← Chapters

ညဘက်၌ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်ခြင်း

Vol. 1 Ch. 6

ညဘက်၌ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်ခြင်း

Vol. 1 Ch. 6

ချီမင် အရွယ်ရောက်ပြီဖြစ်တဲ့နတ်ဆိုးလင်းနို့ကိုဆင့်ခေါ်လိုက်တယ်။လေထဲကနေဘွားခနဲပေါ်လာပြီးသူ့ရှေ့မှာရပ်နေတယ်။နတ်ဆိုးလင်းနို့ကလက်ဝါးအရွယ်အစားသာရှိတယ်။တစ်ကိုယ်လုံးကအနက်ရောင်ကိုမှ နာရွက်ကတော့အကြီးကြီးနဲ့ဖြစ်တယ်။သူ့အစွယ်နဲ့လက်သည်းတွေချွန်ထက်နေတာကို သူ့အတောင်ပံကိုတဖြတ်ဖြတ်ခတ်နေတဲ့အောက်မှာတွေ့နိုင်တယ်။

ဝိဉာဏ်သားရဲ:နတ်ဆိုးလင်းနို့

ဖော်ပြချက်: အရွယ်ရောက်ပြီးသားနတ်ဆိုးလင်းနို့တစ်ကောင်ဖြစ်သည်။ချီသန့်စင်ခြင်းအဆင့်ခုနှစ် နှောင်းပိုင်းအဆင့်မှာရှိပြီးဆက်လက်၍ကြီးထွားနိုင်သည်။အရွယ်ရောက်ခြင်းပြီးပြည့်စုံသည့်အဆင့်၌အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်ထိရောက်နိုင်သည်။သူ့တွင် အသံလှိုင်းဖြင့်တိုက်ခိုက်ခြင်း အဆိပ်ဖြင့်တိုက်ခိုက်ခြင်း အနီးကပ်တိုက်ခိုက်ခြင်း ချောင်းမြောင်းတိုက်ခိုက်ခြင်း နဲ့တစ်ခြားတိုက်ခိုက်နည်းတွေရှ်ိသေးသည်။

“ချီသန့်စင်ခြင်းအဆင့်ခုနှစ် နှောင်းပိုင်းအဆင့်”

ချီမင်အပျော်လွန်သွားတယ်။

“ခုနှစ်ရက်တည်းနဲ့ချီသန့်စင်ခြင်းအဆင့်7နှောင်းပိုင်းအဆင့်ကိုရောက်သွားတာပဲ။တိုးတက်နှုန်းကတကယ့်ကိုမယုံနိုင်စရာကြီး။”

“ဒီနတ်ဆိုးလင်းနို့သာငါ့ဘေးမှာရှိရင် အရိုးဖြူတာအိုရှင်ရှိကပြဿနာလာရှာခံရမှာကို စိုးရိမ်နေစရာမလိုတော့ဘူး။”

“အခုအနည်းဆုံးတော့ ငါ့မှာအသက်ရှင်ဖို့နည်းလမ်းရှိပြီ။”

…

လက်ခံသူ: ချီမင်

အဆင့်:ချီသန့်စင်ခြင်းစတုတ္ထအဆင့်နှောင်းပိုင်းအဆင့်

ကျင့်ကြံခြင်းနည်းလမ်း:တိမ်စိမ်းချီသန့်စင်ခြင်းပညာ

သိုင်းပညာရပ်: တိမ်စိမ်းဓားပညာ(အစပြုသူအဆင့်)

ကောင်းကင်ဘုံလင်းယုန်လက်သည်း(အစပြုသူအဆင့်)

(မှတ်ချက်:ဂါထာနည်းလမ်းကနေ သိုင်းပညာရပ်လို့ပြင်လိုက်ပါတယ်)

ရတနာ:အရိုးဓား အရိုးချပ်ဝတ်(အရင်ကဝတ်ရုံလို့ပြန်ထား) ကောင်းကင်ဘုံချည်မျှင်လက်အိတ်

ပစ္စည်း: သွေးမိစ္ဆာသရဲအဆောင်တစ်ခု သွေးမိစ္ဆာနတ်ဆိုးအဆောင်တစ်ခု သွေးမိစ္ဆာအလံသန့်စင်ခြင်းနည်းလမ်းတစ်ခု သွေးသရဲဆေးပြား တစ်ပြား

အဆိပ်ဖြေဆေးပြား တစ်ပြား အဆင်နိမ့်ဝိဉာဏ်ကျောက်တုံး၅၀

ဝိဉာဏ်သားရဲ:နတ်ဆိုးလင်းနို့(အရွယ်ရောက်ဆဲ)

…

ကောင်းကင်ဘုံလင်းယုန်လက်သည်းပညာနဲ့ ကောင်းကင်ဘုံချည်မျှင်လက်အိတ်က ကောင်းကင်ဘုံမျိုးနွယ်လင်းယုန်ဘုံကျောင်းကရတဲ့ပစ္စည်းတွေဖြစ်တယ်။ အဲ့ဒီပစ္စည်းနှစ်ခုကိုတွဲသုံးရင်ပိုသန်မာတဲ့အကျိုးသက်ရောက်မှုကိုရရှိနိုင်တယ်။

ဆက်ပြီး ချီမင်တိတ်ဆိတ်တဲ့နေရာတစ်ခုကိုရှာလိုက်ပြီး သူနဲ့ပဋိဝိဉာဏ်စာချုပ်ချုပ်ထားတဲ့ နတ်ဆိုးလင်းနို့ကိုထုတ်လိုက်တယ်။နတ်ဆိုးလင်းနို့ကသာမန်ဝိဉာဏ်သားရဲဆိုပေမယ့် သူ့ရဲ့ခွန်အားကချီမင်ထင်ထားတာထက်ပိုတယ်။အဲ့ဒီတော်‌တော်စွမ်းအားကြီးတာကချီသန့်စင်ခြင်းစတုတ္ထအဆင့်နှောင်းပိုင်းအဆင့်ပဲရောက်သေးတဲ့ချီမင်ကိုချက်ချင်းသတ်လိုက်လို့ရတယ်။

မျက်စိတစ်မှိတ်ကြာပြီးတော့ညကရောက်လာပြန်တယ်

ဒီညမှာ ချီမင်မအိပ်ပေ။သူအိပ်ရာပေါ်မှာကြက်ခြေခတ်တင်ပျဥ်‌‌ေခွချိတ်ထိုင်လိုက်ပြီး ယဲ့တျန်း ကျူးရှောင်ရှန်း နဲ့တစ်ခြားလူတွေကို ဆင်ခြေပေးပြီးပထုတ်ထားတယ်။သူ အရိုးချပ်ဝတ်ကိုဝတ်လိုက်ပြီးအရိုးဓားကို အလျားလိုက်သူ့ဒူးခေါင်းပေါ်တင်လိုက်တယ်။သူ့လက်ကလည်း ကောင်းကင်ဘုံချည်မျှင်လက်အိတ်ကိုဝတ်ထားတယ်။

နတ်ဆိုးလင်းနို့က အမှောင်ထဲကထောင့်တစ်နေရာမှာပုန်းနေတယ်။

ချီမင်တစ်နည်းနည်းနဲ့ခံစားနေရတယ်။

ဒါကကျင့်ကြံသူတွေရဲ့အန္တာရယ်ကိုအာရုံခံနိုင်တဲ့ဆဌမအာရုံလိုဖြစ်တယ်။

ဒီည အရိုးဖြူတာအိုရှင်က သေချာပေါက်သူ့ရှ်ိလာလိမ့်မယ်။

တကယ်ကိုပဲ တိတ်ဆိတ်နေတဲ့တောအုပ်ထဲတွင်

“ဘာ”

အရိုးဖြူတာအိုရှင်ကမျက်မှောင်ကြုတ်လိုက်တယ်။ သူ့အကြည့်က ရှိနေတဲ့အစေခံတပည့်တွေကိုသိမ်းကြုံးပြီးကြည့်လိုက်တယ်။သူ့အမူအရာကနည်းနည်းရုပ်ဆိုးနေတယ်။သူရှိနောက်ဆုံးအကြိမ်ကမလာဘဲထွက်ပြေးသွားတဲ့အမှိုက်ကောင်ကမလာပြန်ဘူး။

“ခွေးမသား ငါ့အသုံးမဝင်တဲ့အစေခံကောင်ရှိကအလိမ်ခံလိုက်ရတာပဲ။”

“စိတ်ပျက်ဖို့ကောင်းလိုက်တာ!”

ဘူးဇ်!

သူတို့စကားပြောလို့ပြီးသွားတာနဲ့အရိုးဖြူတာအိုရှင်ကသွေးသရဲဆေးပြားကိုဖြန့်ပေးလိုက်တယ်။သူကကြောင်နေတဲ့အစေခံတပည့်တွေကိုတိုက်ရိုက်ပဲချန်ထားပြီးထွက်လာလိုက်တယ်။ အဲ့ဒီအစေခံတပည့်တွေက သွေးသရဲဆေးကိုတစ်လုံးစားတိုင်းတစ်ခါကျင့်ကြံခြင်းကတိုးတက်လာတယ်။

“ဘာ‌တွေဖြစ်ကုန်တာလဲ”

“အရိုးဖြူတာအိုရှင်ကဘာလို့တိုက်ရိုက်ကြီးထွက်သွားတာလဲ”

“အဲ့တာက တစ်ဝက်တစ်ပျက်နဲ့ထွက်သွားတဲ့အစေခံတပည့်နဲ့ဆိုင်မယ်ထင်တယ်။”

“ငါတို့အဲ့တာကိုဂရုစိုက်စရာမလိုဘူး။သွေးသရဲဆေးပြားကိုနာနာခံခံနဲ့ယူပြီး ဒီကထွက်သွားယုံပဲ။ငါတို့အပြင်စည်းဂိုဏ်းကိုဝင်ဖို့အကြီးကြီးစွန့်စားပြီးပြီ။ငါတော့မရှုံးချင်ဘူး။”

“မှန်‌တာပေါ့”

အဲ့ဒီအစေခံတပည့်တွေက မြန်မြန်မထွက်ခွာခင်ခဏလောက်ဆွေးနွေးနေကြတယ်။

အဲ့ဒီချိန် အဆင့်Dအစေခံတန်းလျားရဲ့မြင်ကွင်းကပြောင်းလဲသွားခဲ့တယ်။

ဆွစ်ရှ်! ဆွစ်ရှ်!

အရိုးဖြူတာအိုရှင်က လေထဲကနေခုန်ပျံလာတယ်။အဆင့်Dအစေခံတန်းလျားမှာတော့ တစ်ယောက်မှမရှိတော့ပေ။ တစ်ယောက်မှလည်းအရိုးဖြူတာအိုရှင်ကိုရှာမတွေ့ပေ။

ခဏနဲ့ပဲ အရိုးဖြူတာအိုရှင်က ချီမင်ကိုရှာတွေ့သွားတယ်။

သိသိသာသာကို အရိုးဖြူတာအိုရှင်က ချီမင်ရဲ့အကြောင်းနဲ့နောက်ခံကိုသိပြီးမှ ဖိတ်‌ေခါ်ခဲ့တာဖြစ်တယ်။အစကတော့အရိုးဖြူတာအိုရှင်က ချီမင်ရှိကနှလုံးဝါးမြိုဂူအသက်ဝင်တာကိုစောင့်ဖို့ဖြစ်ပြီးသနားညှာတာမှုတောင်းလာတာကိုစောင့်ဖို့ဖြစ်တယ်။မထင်ထားတာက နှလုံးဝါးမြိုဂူကကျရှုံးသွားတယ်။

ဒါကအရိုးဖြူတာအိုရှင်ရဲ့ခန့်မှန်းထားတာကိုကျော်သွားခဲ့တယ်။

“ချီ မင်”

တံခါးကပွင့်လာခဲ့တယ်။

အရိုးဖြူတာအိုရှင်ကလက်ကိုနောက်ပစ်ပြီး အခန်းထဲကိုတိုက်ရိုက်ဝင်လာတယ်။သူ့မျက်လုံးတွေကသရဲတစ်ကောင်လိုနီရဲနေပြီး အမှောင်ထဲကနေထွက်လာတယ်။ သတ်ဖြတ်ချင်တဲ့အရှိန်အဝါကထွက်ပေါ်လာတယ်။

“အတင့်ရဲလှချည်လား”

အရိုးဖြူတာအိုရှင်က ခေါင်းကိုမြင့်လိုက်ပြီး ချီမင်ကို လူသေတစ်ကောင်လိုပဲကြည့်လိုက်တယ်။ဝိဉာဏ်စွမ်းအင်တွေက သူနားမှာလှုပ်ခါနေပြီး သူ့မျက်လုံးထဲမှာတော့ခံစားချက်မရှိတော့ပေ။

“ အရိုးဖြူတာအိုရှင်”

ချီမင် အသက်ပြင်းပြင်းရှုလိုက်တယ်။သူ့ညာဘက်လက်က အရိုးဓားကိုကိုင်ထားပြီးလျှို့ဝှက်စွာနဲ့နတ်ဆိုးလင်းနို့ကိုဆက်သွယ်လိုက်တယ်။တိုက်ခိုက်ဖို့အခွင့်အရေးကိုရှာနေရင်း “ခင်ဗျားတကယ်လာတာပဲ။”

“ဟီးဟီးဟီးဟီး…”

အရိုးဖြူတာအိုရှင်ကယုတ်ယုတ်မာမာနဲ့ရယ်လိုက်တယ်။”ဘယ်လို‌တောင်တန်ဖိုးရှိတဲ့အမှိုက်လဲ။ငါအထင်မှားသွားတာပဲ။ငါမထင်ထားတာကမင်းနှလုံးဝါးမြိုဂူကောင်ကိုဖြေရှင်းနိုင်မယ်လို့ပဲ။”

“ဒါကအဆင့်Dအစေခံတန်းလျားပဲ။ဒီမှာစောင့်ကြပ်နေတဲ့အကြီးအကဲတွေအများကြီးရှိတယ်။”

ချီမင်က တိုးတိုးပြောလိုက်တယ်။

“ခင်ဗျားကပြောင်ပြောင်တင်းတင်းနဲ့ကို လူသတ်မှုကျူးလွန်ဖို့ဝင်လာတာပဲ။အကြီးအကဲတွေရှိက အမိခံရမှာမကြောက်ဘူးလား။”

“သူတို့ကဘဝတစ်လျှောက်လုံး အခြေခံတည်ဆောက်ခြင်းအဆင့်တောင်မရောက်နိုင်တဲ့အမှိုက်စုတ် လူအိုတစ်စုသက်သက်ပဲ။”

အရိုးဖြူတာအိုရှင်ကအထင်တသေးနဲ့ပြောလိုက်တယ်”သူတို့လာရဲရင်သူတို့အကုန် ငါသတ်ပစ်လိုက်မယ်။”

“မစိုးရိမ်ပါနဲ့”

အရိုးဖြူတာအိုရှင်ရဲ့အသံကအေးစက်နေတယ်

“ငါမင်းကိုမြန်မြန်မသတ်ပါဘူး။အဲ့ဒီအစားငါမင်းရဲ့ဝိဉာဏ်ကို မီးအိမ်အဖြစ်လုပ်ပစ်မယ်။မင်းကိုနှိပ်စက်ပြီး မင်းကိုယ်ကိုသွေးအလောင်းကောင်အဖြစ်သန့်စင်ပစ်မယ်။”

“ငါဘာမှမလုပ်ပဲထိုင်နေမှာမဟုတ်ဘူး။”

ကလန်!

ဓားရိုက်ခတ်သံကထွက်ပေါ်လာတယ်။

ချီမင်က သူ့ညာလက်မှာ ကိုင်ထားတဲ့အရိုးဖြူဓားကိုထုတ်လိုက်တယ်။ သူကတိမ်စိမ်းဓါးပညာကိုသုံးလိုက်ရင်း သူ့ဝိဉာဏ်စွမ်းအင်ကိုလှည့်ပတ်ကာ အစိမ်းရောင်ဓားအလင်းတန်းတွေနဲ့အရိုးဖြူတာအိုရှင်ကိုတိုက်ခိုက်လိုက်တယ်။

ဘုန်း!

ဒါပေမယ့်အရိုးဖြူတာအိုရှင်က အဆောင်တစ်ခုကိုထုတ်လိုက်တယ်။ဒါကဗာဂျရာအဆောင်ဖြစ်တယ်။အဆောင်ကိုအသက်သွင်းလိုက်ရင် အဆောင်ရဲ့ဗဟိုချက်ကနေ ရွှေရောင်အလင်းတန်းတွေပျံ့နှံလာပြီး ရွေရောင်အ‌ကာအကွယ်အဖြစ်နဲ့ ချီမင်ရဲ့ဓားကိုသာသာယာယာနဲ့ကိုတားလိုက်တယ်။

သိသိသာသာနဲ့ကိုချီမင်ရဲ့ဓားက အရိုးဖြူတာအိုရှင်ရဲ့အကာအကွယ်တောင်မချိုးဖြတ်နိုင်ပေ။

ဒါကသူတို့ကြားကကွာဟချက်ပေ။

“ချီသန့်စင်ခြင်းစတုတ္ထအဆင့်”

အရိုးဖြူတာအိုရှင်ထိတ်လန့်သွားတယ်။သူ့သွေးရောင်မျက်လုံးတွေက ထိတ်လန့်မှုကိုဖော်ပြလာတယ်။”ငါအမှားလုပ်မိတာပဲ။မင်းကိုနားလည်မှုလွဲသွားတယ်။”

“ငါဒါကိုမမျှော်လင့်ထားဘူး။တကယ့်ကိုမမျှော်လင့်ထားဘူး။”

“စဉ်းစားကြည့်ရင် အဆင့်Dအစေခံတန်းလျားမှာ မင်းလိုပါရမီရှင်တစ်ယောက်ရှိနေတာပဲ။မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်းစတုတ္ထအဆင့်ကိုဖြတ်ပြီးသွားပြီး။ကောင်းတယ်။ အရမ်းကောင်းတယ်။”

“က‌လေး”

အရိုးဖြူတာအိုရှင်က တစ်ခြားဆေးပြားတစ်ပြားကိုထပ်ထုတ်ပြီးလှမ်းအော်လိုက်တယ်”ငါမင်းကိုတစ်ခြားအခွင့်အရေးပေးမယ်။ ဒီသွေးသရဲဆေးပြားကိုစားပြီး နှလုံးဝါးမြိုဂူကောင်အဝင်ခံလိုက်။ငါအတွက်အလုပ်ဆက်လုပ်ပေးရင် မင်းအသက်ကိုချမ်းသာပေးမယ်။”

“အဲ့လိုမှမဟုတ်ရင်တော့…”

“မင်းလိုပါရမီရှင်လေးက ငါ့လက်ထဲမှာသေရလိမ့်မယ်။”

“မလိုဘူး။”

ကလန်! ကလန်! ကလန်!!!

ချီမင်ဓားချီတွေတစ်ခုပြီးခုပြီးထုတ်ရင်း စွမ်းအင်အပြည့်ရိုက်ချက်တစ်ခုကိုထုတ်ဖော်လိုက်တယ်။သူနောက်ဆုံးတော့အရိုးဖြူတာအိုရှင်ရဲ့ဗာဂျရာအဆောင်ကို ချိုးဖြတ်နိုင်သွားတယ်။ဒါပေမယ့်အရိုးဖြူတာအိုရှင် က အလင်းတန်းတစ်ခုကိုထုတ်ဖော်ပြီး ချီမင်ရဲ့ဓားခုတ်ချက်ကိုလွယ်လွယ်ပဲကာလိုက်တယ်။

“မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကမဆိုးပါဘူး။ဒါပေမယ့်မင်းရဲ့သိုင်းပညာကျွမ်းကျင်မှုကနိမ့်လွန်းတယ်။”

အရိုးဖြူတာအိုရှင်ကအထင်တသေးနဲ့ပြောလာတယ်

“မင်းရဲ့ဓားပညာကအစပြုသူအဆင့်ပဲရှိသေးတယ်။မင်းငါ့အင်္ကျီအစွန်းတောင်ထိနိုင်မှာမဟုတ်ဘူး။”

“‌ကောင်းကင်ဘုံသိမ်းငှက်လက်သည်း”

ချီမင်တိုက်ကွက်ကိုပုံဖော်လိုက်တယ်။သူ့လက်ထဲကအရိုးဖြူဓားကိုဖယ်လိုက်ပြီး ကောင်းကင်ဘုံသိမ်းငှက်လက်သည်းကိုသုံးလိုက်တယ်။အဲ့တာကသူ့ကိုလင်းယုန်အကြီးစားအသွင်ပြောင်းသွားစေတယ်။သူကအတောင်ပံတွေကိုဖျံပြီး အရိုးဖြူတာအိုရှင်ကိုလျင်မြန်စွာနဲ့မတိုက်ခိုက်ခင် အမြင့်ကိုပျံသွားတယ်။

“‌ကောင်းလိုက်တဲ့ချိန်သားကိုက်မှု”

အရိုးဖြူတာအိုရှင်က မျက်လုံးကိုပင့်လိုက်ပြီးအော်လိုက်တယ်။”ယင်ယန်စက်ဝန်းလက်ဝါး”

ဘုန်း!

အရိုးဖြူတာအိုရှင်က သူ့ဝိဉာဏ်စွမ်းအင်တွေကို လှည့်ပတ်ပြီး လက်ဝါးရိုက်ချက်ကိုထုတ်လိုက်တယ်။ယင်ယန်စက်ဝန်းက သူ့လက်ဝါးမှာပေါ်လာပြီးချီမင်ရဲ့အားကိုတိုက်ရိုက်ကျိုးပျက်သွားစေတယ်။

ဘုန်း ဘုန်း ဘုန်း!!

ချီမင်ကြောက်ဖို့ကောင်းတဲ့အားကိုခံစားလိုက်ရပြီးအော်လိုက်တယ်။သူ့အားအင်က အလဟဿဖြစ်သွားပြီးနောက်ကိုလွင့်ထွက်သွားတယ်။သူအိပ်ရာထောင့်တွေကိုဝင်တိုက်သွားပြီးပါးစပ်ထောင့်ကနေသွေးတွေထွက်လာတယ်။

“နတ်ဆိုးလင်းနို့”ချီမင်သူကိုယ်သူတည်ငြိမ်အောင်လုပ်လိုက်ပြီး စိတ်ထဲကနေအော်လိုက်တယ်။

ချက်ချင်းကို…

ဆွစ်ရှ်!

နတ်ဆိုးလင်းနို့ကအမှောင်ထဲကနေတိုက်ခိုက်လိုက်တယ်။အဲ့တာကလျှပ်စီးလက်သလိုမြန်လွန်းတယ်။သူ့လက်သည်းတွေကချွန်တဲ့အပြင်အဆိပ်လည်းပါတယ်။နတ်ဆိုးစွမ်းအင်တွေက အရိုးဖြူတာအိုရှင်ရဲ့ရင်ဘတ်ကိုတိုက်ခိုက်လာတယ်။

“ဒါက ဘာကြီးလဲ။” အရိုးဖြူတာအိုရှင်ထိတ်လန့်သွားပြီးပြန်မတုန့်ပြန်လိုက်နိုင်ဘူး။

All Chapters