပြည့်နှက်နေတယ်။သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ကို ချီသန့်စင်ရေးဓမ္မရတနာ ကိုသန့်စင်ဖို့ သွေးမိစ္ဆာကန်ကိုဖန်တီးခဲ့ကြသည်။
ဒါပေမယ့် အဆုံးမှာ နတ်ဆိုးဂိုဏ်းရဲ့တပည့်က သန့်စင်ခြင်းဖြစ်စဉ်ကိုကျရှုံးသွားပြီးတန်ပြန်သက်ရောက်မှုကိုခံစားလိုက်ရသည်။ သူတို့သေဆုံးသွားပြီးသူတို့တာအိုကပျောက်ကွယ်သွားတယ်။သူတို့ဝိဉာဏ်ကသွေးမိစ္ဆာကန်ကြောင့်ကွဲထွက်သွားပြီး ယနေ့ထိတိုင်သွေးမိစ္ဆာကန်ကတော့ကျန်ရှိနေသေးသည်။
သွေးမိစ္ဆာကန်ထဲမှာတော့ ရွာသားတစ်ထောင်က သူတို့သေပြီးနောက်မှာသွေးမိစ္ဆာသရဲအဖြစ်ပြောင်းလဲသွားကြတယ်။
ဒီနေ့မှာတော့ အကြောက်အရွံကင်းတဲ့ဓားအင်မော်တယ်ကဆင်းသက်လာခဲ့တယ်။သူက အရိုးဓားကိုကိုင်ရင်း အရိုးဝတ်ရုံကိုဝတ်ဆင်ထားပေတယ်။သူကတိမ်စိမ်းဓားနည်းပညာကိုအသုံးပြုတယ်။ သူ့ရဲ့ဓားအလင်းက တိမ်တိုက်စိမ်းနဲ့တူပြီး နူးညံပျော့ပျောင်းပေတယ် ဒါမယ့်အစွမ်းထက်လှတယ်။
သွေးမိစ္ဆာကန်ထဲက သွေးမိစ္ဆာသရဲတွေက ဒီဓားအင်မော်တယ်ကြောင့်နောက်ဘဝကိုပို့ဆောင်ခံလိုက်ရပေတယ်။
“ဆက်ပြီးတော့တိမ်စိမ်းချီ ကျင့်ကြံခြင်းပညာကို အလိုအလျှောက်ကျင့်ကြံပါ”ချီမင်ကပြောလိုက်တယ်။
တင်း!
“လက်ခံသူတွင် အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၃၅တုံးရှိကြောင်း စစ်ဆေးမိပါတယ်။အဲ့တာတွေကိုအလိုအလျောက်ကျင့်ကြံနေချိန်တွင်ကျင့်ကြံခြင်းမြန်နှုန်းကိုမြင့်တင်ဖို့သုံးနိုင်ပါတယ်။ အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးဆယ်လုံးတိုင်းက ၁၀၀ရာခိုင်နှုန်းတိုးမြင့်ေပးနိုင်ပါတယ်။”
“ထည့်လိုက်ထည့်လိုက်..”ချီမင်တိုက်ရိုက်ပဲပြောလိုက်တယ်
“ငါအဆင့်နိမ့် ဝိဉာဏ်ကျောက်တုံးသုံးဆယ်ကို ဖြည့်သွင်းမယ်။”
တင်း!
“ဖြည့်သွင်းခြင်းအောင်မြင်ပါသည်။ နောက်တစ်နေ့ အလိုအလျှောက်ကျင့်ကြံရာတွင် မြန်နှုန်း300%ကိုတိုးမြင့်ရရှိပါမည်။”
မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်ရက်ကုန်သွားခဲ့တယ်။
တင်း!
“သင် သွေးမိစ္ဆာဂူတွင် တစ်ရက်ကြာ အလိုအလျှောက်ကျင့်ကြံခဲ့ပါတယ်။
သင် သွေးသရဲမိစ္ဆာအဆောင်တစ်ခု သွေးဝိဉာဏ်ဆေးပြားတစ်ပြား အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၂၀ရရှိခဲ့ပါတယ်”
တင်း!
“တိမ်စိမ်းချီသန့်စင်ခြင်းပညာရပ်ကို သုံးဆမြင့်တင့်မှုအောက်တွင်တစ်ရက်ကြာ ကျင့်ကြံခဲ့ပါတယ်။ သင့်ကျင့်ကြံမှုဖြစ်စဉ်ကြီးမားစွာတိုးတက်ခဲ့ပါတယ်။သင် ချီသန့်စင်ခြင်း ဒုတိယအဆင့် အလယ်ပိုင်းအဆင့်ကိုချိုးဖြတ်နိုင်ခဲ့ပါသည်။”
ဘူးဇ်!
တကယ့်ကို
ချီမင်ရဲ့ခန္ဓာကိုယ်ထဲက ချီစွမ်းအင်လုံးကထပ်ပြောင်းသွားတယ်။ ဝိဉာဏ်ရေးချီတွေက ဝင်လာပြီး မြန်မြန်ပဲ ဖြည့်သွင်းသွားတယ်။ချီတွေက ချီစွမ်းအင်လုံးထဲပေါင်းစပ်သွားပြီး အရွယ်အစားကိုနှစ်ဆဖြစ်သွားစေတယ်။
“ဒီတိုးတက်နှုန်းက တကယ်မြန်တာပဲ”
ချီမင် ပြုံးလိုက်တယ်” ငါအဆင့်နိမ်ဝိဉာဏ်ကျောက်တုံးနှစ်ဆယ်ကို ဖြည့်မယ် ပြီးရင် တိမ်စိမ်းချီသန့်စင်ခြင်းပညာကိုဆက်ကျင့်ကြံမယ်။ငါ အဆင့်နိမ့်ချီကျောက်တုံး၂တုံးကိုသုံးပြီး သွေးမိစ္ဆာဂူကိုဝင်မယ်။”
ဆွတ်စ်!
ချီမင်သွေးမိစ္ဆာသရဲအဆောင်ကို ထုတ်လိုက်တယ်
အဲ့တာက စတုဂံပုံစံ သွေးနက်ရောင်အဆောင်တစ်ခုပုံစံဖြစ်ပြီး သရဲပုံစံဆွဲချက်တွေနဲ့ဖုံးအုပ်ထားတယ်
ပစ္စည်း: သွေးမိစ္ဆာသရဲအဆောင်
ဖော်ပြချက်: အသုံးပြုပြီးနောက်, ချီသန့်စင်ခြင်းတတိယအဆင့်ရှိသွေးမိစ္ဆာသရဲတစ်ကောင်ကိုဆင့်ခေါ်နိုင်ပါသည်။
“ဒါတကယ်ကောင်းတဲ့ပစ္စည်းပဲ”ချီမင်ကျေနပ်သွားတယ်
ပစ္စည်း: သွေးဝိဉာဏ်ဆေးပြား
ဖော်ပြချက်: အသုံးပြုပြီးနောက်, ဒဏ်ရာတွေကို ကုသနိုင်ပြီး သွေးကိုအလျင်အမြန်ပြန်ဖြည့်တင်းနိုင်ပေသည်။
ရှင်းရှင်းလင်းလင်းကိုပဲ သွေးဝိဉာဏ်ဆေးပြားက ပြန်ဖြည့်တင်းတဲ့ဆေးပဲ
“မဆိုးဘူး မဆိုးဘူး”
ချီမင်ပိုပြီးကျေနပ်သွားတယ်”အခု ငါအခက်အခဲနှစ်ခုနဲ့ရင်ဆိုင်နေရတယ်။ပထမက အရိုးဖြူတာအိုရှင်နဲ့ရက်အနည်းငယ်အတွင်းမှာရင်ဆိုင်ရမယ်။ဒုတိယက အပြင်စည်းဂိုဏ်းစစ်ဆေးပွဲပဲ။”
“ငါ အရိုးဖြူတာအိုရှင်ကိုထပ်တွေ့ဖို့မစောင့်နိုင်တော့ဘူး။သွေးသရဲဆေးပြားကိုထပ်စားဖို့ကငါ့အတွက်မဖြစ်နိုင်တော့ဘူး။ဘာပဲဖြစ်ဖြစ် နှလုံးဝါးမြိုဂူကောင်ကငါ့ကိုယ်ထဲမရှိတော့ဘူး။ ငါအစေခံတန်းလျားထဲပုန်းနေသမျှ အရိုးဖြူတာအိုရှင်က ငါ့ကိုဘာမှလုပ်နိုင်မှာမဟုတ်ဘူး။”
“ဒါကြောင့်မလို့ ငါ အပြင်စည်းဂိုဏ်စစ်ဆေးပွဲကိုပဲ အာရုံစိုက်ဖို့လိုတယ်။”
“တကယ်လို့ အရိုးဖြူတာအိုရှင်က ငါကိုပြသနာလာပေးရင်တောင် ငါ အလိုအလျှောက်ကျင့်ကြံခြင်းစနစ်(ဆော့လ်ဝဲ)ကို နေတိုင်းသုံးပြီး ဂိမ်းထဲကမြေအောက်စခန်းတွေရှင်းနေရင် ငါကျင့်ကြံခြင်းအဆင့်က အရိုးဖြူတာအိုရှင်ကိုဖြတ်ကျော်သွားမယ်လို့ယုံတယ်။”
“အဲ့ဒီအချိန်ကိုရောက်ရင်…”
“ငါ့မှာသူ့ကိုဖြေရှင်းဖို့နည်းလမ်းတွေအများကြီးရှိလာလိမ့်မယ်။”