← Chapters

ဆက်တိုက်အနိုင်ရခြင်း

Vol. 1 Ch. 14

ဆက်တိုက်အနိုင်ရခြင်း

Vol. 1 Ch. 14

ချီမင်နောက်ကိုလှည့်ကြည့်လိုက်တော့ သူရှိကိုလာနေတဲ့နှစ်မီတာလောက်နီးပါးရှည်တဲ့လူသန်ကြီးအသေးစားလေးကိုတွေ့လိုက်ရတယ်။သူခန္ဓာကိုယ်ကဖွံ့ထွားနေပြီးတုတ်ခိုင်တဲ့ခြေလက်တွေရှိတယ်။ ပုံမှန်မဟုတ်တဲ့ကြီးထွားနေတဲ့ကြွက်သားတွေနဲ့ဝက်ဝံကြီးတစ်ကောင်နဲ့တူတယ်။

“အဲ့ဒါက ချိုက်ယုဟိုင်ပဲ”

“ငါသူ့ကိုပထမအကြိမ်တွေ့တာမဟုတ်‌တာတောင် သူ့ရုပ်ခန္ဓာနဲ့အရပ်ကိုမြင်တိုင်း တကယ့်ကိုဖိနှိပ်နိုင်စွမ်းပြင်းတုန်းပဲ။ ငါသူ့နားတောင်နီးနီးမရပ်ရဲဘူး။”

“အဲ့ဒါတကယ်မှန်တယ်!”

“အဆင့်Aအစေခံတန်းလျားရဲ့လူဆိုတဲ့အတိုင်းပဲ။”

“…”

အစေခံတပည့်တွေကတိုးတိုးလေးဆွေးနွေးနေကြတယ်။သူတို့အသံတွေကရိုသေလေးစားမှုတွေပြည့်နေတယ်။

“ပြဿနာမရှိဘူး။”

ပန်စန်းကပြုံးလိုက်ပြီး လောင်းကစားလက်မှတ်ကိုမပေးခင်ချိုက်ယုဟိုင်လက်ထဲက အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးတွေကိုယူလိုက်တယ်။

ချိုက်ယုဟိုင်ကပြေစာကိုလက်ခံလိုက်ပြီး ချီမင်ကို ကြည့်ပြီးအသံနိမ့်နိမ့်နဲ့ပြောလာတယ်။”မင်းကချီမင်မလား။ငါကြားသလောက်ဆိုမင်းကအဆင့်Dအစေခံတန်းလျားကတပည့်ဆို ဒါတောင်ချီသန့်စင်ခြင်းအဆင့်ငါးရောက်နေပြီ။ဒါကတိမ်စိမ်းတောင်ထွဋ်တစ်ခုလုံးမှာမင်းရဲ့ကျင့်ကြံခြင်းအဆင့်ကအမြင့်ဆုံးပဲ။

ချီမင်ကပြောလိုက်တယ်။”မင်းရဲ့ကျင့်ကြံခြင်းအဆင့်ထက်နည်းနည်းလေးပဲမြင့်တာပါ။”

“ဟီးဟီး”ချိုက်ယုဟိုင်ကအေးစက်စွာရယ်လိုက်တယ်။”ခွန်အားရဲ့ကွာခြားချက်ကကျင့်ကြံခြင်းအပေါ်ပဲမူတည်တာမဟုတ်ဘူး။သိုင်းနည်းစနစ်တွေ အဆောင်လက်နက်တွေ အတွေ့အကြုံတွေ ကတိုက်ပွဲမှာ အောင်နိုင်ဖို့ဆုံးဖြတ်ပေးတဲ့သော့ချက်တွေပဲ။”

“မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကလွဲပြီး မင်းရဲ့ကျန်တာတွေအကုန်ကငါ့ထက်နိမ့်တယ်။အဲ့ဒါကြောင့်မလို့ ပြိုင်ပွဲမှာမင်းက ချိုက်ယုဟိုင်ဆိုတဲ့ငါ့ကိုရှုံးနိမ့်လိမ့်မယ်။”

ချီမင်ကပြောလိုက်တယ်”နိုင်မလားရှုံးမလားဆိုတာမင်းရဲ့စကားလုံးတွေပေါ်မမူတည်ဘူး။ စစ်မှန်တဲ့အရည်အချင်းပေါ်ပဲမူတည်တယ်။”

ချိုက်ယုဟိုင်ကပြန်ပြောလာတယ်”မစိုးရိမ်စမ်းပါနဲ့။ မင်းရဲ့အရည်အချင်းအစစ်နဲ့ဆိုရင်တောင် မင်းကျိန်းသေရှုံးလိမ့်မယ်။”

မျက်စိတစ်မှိတ်အတွင်းမှာပဲ နာရီဝက်လောက်ကုန်သွားတယ်။

တိမ်စိမ်းတောင်ထွဋ်ရဲ့အစေခံတန်းလျားကြီးလေးခုရဲ့ပြိုင်ပွဲကစတင်ခဲ့ပြီဖြစ်တယ်။မူချင်းက အခမ်းအနားမှုးအဖြစ်ဆောင်ရွက်ပြီး ကျန်တဲ့အကြီးအကဲတွေကဒိုင်အဖြစ်ဆောင်ရွက်တယ်။ပြီးတော့အစေခံတပည့်လေးဆယ်ကသူတို့နံပါတ်စဥ်တွေကိုရွေးချယ်လိုက်ကြတယ်။

“ပြိုင်ပွဲကိုတရားဝင်စတင်ပါပြီ။”

မူချင်းကကျယ်လောင်စွာနဲ့အော်လိုက်တယ်။”ပထမဆုံးပြိုင်ပွဲအနေနဲ့ အဆင့်Aအစေခံတန်းလျားက ယွီ ထင်းဖန် နဲ့ အဆင့်Dအစေခံတန်းလျားက နံပါတ်40 လီဖေးယွမ်ဖြစ်ပါတယ်။”

“ဟုတ်ကဲ့ပါ။”

“ဟုတ်ကဲ့”

ဆွတ်ရှ်စ်! ဆွတ်ရှ်စ်!

ယွီထင်းဖန် ‌နဲ့ လီဖေးယွမ်ကတစ်ပြိုင်တည်းစင်ပေါ်ရောက်လာတယ်။

“ကျေးဇူးပြုပြီး!”

“ကျေးဇူးပြုပြီး!”

နှစ်ယောက်သား လက်သီးဆုပ်ပြီးဦးညွတ်လိုက်ကြတယ်။

“တိုက်ခိုက်တော့!”

ခဏလေးနဲ့တိုက်ပွဲက တိုက်ရိုက်ကိုစတင်လာတယ်။

လီဖေးယွမ်ကပထမဆုံးတိုက်ခိုက်လိုက်တယ်။သူကတိမ်စိမ်းကျား‌ငါးကောင်ချိတ်ပိတ်ခြင်းပညာကိုသုံးလိုက်တယ်။ ကျားဟိန်းသံလှိုင်းကထွက်ပေါ်လာတယ်။အဲ့တာက တောင်ပေါ်ကနေ‌ကျားငါးကောင်ဆင်းသက်လာတာနဲ့တူတယ်။အဲ့တာကလွှမ်းမိုးပြီးရက်စက်ပြင်းထန်တယ်။

“အချိန်ကောင်းပဲ။”

ယွီထင်းဖန်ကလည်းအားမနည်းပေ။သူကတိမ်စိမ်းဆေဘာပညာရပ်ကိုကျင့်ကြံတယ်။အဆုံးမရှိတဲ့ဆေဘာအလင်းတွေ ဆေဘားဓားကနေထွက်ပေါ်လာတယ်။

သူတို့နှစ်ယောက်ကြားကတိုက်ပွဲကအရမ်းပြင်းထန်ပေတယ်။

နောက်ဆုံးမှာ လီဖေးယွမ်ကအရည်အချင်းပိုရှိတယ်။သူကအခွင့်အရေးကိုဖမ်းဆုပ်ပြီးတော့ ယွီထင်းဖန်ရဲ့လက်ထဲကဆေဘာဓားကိုလွင့်ထွက်သွားအောင်လုပ်လိုက်တယ်။သူ့ကိုစင်ပေါ်ကနေဖိအားပေးဆင်းခိုင်းလိုက်ပြီး အနိုင်ရသွားတယ်။

“နံပါတ်၄၀ လီဖေးယွမ် နိုင်ပါတယ်။”

အကြအကဲကရလဒ်ကိုကြေညာလိုက်တယ်။

“‌ကျေးဇူးတင်ပါတယ်။”

လီဖေးယွမ်ကစင်ပေါ်ကမဆင်းခင် ယွီထင်းဖန်ကိုပြောလိုက်တယ်။

“ငါမထင်ထားဘူး။လီဖေးယွမ်ကစွမ်းအားကြီးတယ်ဟ။”

“ပထမဆုံးပြိုင်ပွဲကိုတော့ အဆင့်Dအစေခံတန်းလျားက အနိုင်ရရှိသွားပါတယ်။”

“ဒါကိုနည်းနည်းမမျှော်လင့်ထားဘူး။”

“…”

လူတိုင်းကဆွေးနွေးနေကြတယ်။

အချိန်ကကုန်သွားတယ်။

အစေခံတပည့်တွေကတစ်လှည့်ပြီးတစ်လှည့်တက်လာကြတယ်။

ချီမင်ကနံပါတ်စဉ်၁၅ပေ။သူ့ပြိုင်ဘက်ကနံပါတ်၂၅ဖြစ်တယ်။

“အဆင့်Dအ‌စေခံတန်းလျားကနံပါတ်စဉ်15 ချီမင် နဲ့ အဆင့်Cအစေခံတန်းလျားက နံပါတ်စဉ်25ကုန်းဖေးပဲဖြစ်ပါတယ်။”

မူချင်းကပြောလိုက်တယ်

“ဟုတ်ကဲ့”

ချီမင်နဲ့ကုန်းဖေးက တစ်ချိန်ထဲစင်ပေါ်တက်လာကြတယ်။တစ်ယောက်ကိုတစ်ယောက်မျက်နှာချင်းဆိုင်လိုက်တဲ့အချိန် ကုန်းဖေးရဲ့မျက်နှာကအရမ်းလေးနက်သွားတယ်။

ကုန်းဖေးကပြောလိုက်တယ်။”စီနီယာအစ်ကိုချီ

ကျေးပြုပြီး ညှာတာပါဦး။”

“သေချာတာပေါ့။”ချီမင်ခေါင်းညိတ်လိုက်တယ်။

“တိမ်စိမ်းလှံဆယ့်သုံးချောင်း “

ဆွတ်ရှ်စ်! ဆွတ်ရှ်စ်! ဆွတ်ရှ်စ်!

ကုန်းဖေးရဲ့လက်နက်အစိမ်းရောင်လှံတစ်ချောင်းပေ။သူကတိမ်းစိမ်းတောင်ထွဋ်ရဲ့ တိမ်စိမ်းလှံဆယ့်သုံးချောင်းပညာရပ်ကို ကျွမ်းကျင်အဆင့်ထိလေ့ကျင့်ထားတယ်။ သူကသူ့ရဲ့လှံကိုဝှေ့ယမ်းပြီးချီမင်ကိုတိုက်ခိုက်လိုက်တယ်။

ဒါပေမယ့် ချီမင်ကသူရဲ့ဝိဉာဏ်စွမ်းအင်တွေကိုအပြင်ဘက်ကိုညွှန်ပြလိုက်တယ်။ ဓားအလင်းက သူ့လက်ချောင်းထိပ်ကနေထွက်ပေါ်လာတယ်။အဲ့အလင်းကအရမ်းကိုသိပ်သည်းလာပြီး ကုန်းဖေးရဲ့လှုပ်ရှားမှုအားလုံးကိုတိုက်ရိုက်ရှုံးနိမ့်သွားစေတယ်။

ကလန်!

တိုက်မိသံကထွက်ပေါ်လာတယ်။

ကုန်းဖေးရဲ့လက်ထဲကအစိမ်းရောင်လှံကလွင့်ထွက်သွားတယ်။

“ဒါက…”

ကုန်းဖေးရဲ့အမူအရာကခဲသွားတယ်။သူ့မျက်နှာကထိတ်လန့်မှုတွေပြည့်သွားပြီးအရမ်းအံ့ဩသွားတယ်။သူဆိုးဆိုးရွားရွားကိုရှုံးသွားတာဖြစ်တယ်။သူဘာလို့ရှုံးသွားမှန်းတောင်မသိလိုက်ရဘူး။

“ဘယ်လောက်တောင်ထက်မြပြီးတိကျလိုက်တဲ့ဓားနည်းစနစ်လဲ။”

ထန်ပင်းကသိပ်မဝေးတဲ့နေရာမှာရပ်နေတာဖြစ်တယ်။သူမကအရပ်ရှည်ပြီး အထူးကောင်းမွန်တဲ့ပုံစံရှိတယ်။သူမမှာ ဖီးနစ်မျက်ဝန်းတစ်စုံနဲ့ချယ်ရီရောင်နှုတ်ခမ်းပါးတစ်စုံရှိတယ်။

သူမကလှပပြီး အေးစက်တဲ့အရှိန်အဝါတွေရှိတယ်။သူမက”ကုန်းဖေးရဲ့ခွန်အားကမနည်းဘူး။သူကျင့်ကြံခြင်းကချီသန့်စင်ခြင်း တတိယအဆင့်နှောင်းပိုင်းအဆင့်ပဲ။သိထားသလောက်သူ့တိမ်စိမ်းလှံဆယ့်သုံးချောင်းပညာရပ်နဲ့တိမ်စိမ်း‌ေခြလှမ်းကလည်းထူးချွန်အဆင့်နဲ့နီးနေပြီ။သူ့မှာအလယ်လတ်အဆင့် ချီသန့်စင်ခြင်းရတနာဖြစ်တဲ့စိမ်းရင့်မျက်နှာဖုံးလှံလည်းရှိသေးတယ်။”

“ဒါတောင်…”

“ချီမင်နဲ့ရင်ဆိုင်ရတော့သူ့လှုပ်ရှားမှုတွေက ချီမင်ရဲ့လက်ချောင်းလေးနဲ့ တင်တန်ပြန်ခံလိုက်ရတယ်။သူ့လက်နက်တောင်လွင့်ထွက်သွားသေးတယ်။သူလုံးဝကိုဖိနှပ်ခံလိုက်ရပြီ။ကွာခြားချက်ကကြီးလွန်းတယ်။”

“ချီမင်ရဲ့တိမ်စိမ်းဓားပညာကအတိအကျကိုထူးချွန်အဆင့်ရောက်နေပြီ။အဲ့ထက်တောင်ပိုမြင့်နိုင်သေးတယ်။”

တွေးကြည့်လေလေ ထန်ပင်းရဲ့အမူအရာက တုန်လှုပ်လာတယ်။

ပြောနိုင်တာက

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကတကယ့်ကိုနက်နဲတဲ့အခြေခံရှိတာပဲ။

တိမ်စိမ်းတောင်ထွဋ်တစ်ခုတည်းကအစေခံတန်းလျားမှာ‌တောင်ထူးချွန်တဲ့တပည့်တွေအများကြီးရှိတယ်။

တိမ်စိမ်းတောင်ထွဋ်ကလွဲရင် တစ်ခြား

တောင်ထွဋ်11ခုရှိသေးတယ်။

အစေခံတပည့်တွေရဲ့အထက်မှာ အပြင်စည်းတပည့် အတွင်းစည်းတပည့်နဲ့ အမွေခံတပည့် တွေရှိတယ်။ဘယ်လောက်တောင်အဲ့ဒီတပည့်တွေပါရမီရှိလည်းဆိုတာတွေးကြည့်ဖို့တောင်မဖြစ်နိုင်ဘူး။သူတို့တွေက လူသား‌တွေကိုကျော်လွန်ပြီး တကယ့်နဂါး လိုဖီးနစ်လိုလူမျိုးတွေဖြစ်တယ်။သူတို့တွေကသာမန်ထက်ထူးကဲတဲ့အရည်အချင်းကိုပိုင်ဆိုင်ကြတယ်။

“သူတကယ့်ကိုလုပ်နိုင်တာပဲ။”

ချိုက်ယုဟိုင်က သူ့ရင်ဘက်ပေါ်လက်မောင်းကိုပိုက်ထားပြီး မျက်လုံးတွေက ကြီးမားတဲ့တိုက်ပွဲဆာလောင်မှူတွေပြည့်နေတယ်။သူကချီမင်ကိုစိုက်ကြည့်နေပြီး လေးနက်တဲ့အသံနဲ့ပြောလာတယ်”ဘယ်လိုပဲဖြစ်ဖြစ်သူအဆုံးမှာ‌တော့ငါ့ကိုရှုံးဦးမှာပဲ။”

ရိုးရှင်းပါတယ်။

ချိုက်ယုဟိုင်တိုက်ခိုက်တဲ့အချိန်ဆို သူကသူ့ပြိုင်ဘက်ကို ရက်ရက်စက်စက်ကိုအားနဲ့တိုက်ခိုက်တာဖြစ်တယ်။ အရာအားလုံးကလက်သီးတစ်ချက်ထဲမှာပဲနစ်မြှုပ်ထားပြီးတိုက်ခိုက်တာဖြစ်တယ်။

ချီမင်နောက်ထပ်ပွဲမှာသုံးကြိမ်ပေါ်လာပြီး သူပြိုင်ဘက်တွေကိုတစ်ချက်တည်းနဲ့ရှုံးနိမ့်သွားစေတယ်။သူကလွယ်လွယ်ကူကူနဲ့ကိုနိုင်သွားတာဖြစ်တယ်။နေ့လည်လောက်ရောက်တော့ တိမ်စိမ်း

တောင်ထွဋ်ကိုကိုယ်စားပြုတဲ့တပည့်ဆယ်ယောက်ကိုရွေးချယ်ပြီးပြီဖြစ်တယ်။

သူတို့တွေကတော့ ချိုက်ယုဟိုင် ကျူးယွီတိ ထန်ပင်း

ရှောင်ဖန်း ချီမင် ကျောင်းယုရှန်း ကျန်းဝမ်ရွှီး လောင်စန်း ချန်ကျီရင် ဝမ်တဖူတို့ပဲဖြစ်တယ်

ချိုက်ယုဟိုင် ဝမ်တဖူနဲ့ကျန်းဝမ်ရွှီးက အဆင့်Aတန်းလျားကဖြစ်တယ်။ကျူးယွီတိနဲ့ ချန်ကျီရင်က အဆင့်Bအစေခံတန်းလျားကဖြစ်တယ်။ထန်ပင်းနဲ့လောင်စန်းကအဆင့်Cကဖြစ်ပြီး ချီမင်နဲ့ ကျောင်းယုရှန်းကအဆင့်Dအစေခံတန်းလျားကဖြစ်တယ်။

နောက်ပွဲကတော့ ဖိုင်နယ်အဆင့်ပဲဖြစ်တယ်။

ချီမင် ချိုက်ယုဟိုင်နဲ့ ကျန်းယွီတိ ထန်းပင်က ဒီပွဲရဲ့ထိပ်ဆုံးလေးယောက်ဖြစ်တယ်။ ပထမပြိုင်ပွဲကတော့ ချီမင် နဲ့ ချိုက်ယုဟိုင်ဖြစ်ပါတယ်။

“စင်ပေါ်လာတော့”အကြီးအကဲကအော်လိုက်တယ်။

“ဟုတ်ကဲ့”

ချိုက်ယုဟိုင်ကကျယ်လောင်စွာနဲ့ရယ်လိုက်တယ်။ သူ့နှစ်မီတာလောက်ရှည်တဲ့အရပ်က အရိုင်းဆန်ပြီး ခမ်းနားပေတယ်။ သူကဝက်ဝံကြီးတစ်ကောင်နဲ့တူတယ်။ သူက‌စင်ပေါ်ကိုတိုက်ရိုက်ပဲခုန်တက်လာလိုက်တယ်။ ဘန်းဆိုတဲ့အသံနဲ့အတူ ကျယ်လောက်တဲ့အသံကြီးက ကြိုးဝိုင်ပေါ်မှာပေါ်လာတယ်။

“အရမ်း...အရမ်းအားကြီးတာပဲ!”

ယဲ့တျန်းကလန့်သွားတယ်”ဒီချိုက်ယုဟိုင်ကတော်တော်သန်တာပဲ။စီနီယာချီသာနိုင်ရင်ငါအံဩမှာ။”

“ငါက‌တော့နှစ်ဖက်လုံးဘက်က‌မသေချာဘူး။”

ကျူးရှောင်ရှန်းကပြောတယ်”ပြိုင်ပွဲအစကနေအခုထိချိုက်ယုဟိုင်ကသူ့ပြိုင်ဘက်တိုင်းကိုလက်သီးတစ်ချက်နဲ့အမှောက်သိပ်ပြီး နိုင်သွားတာချည်းပဲ။သူ့ကိုလုံးဝကိုရပ်လို့ကိုမရတာ။ ခေါင်းဆောင်အတိုင်းပဲ။”

“ပိုပြီးအရေးကြီးတာက ချိုက်ယုဟိုင်မှာ အပြင်စည်းဂိုဏ်းကအစ်ကိုကြီးတစ်ယောက်ရှိတယ်။သူ့လက်ထဲကရတနာ‌နဲ့နည်းစနစ်တွေကတကယ့်ကိုသာမန်ဖြစ်မှာမဟုတ်ဘူး။အနည်းဆုံးတော့ သူ့နောက်ခံက ခေါင်းဆောင်ထက်ဖြုံဖို့ပိုကောင်းတယ်။”ကျန်းချင်းပြောလိုက်တယ်။

“ခေါင်းဆောင်နိုင်ပါစေလို့ပဲငါမျှော်လင့်တယ်။”

ဟူဂန်းကပြောလိုက်တယ်။

“ကောင်လေး မင်းကချိုက်ယုဟိုင်တောင်မနိုင်ရင် ငါမင်းကိုဝိဉာဏ်‌ကျောက်တုံးတစ်ထောင်နဲ့တန်အောင်ပြန်လုပ်မယ်။”

မူချင်းရဲ့အကြည့်ကချီမင်ကိုအာရုံစိုက်ထားနေတယ်။ချီမင်ကသူ့စိတ်ထဲမှာတော့ လူအိုကြီးလို့တွေးနေလိုက်တယ်

ချီမင်ကပြုံးပြီး မူချင်းကိုနှုတ်ဆက်လိုက်ပေမယ့်သူ့စိတ်ထဲမှာ‌တော့ကျိန်ဆဲလိုက်တယ်။

ချိုက်ယုဟိုင်ကချီမင်ကိုတည့်တည့်ကြည့်ပြီးအရမ်းကိုယုံကြည်ချက်ရှိတဲ့အသံနဲ့ပြောလာတယ်။”မင်းဒီတစ်ကြိမ်တော့ကံ‌မကောင်းဘူးပဲ။ဖိုင်နယ်ရဲ့ပထမအချီမှာငါ့ကိုလာတွေ့ရတယ်လို့။မင်းရဲ့အောင်မြင်မှုနှုန်းကိုငါရိုက်ချိုးရ‌တော့မယ်။”

“ယုံကြည့်မှုရှိတာကောင်းပါတယ်။”

ချီမင်ကပြောလာတယ်”ဒါပေမယ့်မင်းပြောတာပေါ်ပဲမူတည်နေတာမဟုတ်ဘူး။ငါမျက်လုံးထဲမှာတော့မင်းကရှုံးနေပြီ။”

All Chapters