အပြင်စည်းဂိုဏ်းစစ်ဆေးပွဲ စတင်လေပြီ။ငါတကယ့်ကိုနှိမ့်နှိမ့်ချချလေးနေချင်တာပါ
Vol. 1 Ch. 11
အချိန်ကကုန်ဆုံးသွားတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးရက်ကြာပြီးတော့ အပြင်စည်းဂိုဏ်းစစ်ဆေးပွဲကစတင်ပြီးဖြစ်တယ်။
ချီမင်လည်းပြင်ဆင်လို့ပြီးပါပြီ။အရင်ရက်နည်းနည်းလောက်က သူဝိဉာဏ်ကျောက်တုံးတွေသုံးပြီး သူ့သန့်မာမှုကို သိသိသာသာပြောင်းလဲမှုလုပ်ထားတယ်။
“ခေါင်းဆောင်”ကျူးရှောင်ရှန်းအော်လိုက်တယ်”အပြင်စည်းဂိုဏ်းစစ်ဆေးပွဲက စတော့မှာပါ။”
“ငါသိပြီ။”
ချီမင်မတ်တပ်ရပ်လိုက်တယ်။ထက်မြိနေတဲ့ဓားအရှိန်အဝါကသူကိုယ်ထဲကနေထွက်လာတယ်။အဲ့တာကအရမ်းကိုထူးခြားပေမယ့်မြန်မြန်ပဲပြန်ဖုံးကွယ်လိုက်တယ်။
အဲ့ဒါအပြင်
…
ချီမင် ရှေ့ကိုခြေတစ်လှမ်းလှမ်းလိုက်တယ်။ကျူးရှောင်ရှန်းရဲ့အမြင်မှာတော့ချီမင်က တံခါးအပြင်ကိုနေရာခုန်ကူး(တယ်လီပို့)လိုက်တာပေ။အဲ့တာကသူ့ကိုလန့်သွားစေတယ်။ခေါင်းဆောင်က လေးစားဖို့ပိုပိုကောင်းလာတယ်။
“ငါ ခေါင်းဆောင်ကပိုပိုပြီးနားလည်ရခက်လာတယ်လို့ခံစားရတယ်။”
“ခေါင်းဆောင်ကတကယ့်ကိုအဆင့်သင်ဖြစ်နေတာပဲ။”
“ဒါပေမယ့်မလွယ်ကူဘူးနော်။”
“ငါကြားထားတာ နောက်ဆုံးအဆင့်ဇယားအရ ထိပ်ဆုံးသုံးယောက်က အရမ်းကိုထူးခြားလွန်းတယ်တဲ့။သူတို့ရဲ့ခွန်အားကိုနားလည်ဖို့မဖြစ်နိုင်ဘူးတဲ့။အထူးသဖြင့်ပထမအဆင့်ရှောင်ဖန်း သူကတိမ်စိမ်းဆေဘာပညာရပ်ကို ထူးချွန်အဆင့်ရောက်နေပြီကြားတယ်။ထပ်ပြောရရင် ဒါကအဆင့်D အစေခံတန်လျားရဲ့အဆင့်ဇယားလေးပဲရှိသေးတယ်။”
“အဆင့် A B Cအစေခံတန်းလျားကတစ်ခြားလူတွေလည်းရှိသေးတယ်။”
“…”
ကျန်းဝမ် ဝူရှိလိန် နဲ့တစ်ခြားလူတွေက သူတို့အချင်းချင်းပြောနေတယ်။
ဒီနေ့က အပြင်စည်းဂိုဏ်းစစ်ဆေးပွဲရဲ့ပထမနေ့ဖြစ်တယ်
ပထမဆုံးအနေနဲ့ အကြီးအကဲတွေအများကြီးနဲ့ခွဲခြားထားတဲ့အစေခံတန်းလျားလေးခုရှိတယ်။သူတို့တွေက ဝိဉာဏ်စွမ်းအင်ကျောက်တုံးတွေသုံးပြီး ငါတို့ရဲ့ ကျင့်ကြံခြင်းနဲ့ ဝိဉာဏ်စွမ်းအင်တွေကိုစစ်ဆေးမှာဖြစ်တယ်။
ချီသန်စင်ခြင်းတတိယအဆင့်ရောက်နေတဲ့သူမှာသာအောင်မြင်နိုင်မယ်
အဆင့်Dအစေခံတန်းလျားမှာတော့
တစ်ထောင်ထက်ပိုတဲ့အစေခံတပည့်တွေက တုံကင်နံပါတ်တွေကိုကိုင်ရင်းစိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြတယ်။အစေခံတပည့်တော်တော်များများကချီသန့်စင်ခြင်းအဆင့်သုံးကိုမရောက်သေးပေမယ့် သူတို့အရှုံးမပေးချင်သေးချေ။သူတို့ကံကိုစမ်းသပ်ချင်သေးတယ်။သူတိုကံကောင်းပြီး ဝိဉာဏ်စွမ်းအင်ကျောက်တုံးစစ်ဆေးမှုကိုအောင်မြင်သွားနိုင်တယ်။
ဝိဉာဏ်စွမ်းအင်ကျောက်တုံးထားထားတဲ့နေရာမှာတော့ နံပါတ်စဉ်အရ အစေခံတပည့်တစ်ယောက်ထွက်လာတယ်။သူကဝိဉာဏ်စွမ်းအင်ကျောက်တုံးရှေ့ကိုထွက်လာပြီး မလွယ်ကူတဲ့အမူအရာနဲ့ သူ့ဝိဉာဏ်စွမ်းအင်တွေကိုဖြည့်သွင်းလိုက်တယ်။သူတတ်နိုင်သလောက်ဖြည့်သွင်းပြီးတော့ ကျောက်တုံးတိုင်ပေါ်မှာ အလျားလိုက် အတန်းနှစ်ခုပေါ်လာတယ်။
“နံပါတ် 0223 ချီသန့်စင်ခြင်းဒုတိယအဆင့် ကျရှုံး”
ပိန်ပါးတဲ့မျက်နှာပိုင်ရှင်အကြီးအကဲကကြောညာလိုက်တယ်။
“ငါ ငါခွန့်အားကိုအကုန်မသုံးရသေးဘူး။ အဲ့ဒါကိုထည့်မတွက်ဘူး အဲ့ဒါကိုထည့်မတွက်ပါနဲ့။”အစေခံတပည့်ကအော်လိုက်တယ်။
“သူကိုအဝေးဆွဲထုတ်သွားလိုက်။”အကြီးအကဲကအေးစက်စွာပြောလိုက်တယ်။
“အကြီးအကဲ ငါတောင်းဆိုပါတယ်။ ငါ့ကို အခွင့်အရေးနောက်တစ်ခုပေးပါ။ ငါတောင်းဆိုပါတယ်။ငါသေချာပေါက်အောင်မှာပါ။”
အစေခံတပည့်ကဆက်အော်နေတုန်းပဲ။
“ဟူး…”ပတ်ဝန်းကျင်မှာသက်ပြင်းချသံထွက်လာတယ်။
“နံပါတ်စဉ်0245 ချီသန့်စင်ခြင်းဒုတိယအဆင့် ကျရှုံး”
…
“နံပါတ်စဉ်0356 ချီသန့်စင်ခြင်းပထမအဆင့်ကျရှူံး”
…
“နံပါတ်စဉ် 0506 ချီသန့်စင်ခြင်းတတိယအဆင့်အောင်မြင်။”
အဲ့ဒီအချိန်မှာ ပိန်းပိန်းပါးပါးမျက်နှာပိုင်ရှင်အကြီးအကဲကပြုံးလာတယ်။သူကစစ်ဆေးပွဲတိုကင်ကို နံပါတ်0506လက်ထဲထည့်ပေးလိုက်တယ်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ”
နံပါတ်စဉ်0506ကချီမင်ကိုရှုံးသွားတဲ့လီဖေးယွမ်ဖြစ်တယ်။
“ကြိုးစားထား”
အကြီးအကဲက”အပြင်စည်းဂိုဏ်းကိုဝင်တာကအစပဲရှိသေးတယ်။”ပြောလိုက်တယ်။
“ဟုတ်ကဲ့ပါ”
လီဖေးယွမ်က အနားကမနာလိုတဲ့အကြည့်တွေကိုခံစားလိုက်ရတယ်။ဒါပေမယ့်သိပ်မဝေးတဲ့နေရာကချီမင်ကိုတွေ့လိုက်တောါ သူ့အမူအရာကနည်းနည်းရုပ်ဆိုးသွားတယ်။
“ခေါင်းဆောင်လီက စွမ်းအားကြီးလိုက်တာ”
လီဖေးယွမ်ရဲ့နောက်လိုက်လေးတွေကအော်လိုက်တယ်။
“ဘာတွေဂုဏ်ယူနေတာလဲ။သူကငါတို့ခေါင်းဆောင်ချီကိုရှုံးသွားတာမလား။”ကျူးရှောင်ရှန်းနှုတ်ခမ်းကိုကွေးလိုက်တယ်။
“ဟုတ်တယ် ဟုတ်တယ်”ဟူဂန်းကခေါင်းညိတ်ပြီးသဘောတူလိုက်တယ်။
“ငါတို့ခေါင်းဆောင်ချီက သူကို အကွက်အနည်းငယ်နဲ့ မှောက်သွားအောင်ရိုက်လို့နိုင်တယ်။”
လီဖေးယွမ်က ချီမင်ဆီကိုလျှောက်သွားပြီး တည့်တည့်ကြည့်လာတယ်။သူကအရမ်းကိုလေးနက်တဲ့အသံနဲ့”အရင်တစ်ခေါက်ကငါဂရုမစိုက်မိလို့မရှောင်လိုက်နိုင်ဘူး။ဒီတစ်ခေါက်အပြင်စည်းဂိုဏ်စစ်ဆေးပွဲမှာတော့ဂရုမစိုက်ဘဲနေမှာမဟုတ်ဘူး။”
“ထပ်ပြီးတော့ ငါ့ရဲ့တိမ်စိမ်းကျားငါးကောင်ချိတ်ပိတ်ခြင်း ပညာကလည်းကျွမ်းကျင်အဆင့်ကိုရောက်သွားပြီ။ဒီတစ်ခါတော့ မင်းငါ့ကိုထားခဲ့တဲ့အရှက်တရားကိုပြန်ဆေးကြောပစ်မယ်။”
“ဆက်လုပ်ပါ။”ချီမင်ပခုံးတွန့်လိုက်တယ်။
“ဟမ့်”လီဖေးယွမ်အေးစက်စွာနှာခေါင်းရှုံးလိုက်ပြီးပြန်လှည့်ထွက်သွားတယ်။
“ဘာကောင်တုန်းဟ”ကျူးရှောင်ရှန်းနဲ့တစ်ခြားလူတွေက မပျော်ရွှင်စွာနဲ့ပြန်ချေပလိုက်တယ်။
ဒီကောင်ရဲ့အမြင်ကတော်တော်သနားဖို့ကောင်းတာပဲ
အချိန်တွေကုန်သွားတယ်။
အဆင့်Dအစေခံတန်းလျားရဲ့ အဆင့်ဇယားမှာပါတဲ့တပည့်တွေတစ်ယောက်ပြီးတစ်ယောက်ပေါ်လာတယ်။ပထမအဆင့်ရှောင်ဖန်းကလည်းချီသန့်စင်ခြင်းအဆင့်သုံးနဲ့စစ်ဆေးတာကိုအောင်သွားပြီးတိုကင်ကိုလက်ခံလိုက်တယ်။
“ခေါင်းဆောင် သူကရှောင်ဖန်းပဲ။”
ကျူးရှောင်ရှန်းပြောလိုက်တယ်။”ငါကြားတာ ရှောင်ဖန်းကချီသန့်စင်ခြင်းတတိယအဆင့်ကိုလွန်ခဲ့တဲနှစ်ဝက်တည်းကရောက်နေတာပဲ။သူကဆေဘာတာအိုမှာလည်းအရမ်းထူးချွန်သေးတယ်။သတင်းတွေအရဆို သူကတိမ်စိမ်းဆေဘာပညာရပ်ကို ထူးချွန်အဆင့်ရောက်နေပြီတဲ့။”
ချီမင်ရှောင်ဖန်းကိုသေချာကြည့်လိုက်တယ်။သူကအနက်ရောင်ကိုဝတ်ထားပြီး ဆေဘာထည့်ထားတဲ့ဓားအိမ်ကို သူလက်မောင်းမှာကိုင်ထားတယ်။သူ့ကိုယ်ကနေဓားအိမ်ဘယ်တော့မှမဖယ်ဘဲ လွှမ်းမိုးနိုင်တဲ့အရှိန်အဝါတွေကထွက်နေတယ်။
အစေခံတပည့်တစ်ယောက်အနေနဲ့ အဲ့လိုအရှိန်အဝါမျိူးကိုဖန်တီးနိုင်တယ်ဆိုတာတကယ့်ကို ထူးခြားတယ်။
သူ့ကို အသူတစ်ရာေချာက်နက်ထဲ ကပုန်းကွယ်နေတဲ့နဂါးလို့ပြောနိုင်တယ်။
ရိုးရိုးသားသားပြောရရင် ချီမင်က အစက အပြင်းစည်းဂိုဏ်းစစ်ဆေးပွဲမှာမထင်ပေါ်ချင်ပေ။လူအိုကြီးမူချင်းကြောင့်သာမဟုတ်ရင် သူဘာသာသူတိတ်တဆိတ်ပဲတိုးတက်ချင်တာ
အဲ့ဒီအချိန်မှာ အလိုအလျှောက်ကျင့်ကြံခြင်းစနစ်ကိုသုံးနေရင်းအင်မော်တယ်ဖြစ်နိုင်တာပဲ။သူဘယ်သွားစရာလိုသေးလို့လဲ။
သူဒီလောကထဲမှာ အပူပင်ကင်းကင်းနေနိုင်လိမ့်မယ်။
သူလုပ်ချင်တာဘာမဆိုသူလုပ်နိုင်လိမ့်မယ်
အဲ့တာကြောင့်ချီမင် မူချင်းကိုသူ့မှတ်စုထဲထည့်မှတ်ထားတယ်။
သူမူချင်းရှိကအဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးတစ်ထောင်တောင်လိမ်လာပေမယ့်အဲ့တာကမလုံလောက်သေးပေ။သူကချီမင်ရဲ့မူလအစီအစဉ်ကိုပျက်စီးသွားစေတယ်။သူ့ကိုတိတ်တဆိတ်နဲ့တိုးတက်အောင်လုပ်တာကနေရပ်ခိုင်းပြီး အင်မော်တယ်ဖြစ်လာခိုင်းတဲ့လူတွေအကုန်နတ်ဆိုးတွေပဲ။
ဒုတိယနေရမှာတော့ လင်းကျင်းရွမ် တတိယနေရာက ကျောင်းယုရှန်း လေးနေရာမြောက်က ဟွမ်ရှောင်မိန် ငါးနေရာကဝမ်အာ့ဟူ ခြောက်နေရာက လုဟွီကျီ ခုနှစ်နေရာမြောက်ကချန်ကျဲ ရှစ်နေရာမြောက်ကမားလီပဲ။
သူတို့အကုန်လုံးရဲ့ကျင့်ကြံခြင်းအဆင့်ကစစ်ကြည့်သလောက်တော့ချီသန့်စင်ခြင်းတတိယအဆင့်တွေပဲဖြစ်တယ်။
သူတို့တွေဖုံးကွယ်ထားရင်တော့ချီမင်လည်းမပြောတတ်တော့ဘူး။
“နတ်သမီးယုရှန်း နတ်သမီးယုရှန်း…”
ထပ်ပြောရရင်…
ကျောင်းယုရှန်းကအဆင့်Dအစေခံတန်းလျားမှာတော့အရမ်းကျော်ကြားတယ်။သူမရဲ့အရည်အချင်းတွေ အထွတ်အထိပ်ကျင့်ကြံခြင်းတွေကြောင့်ပဲမဟုတ်ဘဲ သူမကတကယ့်ကိုအလှလေးတစ်ယောက်ဖြစ်တယ်။
သူမရဲ့မျက်နှာအစိတ်အပိုင်းတွေကထူးခြားပေတယ်။သူမရဲ့အသားအရေကဖြူပြီး သူမရဲ့ပုံရိပ်လေးကကျစ်လျစ်သေးသွယ်ပေတယ်။သူမမှာတစ်ခြားသူတွေနဲ့မတူတဲ့အရှိန်အဝါလည်းရှိနေသေးတယ်။သူမကတကယ့်ကိုသေမျိုးကမ္ဘာကိုဆင်းသက်လာတဲ့နတ်သမီးတစ်ပါးနဲ့တောင်တူတယ်။သဘာဝကျကျနဲ့ပဲသူမမှာထောက်ခံသူတွေအများကြီးရှိပေတယ်။
အချက်အလက်တွေအရ ကျောင်းယုရှန်းရဲ့နောက်ခံအစစ်က မီးဖီးနစ်တိုင်းပြည်ရဲ့၁၃ယောက်မြောက်မင်းသမီးဆိုပဲ။
“မဆိုးဘူး။ မဆိုးဘူး။”ပိန်းပါပါးအကြီးအကဲ ကပြုံးပြီး”လွန်ခဲ့တဲ့နှစ်တွေကနဲ့ယှဉ်ရင် အဆင့်Dအစေခံတန်းလျားမှာရှိတဲ့တပည့်တွေရဲ့အရည်အသွေးကမြင့်လာတယ်။”
“နံပါတ်01000”ပိန်းပါးတဲ့မျက်နှာပိုင်ရှင် အကြီးအကဲကအော်လိုက်တယ်။
“လာပါပြီ။”ချီမင်သူ့လက်ကိုမြောက်လိုက်ပြီး ဝိဉာဏ်စွမ်းအင်ကျောက်တုံရှိဖြည့်ဖြည်းလေးလျှောက်သွားလိုက်တယ်။
“ခေါင်းဆောင်းမင်းလုပ်နိုင်တယ်။ ခေါင်းဆောင် မင်းလုပ်နိုင်တယ်။”
“ခေါင်းဆောင်မင်းကအကောင်းဆုံးပဲ။”
“လုပျလိုကျတော့”
“သူတို့ကိုမင်းရဲ့ခွန်အားကိုပြလိုက်.”
“…”
ကျူးရှောင်ရှန်းနဲ့တစ်ခြားလူတွေကအော်လိုက်တယ်။
“ပိတ်ထားကြ”ချီမင် သူနဖူးကိုကိုင်ပြီးပြောစရာစကားမဲ့သွားတယ်။
“သူကချီမင်ပဲ”
“ပထမအကြီးအကဲနောက်ဆုံးတစ်ခေါက်က ခေါ်တွေ့တဲ့တစ်ယောက်”
“ကောင်းတယ် ဒီနေ့ ငါပထမအကြီးအကဲမူကသူ့ကိုမျက်နှာသာပေးရတဲ့ အကြောင်းအရင်းကိုသိလို့ရပြီ။”
“မှန်တယ်.”
လူတိုင်းကကြည့်နေကြတယ်။
“စကြရအောင်”ပိန်းပါးပါးမျက်နှာပိုင်ရှင်အကြီးအကဲက မထူးမခြားပြောလာတယ်။
“ဟုတ်”ချီမင်ခေါင်းညိတ်လိုက်တယ်။သူ့ညာလက်ကိုမြှောက်ပြီး ဝိဉာဏ်ကျောက်တုံးအလယ်ကအဖြူရောင်ပုတီးစေ့လေးကို ဝိဉာဏ်စွမ်းအင်တွေပို့လွှတ်လိုက်တယ်။တိမ်စိမ်းချီသန့်စင်ခြင်းပညာက လှည့်ပတ်လာပြီး သူ့ရဲ့မရီတျန်ကနေတစ်ဆင့်ဒန်တျန်းထဲကဝိဉာဏ်စွမ်းအင်တွေကို ကျောက်တုံးပေါ်ဖိချလိုက်တယ်။
ဘူးဇ်!
ပထမ အလျားလိုက်အတန်းလေးကပေါ်လာတယ်
ခဏလေးနဲ့ ဒုတိယအတန်း ပြီးတော့တတိယအတန်းပေါ်လာတယ်။
“ကောင်းတယ်”ပိန်းပါးပါးမျက်နှာနဲ့အကြီးအကဲ ပြုံးပြီးပြောလိုက်တယ်။ဒါပေမယ့်ထပ်ဖြစ်သွားတာကသူ့မျက်လုံးတွေကိုပြူးကျယ်သွားစေတယ်။သူ့လက်ထဲကဝင်ခွင့်တိုကင်တောင်ပြုတ်ကျသွားတယ်။
ဘူးဇ်! ဘူးဇ်!
လေးခုမြောက် ငါးခုမြောက်
သူတို့တွေပါမြင့်တက်လာတယ်။
ချီသန့်စင်ခြင်း ပဉ္စမအဆင့်
အဆင့်Dအစေခံတန်းလျားတစ်ခုလုံးမှာတော့သူ့ကျင့်ကြံခြင်းကအမြင့်ဆုံးပဲ။
ဒီအခမ်းအနားတစ်ခုလုံးမှာလည်းအမြင့်ဆုံးဖြစ်တယ်
ချက်ချင်းကိုပဲ
တိတ်ဆိတ်သွားတယ်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။”
လီဖေးယွမ်အရမ်းလန့်သွားပြီး သူ့မေးရိုးကမြေပေါ်ကိုပြုတ်ကျသွားတယ်။
“ဟူး…”
အဆင့်Dအစေခံတန်းလျားရဲ့အကြီးအကဲသုံးယောက်ပင့်သက်ရှိုက်လိုက်တယ်။ သူတို့ချီမင်ကိုအထိတ်တလန့်ကြည့်လိုက်ပြီးပြောလိုက်တယ်”ချီသန့်စင်ခြင်းပဉ္စမအဆင့် ဒါတကယ့်ကို ချီသန့်စင်ခြင်းပဉ္စမအဆင့်။”
“ဒါက… ဒါက…”
သူတို့အကုန်ထိတ်လန့်သွားကြတယ်။
“သူတကယ့်ကို ချီသန့်စင်ခြင်းပဉ္စမအဆင့်မှာပဲ။”
ရှောင်ဖန်းသူ့ခေါင်းကိုမော့လိုက်ပြီး ချီမင်ကိုအံ့ဩစွာနဲ့ကြည့်လိုက်တယ်”တော်တော်သန်မာတဲ့ပြိုင်ဘက်ပဲ။”
“တကယ့်ကိုပါရမီရှင်တစ်ယောက်က အဆင့်Dအစေခံတန်းလျားမှာပုန်းနေတာပဲ။ငါထင်တာရှောင်ဖန်းကအတော်ဆုံးပေါ့။ငါမထင်ထားတာက သူ့လိုပါရမီရှင်တစ်ယောက်ထပ်ရှိသေးတာပဲ။”
ကျောင်းယုရှန်းရဲ့လှပတဲ့မျက်ဝန်းလေးတွေက ချီမင်ကိုရွှန်းလဲ့စွာနဲ့စိုက်ကြည့်လာတယ်။သူမဘာတွေးနေလဲတော့မသိရပေ။
“ဟားဟားဟား…”
“ခေါင်းဆောင်ကအရမ်းမိုက်တာပဲ။”
“မင်းတို့မြင်ကြလား အဲ့ဒါငါတို့ခေါင်းဆောင်ပဲ သူကချီသန့်စင်ခြင်းပဉ္စမအဆင့်မှာ သူကမင်းတို့ကောင်တွေထက်ပိုအံ့ဩဖို့ကောင်းတယ်။”ကျူးရှောင်ရှန်းနဲ့တစ်ခြားလူတွေကကျယ်လောင်စွာအော်နေကြတယ်။
“မင်းကချီသန့်စင်ခြင်းအဆင့်ငါးနဲ့ငါတို့ကိုခြောက်လန့်လိုက်တာပဲ။”
ချီမင် သူ့အကူအညီမဲ့နေတာကိုဖော်ပြလာတယ်။သူသာရန်သူ့ကိုရင်ဆိုင်ဖို့သိုင်းပညာတွေကို အရင်ရက်လောက်ကကျင့်ကြံမနေရင် သူ့ကျင့်ကြံခြင်းအဆင့်ကချီသန့်စင်ခြင်းအဆင့်ငါးမှာပဲဖြစ်နေမှာမဟုတ်ဘူး။အဲ့လိုဆိုသူတို့ကိုပိုပြီးတောင်ခြောက်လှန့်နိုင်လိမ့်မယ်။
“ငါ့တကယ့်ကိုနှိမ့်နှိမ့်ချချပဲနေချင်တာပါ။”
ချီမင် သူ့ဘေးနားကလူတွေအကုန် အံဩပြီးလေးစားတဲ့အမူအရာနဲ့ကြည့်နေတာကိုတွေ့လိုက်ရတယ်။သူ့စိတ်ထဲနေလို့အရမ်းသက်တောင့်သက်သာမဖြစ်ပေမယ့် သူနွေရာသီမှာရေခဲအပြည့်နဲ့ကော်ဖီအေးကိုပါးစပ်အပြည့်သောက်လိုက်ရင်တောင် သူဆက်ပြီးနှိမ့်ချနေလို့မရတော့ဘူး။