← Chapters

တိမ်စိမ်းတောင်ထွဋ်အစေခံတန်းလျားကြီးလေးခုရဲ့ပြိုင်ပွဲ

Vol. 1 Ch. 13

တိမ်စိမ်းတောင်ထွဋ်အစေခံတန်းလျားကြီးလေးခုရဲ့ပြိုင်ပွဲ

Vol. 1 Ch. 13

သံသရဝင်စရာကိုမလိုဘဲနဲ့ ချန်ကျဲရှုံးသွားတယ်။ထပ်လောင်းပြောရရင် သူဆိုးဆိုးရွားရွားနဲ့ကိုရှုံးသွားတာ။ဆန့်ကျင်ဘက်ကကြည့်ရင် ချီမင်ရဲ့ခွန်အားကဘယ်လောက်လဲဆိုတာတွေးကြည့်လိုတောင်မရဘူး။ချီမင်ရဲ့ခွန်အားက အဆင့်Dအစေခံတန်းလျားမှာတော့ နံပါတ်တစ်လူဖြစ်လာစေတယ်။

ညနေခင်းရောက်တော့

အဆင့်Dအစေခံတန်းလျားရဲ့ပြိုင်ပွဲကပြီးဆုံးသွားပြီ။

ပြိုင်ပွဲတစ်လျှောက် ဖျက်မြင်းတော့ထပ်မပေါ်လာတော့ပေ။အဆင့်Dအစေခံတန်းလျားရဲ့ကိုယ်စားပြုဆယ်ယောက်လည်းရွေးချယ်လို့ပြီးပြီဖြစ်တယ်။သူတို့တွေကလည်း အဆင့်ဇယားရဲ့ထိပ်တန်းဆယ်ယောက်ပဲဖြစ်တယ်။

ချီမင်ရော လီဖေးယွမ်ရောရွေးချယ်ခံရပေတယ်။

ဒါပေမယ့် နောက်တစ်နေ့မှာတော့အစေခံတန်းလျားလေးခုရဲ့ ပြိုင်ပွဲမြင်ကွင်းကပြီးဆုံးပြီးဖယ်ထုတ်ခံလိုက်ရတယ်။အခြားတန်းလျားသုံးခုရဲ့ ကိုယ်စားပြုအစေခံတပည့်သုံးဆယ်လည်း‌ကြေညာပြီးပြီဖြစ်တယ်။

ချီမင်ကအရမ်းကြီးတော့အာရုံမထားတော့ပေ။

တစ်ခြားတစ်ဖက်မှာတော့ ယဲ့တျန်းနဲ့ကျူးရှောင်ရှန်းက အားအများကြီးထုတ်ပြီး ချီမင်ကို အခြားအစေခံတန်းလျားကြီး‌သုံးခုရဲ့ ကိုယ်စားပြုသုံးဆယ်အကြောင်းကိုပြောပြ‌ဖို့လုပ်နေကြတယ်။

ဒီညမှာတော့

“ခေါင်းဆောင်”

ကျူးရှောင်ရှန်းက လျှို့ဝှက်ဆန်းကြယ်တဲ့အမူအရာနဲ့ပြောလာတယ်။” မင်းတို့သိပြီးကြပြီလား အစေခံတန်းလျားကြီးလေးခုရဲ့ ကိုယ်စားပြုတပည့်တွေရဲ့ထူးခြားတဲ့ ခွန်အားအကြောင်းကို။”

“မင်းငါတို့ခေါင်းဆောင်ကိုလာကြောင်နေတာလား။သေချင်နေတာလား။”

ကျန်းချင်အော်လိုက်တယ်”မြန်မြန်လုပ် မင်းသိလာတာကို ငါတို့ခေါင်းဆောင်ကိုလာပြော။”

“သူ့အချိန်ကိုမဖြုန်းစမ်းနဲ့”ဟူဂန်းက ပြောလာတယ်”ငါတို့ကိုရှင်းပြစမ်းပါ။”

“ငါပြောမယ်။ ငါပြောမယ်။”ဟဲ့ပင်းကအော်လိုက်တယ်။

“ယဲ့တျန်း”ချီမင်ကပြောလိုက်တယ်”ငါ့ကိုပြောစမ်းပါ။”

“အိုခေပါ။”ယဲ့တျန်းကနည်းနည်းစိတ်ရှုပ်သွားပုံပေါ်တယ်။ချီမင်စကားကိုကြားတော့ သူအာရုံပြန်ရလာပြီး သူ့အတွေးကိုပြန်စုပြီးပြောလိုက်တယ်။”အချက်အလက်တွေအရတော့စီနီယာချီရဲ့ကျင့်ကြံခြင်းအဆင့်ကအမြင့်‌ဆုံးပဲ။”

“ဒါပေမယ့် ချီသန့်စင်ခြင်းအဆင့်လေးရောက်နေတဲ့‌သုံးယောက်တော့ရှိတယ်။”

“သူတို့တွေက အဆင့်Aတန်းလျားကချိုက်ယုဟိုင် အ‌ဆင့်Bတန်းလျားက ကျူးယွဲ့တိ အဆင့်Cတန်းလျားကထန်ပင်း။ သူတို့တွေအကုန်လုံးကလည်း သန်မာကြတယ်။”

“ချိုက်ယုဟန် မှာအပြင်စည်းဂိုဏ်းက ခွန်အားကြီးတဲ့အစ်ကိုကြီးတစ်ယောက်ရှိတယ်တဲ့။ငါကြားလာခဲ့တာ သူကအခြေခံတည်ဆောက်ခြင်းအဆင့်ရောက်နေပြီတဲ့။ နောက်နှစ်နည်းနည်းလောက်‌ဆို အတွင်းစည်းဂိုဏ်းကိုဝင်လို့ရတော့မယ်တဲ့။”

“သူ့အပြင် တစ်ခြားအစေခံတပည့်တွေကော နောက်ခံတွေရှိတယ်တဲ့။”

“ရပြီ။”ချီမင် ခေါင်းညိတ်လိုက်တယ်။

ကျူးရှောင်ရှန်းက ကြားဖြတ်ပြောလိုက်တယ်။” ဟုတ်တယ် ခေါင်းဆောင်ရေ တိမ်စိမ်းတောင်ထွဋ်ကရွေးထားတဲ့အစေခံတပည့်ဆယ်‌ယောက် ပါတဲ့ပြိုင်ပွဲမနက်ဖြန်နော်။ ခေါင်းဆောင်သာ ထိပ်ဆုံးသုံးယောက်ထဲပါရင် ရမယ့်ဆုကတော်တော်များတယ်ဗျ။”

“ဆုတွေကဘာတွေလဲ”ချီမင်ရဲ့စိတ်ဝင်စားမှုကမြင့်တက်သွားတယ်။

“ပထမဆုက အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၀၀

ချီသန့်စင်ခြင်းအဆင့်နိမ့်ရတနာတစ်ခု ချီသန့်စင်ခြင်း သိုင်းနည်းစနစ်တစ်ခု ဒုတိယဆုက အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၅၀ ချီသန့်စင်ခြင်းသိုင်းနည်းစနစ်တစ်ခု

တတိယဆုကတော့ အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၃၀ပဲ။”ကျူးရှောင်ရှန်း ပြန်ဖြေလိုက်တယ်။

“အဲ့ဒါအကုန်ပဲလား”ချီမင်မေးလိုက်တယ်။

“ဟုတ်တယ်”ကျူးရှောင်ရှန်းခေါင်းညိတ်ပြီး မနာလိုမှူအပြည့်နဲ့ပြောလိုက်တယ်”ဆုတွေကရက်ရောလွန်းတယ်။ပထမနေရာဆို အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၀၀တောင်။”

“…”

ချီမင်သူ့ခေါင်းကိုခါလိုက်တယ်။

သူမျှော်လင့်ထားတာထက်မပိုဘူးဘဲ။

ရိုးရိုးသားသားပြောရရင် ပြိုင်ပွဲရဲ့ဆုတွေကအရမ်းကောင်းတယ်။

အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၀၀လောက်က လွဲပြီး ကျန်တဲ့ အဆင့်နိမ့်ချီသန့်စင်ခြင်းရတနာ တစ်ခုနဲ့ အဆင့်နိမ့်ချီသန့်စင်ခြင်း သိုင်းနည်းစနစ်က ချီမင်ရဲ့အာရုံကိုမဖမ်းစားနိုင်ဘူး။

ဝိဉာဏ်ကျောက်တုံးတွေကသာသူ့ရဲ့ကျင့်ကြံခြင်းကိုတိုးတက်စေတယ်။

ချီမင်ကဝိဉာဏ်ကျောက်တုံးအရေအတွက် ကိုစိတ်ထဲမထားပေ။

ဘယ်လောက်မဆို သူအတွက်အသုံးဝင်တယ်

ဒုတိယအနေနဲ့အတွေးထဲပေါ်လာတာက သူကအဆင့်နိမ့်ချီသန့်စင်ခြင်းသိုင်းနည်းစနစ်နဲ့ ရတနာကိုသူသုံးဖို့မတွေးပေ။သူအခွင့်အရေးရှာပြီးဝိဉာဏ်ကျောက်တုံးရဖို့ရောင်းရမယ်။

ဒီလိုဆိုလည်းမဆိုးပါဘူး။

သူပန်းတိုင်းအသေးလေးတစ်ခုချလိုက်တယ်။

သူ တိမ်စိမ်းတောင်ထွဋ်ရဲ့အစေခံတန်းလျားလေးခုပြိုင်ပွဲကိုနိုင်ရမယ်။

“နေပါဦး။ အပြင်စည်းဂိုဏ်းစစ်ဆေးပွဲမဟုတ်ဘူးလား ။ဘယ်လိုလို့ တိမ်စိမ်းတောင်ထွဋ်အစေခံတန်းလျားလေးခုပြိုင်ပွဲဖြစ်သွားတာတုန်း”ချီမင်မေးလိုက်တယ်။

“ဒါကငါတို့အစေခံတပည့်တွေရဲ့ရွေးချယ်မှုပဲ။ ဒါကပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းအောင်နဲ့ပိုပြီးလွှမ်းမိုးမှုရှိအောင်”ကျူးရှောင်ရှန်းကပြန်‌ဖြေလိုက်တယ်။

ညရောက်တော့

ဆွစ်ရှ်!

ချီမင်လက်ရှိသူ့ရဲ့အခြေအနေကိုစစ်ဆေးလိုက်တယ်

လက်ခံသူ:ချီမင်

အဆင့်:အစောပိုင်းချီသန့်စင်ခြင်း ပဉ္စမအဆင့်

ကျင့်ကြံခြင်းနည်းလမ်း: တိမ်စိမ်းချီသန့်စင်ခြင်းပညာရပ်

သိုင်းပညာ:တိမ်စိမ်းဓားပညာ(ပြီးပြည့်စုံခြင်းအဆင့်)

ကောင်းကင်ဘုံလင်းယုန်လက်သည်း(အစပြုသူအဆင့်) စိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့်ခြေသိုင်း(ထူးချွန်အဆင့်)

ရတနာ:အရိုးဓား အရိုးချပ်ဝတ် ကောင်းကင်ဘုံချည်မျှင်လက်အိတ် ညစ်နွမ်းဖွတ်ကြီးအကာအကွယ်ဒိုင်းကာ ညစ်နွမ်းဖွတ်ကြီးဖိနပ်

…

ပစ္စည်း:သွေးမိစ္ဆာသရဲအဆောင်တစ်ခု သွေးမိစ္ဆာနတ်ဆိုးအဆောင်တစ်ခု သွေးမိစ္ဆာအလံသန့်စင်ခြင်းနည်းလမ်းတစ်ခု သွေးဝိဉာဏ်ဆေးပြားတစ်ခု အဆိပ်ဖြေဆေးပြားတစ်ပြား အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၅၀

ဝိဉာဏ်သားရဲ :နတ်ဆိုးလင်းနို့(အရွယ်ရောက်)

သိုင်းနည်းစနစ်ကဘယ်အဆင့်ပဲဖြစ်နေဖြစ်နေ ကျွမ်းကျင်မှုအဆင့်ကို အနိမ့်ကနေအမြင့် အဖြစ် အစပြုသူအဆင့် ကျွမ်းကျင်အဆင့် ထူးချွန်အဆင့် ပြီးပြည့်စုံခြင်းအဆင့် တို့ဆိုပြီးခွဲထားတယ်။ချီမင်ကတိမ်စိမ်းဓားပညာရပ်ကို အမြင့်ဆုံးပြီးပြည့်စုံခြင်းအဆင့်ထိ‌မြှင့်ထားတယ်။

…

ပြောနိုင်တာက

သူတိမ်စိမ်းဓားပညာရဲ့ရည်ရွယ်ချက်ကိုနည်းနည်းဖမ်းဆုပ်မိနေပြီဖြစ်တယ်။

စိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့်ခြေသိုင်းကိုလည်း ထူးချွန်အဆင့်ထိလေ့ကျင့်ပြီးပြီ။

သေချာတာကတော့ကောင်ကင်းဘုံလင်းယုန်လက်သည်းသိုင်းက‌တော့အများကြီးအားနည်းနေသေးတယ်။ချီမင်မကျင့်ကြံဖြစ်လို့သူကအခြေခံအဆင့်ကနေကိုမတက်သေးပေ။တိမ်စိမ်းဓားပညာရပ်အစား သူ့ကိုယာယီလျစ်လျှူရှုထားတာဖြစ်တယ်

ပြီးတော့

…

သိုင်းပညာတွေကိုအဆင့်ဆင့်ခွဲထားသေးတယ်

အတိအကျဆို ကျင့်ကြံခြင်းနယ်ပယ်နဲ့ဆက်စပ်နေတာဖြစ်တယ်။

ချီသန့်စင်ခြင်းပညာရပ်တွေလိုပဲ အဆင့်နိမ့် အလယ်အလတ် အမြင့်ပိုင်း အထွတ်အထိပ်ဆိုးပြီး လေးဆင့်ခွဲထားတယ်။

တိမ်စိမ်းဓားပညာတိမ်စိမ်းတောင်ထွဋ်ရဲ့ အခြေခံနည်းစနစ်ဖြစ်ပေမယ့် အဲ့တာကအဆင့်မြင့်ချီသန့်စင်ခြင်းနယ်ပယ်ကနည်းစနစ်ဖြစ်တယ်။စိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့် ခြေလှမ်းသိုင်းကလည်း အဆင့်မြင့်ချီသန့်စင်ခြင်းနယ်ပယ်ကနည်းစနစ်ကဖြစ်တယ်။

ကောင်းကင်ဘုံလင်းယုန်သိုင်းကတော့ပိုအားနည်းတယ်။သူက အလယ်အလတ်အဆင့်ပဲရှိတယ်။

အဲ့တာကြောင့်

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကတောင်ပိုင်းဒေသရဲ့ဂိုဏ်းကြီးသုံးဂိုဏ်းထဲကတစ်ဂိုဏ်းဖြစ်ထိုက်ပါတယ်။ တောင်စိမ်းတောင်ထွဋ်ရဲ့အစေခံတပည့်တွေတောင်ချီသန့်စင်ခြင်းအဆင့်မှာအခြေခံတည်ဆောက်ဖို့သုံးတဲ့ပညာရပ်တွေတောင် အမြင့်ပိုင်းအဆင့်တွေမှာပဲဖြစ်တယ်။

ဒါပေမယ့် တစ်ခြားကျင့်ကြံခြင်းမိသားစုတွေနဲ့ ဂိုဏ်းတွေက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းနဲ့ယှဉ်ရင်အကြမ်းထည်ဆန်ပေတယ်။ သူတို့တွေကသူတို့အခြေခံတည်ဆောက်ဖို့ကို အဆင့်နိမ့်ချီသန့်စင်ခြင်း ပညာရပ်တွေကိုပဲသုံးတာဖြစ်တယ်။နည်းနည်းပိုကောင်းတဲ့နေရာတွေတောင်ချီသန့်စင်ခြင်းအလယ်ပိုင်းအဆင့်တွေကိုပဲသုံးတာဖြစ်တယ်။

ညတာကကုန်ဆုံးသွားတယ်

နောက်တစ်နေ့မနက်မှာတော့

ချီမင် သူ့ရဲမနက်စာကိုကန်တင်းမှာစားလို့ပြီးပြီဖြစ်တယ်။

အစေခံတန်းလျားကြီးလေးခုကရွေးချယ်ထားတဲ့အစေခံတပည့်လေးဆယ်လည်းရောက်နေပြီဖြစ်တယ်။ အကြီးအကဲဆယ့်နှစ်ယောက်နဲ့အတူ ပထမအကြီးအကဲမူလည်းရောက်နေပြီဖြစ်တယ်။

သူတို့တွေတောင်ခြေမှာထပ်မံစုံစည်းကြတယ်

ပြိုင်ပွဲစင်မြင့်ကိုတော့တည်ဆောက်ပြီးပြီဖြစ်တယ်။

အစေခံတပည့်၅၀၀၀ကနေ၆၀၀၀လောက်ထိစုပြုံနေကြတယ်။သူတို့တွေက ပွဲကြည့်ခုံမြင့်တွေကနေအောက်ကိုကြည့်နေကြတယ်။သူတို့တွေလူတွေပြည့်ကျပ်နေတာကိုတွေနိုင်တယ်။

“စနေပြီ စနေပြီ။”

အဲ့ဒီအချိန်မှာချီမင်ကြားလိုက်ရတယ်။သူလှမ်းကြည့်လိုက်တော့သိပ်မဝေးတဲ့နေရာမှာ ဝဝကစ်ကစ် တပည့်တစ်ယောက်ကို ရင်းနှီးနေတဲ့အမူအရာနဲ့ အပြင်ဘက်ကအလောင်းအစားလုပ်တဲ့နေရမှာတွေ့လိုက်ရတယ်

ထပ်ပြောရရင်…

အနားမှာလည်းတစ်ခြားအစေခံတပည့်တွေရောက်နေကြတယ်

ဝတဲ့ တပည့်ကချောင်းဟန့်ပြီးပေါ့ပေါ့ပါးပါးပြောလာတယ်။”အစေခံတပည့်တွေ ဒီနေ့ငါ ပန်စန်း လောင်းကစားဒိုင်လုပ်ပြီး လူတိုင်းကိုပါဖို့ဖိတ်ချင်တယ်။ငါ့ဘယ်သူ့ကိုမှဆုံးရှုံးအောင်မလုပ်ပါဘူး။”

“ဂျူနီယာညီလေးချီ”

ပန်စန်းလို့ခေါ်တဲ့ဝတုတ်နေတဲ့တပည့်ကချီမင်ကိုမြင်ပြီး လက်ယမ်းပြကာအော်လိုက်တယ်။

“စီနီယာ အစ်ကိုပန်”

ချီမင်လျှောက်သွားလိုက်ပြီ နှုတ်ဆက်လိုက်တယ်။

အတိအကျကို

ဒီပန်စန်းက အစေခံတပည့်မဟုတ်ဘူး။တိမ်စိမ်းတောင်ထွဋ်ရဲ့အပြင်စည်းတပည့်ဖြစ်တယ်။သူကဒီနေရာကိုအထူးအနေနဲ့လောင်းကစားဒိုင်လုပ်ဖို့လာတာဖြစ်တယ်။သူရည်ရွယ်ချက်ကရှင်းရှင်းလေးပါ။ဝိဉာဏ်ကျောက်တုံးတွေရှာဖို့ပေ။

“ဘယ်လိုပေးရမှာလဲ”ချီမင်မေးလိုက်တယ်။

“ဂျူနီယာညီလေးချီ ဒီကိုကြည့်”

ပန်စန်းကလက်ဟန်နဲ့”ငါအထူးအနေနဲ့ နာမည်ကြီးတဲ့ပြိုင်ပွဲဝင်တွေကိုမင်းအတွက်ရွေးထားတယ်။သူတို့တွေကချန်ပီယံဖြစ်ဖို့အလားအလာများတယ်။ချိုက်ယုဟိုင် ရှောင်ဖန်း ကျူးယွဲ့တိ ထန်ပင်း ကျောင်းယုရှန်း သေချာတာပေါ့ ဂျူနီယာညီလေးချီလည်းပါတယ်။”

“ရှောင်ဖန်းက ချန်ပီယံဖြစ်ဖို့ ၁ကနေ၁၃ထိရှိတယ် ဒုတိယနေရာ က၁ကနေ၅ထိရှိတယ်။ အဆင့်နိမ့်လေ ရတာလည်းနိမ့်မယ်။”

“ချိုက်ယုဟိုင်ကချန်ပီယံဖြစ်ဖို့က၁ကနေ၃ ဒုတိယနေရာက၁ကနေ၁၀ အဆင့်နိမ့်လေ ပေးရမှာလည်းများမယ်။”

“စီနီယာအစ်ကိုပန်”ချီမင်ကပြုံးလိုက်ပြီးသူ့မှာရှိတဲ့

ဝိဉာဏ်ကျောက်တုံးကိုထုတ်လိုက်တယ်”ငါ့ကိုယ်ငါ အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၅၀ကိုလောင်းတယ်။”

“တကယ်လား”ပန်စန်းခဏလောက်ကြောင်သွားတယ်။”ဂျူနီယာညီလေးချီ မင်းရဲ့အဆင့်က ချီသန့်စင်ခြင်းအဆင့်ငါးဆိုပေမယ့် မင်းရဲ့ခွန်အားနဲ့ပဲအရမ်းမဆိုင်ဘူး။မင်းရဲ့သိုင်းနည်းစနစ် နဲ့မင်းမှာရှိတဲ့ရတနာတွေနဲ့လည်းဆိုင်တယ်။”

“အဲ့ဒါကြောင့် မင်းရဲ့အနိုင်ရနိုင်ချေက၁ကနေ၁၀ထိပဲ။”

“မဆိုးပါဘူး။”ချီမင်အပြုံးကကျယ်ပြန့်သွားတယ်။သူကသွေးဝိဉာဏ်ဆေးပြားနဲ့ သွေးမိစ္ဆာသရဲအဆောင်ကိုထုတ်လိုက်တယ်။

သူက”စီနီယာအစ်ကိုချီဒီနှစ်ခုကဘယ်လောက်တန်လဲ”လို့မေးလိုက်တယ်။

“အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးတစ်ရာ”ပန်စန်း မျက်နှာပေါ်မှာအပြုံးတစ်ခုပေါ်လာတယ်။”ဂျူနီယာညီလေးချီ ဒီဆေးနဲ့အဆောင်ရဲ့ ပုံစံနဲ့အဆင့်ကမဆိုးပါဘူး။ဒါတွကတစ်ခါသုံးတွေ ဖြစ်ပေမဲ့တန်ဖိုးကမနိမ့်ပါဘူး။သူတို့က အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၀၀လောက်‌တော့တန်တယ်။”

“ဟုတ်ပြီ”ချီမင် သွေးဝိဉာဏ်ဆေးပြားနဲ့ သွေးမိစ္ဆာသရဲအဆောင်ကိုချလိုက်တယ်ပြီးပြောလိုက်တယ်။”သူတို့အကုန်လုံးကိုငါ့ပေါ်လောင်းတယ်။”

“ကောင်းတယ်။”

ပန်စန်းကလက်ခံလိုက်တယ်

“စီနီယာ အစ်ကိုပန် အစ်ကို့ရဲ့စကားလုံးတွေကိုပြန်မရုတ်သိမ်းဘူးမလား။”ချီမင်ပြောလိုက်တယ်။

“ဟားဟား”

ပန်စန်းကကျယ်လောင်စွာရယ်လိုက်တယ်။”မင်း တိမ်စိမ်းတောင်ထွဋ်တစ်ခုလုံးကိုပတ်မေးလို့ရတယ်။ငါပန်စန်းကပြောပြီးသားစကားကိုဘယ်တော့မှမ‌ရုတ်သိမ်းဘူး။”

“ဒါဆိုငါအဆင်ပြေပါပြီ။”ချီမင်ခေါင်းညိတ်ပြီး ပန်စန်းရှိကလောင်းကစား လက်မှတ်ကိုလက်ခံလိုက်တယ်

“စီနီယာအစ်ကိုပန်”

အဲ့အချိန်မှာ ကျယ်လောင်တဲ့အသံတစ်ခုကချီမင်နောက်ကထွက်လာတယ်။သူလျှောက်လာတာက

မြေကြီးပါနည်းနည်းတုန်ခါသွားတာကိုချီမင်ခံစားလိုက်ရတယ်။”အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးတစ်ရာ ငါကိုငါနိုင်မယ်ဆိုပြီးလောင်းတယ်။”

All Chapters