ဝိဉာဏ်သားရဲ :နတ်ဆိုးလင်းနို့ပေါက်
Vol. 1 Ch. 5
ချီမင်စိတ်လှုပ်ရှားစွာနဲ့ပဲတစ်ညလုံးစောင့်နေလိုက်တယ်။သူအိပ်နေတုန်း အရိုးဖြူတာအိုရှင် သူကိုခြုံခိုတိုက်ခိုက်မှာကိုကြောက်နေရတာနဲ့ကောင်းကောင်းတောင်မအိပ်နိုင်ပေ။
ညတာကကုန်လွန်သွားပေမယ့်ဘာမှဖြစ်သွားခြင်းမရှိပေ။
ချီမင် သက်သာရာရတဲ့သက်ပြင်းတစ်ချက်ချလိုက်တယ်။
သူဘာသာသူတွေးလိုက်တယ်”အရိုးဖြူတာအိုရှင်ကမနေ့ညကငါ့ကိုလာမရှာဘူး။ငါမှာအချိန်ကျန်သေးတယ်။ငါမှာသာအချိန်လုံလုံလောက်လောက်ရှိရင်အရိုးဖြူတာအိုရှင်ရဲ့ကျင့်ကြံခြင်းအဆင့်ကိုမှီလာလိမ့်မယ်။”
ဒါပဲကောင်းတယ်။ငါ့ကျင့်ကြံခြင်းသာအရမ်းနိမ့်မနေရင် ငါစောင့်ကြည့်မခံရနိုင်တော့ဘူး။အရိုးဖြူတာအိုရှင်ကလည်းငါ့ကိုအာရုံစိုက်နေမှာမဟုတ်ဘူး။ဒါေပမယ့်အဲ့တာကပြဿနာနည်းနည်းတော့ရှိလာလိမ့်မယ်။
‘
နတ်ဆိုးဂိုဏ်းရဲ့တပည့်တစ်ယောက်အနေနဲ့ရိုးရိုးသားသားပြောရရင် အကြီးအကဲတွေရှိကအမိမခံရဘဲဘတိမ်စိမ်းတောင်ထွဋ်ရဲ့အစေခံတန်းလျားကိုဝင်နိုင်လိမ့်မယ်။
အကယ်လို့အမြင့်ပိုင်းအဆင့်ကတိမ်စိမ်းတောင်ထွဋ်ကလူတွေမှာလည်းနတ်ဆိုးဂိုဏ်းကလူတွေစိမ့်ဝင်နေမယ်ထင်တယ်။တစ်ယောက်ထက်လိမ့်မယ်။မဟုတ်ရင်အရိုးဖြူတာအိုရှင်ကလည်းအရမ်းသတ္တိရှိနေမှာမဟုတ်ဘူး
“ငါဂရုစိုက်ဖို့လိုသေးတယ်”ချီမင် သူကိုယ့်သူသတိပေးလိုက်တယ်။
နေ့လည်ခင်း
နေလည်စာစားပြီးနောက်
တင်း!
“သင် သွေးလင်းနို့ပျော်စံရာဂူမြေအောက်စခန်းတွင် တစ်ရက်ကြာ အလိုအလျှောက်ကျင့်ကြံခဲ့ပါတယ်။သင်ဂိမ်းမြေအောက်စခန်းကိုတစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။သင် သွေးလင်းနို့နတ်ဆိုးပေါက်တစ်ကောင်
အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးသုံးဆယ်ကိုရရှိခဲ့ပါတယ်။”
တစ်ချိန်တည်းမှာပဲ ချီမင် ရှင်းလင်းသွားတဲ့မြေအောက်စခန်းမြင်ကွင်းကိုတွေ့လိုက်ရတယ်။
တောင်တစ်သောင်းတောင်ထိပ်ရဲ့ အစွန်းအဖျားတွင်
လင်းနို့တောင်တစ်တောင်ရှိပေတယ်။
လင်းနို့တောင်ကိုကြီးမြတ်တဲ့လင်းနို့နတ်ဆိုးကပိုင်ဆိုင်တယ်။သူက တောင်ခါးပန်းမှာရှိတဲ့ဂူမှာနေထိုင်လေတယ်။ လင်းနို့နတ်ဆိုးပေါင်းတစ်ထောင်ကျော်က သွေးလင်းနို့ပျော်စံရာဂူကထွက်ပေါ်လာလေ့ရှိတယ်။
နေသာလှတဲ့တစ်နေမှာတော့
စွမ်းအားကြီးလှတဲ့ဓားအင်မော်တယ်တစ်ယောက် ခရီးထွက်ရင်း လင်းနို့တောင်ကိုရှာဖွေတွေ့ရှိခဲ့တယ်။သူကကရွာထဲမှာရှိတဲ့ကလေးတွေက သွေးလင်းနို့ပျော်စံရာဂူမှာဖမ်းဆီးခံထားရတာကိုကြားသွားခဲ့တယ်။ကလေးတွေအသက်ရှင်သေးလားဆိုတာကိုတော့မသိရသေးပေ။
အဲ့ဒါကြောင့်
စွမ်းအားကြီးလှတဲ့ဓားအင်မော်တယ်ကသွေးလင်းနို့ပျော်စံရာဂူကိုဝင်ရောက်သွားခဲ့တယ်။ဂူကမှောင်မဲနေပြီး လင်းနို့ပေါင်းတစ်ထောင်ကျော်လောက်ရှိပေတယ်။အထဲကအနံ့အသက်ကဆိုးဝါးလှတယ်။
ကလန်! ကလန်! ကလန်!!!
လင်းနို့တွေက ဂူကိုဖြတ်ပြီးပျံသန်းလာခဲ့ပြီး စွမ်းအားပြည့်လှတဲ့ဓားအင်မော်တယ်ကိုတိုက်ခိုက်လာခဲ့တယ်။ဓားအင်မော်တယ်က အရိုးဓားကိုကိုင်လိုက်ပြီး သူရဲ့ဝိဉာဏ်စွမ်းအင်တွေကိုလှည့်ပတ်လိုက်ပြီးဂ
တိမ်စိမ်းဓားနည်းပညာကိုအသုံးပြုကာတိုက်ခိုက်လိုက်တယ်။ဓားအလင်းတန်းတွေထွက်ပေါ်လာပြီး လင်းနို့တွေကိုဖြတ်တောက်လိုက်တယ်။
နောက်ဆုံအနေနဲ့ သုံးမီတာလောက်ရှည်တဲ့ ကြီးမြတ်တဲ့နတ်ဆိုးလင်းနို့ကထွက်ပေါ်လာတယ်။
ကြီးမားတဲ့ တိုက်ပွဲက နှစ်ဖက်ကြားမှာထွက်ပေါ်လာခဲ့တယ်။
စွမ်းအားကြီးလှတဲ့ဓားသမားအင်မော်တယ်က ပြင်းထန်စွာဒဏ်ရာရသွားတဲ့ကြီးမြတ်တဲ့နတ်ဆိုးလင်းနို့ကိုသတ်လိုက်နိုင်တယ်။
ဂိမ်းမြေအောက်စခန်းကိုအောင်မြင်စွာရှင်းလင်နိုင်ပါပြီ။
ပစ္စည်း: နတ်ဆိုးလင်းနို့ပေါက်
ဖော်ပြချက်: ဒါကအသစ်မွေးဖွားလာတဲ့ ဝိဉာဏ်သားရဲတစ်ကောင်ဖြစ်တယ်။ သူ့နားတွင် သွေးများဖြင့်ဝန်းရံထားသည့်အိမ်မွေးသားရဲဖြစ်သည်။သူ့ရဲ့အလားအလာကသာမန်ပေ။သူကအခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့နောက်ဆုံးအဆင့်သာရောက်နိုင်ပေသည်။အနာဂတ်တွင်တိုးတက်ဖို့မလွယ်ပေ။
“ဝိဉာဏ်သားရဲ”
ချီမင်ပျော်သွားတယ်မူလကိုယ်ရဲ့မှတ်ဉာဏ်အရ ဝိဉာဏ်သားရဲဆိုတာသာမန်လူတွေ မပိုင်ဆိုင်နိုင်ပေ။
“ဒါတကယ့်ကိုကောင်းတာပဲ။သူ့တန်ဖိုးကိုမသတ်မှတ်နိုင်ဘူး။ဝိဉာဏ်ကျောက်တုံးတွေသုံးပြီးဝယ်ရင်တောင် အနည်းဆုံးအဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးတစ်ထောက်လောက်ကုန်တယ်။”
ဆွစ်ရှ်!
ချီမင်နတ်ဆိုးလင်းနို့ပေါက်ကိုထုတ်ယူလိုက်တယ်။သူအမွှေးများတဲ့အနက်ရောင်လင်းနို့လေးပေ။ သူ့ကြည့်ရတာချစ်ဖို့ကောင်းပြီး နှစ်သက်ဖွယ်ကောင်းပေတယ်။ချီမင်ရဲ့လက်ဝါးထဲမှာသူရဲ့မျက်လုံးတောင်မဖွင့်နိုင်သေးပဲအိပ်ပျော်နေပေတယ်။
“ငါသွေးနဲ့စာချုပ်ချုပ်လိုက်မယ်”
ချီမင်သူ့လက်မကိုကိုက်လိုက်ပြီး သွေးစက်တစ်စက်ချလိုက်တယ်။သွေးစက်ကနတ်ဆိုးလင်းနို့ကိုယ်လေးပေါ်ကျသွားပြီး ချက်ချင်းကိုစုပ်ယူခံလိုက်ရတယ်။
ချီမင်သူနဲ့ နတ်ဆိုးလင်းနို့ပေါက်လေးကြားချိတ်ဆက်မှုကိုတစ်နည်းနည်းနဲ့ခံစားလိုက်ရတယ်။သူအခြေအနေကို ရှင်းရှင်းလင်းလင်းခံစားမိလိုက်တယ်။
အခုတော့ နတ်ဆိုးလင်းနို့ပေါက်လေးက ချီသန့်စင်ခြင်းပထမအဆင့်မှာပဲရှိသေးပြီး အားနည်းေနသေးတယ်
တင်း!
“လက်ခံသူကို နတ်ဆိုးလင်းနို့ ဝိဉာဏ်သားရဲကိုပိုင်ဆိုင်တဲ့အတွက်ဂုဏ်ပြုပါတယ်။သင်ခလုတ်တစ်ချက်နှိပ်ပြီး အလိုအလျှောက်ကျင့်ကြံနိုင်ပါတယ်။ပြုစုပျိုးထောင်စာရာမလိုတော့ဘဲအလိုအလျှောက်မွေးမြူနိုင်ပါတယ်။မွေးရတဲ့ဒုက္ခတွေကနေထာဝရလွတ်မြောက်နိုင်ပါပြီ။”
ချီမင်အရမ်းကျေနပ်သွားတယ်”အသက်သွင်းလိုက်။”
တင်း!
“အသက်သွင်းခြင်းအောင်မြင်ပါတယ်။ဝိဉာဏ်သားရဲကိုအလိုအလျှောက်ကျင့်ကြံနေပါသည်။သားရဲက7ရက်အတွင်သားရဲငယ်အဆင့်ကိုဖြတ်သန်းနိုင်ပြီး အရွယ်ရောက်အဆင့်ကိုရောက်ရှိနိုင်ပါသည်။”
ချီမင်အဲ့ဒီကြာချိန်ကို နည်းနည်းအံ့ဩသွားတယ်။
တင်း!
အသိပေးချက်:သာမန်ဝိဉာဏ်သားရဲတွေသည် အလားအလာနိမ့်ကျပြီး သူတို့ရဲ့ကန့်သတ်ချက်ကိုမချိုးဖြတ်နိုင်ပါ။အဲ့တာကြောင့်သူတို့ရဲ့ကြီးထွားနှုန်းသည်မြန်ပါသည်။
“ငါသိပြီ”ချီမင်ခေါင်းညိတ်လိုက်တယ်
သိသိသာသာကို အလိုအလျှောက်ကျင့်ကြံခြင်းစနစ်(ဆော့လ်ဝဲလ်)ကိုချီမင်လုပ်ထားပေမယ့်ဒီလောကကြောင့်နည်းနည်းပြောင်းလဲသွားပုံပေ။
တင်း!
“တိမ်စိမ်းချီသန့်စင်ခြင်းပညာကို ဆယ်ဆအမြန်နှုန်းဖြင့်ကျင့်ကြံခြင်းအောက်တွင်တစ်ရက်ကြာကျင့်ကြံခဲ့ပါတယ်။သင့်ရဲ့ကျင့်ကြံခြင်းသည်လွန်ကဲစွာတိုးတက်ခဲ့ပါတယ်။သင် ချီသန့်စင်ခြင်းတတိယအဆင့်အလယ်ပိုင်းအဆင့်သို့ချိုးဖြတ်ခဲ့ပါတယ်။”
တိမ်စစိမ်းချီသန့်စင်ခြင်းပညာကသူဟာသူကျင့်ကြံလာတယ်။
ဝိဉာဏ်ချီတွေကချီမင်ရဲ့ကိုယ်ထဲကိုလောင်းချသလိုဝင်လာပြီး ဝိဉာဏ်စွမ်းအင်အဖြစ်မြန်မြန်သန့်စင်ခံလိုက်ရတယ်။အဲ့တာတွေကသုံးခုမြောက်တိမ်တိုက်စိမ်းလုံးလေးကိုသွားပေါင်းပြီး သိသိသာသာကိုကြီးလာတယ်။
“ထပ်ပြီး”
ချီမင် အသက်ပြင်းပြင်းရှုလိုက်ပြီး တိမ်စိမ်းချီသန့်စင်ခြင်းပညာကိုဆယ်ဆအမြန်နှုန်းနဲ့ကျင့်ကြံနိုင်ဖို့နောက်ထပ် အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး100ထပ်ဖြည့်လိုက်တယ်။
တစ်ချိန်ထဲမှာပဲ သူအဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးသုံးတုံးကို သွေးလင်းနို့ပျော်စံရာဂူကိုဝင်ဖို့သုံးလိုက်တယ်။
အချိန်တွေကမျက်စိတစ်မှိတ်အတွင်းမှာပဲနှစ်ရက်ကုန်သွားတယ်။
သူသွေးလင်းနို့ပျော်စံရာဂူမှာ နှစ်ရက်ဆက်တိုက် အလိုအလျှောက်ကျင့်ကြံခဲ့တယ်။မြေအောက်စခန်းကိုနှစ်ခါရှင်းပြီးတော့သူ အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးသုံးဆယ်အပြင်ဘာမှထပ်မရပေ။
ဆယ်ဆအမြန်နှုန်းနဲ့ ချီမင် တိမ်စိမ်းချီသန့်စင်ခြင်းပညာရပ်ကို 2ရက်ဆက်တိုက်အလိုအလျှောက်ကျင့်ကြံခဲ့တယ်။သူကျင့်ကြံခြင်းအဆင့်ကဆက်တိုက်ကိုတိုးလာတယ်။သူအခုချီသန့်စင်ခြင်းစတုတ္ထအဆင့်ကိုချိုးဖြတ်သွားပြီဖြစ်တယ်။
အဲ့အမြန်နှုန်းကပျံနေတဲ့အတိုင်းပေ။
ချီမင်တင်ပျဉ်ခွေချိတ်ထိုင်လိုက်တယ်။တိမ်စိမ်းချီသန့်စင်ခြင်းပညာကသူ့ဘာသာလည်ပတ်လာတယ်။ဝိဉာဏ်ချီလေပွေကချီမင်ရဲ့ခေါင်းအထက်မှာပေါ်လာတယ်။ပတ်ဝန်းကျင်ကချီတွေက သူ့ကိုယ်ထဲလိမ့်တက်သွားပြီး မြန်မြန်ပဲသန့်စင်ခံလိုက်ရတယ်။
ဘုန်း!
ထစ်ချုန်းသံကြီးက သူ့ကိုယ်ထဲကထွက်လာတယ်။
အခြေအနေတွေအရ လေးခုမြောက် တိမ်တိုက်စိမ်းချီလုံးကသူ့ဒန်တျန်းထဲသိပ်သည်းသွားတယ်။
ဒါကကျင့်ကြံခြင်းချိုးဖြတ်သွားခြင်းပေ။
ချီမင်ချီသန့်စင်ခြင်းစတုတ္ထအဆင့်ရဲ့အစောပိုင်းအဆင့်ကိုရောက်ရှိသွားပေတယ်။
“ငါအခုချီသန်စင်ခြင်းစတုတ္ထအဆင့်ကိုရောက်ပြီ။”
ချီမင်သူကျင့်ကြံခြင်းကိုအခြေခိုင်အောင်လုပ်လိုက်ပြီး သူ့ကိုယ်ထဲကပြောင်းလဲမှုတွေကိုခံစားလိုက်တယ်။ဝိဉာဏ်ချီတွေက သူကိုယ်ထဲမှာအလွန်ကိုများပြားစွာဖြစ်ပေါ်နေတယ်။သူ့လက်ရှ်ိသန်မာမှုကတော်တော်ကိုတိုးတက်သွားပြီဖြစ်တယ်။
ဒါပေမယ့်
ချီမင် သူ့ရဲ့ကျင့်ကြံခြင်းကတိုးတက်သွားပြီဆိုပေမယ့် သူ့ရန်သူတွေကိုရင်ဆိုင်ဖို့ကအားနည်းနေသေးတယ်။သူ့မှာ တိမ်စိမ်းဓားပညာရပ်တစ်ခုထဲရှိပြီးအဲ့တာကလည်းအစပိုင်းအဆင့်မှာပဲရှိသေးတယ်။
သူသာ ကျင့်ကြံခြင်းလမ်းကြောင်းကိုရှည်ရှည်သွားချင်သေးရင်သူ သူ့ရန်သူတွေကိုရင်ဆိုင်ဖို့
သိုင်းပညာရပ်တွေကိုလိုသေးတယ်
တင်း!
“လက်ခံသူရဲ့ ကျင့်ကြံခြင်းသည်ချီသန့်စင်ခြင်းစတုတ္ထအဆင့်ကိုချိုးဖြတ်သွားတာကိုစစ်ဆေးမိပါသည်။ချီသန့်စင်ခြင်းပထမအဆင့်နဲ့တတိယအဆင့်သန့်စင်ခြင်းအဆင့်မြေအောက်စခန်းများမှဆုလာဘ်များလျော့ကျသွားပါပြီ။လက်ခံသူ မြေအောက်စခန်းအသစ်ကိုအသက်သွင်းနိုင်ပါပြီ။အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးလေးတုံးကိုဝင်ခွင့်အဖြစ်အသုံးပြုနိုင်ပါသည်။”
“အသက်သွင်း”ချီမင်ပြောလိုက်တယ်။
တင်း!
“အသက်သွင်းခြင်းအောင်မြင်ပါတယ်။ချီသန့်စင်ခြင်းစတုတ္ထအဆင့်ရှိတဲ့မြေအောက်စခန်းကောင်းကင်ဘုံမျိုးနွယ်လင်းယုန်ဘုံကျောင်းကိုအသက်သွင်းခြင်းအောင်မြင်ပါတယ်။”
တစ်ခြားဂိမ်းမြင်ကွင်းကသူ့ရှေ့ကိုထင်ထင်ရှားရှားပေါ်လာတယ်။
ကောင်းကင်ဘုံမျိုးနွယ်လင်းယုန်ဘုံကျောင်းက ရူးသွပ်နေတဲ့ဂိုဏ်းဖြစ်ပေမယ့် အလွန့်ကိုစွမ်းအားကြီးပေတယ်။ပြောရရင် နတ်ဆိုးဆန်တဲ့မကောင်းဆိုးဝါးယုံကြည်ကိုးကွယ်ရာနေရာမျိုးလည်းရှိသေးတယ်။။ကောင်းကင်ဘုံမျိုးနွယ်လင်းယုန်ဘုံကျောင်းရဲ့လက်ထဲမှာ အပြစ်မဲ့တဲ့လူတွေရဲ့သွေးတွေစွန်းနေပေတယ်။
ချီမင် ဂိမ်းဇာတ်ကောင်ထဲကူးပြောင်းသွားတယ်။သူကသူရဲကောင်းဆန်တဲ့ အကြောက်အရွှံကင်းတဲ့ ဓားအင်မော်တယ်ဖြစ်လာတယ်။ကောင်းကင်ဘုံမျိုးနွယ်လင်းယုန်ဘုံကျောင်းရဲ့ ဆိုးယုတ်တဲ့အကြောင်းအရာတွေကို သိလိုက်ရပြီးတော့ သတ္တိရှိပြီးရဲ့ရင့်တဲ့ ဓားအင်မော်တယ်က ကောင်းကင်ဘုံမျိုးနွယ်လင်းယုန်ဘုံကျောင်းရဲ့ဌာနချုပ်ကိုရှာခဲ့တယ်။သူကညအမှောင်ကိုအခွင့်အရေးယူပြီး အရိုးဓားကိုလက်မှာကိုင်ရင်း ဘုံကျောင်းထဲကိုဝင်သွားတယ်။
ဒါကသွေးနဲ့ရေချိုးတဲ့ညပါပဲ။
ကြောက်ရွံတဲ့အသံတွေ ဟိန်းဟောက်သံတွေက တိုက်ပွဲ့ရဲ့အသံတွေပါပဲ
တစ်နေ့လုံး တစ်ညလုံးကြားနေရခဲ့တယ်။
နောက်ဆုံးမှာ အသံအကုန်လုံးပျောက်သွားတယ်။
ကောင်းကင်ဘုံမျိုးနွယ်လင်းယုန်ဘုံကျောင်းတစ်ခုလုံးပျောက်ကွယ်သွားတယ်။
အဲ့ဒီနေရာမှာ သွေးစွန်းနေတဲ့အကြောက်အရွံကင်းတဲ့ဓားအင်မော်တစ်ယောက်ပဲကျန်ခဲ့တယ်သူကအရိုးဓားကိုလက်မှာကိုင်ရင်းခိုင်မာတဲ့ခြေလှမ်းတွေနဲ့ထွက်သွားလိုက်တယ်။
မသိလိုက်စွာနဲ့ပဲနောက်ထပ်လေးရက်ကုန်သွားတယ်။
ခုနှစ်ရက်တိုင်းတွေ့တဲ့သုံးကြိမ်မြောက်တွေ့ဆုံပွဲကိုရောက်လာပြန်တယ်။
ဒီနေ့ရဲ့နေလည်ခင်းမှာတော့
တင်း!
“ဂုဏ်ပြုပါတယ်။ လက်ခံသူ သင့်ရဲ့ဝိဉာဏ်သားရဲနတ်ဆိုးလင်းနို့ပေါက်ကိုခုနှစ်ရက်ဆက်တိုက်အလိုအလျှောက်ကျင့်ကြံခဲ့ပါတယ်။သူ့ရဲ့ကြီးထွားမှုကတော့ဝိဉာဏ်ကျောက်တုံးမဖြည့်သွင်းထားခြင်းကြောင့်သာမန်ပဲဖြစ်ပါတယ်။အထူး ဝိသေသမျိုးရရှိခြင်းမရှိပါ။ သိုပေမယ့် အရွယ်ရောက်အဆင့်ကိုရောက်ပြီးနတ်ဆိုးလင်းနို့ဖြစ်လာပါတယ်။”
ချီမင်လအသိပေးချက်ကိုလက်ခံရလိုက်တယ်။
“သူအရွယ်ရောက်သွားပြီ။”ချီမင်ပျော်ရွှင်စွာနဲ့ပြောလိုက်တယ်။
လေးရက်ကြာပြီးနောက်မှာချီမင်ရဲ့ကျင့်ကြံခြင်းအဆင့်ကချီသန့်စင်ခြင်းစတုတ္ထအဆင့်ရဲ့နှောင်းပိုင်းအဆင့်ကိုရောက်သွားပေတယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ချီမင်ရဲ့လက်ထဲမှာဝိဉာဏ်ကျောက်တုံးများများမကျန်တော့လို့ဖြစ်တယ်။သူ့ရဲ့ကျင့်ကြံခြင်းအမြန်နှုန်းက်ိုလေးဆသာမြင့်တင်နိုင်ခဲ့တယ်။
ထပ်ပေါင်းပြောရရင် သူကျင့်ကြံခြင်းမြင့်လေ သူ့ရဲ့အဆင့်ကိုတိုးဖို့ကပိုခက်လေဖြစ်တယ်။အဲ့တာကြောင့်သဘာဝကျကျကိုသူချီသန့်စင်ခြင်းပဉ္စမအဆင့်ကိုမရောက်သေးတာပေ။
ဒါပေမယ့် ဂိမ်းမြေအောက်စခန်းထဲတွင်တော့ ချီမင်ပစ္စည်းကောင်းတွေအများကြီးရထားပေတယ်။
အခုနတ်ဆိုးလင်းနို့ပေါက် အရွယ်ရောက်လာပြီး နတ်ဆိုးလင်းနို့ဖြစ်လာပြီဖြစ်တယ်။