တိမ်စိမ်းတောင်ထွဋ် အစေခံတန်းလျားရဲ့ပထမအကြီးအကဲ မူချင်း
Vol. 1 Ch. 8
ချီမင်ဟာအနည်းငယ်စိတ်လှုပ်ရှားနေတယ်။အဲ့တုန်းကချီမင်ကိုနတ်ဆိုးဂိုဏ်းရဲ့သူလျှိုအဖြစ်သတ်မှတ်လို့ရတယ်။သူတစ်၀က်တစ်ပျက်နဲ့ထွက်လာတာလေ။အဲ့ဒီအစေခံတပည့်တွေကိုရှာတွေ့ပြီးသုတ်သင်လိုက်နိုင်တဲ့အကြောင်းကလည်းချီမင့်ကြောင့်ပဲလေ။
ဒါပေါ့မူချင်းအစေခံတပည့်၁၀၈ယောက်ကိုအားလုံးရဲ့အရှေ့မှာကွပ်မျက်လိုက်ရတဲ့အကြောင်းအရင်းကအစေခံတပည့်တွေရဲ့အတန်းလေးတန်းကိုကြောက်ရွံရိုသေမှုခံစားရအောင်လို့ဖြစ်တယ်
တစ်ခြားအကြံအစည်တွေရှိမရှိကိုတော့ချီမင်မသေချာသေးဘူး။
သိပ်မကြာခင်မှာပဲတိမ်စိမ်းတောင်ထိပ်တန်းလျာမှာရှိတဲ့အလောင်း၁၀၈လောင်းကိုခြောက်နေတဲ့သွေးနဲ့သွေးနံနည်းနည်းလေးပဲကျန်တဲ့အထိသွေးရှင်းလင်းလိုက်တယ်။
“အပြင်စည်းဂိုဏ်းစစ်ဆေးပွဲရဲ့အခြေခံလိုအပ်ချက်ကချီသန့်စင်ခြင်းတတိယအဆင့်ကိုရောက်ရှိနေဖို့ပဲဖြစ်တယ်။ဒါကြောင့်ချီသန့်စင်ခြင်းတတိယအဆင့်ကိုမရောက်သေးတဲ့အစေခံတပည့်တွေကပိုပြီးကြိုးစားရလိမ့်မယ်။”
“ ဒါပေါ့ မင်းတို့တွေချီသန့်စင်ခြင်းတတိယအဆင့်ကိုမရောက်ဘဲ တိမ်စိမ်းတောင်ထိပ်ရဲ့အပြင်စည်းကို မ၀င်နိုင်ခဲ့ရင်ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကထုတ်ပယ်ခံရပေမဲ့ မင်းတို့တွေကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့သေမျိုးကမ္ဘာကဂိုဏ်းခွဲကို၀င်ပြီးကူညီစီမံခန့်ခွဲနိုင်တယ်”
မူချင်းကသူ့ရဲ့လက်တွေကိုနောက်မှာပစ်ထားတယ်။သူကိုယ်တိုင်အခုလေးတင်လူ၁၀၈ယောက်ကိုသတ်ခဲ့ပေမဲ့သူ့ရဲ့အမူအရာကတော့တစ်စက်မှမပြောင်းလဲသွားဘူး။သူကအဲ့တာကိုစိတ်ထဲမှာတောင်မရှိတဲ့အတိုင်းဆက်ပြောနေတယ်”သေမျိုးလောကမှာတိမ်စိမ်းတောင်ထိပ်လိုကောင်းမွန်တဲ့ပတ်၀န်းကျင်ရှိမှာမဟုတ်ပေမဲ့မင်းတို့ဆက်ကျင့်ကြံနိုင်တယ်လေ။”
“တစ်ကယ်လို့မင်းကံကောင်းရင်ကျင့်ကြံခြင်းမိသားစုတစ်ခုတည်ထောင်လို့တောင်ရတယ်”
“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့မရေတွက်နိုင်တဲ့ရှေ့နှစ်တွေကဂိုဏ်းကနေထုတ်ပယ်ခံလိုက်ရပြီးတော့သေမျိုးကမ္ဘာမှာအခွင့်အလမ်းတွေရရှိခဲ့တဲ့လူအနည်းငယ်ရှိတယ်။သူတို့တစ်ဆင့်ချင်းတစ်ဆင်းချင်းမြင့်တက်လာပြီးတော့သူတို့ရဲ့မိသားစုဂိုဏ်းထဲမှာပထမဆုံးအကြီးအကဲဖြစ်သွားတယ်။”
“ဒါကြောင့်မင်းတို့ရဲ့ကျင့်ကြံမှုလမ်းကြောင်းမှာ ဘာအခက်အခဲတွေပဲတွေ့တွေ့အလွယ်တကူလက်လျော့လို့မရဘူး။မင်းတို့အခက်အခဲတွေကိုထိပ်တိုက်ရင်ဆိုင်ပြီးတော့အခြေအနေတွေကိုဖြတ်ကျော်တတ်ဖို့သင်ယူရမယ်။”
“ပထမအကြီးအကဲရဲ့ဆုံးမမှုတွေကိုနားထောင်ပြီနောက်မှာအစေခံတပည့်တွေအားလုံးတက်ကြွလာကြတယ်။”
“ဒီတပည့်တွေကအများကြီးသင်ယူခဲ့ပြီးပြီမလား။”
“…”
အတန်းလေးတန်းကအစေခံတွေကချီးကျူးခံလိုက်ရတယ်။
“အရမ်းကောင်းတယ်။”
မူချင်းအားရပါးရရယ်လိုက်တယ်။ဒါပေမဲ့သူ့ရဲ့အကြည့်ကသိသာထင်ရှားမှုမရှိတဲ့ချီမင့်ဆီရောက်သွားပြီးတော့”ချီမင်ငါနဲ့အတူလိုက်ခဲ့။”
“ကျန်တဲ့လူတွေသွားနိုင်ပြီ။”
မူချင်းမသွားခင်ချီမင်ကိုနက်နဲစွာကြည့်သွားတယ်။
“လူတိုင်းသွားကြတော့။”
“သွားကြ”
“…”
အကြီးအကဲတွေကအော်လိုက်တယ်။
“ချီမင် ငါတို့နောက်လိုက်ခဲ့။”ပိန်ပိန်ပါးပါးအကြီးအကဲက ငြင်သာစွာနဲ့အမိန့်ပေးလာတယ်။
“ဟုတ်ကဲ့”
ချီမင်ခေါင်းညိတ်လိုက်တယ်။သူစိတ်လှုပ်ရှားသွားပေမယ့် သူ့အရှိန်ကိုမြန်လိုက်တယ်။ပတ်ဝန်းကျင်ကအစေခံတွေရဲ့အကြည့်အောက်မှာ သူမူချင်းနောက်ကိုလိုက်သွားလိုက်တယ်။
“သူဌေးကို ပထမအကြီးအကဲကတကယ်ခေါ်သွားတာပဲ။”
“နောက်ဆုံးတော့သူဌေးက သူဌေးပါပဲ။ငါတို့သူနဲ့ကိုယှဉ်လို့မရတာ။”
“ပထမအကြီးအကဲမူချင်းက သူဌေးကိုဘာလို့ခေါ်တာလဲကိုသိချင်တာ။”
“ကောင်းတဲ့ကိစ္စပဲဖြစ်မှာပေါ့။”
“မှန်တာပေါ့။ဟုတ်တာပေါ့။”
“…”
ကျူးရှောင်ရှန်းနဲ့တစ်ခြားလူတွေကသူတို့ဘာသာသူတို့ဆွေးနွေးနေကြတယ်။သူတို့မျက်လုံးတွေကမနာလိုမှုတွေလေးစားမှုတွေပြည့်နေကြတယ်။သူတို့ခြံဝင်းဖျက်ဆီးခံရတာကိုစဉ်းစားကြည့်ရင် ကိစ္စတွေကမရိုးရှင်းလောက်ဘူး။
တစ်ခြားအစေခံတပည့်တွေကလည်း ချီမင်အကြောင်းကိုဆွေးနွေးနေကြတယ်။
တိမ်စိမ်းတောင်ထွဋ်ရဲ့ အစေခံတန်းလျားလေးခုမှာ ပထမအကြီးအကဲကသူတို့အားလုံးကိုပြောစရာရှိတာပြောပြီးနောက်
ပထမအကြီးအကဲက ချီမင်ကိုသူတို့ရှေ့မှာ ခေါ်သွားတာက တပည့်တွေကို သဘာဝကျကျနဲ့ပဲဆွဲဆောင်သွားတာဖြစ်တယ်။
ခဏလေးနဲ့ချီမင်ရဲ့ဂုဏ်သတင်းတွေက တိမ်စိမ်းတောင်ထွဋ်ရဲ့အစေခံတန်းလျားတစ်ခုလုံးကိုမွှေးပျံ့သွာတယ်။
သူ သူ့ခေါင်းကိုငုံ့လိုက်ပြီး မူချင်းနောက်လိုက်သွားတယ်။သူကနှစ်မီတာအကွာက လိုက်သွားပြီး ဘာမှမပြောပေ။ ဒါပေမယ့် ကိစ္စအများကြီးကိုစဉ်းစားနေမိတယ်။
မူချင်းက သူ့ကိုအစေခံတပည့်တွေအားလုံးရှေ့မှာခေါ်သွားတည်းက သူကချီမင်ကို ထိခိုက်စေဖို့မရည်ရွယ်လောက်ပေ။တကယ်လို့ ကိစ္စတစ်ခုခုသူ့မှာဖြစ်ခဲ့ရင် မူချင်းကပထမဆုံးသံသယရှိခံရလိမ့်မယ်။
ဒါပေမယ့်…
မူချင်းကသူ့ကိုဘာလို့ခေါ်တာလဲ
ချီမင်စဉ်းစားရင်းနဲ့ပဲ မူချင်းနောက်ကိုလိုက်ရင်းခြံဝင်းတစ်ခုရှိဦးတည်လိုက်တယ်။ဒီနေရာက တိမ်စိမ်းတောင်ထွဋ်ရဲ့အစေခံတန်းလျားရဲ့ မူချင်းနေတဲ့လွတ်လပ်တဲ့ခြံဝင်းဖြစ်တယ်။ပတ်ဝန်းကျင်ကို ငှက်တွေပန်းတွေနဲ့ဖြည့်ထားပြီး ဝိဉာဏ်ချီတွေကပေါကြွယ်ဝနေတယ်။
ဒါ့အပြင်…
ချီမင်နဲ့သိပ်မဝေးတဲ့နေရာမှာ ဆေးစိုက်ခင်းနှစ်ကွက်ကိုတွေရတယ်။ အဲ့မှာတန်ဖိုးရှိတဲ့ ဝိဉာဏ်ရေးဆေးဖက်ဝင်အပင်တွေအများကြီးတွေ့ရတယ်။
ဆေးဖက်ဝင်အပင်တွေရဲ့အရွက်တွေက ယိမ်းခါနေပြီးအလင်းတန်းတွေတောက်ပနေတယ်။
“ဝင်ခဲ့”မူချင်ကပြောလိုက်တယ်။
“ဟုတ်ကဲ့”
ချီမင်ဂရုတစိုက်နဲ့ ခြံဝင်းထဲဝင်သွားပြီး ဧည့်တွေ့ဆောင်ထဲရောက်လာတယ်။မူချင်းက အဓိကခုံမှာထိုင်နေပြီး ချီမင်ကို ဧည့်သည်ထိုင်ခုံမှာထိုင်ခိုင်းလိုက်တယ်။
“လက်ဖက်ရည်သောက်ဦး”မူချင်းပြောလိုက်တယ်။
“ဟုတ်ကဲ့ပါ အကြီးအကဲ”
ချီမင် ၁၈နှစ်ဝန်းကျင်လောက်ရှိမယ့်ငယ်ငယ်ရွယ်ရွယ်မိန်းကလေးနှစ်ယောက်ဝင်လာတာမြင်လိုက်တယ်။သူတို့ကလက်ဖက်ရည်ကိုဖြည့်ပေးလိုက်ပြီးချီမင်ဘေးမှာလေးစားစွာရပ်နေကြတယ်။
“မင်းတို့သွားနိုင်ပြီ။”မူချင်သူ့လက်ကိုယမ်းလိုက်ရင်းအချက်ပြလိုက်တယ်။
“ဟုတ်ကဲ့ပါ”မိန်းမလှလေးနှစ်ယောက်ကခေါင်းငြိမ့်ပြီး ခန်းမထဲကထွက်သွားတယ်။
သူတို့ကတံခါးကိုပိတ်သွားပြီး မူချင်းနဲ့ချီမင်နှစ်ယောက်တည်းချန်ခဲ့လိုက်တယ်။
မူချင်းကဘာမှမပြောသေးပေ။သူလက်ဖက်ရည်ခွက်ကိုကိုင်လိုက်ပြီး နည်းနည်းသောက်လိုက်တယ်။
“လက်ဖက်ရည်ကောင်းပဲ”မူချင်းချီးမွမ်းလိုက်တယ်။
“…”
ချီမင်ကေပြာ လည်းမပြောသလို လက်ဖက်ရည်ကိုလည်းမသောက်ပေ။
“မင်းဘာလို့မသောက်တာလဲ။”
မူချင် ကချီမင်ကိုကြည့်ပြီးပြောလိုက်တယ်။”ဒါကသေမျိုးကမ္ဘာကလက်ဖက်ရည်မဟုတ်ဘူး။ဝိဉာဏ်လက်ဖက်ရည်ပဲ။လက်ဖက်ရွက်တွေကို ရေဝိဉာဏ်လက်ဖက်ရယပင်ကနေရတဲ့လက်ဖက်ရွက်ကိုသုံးထားတာ။ဒါကမင်းရဲ့ဝိဉာဏ်စွမ်းအင်ကိုတိုးတက်စေတယ်။”
“လက်ဖက်ရည်တိုက်တာကျေးဇူးပါ ပထမအကြီးအကဲ”
ချီမင်ခေါင်းငြိမ့်ပြီး ခွက်ကိုကောက်ကိုင်လိုက်တယ်။သူကခွက်ကိုကောက်ကိုင်လိုက်ပြီး တစ်ငုံတည်းနဲ့သောက်ချလိုက်တယ်။လက်ဖက်ရည်ကသူ့အစာအိမ်ထဲကိုနွေးထွေးတဲ့စီးကြောင်းလေးအဖြစ်နဲ့ဝင်လာတယ်။အဲ့တာတွေက ဝိဉာဏ်စွမ်းအင်အဖြစ်ပြောင်းပြီးသူ့ကိုယ်ထဲပေါင်းသွားတယ်။
“တကယ့်ကိုကောင်းတဲ့လက်ဖက်ရည်ပဲ”ချီမင်လက်ဖက်ရည်အရသာခံနည်းကိုမသိပေမယ့်ချီးကျုးလိုက်တယ်။
မူချင်းကယဲ့ယဲ့လေးပြုံးလိုက်တယ်။”မင်းကငါတို့နတ်ဆိုးဂိုဏ်းကသူလျှိုတွေကိုဖမ်းတဲ့နေရာမှာအဓိကအစိတ်အပိုင်းပဲ။ငါတကယ်မထင်ထားတာကမင်းမှာနှလုံးဝါးမြိုဂူကောင်ကိုဖြေရှင်းနိုင်တာကိုပဲ။”
“ပထမအကြီးအကဲ ငါ”ချီမင်တုံ့ဆိုင်းသွားတယ်။
မူချင်းကသူ့လက်ကိုယမ်းလိုက်ပြီး “မင်းရှင်းပြစရာမလိုပါဘူး။မင်းတစ်ခုခုကိုဖုံးကွယ်ထားတာငါသိပါတယ်။ဒါပေမယ့်ငါဂရုမစိုက်ပါဘူး။”
“ငါထင်တာကိုပြောရရင် အဲ့နတ်ဆိုးဂိုဏ်းကနတ်ဆိုးကမင်းကိုအကြောင်းပြချက်မရှ်ိဘဲပြဿနာရှာမှာမဟုတ်ဘူး။”
“ဖြစ်နိုင်တာက မင်းအရင်ကသူတို့ကိစ္စထဲမှာပါထားပြီး သွေးသရဲဆေးကိုစားဖို့ဖိအားပေးခံထားရတာပဲ။ဒါပေမယ့်မင်းကသွေးသရဲဆေးထဲဖုံးထားတဲ့နှလုံးဝါးမြိုဂူကိုသိသွားတယ်။မင်းကလည်းဂူအဆိပ်ကိုဖြေရှင်းနည်းကိုကံကောင်းလို့သိနေတယ်။အဲ့ဒါကြောင့်နတ်ဆိုးက မင်းကိုပစ်မှတ်ထားပြီးသတ်ချင်ရတာပဲ။”
“ကံကောင်းတာက အဆင့်Dအစေခံတန်းလျားရဲ့ အကြီးအကဲအနည်းငယ်ကမင်းကိုအချိန်မှီလေးရှာတွေ့သွားတယ်။မဟုတ်ရင်မင်းကနတ်ဆိုးရှိမှာအသတ်ထံရတော့မလို့ပဲ။”
“ပထမအကြီးအကဲက သိသွားတာပဲ။”
ချီမင်ကမြန်မြန်ပြောလိုက်တယ်။”ကျွန်တော့်မှာဘာမှထပ်ပြောစရာမရှိတော့ပါဘူး။လှည့်ပတ်ပြီးတော့လည်းပြောင်းလဲပြောစရာမရှိတော့ပါဘူး။”
“ရှေ့ကိုလာ။”
“ဟုတ်”ချီမင်မတ်တပ်ရပ်လိုက်ပြီး မူချင်းရဲ့ရှေ့ကိုသွားလိုက်တယ်။
“မင်းညာဘက်လက်ကိုထုတ်လိုက်”မူချင်းကဆက်ပြောလာတယ်။
“ဟုတ်ကဲ့။”ချီမင် သူ့ညာဘက်လက်ကိုဆန့်ထုတ်လိုက်တယ်။
မူချင်းသူ့လက်ချောင်းကိုချီမင်ရဲ့သွေးကြောပေါ်တင်လိုက်တယ်။သူကသူ့မျက်လုံးကိုနည်းနည်းပိတ်လိုက်တယ်။ချီမင် အရမ်းသိပ်သည်းနေတဲ့ဝိဉာဏ်စွမ်းအင်ကိုခံစားလိုက်မိတယ်။အဲ့တာကဆံချည်မျှင်နဲ့တူပေတယ်။သူသွေးကြောကနေတစ်ဆင့် သူမရီတျန်းတွေကိုဖြတ်လာပြီးဒန်တျန်းထဲဝင်လာတယ်။
ချီမင်မခုခံလိုက်ပေ။
“ချီသန့်စင်ခြင်းပဉ္စမအဆင့်”
မူချင်းရဲ့မျက်လုံးတွေကမယုံကြည်နိုင်မှုနဲ့ပြူးကျယ်သွားတယ်။သူချီမင်ကိုစူးစိုက်ကြည့်ပြီး”မင်းတကယ့်ကိုချီသန့်စင်ခြင်း ပဉ္စမအဆင့်ကိုရောက်နေတယ်။”
မူချင်း ပင့်သက်ရှိုက်လိုက်တယ်။
“ဟုတ်ပါတယ်။”ချီမင် မငြင်းနိုင်တော့ပေ။
ချီမင် လေးဆအမြန်နှုန်းနဲ့သုံးရက်ဆက်တိုက်ကျင့်ကြံပြီးတော့သူက ချီသန့်စင်ခြင်းစတုတ္ထအဆင့်နှောင်းပိုင်းအဆင့်ကနေ ပဉ္စမအဆင့်အစောပိုင်းအဆင့်ကိုချိုးဖြတ်နိုင်သွားတာဖြစ်တယ်။
“ဟားဟားဟား…”
မူချင်းသူ့ရဲ့အံ့ဩနေတာကပုံမှန်ပြန်ဖြစ်သွားတော့ ချက်ချင်းကို အကျယ်ကြီးရယ်ပစ်လိုက်တယ်။
“ကောင်းတယ်ကောင်းတယ်ကောင်းတယ် ငါအစကထင်တာ မင်းက နှလုံးဝါးမြိုဂူကောင်ကိုခုခံနိုင်လောက်အောင်သန်မာလို့ပဲ။မထင်ထားတာက ချီသန့်စင်ခြင်းပဉ္စမအဆင့်ကိုရောက်နေလို့ပဲ။”
“ကောင်းတယ် အရမ်းကောင်းတယ်။”
“ငါတကယ့်ကိုမမျှော်လင့်ထာဘူး တိမ်စိမ်းတောင်
ထွဋ်မှာမင်းလိုပုန်းကွယ်နေတဲ့နဂါးလို လူမျိုးရှိလိမ့်မယ်လို့။ဒီလိုဆိုငါတို့တိမ်စိမ်းတောင်ထွဋ်က အပြင်စည်းဂိုဏ်းစစ်ဆေးပွဲမှာကောင်းကောင်းအစွမ်းပြနိုင်တော့မှာပဲ။”