← Chapters

လက်ချောင်းကိုဓါးအနေနဲ့သုံးခြင်း

Vol. 1 Ch. 12

လက်ချောင်းကိုဓါးအနေနဲ့သုံးခြင်း

Vol. 1 Ch. 12

“နံပါတ်၁၀၀၀ချီမင်။ချီသန့်စင်ခြင်းပဥ္ဓမအဆင့်အောင်တယ်။”

ပိန်ပါးတဲ့မျက်နှာနဲ့အစေခံတပည့်အကြီးအကဲကအသက်ပြင်းပြင်းရှုလိုက်တယ်။သူလူတိုင်းရှေ့မှာကြေညာလိုက်ပေမဲ့သူ့မျက်နှာပေါ်ကထိတ်လန့်မှုကလုံး၀မပျောက်သေးဘူး။

လူအုပ်ကြီးကတိတ်ဆိတ်သွားတယ်။

လူတိုင်းကလေးစားတဲ့အကြည့်တွေနဲ့ချီမင့်ဆီကိုအာရုံစိုက်ကြည့်လာတယ်။

ပိန်ပါးတဲ့မျက်နှာနဲ့အစေခံတပည့်အကြီးအကဲကစစ်ဆေးမှုတိုကင်ပြားချီမင့်ကိုပေးလိုက်ပြီးတော့တည်ကြည်လေးနက်စွာနဲ့ပြောလိုက်တယ်။”ချီမင်နောက်ကျရင်ပိုကြိုးစားပြီးတော့မင်းရဲ့ပါရမီနဲ့နောက်မကျစေနဲ့။”

“ဟုတ်”ချီမင်စစ်ဆေးမှုတိုကင်ပြားကိုလက်ခံပြီးတော့အောက်မဆင်းခင်ခေါင်းညိတ်လိုက်တယ်။

“ခေါင်းဆောင်ခုနကဆရာအရမ်းမိုက်တာပဲ။”ကျူးရှောင်ရှန်း အော်ပြောလိုက်တယ်။

“ဟုတ်တယ်။ဟုတ်တယ်။”

ဟူဂန်းနဲ့တစ်ခြားလူတွေခေါင်းညိတ်လိုက်ပြီးတော့သူ့ကို၀ိုင်းလာတယ်။”ကျွန်တော်တို့အားလုံး‌ခေါင်းဆောင်ကြောင့်တုန်လှုပ်သွားတယ်။ဘယ်သူမှခေါင်းဆောင်ရဲ့ကျင့်ကြံခြင်းအဆင့်ကိုချီသန့်စင်ခြင်းပဥ္ဓမအဆင့်ရောက်နေပြီလို့မထင်ထားဘူး။”

“ဒါကရိုးရိုးရှင်းရှင်းလေးကိုပါးစပ်နဲ့ဖော်ပြလို့မရနိုင်ဘူး။”

“စီနီယာ...စီနီယာချီ...”

အဲ့ဒီအချိန်မှာလီဖေးယွမ်ရဲ့အမူအရာကစိတ်လှုပ်ရှားနေပြီးတော့သူ့မျက်လုံးထဲမှာအကြောက်တရားတွေရှိနေတုန်းပဲ။သူကချီမင့်အရှေ့ကိုရောက်လာပြီးတော့စကားမပြောခင်၉၀ဒီဂရီဦးညွှတ်လိုက်တယ်။”စီနီယာ...

စီနီယာအကို,ကျွန်တော်...ကျွန်တော်မှားပါတယ်။ကျွန်တော်မျက်စိကန်းပြီးတော့ခင်ဗျားရဲ့ကြီးမြတ်မှုကိုမသိမြင်ခဲ့ဘူး။ကျွန်တော်စီနီယာအကိုချီရဲ့ကျင့်ကြံခြင်းအဆင့်ကချီသန့်စင်ခြင်းပဥ္ဓမအဆင့်ကိုရောက်နေပြီဆိုတာကိုမသိလို့ပါ။ကျွန်တော်စီနီယာကိုမောက်မာစွာပြောမိခဲ့တယ်။”

“စီနီယာအကိုချီကျေူးဇူးပြုပြီးကျွန်တော့်ကိုခွင့်လွှတ်ပေးပါ။”

လီဖေးယွမ်အကြိမ်ကြိမ်ဦးညွှတ်လိုက်တယ်။

“ငါတို့မင်းကိုအရင်ကတည်းကပြောခဲ့ပါတယ်။ငါတို့ခေါင်းဆောင်ကိုမင်း ဘယ်လို‌ေနှာက်ယှက်ရဲတာလဲ။မင်းကအလှောင်ခံချင်နေတာပဲ။ကောင်းကင်နဲ့မြေကြီးဘယ်လောက်ကြီးလဲမင်းမသိဘူးလား။မင်းအခုငါတို့ကိုအခုယုံပြီလား။”ကျန်းချင်ပြောလိုက်တယ်။

“ငါတိုဘော့စ်ကမင်းကိုလက်တစ်ဖက်တည်းနဲ့အနိုင်ယူနိုင်တယ်။”ဟဲ့ပင်းရှင်းပြလိုက်တယ်။

“ဟုတ်တယ်။ဟုတ်တယ်။ဟုတ်တယ်။”လီဖေးယန်အကြိမ်ကြိမ်ခေါင်းညှိမ့်လိုက်တယ်။

“အားလုံးပြောတာမှန်ပါတယ်။စီနီယာအကိုချီကကောင်းကင်ပေါ်မှာအတောင်ပံဖြန့်ပြီးအမြင့်မှာပျံသန်းနေတဲ့သိမ်းငှက်တစ်ကောင်ပါကျွန်တော်ကတော့တောအုပ်ထဲမှာပျံသန်းနေတဲ့စာကလေးတစ်ကောင်ပဲ။ကျွန်တော်ကစီနီယာအကိုချီနဲ့ဘယ်လိုလုပ်နှိုင်းယှဥ်နိုင်မှာလဲ။”

“အနည်းဆုံးတော့မင်းနေရာမင်းတော့သိသားပဲ။”

ဟူဂန်းနဲ့တခြားသူတွေကချီမင့်ရဲ့အဆင့်အတန်းကိုသုံးပြီးသူများတွေကိုအခုလွမ်းမိုးနိုင်တယ်။

“ထွက်သွားစမ်း”ချီမင်တည်တည်ငြိမ်ငြိမ်နဲ့ပြောလိုက်တယ်။

“ဟုတ်။”လီဖေးယွမ်ဦးညွှတ်လိုက်ပြီးတော့လူတိုင်းရဲ့အကြည့်အောက်မှာပဲချီမင်ညွှန်ကြားတဲ့အတိုင်းထွက်သွားတာကြောင့်အားလုံးကကျယ်လောင်စွာရယ်မောလိုက်တယ်။

“ဟားဟားဟား...”

“သူ့ကိုကြည့်စမ်း။သူကသူ့ကိုယ်သူတစ်ကယ်အရှက်ရစေတာပဲ။”

“သူကခွေးနဲ့တူတယ်။”

“ခွေးထက်တောင်ဆိုးရင်ဆိုးဦးမယ်။”

“ငါရယ်ရလွန်းလို့သေတော့မယ်။”

လူတိုင်းရယ်နေတယ်။

“ဒါကလီဖေးယွမ်တဲ့...”

ချီမင်ကသူ့ရဲ့မျက်လုံးတွေကိုကျဥ်းလိုက်တယ်။”သူကလက်ရှိအခြေအနေနဲ့လိုက်လျောညီနေအောင်နေနိုင်တယ်။စကားပုံတစ်ခုအတိုင်း ဟန်ရှင်းကလှောင်ပြောင်မှုတွေကိုကြံကြံခံပြီးနောက်တော့အောင်မြင်တဲ့စစ်တပ်ခေါင်းဆောင်တစ်ယောက်ဖြစ်သွားတယ်။သူ့အနေနဲ့ကတော့...”

“စီနီယာအကိုချီ”

ကျောင်းယုရှန်းကပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့ရှေ့ကိုထွက်လာပြီးတော့ချီမင့်အရှေ့ကိုရောက်ရှိလာတယ်။သူမရဲ့သိမ်မွေ့တဲ့မျက်နှာပေါ်မှာနှစ်လိုဖွယ်အပြုံးတစ်ခုပေါ်လာပြီတော့လူတွေကိုနွေဦးလေနဲ့ထိတွေ့လိုက်ရသလိုခံစားရစေတယ်။သူမကလူတွေကိုအထင်အမြင်ကောင်းတွေပေါ်လာစေတဲ့စွမ်းရည်နဲ့မွေးဖွားလာတယ်လို့တောင်ထင်ရတယ်။

“ပြော”ချီမင်ညင်သာစွာပြောလိုက်တယ်။

“စီနီယာအကိုချီ ချီသန့်စင်ခြင်းပဥ္ဓမအဆင့်ကိုရောက်ဖို့နဲ့အခုရှိတဲ့အောင်မြင်မှုတွေရဖို့ရှေ့သုံးနှစ်ကသူအရမ်းကြိုးစားခဲ့ရပြီးတော့ခံစားခဲ့ရမှာပဲ။”

ကျောင်းယုရှန်းက ညင်သာစွာပြောတယ် “ကျွန်မစီနီယာအစ်ကိုကို နှလုံးသားထဲက တကယ်လေးစားပါတယ်”

“မဟုတ်ဘူး”

ချီမင်ကပခုံးတွန့်ပြီး”ဂျူနီယာညီမလေး‌ကျောင်းမင်းကအရမ်းလေးနက်အောင် လုပ်နေတာပဲ။တကယ်တော့ငါဘာတွေဖြစ်နေတာလဲဆိုတာငါကိုယ်တိုင်လဲမသိဘူး။ ‘တိမ်စိမ်းချီကျင့်ကြံခြင်းနည်းစနစ်’ ကိုငါနေ့တိုင်းတစ်ဆင့်ပြီးတစ်ဆင့်ကျင့်ကြံခဲ့တယ်၊ ပြီးတော့ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က သူ့အလိုလိုတက်လာတယ်။”

“လုံးဝမခါးသီးပါဘူး။နေ့တိုင်းကျင့်ကြံဖို့လူတိုင်းအရမ်းကြိုးစားနေကြတာကိုမြင်နေရပေမယ့် ငါ...နားလည်ပါတယ်...တစ်ခါတလေ မင်းကိုတစ်ကယ်မနာလိုဘူး။ငါလည်းမင်းလို သာမန်လူတစ်ယောက်ဖြစ်ချင်ပြီးကျင့်ကြံခြင်းလမ်းစဥ်ရဲ့နာကျင်မှုကို ခံစားဖူးချင်တယ်။”

“စီနီယာ… စီနီယာချီ…” ကျောင်းယုရှန်းရဲ့ အနီရောင်နှုတ်ခမ်းများသည်အနည်းငယ်ပွင့်လာပြီးဖြူစင်သန့်ရှင်းသောသွားများနှင့် ပန်းရောင်တောက်နေသောလျှာကိုပေါ်လွင်စေသည်။ ချီမင်ရဲ့စကားကြောင့် သူမ၏လှပသော မျက်လုံးမျာ အနည်းငယ် ပြူးကျယ်သွားပြီးတော့ချီမင့်ရဲ့စကားတွေကြောင့်ရင်သပ်ရှုမောသွားတယ်။

သေစမ်း!

သူရဲ့ဂိုက်ဖမ်းတာကအောင်မြင်ခဲ့တယ်။

“အကြီးတန်းအစ်ကိုချီကတကယ်ကို အရည်အချင်းရှိတာပဲ။”

ကျောင်းယုရှန်းကဘာပြန်ပြောရမှန်းတောင်မသိဘူး။

“ဖြစ်နိုင်တာက”

ချီမင်ကကောင်းကင်ကို၄၅ဒီဂရီထောင့်ချိုး မော့ကြည့်လိုက်ပြီးတော့သူ့နောက်ကျောကို လက်နှစ်ဖက်ကိုပို့လိုက်ရင်း”တကယ်တော့ သာမန်လူတစ်ယောက်ရဲ့ဘဝကိုပိုကြိုက်တယ်။သာမန်လူတစ်ယောက်လိုဖြစ်ချင်ပြီး ဘ၀ရဲ့အတက်အကျအချိုးအကွေ့တွေအမျိုးမျိုးကိုငါတွေ့ကြုံခံစားချင်တယ်။အဲဒီလိုဆိုရင်ငါ့ဘဝကတကယ်ပြည့်စုံသွားမှာပဲ။”

“ကျွန်မ…” ကျောင်းယုရှန်းတိတ်ဆိတ်သွားသည်။

နောက်တော့မကြာခင်မှာပဲD-အဆင့်အစေခံတန်းလျာတွင်ဝိညာဉ်စွမ်းအင်ကျောက်တုံးမော်ကွန်းတိုင်ရဲ့စမ်းသပ်မှုကိုအောင်မြင်တဲ့တပည့်အများကြီးမရှိတဲ့အကြောင်း အကြီးအကဲက ကြေညာလိုက်တယ်။ ချီမင်အပါအဝင်အောင်မြင်တဲ့လူပေါင်း၉၈ယောက်ပဲရှိတော့တယ်။

အောင်မြင်နိုင်ချေဆယ်ရာခိုင်နှုန်းအောက်ပဲရှိတယ်။

“မင်းတို့ထဲက၉၈ယောက်ကဝိညာဉ်စွမ်းအင်ကျောက်တုံးမော်ကွန်းတိုင်ရဲ့ စမ်းသပ်မှုကိုအောင်မြင်ပြီးစစ်ဆေးမှုတိုကင်ကို ရရှိထားပြီးသားဖြစ်တယ်။ မင်းတို့ကိုအပြင်စည်းဂိုဏ်းဝင်တပည့်အဖြစ် သတ်မှတ်လို့ရနေပြီ။”

အစေခံတန်းလျားရဲ့အကြီးအကဲကပြောလိုက်တယ်။“နောက်တစ်ခုကအပြင်စည်းတပည့်အဖြစ်မ၀င်ခင်မှာ စာရင်းသွင်းပြီး မှတ်တမ်းတင်ဖို့အပြင်စည်းဂိုဏ်းခန်းမကို သွားဖို့လိုတယ်။”

“ဒါပေမယ့်…”

အကြီးအကဲကဆက်မပြောခင်ခဏရပ်လိုက်တယ်“မင်းတို့တွေနောက်လာမဲ့ ပြင်ပဂိုဏ်းအကဲဖြတ်စစ်ဆေးမှုမှာဆက်လက်ပါဝင်ယှဥ်ပြိုင်ဖို့ဆုံးဖြတ်နိုင်တယ်။”

“ပထမအနေနဲ့ငါတို့တွေကတိမ်စိမ်းတောင်ထိပ်မှာရှိတဲ့အသန်မာဆုံးအစေခံတပည့်၁၀ယောက်ကိုတစ်ခြားတောင်ထိပ်တွေမှာရှိတဲ့တစ်ခြားအစေခံတပည့်တွေနဲ့မယှဉ်ပြိုင်ခင်ရွေးချယ်တော့မယ်။”

“မင်းတိ့တွေတစ်ကယ်လို့အဆင့်ကောင်းတွေရပြီးထူးချွန်ထက်မြက်တဲ့စွမ်းရည်တွေကိုဖော်ပြနိုင်ခဲ့ရင်

ဂိုဏ်ရဲ့အကြီးအကဲ‌ေတွကမင်းတို့တွေကိုမျက်စိကျပြီးတော့သူတို့ရဲ့တပည့်အဖြစ်ခေါ်သွားနိုင်သေးတယ်။”

“ဒါဆိုမင်းတို့ရဲ့အဆင့်အတန်းကကောင်းကင်အထိကိုထိုးတက်သွားလိမ့်မယ်။”

“အဲ့တာတွေအပြင်…”

“အပြင်စည်းဂိုဏ်းအကဲဖြတ်စစ်ဆေးပွဲအတွက်ဆုလာဒ်တွေအမျိုးမျိုးရှိလိမ့်မယ်။ ပါဝင်ယှဥ်ပြိုင်ချင်တဲ့သူတွေကတိုက်ရိုက်စာရင်းသွင်းနိုင်တယ်။မပါချင်တဲ့သူတွေကဒီနေ့နေ့လည်ခင်းမှာအပြင်စည်းဂိုဏ်းချုပ်ခန်းမကိုသတင်းပို့ရမယ်။”

ပြီးတော့…

အစေခံတပည့် ၉၈ ယောက်စလုံး လက်မှတ် ထိုးလိုက်တယ်။

နေ့လည်ခင်းအချိန်ကိုရောက်တဲ့အခါမှာပြိုင်ပွဲကိုDအဆင့်အစေခံတန်းလျာမှာကျင်းပလိုက်တယ်။အစေခံတပည့်ဆယ်ယောက်ကိုအစေခံတပည့်အဖွဲ့ကြီးသုံးဖွဲ့မပြိုင်ခင်မှာအစေခံတပည့်98ယောက်ကနေ ရွေးချယ်လိုက်တယ်။

“နံပါတ်1000ချီမင်နဲ့ 0746ယန်ဝေ့”အကြီးအကဲကအော်လိုက်တယ်။

“ကျွန်တော်အရှုံးပေးပါတယ်”

ယန်ဝေ့ကစင်ပေါ်မတက်တော့ဘူး။သူ့ပြိုင်ဘက်ကချီမင်ဖြစ်တာကိုသူကြားတဲ့အခါမှာသူရှုံးနိမ့်ကြောင်းကိုပြတ်ပြတ်သားသား ဝန်ခံခဲ့တယ်။ ချီမင်ကပထမအချီကို တိုက်ခိုက်စရာမလိုဘဲအနိုင်သွားတယ်။

“ချီမင်နိုင်တယ်။”

အကြီးအကဲလည်းအံ့ဩသွားရတယ်။

“ဟုတ်ပြီလေ။”ချီမင်ကဘာမှမဟုတ်တဲ့အတိုင်းပခုံးတွန့်လိုက်တယ်။

နောက်တော့ချီမင်ပေါ်လာတာနဲ့၊ချီမင်ကိုရင်ဆိုင်ရမည့်အစေခံတပည့်တွေအားလုံး လက်လျှော့လိုက်ပြီးတော့အရှုံးပေးနေကြတယ်။

ချီသန့်စင်ခြင်းတတိယအဆင့်မှာရှိတဲ့လူကဘယ်လိုလုပ်ချီသန့်စင်ခြင်းပဉ္စမအဆင့်ရှိတဲ့သူတစ်ယောက်ကိုအနိုင်ယူနိုင်မှာလဲ။အဲ့ဒီလူကချီမင့်ဆီကအရိုက်ခံဖို့ပဲတောင်းဆိုနေတဲ့သူပဲဖြစ်လိမ့်မယ်။

သူကဒီတိုင်းပဲအေးအေးဆေးဆေးဖြတ်သန်းနေရတယ်။

ဒါပေါ့ရှောင်ဖန်းရဲ့ဆေဘာဓားနည်းစနစ်တွေကတကယ့်ကိုထူးခြားတယ်။အခြေခံအားဖြင်းပြောရမယ်ဆိုရင်သူ့ဆီကတိုက်ကွက်တစ်ကွက်ကိုခံနိုင်ရည်ရှိတဲ့သူတစ်ယောက်မှမရှိဘဲအကုန်ရှုံးနိမ့်သွားတယ်။

လင်းကျင်းရွမ် ကျောင်းယုရှန်းနဲ့တခြားသူတွေကလည်းသိပ်တော့မဆိုးပါဘူး။

“နံပါတ်1000ချီမင်နဲ့984ချန်ကျဲ”အကြီးအကဲကအော်လိုက်တယ်။

ရွမ်း!

“စီနီယာအစ်ကိုချီ”

ချန်ကျဲကစင်မြင့်ပေါ်ကိုခြေလှမ်းအနည်းငယ်ဖြင့်ခုန်တက်လိုက်တယ်။သူက အရှင်းအလင်းကြီးလှုပ်ရှားမှုနည်းစနစ်ကိုချီမင်ကိုဦးညွှတ်ဖို့အသုံးပြုလိုက်ပြီးတော့”ကျေးဇူးပြုပြီးကျွန်တော့်ကိုသင်ပြပေးပါဦး”လို့ပြောလိုက်တယ်။

“ဘာလဲ?”ချီမင်အံ့သြသွားသည်။သူ့ပြိုင်ဘက်တွေကလက်မြှောက်အရှုံးပေးလေ့ရှိတာကိုကျင့်သားရနေတယ်လေ။

“မင်းအရှုံးမပေးဘူးလား” လို့မေးလိုက်တယ်။

“ဒီဂျူနီယာညီလေးကတစ်ခေါက်လောက်ကြိုးစားကြည့်ချင်ပါတယ်။”ချန်ကျဲပြုံးလိုက်တယ်။

“မင်းအပေါ်ပဲမူတည်တယ်။”ချီမင်က ပြောလိုက်တယ်။

အဲ့ဒီနောက်ချီမင်ကစင်မြင့်ပေါ်ကိုလမ်းလျှောက်သွားလိုက်တယ်။

“စီနီယာအစ်ကိုချီကျွန်တော်က အရည်အချင်းသိပ်မရှိပါဘူး။ကျွန်တော်တိမ်စိမ်းဓါးနည်းစနစ်ကိုသုံးနှစ်လောက်လေ့ကျင့်ခဲ့တယ်။ဒါပေမယ့်ကျွန်တော်အခုကျွမ်းကျင်တဲ့နယ်ပယ်မှာပဲရှိနေသေးတယ်။ထူးချွန်တဲ့အဆင့်ကိုကျွန်တော်အမြဲတမ်းမ၀င်ရောက်နိုင်တော့ဘူး။”

ကလန်!

ချန်ကျဲတွင်နူးညံ့သောမျက်နှာနှင့်သေးသွယ်သောခန္ဓာကိုယ်ရှိတယ်။ ငွေရောင်တောက်ပနေသောဓားရှည်တစ်လက်ကိုကိုင်ဆောင်၍“ဒီဓားကိုငွေနှင်းခဲဓားလို့ခေါ်ပါတယ်။အဆင့်နိမ့်ချီသန့်စင်ရေးနယ်ပယ်က အဆောင်ရတနာပါ” လို့ဆိုပါတယ်။

“အိုး။”ချီမင်ကတည်ငြိမ်စွာပြန်ဖြေသည်။

“စီနီယာအစ်ကိုချီမင်ရဲ့အဆောင်ရတနာကို မထုတ်ဘူးလား”ချန်ကျဲကမျက်မှောင်ကြုတ်လျှက်မေးလိုက်တယ်။

“မလိုပါဘူး။”ချီမင်ကပြန်ဖြေလိုက်တယ်။

“မင်း!!!”

ချန်ကျဲ ရဲ့မျက်နှာပေါ်တွင်ဒေါသအရိပ်အယောင်တွေပေါ်လာတယ်။သူက အသက်ပြင်းပြင်းရှူပြီး “စီနီယာအစ်ကိုချီ၊ မင်းကချီသန့်စင်ခြင်းအဆင့်ငါးရှိနေပြီဖြစ်လို့မင်းရဲ့ကျင့်ကြံမှုအဆင့်ကငါ့ထက်အများကြီးမြင့်နေပေမယ့်မင်းငါ့ကိုမလေးစားမလုပ်သင့်ဘူး။ မင်းရှုံးရင်ငါမင်းကိုအခွင့်ကောင်းယူတယ်လို့ မပြောနဲ့။”

ပတ်ဝန်းကျင်တွင်အစေခံတပည့်များကစိတ်လှုပ်ရှားစွာဆွေးနွေးကြသည်။

“ချီမင်ကအရမ်းစိတ်ကြီး၀င်နေတယ်”

“ဟုတ်တယ်ဟုတ်တယ်။”

“ချန်ကျဲကချီသန့်စင်ခြင်းတတိယအဆင့်မှာသူ့ရဲ့တိမ်စိမ်းဓါးနည်းစနစ်ကဒီနယ်ပယ်မှာခြေတစ်လှမ်းပဲလိုေတာ့တယ်။ချီမင်ကလက်နက်ကိုမသုံးဘဲ ချန်ကျဲကိုလက်ဗလာနဲ့တိုက်ခိုက်ချင်နေတယ်။သူမာနကြီးလွန်းတယ်။”

“ချီမင်ကသနားစရာကောင်းစွာနဲ့ရှုံးနိမ့်သွားလိမ့်မယ်။”

…

“မင်းရဲ့တိုက်ကွက်ကိုစပါ” လို့ချီမင်ကပြောလိုက်တယ်။

“ကျေးဇူးပြုပြီး။”

ကလန်!

ချန်ကျဲရဲ့မျက်နှာပေါ်တွင်ရက်စက်သော အမူအရာထွက်ပေါ်လာသည်။သူ့ပုံစံကမြွေတစ်ကောင်လိုလှုပ်ခါပြီးခုန်တက်သွားတယ်။သူသည်တခါတရံအလွန်သွက်လက်စွာဘယ်ညာရွေ့လျားပြီးနေသည်။ကြည့်ရသည်မှာ ဝိညာဉ်မြွေ၏ခြေလှမ်းများဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း ချန်ကျဲ ချီမင်ဆီသို့ချဉ်းကပ်လာသည်။

“အစိမ်းရောင်တိမ်တိုက်ဓားနည်းပညာ”

ချန်ကျဲ ရဲ့လက်ထဲကငွေနှင်ခဲဓားဟာ တိမ်တွေလိုဓားအလင်းတွေကိုဆက်တိုက်ပစ်လွတ်လိုက်တယ်။အဲ့တာကဆက်တိုက် အားကောင်းလာတယ်။

“ဒါက ဝိညာဉ်‌ေမြွရဲ့ခြေလှမ်းများကိုတိမ်စိမ်းဓါးနည်းစနစ်နှင့်တွဲလျက်အသုံးပြုနေတာလား။”

“သူ့ရဲ့အရှိန်နဲ့အချိန်ကိုက်မှုကကောင်းတယ်၊ သူ့ရဲ့ ခွန်အားကလည်းမပျော့ညံ့ဘူး။”

“ချီမင်ကတကယ်ကိုပေါ့လျောတာပဲ။”

အစေခံအကြီးအကဲသုံးဦးဆွေးနွေးနေကြသည်။

သို့သော်ချီမင်သည်ပေါ့ပေါ့ပါးပါး မျက်တောင်ခတ်လိုက်သည်။သူကသူရဲ့ ဓားကိုချီကိုထုတ်ဖို့ညာလက်ကိုသာအသုံးပြုလိုက်သည်။ဝိညာဉ်စွမ်းအင်ကသူ့လက်ဖျားမှာစုပြီးအစိမ်းရောင်ဓားချီအဖြစ်ပြောင်းလဲသွားတယ်။

ဓားချီကိုရှေ့သို့ညွှန်ပြလိုက်တယ်။

ကလန်!!!

၎င်းသည်ချန်ကျဲအသုံးပြုနေတဲ့ဓားနည်းစနစ်၏အားနည်းချက်ကို တိုက်ရိုက်ထိမှန်သွားသည်။တိမ်စိမ်းဓားချီသည် ချန်ကျဲရဲ့ဓားနည်းပညာနှင့်ဓားအလင်းအားလုံးကိုလျင်မြန်စွာဖျက်ဆီးပစ်လိုက်သည်။

လုံးဝကိုပျောက်ကွယ်သွားတယ်။

မြင်ကွင်းသည်ချက်ချင်းပင်အေးခဲသွားပုံရသည်။

ချန်ကျဲရဲ့ ငွေနှင်းခဲဓားသည်မြေပြင်ပေါ်သို့ကျသွားသည်။ချီမင်၏ဓါးချီသည်လက်တစ်ချောင်းသာသာအကွာတွင်သူ့လည်ပင်းကိုညွှန်ပြနေသည်။ချန်ကျဲရဲ့ လည်ပင်းမှာရှိတဲ့အရေပြားကိုဓားချီဖြင့်ထိုးမိကာသွေးများထွက်လာသည်။

ထိုအချိန်တွင်ချန်ကျဲ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။လည်ပင်းအထိုးခံရမှာကို ကြောက်လို့မလှုပ်ရဲတော့ပေ။ အေးစက်သောချွေးများကသူ့တစ်ကိုယ်လုံးမှထွက်ကျလာပြီးသူ့မျက်လုံးများသည် ကြောက်ရွံ့မှုများနှင့်ပြည့်နှက်နေသည်။

လေညင်းတစ်ခုတိုက်ခတ်လိုက်သည်။

အစမှအဆုံးထိချီမင်သည်သူ့ခြေထောက်ကို ပင်မလှုပ်ပေ။ လေတိုက်ရုံမျှဖြင့်သူ့အဝတ်အစားများနှင့် ဆံပင်များလှုပ်ခါသွားသည်။

ချီမင်၏မျက်နှာသည်ထောင့်ချိုးရှိပြီးသူ့မျက်နှာအသွင်အပြင်ကိုကောင်းစွာ‌ေဖာ်ပြထားသည်။ သူသည်သိမ်မွေ့ပြီးချောမောသူမဟုတ်ပေ။ အရပ်မြင့်မြင့်နှင့်မာ‌ေကြာပြီး ရင့်ကျက်သောစိတ်ထားရှိသည်။

ဤအခိုက်အတန့်တွင်သူသည်လွမ်းမိုးပြီးခက်ထန်သည်။

“အရမ်းမိုက်တာပဲ…” ကျောင်းယုရှန်းကမကူနိုင်ဘဲမျက်နှာနီရဲလျက်ပြောလိုက်တယ်။

All Chapters