← Chapters

ဆန္ဒပြင်းပြမှုနတ်ဆိုးအရှင်

Vol. 1 Ch. 9

ဆန္ဒပြင်းပြမှုနတ်ဆိုးအရှင်

Vol. 1 Ch. 9

ဒါက…”

ချီမင်သူ့ခေါင်းကိုငုံ့လိုက်တယ်။ သူမူချင်းဘာစဉ်းစားနေတယ်ဆိုတာသိသလိုပဲ။

သူက ချီမင်ကို အပြင်စည်းဂိုဏ်းစစ်ဆေးပွဲမှာ အဆင့်ကောင်းရအောင်လုပ်ပြီး တိမ်စိမ်းတောင်ထွဋ်ရဲ့အစေခံတန်းလျားကိုနာမည်ကောင်းရစေချင်တာပဲ။

မူချင်းကလည်းဒီကနေအကျိုးအမြတ်တွေရနိုင်တယ်။

ဒါပေမယ့် မူချင်းလိုချင်တာက ချီမင်ရဲ့ နိမ့်ကျတဲ့နောက်ခံနဲ့သူရဲ့လျှို့ဝှက်အစီအစဉ်နဲ့မလိုက်ဖက်ပေ။

အဲ့တာကြောင့်ချီမင်ပါးပါးနပ်နပ်နဲ့ငြင်းလိုက်တယ်။”ပထမအကြီးအကဲမူ ငါကသုံးနှစ်လောက်အစေခံတပည့်ဖြစ်လာတာ။ ငါ့ကိုငါနှိမ့်ချပြီး ကျင့်ကြံခြင်းအဆင့်ကိုတစ်ခါမှ‌မဖော်ထုတ်ဖူးဘူး။အဲ့တာကမလိုလားတဲ့ပြဿနာတွေကနေငါကိုဝေးစေတယ်။”

“ကျွန်တော်တိတ်တိတ်ဆိတ်ဆိတ်နေရတာပဲကြိုက်တယ်။ကျွန်တော်ကအေးအေးချမ်းချမ်းကျင့်ကြံပြီး တာအိုနည်းစနစ်တွေကို စဉ်ခြင်သုံးသပ်ချင်တယ်။ ကျွန်တော်အဲ့လိုကိစ္စတွေမှာဝင်ပါရတာမကြိုက်ဘူး။”

“ချီမင် အဲ့လိုမပြောနဲ့။”မူချင်းသူ့လက်ကိုယမ်းလိုက်တယ်။

သူ့နှုတ်ခမ်းပေါ်မှာအပြုံးတစ်ခုနဲ့ပဲ ဆက်ပြောလာတယ်”အပြင်လူတွေရှေ့မှာ ငါကိုပထမအကြီးအကဲမူလို့မခေါ်နဲ့။ငါက အစေခံတန်းလျားလေးရဲ့ပထမအကြီးအကဲလေးသာသာပါ။ ဒါကြောင့်မင်းငါ့ကို ပထမအကြီးအကဲလို့ပဲခေါ်လို့ရတယ်။”

“ဟုတ်ကဲ့”

ချီမင်သူ့စိတ်ထဲညဉ်းတွားလိုက်ပေမယ့် အပေါ်ယံမှာတော့ အရမ်းကိုရိုသေလေးစားတဲ့ပုံပြထားတယ်။အပြင်လူတွေရှေ့မှာ မခေါ်နဲ့ဆို‌တော့ အခုအနားမှာဘယ်သူမှမရှိတော့အဆင်ပြေတယ်မလား။

“ချီမင်”မူချင်းက သူ့ရဲ့မုတ်ဆိတ်ဖြူအရှည်ကြီးကို သပ်လိုက်တယ်။သူကတကယ့်ကိုပညာရှိတစ်ယောက်နဲ့တူတယ်။”မင်းကျင့်ကြံခြင်းအကြောင်းဘယ်လောက်သိလဲ ။ ကောင်းကင် မြေကြီး လူတွေနဲ့အရာအားလုံးကိုတိုက်ခိုက်ဆန့်ကျင့်ရတာပဲကျင့်ကြံတယ်ဆိုတာ။”

“မင်းသာမတိုက်ခိုက်ရင် မင်းဘယ်ဟာကိုမှပိုင်ဆိုင်နိုင်မှာမဟုတ်ဘူး။”

“မင်းရဲ့အကျင့်စရိုက်ကအရမ်းကောင်းတယ်။ဆိုလိုချင်တာက မင်းကလုံလောက်အောင်တည်ငြိမ်ပြီး ပြဿနာတွေ အန္တာရာယ်တွေကနေရှောင်နိုင်လိမ့်မယ့်။မင်းကမင်းရဲ့ပါရမီကိုဖော်ပြပြီး မင်းကိုယ်မင်းမမြှင့်တင်ရင် တိမ်စိမ်းတောင်ထွဋ်နဲ့ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာလုံလောက်တဲ့အရင်းအမြစ်တွေရအောင်ဘယ်လ်ိုတိုက်ခိုက်နိုင်မလဲ။ ဂိုဏ်းကရောမင်းကိုကျင့်ကြံနိုင်ဖို့ဘယ်လိုကူညီန်ိုင်မှာတုန်း။”

“ကျင့်ကြံခြင်းလမ်းကြောင်းပေါ်မှာလိုတဲ့ ကြီး မြတ်တဲ့လိုအပ်ချက်ကြီးလေးမျိုးရှိတယ် ချမ်းသာကြွယ်ဝမှု အဖော်ကောင်း နည်းစနစ် နေရာ ဆိုတဲ့ လေးမျိုးပဲ။ချမ်းသာကြွယ်ဝမှုကတော့နံပါတ်တစ်ပဲ။အဲ့တာကအရင်းအမြစ်တွေရဲ့အရေးပါမှုကိုဖော်ပြနေတာပဲ။”

“မင်းအဲ့တာကိုစဉ်းစားဖို့လိုတယ်။”

မူချင်းက ချီမင်ပခုံးကို အကြီးတစ်ယောက်လိုပုတ်လိုက်ပြီး လေးလေးနက်နက်ပြောလာတယ်။

ချီမင် မလှုပ်ရှားနိုင်တော့ပေ။ သူကသူ့ဘာသာသူတွေးလိုက်တယ်။’ငါ့မှာ အခုအလိုအလျှောက်ကျင့်ကြံခြင်းစနစ်(ဆော့လ်ဝဲလ်)ရှိနေပြီဆို‌တော့ ငါ‌ေန့တိုင်းအလိုအလျှောက်ကျင့်ကြံနေသမျှ မြေအောက်စခန်းတွေရှင်းနေသမျှ ချမ်းသာမှုတွေ နေရာကောင်းတွေ မိတ်ဆွေတွေက လွယ်လွယ်လေးရနိုင်တယ်။

လေ့ကျင့်တာ

ပြိုင်ပွဲတွေ

စွန့်စားခန်းတွေ

နိုးပါ

အဲ့တာတွေကပြဿနာများပြီးအန္တာရယ်များတယ်။အဲ့တာတွေကသူ့ကိုမဆွဲဆောင်နိုင်ဘူး။သူမှာသာအချိန်လုံလုံလောက်လောက်ရှိရင် သူဂိမ်းထဲကမြေအောက်စခန်းနည်းနည်းလောက်ရှင်းပြီး အကုန်ပိုင်ဆိုင်နိုင်တယ်။

ယုံချင်ယုံ မယုံချင်နေ သူတစ်ဘဝလုံး အစေခံတန်းလျားမှာနေရင်တောင် သူမသေမျိုးအင်မော်တယ်ဖြစ်လာနိုင်တယ်။

“အဟွတ် အဟွတ်.”

မူချင်း ကြည့်ရသလောက် ချီမင်က အောင်မြင်ကျော်ကြားမှုကိုမလိုချင်တဲ့ပုံဖြစ်နေတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ရင့်ကျက်ပြီး သတ္တိတွေတက်ကြွမှုတွေမရှိတာကိုကြည့်ရတာနည်းနည်းထူးဆန်းတယ်။သူ့ကိုမကူညီနိုင်‌ေလာက်ဘူးထင်တယ်။

ဒီနှစ်တစ်လျှောက်လုံး တိမ်စိမ်းတောင်ထွဋ်က အပြင်စည်းဂိုဏ်းစစ်ဆေးပွဲမှာ အမြဲတမ်းနောက်ဆုံးဖြစ်နေတာ။ဂိုဏ်းကရတဲ့အရင်းအမြစ်တွေကနည်းနည်းလာတယ်။ဒီလိုသာဆက်ဖြစ်နေရင် အစေခံတန်းလျားရဲ့ပထမအကြီးအကဲအနေနဲ့ သူဘာအကျိုးအမြတ်မှရမှာမဟုတ်တော့ဘူး။

အဲ့တာကြောင့်မူချင်း ဒီတစ်ခေါက်ကောင်းကောင်းလုပ်ချင်တယ်။သူ့တပည့်တွေကို ဒီစစ်ဆေးပွဲမှာ ပွဲထုတ်ချင်နေတယ်။ ဒီနည်းလမ်းနဲ့ပဲ သူ့ရဲ့အတိတ်ကအရှက်စရာတွေကိုရှင်းထုတ်နိုင်ပြီး ဂိုဏ်းကနေအကျိုးအမြတ်ရနိုင်မှာ။

“ချီမင် “မူချင်ကမတူကွဲပြားစွာနဲ့ပြောလာတယ်။

“မင်းကိစ္စကကြီးလည်းကြီးသလိုသေးလည်းသေးနိုင်တယ်။ပွင့်ပွင့်လင်းလင်းပြောရရင် မင်းကဂိုဏ်းကိုသစ္စာဖောက်ထားပြီး သွေးသရဲဆေးတောင်စားထားတယ်။ဒါက မင်းကိုသစ္စာဖောက်အဖြစ်သတ်မှတ်လို့ရတယ်။”

“ဒါကတကယ့်ကိုကိစ္စသေးလေးပေါ့။မင်းကမင်းအမှားကိုနားလည်ပြီး နှလုံးဝါးမြိုဂူကောင်ကိုဖယ်ထုတ်လိုက်နိုင်တယ်။ မင်းနတ်ဆိုးဂိုဏ်းသူလျှိုတွေအကြောင်းတောင်ဂိုဏ်းကိုတင်ပြလိုက်တာပဲ။ဒါကဂိုဏ်းကိုအကျိူးပြုတဲ့ကိစ္စအဖြစ်သတ်မှတ်လို့ရတယ်။”

“မင်း ဂိုဏ်းကို အကျိုးပြုတာလား အပြစ်လုပ်ထားတာလာဆိုတာကို ကြည့်ပြီး ငါတို့ကလည်းဂိုဏ်းရဲ့စည်းမျဉ်းကိုလိုက်နာရတာပေါ့။”

“ပထမအကြီးအကဲမူ”ချီမင် မူချင်းပြောတာနဲ့ပတ်သက်ပြီး အနှောက်အယှက်ဖြစ်သွားတယ်။မူချင်းသာဆက်ပြောနေရင် သူဂိုဏ်းကိုသစ္စာဖောက်တဲ့အကြောင်းဆက်ပြောလာနိုင်တယ်။ချီမင်ဒီကိစ္စကိုတာဝန်မခံနိုင်ဘူး။

မူချင်းရဲ့စကားလုံးတွေ တစ်စုံတစ်ခုကိုသွယ်ဝိုက်နေတယ်။

ရှင်းရှင်းပြောရရင် သူ့အပေါ်မူတည်ပြီး ကိစ္စကကြီးလားသေးလားဆုံးဖြတ်မယ်ဆိုတာဖြစ်တယ်။

“ကျွန်တော်ရုတ်တရက်ကြီး အကြီးအကဲပြောတာမှန်တယ်ဆိုတာနားလည်ပါပြီ။”

ချီမင် သူ့ခေါင်းကိုမြောက်လိုက်ပြီး သူ့ကိုယ့်ကတိုက်ခိုက်ချင်စိတ်တွေပြည့်နေတယ်။ သူလက်သီးကိုရင်ဘက်ပေါ်တင်လိုက်ပြီးအော်လိုက်တယ်။

“ကျွန်တော့်တို့ရဲ့ ကျင့်ကြံသူမျိုးဆက်က ခက်ခဲမှုတွေကိုကြောက်နေလို့မရဘူး။ကျွန်တော်တို့က ကောင်းကင်နဲ့မြေပြင်ကိုဆန့်ကျင်တိုက်ခိုက်ရမှာ။ကျွန်‌ေတာ်တို့ကသာမန်ရိုးကျကိုသွေးဖယ်ပြီး ဘဝရဲ့သေခြင်းနဲ့ရှင်ခြင်းကိုငြင်းဆန်ရမှာ အကြီးအကဲ မယုံလည်းကျွန်တော်တို့တိုက်ခိုက်ရမှာပါ။”

“ကောင်းကင်ဘုံကိုတိုက်ခိုက်ပါ။မြေပြင်ကိုတိုက်ခိုက်ပါ။ လူသားတွေကိုတိုက်ခိုက်ပါ။ အဆုံးမရှိတဲ့ပျော်ရွှင်မှုတွေကိုရယူပါ။”

“ဟားဟား”

မူချင်း ခဏလောက်ကြောင်သွားပြီး ကျယ်လောင်စွာနဲ့ရယ်လာတယ်။”တော်လိုက်တဲ့ကောင်လေး ငါမင်းနဲ့ပတ်သက်တာမှန်သွားပြီ။”

“ဒါပေမယ့်”ချီမင် သူ့အသံကိုရပ်လိုက်တယ်။သူရဲ့ အခက်အခဲကိုပြောပြလိုက်တယ်။”ကျွန်တော့်ရဲ့ကျင့်ကြံမှုကကောင်းပေမယ့် ကျွန်တော့်ရဲ့ နည်းစနစ်တွေ သိုင်းပညာတွေက ရန်သူနဲ့ရင်ဆိုင်ရရင် ရှိတာဆိုလိုတိမ်စိမ်းဓားပညာရပ်ပဲရှိတယ်။ထပ်ပြောရရင် ကျွန်တော့ရဲ့ကျင့်ကြံခြင်းအဆင့်ကလည်းနိမ့်နေသေးတယ်။”

“ထပ်ပေါင်းပြောရရင် ကျွန်တော်အစေခံတပည့်အဖြစ်သုံးနှစ်တာကျင့်ကြံတာက ကျွန့တော့်ကိုအရမ်းဆင်းရဲသွားစေတယ်။အခုထိကျွန်‌တော့်မှာ ထိုက်သင့်တဲ့ရတနာလက်နက်တောင်မရှိသေးဘူး။ကျွန်တော့်မှာသာရှိရင် အဆင့်ကောင်းရမယ်ဆိုတာသေချာတယ်။”

“ဒါဆိုမင်းဘာလိုချင်လဲ”မူချင်းပြုံးလိုက်တယ်။

“ဟူး”ချီမင် သူခေါင်းကိုခါလိုက်ပြီး ဒုက္ခရောက်နေတဲ့အမူအရာနဲ့ပြောလာတယ်”ကျွန်တော်ကအများကြီးမလိုပါဘူး။ကျွန်တော်ကိုသာအဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးတစ်သောင်းလောက်ပေးရင် ကျွန်တော်လိုချင်တဲ့နည်းစနစ် တွေအဆောင်တွေ ရတနာတွေဝယ်နိုင်ပါတယ်။”

“အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးတစ်သောင်း”

မူချင်းသူ့မုတ်ဆိတ်မွှေးတစ်ချို့ကိုဆွဲနုတ်လိုက်မိတယ်။”မင်းဘာလို့ဓားပြသွားမတိုက်တာလဲ။”

“ငါ့မှာတောင် အဆင်နိမ့်ဝိဉာဏ်ကျောက်တုံးတစ်ထောင်ပဲရှိတယ်ဟ။”

မူချင်းသူရဲ့ အိတ်ထဲကနေ အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးတွေကိုထုတ်လိုက်ပြီး ချီမင်ရှိပစ်ပေးလိုက်တယ်။”ဒါအကုန်ပဲ။”

“ဒါကထင်ထားတာထက်နည်းတာပဲ။”မူချင်းတိုးတိုးပြောလိုက်တယ်။

“သွားလို့ရပြီ”

မူချင်း လက်ဖက်ရည်ခွက်ကိုကောက်ကိုင်လိုက်ပြီးစိတ်ကြေကွဲသွားတယ်။ဒါပေမယ့်သူ့ရဲ့လက်ဖက်ရည်ခွက်ကတောင် အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးဆယ်တုံးထက်ပိုတန်တာကိုတွေးမိပြီး ကြေကွဲဝမ်းနည်းသွားတာကိုရပ်လိုက်တယ်။

“ကောင်းပြီ ငါမင်းကိုလိုက်မပို့တော့ဘူး။”

ချီမင်သူ့ခေါင်းကိုငုံလိုက်ပြီး မြန်မြန်ပဲလှည့်ထွက်လာလိုက်တယ်။

“ခဏ‌နေဦး”

မူချင်းသူ့ခေါင်းကိုမြှောက်လိုက်ပြီး ချီမင်ကိုလှမ်းခေါ်လိုက်တယ်။

“ပထမအကြီးအကဲ ကျွန်တော့်ကိုအဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးတစ်သောင်းပေးဖို့စီစဉ်လိုက်တာလား”ချီမင် သူ့မျက်လုံးတွေကိုပင့်လိုက်တယ်။

“အိပ်မက်မက်နေလိုက်”မူချင်းအော်လိုက်တယ်”မင်းအိပ်မက်ထဲ‌တောင်မဖြစ်နိုင်ဘူး။”

“ဒါက စိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့်ပဲ။”

မူချင်းကျောက်စိမ်းပြားလေးကိုပစ်လိုက်တယ်။”ဒါကချီသန့်စင်ခြင်းထိပ်တန်းအဆင့်ရွေးလျားရေး ပညာရပ်ပဲ။နောက်ရက်နည်းနည်းလောက်မှာ ကျွမ်းကျင်ဖို့‌အကောင်းဆုံးကြိုးစားလိုက်။မင်းတတ်နိုင်သလောက်သင်ယူထား။”

“ကျေးဇူးတင်ပါတယ် ပထမအကြီးအကဲမူ”

ချီမင်စိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့်ကို သိမ်းထားတဲ့ကျောက်စိမ်းပြားကိုလက်ခံလိုက်ပြီးမူချင်းကိုကျေးဇူးတင်လိုက်တယ်။

“သွား‌တော့”

မူချင်းသူ့လက်တွေကိုဒေါသထွက်ထွက်နဲ့ယမ်းလိုက်တယ်။”လူလိမ်ကောင်လေး မင်းသာ အပြင်စည်းဂိုဏ်းစစ်ဆေးပွဲမှာကောင်းကောင်းမလုပ်နိုင်ရင် ငါမင်းအသက်ရှင်ရတာကိုနောက်တရသွားအောင်လုပ်ပေးမယ်။”

ချီမင်ပြန်လှည့်မကြည့်ပဲဖြေလိုက်တယ်”မစိုးရိမ်ပါနဲ့ ကျွန်တော်အောက်ကနေရေရင် နံပါတ်တစ်ရစေရမယ်။”

“သူတောင်းစား မင်းလုပ်ရဲလား “မူချင်းကျိန်ဆဲလိုက်တယ်။

ချီမင် ထွက်သွားပြီး မကြာခင်မှာပဲ ကျက်သရေရှိတဲ့ပုံရိပ်တစ်ခုက ဧည်တွေ့ဆောင်ထောင့်ကနေပေါ်လာတယ်။လိုက်ကာတွေကြောင့်သေသေချာချာတော့မမြင်ရပေ။နှင်းဖြူရောင်ခြေတံရှည်တစ်စုံကိုပဲမြင်နိုင်တယ်။

မူချင်း ဒူးထောက်လိုက်တယ်။

“သခင်”

မူချင်းကပြောလိုက်တယ်။”ကျွန်တော်အခုလေးတင်ဝိဉာဏ်ရှာဖွေရေးနည်းလမ်းနဲ့ ချီမင်ရဲ့အခြေအနေကိုစစ်ကြည့်လိုက်တယ်။အဲ့ဒီလူရဲ့အရည်အချင်းက အရမ်းကိုသာမန်ဆန်လွန်းတယ်။သူအချိန်ခဏလေးအတွင်းမှာ အခွင့်အလမ်း‌တစ်ချို့ရခဲ့တယ်နဲ့တူတယ်။အဲ့တာကြောင့် ချီသန့်စင်ခြင်းပဉ္မအဆင့်ကိုရောက်နေတာပါ။”

“အဲ့ကိစ္စကိုမစိုးရိမ်ပါနဲ့”

ကျက်သရေရှိလှတဲ့ပုံရိပ်က လျစ်လျူရှုစွာနဲ့ပြောလာတယ်”ဒါကချက်ကစားတဲ့ဂိမ်းလိုပါပဲ။သူအသက်ရှင်လား သေလားကအရေးမကြီးဘူး သူပိုအသုံးဝင်လာရင်ပို‌ေကာင်းတယ်။ဒါပေမယ့် အသုံးမဝင်လည်းအဆင်ပြေပါတယ်။”

“ဟုတ်ကဲ့ပါ”မူချင်းခေါင်းညိတ်လိုက်တယ်။

“ဒီနှစ်တွေတစ်လျှောက် ငါတို့အသင်္ချေနတ်ဆိုးဂူက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို စိမ့်ဝင်လာတာအကန့်အသတ်ကိုရောက်နေပြီ။ငါတို့နောက်ထပ်ခြေလှမ်းလို့မရ‌တော့ဘူး။ငါပြောနိုင်တာက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းခေါင်းဆောင်ယန်လီက ဂိုဏ်းရဲ့ကိစ္စတွေကို ဂရုမစိုက်တော့ဘူး။သူဂိုဏ်းကိုမေ့သွားလောက်ပြီ။”

ကျက်‌သရေရှိတဲ့ပုံရိပ်ကဆက်ပြောလာတယ်။”ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက ဆယ့်နှစ်ပိုင်းကွဲနေပြီ။အဲ့တာကအေးဆေးဖြစ်နေပုံရပေမယ့် အထဲမှာရုန်းကန်မှုတွေဖြစ်နေပြီ။တောင်ထွဋ်ဆယ့်နှစ်ခုရဲ့ခေါင်းဆောင်တွေတောင် ပဋိပက္ခတွေရှိနေပြီ။”

“ဒါပေမယ့်…”

“ယန်လီရှိနေသမျှတော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက ပရမ်းပတာဖြစ်မှာမဟုတ်ဘူး။”

“ငါတို့ဆန္ဒပြင်းပြမှု‌နတ်ဆိုးအရှင်ရဲ့ ကိစ္စတွေကို စီစဉ်ရဦးမယ်။လောနေလို့မရဘူး။”

All Chapters