စမ်းသပ်မှုအသေးစား
Vol. 1 Ch. 3
မျက်စိတစ်မှိတ်အတွင်းမှာပဲ ချီမင် ကူးပြောင်းလာခဲ့တာ ၇ရက်မြောက်ရှိခဲ့ပါပြီ။
၇ရက်မြောက်ကာလလည်းပြီးဆုံးတော့မယ်။
နေမွန်းတည့်ချိန်မှာ
ဒင်!
“တိမ်စိမ်းချီကျင့်ကြံရေးပညာကို နှစ်ဆသက်ရောက်မှုနဲ့ သုံးရက်ကြာကျင့်ကြံခဲ့ပါတယ် ချီသန့်စင်ခြင်းအဆင့်သုံးရဲ့အစောပိုင်းအဆင့်ကိုရောက်ရှိသွားပါပြီ။”
ဗျစ်!ဗျစ်!
ချက်ချင်းဆိုသလိုပဲ ချီမင်ရဲ့ခန္ဓာကိုယ်ထဲမှာ တိမ်စိမ်းချီသန့်စင်ခြင်းပညာရပ်ကို အလိုလျောက်လှည့်ပတ်လိုက်တယ်။ဘေးပတ်၀န်းကျင်မှာရှိတဲ့၀ိဉာဏ်ချီတွေဟာသွေးကြောတွေကနေတစ်ဆင့်သူ့ခန္ဓာကိုယ်ထဲကိုတိုး၀င်လာပြီးတော့ချီစွမ်းအင်အဖြစ်သန့်စင်လိုက်တယ်။
တတိယမြောက်ချီစွမ်းအင်လုံးလေးကသူ့ရဲ့ဒန်တျန်ထဲမှာပေါ်လာခဲ့တယ်။
ချီသန့်စင်ခြင်းအဆင့်သုံးရဲ့အစောပိုင်းအဆင့်ကိုရောက်သွားခဲ့တယ်။
ဒင်!
“သင်သွေးမိစ္ဆာဂူတွင်သုံးရက်ကြာအလိုအလျှောက်ကျင့်ကြံခဲ့ပါတယ်”
“သင်မြေအောက်အကျဥ်းစခန်းကိုသုံးကြိမ်ရှင်းလင်းခဲ့ပါတယ်”
“သင်သွေးမိစ္ဆာအလံသန့်စင်ခြင်းနည်းလမ်း သွေးမိစ္ဆာသရဲအဆောင်တစ်ခု အဆင်နိမ့်၀ိဉာဏ်ကျောက်တုံး ၆၀ ရရှိခဲ့ပါတယ်။”
“ကောင်းတယ်,ကောင်းတယ်,ကောင်းတယ်” ချီမင် အပျော်လွန်သွားတယ်။
“ငါနောက်ဆုံးတော့ချီသန့်စင်ခြင်တတိယအဆင့်ရောက်ခဲ့ပြီ။ဘယ်လိုပဲဖြစ်ဖြစ်ငါအပြင်စည်းဂိုဏ်းစစ်ဆေးပွဲရဲ့အဓိကအချက်ကိုဖြည့်စည်းပြီးသွားပြီပဲ။ဂိုဏ်းကနေနှင်ထုတ်ခံရမှာကိုငါစိတ်ပူစရာမလိုတော့ဘူး။”
ဒီလိုတွေးပြီးတော့ချီမင်သက်သာရာရတဲ့သက်ပြင်းတစ်ချက်ချလိုက်တယ်။
အပြင်ဘက်လောကကြီးကအရမ်းအန္တရယ်များလွန်းတယ်။ဂိုဏ်းထဲမှာနေပြီးကျင့်ကြံရတာပိုပြီးအန္တရယ်ကင်းတယ်။
ဘုန်း!
ရုတ်တရတ်တံခါးဟာတွန်းဖွင့်ခံလိုက်ရတယ်။ချီမင်လှမ်းကြည့်လိုက်ပြီးတော့ ရင်းနီးတဲ့ ရုပ်နဲ့လူကရေပုံးလိုလှိမ့်လာခဲ့တယ်။
လုံးနေတဲ့ရေပုံးနဲ့တူတဲ့ရင်းနီးတဲ့ရုပ်နဲ့လူကမြေကြီးပေါ်ကုန်းထလာတယ်။သူ့ကိုယ်ပေါ်မှာရှိတဲ့မြေကြီးနဲ့ဖုန်မှုန့်တွေကိုလျစ်လျူရှုပြီးတော့ချီမင်ကိုလှမ်းအော်လိုက်တယ်။
“ချီမင်,ချီမင်,အမြန်နေရာတစ်ခုရှာပြီးပုန်း။”
“ဘာလဲဟ”ချီမင်ကြောင်သွားတယ်။
“ယဲ့တျန်း,ဘာဖြစ်လို့လဲ?။မင်းကိုဘာကဒီလောက်ပျာယာခတ်အောင်လုပ်လိုက်တာလဲ?။”
“အဲ့တာငမိုက်သားလီဖေးယန်ပဲ။”
အသက်ပြင်းပြင်းတစ်ချက်ရှုပြီးယဲ့တျန်းပြောလိုက်တယ်”အပြင်စည်းဂိုဏ်းစစ်ဆေးပွဲစတော့မှာမဟုတ်ဘူးလား။ချီသန့်စင်ခြင်းအစောပိုင်းတတိယအဆင့်ကိုလီဖေးယွမ်မနေ့တုန်းကချိုးဖျက်သွားတယ်။”
“သူအခုအရမ်းအတင့်ရဲနေတယ်။”
“အစေခံတပည့်တွေအများကြီးကသူပြစ်မှတ်ထားတာခံနေရတယ်။သူတို့ရဲ့နှစ်များစွာစုစောင်းထားတဲ့၀ိဉာဏ်ကျောက်တုံးတွေကိုလီဖေးယွမ်လုယူသွားတယ်။ငါ့မှာ၀ိဉာဏ်ကျေက်တုံးတွေထပ်မရှိတော့ဘူး။”
“သူတို့အခုဒီကိုလာနေပြီ။”
“အမြန်နေရာတစ်ခုရှာပြီးပုန်း။မဟုတ်ရင်မင်းခက်ခက်ခဲခဲနဲ့ရှာထားတဲ့၀ိဉာဏ်ကျောက်တုံးတွေအလုခံရလိုက်မယ်။”
“လီဖေးယွမ်။”
ချီမင်ကဒီနာမည်ကိုရင်းနီးနေတယ်။
အဆင့် D အစေခံတန်းလျားတစ်ခုလုံးမှာမှအစေခံတပည့်စုစုပေါင်း၁၀၀ပဲရှိတယ်။အဲဒီထဲကမှလူအနည်းငယ်ကကျင့်ကြံခြင်းအရည်အချင်းအသင့်အတင့်ရှိပြီးတော့အပြင်စည်းတပည့်ဖြစ်လာဖို့အခွင့်အရေးရှိတယ်။
လီဖေးယွမ်ကလည်းသူတို့ထဲကတစ်ယောက်ဖြစ်နေတယ်။
တစ်ကယ်လည်းမနေ့တုန်းကလီဖေးယွမ်ကချီသန့်စင်ခြင်းတတိယအဆင့်အစောပိုင်းကိုချိုးဖျက်ခဲ့တယ်။
ဒါပေမဲ့လီဖေးယွမ်ကအခြားအပြင်စည်းတပည့်တွေရဲ့၀ိဉာဏ်ကျောက်တုံးတွေကိုလုယက်လာတယ်။အဲ့တာနည်းနည်းမိုက်ရိုင်းသွားပြီ။သူတို့တွေအားလုံးကအစေခံတပည့်တွေပဲလေ။အဆင့်နိမ့်၀ိဉာဏ်ကျောက်တုံးအနည်းငယ်စုဖို့ဘယ်လောက်ခက်ခဲလည်းဆိုတာကိုသူလည်းသိတယ်။
နောက်ဆုံးတော့,လီဖေးယွမ်အားသုံးပြီးတော့လုယူသွားတယ်။
ဒါပေါ့သူပေါ်တင်ကြီးတော့မလုပ်ဘူးပေါ့။
ရှင်းရှင်းပြောရမယ်ဆိုရင်သူ့ကို၀ိဉာဏ်ကျောက်တုံးတွေမပေးဘူးဆိုရင်သူကမင်းကိုအကြောင်းပြချက်မရှိဘဲနဲ့ရိုက်လိမ့်မယ်။ဒါပေမဲ့တိမ်စိမ်းတောင်ထိပ်ရဲ့စည်းမျဥ်းတွေကိုတော့မချိုးဖောက်ဘဲနဲ့ပေါ့။သူကမင်းက်ု၀ိဉာဏ်ကျောက်တုံးတွေမပေးမချင်းသွားခွင်းပေးမှာမဟုတ်ဘူး။
“ငါ့မှာ၀ိဉာဏ်ကျောက်တုံးတွေမကျန်တော့ဘူး။ချီမင်တီးတိုးပြောလိုက်တယ်။
ရှေ့ရက်အနည်းငယ်ကချီမင်အမြဲလိုလိုကျင့်ကြံဖို့၀ိညာဏ်ကျောက်တုံးတွေကိုသုံးနေရတယ်။သူမြေအောက်အကျဥ်းထောင်ကရတဲ့၀ိဉာဏ်ကျောက်တုံးတွေကိုလည်းအကုန်သုံးလိုက်ပြီးပြီ။အခုသူ့မှာသွေးမိစ္ဆာဂူကိုဖွင့်ဖို့အတွက်အဆင့်နိမ့်၀ိညာဏ်ကျောက်တုံးနှစ်ခုပဲကျန်တော့တယ်။
ရုတ်တရပ်အပြင်ကလှောင်ရယ်နေတဲ့အသံတစ်ခုထွက်လာခဲ့တယ်။
“ယဲ့တျန်းမင်းသူ့ဆီလာပြီးအသိပေးရလောက်တဲ့အထိတော်တော်ရဲရင့်နေတယ်ပေါ့”
ချီမင် အပေါက်ဝကိုလှမ်းကြည့်လိုက်တယ်
၁.၈မီတာလောက်ရှည်တဲ့ကြွက်သားတွေနဲ့လူတစ်ယောက်က ရပ်နေတယ်။သူ့အသားအရေကကြေးရောင်သန်းနေပြီး တိမ်စိမ်းတောင်ထွဋ်ရဲ့အစေခံတပည့်ဝတ်စုံကို ဝတ်ထားတယ်။
သူကတော့လီဖေးယွမ်ပေ။
သူ့ဘေးမှာ နောက်လိုက်အနည်းငယ်ရောရှိပေသည်။
ကြည့်ရတာက အဖွဲ့တစ်ခုဖွဲ့ထားပုံရတယ်။
“လီဖေးယွမ်..”
ယဲ့တျန်းကအပြင်ဘက်တွင်ကြမ်းတမ်းပုံပေါ်ပေမယ့် အတွင်းကတော့ပျော့ညံ့ပေတယ်။သူကအပြင်မှာကြမ်းပုံပေါ်ပေမယ့်စိတ်ကတော့ကြောက်နေပေပြီ။
“မင်းနောင်တမရနဲ့..”
ဒါကတိမ်းစိမ်းတောင်ထွဋ်ရဲ့အစေခံတန်းလျားနော်။ မင်းဒီမှာလူတွေကိုရိုက်လို့မရဘူး။”
“ယဲ့တျန်း”
သိမ်းငှက်နှားခေါင်းပုံနဲ့လီဖေးယွမ်ဘေးကသူ့နောက်လိုက်ကပြောလာတယ်
“မင်းဘာကိစ္စကိုပြောနေတာလဲ။စီနီယာလီဖေးယွမ်ကဘယ်လိုလို့လူရိုက်ရမှာလဲ။”
“စီနီယာ လီဖေးယွမ်က အပြင်စည်းဂိုဏ်စစ်ဆေးပွဲကိုဝင်ဖြေတော့မှာ။ ဒါပေမယ့်သူက လူတိုင်းရဲ့ကျင့်ကြံခြင်းကမလုံလောက်တာကိုတွေ့ရတယ်။အဲ့ဒါကြောင့်သူရဲ့တန်းဖို့ရှိလွန်းတဲ့အချိန်တွေကိုယူပြီး လှုပ်ရှားမှုအနည်းငယ်သင်ပေးမလို့ကို။”
“မင်းကကျေးဇူးမတင်တဲ့အပြင် စီနီယာလီဖေးယွမ်ကိုစော်ကားနေတယ်။ဒါကတော်တော်စိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းတာပဲ။”
“ဟားဟား..”လီဖေးယွမ်က အူလိုက်သည်းလိုက်ရယ်မော်လိုက်တယ်။”ပြောတာကောင်းတယ်။ကောင်တယ်။”
“မင်း…မင်း…” ယဲ့တျန်းကဒေါသထွက်လွန်းလို့တုန်သွားတယ်။
သိထားရမှာ ယဲ့တျန်းက လီဖေးယွမ်ရှ်ိကအရိုက်ခံရပြီးပြီ။သူမျက်နှာကအခုထိ ခရမ်းရောင်သန်းနေတုန်းပဲ။သူရဲ့သင်ခဆိုပြီး အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးငါးတုံးကိုလည်းပေးလိုက်ရတယ်။
“မင်း..မင်း…”လီဖေးယွမ် ချီမင်ကိုကြည့်လိုက်ပြီး လက်မောင်းကိုရင်ဘတ်ရှေ့ပိုက်လိုက်ကာ”မြန်မြန် လာခဲ့။ငါမင်းကိုအကွက်နည်းနည်းလောက်သင်ပေးပါရစေ။ငါ ညွန်ကြားမှုနဲ့ဆို မင်းလည်းမကြာခင်ချိုးဖြတ်နိုင်မယ်လို့ယုံတယ်။
“မင်းကငါ့ကိုသင်ပေးချင်တယ်။”ချီမင်ကသူ့ကိုသူလက်ညိုးထိုးပြလိုက်ပြီး “မလိုပါဘူးအဲ့တာက။”
လီဖေးယွမ်က အော်လိုက်တယ်”ကြောက်မနေစမ်းနဲ့။မြန်မြန်လာငါ့အချိန်တွေမဖြုန်းနဲ့။ငါတစ်ခြားနေရာတွေသွားရဦးမယ်။”
ချီမင်က စိတ်ဝင်တစားနဲ့ကြည့်လာတယ်။
သူလီဖေးယွမ်ကိုသူ့ သိုင်းပညာအရည်အချင်းကိုစစ်ဖို့သုံးလို့ရလောက်မယ်။
“ဒါဆို ငါစီနီယာကိုဒုက္ခပေးရတော့မှာပဲ။”
“မစိုးရိမ်ပါနဲ့”လီဖေးယွမ်ရဲ့နှုတ်ခမ်းထောင်စွန်းကရက်စက်တော့မယ်ဟန်နဲ့ကွေးတက်သွားတယ်။သူ့လက်သီးတွေကိုဆုတ်လိုက်တော့အဆစ်ကျိုးသံတောင်ကြားလိုက်ရတယ်။
“ငါမင်းကိုဂရုစိုက်ပေးပါ့မယ်။”
“ချီမင် မင်းဂရုစိုက်ဖို့လိုတယ်။”ယဲ့တျန်းကသူမကူညီနိုင်ပေမယ့်ပြောလိုက်သေးတယ်။
“ငါချီမင်ကိုသိတယ်။သူကအစေခံတပည့်တွေထဲမှာ အရည်အချင်းအနိမ့်ဆုံးတစ်ယောက်လေ။သူအခုထိကိုချီသန့်စင်ခြင်းပထမအဆင့်မှာပဲရှိသေးတာ။သူတော့သင်ခန်းစာပေးခံရတော့မယ်။”
“သေချာတာပေါ့”
“လီဖေးယွမ်က ချီသန့်စင်ခြင်းတတိယအဆင့်ရဲ့အစောပိုင်းအဆင့်ကိုရောက်နေတာ။ချီမင်က သဘာဝကျကျနဲ့ကိုအရိုက်ခံရပြီး သူ့ဝိဉာဏ်ကျောက်တုံးတွေအလုခံရတော့မယ်။”
“ဘယ်လိုမှကိုကူညီလို့မရတော့ဘူး။”
“အားနည်းတဲ့လူတွေကအနိုင်ကျင့်ခံသင့်တယ်။”
ဘေးပတ်ဝန်းကျင်မှာတော့ အစေခံတပည့်တွေက ပြပွဲကိုတိီးတိုးပြောရင်းကြည့်နေကြတယ်။
“သောက်ကလေး ငါလှုပ်ရှားမှုကိုကြည့်” လီဖေးယွမ်ကအော်လိုက်ပြီး မြေကြီးကိုစောင့်လိုက်တယ်။သူ့ခန္ဓာကိုယ်ကကြွတက်သွားပြီး သူ့လက်သီးကချီမင်မျက်နှာကို ရွယ်လိုက်တယ်။
အဲ့နားမှာလေတွေတောင်တိုက်လာတယ်။
ဘုန်း!
အဆုံးမှာ ချီမင်ကသူ့ညာလက်ကိုမြောက်လိုက်ပြီးလီဖေးယွမ်ရဲ့လက်သီးကိုဖမ်းလိုက်တယ်။သူ့ညာလက်ကလီဖေးယွမ်ရဲ့လက်သီးကိုတင်းတင်းဆုပ်ထားတယ်။
“မင်း!!!” လီဖေးယွမ်ရဲ့မျက်လုံးတွေပြူးသွားတယ်။သူတကယ်ကိုအံ့ဩသွားတယ်။
ချီမင်ကပြုံးလိုက်ပြီး “စီနီယာအစ်ကို ဒီမနက်ထမင်းမစားခဲ့ဘူးလား။စီနီယာရဲ့လက်သီးကအားပျော့လိုက်တာ။”
“ဒါက..ဒါက..”ယဲ့တျန်းမျက်လုံးတွေကမြင်လိုက်ရတာတွေကြောင့်ပြူးကုန်တယ်။
“ဘယ်လိုဖြစ်နိုင်မှာလဲ ချီ...ချီမင်က လီဖေးယွမ်ရဲ့လက်သီးကိုဖမ်းလိုက်တယ်။”
“လီဖေးယွမ်က ချီသန့်စင်ခြင်းတတိယအဆင့် အစောပိုင်းအဆင့်မှာကို ချီမင်ကအရင်ရက်လောက်ကထိချီသန့်စင်ခြင်းပထမအဆင့်နှောင်းပိုင်းအဆင့်လေးကို”
“ဘာတွေဖြစ်ကုန်တာလဲဟ”
“ချီမင်က အစကတည်းကချီသန့်စင်ခြင်းတတိယအဆင့်ကိုရောက်နေတာလား။”
ဘေးနားမှာလည်းတစ်ခြားအစေခံတပည့်တွေထိတ်လန့်ကုန်တယ်
“စီနီယာ အခုငါ့အလှည့်နော်။”
ချီမင် လီဖေးယွမ်ရဲ့အစာအိမ်ကိုကန်လိုက်တယ်။လီဖေးယွမ်ကအမြန်တုန့်ပြန်လိုက်ပြီး ချီမင်ရဲ့လက်ကနေ ရှောင်ထွက်လိုက်တယ်။
ကလန်!
ချီမင် အိပ်ရာအောက်ကဖွက်ထားတဲ့အရိုးဓားကိုထုတ်လိုက်ပြီးတိမ်စိမ်းဓားပညာရပ်ကိုသုံးလိုက်တယ်။ တိမ်စိမ်းဓားပညာရပ်ကအရမ်းကိုသာမန်ဆန်ပေမယ့်ချီမင်ရဲ့လက်ထဲမှာတော့ သူ့ရဲ့ဝိဉာဏ်ချီလှည့်ပတ်မှု့နဲ့အတူအစိမ်းရောင်ဓားအလင်းတန်းတွေထွက်လာတယ်။
လီဖေးယွမ်ရဲ့မျက်လုံးကကြောက်ရွံ့မှုနဲပြည့်လာတယ်။သူကတိမ်စိမ်းကျားငါးကောင်ချိတ်ပိတ်ခြင်းပညာကိုကျင့်ကြံပေမယ့် ချီမင်ရဲ့ဓားအလင်းအောက်မှာ အသုံးမပြုနိုင်ပဲဆက်တိုက်ကိုနောက်ဆုတ်လိုက်ရတယ်
“အားးး!!” စူးစူးဝါးဝါးအော်သံကထွက်လာတယ်။
လီဖေးယွမ်ကပျံထွက်သွားတယ်။သူ့ရင်ဘက်မှာ တော်တော်နက်တဲ့ဒဏ်ရာကအရိုးဓားကြောင့်ပေါ်လာတယ်။သူမြေပြင်ပေါ်လဲကျသွားပြီး သူ့အဝတ်အစားကိုသွေးတွေစွန်းလာတယ်။
.
လူအားလုံးတိတ်ဆိတ်ကုန်တယ်။
လီဖေးယွမ်ရဲ့အော်သံသာကျန်တော့တယ်
လူအားလုံးကြောင်သွားကြတယ်။
“ဒါကြီးက”
ချီမင်နှုတ်ခမ်းတွန့်ပြီး လျှောက်သွားလိုက်တယ်။သူလီဖေးယွမ်ဘေးမှာစောင့်ကြောင့်ထိုင်ချလိုက်ပြီး လီဖေးယွမ်ရှိကဝိဉာဏ်ကျောက်တုံးတွေယူလိုက်တယ်။