← Chapters

တိမ်စိမ်းဓါးနည်းစနစ်ကျွမ်းကျင်အဆင့် နှင့်ညစ်နွမ်းရွှံ့နွံအားရှင်းလင်းခြင်း

Vol. 1 Ch. 10

တိမ်စိမ်းဓါးနည်းစနစ်ကျွမ်းကျင်အဆင့် နှင့်ညစ်နွမ်းရွှံ့နွံအားရှင်းလင်းခြင်း

Vol. 1 Ch. 10

ချီမင်အစေခံတပည့်၀င်းထဲကိုပြန်ရောက်တဲ့အချိန်မှာယဲ့တျန်းနဲ့တစ်ခြားတပည့်တွေကသိချင်စိတ်နဲ့သူ့ကို

၀ိုင်းလာကြတယ်။ကျူး‌ရှောင်ရှန်းနဲ့တစ်ခြားတပည့်တွေကဖားတောင်ဖားနေကြတယ်။

“မင်းတို့အားလုံးဘာလို့ဘာအကြောင်းမှမရှိဘဲလျှောက်မေးနေကြတာလဲ။”

ချီမင်ကစိတ်ပျက်လက်ပျက်နဲ့ပြောလိုက်တယ်။”မင်းတို့တွေငါ့ရဲ့အစေခံတာ၀န်တွေလုပ်ပြီးပြီလား။မင်းတို့အလုပ်မင်းတို့လုပ်နေကြစမ်းပါ။”

“ဟုတ်ဆရာ”ကျူး‌ရှောင်ရှန်းအော်ပြောလိုက်တယ်။

“ဟုတ်”

“ကျွန်တော်တို့အခုပဲဆရာ့ရဲ့အစေခံအလုပ်တွေပြီးအောင်လုပ်လိုက်ပါ့မယ်။”

ကျန်းချင် ဟူဂန်းနဲ့ဟဲ့ပင်းတို့အမြန်ပြောလိုက်တယ်။

“မင်းအဆင်ပြေရဲ့လား။”ယဲ့တျန်းကစိတ်ပူပူနဲ့မေးလိုက်တယ်။

“ငါအဆင်ပြေပါတယ်။”ချီမင်လက်‌ေ၀ှ့ပြလိုက်တယ်။

“မင်းရောယဲ့တျန်းမင်းဘယ်အဆင့်ရောက်ပြီလဲ။”

“ငါချီသန့်စင်ခြင်းအစောပိုင်းဒုတိယအဆင့်ကိုပြီးခဲ့တဲ့လတုန်းကချိုးဖျက်နိုင်ခဲ့တယ်။”

ယဲ့တျန်းခါးသီးစွာပြုံးလိုက်တယ်။”ငါအပြင်စည်းဂိုဏ်းစစ်ဆေးပွဲကိုအောင်မယ်မထင်ဘူး။ဒါပေမဲ့ငါ့မိသားစုကငါမအောင်ခဲ့ရင်မိသားစုစီးပွားရေးကိုပြန်လာပြီးဆက်ခံရမယ်လို့ငါ့ကိုကြိုသတိပေးပြီးသွားပြီ။”

“ငါမင်းကိုချမ်းသာတဲ့မိသာစုကသားဖြစ်မယ်လို့မထင်ခဲ့ဘူး။”

ချီမင်ကအံသြသွားခဲ့တယ်။

“အဲ့တာဘာအသုံး၀င်လိုလဲ။”ယဲ့တျန်းခေါင်းခါလ်ိုက်တယ်။”တစ်ကယ်လိုချမ်းသာတဲ့မိသားစုကသားဖြစ်ရင်တောင်အဲ့တာကသေမျိုးကမ္ဘာမှာပဲလေ။တိမ်စိမ်းတောင်ထိပ်နဲ့ဘယ်လိုလုပ်နှိုင်းယှဥ်နိုင်မှာလဲ။ဒါကဘာမှမဟုတ်သေးဘူး။”

“အဲ့တာအပြင်...”

“သေမျိုးကမ္ဘာကအင်ပါယာတွေရဲ့မျိုးဆက်တွေတောင်တိမ်စိမ်းတောင်ထိပ်ကိုရောက်လာရင်အစေခံတပည့်တွေထက်အဆင့်မြင့်မှာမဟုတ်ဘူး။”

“မေ့လိုက်ပါတော့”

“ယဲ့တျန်းကပြုံးပြီးပြောလိုက်တယ်”ငါကျင့်ကြံခြင်းလမ်းကြောင်းကိုမလျှောက်နိုင်ဘူးထင်တယ်။ငါပြန်ပြီးမိသားစုစီးပွားရေးကိုဆက်ခံတာပဲကောင်းမယ်။ငါ အင်မော်တယ် မဖြစ်လာရင်‌လည်းအပူအပင်ကင်းကင်းနဲ့‌ေနနိုင်လိမ့်မယ်။ငါက ချမ်းသာတဲ့ဘဝကိုပြောင်းလည်းနိုင်ပါတယ်။ငါမှာဇနီးတွေနဲ့မောင်းမတွေတောင်ရှ်ိလာလိမ့်မယ့်။ငါဒီကနေ တော့ဘာမှကိုမမျှော်လင့်တော့ဘူး။”

“အို‌ခေလေ”

ချီမင် ယဲ့တျန်းရဲ့ပခုံးကိုသူ့ရဲ့စိတ်ပျက်မှု‌ေတွကိုမသိ‌ေပမဲ့ပုတ်ပေးလိုက်တယ်။

သူကမေးလိုက်တယ်”ယဲ့တျန်း ပထမအကြီးအကဲမူပြောတဲ့အရဆို ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကသေမျိုးကမ္ဘာကိုဘယ်လောက်ထိန်းချုပ်ထားတာလဲ။မင်းရောသိလား။”

ယဲ့တျန်းခေါင်းညိတ်ပြီးပြောလိုက်တယ်”ငါနည်းနည်းတော့သိထားတယ် မင်းသိချင်ရင်ပြောပြမယ်လေ။”

“အိုခေ”ချီမင် ပြောလိုက်တယ်။

ယဲ့တျန်းကဖြည်းဖြည်းလေးရှင်းပြလိုက်တယ်။”ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက တောင်းပိုင်း‌ေဒသရဲ့အဓိကဂိုဏ်းသုံးခုထဲကိုမှ သူ့ကိုတောင်ထွဋ်ဆယ့်နှစ်ခုပြန်ခွဲထားတယ်။ငါတို့ရှိနေတဲ့တိမ်စိမ်းတောင်ထွဋ်ကသူတို့ကတစ်ခုပဲ။”

“ဂိုဏ်းသုံးခုကဘာတွေလဲ”ချီမင်မေးလိုက်တယ်။

“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း ဆောင်းဦး

ဝိဉာဏ်ဂိုဏ်း ဗုဒ္ဓတစ်သောင်းဂိုဏ်း”

ယဲ့တျန်းကပြန်‌ဖြေလိုက်တယ်”ငါအသေးစိတ်တော့မသိထားဘူး။ငါကသာမန်စီးပွားရေးလုပ်ငန်းရှင်ရဲ့သားတစ်ယောက်ပဲ။ငါကလျှို့ဝှက်ချက်တော်တော်များများကိုဘယ်လို့လို့သိနိုင်မှာလဲ။”

“ဒါပေမယ့် သေမျိုးကမ္ဘာရဲ့နေရာတော်‌တော်များများကိုကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကထိန်းချုပ်ထားတယ်။တိမ်စိမ်းတောင်ထွဋ်ကတော့ ယွမ်ရှန်းအင်ပါယာ ကြီးမြတ်တဲ့ယန်တိုင်းပြည် မီးလျှံဖီးနစ် တိုင်းပြည်တွေကိုထိန်းချုပ်ထားတယ်။”

“ငါ့မိသားစုစီးပွားရေး ရတနာတစ်ရာကုန်သည်အသင်းက ယွမ်ရှန်းအင်ပါယာမှာ အကြီးဆုံးသုံးခုထဲကတစ်ခုပဲ”

“ဟုတ်လား”ချီမင်ခေါင်းညိတ်လိုက်တယ်။

သူအခုကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့စွမ်းအင်အချို့ကိုနားလည်သွားတယ်။

တိမ်စိမ်းတောင်ထွဋ်တစ်ခုတည်းကတောင် တိုင်းပြည်နှစ်ခု အင်ပါယာတစ်ခုကိုထိန်းချုပ်ထားတယ်။

“နောက်တော့ချီမင် ယဲ့တျန်းကိုမေးခွန်းနည်းနည်းထပ်မေးပြီး စကားဝိုင်းကိုအဆုံးသတ်လိုက်တယ်။ယဲ့

တျန်းလည်းထွက်သွားတယ်။သူ့ဒီနေ့တာဝန်က တိမ်စိမ်းတောင်ထွဋ်မှာရှိတဲ့ အဆင့်နိမ့်ဝိဉာဏ်သားရဲတွေကိုအစာကျွေးဖို့ဖြစ်တယ်။

ခဏလောက်နေတော့ ချီမင် မူချင်းပေးထားတဲ့ စိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့် ကျောက်စိမ်းပြားကိုထုတ်လိုက်တယ်။သူကဝိဉာဏ်စွမ်းအင်ကိုလှည့်ပတ်လိုက်ပြီး ကျောက်စိမ်းပြားထဲထည့်လိုက်တယ်။ကျောက်စိမ်းပြားထဲကလမ်းညွှန်ချက်က သူ့စိတ်ထဲဝင်လာတယ်။

တစ်နာရီခွဲလောက်ကြာပြီးတော့ ချီမင် စိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့်ခြေလှမ်းကိုအလွတ်ရသွားတယ်။

ခရက်! ခရက်!

ချီမင်လက်ထဲကကျောက်စိမ်းပြားလည်းနှစ်ပိုင်းကျိုးသွားတယ်။ အဲ့တာကအသုံးမဝင်တော့ပေ။

“ကျွတ်”

ချီမင် သူနှုတ်ခမ်းကိုစုတ်သပ်လိုက်တယ်”ငါကျောက်စိမ်းပြားကိုဝိဉာဏ်ကျောက်တုံးနဲ့ရောင်းချင်သေးတာကို။အဲ့တာတစ်ခါသုံးပစ္စည်းဖြစ်နေတာပဲ။လူအိုကြီးမူက ငါကိုအခွင့်အရေးမပေးဘူးပဲ။”

အရိုးဖြူတာအိုရှင်ကိုတိုက်ခိုက်ပြီးတော့ ချီမင်လုံလုံလောက်လောက်ကိုအတွေ့အကြုံရသွားတယ်။သူရန်သူတွေနဲ့ရင်ဆိုင်ရရင် သူ့သိုင်းပညာတွေ နည်းစနစ်တွေကမလုံလောက်သေးဘူး။သူ တိမ်စိမ်းဓားပညာရပ်နဲ့ကောင်းကင်ဘုံလက်သည်းပညာရပ်ပဲတတ်ထားတယ်။အဲ့တာရလည်းအစပြုသူအဆင့်ပဲရှိသေးတယ်။

ချီမင်သာ ရန်သူ့ကိုရင်ဆိုင်ဖို့ နည်းစနစ်တွေသိုင်ပညာတွေဖမ်းဆုပ်ထားနိုင်ရင် ရန်သူကစွမ်းအင်အဆင့်ပိုမြင်တဲ့အရိုးဖြူတာအိုရှင်လိုမျိုးလူကိုရင်ဆိုင်ရရင်တောင်တစ်ချိန်လုံးဖိနှိပ်ထားခံရမှာမဟုတ်ပေ။

အပြင်စည်းဂိုဏ်းစစ်ဆေးပွဲက ကျင့်ကြံခြင်းအဆင့်အပြင် သိုင်းနည်းစနစ်တွေကိုလည်းစစ်ဆေးတယ်။

“အလိုအလျှောက်ကျင့်ကြံခြင်းခွင့်‌ေနာက်တစ်‌ေနရာကိုအသက်သွင်းလိုက်။”ချီမင်ပြောလိုက်တယ်။

တင်း!

“လက်ခံသူမှာ ဝိဉာဏ်ကျောက်တုံးမှာ မလုံလောက်ပါ။ နောက်တစ်နေရာစာအတွက် အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးတစ်သောင်းလိုပါတယ်။”

“အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးတစ်သောင်း”

ချီမင်နှုတ်ခမ်းတွေ တွန့်ကုန်တယ်။

“ငါအဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၀၀ကို တိမ်စိမ်းဓားပညာရပ်ကျင့်ဖို့ ဖြည့်မယ်။”ချီမင်ပြောလိုက်တယ်။

တင်း!

“တိမ်စိမ်းဓားပညာရပ်ကို ဆယ်ဆအမြန်နှုန်းနဲ့အလိုအလျှောက်ကျင့်ကြံလိုက်ပါတယ်။”

“အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၀၀ကို ဝိဉာဏ်သားရဲနတ်ဆိုးလင်းနို့ကိုလေ့ကျင့်ဖို့သုံးမယ်။”

တင်း!

“နတ်ဆိုးလင်းနို့ကို ဆယ်ဆအမြန်နှုန်းနဲ့အလိုအလျှောက်ကျင့်ကြံလိုက်ပါတယ်။”

“ဂိမ်းမြေအောက်စခန်းအသစ်ကိုအသက်သွင်းမယ်”ချီမင်တစ်ဆက်ထဲပြောလာတယ်။

တင်း!

“လက်ခံသူကအဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးငါးတုံးကို ဝင်ခွင့်အဖြစ်သုံးခဲ့ပါတယ်။ချီသန့်စင်ခြင်း ပဉ္စမအဆင့် ဂိမ်းမြေအောက်စခန်းဖြစ်တဲ့ ညစ်နွမ်းရွှံ့နွံကိုအသက်သွင်းခြင်းအောင်မြင်ပါတယ်။”

တစ်ချိန်တည်းမှာ ဂိမ်းမြင်ကွင်းကချီမင်းရှေ့ပေါ်လာတယ်။

တောင်တစ်သောင်းရဲ့အစွန်အဖျားဝယ် အဆင့်နိမ့် နတ်ဆိုးသားရဲဖြစ်တဲ့ညစ်နွမ်းဖွတ်ကြီးတွေက ‌ညစ်နွမ်းရွှံ့နွံမှာနေကြတယ်။အဲ့အကောင်တွေကညစ်နွမ်းရွှံ့နွံတစ်ဝက်လောက်ကိုနေရာယူထားပြီး အလယ်အလတ်အရွယ်အစားရှိတဲ့ သားရဲအုပ်စုလည်းဖြစ်တယ်။

ဒီနေ့မှာတော့ချီမင်ရဲ့ဂိမ်းဇာတ်ကောင်ဖြစ်တဲ့ အကြောက်အရွံ့ကင်းတဲ့ဓားသူရဲကောင်းကညစ်နွမ်းရွံ့နွံကိုရောက်လာတယ်။သူကအရိုးဓားကိုကိုင်ဆောင်ထားရင်း လူတွေကိုဒုက္ခပေးထားတဲ့ညစ်နွမ်းဖွတ်ကြီးတွေကိုစတင်သတ်တော့တယ်။

မသိလိုက်စွာနဲ့ပဲတစ်ရက်ကုန်သွားတယ်။

တင်း!

“တိမ်စိမ်းဓားပညာရပ်ကိုဆယ်ဆအမြန်နှုန်းနဲ့ တစ်ရက်ကြာကျင့်ကြံခဲ့ပါတယ်။အစပြုသူအဆင့်မှကျွမ်းကျင်အဆင့်သို့ရောက်ရှိသွားပါပြီ။”

အသိပေးချက်ကပေါ်လာတယ်။

ချီမင်ပြောင်းလဲမှုကိုခံစားလိုက်မိတယ်။သူ့စိတ်သတိက လျှို့ဝှက်ဆန်းကြယ်အခြေအနေထဲဝင်ရောက်သွားတယ်။

ကလန် ကလန်! ကလန်!!!

ဓားချက်သံတွေကိုသူ့နားထဲကြားလိုက်ရတယ်။

အချိန်ဘယ်လောက်မှမကြာဘဲချီမင်ရဲ့တိမ်စိမ်းဓားနည်းစနစ်က ကျွမ်းကျင်အဆင့်ကိုရောက်သွားတယ်။သူကဓားပညာကိုနှစ်ပေါင်းများစွာလေ့လာထားတဲ့အကြောက်အရွံကင်းတဲ့ဓားအင်မော်တယ်နဲ့တူပေတယ်။သူ့အရှိန်အဝါကထက်ရှလာတယ်။

ပြီးတော့သူဖြည်းငြင်းစွာနဲ့ပဲအရှိန်အဝါကိုပြန်သိမ်းလိုက်တယ်။

“မဆိုးဘူး မဆိုးဘူး။”

ချီမင် အရမ်းကျေနပ်သွားတယ်။

တင်း!

“ဝိဉာဏ်သားရဲ နတ်ဆိုးလင်းနို့ကိုဆယ်ဆအမြန်နှုန်းနဲ့တစ်ရက်ကြာ လေ့ကျင့်ခဲ့ပါတယ်။သူ့သန်မာမှုက ချီသန့်စင်ခြင်း အဆင့်ခုနှစ်နှောင်းပိုင်းအဆင့်ကနေအဆင့်ရှစ်နှောင်းပိုင်းအဆင့်ကိုတိုးမြင့်သွားပါပြီ။”

ချီမင်ရဲ့စိတ်အခြေအနေကပိုကောင်းလာတယ်။

တင်း!

“သင်ညစ်နွမ်းရွှံ့နွံကိုတစ်ရက်ကြာ ရှင်းလင်းခဲ့ပါတယ်။သင်ဂိမ်းမြေအောက်စခန်းကိုတစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။သင် ညစ်နွမ်းဖွတ်ကြီးအကာအကွယ်ဒိုင်းကာတစ်ခု အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၅၀ကိုလက်ခံရရှိပါတယ်။”

“ညစ်နွမ်းဖွတ်ကြီး အကာအကွယ်ဒိုင်းကာ”

ဆွစ်ရှ်!

ချီမင်ရဲ့အတွေးတစ်ချက်နဲ့အတူ ညစ်နွမ်းဖွတ်ကြီးအကာအကွယ်ဒိုင်းကာကပေါ်လာတယ်။ အဲ့တာကလက်ဝါးအရွယ်ပဲရှိပြီး ချီသန့်စင်ခြင်းအဆင့်ရတနာပေ။ အဲ့တာကိုသွေးတွေနဲ့အနားသတ်ထားပြီး ဝိဉာဏ်စွမ်းအင်နဲ့သန့်စင်ထားပေတယ်။

ပစ္စည်း:ညစ်နွမ်းဖွတ်ကြီးအကာအကွယ်

ဖော်ပြချက်:ညစ်နွမ်းဖွတ်ကြီးရဲ့အရေပြားနဲ့ကြေးခွံကနေသန့်စင်ထားတဲ့ရတနာတစ်ခုဖြစ်သည်။ရတနာလက်နက်ကိုချီသန်စင်ခြင်းအဆင့်တွင် အနိမ့် အလယ်လတ် အမြင့် အထွတ်အထိပ် အဖြစ်လေးဆင့်ခွဲထားပါသည်။ညစ်နွမ်းဖွတ်ကြီးအကာအကွယ်က ချီသန့်စင်ခြင်းအမြင့်အဆင့်ရတနာလက်နက်ဖြစ်သည်။

“ချီသန့်စင်ခြင်း အဆင့်မြင့်အဆင့် ‌ရတနာ”

ချီမင်ပိုပိုပျော်သွားတယ်။

စကားတွေပြောနေတာထက်…

ချီသန့်စင်ခြင်း အဆင့်ရတနာတွေအကုန်ချီမင်လက်ထဲပေါ်လာတယ်။ချီသန့်စင်ခြင်းအလယ်အလတ်အဆင့်ဖြစ်တဲ့အရိုးဓား အရိုးချပ်ဝတ်လည်းပေါ်လာတယ်။ အဲ့တာတွေ ကညစ်နွမ်းဖွတ်ကြီးအကာအကွယ်ဒိုင်းကာနဲ့တော့မယှဉ်နိုင်ပေ။

All Chapters