သတ်ဖြတ်ခြင်း
Vol. 1 Ch. 7
အရိုးဖြူတာအိုရှင်ကရှောင်လိုက်ချင်ပေမယ့်နတ်ဆိုးလင်းနို့ကချီသန့်စင်ခြင်း အဆင့်7နှောင်းပိုင်းအဆင့်ရောက်နေပြီဖြစ်တယ်။အဲ့တာကအရမ်းမြန်လွန်းတယ်။အရိုးဖြူတာအိုရှင်ကအကုန်မရှောင်လိုက်နိုင်ဘဲ မြန်မြန်ပဲတုန့်ပြန်လိုက်နိုင်တယ်။
“ကျိုးပျက်တိမ်တိုက် လေစိမ်းဓား”
ကလန်! ကလန်!
အရိုးဖြူတာအိုရှင်ကသူအချိန်အကြာကြီးေပးပြီး
သန့်စင်ထားတဲ့မှော်ဓားတစ်ချောင်းကိုသိုလှောင်အိတ်ထဲကထုတ်လိုက်တယ်။ဓားကိုယ်ထည်ကိုအရိုးဖြူနဲ့လုပ်ထားပုံရပြီး သူ့ရှိကအရောင်ဖျော့ဖျော့ထွက်နေတယ်။ဝိဉာဏ်စွမ်းအင်တွေလှည့်ပတ်ပြီး ဓားသိုင်းကိုထုတ်သုံးလိုက်တယ်။ကြည့်ရတာတိမ်စိမ်းဓားပညာရပ်နဲ့ ပုံစံချင်းဆင်ပေတယ်။
အဲ့တာက တိမ်တိုက်တွေ လေပြေတွေရဲ့ရွေဂလျားမှုနဲ့တူတယ်။
“ဒါက…”
ချီမင်အရမ်းအံ့ဩသွားတယ်။
အရိုးဖြူတာအိုရှင်က တကယ့်ကိုတိမ်စိမ်းတောင်ထွဋ်ရဲ့ ဓားနည်းစနစ်ကိုသိနေတယ်။
ဘုန်း! ဘုန်း!
ဆက်တိုက်ကိုပေါက်ကွဲသံတွေဖြစ်လာတယ်။
ဓားချီတွေနဲ့နတ်ဆိုးစွမ်းအင်တွေက တိုက်မိပြီး ပတ်ဝန်းကျင်ကိုဖျက်ဆီးရင်းဖြာထွက်သွားတယ်။နတ်ဆိုးလင်းနို့ရဲ့ချောင်းမြောင်းတိုက်ခိုက်မှုကိုအရိုးဖြူတာအိုရှင်ကမြန်မြန်တုန့်ပြန်လိုက်ပေမယ့် ဒဏ်ရာရသွားသေးတယ်။ သူ့နှုတ်ခမ်းထောင့်ကနေသွေးတွေထွက်နေရင်းပဲနောက်ကိုဆက်တိုက်ဆုတ်သွားတယ်။
“ဝိဉာဏ်သားရဲ”
အရိုးဖြူတာအိုရှင်ရဲ့အမှုအရာကမဲမှောင်သွားပြီး သူ့အသံကအံ့ဩသွားပုံရတယ်”မင်းမှာတကယ့်ကိုဝိဉာဏ်သားရဲရှိတာပဲ။အဲ့တာကလည်းချီသန့်စင်ခြင်းအဆင့်ခုနှစ်တောင်။”
“ကောင်းကင်ဘုံသိမ်းငှက်လက်သည်း”
ချီမင်ကပြန်မဖြေပေ။သူအခွင့်အရေးကိုရတုန်းတိုက်ခိုက်လိုက်ပြီး ရှေ့ကိုခုန်အုပ်လိုက်တယ်။သူ့လက်သည်းတွေကသိမ်းငှက်တွေလိုပဲချွန်ထက်လာပြီး လေကိုတောင်ပိုင်းဖြတ်သွားတယ်။
အရိုးဖြူတာအိုရှင်ရဲ့မျက်လုံးတွေကျဉ်းမြောင်းသွားတယ်။သူလေထဲကိုနင်းလိုက်ပြီးရှောင်လိုက်တယ်။သူအဓိကနေရာကိုရှောင်လိုက်နိုင်ပေမယ့် သူ့မျက်နှာပေါ်ကအရိုးမျက်နှာဖုံးက ချီမင်လက်သည်းကြောင့်ကွဲသွားတယ်။
ခရက်! ခရက်!
အရိုးဖြူမျက်နှာဖုံးကကွဲထွက်သွားတယ်။
“ချီမင် !!!”
အရိုးဖြူတာအိုရှင်ရဲ့သရုပ်မှန်က အထင်အရှားကိုပေါ်ထွက်လာတယ်။
လရောင်ရဲ့အောက်မှာ ချီမင်ကြောင်အသွားတဲ့မိန်းကလေးတစ်ယောက်ရဲ့မျက်နှာကိုမြင်လိုက်ရတယ်။သူ့မှာ ချယ်ရီရောင်နှုတ်ခမ်း ဘဲဥပုံစံမျက်နှာ နှာတံရှည်ရှည်တွေရှိတယ်။သူမရဲ့ သွေးနီရောင်မျက်ဝန်းတွေက နတ်ဆိုးဆန်ဆန် လှပနေတယ်။
သူမရဲ့သွေးရောင်ဆံပင်တွေက သွေးလိုမျိုး ယိမ်းနွဲ့ထွက်လာတယ်။
သူမကတကယ့်ကိုအလှလေးပေ။
သူမကနတ်ဆိုးစုန်းမတစ်ကောင်နဲ့တူတယ်။
“မိန်းကလေးလား”ချီမင်ကြောင်သွားတယ်။
“နင်ဆိုးဆိုးရွားရွားသေချင်နေတာလား”
ရုတ်တရပ် ညင်သာပြီးကျောချမ်းဖွယ်အသံကပေါ်ထွက်လာတယ်။
အရိုးဖြူတာအိုရှင်ရဲ့ အရှိန်အဝါကတိုးထွက်လာတယ်။သူမရဲ့အရှိန်အဝါက ချီသန့်စင်ခြင်းအဆင့်ရှစ် အဆင့်ကိုး အခြေခံတည်ဆောက်ခြင်းအဆင့်ထိတိုးတက်သွားတယ်။
“ဘယ်သူလဲ”
“ဘယ်နတ်ဆိုးဂိုဏ်းကလဲ”
“ဘယ်လိုတောင်အတင့်ရဲပြီး တိမ်စိမ်းတောင်ထွဋ်ကိုမေကာင်းမှုကျူးလွန်ဖို့လာရဲတာလဲ။”
“…”
အဲ့ဒီချိန်မှာပဲ အဆင့်Dအစေခံတန်းလျားရဲ့အကြီးအကဲတွေက အုတ်အုတ်သောင်းတင်းအသံတွေကိုကြားပြီး အရိုးဖြူတာအိုရှင်ရဲ့အရှိန်အဝါကိုအာရုံခံမိသွားတယ်။
သူတို့ကလေကိုထိုးခွဲပြီး ခြံဝင်းလေးထဲကိုဝင်လာကြတယ်။
“ချီ မင်.”
အရိုးဖြူတာအိုရှင်ရဲ့ အသွင်စစ်က ပေါ်လာတယ်။သူမက သူမရဲ့အသံနဲ့ရုပ်ကိုပြောင်းလိုက်တယ်။သူမရဲ့အကြည့်တွေက စိစစ်ရင်း ကွဲပြားသွားပုံရတယ်။သူမကအေးစက်ပြီး စည်းကမ်းကြီးတဲ့ပုံစံပြောင်းသွားတယ်။
ရှင်းရှင်းလင်းလင်းနဲ့ကို အရာအားလုံးကိုဖုံးကွယ်လိုက်တာပေ။
အရိုးဖြူတာအိုရှင်ကချီမင်ကိုစိုက်ကြည့်ပြီး ဘာမှမပြောတော့ပေ။အကြီးအကဲတွေရောက်လာတာကိုအာရုံခံမိတော့ သူမမြန်မြန်ပဲထွက်သွားတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အရိုးဖြူတာအိုရှင်ကလရောင်အောက်မှာပျောက်ကွယ်သွားတယ်။
“ဟူး…”
ချီမင် လေးလံလှတဲ့သက်ပြင်းမောတစ်ခုချလိုက်တယ်။
ခဏလောက်နေတော့ အဆင့်Dအစေခံတန်းလျားရဲ့အကြီးအကဲတွေရောက်လာတယ်။ချီမင်သူ့ရင်ဘက်ကိုဆုတ်ကိုင်လိုက်ရင်းကုတင်ပေါ်တစ်ဝက်လှဲလိုက်တယ်။နတ်ဆိုးလင်းနို့ကတော့ပုန်းနေတာကြာပြီဖြစ်တယ်။ အရိုးဓားနဲ့အရိုးချပ်ဝတ်ကိုတော့သိုလှောင်အိတ်ထဲသိမ်းလိုက်တယ်။
အကြီးအကဲတစ်ယောက်ရဲ့မျက်နှာကပိန်ပြီးကိုယ်ကမီးခြစ်ဆံလိုမျိုး ပိန်ပါးနေတယ်။သူက ချီသန့်စင်ခြင်းနဝမအဆင့်မှာဖြစ်တယ်။သူကချီမင်ကိုတစ်ချက်ကြည့်လိုက်ပြီးမေးလိုက်တယ်”ချီမင်အခုဘာဖြစ်သွားတာလဲ။အခုငါတို့ကိုမြန်မြန်ပြောတော့။”
“ဟုတ်ကဲ့.”
ချီမင်အသက်ကိုပြင်းပြင်းရှုလိုက်တယ်။သူ့ကြည့်ရတာဒဏ်ရာပြင်းပြင်းထန်ထန်ရထားပုံရတယ်။ အမှန်တရားတစ်ချို့ကိုဖုန်းကွယ်လိုက်ပြီး အရိုးဖြူတာအိုရှင်အကြောင်းနဲ့အသင်္ချနတ်ဆိုးဂူအေကြာင်းကိုပြောပြလိုက်တယ်။အဲ့ကိစ္စက အကြီးအကဲသုံးယောက်ရဲ့မျက်နှာကိုပြောင်းသွားစေတယ်။
“အသေင်္ချနတ်ဆိုးဂူ.”
“နတ်ဆိုးဂိုဏ်းရဲ့တပည့်ကတကယ့်ကိုအစေခံတန်းလျားထဲနက်နက်ရှိုင်းရှိုင်းကိုဝင်ရောက်နေတာပဲ။”
“သေလိုက်ပါတော့”
“ကိစ္စကြီးတစ်ခုခုတော့ဖြစ်တော့မှာပဲ။”
“ငါတို့တိမ်စိမ်းတောင်ထွဋ်သခင်ကိုဒီကိစ္စကိုချက်ချင်းပြန်တင်ပြရမယ်။”
“…”
အကြီးအကဲသုံးယောက်ကဆွေးနွေးလိုက်ကြတယ်။
သူတို့က မေးခွန်းနည်းနည်းထပ်မေးပြီးအမှားမရှိတာကိုအတည်ပြုပြီးတာနဲ့ချက်ချင်းထွက်သွားတယ်။
“ငါတော့ကိစ္စကြီးတစ်ခုထဲမတော်တဆဝင်ပါမိပြီလို့ခံစားလိုက်ရတယ်။”
ချီမင်စိတ်ခံစားချက်နည်းနည်းပြင်းထန်သွားတယ်။
သူမကူညီနိုင်ပေမယ့်အရိုးဖြူတာအိုရှင်ရဲ့အကြောင်းတွေးမိနေတယ်။သူ့သူ့ခေါင်းကိုခါလိုက်ပြီးပြောလိုက်တယ်။”ငါအခုထပ်တွေးမနေတော့ဘူး။ငါနည်းနည်းပဲသိရသေးတာ။ငါတွေးနေရင်တောင်အသုံးမဝင်ဘူး။”
ညကကုန်ဆုံးသွားပြီးနောက်တစ်နေ့ရောက်လာတယ်။
ယဲ့တျန်းနဲ့တစ်ခြားလူတွေကဝန်းထဲကိုပြန်ရောက်လာတော့အခန်းကပျက်စီးနေတာကိုတွေ့လိုက်ရတယ်။ကျူးရှောင်ရှန်းနဲ့တစ်ခြားလူတွေးကဘာမှမမေးရဲပေ။သူတို့မြန်မြန်ပဲချီမင်ညွှန်ကြားချက်ကိုလိုက်နာလိုက်ပြီးအခန်းကိုသန့်ရှင်းလိုက်တယ်။သူတို့အိပ်ရာအသစ်နည်းနည်းလည်းပြန်လုပ်လိုက်တယ်။
နောက်နေ့တွေမှာ ချီမင်အလိုအလျှောက်ကျင့်ကြံခြင်းစနစ်(ဆော့လဲဝဲဖ်)ကိုသုံးပြီးအေခြအေနေတွတိုးတက်လာတဲ့အထိကျင့်ကြံနေလိုက်တယ်။ အပြင်စည်းဂိုဏ်းစစ်ဆေးပွဲကလည်းရောက်ရှိလာေတာ့မှာဖြစ်တယ်။ မူလကိုယ်ရဲ့တာဝန်တွေဖြစ်တဲ့ပျင်းဖို့ကောင်းတဲ့ ထင်းခွဲ မီးစာလုပ် စိုက်ခင်းကိုရေဖြန်းတဲ့အလုပ်တွေကိုကျူးရှောင်ရှန်းနဲ့တစ်ခြားလူတွေကလုပ်ပေးတယ်။
မသိလိုက်စွာနဲ့သုံးရက်ကြာပြီးတော့ အဆင့်A B C Dအစေခံတန်းလျားလေးခုကတွေ့ဆုံကြတယ်။
အကြီးအကဲ၂၀နဲ့ အစေခံတပည့်တွေ ပထမအကြီးအကဲမူချင်းကေတွ့ဆုံပွဲမှာပါဝင်ပေတယ်။ပထမအကြီးအကဲဆိုသူက တိမ်စိမ်းတောင်ထွဋ်အစေခံတန်းလျားရဲ့တစ်ဦးတည်းသော အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်ကသူဖြစ်တယ်။
တိမ်စိမ်းတောင်ထွဋ်ရဲ့အစေခံတပည့်တွေအကုန်လုံးလည်းပါဝင်တယ်။
လူအယောက်၄၈၀၀လောက်ရှိတယ်။
လူအားလုံးကရောက်နေပြီဖြစ်တယ်။
သူတို့ကတိမ်စိမ်းတောင်ထွဋ်ရဲ့လေးထောင်ပုံစံအလုပ်ရုံမှာတွေ့ဆုံကြတယ်။
“အဟွတ် အဟွတ်…”
မူချင်းကချောင်းဟန့်ပြီးဝင်လာတယ်။သူကအစိမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး အဖြူရောင်ဆံပင်တွေနဲ့ငယ်ရွယ်တဲ့ရုပ်မျိုးရှိတယ်။သူ့အကြည့်တွေကရှိတဲ့အစေခံတပည်တွေကို သိမ်းကြုံးဖြတ်သန်းသွားပြီးတော့ ဂုဏ်သရေရှိတဲ့ အမူအရာနဲ့ပြောလာတယ်။”အပြင်စည်းဂိုဏ်းစစ်ဆေးပွဲမစခင်လေးရက်လိုသေးတယ်။ငါမထင်ထားတာကအေစခံတပည့်တော်တော်များများက နတ်ဆိုးဂိုဏ်းရဲ့စကားတွေကြောင့်တိမ်စိမ်းတောင်ထွဋ်ကိုသစ္စာဖောက်မယ်လို့ပဲ။”
“သူတို့ကိုခေါ်ခဲ့။”မူချင်းကအော်လိုက်တယ်။
အကြီးအကဲအနည်းငယ်ကစောင့်ကြည့်နေတဲ့မငြိမ်မသက်ဖြစ်နေတဲ့ အစေခံတပည့်တွေကိုခေါ်ထုတ်လာတယ်။တော်တော်များတဲ့အရေအတွက်ဖြစ်တယ်။တန်းလျားလေးခုက အယောက်၁၀၈ယောက်လောက်ရှ်ိတယ်။
“ဒူးထောက်စမ်း”မူချင်း ဒေါသအပြည့်နဲ့အော်လိုက်တယ်။
ဘူးဇ်!
အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်ရဲ့ဖိအတွေက ထွက်ပေါ်လာပြီး ခုခံဖို့မဖြစ်နိုင်တဲ့ အစေခံတပည့်တွေရဲ့ကိုယ်ပေါ်ဖိအားပေးလာတယ်။သူတို့အကုန်ဒူးထောက်သွားပြီး နာကျင်မှုအပြည့်နဲ့ညည်းညူလာကြတယ်။
ချီမင်ရဲ့နှလုံးခုန်မြန်သွားတယ်။ သူမြေပြင်ပေါ်မှာဒူးထောက်နေတဲ့ အစေခံတပည်တွေကိုကြည့်ပြီးခေါင်းကစပ်ဖျဉ်းဖျဉ်းဖြစ်သွားတယ်။
“အထင်ကြီးဖို့ကောင်းတယ်ဟ။ငါထင်ထာကငါ့အပါအဝင်နောက်ထပ်ရှစ်ယောက်ပဲထင်တာ။အများကြီးရှိမယ်မထင်ထားဘူး။”
“ကျင့်ကြံခြင်းပါရမီနည်းနည်းပဲရှိလည်းတိမ်စိမ်းတောင်ထွဋ်ကအထူးအနေနဲ့ အစေခံတပည့်အဖြစ်ဝင်ခွင့်ပေးပြီး ကျင့်ကြံခြင်းနည်းလမ်းတွေသင်ပေးတယ်။ငါတို့ကမင်းတို့ကိုတိုးတက်ဖို့လမ်းကြောင်းပေးထားတယ်။”
မူချင်းရဲ့အကြည့်တွေကအေးစက်နေပြီး စကားထပ်ပြောလာတယ်။”မင်းတို့ကကျေးဇူးမတင်တဲ့အပြင် တိမ်စိမ်းတောင်ထွဋ်နဲ့ဂိုဏ်းကိုတောင်သစ္စာဖောက်လိုက်သေးတယ်။သွေးသရဲဆေးပြားလေးအတွက် နတ်ဆိုးဂိုဏ်ရဲ့သူလျှိုအဖြစ်ကိုလက်ခံလိုက်တယ်။”
“ဒါကိုခွင့်လွှတ်ပေးလို့မရဘူး!”
“ဒါက… ဒါက…”
“သူတို့တကယ်တိမ်စိမ်းတောင်ထွဋ်ကိုသစ္စာဖောက်ခဲ့တာလား။”
“သူတို့ကနတ်ဆိုးဂိုဏ်းရဲ့သူလျှိုတွေလား”
“မထင်ထားဘူး။”
“ကံကောင်းလို့ အစေခံတန်းလျားရဲ့ပထမအကြီးအကဲကသိပြီးနတ်ဆိုးဂိုဏ်းရဲ့သူလျှိုတွေကိုဖမ်းမိလို့။မဟုတ်ရင် ငါတို့နောက်ကျောကိုဓားနဲ့ထိုးရင်တောင်သိရမှာမဟုတ်ဘူး။”
“ဟုတ်တယ် ဟုတ်တယ်”
“…”
တန်းလျားလေးခုရဲ့အစေခံတပည့်တွေကဆွေးနွေးနေကြတယ်။
“မင်းတို့သိလား အဲ့ဒီသွေးသရဲဆေးပြားမှာနှလုံးဝါးမြိုဂူကောင်ပါတာသိကြလား။အဲ့တာကချီသန့်စင်ခြင်းအဆင့်မှာဆိုအရက်စက်ဆုံးအဆိပ်ပဲ။ဂူကနှလုံးထဲထိရောက်သွားရင် အင်မော်တယ်ဆင်းကယ်ဖို့တောင်ခက်ခဲတယ်။မင်းတို့နှလုံးဝါးမြိုဂူရဲ့ကျွန်အဖြစ်ထာဝရဖြစ်သွားလိမ့်မယ်။”
“ဂိုဏ်းကိုသစ္စာဖောက်တဲ့ဘယ်သူမဆို ဂိုဏ်းစည်းကမ်းအရသတ်ခံရမယ်”မူချင်းကကြေညာလိုက်တယ်။
“မဟုတ်ဘူး မလုပ်ပါနဲ့!”
“ပထမအကြီးအကဲ ငါ့တို့ကိုချမ်းသာပေးပါ။”
“ငါတို့ထပ်မလုပ်တော့ပါဘူး။ထပ်မလုပ်တော့ပါဘူး။”
“ချမ်းသာပေးပါ။”
“…”
ဒူးထောက်နေတဲ့အစေခံတပည့်တွေက မြေပြင်ပေါ်မှာအော်ဟစ်ပြီး ညှာတာမှုကိုတောင်းခံနေကြတယ်။
“ငါတို့အခုမင်းတို့ကိုမသတ်ရင်တောင် နှလုံးဝါးမြိုဂူကောင်အသက်ဝင်လာရင်တစ်ကြိမ်တောင်အသက်ရှင်မှာမဟုတ်ဘူး။”
မူချင်းသူခေါင်းကိုခါလိုက်တယ်။”မင်းတို့လမ်းကိုမင်းတို့ရွေးတာပဲ။ သဘာဝအတိုင်းပဲတန်ဖိုးကိုမင်းတို့ကိုယ်တိုင်ပေးရမှာပဲ။”
“ကွပ်မျက်ချိန်ရောက်ပြီ။”
ကလန်! ကလန်! ကလန်!!!
သူတို့စကားပြောပြီမကြာခင်ပဲမူချင် လက်ဟန်တစ်ခုလုပ်လိုက်တယ်။ သူ့ညာဘက်လက်ကိုယမ်းလိုက်တော့ အစိမ်းရောင်ဓားကထွက်လာပြီးလေထုထဲကိုပေါ်လာတယ်။ပြီးတော့ ဓား၁၀၈ချောင်းကွဲထွက်သွားတယ်။
ပူ! ပူ! ပူ!
ဓားအလင်းကဖြတ်ခနဲ့ဖြစ်သွားတယ်။
သွေးတွေဖြာထွက်လာတယ်။
ခေါင်း၁၀၈လုံးကမြေပြင်ပေါ်ကျလာတယ်။
လူတိုင်းကတိတ်ဆိတ်သွားတယ်။
လေထုက သွေးညှိနံ့တွေပြည့်သွားတယ်။
ချီမင်နှလုံးကတင်းကြပ်သွားတယ်။