← Chapters

သွေးလင်းနို့ပျော်စံရာဂူ

Vol. 1 Ch. 4

သွေးလင်းနို့ပျော်စံရာဂူ

Vol. 1 Ch. 4

“ငါ့ကောင်တို့ ဝိဉာဏ်ကျောက်တုံးတွေလွှဲပေးလိုက်တော့”

ချီမင် လီဖေးယွမ်မှာဝိဉာဏ်ကျောက်တုံးဘယ်နှစ်တုံးရှိလဲ မရေ‌နေတော့ဘူး။ သူထရပ်လိုက်ပြီး လီဖေးယွမ်ရဲ့လက်ပါးစေတွေကိုတစ်ချက်ကြည့်လိုက်တယ်။

“စီနီယာ… စီနီယာချီ…”

“ဒါ ဒါတွေကငါ့ရဲ့ဝိဉာဏ်ကျောက်တုံးတွေ.”

“ကျေးဇူးပြုပြီးလက်ခံပေးပါ စီနီယာ”

လီဖေးယွမ်ရဲ့လက်ပါးစေတွေက အရမ်းကြောက်သွားကြပြီးခြေထောက်တွေပျော့ခွေကုန်တယ်။ သူတို့တွေသူတို့ရဲ့ဝိဉာဏ်ကျောက်တုံးအကုန်ထုတ်ယူလိုက်ပြီး တလေးတစားနဲ့ ချီမင်ကို လွှဲပေးလိုက်တယ်။

“ပေး “ချီမင်သူ့လက်ကိုရမ်းပြီးလှမ်းယူလိုက်တယ်

“ဟုတ် ဟုတ် ဟုတ် .”

“ငါတို့မှာရှိတာကုန်ပါပြီ ငါတို့အရှုံး‌‌ေပးပါတယ်.”

နောက်လိုက်လက်ပါးစေတွေက အပြင်းအထန်ဒဏ်ရာရသွားတဲ့လီ‌ဖေးယွမ်ကိုသယ်ပြီး ကြွက်ကကြောင်ကိုတွေ့လိုက်ရသလိုမျိုးမြန်မြန်ပဲပြေးထွက်သွားကြတယ်။မြေပြင်ပေါ်မှာကျန်ခဲ့တဲ့သွေးတွေကသာဘာဖြစ်ခဲ့လဲသက်သေပြနေတယ်။

“မင်းတို့ထပ်ကြည့်ချင်သေးတာလား။”

ချီမင်က တစ်ခြားအစေခံတပည့်တွေကိုတစ်ချက်ကြည့်လိုက်ပြီး “ဒါမှမဟုတ်မင်းတို့မှာရှိတဲ့ဝိဉာဏ်ကျောက်တုံးတွေပေးချင်လို့လား။”

“ဂုဏ်ပြုပါတယ် စီနီယာချီ စီနီယာရဲ့ကျင့်ကြံခြင်းက တိုးတက်သွားပြီ။ စီနီယာ ချီသန့်စင်ခြင်းတတိယအဆင့်တောင်ချိုးဖြတ်သွားပြီ။ အပြင်စည်းတပည့်ဖြစ်ဖို့ကအချိန်တစ်ခုပဲလိုတော့တယ်။အနာဂတ်မှာ စီနီယာက အမြင့်ကိုရောက်ပြီး မသေမျိုး အင်မော်တယ်ဖြစ်လာ‌တော့မယ်။ အနာဂတ်မှာ ပျံသန်းနိုင်ပြီးတော့လွတ်လပ်မှုကိုရရှိတော့မယ်။

“ဂုဏ်ပြုပါတယ် စီနီယာချီ”

“စီနီယာချီက အရမ်းစွမ်းအားကြီးတာပဲ။ လီဖေးယွမ်တောင်သင်ခန်းစာပေးခံလိုက်ရပြီးအဆင့်Dအစေခံတန်းလျားကိုပြန်ပြီးငြိမ်းချမ်းသွားအောင်လုပ်ပေးလိုက်တာပဲ။”

“စီနီယာချီရဲ့ဓားနည်ပညာကအရမ်းလွှမ်းမိုးနိုင်တာပဲ။တိမ်စိမ်းဓားပညာရပ်က မယှဉ်ပြိုင်နိုင်လောက်အောင်ပဲ။”

အနားမှာရှိတဲ့ အစေခံတပည့်တွေက ချီမင်သူတို့

ဝိဉာဏ်ကျောက်တုံးတွေယူမှာကြောက်လို့ချက်ချင်းကိုမြှောက်ပင့်လာကြတယ်။

“မင်းတို့အကုန်ထွက်သွားလို့ရပြီ”ချီမင်ပြောလိုက်တယ်။

“ဟုတ်ကဲ့”

“ဟုတ်.”

မျက်စိတစ်မှိတ်ကြာပြီးနောက်

အဆင့်Dအစေခံတပည့်တွေအကုန်ထွက်သွားကြပြီးချီမင်နဲ့ ယဲ့တျန်းပဲကျန်တော့တယ်။

ချီမင်ရဲ့စိတ်အခြေအနေက လီဖေးယွမ်ပေးတဲ့ အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး 258တုံးကြောင့်စိတ်အခြေအနေကောင်းနေတယ်။

စဉ်းစားကြည့်ရင် လီဖေးယွမ် ကဝိဉာဏ်ကျောက်တုံးတော်တော်များများလုထားတာပဲ

ဒီပမာဏလောက်ဆိုရင် သူသေတဲ့အထိအရိုက်ခံရမှာကို မကြောက်တာအံ့ဩစရာမဟုတ်ဘူးပဲ။

ဒီဟာတွေအထောက်အပံ့နဲ့ဆို ချီမင်ရဲ့ကျင့်ကြံခြင်းအမြန်နှုန်းကတော်တော်ကိုတိုးတက်လာမှာ

“ချီ.. ချီမင် မင်းတကယ်က”

ယဲ့တျန်း သူအသိဝင်လာတော့ သူအံ့ဩနေတဲ့အမူအရာကမှေးမှိန်သွားတယ်

သူစကားတောင်ဖြောင့်ဖြောင့်မပြောနိုင်တော့ဘူး။

“ငါချီသန့်စင်ခြင်းတတိယအဆင့်ကို မကြာသေးခင်ကမှချိုးဖြတ်ထားတာ”ချီမင်စိတ်မဝင်စားဟန်ဖြင့်ပြောလိုက်ပြီး ဘာမှထပ်မပြောတော့ဘူး။

ယဲ့တျန်းရဲ့မျက်လုံးတွေမြင့်တက်သွားတယ်”အံ့ဩစရာပဲ။ငါ့ညီအစ်ကိုက ငါမထင်ထားလောက်အောင်စွမ်းအားကြီးတာပဲ။ငါအခုတကယ်ကြောင်သွားတာ။”

“မင်းဝိဉာဏ်ကျောက်တုံး ဘယ်နှစ်တုံးပေးလိုက်ရတာလဲ။”ချီမင်မေးလိုက်တယ်။

“ငါးလုံးတည်းပါ.” ယဲ့တျန်းပြောလိုက်တယ်

“ငါမင်းကိုအခုပြန်ပေးမယ်”

ချီမင် အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးငါးတုံးကိုယဲ့တျန်းကိုပြန်ပေးလိုက်တယ်။

ယဲ့တျန်းကမယူလိုက်ပေ။အဲ့အစားသူက”ငါအဲ့ဒီဝိဉာဏ်ကျောက်တုံးတွေမလိုပါဘူး။ငါ့အရည်းအချင်းနဲ့ဆို ချီသန့်စင်ခြင်းဒုတိယအဆင့်ရဲ့အစောပိုင်းအဆင့်ပဲရောက်မှာ။ငါအတွက်တော့အပြင်စည်းဂိုဏ်စစ်ဆေးပွဲမတိုင်ခင် ချီသန့်စင်ခြင်းတတိယအဆင့်ရောက်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ငါမင်းကိုပဲပေးလိုက်တော့မယ်။”ပြောလာတယ်။

ချီမင်ကပြုံးလိုက်ပြီး”သေချာတယ်ဆို ငါယူလိုက်ပြီ။”

“ငါနဲ့အတူအောင်ပွဲမခံနဲ့ဦး”ယဲ့တျန်းကဖြေလိုက်တယ်

“မှန်တာပေါ့”ချီမင်ကအပြုံးတစ်ခုနဲ့ဖြေလိုက်တယ်။

မှတ်ဉာဏ်တွေအရ အဆင့်Dအစေခံတန်းလျားတစ်ခုလုံးမှာ မူလကိုယ်မှာ သူငယ်ချင်းတစ်‌ယောက်ဖြစ်တဲ့ယဲ့တျန်းပဲရှိတယ်။သူတို့နှစ်ယောက်ကိုသူငယ်ချင်းကောင်းတွေကိုယူဆလို့ရတယ်။

တစ်ခြားရှစ်ယောက်နဲ့တစ်မိုးအောက်ထဲမှာနေပေမယ့်သူတို့ဆက်ဆံရေးကသာမန်ပါပဲ။မူလကိုယ်ကိုအနိုင်ကျင့်ပြီး သူတို့အဝတ်တွေလျှော်ပေးဖို့ဖိအားပေးတဲ့လူတောင်ရှိတယ်။

အခုချီမင်က ကူးပြောင်းလာပြီးဒီခန္ဓာကိုယ်ကိုပိုင်သွားပြီဆိုတော့သဘာဝကျကျပဲအရင်ကလိုကိစ္စတွေကိုအ‌ဖြစ်မခံတော့ဘူး။

ညနေမှာတော့ ဒီနေ့ဘာဖြစ်ခဲ့လဲဆိုတဲ့ကိစ္စတွေက အဆင့်Dအစေခံတန်းလျားတစ်ခုလုံးကိုပျံနှံ့သွားခဲ့တယ်။

ဖြစ်နိုင်တယ်လို့ပြောကြတာ‌ကတော့

အခြေခံအားဖြင့်အဆင့်Dအစေခံတန်းလျားကလူတွေက ချီမင် ကချီသန့်စင်ခြင်းအဆင့်သုံးကိုချိုးဖြတ်ပြီးသွားတဲ့လီဖေးယွမ်ကိုအနိုင်တိုက်လိုက်တဲ့ကိစ္စကိုပြောနေကြသည်။ဖြစ်နိုင်တာကချီမင်ရဲ့ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်းအဆင့်သုံး ဒါမှမဟုတ် အဲ့ထက်ပိုမြင့်နိုင်တယ်တဲ့။

ထပ်ပြီးတော့ပြောရရင်…

ကျင့်ကြံခြင်းအဆင့်နဲ့သန်မာမှုကိုမူတည်ပြီးတော့ အပြင်စည်းဂိုဏ်းကိုဝင်နိုင်တဲ့လူတွေကို အလုပ်ရှုပ်ခံပြီးအဆင့်စီတဲ့လူတွေတောင်ရှ်ိတယ်တဲ့။

သူတို့ထဲမှာ ချီမင်က နောက်ဆုံးထွက်ထားတဲ့စာရင်းအရ အဆင့်ကိုးမှာရှိပြီး လီဖေးယွမ်ကတော့တစ်ဆယ်မှာပေ။သူတို့ရှေ့မှာတော့တစ်ခြားသန်မာတဲ့ရှစ်ယောက်ရှိပေတယ်။

အဲ့ဒီညမှာ တစ်ခြားတစ်ခန်းထဲနေတဲ့ရှစ်ယောက်ကပြန်ရောက်လာတယ်

ဒုန်း

သူတို့ထဲကလေးယောက်ဖြစ်တဲ့ ကျူးရှောင်ရှန်း ကျန်းချင် ဟဲ့ပင်း ဟူဂန်းတို့လေးယောက်ကချီမင်ရဲ့ရှေ့မှာတစ်ချိန်တည်းဒူးထောက်လာကြတယ်။သူတို့ကချီမင်ရှေ့မှာခယနေပြီး သူတို့အရေပြားတွေစုတ်ပြဲပြီးသွေးထွက်လာတဲ့အထိ‌ဒူးထောက်ထားကြတယ်

“စီနီယာချီ ငါတို့အတိတ်မှာကန်းခဲ့တာပါ။ အရှက်ရစရာကိစ္စတွေလည်းအများကြီးလုပ်ခဲ့မိတယ်။ဒီနေ့ငါတို့မင်းကိုဒူးထောက်ပြီးတောင်းပန်ပါတယ်။စီနီယာချီကျေးဇူးပြုပြီးငါတို့ကိုခွင့်လွှတ်ပေးပါ။”

“ဒီဝိဉာဏ်ကျောက်တုံးတွေက ငါတို့အရင်နှစ်တွေကစုဆောင်းထားတာပါ။စုစုပေါင်း အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးအလုံးခြောက်‌ဆယ်ပါ။ ဒါကစီနီယာချီအပေါ်ငါတို့ရဲ့တောင်းပန်မှုပါ။ကျေးဇူးပြုပြီးလက်ခံပေးပါ။”

“…”

သူတို့ရဲဝိဉာဏ်ကျောက်တုံးတွေကိုလျော်ကြေးအဖြစ်မပေးခင်ထိ သူတို့လေးယောက်ကခေါင်းကိုနှိမ့်ထားပြီးဒူးထောက်နေကြတယ်။ အဲ့တာကိုပြောနိုင်တာက ချီမင်ရှိမှာသူတို့ကအလွန်ကိုရိုရိုကျိုးကျိုးနှိမ့်နှိမ့်ချချ တောင်ပန်းပြီး သူတို့ရဲ့လေးစားမှုကိုပြနေကြတယ်။

သေချာတာ ချီမင်ကထပ်ပြီး အားနည်းတဲ့ချီသန့်စင်ခြင်းပထမအဆင့်မှာမဟုတ်တော့လိုပေ။အဲ့ဒီအစား ချီသန့်စင်ခြင်းတတိယအဆင့်ရဲ့အစောပိုင်းအဆင့်ကိုရောက်နေလို့ပေ။သူကသေချာပေါက်ကို နောက်လမှာအပြင်စည်းတပည့်ဖြစ်လာမှာပေ။

အဲ့တာကြောင့်ကျူးရှောင်ရှန်းက ဒူးထောက်ပြီးတောင်းပန်နေတာဖြစ်တယ်။

“အဟွတ် အဟွတ်”

ဝူရှိလိန်ကငြင်သာစွာနဲ့ချောင်းဟန့်လိုက်တယ်။သူက ကျူးရှောင်ရှန်းနဲ့တစ်ခြားလူတွေမြေပြင်ပေါ်မှာဒူးထောက်နေတာကိုကြည့်လိုက်တယ်။မျက်လုံးပိတ်ပြီးအနားယူနေတဲ့ချီမင်ကိုရော။သူအကျိုးသင့်အကြောင်းသင့်ရှင်းမပြနိုင်လောက်အောင်ခံစားလိုက်ရတယ်။ဒါကခွန်းအားရဲ့အကျိုးကျေးဇူးပေါ့။သူချီမင်ကိုနည်းနည်းလေးစားသွားတယ်။

“စီနီယာ စီနီယာချီ ငါတို့ဒါကိုမေ့လိုက်ကြရအောင်”ကျန်းဝမ်ကိုတိုးတိုးပြောလိုက်တယ်။

“မေ့ပစ်ရမယ် ဘယ်လ်ိုမေ့ရမှာလဲငါတို့က”ယဲ့တျန်းကဒေါသနဲ့ပြောလိုက်တယ်။

“ကျူးရှောင်ရှန်း နဲ့တစ်ခြားလူတွေ စီနီယာချီကိုအရမ်းအနိုင်ကျင့်ခဲ့တာကို။အခု စီနီယာချီစွမ်းအားကြီးမှန်းသိမှ ချက်ချင်းပြေးလာပြီး အကြိမ်အနည်းငယ်လောက်ဒူ‌ထောက်အရိုအသေးပေးတာလေးနဲ့”

“ငါထင်တာ‌တော့ ငါတို့သူတို့ခြေထောက်ကိုချိုးသင့်တယ်။”

တစ်ခြားအစေခံတပည့်တွေကဘာမှမပြောပေ။သူတို့ကစောင့်ကြည့်သူသက်သက်ပေ။

“ယဲ့တျန်း သူတို့ဝိဉာဏ်ကျောက်တုံးတွေသွားယူလာခဲ့။”ချီမင်ကပြောလိုက်တယ်။

“ကောင်းပါပြီ”

ယဲ့တျန်းသွားပြီး အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၆၀ကိုကျူးရှောင်ရှန်းနဲ့တစ်ခြားလူတွေရှိက ယူလိုက်တယ်။ ပြီးတော့ သူအဲ့တာတွေအားလုံးကို ချီမင်ရှိပြန်လွှဲ‌ပေးလိုက်တယ်။

ချီမင် ကျူးရှောင်ရှန်းနဲ့တစ်ခြားလူတွေကိုကြည့်လိုက်ပြီးအသံနိမ့်နိမ့်နဲ့

“ဒီနေ့ကစပြီး ငါအပြင်စည်းဂိုဏ်းရှိမဝင်ခင်ထိ ငါအဝတ်အစားတွေ အိပ်ယာအခင်းတွေ စောင်တွေ အကုန်မင်းတို့လေးယောက်လျှော်ရမယ်။

မင်းတို့ကြားကြလား”

“ဟုတ် ဟုတ် ဟုတ်”ကျူးရှောင်ရှန်းခေါင်းကိုမြန်မြန်ညိတ်လိုက်တယ်။

“သူဌေးချီ သူဌေးရဲ့အဝတ်တွေလျှော်ပေးရတာကကျွန်တော်တို့အတွက်ကောင်းချီးပါပဲ။”ကျန်းချင်ဖားလိုက်တယ်။

“ဟုတ်တယ် ဟုတ်တာပေါ့”ဟူဂန်းကလည်းသဘောတူလိုက်တယ်။

“သူဌေးချီ ဒီနေ့ကစပြီး သူဌေး အပြင်စည်းဂိုဏ်းစစ်ဆေးပွဲပြင်ဆင်ဖို့ကိုပဲအာရုံစိုက်ဗျ။ငါတိူ့သူဌေးရဲ့ ဝေယျာ

ဝိစ္စတွေကိုကူပါမယ်။”

“သူဌေးချီ သူဌေးခြေထောက်တွေနှိပ်ပေးရမလား” ဟဲ့ပင်းက ပြုံးပြီးပြောလိုက်တယ်။

ချီမင်ရဲ့ မျက်နှာပေါ်မှာ အထင်သေးတဲ့အကြည့်ကပေါ်လာပြီး ဟဲ့ပင်းကိုမြေပေါ်ကန်ထုတ်လိုက်တယ်”သွားစမ်းပါ။ဘယ်လိုကြီးပြုံးနေတာလဲ။မင်းကယောက်ျားကြီးကို။”

“ဒန်း…”

ဝူရှိလိန် ကျန်းဝမ် နဲ့ယဲ့တျန်း အကုန်ကြောင်သွားကြတယ်။

ညရောက်လာသည်။

ဒီနေ့ကခုနှစ်ရက်မြောက်ပေ။

ဒါပေမယ့်

ချီမင်က တွေ့ဆုံပွဲကိုမသွားတော့ပေ။အဲ့ဒီအစား အလိုအလျှောက်ကျင့်ကြံခြင်းစနစ်ကိုသုံးပြီး သုံးခုမြောက်ဂိမ်းထဲကမြေအောက်အကျဉ်းစခန်းကိုဝင်သွားတယ်။

ချီသန့်စင်ခြင်းတတိယအဆင့်: သွေးလင်းနို့ပျော်စံရာဂူ

သူအဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၀၀ကို ဖြည့်လိုက်ပြီး တိမ်စိမ်းချီသန့်စင်ခြင်းပညာရပ်ကိုစတင်ကျင့်ကြံတော့တယ်။

တစ်ခြားတစ်ဖက် ဆိတ်ငြိမ်နေတဲ့တောအုပ်ထဲမှာတော့

အရိုးဖြူတာအိုရှင်ကထပ်ပေါ်လာတယ်။

“ဘာ” အရိုးဖြူတာအိုရှင်ကပတ်ပတ်လည်ကိုတစ်ချက်ကြည့်လိုက်ပြီးမျက်မှောင်ကြုတ်လိုက်တယ်။

“ဘာလို့တစ်ယောက်နည်းနေတာလဲ”

“ငါ....ငါမသိဘူး။”

“ဒါက…”

“ငါတို့လည်းမ‌သေချာဘူး။”

“…”

မျက်နှာဖုံးတပ်ထားတဲ့ အစေခံတပည့်ရှစ်ယောက်က ထိတ်လန့်သွားပြီးဘာမှထပ်မပြောရဲတော့ဘူး။သူတို့သတိကပ်ထားနေကြတယ်။

“မင်းတို့အကုန်အမှိုက်တွေပဲ။”

အရိုးဖြူတာအိုရှင်ကအေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီးဂရုစိုက်မနေတော့ဘူး။သူကသွေးသရဲဆေးပြားကိုပုံမှန်အတိုင်းထုတ်လိုက်ပြီးအစေခံတပည့်တွေကိုယူခိုင်းလိုက်တယ်။ဒ့ါပေမယ့်သူ့ဘာသာသူတွေးနေမိတာက”သွေးသရဲဆေးပြားကိုစားပြီးရင် နှလုံးဝါးမြိုဂူဆိပ်သင့်မှာပဲ။တစ်ဝက်တစ်ပျက်နဲ့ထွက်ပြေးရင်တောင်လွတ်ဖို့ကမဖြစ်နိုင်တော့ဘူး။”

“နောက်ခုနှစ်ရက်ကကြာရင် သွေးသရဲဆေးပြားကိုမစားလို့ကတော့ နှလုံးဝါးမြိုဂူကောင်ကအသက်ဝင်လာလိမ့်မယ်။အဲ့ဒီချိန်ကြရင်သူ့ကိုရှာစရာမလိုတော့ဘူး။သူသဘောနဲ့သူသေသွားလိမ့်မယ်။

“အဲ့ဒီအချိန်ရောက်လာရင်တော့…”

“ငါသူရဲ့အမှိုက်ဝိဉာဏ်ကို မီးအိမ်လုပ်ပစ်ပြီး သူ့ကိုယ်ကိုသွေးအလောင်းကောင်အဖြစ်သန့်စင်ပစ်မယ်။ငါ့သူကို သူ့ရဲသစ္စာဖောက်မှုကမလွတ်မြောက်နိုင်ပဲဘယ်လောက်တောင်စိတ်ပျက်ဖို့ကောင်းတဲ့အလုပ်လဲဆိုတာသက်သေပြပေးမယ်။”

All Chapters